← Chapters

ခေါင်းဆောင်ငယ် ရာထူး

Vol. 21 Ch. 302

ခေါင်းဆောင်ငယ် ရာထူး

Vol. 21 Ch. 302

ရှန်မို ထိုစကားကြောင့် ရယ်မောမိလေသည်။

ထို့နောက် မူယုံးယွဲ့အား တင်းကြပ်စွာ ဖက်ထားလိုက်၏။

အစပိုင်းတွင် မူယုံးယွဲ့ အတင်းရုန်း၍ ရှက်ရွံ့ကာ မျက်နှာလေး ရဲနေသော်လည်း ရှန်မို့ သံမဏိကဲ့သို့ ခိုင်မာသော လက်မောင်းကြီးများကြောင့် မရုန်းနိုင်ဘဲ ရှိသည်။

နောက်ဆုံး ရွေးချယ်စရာမရှိ၍ သူ့ရင်ခွင်ထဲတွင် ငြိမ်ကာ မှီနေရတော့သည်။

“အဟမ်း…”

ဝူယန်ဝေ့သည် မလှမ်းမကမ်းတွင် ရပ်ကြည့်နေရင်း ချောင်းလှမ်းဟန့်၏။

“လူတွေရှိတယ်လေကွာ”

မူယုံးယွဲ့ အသံကိုနှိမ့်၍ ခပ်တိုးတိုးပြောသည်။

ရှန်မိုလည်း ထိုအခါမှ လက်ကိုဖြေလျော့၍ ဘေးဘီကို လှည့်ကြည့်သည်။

“ခေါင်းဆောင်နဲ့ အကြီးအကဲဝူယန်တို့ ချင်းရွှမ်ဂိုဏ်း ပြန်ပြီး ရှင်းစရာရှိတာ ရှင်းလိုက်ဦးလေ… ကျွန်တော် တောင်စိမ်းမြို့မှာ ကိစ္စလေး ရှိသေးလို့”

မူယုံးယွဲ့ ခေါင်းငြိမ့်ပြ၏။

ရှန်မို သူတို့ထွက်သွားသည်ကို တွေ့ပြီးမှ တောင်စိမ်းမြို့ဘက် သွားလေသည်။

မင်းသား (၉) ၏ လတ်တလော အခွင့်အရေးသည် တောင်စိမ်းမြို့ တောင်ဘက် မိုင် (၂၀၀) ဝန်းကျင်တွင် ရှိ၏။

ထို့အပြင် သူ့သီးသန့်ကိစ္စလည်း ရှိလေသည်။

သူ့အဖေ ရှန်ကျိုးထင်အား အတူခေါ်သွားရန် ဖြစ်၏။

စွမ်းအင်ထိန်းချုပ်သည့်အနေဖြင့် ရှန်မို ကောင်းကင်တွင် လျှပ်စီးသဖွယ် ပျံသန်းရင်း သွား၏။

မကြာမီ ကျောက်အကာအကွယ်ရှိရာသို့ ရောက်လာပြီး ပုံစံမှာ စင်ရော်ငှက်ပျံသန်းနေသည်နှင့် တူသည်။

ထို့ကြောင့် အမည်မှာလည်း စင်ရော်ပျံဂူဟု ခေါ်ခြင်းဖြစ်၏။

ရှန်မို ပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်း၍ ကြည့်လိုက်သောအခါ မကြာမီ ရွှေရှာကြွက်တွင်း

တွေ့လေသည်။ အထဲတွင် ပန်းရောင်သန်းနေသည့် ကြွက်ဝတုတ်များစွာတို့ မျက်လုံးပင် မဖွင့်နိုင်ဘဲ ရှိကြသည်။

ရှန်မို့ကို သတိထားမိသောအခါ ကြွက်ပေါက်လေးများ အော်ဟစ် ထွက်ပြေးလေသည်။

ရှန်မို ရယ်မောလျက် သူတို့ကို ဒုက္ခမပေးဘဲ အသိုက်ကို ဂရုတစိုက်ရှာ၏။

မကြာမီ ကောက်ရိုးပုံအောက်တွင် နတ်ဆင်ဖျက်ဆီးသိုင်း၏ ပထမ (၃) ဆင့် စာရွက်အပိုင်းအစများ တွေ့ရလေသည်။

