အခန်း (၁၄၃၂-၁၄၃၄)
Vol. 96 Ch. 1432-1434
အခန်း(၁၄၃၂) စီစဥ်၍ ထွက်ခွာခြင်း
ချူးယွင်ဖန်း နောက်ဆုံးတွင် နားလည်သွားပြီဖြစ်သည်။ သူခန့်မှန်းထားသည်နှင့်ဆင်တူသည်။ ဤနေရာတွင် တဝေနှင့် ကျင်းကျန်းဟန်တို့အပြင် တဝေ၏ အရှေ့ဘက်တွင် တချီနိုင်ငံရှိနေသည်။ အင်အားသုံးရပ်ယှဥ်တွဲနေသည့် အခြေအနေတစ်ခုလည်းဖြစ်သည်။
နှိုင်းယှဉ်ချက်အားဖြင့် ကျင်းကျန်းဟန်သည် စစ်ရေးအင်အားအရ အင်အားအကြီးဆုံးဖြစ်ပြီး တချီက ဒုတိယနေရာတွင် ရှိသည်။ တဝေသည် ရှုထောင့်အားလုံးတွင် အောက်ဆုံးတွင် ရှိသည်။ တဝေသည် အတိုဆုံးအချိန်အတွင်း တည်ထောင်ခဲ့သောကြောင့် အခြားနှစ်ဖက်နှင့် ရှုထောင့်များစွာတွင် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။
သို့သော် တဝေတစ်ခုတည်းက အလွန်ကြီးမားလှသည်။ ထို့ကြောင့် တဝေအပြင် အခြားနိုင်ငံများ ရှိကြောင်း လူအများက ရှင်းရှင်းလင်းလင်း မသိရှိကြပေ။ ၎င်းတို့အတွက် တဝေသည် ကမ္ဘာကြီးတစ်ခုလုံးဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း သုံးနိုင်ငံစလုံးတွင် ကြီးမားသောစစ်ပွဲများ မရှိခဲ့သော်လည်း၊ ပွင့်လင်းမြင်သာသော လျှို့ဝှက်တိုက်ပွဲများ မရှိခဲ့ပေ။ နိုင်ငံတစ်ခုစီ၏ ဆေးပညာရှင်အစည်းအရုံးများသည် ဌာနချုပ်၏ လက်အောက်ခံအဖွဲ့အစည်းများဖြစ်သော်လည်း ၎င်းတို့၏အဖွဲ့ဝင်များအားလုံးသည် နိုင်ငံတိုင်း၏ ဒေသခံများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အချင်းချင်းရန်လိုခြင်းသည် မလွဲမသွေဖြစ်သည်။ ဌာနချုပ်၏ တင်းကျပ်သောပိတ်ပင်မှုအောက်တွင် ၎င်းတို့သည် မျက်နှာပြင်ပေါ်တွင် သဟဇာတဖြစ်မှုကို ထိန်းသိမ်းရမည်ဖြစ်သော်လည်း မှောင်မိုက်ထဲတွင် ကြံစည်မှုများ မရှိဘဲ ဤဆေးပညာဇစ်မြစ်တွေ့ဆုံပွဲသည် နိုင်ငံကြီးသုံးနိုင်ငံ၏ ပွင့်လင်းမြင်သာသော လျှို့ဝှက်တိုက်ပွဲများ၏ အသေးစားပုံရိပ်တစ်ခုဖြစ်သည်။
နိုင်ငံတော်သုံးနိုင်ငံထဲ၌ တဝေ၏ ဆေးပညာအစည်းအရုံးက နှစ်ပေါင်းများစွာ
အောက်ဆုံးအဆင့်တွင်ရှိနေခဲ့သည်။ ကုန်းစွန်းဝူလုံက စိုးရိမ်ပူပန်မှုများ စတင်ရှိလာသည်။ ဤသည်က သူ့ကို ဌာနချုပ်သို့ ရာထူးတိုးမြှင့်ခံရရန် ကြီးမားသည့် သက်ရောက်မှုတစ်ခုဖြစ်လာနိုင်သည်။ ထို့ကြောင့် သူသည် ဆေးပညာရှင်တစ်ဦး၏ အစွမ်းသတ္တိရှိသည်ဟု သံသယရှိသော အဆင့်မြင့် ဆေးပညာရှင်ချူးယွင်ဖန်းကို ရှာဖွေရန် ရောက်လာခြင်းဖြစ်သည်။
“တဝေရဲ့ အစွမ်းက အဲဒီလောက် အားနည်းနေတာလား" ချူးယွင်ဖန်းက သံသယအနည်းငယ်ဖြင့် မေးလိုက်သည်။ အမှန်တကယ်တွင် တဝေ၏ မှော်ဆေးပညာရှင်အသင်း၏ အစွမ်းသည် ပြည်ထောင်စု၏ မှော်ဆေးပညာရှင်အသင်းထက် များစွာသာလွန်သည်။
ရာစုနှစ်များစွာသာ ဖွံ့ဖြိုးလာသေးသော ပြည်ထောင်စု၏ ဆေးပညာရှင်အသင်းက ဤကိစ္စတွင် တဝေနှင့် ယှဥ်၍ မရပေ။ တဝေ၏ အစိတ်အပိုင်းလေးတစ်ခုနှင့်ပင် ယှဥ်၍ မရပေ။ သို့သော် ဤမျှ အစွမ်းထက်သော အရည်အချင်းများနှင့်ပင် နှစ်ပေါင်းများစွာ အဆင့်သတ်မှတ်ချက်၏ အောက်ဆုံး၌ ရှိနေခဲ့သည်။
“လူကြီးမင်းချူး ကျုပ် ဒါကို ခင်ဗျားဆီက ဖုံးကွယ်ထားမှာမဟုတ်ပါဘူး။ သုံးနိုင်ငံကြားက ပြိုင်ဆိုင်မှုရဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ တဝေက အမြဲတမ်း အောက်ဆုံးမှာ ရှိနေခဲ့တယ်။ ဒါဟာ ကျုပ်တို့ ဆက်ဆံရေးတင်မကဘူး၊ တဝေရဲ့ အလုံးစုံအင်အားက နိုင်ငံတော်အတွင်းမှာ အားနည်းနေပါတယ်။"
ကုန်းစွန်းဝူလုံက ရက်စက်ကြမ်းကြုတ်သော အမှန်တရားကို ပြောပြခဲ့သည်။ သုံးနိုင်ငံထဲတွင် အားအနည်းဆုံဂဖြစ်သော တဝေသည် အထူးသဖြင့် ကျန်းကျင်းဟန်နှင့် ရင်ဆိုင်ရသောအခါ ရွေးချယ်စရာမရှိတော့ပေ။ ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်ရန်သာ တတ်နိုင်တော့သည်။
