← Chapters

ရှန်မို့ကို သိလား

Vol. 21 Ch. 303

ရှန်မို့ကို သိလား

Vol. 21 Ch. 303

ရှန်မို ကျင့်စဉ်ကို သေချာဖတ်ကြည့်၏။

ကျင့်စဉ်ထဲတွင် ခန္ဓာကိုယ်ကို အစိတ်အပိုင်း သိန်းချီ၍ ဖွဲ့စည်းကာ တစ််ခုချင်းစီမှ စွမ်းအင်နိုးထစေရန် ဖော်ပြထားသည်။

ထိုအစိတ်အပိုင်းအားလုံး ပြည့်စုံသွားပါက ကျင့်စဉ်ကို စသုံးနိုင်ပြီး ကောင်းကင်မှ ကြယ်ကိုဖြုတ်ချ၊ လကို ခူးဆွတ်နိုင်လေပြီ။

ရှန်မို့ထံတွင် ပထမ (၃) ဆင့်၏ စာရွက်အပိုင်းများနှင့် သက်ဆိုင်ရာ သိုင်းစဉ်တို့ ပါဝင်၏။

ပထမအဆင့်တွင် ဆင်ကြီး (၁၀) ကောင်၏ အင်အားကဲ့သို့ နိုးထကာ ခုခံရေးကျင့်စဉ်ဖြစ်သော ဝိညာဉ်ဖောက်ထွင်း သွေးလှံကို နားလည်ပေမည်။

ဒုတိယအဆင့်၌ ဆင်ကြီး (၁၀၀) အင်အားနှင့် မတုန်လှုပ်သော သူတော်စင်ခန္ဓာကိုယ် ကျင့်စဉ်ကို ရရှိမည်။

တတိယအဆင့်မှာ ဆင်ကြီး (၁၀၀၀) အင်အား၊ ကောင်းကင်မီးဖိုဟူသော စိတ်ဝိညာဉ်စွမ်းအင်၊ အသက်စွမ်းအင်၊ ကြယ်တာရာနက္ခတ်စွမ်းအင်များကို သွေးထဲစီးဝင်စေကာ ခန္ဓာကိုယ်အင်အား တိုးစေသည့် ကျင့်စဉ်တို့ ပါဝင်၏။

ထိုအဆင့်တွင် ကျင့်ကြံသူ၏သွေးမှာ မာကျူရီသဖွယ် သိပ်သည်း၍ ခြင်ဆီရိုးများမှာ နှင်းကဲ့သို့ သန့်စင်သည်။

သွေးတစ်စက်ဖြင့် ကီလိုထောင်ချီ၍ လေးလံ၏။

ရှန်မို ကြည့်နေရင်း စိတ်တက်ကြွလာသည်။

ဤသည်မှာ သန့်စင်အားကောင်းသော ခန္ဓာကိုယ် ဖြစ်နိုင်၏။

“ဒါပေမဲ့ နတ်ဆင်နှိမ်နင်းကျင့်စဉ်က နေ့တိုင်း သုံးရမယ့် အသက်စွမ်းအင် လိုတယ်”

“စိတ်ဝိညာဉ်ဆေးပင်တွေနဲ့ ဆေးလုံးတွေကို ပုံမှန် ပဲလုံး ဝါးသလို စားရမယ့်ပုံပဲ”

“မင်းသား (၉) ကို သတ်ပြီး အမှတ်တွေအများကြီး ရထားတာဆိုတော့ ဆေးကုန်လည်း ရတနာတိုက်မှာတော့ သွားလဲလို့ ရတယ်… ငါ့နောက်မှာ ကျောက်စိမ်းဂိုဏ်း ရှိနေတာပဲ… အရင်းအမြစ်အတွက် စိုးရိမ်စရာ မလိုပါဘူး”

ရှန်မိုတွေးရင်း ရယ်မောမိ၏။

ကျင့်စဉ်မှာ အလွန်အန္တရာယ် များပါသည်။ အသက်စွမ်းအင် မလုံလောက်ဘဲ အတင်းကျင့်ကြံပါက တန်ပြန်ထိခိုက်ကာ နောက်ဆုံး ရှုံ့တွနေသည့် အလောင်းအထိ ဖြစ်သွားနိုင်၏။

“ကဲ စလိုက်တာပေါ

ရှန်မို စိတ်ငြိမ်အောင်ထိန်းကာ ဆေးများသောက်၍ စတင်ကျင့်ကြံလေသည်။

ထိုအချိန်တွင် နတ်ဆိုးဧကရာဇ်ခံတပ်၌ အခြေအနေ တင်းမာလျက် ရှိ၏။

မင်းသား (၁) နှင့် (၄) တို့လည်း သူတို့တပ်များနှင့်အတူ ရောက်ကာ ဒူးထောက်လျက် ရှိကြသည်။