“တွေ့ပြီ”

ရှန်မို ကျေနပ်သွားပြီး အမြန်ထွက်ကာ တောင်စိမ်းမြို့သို့ ပြန်လာသည်။

တောင်စိမ်းမြို့၏ လူရှင်းသောနေရာတွင်တော့ နတ်ဆိုးများ ဝင်ရောက်ခြင်း မရှိသေးပေ။

သို့သော် ပြည်သူများမှာ ထိတ်လန့်ကြောက်ရွံ့စွာနေရင်း အခြေအနေကို စောင့်ကြည့်နေရ၏။

အချို့မိသားစုများမှာ အထုပ်အပိုးပြင်၍ ထွက်ပြေးရန် ကြိုးစားနေကြသည်။

ရှန်မိုရောက်လာသောအခါ အားလုံး သတိပြု၍ အာရုံစိုက်မိကြ၏။

“ဒီလူက… ကျင့်ကြံသူ ထင်တယ်”

“အသက်လည်း တော်တော်ငယ်တယ်”

“နေပါဦး… သူ့ကြည့်ရတာ သမားတော်ရှန်နဲ့ မတူဘူးလား… သမားတော်ရှန်ရဲ့သား ရှန်မို ထင်တယ်”

သူ့ချောမောသော ရုပ်ရည်ကိုကြည့်ရင်း ခန့်မှန်းနေကြ၏။

ရှန်မို နွေးထွေးစွာ ပြုံး၍

“ဟုတ်ပါတယ် ကျွန်တော် ရှန်မိုပါ… အဖေ ဘယ်မှာလဲ ပြောပေးလို့ရမလားဗျ”

ပြည်သူများ အံ့ဩတကြီးကြည့်ရင်းမှ လမ်းမှန်ကို ညွှန်ပြပေးလိုက်သည်။

ရှန်မို ကျေးဇူးတင်စကားဆိုကာ ချက်ချင်း ပျောက်ကွယ်သွားတော့၏။

“သွားတာ အရမ်းမြန်တာပဲ… သူ အခု ကျင့်ကြံမှုက ဘယ်အဆင့်တောင် ရောက်နေပြီလဲ မသိဘူး… ချင်းရွှမ်မှာ ဘာရာထူးလဲ”

“ငါကြားတာတော့ သူ ဟိုနှစ်ပိုင်းကပဲ ချင်းရွှမ်ကထွက်ပြီး ပိုအင်အားကြီးတဲ့ ကျောက်စိမ်းဂိုဏ်းကို ရောက်သွားတာ”

“ဘာ… တကယ်လား… အံ့ဩစရာကောင်းလိုက်တာ”

အားလုံး စိတ်လှုပ်ရှားစွာ ပြောဆိုရင်း သတင်းများ ဖလှယ်နေ၏။

အတော်များများမှာ ရှန်မို ဂိုဏ်းပြောင်းသွားသည်ကို မသိကြသေး။

ရှန်ဆေးခန်းတွင် ရှန်မို သက်လတ်ပိုင်းအရွယ် ခပ်ပိန်ပိန်လူတစ်ဦး လူနာများ ကြည့်နေသည်ကို တွေ့ရသည်။

ဆေးခန်းမှာ အရင်လိုပင် လူများနေဆဲ။

“အဖေ ကျွန်တော် လာတွေ့ပါတယ်”

ရှန်မို တည်ငြိမ်စွာ လှမ်းပြောသည်။

သတ်လတ်ပိုင်းလူမှာ ရုတ်တရက် မှင်တက်နေပြီးမှ အသံလာရာဘက် လှမ်းကြည့်၏။

ရှန်မိုသည် အရင်လို နုပျိုလန်းဆန်းနေဆဲပင်။

“မို… တကယ်မင်းလား”