"ဆေးပညာဇစ်မြစ်တွေ့ဆုံပွဲမှာ တကယ့်ဆုံးဖြတ်ချက်ချရမယ့်အချက်က ဆေးပညာကျွမ်းကျင်သူအရေအတွက်ပါ။ ဒါပေမယ့် တဝေမှာ ဆေးပညာကျွမ်းကျင်သူအရေအတွက်က လက်တစ်ဆုပ်စာလောက်ပဲရှိပြီး တချီနဲ့ ကျင်းကျန်းဟန်မှာ ဒီအရေအတွက်ထက် အများကြီးပိုများတယ်” ကုန်းစွန်းဝူလုံကပြောသည်။
"ဒါ့အပြင် ကျုပ်တို့ထဲက တချို့က တဝေမှာနေရမယ်ဆိုတော့ အားလုံးအတူတူသွားလို့မရဘူး။ နှစ်ယောက်သုံးယောက်လောက်ပဲ တစ်ကြိမ်သွားလို့ရတယ်၊ နောက်ဆုံးမှာ အောက်ဆုံးမှာ ရှိနေရတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ လူကြီးမင်းချူး ခင်ဗျား ကျုပ်တို့နဲ့အတူ လိုက်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါဆို မြင်ကွင်းက အရင်ကထက် အများကြီးပိုကောင်းလာလိမ့်မယ်"
ချူးယွင်ဖန်းသည် ကုန်းစွန်းဝူလုံ၏ အကြီးမားဆုံးမျှော်လင့်ချက်မှာ တဝေအား ပိုကောင်းအောင်ပြုလုပ်ရန်ဖြစ်ကြောင်း ပြောပြနိုင်သည်။ သူသည် အနိုင်ရရန် ဘယ်သောအခါမှ မစဉ်းစားခဲ့ပါ။ အခြေခံအုတ်မြစ်ဖြစ်စေ၊ ခွန်အားနှင့် ဆေးပညာရှင်အရေအတွက်ဖြစ်စေ တဝေက များစွာနိမ့်ကျသည်။
အမြင်မဆိုးလှခြင်းကပင် အလွန်ကောင်းနေပြီဖြစ်ကာ နိုင်ရန်မှာမူ စိတ်ကူးယဥ်ဆန်သော အတွေးတစ်ခုဖြစ်သည်။ ဆေးပညာက မရေမတွက်နိုင်အောင် များပြားလှသည့် ကျရှုံးမှုများမှ အတွေ့အကြုံများလိုအပ်သည်။ မသိသာတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုဟာ မရေမတွက်နိုင်အောင်များပြားလှသော ထပ်ခါတလဲလဲ စမ်းသပ်မှုများ၏ ရလဒ်တစ်ခု ဖြစ်နိုင်သည်။ သူမည်သည့်လှည့်ကွက်မျှ မသုံးနိုင်ပေ။
ချူးယွင်ဖန်း ခဏစဉ်းစား၍ပြောလိုက်သည်။
"ကောင်းပြီ၊ ဆေးပညာဇစ်မြစ်တွေ့ဆုံပွဲမှာ ကျုပ်ပါမယ်။ ဘယ်တော့လုပ်မှာလဲ”
ကုန်းစွန်းဝူလုံက အလွန်ပျော်ရွှင်သွားသည်။
"အရမ်းကောင်းတယ်! လူကြီးမင်းချူး ခင်ဗျား ကျုပ်တို့နဲ့ ပူးပေါင်းရင် ကျုပ်တို့ အင်အားက သိသိသာသာ တိုးလာလိမ့်မယ်။ ဒီတစ်ခါတော့ မြောက်ပိုင်း အပြင်ဘက်ဒေသက ချိုင့်ဝှမ်းတစ်ခုမှာ တစ်လအတွင်း ကျင်းပမှာပါ"
သူ့အမြင်အရ ချူးယွင်ဖန်းပါဝင်လာခြင်းနှင့်အတူ သူတို့၏အင်အားသည် ချက်ချင်းသိသိသာသာတိုးလာလိမ့်မည်။ သူ့ဘေးတွင်ရှိနေသော ကုန်းပုယီပင်လျှင် စိတ်လှုပ်ရှားနေသော အမူအရာကို ပြသနေသည်။
ချူးယွင်ဖန်းက ခေါင်းညိတ်ပြီး တွက်ချက်မှုအချို့ ပြုလုပ်လိုက်သည်။ သူသည် တန်စီယုၑ သတင်းကို ရှာဖွေရန် ပြင်ပနယ်မြေသို့ သွားမည်ဖြစ်သောကြောင့် တဝေတွင် အပြီးအပိုင်နေထိုင်ရန် မဖြစ်နိုင်ပေ။
ယွင်ဟွမ်သည် အင်ပါယာအကြံပေးရာထူးကို လက်ခံခဲ့သောကြောင့် မွန်းစတားသုတ်သင်သူများ၏ ရပ်တည်ချက်ကို တရားဝင်ဖော်ပြခဲ့သည်။ ယွင်ဟွမ်နှင့် မွန်းစတားသုတ်သင်သူများက ၎င်းတို့ကို ကျောထောက်နောက်ခံပေးထားသောကြောင့် ကမ္ဘာပေါ်ရှိ ကြီးမားသောအဖွဲ့အမျိုးမျိုးသည် သတိထားရမည်ဖြစ်သည်။ ချူးယွင်ဖန်းမရှိလျှင်ပင် ကမ္ဘာ့အခြေအနေကို မထိခိုက်ပေ။ ဤနည်းအားဖြင့် သူစိတ်ပူစရာမလိုဘဲ ထွက်ခွာသွားနိုင်သည်။
ထို့အပြင် ဤဆေးပညာဇစ်မြစ်တွေ့ဆုံပွဲက အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုဖြစ်သည်။ အခြေအနေကို အရုပ်မဆိုးအောင်လုပ်ရန် ဤသို့ ပျင်းစဖွယ်ကောင်းသော အချက်ကို သူ ဘယ်သောအခါကမျှ မတွေးခဲ့ဖူးပေ။ ယခု သူသွားမည်ဆိုသောကြောင့် အနိုင်ရသူက သူဖြစ်ကို ဖြစ်ရပေမည်။
သူသည် ဝိညာဉ်နယ်ပယ်ရှိ မှော်ပညာ၏အစွမ်းသတ္တိကိုလည်း ကြည့်ရှုနိုင်ပြီး ၎င်းမည်မျှတိုးတက်ပြောင်းလဲလာသည်ကို မြင်တွေ့နိုင်သည်။ သို့သော် သူသည် ကုန်းပုယီနှင့် ကုန်းစွန်းဝူလုံတို့ကို ဤစကားများမပြောခဲ့ပေ။ သူတို့နှစ်ယောက်အတွက် ၎င်းတို့သည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများ၏ အကန့်အသတ်ကို ကျော်လွန်နေသည်မှာ သံသယဖြစ်စရာမလိုပေ။