ယဲ့ယန်သည် ဘေးတွင် ငြိမ်သက်စွာရပ်၍ ဘာမှ ဝင်မပြောပေ။

နတ်ဆိုးဟကရာဇ်သည် ဟိုဘက်ဒီဘက် လျှောက်လျက် မျက်နှာပျက်ကာ မုန်တိုင်းကျမလို ဖြစ်နေသည်။

“သူ သေသွားပြီလား”

“မင်းတို့ သူသေသွားပြီလို့… ပြောနေတာလား”

သူ့အသံမှာ ဩရှ၍ ကြောက်စရာကောင်းသည်။

မင်းသား (၁) ခေါင်းငိုက်စိုက်ကျလျက်

“အဖေ ကျွန်တော်တို့ သတင်းပေးဆီက သိရတာတော့ ရှန်မိုက တာဝန်ယူပြီး လာသတ်သွားတာပါတဲ့… ပြီးတော့ မင်းသား (၉) ရဲ့ လက်တစ်ဖက်ကို သက်သေအနေနဲ့ ယူသွားပါသေးတယ်”

“ဒီလိုကြောင့် အဆင့်အေအမှတ်အထိ ဆုရသွားပါတယ်”

“အဲ့တော့ ဒီသတင်းက သေချာပါတယ်”

နတ်ဆိုးဧကရာဇ် ဒေါသပေါက်ထွက်၍ ဘေးမှပလ္လင်ကို ကန်လိုက်သည်။ ထိုအခါ စူးများ ပျံထွက်၍ စစ်သည်များကို စိုက်ကာ ဒဏ်ရာအနည်းငယ်စီ ရသွားကြ၏။ သို့သော် မည်သူမျှ အသံမထွက်ရဲသလို သွေးများပင် မသုတ်ရဲကြ။

“စုံစမ်းလိုက်”

“မင်းသား (၉) ဘယ်လိုသေသွားတာလဲ အတိအကျ စုံစမ်း”

“ရှန်မို့လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်ထား”

“ယုဒေသထဲကို လူသားသူလျှိုတွေ ထပ်လွှတ်လိုက်”

“ငါ သူ့ကို အသေလိုချင်တယ်”

သူ့မျက်လုံးများမှာ အေးစက်စူးရှနေ၏။

“ဟုတ်ကဲ့ပါ”

မင်းသား (၁) နှင့် (၄) တို့ ဦးညွှတ်နှုတ်ဆက်ကာ တပည့်များပါ ခေါ်၍ ထွက်သွားသည်။

ယဲ့ယန် သူတို့ကိုကြည့်၍ စိတ်လေးနေမိ၏။

သူ မှားသွားလေပြီ။

ရှန်မိုသည် သေလည်းမသေ၊ အဖမ်းလည်း မခံရဘဲ ရှိနေသည်။

ထိုအစား မင်းသား (၉) သေသွား၏။

“အဖြေကတော့ တစ်ခုပဲရှိတယ်… ရှန်မို ဒီအတောအတွင်း အရမ်း အင်အားကြီးလာတာပဲ”

“ဒီလူက ကြောက်စရာကောင်းလိုက်တာ… နတ်ဆိုးဧကရာဇ်ရဲ့သွေးကို မွမ်းမံထားတာတောင် သူ့ကို မမှီသေးဘူး”

“နောက်ရော မှီနိုင်ပါဦးမလား”

ထိုသို့တွေးရင်း ယဲ့ယန် ကျောချမ်းလာ၏။

သို့သော် သက်ပြင်းချ၍ ချက်ချင်း စိတ်ငြိမ်အောင် ထိန်းလိုက်သည်။

“သူက အင်အားကြီးပေမဲ့ ငါ ယဲ့ယန်လည်း အားအရမ်း မနည်းပါဘူး”

“သူ့အကြီးဆုံးအမှားက လူရွေးမှားတာပဲ”

“နတ်ဆိုးတစ်သောင်းနယ်မြေ ဒီနှစ်တွေအတွင်း အင်အားကြီးလာရင် ဂိုဏ်းကြီး (၃) ခုနဲ့ ရုံးတော်တို့ ပျက်စီးမှာပဲ… အဲ့အခါမှ အကုန်လုံး သိမ်းပိုက်ပစ်မယ်”

“အဲ့ဒါဆို ရှန်မို ဘယ်လောက် တော်တော် နတ်ဆိုးဧကရာဇ်အထိတော့ ခံနိုင်ရည် မရှိပါဘူး”

“ငါကတော့ အောင်နိုင်သူဘက်မှာနေရင်း အသက်ရှင်လိမ့်မယ်”

သူ ကျေနပ်သွား၏။

တန်ဟီဂိုဏ်း တောင်တန်းဂိတ်တွင် လေထုသိပ်သည်း၍ ဆေးပင်ရနံ့များ သင်းပျံ့နေသည်။

သာမာန်ပြည်သူများအနေဖြင့် တစ်ချက် အသက်ရှူရုံဖြင့် တော်ရုံရောဂါများ ပျောက်ကင်းသွားလိမ့်မည်။

