← Chapters

ကောင်းကင်အဆင့် ဝိညာဉ် ပေါ်ပေါက်ခြင်း

Vol. 21 Ch. 307

ကောင်းကင်အဆင့် ဝိညာဉ် ပေါ်ပေါက်ခြင်း

Vol. 21 Ch. 307

နတ်ဆိုးသားကောင်များစွာမှာ မြေပြင်တွင် ဝပ်ဆင်း၍ အသံပင် မထွက်ရဲကြပေ။

အနီးအနားမှ ရွာငယ်လေး၌ သာမာန်ပြည်သူများလည်း လုပ်လက်စများ ရပ်၍ ရှန်မိုရှိရာဘက်သို့ ဒူးတစ်ဖက် ထောက်နေ၏။

မျက်နှာများမှာလည်း အံ့ဩမှုများ ပြည့်နှက်နေလေသည်။

ဘာဖြစ်နေမှန်း နားမလည်သော်လည်း မလှမ်းမကမ်းမှ ကြီးကျယ်သော တည်ရှိမှုကို နားလည်နေ၏။

ထိုအရှိန်အဝါသည် ကျယ်ပြန့်လွန်း၏။

မြို့ပေါင်းများစွာကို ဖြတ်သွားပြီး အားလုံး အရေးပေးကြရသည်။

ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး နတ်ဘုရားပြောင်းလဲအဆင့်သို့ ရောက်ပြီဟုတော့ မသိစိတ်တွင် နားလည်နေကြသည်။

ကျောက်စိမ်းဂိုဏ်း၌။

အခန်းပိတ် ကျင့်ကြံသောနေရာတွင် အမွှေးတိုင်ထွန်းထားပြီး လေထဲတွင် မွှေးရနံ့များ ပျံ့လွင့်နေသည်။

ပတ်ဝန်းကျင်၌ စိတ်ဝိညာဉ်စွမ်းအင်များလည်း ကြွယ်ဝနေ၏။

ခေါင်းဆောင် လီကျန်ထောင်းသည် တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေလေသည်။

ထိုသို့ ခမ်းနားသော အရှိန်အဝါကု ခံစားမိသောအခါ ရုတ်တရက် မျက်လုံးပွင့်လာ၏။

“နတ်ဘုရားပြောင်းလဲခြင်းအဆင့်လား”

“ဒါပေမဲ့ ဒီအရှိန်အဝါကြီးက ဘာလို့ နေရခက်စေတာလဲ”

“ငါ့မြေအဆင့် နတ်ဘုရားဝိညာဉ် တည်ဆောက်တုန်းကတောင် တခြားသူတွေ ဘာမှ မခံစားရဘူး”

“ဧကန္တ… ကောင်းကင်အဆင့်လား”

လီကျန်ထောင်း မျက်မှောင်ကြုတ်မိ၏။

မည်သူက အဆင့်တက်သွားသည်ကို မသိသည့်အပြင် ကံကောင်းခြင်းလား ကပ်ဘေးလားလည်း မခွဲခြားနိုင် ဖြစ်နေသည်။

သန့်စင်ခြင်းဂိုဏ်း။

မိုလင်းရှောင်မှာ စုပိုင်ဖုန်နှင့် စစ်တုရင်ကစားနေပြီး ကျောက်စိမ်းဂိုဏ်းပိုင်သော ဒေသများအား မည်သို့ သိမ်းပိုက်မည့်အကြောင်း ဆွေးနွေးနေ၏။

ထိုအချိန်တွင် စိတ်ဖိစီးစရာ အရှိန်အဝါကြီး ပေါ်လာကာ နှစ်ယောက်လုံး မှင်တက်သွားကြသည်။

“ဒီအရှိန်အဝါက…”

စုပိုင်ဖုန် မျက်မှောင်ကြုတ်သွား၏။

မိုလင်းရှောင်လည်း မျက်မှောင်ကြုတ်ကာ

“ဟုတ်တယ်… နတ်ဘုရားပြောင်းလဲအဆင့် တက်တဲ့သူ အသစ်ပဲ”