"လူကြီးမင်းချူး ကျုပ်တို့နဲ့အတူ ထွက်သွားဖို့ စီစဉ်ထားလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အလျင်စလိုမလုပ်ခင် ခဏစောင့်ချင်လား"
"ကျွန်တော် ကိုယ့်ဘာသာသွားနိုင်ပါတယ်။ အချိန်နဲ့ လိပ်စာရှိရင် ရောက်အောင်သွားပါ့မယ်" ချူးယွင်ဖန်းက ပြောသည်။ မည်သို့ပင်ဖြစ်စေကာမူ သူ့တွင်တစ်လလုံးရှိသောကြောင့် အလျင်မလိုနေပေ။
"ကောင်းပြီ၊ ဒါဆို ကျွန်တော်တို့ ခရီးဆက်ဖို့ အသင့်ပြင်လိုက်မယ်" ကုန်းစွန်းဝူလုံက ပြောသည်။
ထို့နောက် ကုန်းစွန်းဝူလုံနှင့် ကုန်းပုယီတို့ ထွက်ခွာသွားခဲ့သည်။
ချူးယွင်ဖန်းသည် တဝေတွင် ကိစ္စများကို စီစဉ်ရန် စတင်ခဲ့သည်။ သူသည် ဦးစွာ နန်းတော်သို့ သွားရောက်ပြီး ဧကရာဇ်ဝေ့ဝူယအား သူထွက်ခွာသွားကြောင်း ပြောပြခဲ့သည်။ ဝေ့ဝူယ၏ မျက်နှာအမူအရာသည် အလွန်ရှုပ်ထွေးနေသည်။ သူသည် ချူးယွင်ဖန်းကို ထွက်သွားခွင့် မပေးလိုသော်လည်း စိတ်သက်သာရာ ရသွားသည်။
အခြေအနေများ လုံးဝမတည်ငြိမ်သေးသည့် အချိန်တွင် ချူးယွင်ဖန်းကို မထွက်သွားစေချင်ပေ။ တစ်ဖက်တွင်မူ ချူးယွင်ဖန်းက ဆက်သွားရန် စိတ်ကူးမရှိသောကြောင့် သက်ပြင်းချလိုက်သည်။ ဤသည်က သူမျှော်လင့်ထားသည့် အကောင်းဆုံးအခြေအနေဖြစ်သည်။ ချူးယွင်ဖန်းသာ အာဏာအတွက် တိုက်ပွဲမဝင်သရွေ့ သူအေးဆေးသက်သာစွာနေနိုင်သည်။
“ဆရာချူးတကယ်ထွက်သွားရမှာလား။ ကိုယ်တော် ဆရာချူးရဲ့အကူအညီကို လိုအပ်နေသေးတယ်" ဝေ့ဝူယာက အသက်ကို ပြင်းပြင်းရှူပြီးနောက် ပြောလိုက်သည်။
ချူးယွင်ဖန်းက ဝေ့ဝူယာကို လှမ်းကြည့်လိုက်၏။
“အရှင်မင်းကြီး၊ ဆရာယွမ်ရဲ့အကူအညီနဲ့ဆို တခြားသူတွေ ပုန်ကန်မှာကို စိတ်ပူစရာမလိုပါဘူး။ ကျွန်တော်နဲ့ပဲဖြစ်ဖြစ်၊ ကျွန်တော်မပါတာပဲဖြစ်ဖြစ် အတူတူပါပဲ"
ချူးယွင်ဖန်းသည် သူ၏ရည်ရွယ်ချက်များကို မြင်တွေ့သွားသည်ကို မြင်သောအခါ ဝေ့ဝူယက အနည်းငယ်ရှက်သွားသည်။
သို့သော် သူသည် လျင်မြန်စွာ တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။
“အဲ့တာဆိုရင် ကိုယ်တော် ဆရာချူးကို အတင်းမနေခိုင်းတော့ဘူး။ နန်းတော်အကြံပေးက သီးသန့်လေ့ကျင့်နေတယ်လို့ လူထုကို ကြေငြာလိုက်မယ်”
"ဟုတ်ကဲ့”
ချူးယွင်ဖန်း ပြုံးလိုက်သည်။
ဝေ့ဝူယနှင့် စကားပြောပြီးနောက် ချူးယွင်ဖန်းသည် နန်းတွင်းအကြံပေး၏ နေအိမ်သို့ ပြန်သွားခဲ့သည်။ ဤကိစ္စကို ချူးယောင်ဝေ့အား အသိပေးပြီးနောက် သူသည် မြို့တော်မှ ချက်ချင်းထွက်ခွာပြီး အစည်းအဝေးသို့ အပြေးအလွှားသွားခဲ့သည်။
အခန်း(၁၄၃၃) မိုးရွာသော ညတစ်ညအတွင်း ထိတ်လန့်ဖွယ်ပြောင်းလဲမှု
ဧကရာဇ်မြို့တော်မှ ထွက်ခွာပြီးနောက် ချူးယွင်ဖန်းသည် ညီလာခံသို့ အလျင်စလို မပြေးခဲ့ပေ။ မဟုတ်ပါက သူ၏အမြန်နှုန်းဖြင့် ညီလာခံကို ပြင်ပနယ်မြေတွင် ကျင်းပပြီး ဝေးလံသောနေရာ၌ ရှိနေသော်လည်း ထိုနေရာသို့ ရောက်ရန် တစ်ရက်ပင်ကြာမည်မဟုတ်ပေ။
အမတေမဲ့အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ အစွမ်းသတ္တိသည် ရှုထောင့်အားလုံးတွင် မြေကြီးကို တုန်လှုပ်စေသော ပြောင်းလဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူ၏ တိုက်ခိုက်ရေးအစွမ်းသတ္တိသည် ကြီးမားသော တိုးတက်မှုတစ်ခု မဟုတ်ဘဲ သူ၏ အမြန်နှုန်းသည်လည်း ယခင်ကထက် ကွာခြားသွားခဲ့သည်။ ယခင်က သူ ထိုအဆင့်သို့ရောက်ရန် အနည်းဆုံးနှစ်ရက် သုံးရက်မျှသာ ကြာလိမ့်မည်။ ယခု အပြည့်အဝ မြန်နှုန်းနှင့် ပျံသန်နးမည်ဆိုပါက တစ်ရက်ပင် မလိုတော့ပေ။ ထို့အပြင် တစ်လပင်ကျန်သေးသည်။ ချူးယွင်ဖန်းက မြောက်ဘက်သို့လမ်းလျှောက်ကာ တောင်နှင့် မြစ်များသို့ အလည်သွားခဲ့သည်။
