← Chapters

နတ်ဆင် (၁၀) ကောင်အင်အားရှိသော ကျင့်စဉ်

Vol. 21 Ch. 305

နတ်ဆင် (၁၀) ကောင်အင်အားရှိသော ကျင့်စဉ်

Vol. 21 Ch. 305

ရှန်မို ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာ၏။

အင်အားကြီး ဆင်ကြီး (၁၀) ကောင်၏ စွမ်းအင်များ သွေးကြောထဲ စီးဆင်းလာကြောင်း ခံစားမိသည်။

ဤသို့ဖြင့် ခန္ဓာကိုယ်မှာ ပို၍သန်စွမ်းလာပြီး သွေးချီများလည်း ကြွယ်ဝလာ၏။

“နတ်ဆိုးမျိုးနွယ်ရဲ့စံနဲ့ကြည့်ရင်တော့ ငါ့သွေးချီတွေက ရွှေအဆင့် နတ်ဆိုးဘုရင်လောက် ရှိပါပြီ”

“စိတ်ဝိညာဉ်စွမ်းအင်ပါ ပါရင် ရွှေအဆင့် နတ်ဆိုးဘုရင် (၉) ယောက်လောက်တောင် ယှဉ်နိုင်တယ်”

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေ၏။

သူ့လက်ရှိအင်အားကို အလွန်ယုံကြည်ချက် ရှိလေသည်။

“အခု ဝိညာဉ်ဖျက်ဆီး သွေးလှံကို သုံးဖို့ပဲ ရှိတော့တယ်… ဘယ်လို အလုပ်လုပ်လဲ မသိဘူး”

ရှန်မို သက်ပြင်းချ၍ သွေးချီများ သူ့မွေးညင်းပေါက်မှ စိမ့်ထွက်စေ၏။

ပျားများ ယောက်ယက်ခတ်ပျံသန်းနေသည်နှင့်ပင် တူသည်။

သူ့လက်ထဲ၌ သွေးချီများ ရုတ်တရက်စုလာပြီး အစိုင်အခဲ ဖြစ်လာ၏။

အရေအတွက်များရာမှ စွမ်းအင်မြင့်လာ၏။

မကြာမီ ရှန်မို့လက်ထဲတွင် ရှေးဟောင်းသွေးလှံတစ်ခု ပေါ်လာလေသည်။ လှံမှ ကြောက်စရာ ငရဲကဲ့သို့ အရှိန်အဝါကို ခံစားရသည်။

ထို့နောက် လှံထိပ်ဖျားမှ သွေးများ စီးကျလာပြီး မြေပြင်သို့ မထိမီ အငွေ့ပျံကာ လှံထဲ ပြန်ဝင်သွားသည်။

ကြည့်ရုံဖြင့် အဆုံးမရှိသော ငရဲထဲ ကျမည်ဟု သိသာ၏။

ရှန်မိုမှာ ထိုလှံတံကို ကိုင်ထားရင်း ငရဲမင်းဟုပင် ထင်မှတ်ရလောက်သည်။

လှံတံထိပ်ဖျားတွင် သေခြင်းနှင့် ရှင်ခြင်းတို့ ဒွန်တွဲနေ၏။

“ထိုးဖောက်မယ်”

ရှန်မို အော်လိုက်သောအခါ သူ့ခန္ဓာကိုယ်တွင် ဆင်ကြီးများ၏ အင်အားကို ပြင်းထန်စွာ ခံစားရ၏။

သွေးချီများ တောင်ကျရေကဲ့သို့ အရှိန်ဖြင့် ဝင်ရောက်ပြီး ညာဘက်လက်တွင် စွမ်းအင်ပြည့်သွားသည်။

ထို့နောက် လှံတံကိုလည်း ပစ်လိုက်သည်။

ထိုအခါ မာကျောလှသော တောင်တန်းကြီးသည် တို့ဟူးတုံးသဖွယ် ပြိုကွဲပျက်စီးသွားလေ၏။

ဝှစ်!

ရှန်မို လက်တစ်ချက်ယမ်းရုံဖြင့် လှံတံသည် သူ့လက်ထဲ ပြန်ရောက်လာသည်။

သူ့လှံတံတစ်ချက်တည်းဖြင့် တောင်ကိုဖြိုကာ အပေါက် ဖြစ်သွားစေ၏။

“အင်အားကြီးလိုက်တာ”

“ငါ့လှံရဲ့ အင်အားနဲ့ အရှိန်က မင်းသား (၉) နဲ့ စစ်သည်ကို တစ်ချက်တည်း သတ်ပစ်လိုက်လို့တောင် ရလောက်တယ်”