ထိုပတ်ဝန်းကျင်တွင် နေထိုင်သူများမှာ အသက်ရှည်ရှည် နေ၍ ကျင့်ကြံနိုင်လောက်၏။

လေ့ကျင့်ရေးကွင်းထဲတွင် အကြီးအကဲ (၂) ဦး လေးနက်စွာ ပြောဆိုနေကြ၏။

“မင်းကြားပြီးပြီလား… မနေ့က အသစ်ရောက်တဲ့ အကြီးအကဲက ဆေးမြစ်ကို တစ်ယောက်တည်း ဖြတ်လာလို့ ခေါင်းဆောင် တော်တော် အံ့ဩနေတာ”

“ကြားတာပေါ့… အဲ့အကြီးအကဲက တော်တော် ငယ်သေးတာနော်… အသက် (၃၀) တောင် မရှိလောက်သေးဘူး”

“ကျစ် ကျစ် တကယ့်ပါရမီရှင်ပဲ… ကျောက်စိမ်းဂိုဏ်းက ရှန်မိုနဲ့ သန့်စင်ခြင်းဂိုဏ်းက ချူထျန်းခွန်တို့ကို ယှဉ်နိုင်မလား မသိဘူး”

သူတို့၏ စကားများမှာ လေ့ကျင့်ရေးကွင်းထဲတွင် ပဲ့တင်ထပ်နေသည်။

ဆေးမြစ်သည် တန်ဟီဂိုဏ်း၏ တားမြစ်ဒေသထဲပါဝင်ပြီး မြေအောက်မြစ် ဖြစ်သော်လည်း သာမာန်ရေမဟုတ်ဘဲ ဆေးရည်များ စီးဆင်းနေလေ၏။

မြစ်ထဲတွင် ငါး၊ ပုစွန်များမရှိဘဲ ဆေးများ ရှိနေသည်။

အချိန်ကြာလာသည်နှင့် ဆေးများ စိမ့်ဝင်သွားပြီး စွမ်းအင်ပြည့်ကာ ဖြတ်သွားဖြတ်လာများကို တိုက်ခိုက်လေသည်။

ထိုနေရာမှာ ကျောက်စိမ်းဂိုဏ်း၏ တားမြစ်နယ်မြေများထက်ပင် အန္တရာယ်များ၏။

ခြေတည်ဝိညာဉ်အဆင့်ရှိသော အကြီးအကဲတိုင်း စိန်ခေါ်ခွင့် ရှိသည်။

အောင်မြင်သူမှာ အဆင့် (၄) အကြီးအကဲအဖြစ် ရာထူးတန်းရမည် ဖြစ်၏။

သို့သော် အတော်ဆုံးဟူသော ကျင့်ကြံသူများပင် မအောင်မြင်ကြသေးချေ။

ယခုတော့ အသစ်ရောက်လာသော အကြီးအကဲငယ်လေးမှ အောင်မြင်သွား၍ အားလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။

တန်ဟီဂိုဏ်း၏ အမြင့်ဆုံးတောင်ထိပ်တွင် ခန်းမကြီးတစ်ခုရှိပြီး ခေါင်းဆောင် ဟိုင်ချန်းခွန် နေထိုင်သည်။

ယနေ့တော့ သူတစ်ယောက်တည်းမဟုတ်။ ဘေးတွင် လူငယ်ဘေးတစ်ဦး ရှိနေ၏။

“မိတ်ဆွေရှောင်နဲ့ ကျွန်တော်တို့ တန်ဟီဂိုဏ်းက ရေစက်ပါတယ် ထင်တယ်… ကျွန်တော်တို့ ဂိုဏ်းကိုဝင်ရင် အဆင့် (၄) အကြီးအကဲအဖြစ် ရာထူးပေးပါမယ်”

ဟိုင်ချန်းခွန် ထိုလူငယ်အား လေးစားစွာ ကြည့်နေ၏။

ရှောင်ဖန် ဦးညွှတ်၍

“ကျွန်တော် တန်ဟီဂိုဏ်းကိုဝင်ပြီး လူသားအကျိုးပြုချင်ပါတယ်”

ဟိုင်ချန်းခွန် အလွန်ပျော်သွားပြီး

“ကောင်းပြီ ကောင်းပြီ… ငါတို့ဆီမှာ မင်းလို အရည်အချင်းရှိတဲ့လူမျိုး လိုအပ်နေတာ”

“ဒီအတိုင်းဆိုရင် ကျောက်စိမ်းဂိုဏ်းက ရှန်မို့ကိုတောင် ယှဉ်နိုင်မှာပဲ”

“ကံကောင်းလိုက်တာကွာ”

သူ အားရပါးရ ရယ်မော၍ ပြော၏။

ရှန်မို့အမည်ကြားသောအခါ ရှောင်ဖန် မျက်နှာပျက်သွား၏။

ဟိုင်ချန်းခွန်လည်း သတိထားမိသွားပြီး

“ဘာလို့လဲ… ရှန်မို့ကို သိတာလား”

All Chapters