လူတစ်ဦး၏ ကျင့်ကြံမှုက ရွှေအမတေအဆင့်သို့ရောက်ပြီးနောက်တွင် နတ်အဆင့်နှင့် လုံးဝကွာခြားသော ကိစ္စတစ်ခုဖြစ်လာသည်။ သဘာဝတရားကို လူတစ်ဦး၏ နားလည်မှုက နတ်အဆင့်ထက် များစွာသာလွန်သည်။ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ခြင်းထက် ရိုးရှင်းသော ကိစ္စမဟုတ်ပေ။ လူ့ခန္ဓာကိုယ်ကကမ္ဘာငယ်လေးတစ်ခုကဲ့သို့ဖြစ်သည်။ သို့သော် ထိုသို့ပင် လူ့အစွမ်းသတ္တိများ ကုန်ဆုံးသွားပြီဖြစ်သည်။ တစ်ခုတည်းသော နည်းလမ်းမှာ ဤကမ္ဘာကြီးထဲ၌ ကိုယ့်ကိုယ်ကိုယ် နေရာချ၍ ကမ္ဘာ့စွမ်းအားကို ငှါးယူရန်ဖြစ်သည်။
မှန်သည်။ ချူးယွင်ဖန်း၏ တောင်တန်းများနှင့်
မြစ်များကြောင်း ခရီးစဉ်သည် သာမန်ခရီးစဉ်တစ်ခု မဟုတ်ပေ။ သူ့အမြန်နှုန်းက အလွန်မြန်လွန်းသည်။ ပျံသန်းနိုင်သည့် အလင်းကို မသုံးလျှင်ပင် တစ်နေ့တည်းတွင် မိုင်ထောင်ပေါင်းများစွာကို အလွယ်တကူ ခရီးသွားနိုင်သည်။ တောင်တန်းများနှင့် မြစ်များကို ဖြတ်ကျော်ရန် သူ့အတွက် လွယ်ကူလှသည်။
လမ်းတစ်လျှောက်တွင် သူသည် အရာများစွာကို မြင်တွေ့ခဲ့ရကာ သူ့နှလုံးသားက ပို၍ ကျယ်ပြန့်လာသည်ဟု ခံစားခဲ့ရသည်။ အကြောင်းမှာ ရွှေအမတေအဆင့်ကို
ဝင်ရောက်ပြီးနောက်၌ သူ၏ ရှုထောင့်က ယခင်ကနှင့် လုံးဝ ကွဲပြားသွားသောကြောင့်ဖြစ်သည်။
ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံပြီးနောက်၌ပင် သူ့တွင် ဤအသိအမြင်များ လိုအပ်နေသေးသည်။ ချူးယွင်ဖန်းအတွက် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များသည် ဒေတာဘေ့စ်တစ်ခုသာ ဖြစ်သော်လည်း သိုင်းပညာကို နားလည်ရန် သူ့ကိုယ်သူသာ အားကိုးရသည်။ မဟုန်ပါက ဆေးဧကရာဇ်၏ ကံကြမ္မာက သူ့အနာဂတ် ဖြစ်လာလိမ့်မည်။
သူ အလျင်စလို လျှောက်သွားနေတုန်း ချူးယွင်ဖန်းက သတင်းကို စောင့်မျှော်နေခဲ့သည်။ ဧကရာဇ်နန်းတော်က ဝေ့ဝူယ၏ လက်ထဲရောက်ပြီဖြစ်၍ သဘာဝအတိုင်း လျှို့ဝှက်အေဂျင်စီသည်လည်း ဝေ့ဝူယ၏ လက်ထဲ ကျရောက်သွားသည်။
မကြာမီတွင် ဝေဝူယသည် သူယုံကြည်ရသော လက်ထောက်တစ်ဦးကို အေဂျင်စီ၏ အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခဲ့ပြီး ချူးယွင်ဖန်းက အေဂျင်စီ၏ ထောက်လှမ်းရေးကွန်ရက်တစ်ခုလုံးကို အသုံးပြု၍ တန်စီယုကို ရှာဖွေရန် တာဝန်ပေးခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ ဝိညာဉ်နယ်ပယ်က ကြီးမားလွန်းသည်။ ချူးယွင်ဖန်းက သူမကို တစ်ယောက်တည်း ရှာတွေ့ရန် နည်းလမ်းမရှိပေ။ သို့သော် တဝေ၏ အင်အားက နိုင်ငံသုံးနိုင်ငံထဲ အနိမ့်ဆုံးဖြစ်သော်လည်း အေဂျင်စီနှင့် ကွာခြားသည်။
၎င်းသည် တစ်နိုင်ငံလုံး၏ အာဏာဖြစ်သည်။ ထို့အပြင်၊ ၎င်းသည် အပြည့်အဝ ပျံ့နှံ့နေသည်။ ထောက်လှမ်းရေးကွန်ရက်သည် အပြည့်အဝလည်ပတ်နေပြီး ၎င်း၏အာဏာသည် သဘာဝအတိုင်း အံ့မခန်းဖြစ်သည်။ တန်စီယုအကြောင်း သတင်းများကို ချူးယွင်ဖန်းထံ တစ်ခုပြီးတစ်ခု ပေးပို့ခဲ့ပြီး သူ့ကိုယ်ပိုင်ကောက်ချက်ချခဲ့သည်။ အဖြစ်နိုင်ဆုံးမှာ သူမသည် ဤနေရာမှ ထွက်ခွာသွားပြီဖြစ်သည်။ မဟုတ်ပါက၊ အဓိကအင်အားစုအားလုံးသည် သူမရှိရာနေရာကို ရှာဖွေနေသောကြောင့် သူမ၏ အရိပ်အယောင်ကို မတွေ့နိုင်ပေ။
ချူးယွင်ဖန်း လုပ်ချင်သည်မှာ သူ့နာမည်ကို လူသိများအောင်လုပ်ရန်ဖြစ်သည်။ သူက မှောင်မိုက်ထဲက မီးပြတိုက်ကဲ့သို့ တန်စီယု သူ့အကြောင်းကြားသရွေ့ သူမက သဘာဝအတိုင်း သူ့ဆီလာလိမ့်မည်၊ ထိုသို့ဆိုလျှင် များစွာပိုအဆင်ပြေလိမ့်မည်။
