တန်ဟီဂိုဏ်းမှာ ဘာလို့ လူတော် မရှိတာလဲ
Vol. 21 Ch. 304
“ချင်းရွှမ်မှာ အတူရှိခဲ့ကြတာပါ”
ရှောင်ဖန် တန်ဟီဂိုဏ်း၏အကြီးအကဲ ဖြစ်လာလျှင် သူ့နောက်ခံလည်း မဖုံးကွယ်နိုင်တော့မှန်း သိထားပါသည်။
ဟိုင်ချန်းခွန် အံ့ဩစွာဖြင့်
“သိပြီ… မင်းနဲ့ ရှန်မိုက ပတ်သက်ခဲ့ဖူးတာကိုး”
“ချင်းရွှမ်လိုဂိုဏ်းလေးကနေ ပါရမီရှင် (၂) ယောက်တောင် မွေးထုတ်နိုင်မယ်လို့ မထင်ထားဘူး”
သူ သက်ပြင်းချ၍
“မင်းတို့တွေ ပြဿနာရှိထားပုံပဲ”
ရှောင်ဖန် ခေါင်းငြိမ့်ပြကာ
“ရန်သူတွေအထိ မဟုတ်ဘူး… ရန်သူထက် ဆိုးပါတယ်”
သူ အရှေ့ဘက်ကို စိုက်ကြည့်ရင်း ပြော၏။
“သူက ကျွန်တော့်ရဲ့ ကိုယ်တွင်းနတ်ဆိုးပဲ”
“သူ အသက်ရှင်နေသရွေ့ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ နတ်ဆိုး ရှိနေလိမ့်မယ်”
ဟိုင်ချန်းခွန် သဘောပေါက်သွားပြီး
“မစိုးရိမ်ပါနဲ့… မင်းအရည်အချင်းကလည်း သူ့ထက် မနိမ့်ပါဘူး… ငါတို့ရဲ့ အရင်းအမြစ်တွေနဲ့ဆို သူ့ထက်တောင် သာဦးမယ်”
“ရှန်မို ဘယ်အဆင့်အထိ ရောက်နေပြီလဲတော့ ကျွန်တော်လည်း မသိပါဘူး… ဒါပေမဲ့ ခြေတည်ဝိညာဉ်အဆင့် အောင်မြင်မှုကြီးတော့ အနည်းဆုံး ရှိလိမ့်မယ်”
“ဒါဆို မင်းတို့ အဆင့်တူတာပဲ… စိုးရိမ်စရာ မလိုပါဘူး”
“တစ်နေ့ သူ့ထက် အသာလေး ကျော်သွားမှာ”
“အဲ့အချိန် ရှန်မိုဆိုတာ လက်ဖျောက်တီးရုံနဲ့ ရှင်းပစ်နိုင်တဲ့ ပိုးမွှားလေး ဖြစ်လိမ့်မယ်”
“ဟုတ်ကဲ့ပါ”
ရှောင်ဖန်လည်း ခေါင်းငြိမ့်ပြ၏။
သူ့စိတ်ထဲတွင် ရှေးဝိညာဉ်၏အသံ ထွက်လာသည်။
“အခု မင်းအတွက် အကောင်းဆုံးဂိုဏ်းက တန်ဟီဂိုဏ်းပဲ… သူတို့မှာ အဂ္ဂိရက် (၉) သွယ်ဂိုဏ်းရဲ့ ပညာတွေ တော်တော်များများ ရှိတယ်”
“ဒီကနေ အင်အားရရင် အကုန် ထိန်းချုပ်နိုင်ပြီ”
“တန်ဟီဂိုဏ်းမှာ သွေးကြွေးလည်း ရှိသေးတယ်”
“နားလည်ပါပြီ… ကျွန်တော်က အဂ္ဂိရက် (၉) သွယ်ဂိုဏ်းရဲ့ နောက်ဆုံး မျှော်လင့်ချက်ပေါ့”
“ဟုတ်တယ်… ငါ မင်းကို ယုံပါတယ်”
ရှေးဝိညာဉ် ကျေနပ်စွာ ပြောလိုက်၏။
ထိုအချိန်တွင် တံခါးခေါက်သံ ကြားရလေသည်။
