နတ်ဘုရားပြောင်းလဲအဆင့်တက်ရန် ကြိုးစားခြင်း
Vol. 21 Ch. 306
တစ်နှစ်အကြာတွင် ရှန်မို ခြေတည်ဝိညာဉ်အဆင့် ထိပိဆုံးသို့ ရောက်သွားတော့သည်။
စွမ်းအင်များမှာ မိုင်ပေါင်းရာချီ၍ပင် ပျံ့နှံ့နေသည်။
သူကိုယ်တိုင်ပင် ဤမျှမြန်ဆန်စွာ အောင်မြင်မည်ဟု မထင်ထားခဲ့။
“တော်သေးတယ်… အခုဆိုရင် နတ်ဘုရားစိတ်ဝိညာဉ် စတည်ဆောက်နိုင်ပြီ”
ရှန်မို တစ်ယောက်တည်း တွေးတောနေ၏။
ထို့နောက် ညအမှောင်ထဲတွင် သူ ကျောက်စိမ်းဂိုဏ်းမှ ထွက်လာတော့သည်။
ရည်ရွယ်ချက်မှာ နတ်ဆိုးသားကောင်များ ဖမ်းရင်း အခွင့်အရေးရှာရန် ဖြစ်၏။
မသွားမီ အရင်အတိုင်း ကံကြမ္မာစနစ်ကို စစ်ဆေးကြည့်လိုက်သည်။
[ကံကြမ္မာ: ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံး ရောက်ရှိမည်။ (၇) နှစ်အကြာတွင် ဂိုဏ်းကြီး (၃) ခုနှင့် ရုံးတော်အကြား ပြဿနာတက်ပြီး နတ်ဘုရားပြောင်းလဲအဆင့် အကြီးအကဲများ ဝင်တိုက်ခိုက်ရမည်။
ထိုအခက်အခဲအတွင်း နတ်ဆိုးတစ်သောင်းနယ်မြေမှ အလုံးအရင်း ဝင်ရောက်လာမည်။ လီကျန်ထောင်းနှင့် ဝမ်မူရွှမ်တို့၏ ကာကွယ်ပေးမှုဖြင့် ရှန်မို အရှေ့ပင်လယ်ဆီ လွတ်မြောက်လာမည်။ သို့သော် အခြေခံထိခိုက်၍ နတ်ဘုရားပြောင်းလဲအဆင့်သို့ မတက်နိုင်တော့ပေ။ နောက်ဆုံး အသက်အရွယ်ကြီးကာ သေဆုံးသွားမည်]
ရှန်မို ထိုခန့်မှန်းချက်ကို အရမ်းတော့ မအံ့ဩပေ။
သူအဆင့်တက်နိုင်မှ ထိုကံကြမ္မာကို ပြောင်းလဲနိုင်မည်။
“ဒီလောက်နဲ့ ငါ့ကို မထိခိုက်နိုင်ပါဘူး”
ထို့နောက် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ရှန်မို ထွက်သွားတော့၏။
သူ မိုင်ရှန်ဒေသ မြောက်ပိုင်းမှ လူရှင်းသော ဂူဆီသို့ ရောက်လာသည်။
ထိုနေရာရောက်သောအခါ ကောင်းကင်အဆင့် စိတ်ဝိညာဉ် ဖန်တီးရန် စပြင်ဆင်လေ၏။
ပထမအဆင့်မှာ သေချာပေါက် ခြေတည်ဝိညာဉ်ကို ဖွင့်ဟရန် ဖြစ်သည်။
လက်ရှိတွင် ခြေတည်ဝိညာဉ်မှာ အလွန်ခိုင်မြဲ၍ ရှန်မို့ ပုံစံငယ်ကဲ့သို့ ဖြစ်နေသည်။
“ခြေတည်ဝိညာဉ်ချိုးဖျက်တာကနေ စလိုက်တာပေါ့”
ရှန်မို စိတ်ဝိညာဉ်စွမ်းအင်များကို လက်နက်သဖွယ် စုစည်းကာ ခပ်လှမ်းလှမ်းမှနေ၍ ခြေတည်ဝိညာဉ်ကို ဖျက်လိုက်သည်။
ထိုအခါ သူ့အာရုံတွင် နာကျင်မှုကြီး ခံစားရ၏။
သူ့ဝိညာဉ်ကို ထိုးဖောက်ကာ စိတ်စွမ်းအင်အား စစ်ဆေးနေသည်။