သို့သော် ယင်းမတိုင်မီ ချူးယွင်ဖန်းတွင် လုပ်စရာ များစွာ ကျန်သေးသည်။ လဝက်အကြာတွင် တဝေ၏ နယ်နိမိတ်မြောက်ဘက် မိုင်ထောင်ပေါင်းများစွာအကွာရှိ တောင်ပေါ်တောအုပ်တစ်ခု၏ အနက်ပိုင်းတွင် ချူယွင်ဖန်သည် တစ်ချိန်ချိန်တွင် တည်ဆောက်ခဲ့သော ဘုရားကျောင်းတစ်ခုတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့ရှေ့တွင် မီးပုံကြီးတစ်ခုသည် ပြင်းထန်စွာ လောင်ကျွမ်းနေပြီး ညအချိန်တွင် ဘုရားကျောင်းကို လင်းထိန်စေသည်။
ဘုရားကျောင်းကို ကြာမြင့်စွာ ထိန်းသိမ်းခြင်း မပြုခဲ့သဖြင့် ပျက်စီးယိုယွင်းနေခဲ့သည်။ အပြင်ဘက်တွင် လေနှင့်မိုးသည် ပြင်းထန်စွာ ရွာသွန်းနေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ မိုးသက်မုန်တိုင်း၏ အသံကို ကြားနိုင်သည်။
ကျိုးနေသည့် အမိုးက ဤမျှ ပြင်းထန်သည့် မုန်တိုင်းကို ခံနိုင်ရည်ရှိမည် မဟုတ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သေဋ စွမ်းအားတစ်ခု၏ သက်ရောက်မှုအောက်တွင် ရှိနေပုံရသည်။
ချူးယွင်ဖန်းသည် မီးပုံရှေ့တွင် ထိုင်နေကာ လပေါင်းခြောက်လအတွင်းတွင် သူသည် မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ တောင်များနှင့် တောင်စွယ်များကို ဖြတ်ကျော်ပြီး တဝေမှ ထွက်ခွာသွားခဲ့သည်။ သူ့လက်ထဲတွင် အေဂျင်စီမှ ထွက်ခွာသွားခြင်းမပြုမီ နောက်ဆုံးပေးပို့ခဲ့သော သတင်းအချက်အလက်ကို ကိုင်ဆောင်ထားသည်။ ဤသတင်းအချက်အလက်တွင် ဂိုဏ်းအမျိုးမျိုး၏ အမည်များ ပါရှိသည်။
ဤဂိုဏ်းများအားလုံးက ပြင်ပနယ်ပယ်ကဖြစ်ပြီး သူတို့ထဲက အများစုသည် နာမည်ကြီး ပထမတန်းစားဂိုဏ်းများဖြစ်သည်။ ကြယ်ကိုးပွင့်နှင့် ယှဉ်၍မရသော်လည်း အခြေခံအားဖြင့် ရွှေအမတေများက တည်ထောင်ခဲ့ခြင်းဖြစ်၏ အလွန် အစွမ်းထက်သည်။ က်သည်။
"စိတ်ဝင်စားစရာပဲ။ စီယုကို ဝိုင်းရံနှိမ်နင်းရာမှာ ဂိုဏ်းပေါင်း ၁၃ ဂိုဏ်း ပူးပေါင်းပါဝင်ခဲ့ကြတယ်။" ချူးယွင်ဖန်းက အေးစက်စက် လှောင်ရယ်လိုက်သည်။
တန်စီယုကို ကြယ်ကိုးပွင့်ဂိုဏ်းက ဝိုင်းထားသည့်အချိန်၌ ဂိုဏ်းများအားလုံးက
အရေးယူဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့တွင် ရည်မှန်းချက်တစ်ခုတည်းသာရှိ၍ ၎င်းမှာ ကြယ်ကိုးပွင့်ကို ကျေနပ်စေရန်ဖြစ်သည်။ ယခု တန်စီယု မရှိတော့သောကြောင့် သူမ၏စေ့စပ်ထားသူ ချူးယွင်ဖန်းသည် သူမအတွက် တရားမျှတမှုကို ရှာဖွေရမည်ဖြစ်သည်။
"ဒါကို တစ်ခုပြီးတစ်ခု လုပ်ကြရအောင်။ အနီးဆုံး သန့်စင်ရေးဂိုဏ်းနဲ့ စလိုက်ရအောင်။ ဘာပဲဖြစ်ဖြစ် အချိန်ရှိပါသေးတယ်" ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ရုတ်တရက် အလျင်အမြန် လျှောက်လာသော ခြေသံများကို ကြားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အသက်အတွက် ထွက်ပြေးနေသကဲ့သို့ လူရိပ်တစ်ခု ခုန်ဝင်လာသည်ကို သူမြင်လိုက်ရသည်။ ထို့နောက် သူသည် မြေပြင်ပေါ်တွင် လဲလျောင်းပြီး လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။
ချူးယွင်ဖန်းလှမ်းကြည့်လိုက်သောအခါ ချွေးများရွှဲနေသည့် အသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်ကိုမြင်လိုက်ရသည်။ သို့သော် သူ့ကျောတွင် ဓားဒဏ်ရာတစ်ခုရှိနေကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ ထိုးဖောက်ဝင်ရောက်နေသဖြင့် သူ့ကို ထက်ခြမ်းခွဲလုနီးပါးဖြစ်နေသည်။
ချူးယွင်ဖန်း မည်သို့ဖြစ်နေသည်ကိုမသိလိုက်ခင်၌ပင် ကျယ်လောင်သော ပေါက်ကွဲသံကိုကြားလိုက်ရသည်။ ထို့နောက် မခိုင်ခံ့လှသော ဘုရားကျောင်းတံခါးပေါက်ကွဲသွားသည်ကို သူမြင်လိုက်ရသည်။ ချူးယွင်ဖန်းက သူ့အကြည့်ကို ဝေ့ကြည့်လိုက်သည်။ မိုးသည်းထန်စွာရွာသွန်းမှုအောက်တွင် သာမန်လူများ၏မြင်ကွင်းကို ပိတ်ဆို့ထားသော်လည်း ချူးယွင်ဖန်းကို မည်သို့ တားဆီးနိုင်မည်နည်း။