ရှန်ကျိုးထင် အလွန်အံ့ဩ၍ မျက်နှာလေး ဝင်းပသွားသည်။

ရှန်မို ဤသို့ ရုတ်တရက် ရောက်လာမည်ဟု မထင်ထားချေ။

“အဖေ့ကို ကျောက်စိမ်းဂိုဏ်းဆီ ခေါ်သွားမလို့ လာခဲ့တာ… ကျွန်တော် အဲ့မှာ နေရာကောင်းတစ်ခု ရနေပြီ”

ရှန်မို ပြုံး၍ ပြော၏။

ရှန်ကျိုးထင်လည်း ခပ်နွမ်းနွမ်းဝတ်ရုံဖြင့် မျက်ရည်များ သုတ်လျက်

“ဒါ… ဒါတော့ မဖြစ်ပါဘူးကွာ… ငါ ကျောက်စိမ်းဂိုဏ်းကို လိုက်ရင် မင်းကျင့်ကြံမှု ထိခိုက်လိမ့်မယ်”

ရှန်မို ခေါင်းယမ်းပြ၍

“အဖေ အန္တရာယ်ရှိနေတာကမှ ကျွန်တော့်ကျင့်ကြံမှု ထိခိုက်မှာ… လိုက်ခဲ့ပါ အဖေရယ်… ချင်းရွှမ်ခေါင်းဆောင်လည်း ပြောင်းတော့မှာဆိုတော့ သူလည်း ဝိုင်းဂရုစိုက်ပေးလိမ့်မယ်”

ရှန်ကျိုးထင် ခဏတွေဝေနေပြီးမှ ခေါင်းငြိမ့်ပြ၍

“ဟုတ်ပါပြီ လိုက်ခဲ့မယ်… ဒါပေမဲ့ အရင်ဆုံး ဒီက လူနာတွေအတွက် ဆေးစီစဉ်ရဦးမယ်… သမားတော်က လက်လွတ်စပယ် လုပ်လို့မဖြစ်ဘူးလေ”

ရှန်မို ခေါင်းငြိမ့်ပြ၍

“ကျွန်တော် စောင့်နေပါ့မယ်”

(၂) နာရီမျှအကြာတွင် ရှန်ကျိုးထင် အားလုံးပြီး၍ လိုအပ်သောပစ္စည်းများယူကာ ဆေးခန်းကို ပိတ်လိုက်သည်။

ထို့နောက် တံခါးပေါ်မှ ဆိုင်းဘုတ်ကိုကြည့်ရင်း ဝမ်းနည်းသလို ဖြစ်လာ၏။

“မို မင်း အခု အရွယ်ရောက်ပြီဆိုတော့ မေ့နေလောက်ပြီ ထင်တယ်… မင်းစမွေးတည်းကနေ ချင်းရွှမ်ကို မသွားခင်အထိ ဒီအခန်းမှာပဲ (၁၀) နှစ်ကျော် ဖြတ်သန်းခဲ့တာလေ… အခု လုံးဝထားခဲ့ရတော့မယ်ဆိုတော့ တစ်မျိုးပဲ”

ရှန်မို ပြုံးလျက်

“အနာဂတ်ကိုပဲ ကြည့်ပါဗျာ .. အဖေ ကျောက်စိမ်းဂိုဏ်းရောက်ရင် နောက်ထပ်ဆေးခန်း ပြန်ဖွင့်လို့ ရတယ်လေ… လောကကြီးက အကျယ်ကြီးပါ… ဘယ်နေရာမဆို အိမ်ဖြစ်နိုင်ပါတယ်”

ရှန်ကျိုးထင် အားရပါးရ ရယ်မော၍ ဝမ်းနည်းမှုလည်း ပြေပျောက်သွား၏။

“မင်းပြောတာ မှန်တယ်… ငါ့အသက် (၅၀) တောင် ပြည့်တော့မှာကို မင်းထက် စိတ်နုနေသေးတာပဲ”

“သွားရအောင်… ကျွန်တော့်ကို သေချာကိုင်ထားနော်”