“ဒါပေမဲ့ ငါတို့ဂိုဏ်းက ခြေတည်ဝိညာဉ်ထိပ်ဆုံးအဆင့်တွေမှာ အခုချက်ချင်း အဆင့်တက်နိုင်တဲ့သူ မရှိသေးဘူး”

စုပိုင်ဖုန် ခပ်တိုးတိုးဖြင့်

“ကျွန်တော် သိသလောက်တော့ တန်ဟီဂိုဏ်း၊ ကျောက်စိမ်းဂိုဏ်းနဲ့ ရုံးတော်တွေမှာလည်း ဒီလိုဖြစ်နိုင်ခြေ မကြားမိပါဘူး… အနည်းဆုံး နောက် (၁၀) နှစ်လောက် ထပ်ကြိုးစားကြရဦးမှာ”

မိုလင်းရှောင် သက်ပြင်းချကာ

“ဒါဆိုရင် ပြဿနာပဲ… ဘယ်လိုလူက ရုတ်တရက် အဆင့်တက်ရတာလဲ”

“နောက်ပြီး အရှိန်အဝါက အရမ်းကြီးတယ်”

“ငါ မြေအဆင့် နတ်ဘုရားဝိညာဉ် ရတုန်းကတောင် ဒီလိုမျိုး မဖြစ်ဖူးဘူး”

စုပိုင်ဖုန် ခေါင်းတငြိမ့်ငြိမ့်ဖြင့်

“ဟုတ်တယ်… ဘယ်သူဖြစ်ဖြစ်ပါ… ကျွန်တော်တို့ အမြန်ဆုံး ဖော်ထုတ်ရမယ်”

မိုလင်းရှောင် သဘောတူလေ၏။

“ဒါနဲ့ နတ်ဆိုးတစ်သောင်းနယ်မြေမှာ ဘာမှ လှုပ်ရှားတာ မရှိဘူးလား”

စုပိုင်ဖုန် ခေါင်းယမ်းပြ၏။

“မရှိပါဘူး… သူတို့ငြိမ်သွားတာ (၅) နှစ်တောင် ရှိပါပြီ”

“နတ်ဆိုးဧကရာဇ်က အချိန်သေချာယူပြီး မြူနှင်းဒေသကိုပဲ ထိန်းချုပ်နေတာထင်တယ်”

“ကျွန်တော် ကြားထားသလောက်တော့ မြူနှင်းဒေသမှာ ကျန်ခဲ့တဲ့ လူသားတွေကိုတောင် သတ်ဖြတ်တာ တားမြစ်ပြီး အင်အားအနေနဲ့ စုနေတယ်တဲ့”

မိုလင်းရှောင် နှာခေါင်းရှုံ့၍

“သူ့အင်အား ကြီးအောင်လုပ်နေတာတော့ အမှန်ပဲ… ဒါပေမဲ့ လူသားတွေကို ပြန်ခန့်ထားတာက လိမ်နေတာ”

“နတ်ဆိုးတွေအမြင်မှာ ငါတို့လူသားတွေဆိုတာ ကုန်ပစ္စည်း၊ ကျွန်၊ တိရစ္ဆာန်တွေသာသာပဲ”

“လူသားတွေဘက်က သစ္စာဖောက်ပြီး သူတို့ဆီ ရောက်လာအောင် တမင်လုပ်နေတာ”

စုပိုင်ဖုန် ခေါင်းငြိမ့်ပြကာ

“ခေါင်းဆောင်က ထက်မြက်လွန်းလှပါတယ်”

မိုလင်းရှောင် လက်ယမ်းပြလိုက်ပြီး

“အခုတော့ ငါတို့အာရုံစိုက်ရမှာက ကျောက်စိမ်းဂိုဏ်း ပိုင်နက်တွေကို ယူဖို့ပဲ”

“ကျောက်စိမ်းဂိုဏ်းနဲ့ ရန်ငြှိုးက ငါတို့ကြားမှာ သာမာန်တော့ မဟုတ်ဘူး… အနှေးနဲ့အမြန် ထိပ်တိုက် တွေ့ကြလိမ့်မယ်”

“အဲ့နေ့ကို ဒီအတိုင်း စောင့်နေတာထက်စာရင်တော့ လက်ဦးမှုရအောင် ကြိုတိုက်ခိုက်ရမယ်”