မြင်းစီးသူရဲခြောက်ယောက်အဖွဲ့ဖြစ်ကြောင်း သူသိလိုက်ရသည်။ ဤမြင်းစီးသူရဲကောင်း တစ်ယောက်ချင်းစီသည် အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားးကာ ၎င်းတို့၏ ခန္ဓာကိုယ်များမှ အလွန်ပြင်းထန်သော ရောင်ဝါများ ဖြာထွက်နေသည်။ မိုးသည်းထန်စွာရွာသွန်းလျှင်ပင် ၎င်းတို့က စွမ်းအင်လှိုင်းတစ်ခု၏ တွန်းလှန်မှုကို ခံနေရသကဲ့သို့ဖြစ်သည်။
၎င်းတို့စီးလာသည့် မြင်းများအားလုံး ကြီးမား၍ သန်မာသည်။ အနည်းဆုံး သုံးမီတာခန့်မြင့်ကာ မွန်နးစတားများကဲ့သို့ဖြစ်၍ သာမန်မြင်းများနှင့်မတူပေ။ ချူးယွင်ဖန်းသည် ဤအရာနှင့်မစိမ်းပေ။ တဝေတွင် အလားတူမြင်းများရှိခဲ့သည်။ သာမန်မြင်းများနှင့် မွန်းစတားများ မျိုးစပ်ပြီးနောက် မွန်းစတားသွေးရှိသော မြင်းများ ကျန်ရစ်ခဲ့သည်ဟု ဆိုကြသည်။ မျိုးဆက်များစွာတိုးတက်ပြီးနောက် မွန်နးစတားမျိုးရိုး၏ အစိတ်အပိုင်းတစ်ခုသာ ကျန်တော့သော်လည်း သာမန်မြင်းများနှင့် လုံးလုံးလျားလျားကွာခြားသည်။
ဤမြင်းများသည် တစ်နေ့လျှင် မိုင် တစ်ထောင်နှင့် ညဘက်တွင် မိုင် ၈၀၀ ကို ကြိုးစားအားထုတ်မှုမရှိဘဲ
အလွယ်တကူ ခရီးသွားနိုင်သည်။ သို့သော် ဤမြင်းများကို တပ်မတော်တွင် စစ်မြင်းများအဖြစ် အသုံးပြုလေ့ရှိ၍ သာမန်လူများ မမြင်တွေ့နိုင်ပေ။
အခန်း(၁၄၃၄) ရှေးဓားတုံကင်
ချူးယွင်ဖန်း သက်ပြင်းချလိုက်သည်။ သူသည် တစ်စုံတစ်ခုသော လက်စားချေမှုနှင့် ကြုံတွေ့ခဲ့ရပုံရသည်။ သို့သော် ဤကိစ္စနှင့်ပတ်သက်၍ သူများစွာ မမမေးချင်ပေ။ ပြီးခဲ့သော လဝက်အတွင်းတွင် သူသည် တဝေ၏ မြောက်ပိုင်းသို့ ဖြတ်ကာ ဆေးပညာဇစ်မြစ်တွေ့ဆုံပွဲသို့ ခရီးထွက်ခဲ့သည်။
သူ့အတွက် ယင်းက ကျင့်ကြံခြင်းတစ်မျိုးနှင့် အားလပ်ရက် အပန်းဖြေခြင်းတစ်မျိုးပင်ဖြစ်သည်။ သူကျင့်ကြံရေးစတင်ပြီးသည့်အချိန််မှစ၍ ဤသို့ ခရီးမျိုးရှားပါးသည်။ မည်သို့ပင်ဖြစ်စေကာမူ တစ်ခုပြီးတစ်ခု ဖြစ်ပျက်လာပြီဖြစ်၍ သူ့ဆန္ဒနှင့် ပြောင်းလဲ၍ မရပေ။
ဤလသည် သူ့အတွက် အနားယူရန် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ ဤသေးငယ် ယို့ယွင်းနေသော ဘုရားကျောင်းလေးတွင် ဤသို့သော အရာမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ သို့သော် သူမည်သို့မျှ မပြောနိုင်မီတွင် မြင်းတပ်ခေါင်းဆောင်သည် ပျက်စီးနေသော ဘုရားကျောင်းကို လှမ်းကြည့်၍ ပြောလိုက်သည်။
"ညီ၅ ဓားတံဆိပ်ကို ရှာပါ။ ညီ၃၊ ညီ၄ ဒီအတားအဆီးကို သွားရှင်းပါ။ တံဆိပ်က ငါတို့လက်ထဲရောက်သွားပြီဆိုတာ ဘယ်သူ့ကိုမှ မသိစေနဲ့"
ချူးယွင်ဖန်း၏နှုတ်ခမ်းများ တွန့်သွားသည်။ သူသည် ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်လိုခြင်းမရှိသော်လည်း တစ်ဖက်လူက သူ့ကို လွှတ်ပေးလိုခြင်းမရှိသည်မှာ ထင်ရှားသည်။ သို့သော် မြင်းတပ်သားများ၏ ညာဘက်ပခုံးပေါ်ရှိ "သန့်စင်မှု" ဟူသောစကားလုံးကို မြင်သောအခါ ၎င်းသည် သန့်စင်မှမှုဂိုဏ်း၏ သင်္ကေတဖြစ်ကြောင်း သူ မှတ်မိလိုက်သည်။
"မင်း ငါ့ဆီ လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
ခေါင်းဆောင်က ချူးယွင်ဖန်း၏ အမူအရာကို မြင်သောအခါ တစ်ခုခု မှားယွင်းနေသည်ဟု အလိုလို ခံစားလိုက်ရသည်။ သို့သော် သူ တုံ့ပြန်နိုင်ခြင်း မပြုမီ ချူးယွင်ဖန်းသည် သူ၏ လက်ညှိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ချောင်းထိပ်တွင် လက်ဖဝါးအရွယ်ရှိ ဓားငယ်တစ်ချောင်း ပေါ်လာသည်။
ချက်ချင်းပင် သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခုက ဘုရားကျောင်းတစ်ခုလုံးကို ပြည့်နှက်သွားသည်။
"ရှူး! မြန်မြန်!"