ထို့နောက် ရှန်မို ချင်းရွှမ်သို့ ပျံသန်းသွားလေသည်။

ချင်းရွှမ်ဂိုဏ်းမှ မိတ်ဆွေဟောင်းများနှင့် စကားအနည်းငယ် ပြောပြီးနောက် မူယုံးယွဲ့ကိုပါ ခေါ်၍ ကျောက်စိမ်းဂိုဏ်းရှိရာ မြောက်ဘက်သို့ ခရီးစနှင်လေ၏။

မကြာမီ (၃) ယောက်သား ကျောက်စိမ်းဂိုဏ်းဆီ ရောက်လာသည်။

ရှန်ကျိုးထင် ဟိုဟိုဒီဒီ လိုက်ကြည့်ရင်း စိတ်လှုပ်ရှားနေ၏။

“အရင်ဆုံး အကြီးအကဲခန်းမကိုသွားပြီး အဖေတို့အတွက် ဝင်ခွင့်တောင်းရဦးမယ်”

သူတို့ ဂိုဏ်းဝင်ပေါက်ရှေ့ ရပ်နေစဉ် ဂိတ်စောင့်တပည့်မှ မှတ်မိပြီး

“ခေါင်းဆောင်ငယ် အစောကြီး ပြန်ရောက်လာတာပဲ… ချင်းရွှမ်ဂိုဏ်း အဆင်ပြေရဲ့လား… လမ်းမှာ အဆောင်သခင်ဟီကို တွေ့ခဲ့သေးလား”

ရှန်မို ပြုံး၍

“အားလုံးအဆင်ပြေပါတယ်… အဆောင်သခင်ဟီကတော့ လမ်းလွဲသွားကြပြီ ထင်တယ်”

သူ ရယ်မောကာ ပြော၏။

တပည့်လေးမှ

“အဲ့ဒါက ဒါဆို ကျွန်တော်ဆက်လုပ်လိုက်ပါမယ်… ဒါနဲ့ ဒီလူကြီးမင်းက…”

“ကျွန်တော့်အဖေပါ”

“သူ့အတွက် နေစရာစီစဉ်ရဦးမယ်”

တပည့်လေး အံ့ဩစွာကြည့်၍ ပိုလေးစားပုံဖြင့်

“ဒါက ခေါင်းဆောင်ငယ်ရဲ့ အဖေလား… စိတ်သာချ ကျွန်တော် အကုန် စီစဉ်ပေးမယ်”

“ကျေးဇူးပဲကွာ”

ရှန်ကျိုးထင် သူ့သားကို အံ့ဩစွာကြည့်၍

“မို… မင်း နေရာကောင်းတစ်ခု ရထားတယ် ပြောတာ… အဲ့လောက်နဲ့ မဟုတ်ပါလား… ခေါင်းဆောင်ငယ် ဖြစ်နေတာပဲ”

ရှန်မို ရယ်မော၍

“စိတ်လွတ်လက်လွတ်သာ နေပါတော့ အဖေ”

ရှန်ကျိုးထင် အလွန်ကျေနပ်စွာဖြင့်

“အံ့ဩစရာပဲ… ငါ့လိုလူက မင်းလို သားမျိုးရတာ တကယ် ကံကောင်းလိုက်တာ”

ထို့နောက် တပည့်လေးမှ မူယုံးယွဲ့နှင့် ရှန်ကျိုးထင်အား အကြီးအကဲခန်းမကို ခေါ်သွားပြီး ရှန်မိုလည်း မြွေနဂါးတောင်သို့ ထွက်သွားသည်။

သူ ကျင့်စဉ်အသစ်ကျင့်ကြံရန် မစောင့်နိုင်တော့ပေ။

ဤကျင့်စဉ် အပိုင်းအစဖြင့် နတ်ဆိုးဧကရာဇ် ဖြစ်လာပါက သူလည်း မည်မျှအမြင့် ရောက်မည်နည်း။

တောထဲတစ်နေရာတွင် တင်ပျဉ်ခွေထိုင်ပါ စတင်ကျင့်ကြံလေသည်။

အချိန်တစ်ခုကြာပြီးနောက် အံ့ဩစွာ ရေရွတ်မိ၏။

“ဒီကျင့်စဉ်က ဒီလိုကိုး”

All Chapters