“ခေါင်းဆောင် သတင်းအသစ် ရလို့ပါ… နတ်ဆိုးတစ်သောင်းနယ်မြေက မင်းသား (၉) အသတ်ခံရပါတယ်တဲ့”
ဟိုင်ချန်းခွန် မှင်တက်သွား၏။
“ဘယ်သူက သတ်တာလဲ… ငါတို့ဂိုဏ်းက အကြီးအကဲလား”
“အကြီးအကဲ (၅) လား (၉) လား”
“ဒါမှမဟုတ် တခြားဂိုဏ်းက အကြီးအကဲလား”
သူ နတ်ဆိုးဧကရာဇ်၏ အချစ်ဆုံးသားများအကြောင်း သိထားပါသည်။
ထိုကဲ့သို့အဆင့်ကို သတ်နိုင်သူမှာ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူမှ မတော်တဆ ဖြစ်သွားခြင်းဟု တွေးလေ၏။
“ဘယ်သူလဲ မြန်မြန်ပြောစမ်း”
ဟိုင်ချန်းခွန် ထပ်မေးလိုက်သည်။
ရှောင်ဖန်လည်း စိတ်ဝင်စားနေ၏။
အစေခံမှာ အခန်းထဲဝင်လာပြီး တုံ့ဆိုင်းစွာဖြင့်
“ခေါင်းဆောင် သူတို့တွေ ဘယ်သူမှ မဟုတ်ပါဘူး”
“ကျောက်စိမ်းဂိုဏ်းက ရှန်မိုပါ”
“သူက မင်းသား (၉) တင်မကဘူး… နဂါးသွေးသောက် စစ်သည်ကိုပါ တစ်ခါတည်း သတ်လိုက်တာပါ… အဲ့စစ်သည်ကလည်း ငွေအဆင့် နတ်ဆိုးဘုရင်ပါ”
ဟိုင်ချန်းခွန် စွံ့အသွား၏။
ရှောင်ဖန်မှာ တစ်ကိုယ်လုံး တုန်ရီလျက် အလွန် လန့်နေသည်။
“ထွက်သွား… ထွက်သွားစမ်း”
ဟိုင်ချန်းခွန် ဒေါသတကြီး ထအော်၏။
အစေခံလေးလည်း အမြန်ထွက်သွားရလေသည်။
ဟိုင်ချန်းခွန် မူးလဲမည်စိုး၍ အနီးမှ စားပွဲကို မြဲမြဲ ကိုင်ထားရ၏။
“ရှန်မို… ရှန်မိုတဲ့”
“အဲ့လို အရည်အချင်းရှိတဲ့သူက ဘာလို့ ငါတို့ဂိုဏ်းက မဟုတ်ရတာလဲ”
“ငါ ဘာလို့ ချင်းရွှမ်ကို ပစ်ထားခဲ့မိတာလဲ”
သူ အံကြိတ်လျက် နောင်တရနေသည်။
ထို့နောက် ရှောင်ဖန့်ကို လှည့်ကြည့်ကာ အရှိန်အဝါချင်း နှိုင်းယှဉ်မိသည်။
ရှောင်ဖန်မှာ သူ့ပုံစံအတိုင်း ထူးချွန်သော်လည်း ရှန်မို့ကို မမှီနိုင်ချေ။
ရှန်မိုလည်း တိတ်ဆိတ်နေ၏။
တန်ဟီဂိုဏ်းရောက်သည်အထိ ရှန်မို့အရိပ်အောက်တွင် ရှိနေဦးမည်ဟု မထင်ထားချေ။
ဘာလို့ နေရာတိုင်း ရှန်မိုလဲ။
“ခေါင်းဆောင် ကျွန်တော် ဆေးမြစ်ကို ဖြတ်လာရတာ နည်းနည်းပင်ပန်းနေလို့… သွားနားလိုက်တော့မယ်နော်”
ရှောင်ဖန် အားတင်း၍ ပြုံးပြ၏။
“ကောင်းပါပြီ သွားတော့လေ”