ညီ၃ နှင့် ညီ၄တို့သည် ခုန်အုပ်ပြီးဖြစ်သောကြောင့် တိုက်ခိုက်ရန် ဦးဆောင်ခဲ့ကြသည်။ သို့သော် နောက်တစ်ခဏတွင် ပျံသန်းနေသောအဖွဲ့၏ ခန္ဓာကိုယ်သည် လေထဲတွင် နှစ်ခြမ်းကွဲသွားပြီး သွေးများ ပန်းထွက်လာခဲ့သည်။
ခေါင်းဆောင်က ဤမြင်ကွင်းကိုမြင်သောအခါ မျက်လုံးများ အနည်းငယ်ကျုံ့သွားသည်။
သူ့ရှေ့ကလူကို မယုံနိုင်စွာကြည့်လိုက်သည်။ ညီ၃နှင့် ညီ၄ တို့၏ အစွမ်းသတ္တိသည် သူ့တမျှ မကောင်းလှသော်လည်း ၎င်းတို့က မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။
၎င်းတို့ကဲ့သို့ လူမျိုးများကို ထိပ်တန်း ပညာရှင်များဟု မသတ်မှတ်ကြသော်လည်း ကောင်းသော လူများကိုမူ သတ်မှတ်၍ ရသည်။ ချူးယွင်ဖန်းက ၎င်းတို့ကို ဤမျှ လွယ်လွယ်နှင့်သတ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူ့ရှေ့ကလူက ကျွမ်းကျင်သူတစ်ယောက်ဖြစ်၍ ထိုနေရာ၌ အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူလည်းဖြစ်သည်။
ခေါင်းဆောင်က ယင်းကို ချက်ချင်းသဘောပေါက်သွားသည်။ ဤပျက်ဆီးနေသော ဘုရားကျောင်းတွင် သူတွေ့ခဲ့သည့် ကျပန်းလူတစ်ဦးက နတ်ဘုရားတစ်ပါး ဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ပို၍ အဆင့်မြင့်သော တည်ရှိမှုတစ်ခုအတွက် သူ ယင်းကို စဥ်းစားရန်ပင် မဝံ့ရဲပေ။ သန့်စင်မှုဂိုဏ်း၌ပင် ဤသို့သော လူတစ်ဦးသာရှိသည်။
"မင်းက ဘယ်သူလဲ" ခေါင်းဆောင်က ပေါ့ပေါ့ဆဆ လုပ်ရန် မဝံ့မရဲပြောလိုက်သည်။ သူ့ရှေ့မှ လူက ပေါ့ပေါ့တန်တန် ဆက်ဆံရမည့်သူ လုံးဝမဟုတ်ကြောင်း ထင်ရှားသည်။ သူသည် ၎င်းတို့ကို ရန်စနိုင်သောသူမဟုတ်ပေ။
"ကျွန်တော့်ရဲ့ အထောက်အထားအကြောင်း မေးဖို့ နည်းနည်းနောက်ကျသွားပြီ။ ခင်ဗျားက သန့်စင်မှုဂိုဏ်းကလား" ချူးယွင်ဖန်းက မှင်သက်စွာ ပြုံးလိုက်သည်။
"ဟုတ်တယ်။ ကျွန်တော်တို့က သန့်စင်မှုဂိုဏ်း တပည့်တွေပါ။ ကျွန်တော်တို့ဂိုဏ်းရဲ့ အကြီးအကဲတွေကို သိလား" ခေါင်းဆောင်က သန့်စင်မှုဂိုဏ်းအကြောင်း အလျင်စလိုမေးလိုက်သည်။ မေးခွန်းတစ်ခုဖြစ်သော်လည်း အနည်းငယ် ခြိမ်းခြောက်နေသည့်နှယ်ဖြစ်သည်။
ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"ဒီလိုမေးခွန်းတွေ မေးစရာမလိုပါဘူး။ ငါ မင်းတို့ဂိုဏ်းနဲ့ ကောင်းတဲ့ဆက်ဆံရေးမရှိဘူး။ ဘယ်လိုလဲ။ ဒီဓားတံဆိပ်က ဘာလဲဆိုတာ ငါ့ကိုပြောပြဖို့ စိတ်ဝင်စားလား"
သူက လက်ကိုဝှေ့ယမ်းပြီး ညီ၅ မကြာသေးမီက ရှာတွေ့ခဲ့သော ဓားတံဆိပ်ကို ဆွဲယူလိုက်သည်။ အစမှအဆုံးအထိ ၎င်းသည် ရေစီးကဲ့သို့ ချောမွေ့နေသည်။
သူသည် ဤဓားသင်္ကေတနှင့် ကစားခဲ့သည်။ ယင်းက ရိုးရှင်း၍ အလှဆင်ထားခြင်းမျိုးမရှိပေ။ မည်သည့်ပစ္စည်းနှင့်လုပ်ထားသည်ကိုလည်းမသိနိုင်ပေ။ ရွှေမဟုတ် ကျောက်စိမ်းမဟုတ် အတန်ငယ် ရှေးကျသောပုံပေါ်သည်။ ဓားငယ်လေးတစ်ချောင်း၏ ပုံသဏ္ဍာန်ပေါ်နေကာ အလွန်ရှုပ်ထွေးသော ပုံစံများ
ထွင်းထားသည်။ ပထမတစ်ချက်ကြည့်လိုက်လျှင် ယင်းက ပုံစံတစ်ခုသာဖြစ်သော်လည်း ချူးယွင်ဖန်း်က ဤသည်မှာ အမှန်တကယ်တမ်းတွင် အတားအဆီးတစ်စခုဖြစ်ကြောင်းမြင်နိုင်သည်။ အထူးအခြေအနေအချို့ ပြည့်စုံမှသာ ထိုအတားအဆီးကို အသက်သွင်းနိုင်သည့်ပုံပေါ်သည်။
ခေါင်းဆောင်က သူ့ရှေ့ကလူက ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်နိုင်ကြောင်း ချက်ချင်းသဘောပေါက်သွားသည်။
"ဆရာ၊ ခင်ဗျားက ကျွန်တော့်ဂိုဏ်းက တပည့်တစ်ယောက်ကို သတ်လိုက်တာ။ သန့်စင်မှုဂိုဏ်းက ခင်ဗျားကို ပြဿနာရှာမှာ မကြောက်ဘူးလား" အသက်လတ်ပိုင်းလူက အော်ပြောလိုက်သည်။
"ငါက ပြဿနာရှာမှာ ကြောက်နေတဲ့ပုံပေါ်လား" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
ဤအချိန်တွင် ကျန်ရှိနေသော မြင်းတပ်သားများသည် ချူးယွင်ဖန်း၏နောက်သို့ ခိုးဝင်ကာ တိုက်ခိုက်နေကြပြီး ချူးယွင်ဖန်းက ၎င်းတို့ကို သတိမထားမိပုံရသည်။