ရှန်မို နတ်ဆင်နှိမ်နင်းကျင့်စဉ်၏ အင်အားကို ပြန်တွေးရင်း သဘောကျနေ၏။

ထို့အပြင် ဤသည်မှာ ပထမအဆင့် ဆင် (၁၀) ကောင် အင်အားသာ ရှိသေးသည်။

နောက်ထပ်ကျင့်ကြံမှုအဆင့်များ ပိုမြင့်လာလျှင် အင်အားမှာ မတွေးရဲစရာပင်။

“မင်းသား (၉) နဲ့ စစ်သည်တို့ သိုလှောင်လက်စွပ်တွေတောင် မစစ်ကြည့်ရသေးဘူး… အထဲမှာ ပစ္စည်းကောင်းလေးတွေ ပါမယ်ထင်တယ်”

ရှန်မို ဝမ်းသာပျော်ရွှင်လျက် ထိုင်ချလိုက်ပြီး ပစ္စည်းများကို ကြည့်လေသည်။

သူ ကျောက်စိမ်းဂိုဏ်း ရောက်ရောက်ချင်း ကျင့်စဉ်အသစ် ကျင့်ကြံရန်သာ အာရုံစိုက်နေခဲ့၍ အခြားကိစ္စများကို မေ့နေခဲ့သည်။

ယခုမှ သေချာပြန်ကြည့်ရပေမည်။

“စိတ်ဝင်စားစရာပဲ… နတ်ဆိုးမျိုးနွယ်တွေရဲ့ သိုလှောင်ပစ္စည်းက ကမာခွံတွေလိုပဲ”

ရှန်မို သူ့လက်ထဲမှ ကမာခွံ (၂) ခုကိုကြည့်ကာ တွေးမိ၏။

ကမာခွံများကို သိုလှောင်ပစ္စည်းအနေဖြင့် အသုံးပြုခြင်းမှာ နဂါးနန်းတော်မှ နည်းစနစ်တစ်မျိုး ဖြစ်သည်။

နတ်ဆိုးနယ်မြေနှင့် နဂါးနန်းတော်တို့ချင်း လျှို့ဝှက် အပေးအယူများ ရှိနေကြသည်လား။

ဤသည်မှာတော့ မကောင်းလှပေ။

ကျင်းနိုင်ငံတော်၏ ပထမဆုံးလူသားဧကရာဇ်သည် ကျင်းနိုင်ငံကိုတွေ့၍ နတ်ဆိုးမျိုးနွယ်များနှင့် စစ်ဖြစ်စဉ်တည်းက နဂါးနန်းတော်မှာ တည်ရှိပြီးဖြစ်၏။

ထိုအချိန်က နဂါးနန်းတော်သည် လူသားဧကရာဇ်ကိုပင် ထောက်ခံပေးသေးသည်။

ထို့ကြောင့် နဂါးနန်းတော်၏ အခြေခံတောင့်တင်းမှုကို သိနိုင်လေသည်။

ရှန်မို မျက်ခုံးပင့်မိပြီးနောက် ဆက်မတွေးတော့ဘဲ ကမာခွံကို ဖွင့်ကြည့်လိုက်၏။

နဂါးသွေးသောက်စစ်သည်၏ ပိုင်ဆိုင်မှုမှာတော့ များများစားစား မရှိလှပေ။ ခန္ဓာကိုယ်ထိန်းညှိရေးအတွက် လိုအပ်သော မြေအဆင့် ရတနာများနှင့် အဆင့်နိမ့် သိုင်းစဉ်အချို့တို့ ဖြစ်သည်။

ရှန်မို့တွင် ကျင့်စဉ်ကြီးများ ရှိနေပြီး၍ ဤမျှသိုင်းစဉ်များကို စိတ်မဝင်စားချေ။

သို့သော် မင်းသား (၉) တွင် အံ့ဩစရာများ ရှိ၏။

သဘာဝရတနာအမျိုးမျိုးသည် တောင်ငယ်လေးသဖွယ်ပင် ဖြစ်နေသည်။

မြေအဆင့် သွေးချီကျင့်စဉ်ပင် (၄) ခုရှိ၏။

မြေအဆင့် သွေးချီသိုင်းစဉ်မှာ (၁၂) ခု ဖြစ်သည်။

မင်းသား (၉) မှ သူ့တပည့်များကို လေ့ကျင့်ပေးသော ကျင့်စဉ်များ ဖြစ်နိုင်၏။

“ဒီမီးသွေးလို သစ်က…”

ရှန်မို ကမာခွံထောင့်မှ ရေသန့်ဘူးထဲတွင် ထူးဆန်းသော ပစ္စည်းကို တွေ့ရသည်။

ထိုသစ်သားမှ ရွှေရောင်မိုးကြိုးကဲ့သို့ လက်နေ၏။

မိုးကြိုးမှာ အလွန်မြင့်မြတ်၍ မှင်တက်ရလောက်သည်။ နတ်ဆိုးများအားလုံးကို နှိမ်နင်းတော့မလို ကောင်းကင်အပြစ်ဒဏ်နှင့်တူပြီး ကြာကြာကြည့်လေ မကောင်းသောစိတ်များ ပပျောက်သွားစေသည်။