သူလည်း ရှောင်ဖန် မျက်နှာမကောင်းသည်ကို သတိထားမိလေသည်။
…
မကြာမီ ရှန်မိုမှ နတ်ဆိုးမင်းသား (၉) ကို သတ်လိုက်သည့်သတင်းသည် နေရာအနှံ့ ပျံ့သွား၏။
ခြေတည်ဝိညာဉ်အဆင့်မှ ဤသို့ အောင်မြင်ခြင်းသည် အလွန်အံ့ဩစရာပင်။
အခြားဂိုဏ်းများလည်း အတော်လေး လန့်ဖျပ်ကုန်၏။
ရှန်မိုသည် ခြေတည်ဝိညာဉ်အဆင့်အားလုံးတွင် အတော်ဆုံးစု မသိစိတ်မှ လက်ခံထားရသည်။
သူ အင်အားပိုကြီးလာလျှင် မြောက်ပိုင်းကိုပင် သိမ်းနိုင်မည်ဟု ယုံကြည်ကြ၏။
အားလုံး ချီးကျူးဂုဏ်ပြုနေကြသော်လည်း ရှန်မို ထိုသတင်းများကို မသိ။
ထိုအချိန်တွင် မြွေနဂါးတောင်၌ ကျင့်စဉ်အသစ်ကို ကျင့်ကြံလျက် ရှိသည်။
အပေါ်ပိုင်းအဝတ်မပါ၍ ကြံ့ခိုင်သော ကြွက်သားများမှာ ထင်ရှားနေ၏။
ဆင်ကြီး (၉) ကောင် ဝင်ရောက်နေသည့်သဖွယ် ထင်ရသည်။
သူနှင့် မနီးမဝေး၌ နဂါးပေါက်လေးမှာ ကြောက်ရွံ့တုန်လှုပ်စွာ ငေးကြည့်နေသည်။
သူ အနားကပ်လာချင်သော်လည်း ရှန်မို့ထံမှ နတ်ဆင်များ၏ အရှိန်အဝါကြောင့် ရှေ့မတိုးရဲချေ။
မီးနဂါးပင် နတ်ဆင်ကြီးကို ကြောက်ရလေသည်။
“နီးနေပြီ နီးနေပြီ… နည်းနည်းလေးပဲ”
ရှန်မို (၁၀) ခုမြောက်အပိုင်းအစ နိုးထတော့မည်ကို ခံစားရ၏။
ဆင်ကြီးတစ်ကောင် အကာအရံထဲမှ တိုးထွက်လာသကဲ့သို့ပင်။
ရှန်မို သွေးသားနှင့် အရိုးအားဆေးများ လက်တစ်ဆုပ်ယူ၍ သောက်ချလိုက်သည်။
ထိုကဲ့သို့ ဆေးများမှာ ကျောက်စိမ်းဂိုဏ်း ရတနာတိုက်တွင် အလွယ်တကူ လဲလှယ်နိုင်သည်။
ထို့အပြင် အချို့တပည့်များမှလည်း တကူးတက ယူလာပေးကြ၏။
ထို့ကြောင့် သူ့အတွက် ဆေးပြတ်လပ်ခြင်းဟူ၍ မရှိပေ။
ကျင့်စဉ်တိုးတက်မှု အရှိန်ပိုမြင့်လာသည်။
ခွမ်း!
ကွဲအက်သံတစ်ခု ကြားရပြီး ရှေးခေတ်မှ နတ်ဆင်ကြီး အချိန်ကာလလေဟာနယ်ကို ဖြတ်သန်းလာပုံပင်။
သူ ပတ်ဝန်းကျင်ကို စူးစမ်းနေ၏။
နတ်ဆင် (၁၀) ကောင်မြောက် နိုးထလာလေပြီ။
ထိုအချိန်တွင် မြွေနဂါးတောင်တစ်ခုလုံး တိတ်ဆိတ်၍ အသံမထွက်ရဲကြ။
ဘုရင်အသစ် မွေးဖွားဘာခြင်းကို သိနေသလိုပင်။
အားလုံး လက်ခံရန်သာ ရှိပါသည်။