နာကျင်လွန်း၍ မူးမေ့လဲမလိုပင် ခံစားရသည်။
သို့သော် သူ့စွမ်းအင်များကို ထိန်းချုပ်၍ အသိစိတ်မလွတ်စေရန် အားတင်းထားသည်။
သတိလွတ်သည်နှင့် ပထမအဆင့် ကျရှုံးလိမ့်မည်။
ထိုအခါ စိတ်ဝိညာဉ်ဖျက်ဆီးဆေးပင်ကို ပြန်ရှာရပေမည်။ ဤသည်မှာ လွယ်လှသည်တော့ မဟုတ်ချေ။
ကျောက်ယောက်လုနှင့် လုတုံရွှမ်တို့ ခက်ခဲစွာ ရ၍ သူ့ကိုပေးထားခြင်း ဖြစ်သည်။
ထို့ကြောင့် တစ်ခါတည်း အောင်မြင်မှ ဖြစ်ပေမည်။
“ဒီလောက်ကတော့ ဘာမှမဟုတ်ပါဘူး”
“သည်းခံရမယ်”
သူ အံကြိတ်၍ ဆက်ကြိုးစားသည်။
ဤသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးကာ ရက်ပေါင်းများစွာ ကြာလာ၏။
(၃) လအကြာတွင် ရှန်မို နောက်ဆုံးတော့ ခြေတည်ဝိညာဉ်၏ အပြင်အခွံကို လုံးဝ ချိုးဖျက်နိုင်သွားသည်။
နူးညံ့သော အသံနှင့်အတူ ခြေတည်ဝိညာဉ်၏ အပြင်ခွံလည်း ပျက်စီးကာ နှစ်ခြမ်းဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင် ပင်လယ်ကြီးထဲ နစ်မြုပ်သွားလေ၏။
ရှန်မို့ မူလစိတ်ဝိညာဉ်မှာ အတိုင်းသား မြင်နေရသည်။
အသက်ရှိ၍ ထင်ရှားသော ခြေတည်ဝိညာဉ်နှင့်ယှဉ်လျှင် မူလစိတ်ဝိညာဉ်မှာ ပို၍ အသေးစိတ်ကျပြီး သဘာဝကို ခြုံငုံမိသည်။
ရှန်မို အာရုံစိုက်ကြည့်ရင်း ခြေတည်ဝိညာဉ်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ခြင်းမျိုး မဟုတ်ဘဲ တစ်မျိုး ဖြစ်နေသည်။
“ပထမအဆင့်တော့ ပြီးပြီ… အခု ဒုတိယအနေနဲ့ မူလစိတ်ဝိညာဉ်ကို အားဖြည့်ရမယ်”
ရှန်မို သိမ်းထားတာကြာပြီဖြစ်သည့် ကောင်းကင်ထိန်းချုပ်ဆေးပင်ကို ချက်ချင်း ထုတ်လိုက်ပြီး မွမ်းမံလေ၏။
ထိုအခါ အစိမ်းရောင်စွမ်းအင်များ အဆက်မပြတ် စိမ့်ထွက်လာသည်။
ထို့နောက် ရှန်မို့ လမ်းညွှန်မှုဖြင့် မူလစိတ်ဝိညာဉ်ကို ရစ်ပတ်သွားပြီး နွေးထွေးမှုကို ချက်ချင်း ခံစားရ၏။
အမေ့ဗိုက်ထဲတွင် မမွေးရသော သန္ဓေသားကဲ့သို့ ပြောင်းလဲသွားသလိုပင်။
“ပထမဆုံး နတ်ဆိုးဧကရာဇ်ဆိုတဲ့အတိုင်းပဲ”
“စွမ်းအင်ကိုက အတိုင်းအဆမရှိ ကြီးကျယ်တာပဲ”
ရှန်မို့အသံတွင် လေးစားအားကျစိတ်များ ရောနေ၏။
သူ့ဝိညာဉ်မှာ နွေးထွေးသော ရေကန်ထဲ ကျသွားသလိုပင်။
(၆) လအကြာတွင် ဆေးပင်မှစွမ်းအင်အားလုံးကို မူလစိတ်ဝိညာဉ်မှ စုပ်ယူပြီးသွား၏။
ခြေတည်ဝိညာဉ်ချိုးဖျက်ပြီးစအချိန်နှင့်ယှဉ်လျှင် မူလစိတ်ဝိညာဉ်မှာ ပို၍ တက်ကြွကာ လန်းဆန်းနေသည်။