ရှန်မို ကြည့်နေရင်း နားလည်သွား၏။

“နတ်မိုးကြိုး”

“နတ်ဆိုးတွေကို နှိမ်နင်းနိုင်တဲ့ နတ်မိုးကြိုးပဲ… လုံးဝ သေချာတယ်”

ထိုအချိန်တွင် ရှန်မို ပို၍ စိတ်လှုပ်ရှားလာသည်။

သူ ထိုပစ္စည်းကို ရှာနေခဲ့သည်မှာ အတော်ကြာပြီဖြစ်၏။

နတ်ဆိုးမျိုးနွယ်မှ မင်းသား (၉) ၏ ပိုင်ဆိုင်မှုထဲတွင် တွေ့ရမည်ဟုတော့ မထင်ထားချေ။

“မိုးကြိုးသင့်သစ်ပင်စည်က ခန္ဓာကိုယ်နဲ့ ခြေတည်ဝိညာဉ်ကို ဆက်ပေးနိုင်မယ်လို့တော့ မထင်ထားဘူး”

ရှန်မို တစ်ယောက်တည်း တွေးတောနေ၏။

“ဘာပဲဖြစ်ဖြစ် အရင်စမ်းကြည့်လိုက်တာပေါ့”

သူ သက်သာဆေးများစွာ ပြင်ဆင်၍ ခုခံရေးကျင့်စဉ်များစွာကို စတင်လေသည်။

ထို့နောက် ထိုဘူးပေါ်သို့ လက်လှမ်းတင်ထားလိုက်၏။

ထိုအခါ ရွှေရောင်မိုးကြိုး တဖျတ်ဖျတ်လက်၍ ရှန်မို့လက်တွင် ဒေါသထွက်နေသော မြွေကြီးကဲ့သို့ ရစ်နွယ်လာသည်။

ဂျစ် ဂျစ်!

ရှန်မို့ညာဘက်လက်မောင်းမှာ နတ်မိုးကြိုး၏ ဖမ်းဆုပ်ခြင်း ခံထားရသည်။

သူ့အရေပြားများ ပြဲထွက်၍ မီးကျွမ်းသကဲ့သို့ မည်းလာသည်။

နာကျင်မှုမှာ ရူးလောက်အောင် ခံစားနေရ၏။

အနာရှိန်သည် ညာဘက်လက်တင်မက တစ်ကိုယ်လုံးမှ အကြောများအပြင် စိတ်ဝိညာဉ်အထိပါ သက်ရောက်လေသည်။

သူ့ငုံ့ကြည့်လိုက်သောအခါ ညာဘက်လက်သည် မည်းကာ နတ်မိုးကြိုး၏အရာအတိုင်း ပေါ်နေ၏။

သို့သော် ဘူးထဲကိုလှမ်းကြည့်ရာ နတ်မိုးကြိုးမှာ မပျောက်သွားဘဲ စွမ်းအင်သာ စိမ့်ထွက်လာခြင်း ဖြစ်သည်။

ရှန်မို နာကျင်မှုကိုမေ့၍ အလွန်ပျော်သွား၏။

ဒီလောက်ဆို ရပြီ။

နတ်မိုးကြိုးနဲ့ဆို လုံလောက်ပြီ။

သစ်မည်းက သေးသေးလေးပေမဲ့ စွမ်းအင်တွေ အများကြီး စုနေတာပဲ။

“ခြေတည်ဝိညာဉ် ချိုးဖျက်ဖို့ ဝိညာဉ်ဖျက်ဆီးကျင့်စဉ်”

“ဝိညာဉ်အားဖြည့်ဖို့ ကောင်းကင်နှိမ်နင်းဆေးပင်”

“ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို ဆက်သွယ်ဖို့က နတ်မိုးကြိုး”

“ရတနာ (၃) ခုလုံး ပြည့်စုံသွားပြီ… ငါ့အဆင့်ပဲ ကျန်တော့တယ်”

ရှန်မို သက်ပြင်းချလိုက်မိ၏။

ထို့နောက် တုံ့ဆိုင်းမနေတော့ဘဲ သန့်စင်ခြင်း ခြေတည်ဝိညာဉ်ဆေးများ သောက်ချလိုက်သည်။

ထိပ်ဆုံးအဆင့်အထိ ရောက်ရှိစေရန် ဖြစ်၏။

ရှန်မို ထိုအခြေအနေကို အကြိမ်ကြိမ် ကြုံဖူးနေပါသည်။

ဆေးများစွာသောက်လွန်း၍ အနည်ထိုင်ခြင်းကိုတော့ နတ်ဘုရားပြောင်းလဲအဆင့် ရောက်သည့်အခါ ပြန်ဖယ်ရှားနိုင်၏။

“ခြေတည်ဝိညာဉ် ထိပ်ဆုံးအဆင့်ရေ ငါလာပြီ”

All Chapters