“နားလည်ပါပြီ”

…

တန်ဟီဂိုဏ်း။

ခမ်းနားသော ခန်းမကြီးထဲတွင် မီးတောက်များ တောက်ပလျက် အပူချိန်ပြင်းလျက် ရှိသည်။

အခန်းအလယ်တွင် ဆေးမီးဖိုကြီးရှိပြီး တောင်ငယ်တစ်ခုသဖွယ် မြင့်မား၏။

ရှောင်ဖန် နဖူးမှ ချွေးစေးများကို သုတ်၍ ဆေးဖော်လျက် ရှိသည်။

သူ့အနီးတွင် ဟိုင်ချန်းခွန် အံ့ဩစွာ ကြည့်လျက်

“အကြီးအကဲရှောင်က ဒီနေ့တစ်ရက်တည်း ဆေး (၁၀) ခေါက် ဖော်ခဲ့တာ (၈) ခေါက် အောင်မြင်တယ်နော်… ကျွန်တော်တို့ဆီက အတွေ့အကြုံအရှိဆုံး အကြီးအကဲတောင် ၆၀% ပဲ ဖြစ်နိုင်ခြေရှိတယ်”

ရှောင်ဖန် ပြုံးလျက်

“အရမ်းမြှောက်လွန်းနေပါပြီဗျာ… အားလုံးက ခေါင်းဆောင်ရဲ့ သင်ကြားပေးမှုတွေကြောင့်ပါ”

ဟိုင်ချန်းခွန် ကြည့််နေရင်း ပိုသဘောကျလာပြီး

“အကြီးအကဲရှောင်မှာ တာအိုတွဲဖက် မရှိသေးဘူးမလား… ကျွန်တော်မှာ သူ့အမေနဲ့ သွားနေတဲ့ သမီးလေးတစ်ယောက် ရှိတယ်… သူကလေ သိပ်လှတာ… လမင်းလိုကြည်လင်ပြီး ပန်းပွင့်လေးလို လှတာ”

“သူလည်း ခြေတည်ဝိညာဉ်အဆင့် ရောက်နေပေမဲ့ သဘောကျတဲ့သူ မရှိသေးဘူး… ထပ်တွေ့မယ်လည်း မထင်ပါဘူး… အကြီးအကဲရှောင်သာ သဘောကျရင် စဉ်းစားကြည့်ပါလား”

ရှောင်ဖန် အလွန်ပျော်သွား၏။

ဂိုဏ်းခေါင်းဆောင်၏သမီးကို လက်ထပ်ရမည်မှာ အလွန်ရှားပါးသော အခွင့်အရေးဖြစ်သည်။

သူ့လက်ရှိအရည်အချင်းနှင့် ခေါင်းဆောင်၏ သားမက်ဖြစ်လျှင် တန်ဟီဂိုဏ်းကို အလိုလို ထိန်းချုပ်နိုင်လိမ့်မည်။

“ဒါက… မသင့်တော်ဘူး ထင်ပါတယ်… ဘာပဲပြောပြော ကျွန်တော့်မှာ ငယ်ငယ်တည်းက သဘောကျရတဲ့သူလည်း ရှိပါတယ်”

ရှောင်ဖန် အဖြစ်မှန်ကို အဆင်ပြေအောင် ပြောလိုက်သည်။

သူ ရွှမ်ကျန်းဒေသတွင်ရှိစဉ်က ဝူယန်ချန်းမှ ရွှမ်ကျန်းနှင့် ထိုက်ရှန်ဒေသကို ကုန်ကူးသွားလာနေသော ဦးလေးရှိကြောင်း ပြောဖူး၏။ ထို့ကြောင့် သူ ရွှမ်ကျန်းမှ ထွက်စဉ်တွင် ဝူယန်ချန်းမိသားစု အဆက်အသွယ်ဖြင့် အကျိုးများစွာ ဖြစ်ထွန်းခဲ့သည်။

ဟိုင်ချန်းခွန် အားရပါးရ ရယ်မောကာ

“အကြီးအကဲရှောင်ရဲ့ ငယ်ချစ်ဦးကို ကျွန်တော် သိပါတယ်”