ရှန်မို့အမိန့်ဖြင့် အားလုံး ပြီးပြည့်စုံနေ၏။
သူလည်း အလွန်ကျေနပ်နေတော့သည်။
ယခုတော့ အရေးကြီးဆုံးဖြစ်သည့် နောက်ဆုံးအဆင့်သာ ကျန်လေသည်။
ထိုအဆင့်တွင် မူလစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်အား ပြန်ချိတ်ဆက်ရမည်။
ထိုအဆင့် အောင်မြင်ပါက မူလစိတ်ဝိညာဉ်သည် လွတ်လပ်စွာ လှုပ်ရှားတိုးတက်နိုင်ပြီ။
ခန္ဓာကိုယ်မှ ခွဲထွက်၍ ရန်သူ၏ ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်ကာ အန္တရာယ်မရှိဘဲ ခန္ဓာကိုယ်ထဲ ပြန်ရောက်လာလိမ့်မည်။
ထိုအဆင့်ကို ကျရှုံးပါက ရလဒ်အတော်ဆိုးပေမည်။
နတ်ဘုရားပြောင်းလဲအဆင့်သို့လည်း မတက်နိုင်ဘဲ ထိုအခြေအနေတွင် ပိတ်မိနေလိမ့်မည်။
“အခု တတိယအဆင့် အနေနဲ့ ကောင်းကင်အဆင့် စိတ်ဝိညာဉ်ကို ဖန်တီးရမှာပဲ… နတ်မိုးကြိုးနဲ့ အဆင်ပြေလိမ့်မယ်”
ရှန်မို စိတ်ဝိညာဉ်စွမ်းအင်များစုကာ တုံ့ဆိုင်းခြင်းမရှိ နဖူးမှ သွေးကြောကို ဖိထားလိုက်သည်။
နဖူးအောက်ရှိ ဦးနှောက်မှာ ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကို ချိတ်ဆက်ရန် အနီးစပ်ဆုံးနေရာ ဖြစ်၏။
ထိုအခါ နဖူးမှစ၍ မည်းနေရာမှ ရွှေရောင်မိုးကြိုးများ ပင့်ကူအိမ်ကဲ့သို့ ယှက်ဖြာ၍ သွားလေသည်။
ဖော်မပြနိုင်လောက်အောင် နာကျင်နေ၏။
အပ်ပေါင်းများစွာနှင့် ထိုးနေသကဲ့သို့ပင်။
ထိုအချိန်တွင် အင်းဆက်ပိုးကောင်လေးများ သူ့ခန္ဓာကိုယ်ထဲ တရွရွ ဝင်လာသလို ခံစားရသည်။
ထို့နောက် အဆုံးမရှိသည့် မီးပင်လယ်ထဲ ရောက်လိုက်၊ ရေခဲအောက်ခြေထဲ ရောက်လိုက်ဖြင့် ပြောင်းလဲမှု မြန်လွန်းသောကြောင့် အသားအရည်များ အက်ကွဲကာ သွေးထွက်လာသည်။
ထိုပုံစံအတိုင်း အကြိမ်များစွာ ဆက်တိုက်ဖြစ်ပြီးနောက် ရှန်မို သတိမေ့မလိုပင် ဖြစ်လာ၏။
နာကျင်မှုမှာ ပြင်းထန်လွန်းသော်လည်း အံကြိတ်၍ နေသည်။
ယခုအချိန်မှ ရှုံးနိမ့်၍ မဖြစ်ပေ။
ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးကာ (၃) လကြာမြင့်သွား၏။
နောက်ဆုံးတွင် မူလဝိညာဉ်လည်း အားပြည့်လာလေပြီ။
ရှန်မို့မျက်လုံးများ နီရဲနေသော်လည်း အလွန် ပျော်နေ၏။
ဘုံး!
ရှန်မို့ခန္ဓာကိုယ်မှ အရှိန်အဝါကြီး ပေါက်ကွဲထွက်ကာ အရပ်မျက်နှာတိုင်းသို့ ပျံ့သွားလေသည်။