သို့သော် ၎င်းတို့၏ တိုက်ခိုက်မှု ဆင်းသက်လာသောအခါ ကြောက်မက်ဖွယ်ကောင်းသော အချက်ကို သိရှိလိုက်ရ၍ အံ့အားသင့်သွားကြသည်။ ၎င်းတို့၏ တိုက်ခိုက်မှုများသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ပင် မရောက်လာခဲ့ပေ။ သူ့ထံမှ သုံးလက်မအကွာတွင် ၎င်းတို့ကို တားဆီးခဲ့သည်။ ချူးယွင်ဖန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဤလူများအားလုံးပျံသန်းသွားကာ ပျက်ဆီးနေသော ဘုရားကျောင်း၏ ပြတင်းပေါက်များကို ရိုက်ခွဲလိုက်ကြသည်။ ၎င်းတို့ ရွေ့လျားမှုရပ်တန့်သွားကာ မကြာမီ မိုးရေထဲတွင် ရွှဲနစ်သွားကြသည်။
ခေါင်းဆောင်၏ မျက်စံများ အနည်းငယ်ကျုံ့သွားကာ သူ့ခန္ဓာကိုယ်တောင့်တင်းသွားသည်။ သူလှုပ်ပင်မလှုပ်နိုင်တော့ပေ။
ချူးယွင်ဖန်းကို ကြည့်သောအခါ ယုန်တစ်ကောင်က ကျားတစ်ကောင်ကိုစိုက်ကြည့်နေသကဲ့သို့ဖြစ်သည်။
အသက်ဓာတ်အဆင့်မှ ဖိနှိပ်ခံလိုက်ရသကဲ့သို့ပင်ဖြစ်သည်။
"ပြောပါဦး၊ ဒါဘာလဲ။ တိတ်စမ်း၊ တိတ်စမ်း။ တကယ်ပဲ ငါ့ကိုသတ်ချင်တာလား" ချူးယွင်ဖန်းက မှင်သက်စွာပြုံး၍ ခေါင်းဆောင်ကို ကြည့်လိုက်သည်။
"ငါ မင်းကို မပြောပြဘူး။ အိပ်မက်တောင် မမက်နဲ့!"
ခေါင်းဆောင်က ချူးယွင်ဖန်းရှေ့တွင် သူ၏ မရီးဒျန်များကို ဖြတ်တောက်ကာ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးချင်ခဲ့သည်။ ဤသည်က သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။ ချူးယွင်ဖန်းကို လက်စားချေလျှင်ပင် ဟာသတစ်ခုဖြစ်လိမ့်မည်ဖြစ်ကြောင်း သူမြင်နိုင်သည်။
"ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားနေတာလား။ နောက်နေတာလား။ မင်းသေနိုင်တယ်လို့ ငါပြောပြီးပြီလား"
ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။ သူက တစ်ဖက်လူကို ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက အစစ်အမှန်စွမ်းအင်စီးဆင်းမှုက သူ့ထိန်းချုပ်မှုမှ လွတ်သွားသကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။ သူ့ကို လုံးဝဆုပ်ကိုင်ထားသကဲ့သို့ပင်ဖြစ်သည်။ ဤခံစားချက်က အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ ချူးယွင်ဖန်းက သူ့စွမ်းအားကိုပင်မသုံးပေ။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လုံးဝ ဖိနှိပ်လိုက်ခြင်းဖြစ်ကာ ရွှေအမတေပုံစံအဆင့်ရှိသူတစ်ဦး၏ တိုက်ခိုက်ရေးအစွမ်းက သူယှဥ်ပြိုင်နိုင်သောအရာမဟုတ်ပေ။
ထို့နောက် သူသည် ရုတ်တရက် အိပ်ငိုက်လာပြီး မသိလိုက်ဘဲ ချူးယွင်ဖန်းအား လက္ခဏာသက်သေအကြောင်း ပြောပြလိုက်သည်။ သူ သတိပြန်ဝင်လာချိန်တွင် အရာအားလုံးကို ရှင်းပြပြီးသွားပြီဖြစ်သည်။
ထိုအခါမှသာ ချူးယွင်ဖန်းသည် ဤလက္ခဏာသည် ကိုယ်ရေးကိုယ်တာရန်ငြိုးထားမှုကဲ့သို့ ရိုးရှင်းမည်မဟုတ်ကြောင်း သဘောပေါက်ခဲ့သည်။ ၎င်းတွင် သန့်စင်မှု ဂိုဏ်းခေါင်းဆောင်ပင် ပါဝင်ပတ်သက်နေပြီး ဤစစ်သည်တော်များသည် အသေးအမွှားများသာဖြစ်သည်။ ၎င်းတို့က ယင်းတံဆိပ်အကြောင်းမသိကြပေ။ ဂိုဏ်းခေါင်းဆောင်က ကြာမြင့်စွာ ရှာဖွေနေခဲ့တဲ့အရာတစ်ခုသာ သိကြသည်။ ယင်းအတွက်သူက မျိုးနွယ်စုတစ်ခုလုံးကိုပင် ဖျက်ဆီးခဲ့သည်။ သေဆုံးသွားသည့် အသတ်လတ်ပိုင်းလူသည် ဤမျိုးနွယ်စု၏ နောက်ဆုံးလူဖြစ်သည်။
ဤစစ်သည်တော်များသည် လိုက်လံဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းအတွက်သာ တာဝန်ရှိသည်။ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သို့မျှ မသိခဲ့ကြပေ။
"စိတ်ဝင်စားစရာပဲ၊ ဒါပေမယ့်မင်း ဘာမှမသိဘူးဆိုတော့.. ကောင်းကောင်းသွားပါ”
ချူးယွင်ဖန်းက ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ထိုလူသည် ထိုနေရာတွင်ပင် ကိုယ့်ကိုယ်ကိုယ်သတ်သေပြီး အသံတစ်ချက်မှ မထွက်ဘဲ သေဆုံးသွားသည်။