“ရွှမ်ကျန်းကနေ ထိုက်ရှန်ကိုလာတော့တောင် အခက်အခဲတွေကြားက ရအောင်ခေါ်လာတာမလား”

“သူ့အရည်အချင်းက သာမာန်ပေမဲ့ အကြီးအကဲရှောင် ကူညီပေးလို့ မြုတေဖွဲ့စည်းခြင်းအဆင့် ရောက်လာတာလေ… ကျွန်တော် အားလုံး မြင်ပါတယ်”

“ဒါပေမဲ့ အဲ့ဒါတွေ ဘာမှစိတ်မပူနဲ့… ငယ်ချစ်ဦးက ငယ်ချစ်ဦး… တာအိုတွဲဖက်က တာအိုတွဲဖက်ပဲ… နှစ်ခုက မဆိုင်ဘူးလေ”

ရှောင်ဖန် လေးစားစွာ ဦးညွှတ်လျက်

“ခေါင်းဆောင်ကပါ ဒီလိုပြောနေမှတော့ ကျွန်တော် မငြင်းတော့ပါဘူး”

“ကောင်းပြီ… ငါ အခုပဲ ခေါ်ထားလိုက်မယ်… မင်းတို့ချင်း ရင်းနှီးအောင်”

“ဟုတ်ကဲ့ပါ”

ထိုအချိန်တွင် ခမ်းနားသော အရှိန်အဝါကြီး တောက်ပလာပြီး တန်ဟီဂိုဏ်းမှအားလုံး အာရုံစိုက်မိကြသည်။

ရှောင်ဖန်မှ

“အင်အားကြီးလိုက်တာ… နတ်ဘုရားပြောင်းလဲခြင်းအဆင့် ထင်တယ်”

ဟိုင်ချန်းခွန် ခေါင်းငြိမ့်ပြ၍

“အခုမှ အဆင့်တက်တဲ့ အသစ်ပဲ… ထူးဆန်းလိုက်တာ… ယုကျောက်က ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံး ကျင့်ကြံသူတွေ အကုန် သိပါတယ်… ဘယ်လိုလုပ် ရုတ်တရက် အဆင့်တက်သွားတာလဲ”

ရှောင်ဖန်မှ

“အလွတ်တန်း ကျင့်ကြံသူများလား”

“အဲ့ဒါ ပိုတောင်မဖြစ်နိုင်သေးတယ်”

ဟိုင်ချန်းခွန် ခေါင်းယမ်းပြ၏။

“ဒီလိုအရှိန်အဝါက… ဂိုဏ်းထဲက အရင်းအမြစ်ပြည့်စုံတဲ့သူတွေတောင် မလွယ်တာကို”

“မြေအဆင့်လည်း မဟုတ်လောက်ဘူး”

ရှောင်ဖန် မျက်လုံးပြူးလျက်

“ဒါဆိုရင် ကောင်းကင်အဆင့်လား”

“ဟုတ်တယ်… ဒီလိုမရှိတာ နှစ်တစ်ထောင်ကျော်ပြီလေ”

“အလွန်ဆုံး မြေအဆင့်နဲ့ပဲ အဆင့်တက်ကြတာ”

ရှောင်ဖန် မျက်လုံးအရောင်များလက်ကာ

“ဘယ်လိုလူက ကံကောင်းပြီး လုပ်နိုင်သွားလဲ မသိဘူး… အားကျစရာပဲ… ကျွန်တော်လည်း ဒီလိုကျင့်စဉ်သာ ရှိရင် ကိုယ်တိုင် ကျင့်ကြံနိုင်မှာ”

ထိုအချိန်တွင် သူ့စိတ်ထဲမှ ရှေးဝိညာဉ်၏ အသံထွက်လာသည်။

“သူများကို အားကျမနေနဲ့… မင်းလည်း ကံကောင်းလို့ တစ်နေ့ ဒီလိုဖြစ်လာမှာ… မင်းကို ငါယုံတယ်”

ရှောင်ဖန် စိတ်ဓာတ်ခိုင်မာစွာဖြင့်

“ရှေးဝိညာဉ်ပြောတာ မှန်တယ်… ကျွန်တော် ယုံကြည်မှု ထားရမယ်”

All Chapters