← Chapters

မင်းမုန်းတဲ့ ရှန်မိုလည်း ပျက်စီးလိမ့်မယ်

Vol. 21 Ch. 312

မင်းမုန်းတဲ့ ရှန်မိုလည်း ပျက်စီးလိမ့်မယ်

Vol. 21 Ch. 312

နတ်ဆိုးတစ်သောင်းနယ်မြေအလယ်တွင် အဆုံးမရှိသော ကန္တာရကြီးတစ်ခု ရှိ၏။

ထိုဒေသတွင် ကျဆုံးသွားသူများ၏ အရိုးများကို ကိုယ်စားပြုသော သွေးနီတာဝါကြီး ရပ်တည်နေသည်။

တာဝါ၏ဝင်ပေါက်မှာ အလွန်ကြီးမား၍ ခမ်းနားလေသည်။

ထိုရှေ့၌ လူ (၂) ယောက် ရပ်နေကြ၏။

တစ်ဦးမှာ ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး နီရဲရဲ မျက်လုံးများသာ တွေ့ရသည်။ နောက်တစ်ဦးမှာတော့ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ကာ အေးစက်သော အမူအရာနှင့် ချောမောသောရုပ်ရည်ရှိ၏။

နတ်ဆိုးဧကရာဇ် ကုမင်နှင့် ယဲ့ယန်တို့ ဖြစ်သည်။

နတ်ဆိုးဧကရာဇ်မှာ တည်ငြိမ်စွာဖြင့်

“ယဲ့ယန် ဒီနေရာကို တခြားသူတွေမပါဘဲ ဘာလို့ မင်းတစ်ယောက်တည်း ခေါ်လာလဲသိလား”

ယဲ့ယန် ခေါင်းယမ်းပြ၏။

နတ်ဆိုးဧကရာဇ်လေသံမှာ အရင်လိုအေးစက်စက်ဖြင့်

“အိမ်ရှေ့စံက ဆင်နဲ့ကျားမျိုးနွယ်တွေရယ် တခြားအင်အားကြီးနတ်ဆိုးမျိုးနွယ်တွေရယ်ကို ဦးဆောင်ပြီး သန့်စင်ခြင်းဂိုဏ်းနဲ့ တန်ဟီဂိုဏ်းတွေကို တိုက်ခိုက်မှာ… မင်းသား (၄) ကတော့ လူဝံနဲ့ ငှက်မျိုးနွယ်တွေကို ဦးဆောင်ပြီး အရှေ့ပင်လယ်က ရေနတ်ဆိုးတွေနဲ့ ပူးပေါင်းရေး လုပ်နေတယ်… ကျောက်စိမ်းပင်လယ်မြို့ကနေ ဝင်ပြီး ကျောက်စိမ်းဂိုဏ်းကို ခြိမ်းခြောက်နိုင်ဖို့ပေါ့… သူတို့ တာဝန်တေေါ ချထားပေးပြီးသားပဲ”

ယဲ့ယန် မျက်လုံးပြူးသွားမိ၏။

လွန််ခဲ့သော (၅) နှစ်လုံး သူ့ကျင့်ကြံမှုကိုသာ အာရုံစိုက်၍ အပြင်လောကနှင့် ကင်းကွာနေခဲ့သည်။

ယဲ့ယန် တစ်ခုခုပြောရန်ပြင်ပြီးမှ ထိန်းလိုက်သည်ကို တွေ့၍ ကုမင် ရယ်မောမိသည်။

“မင်း ဘာမေးချင်လဲ သိပါတယ်… မင်းကို နတ်ဆိုးစစ်တပ် ဦးဆောင်ခိုင်းပြီး ယုကျောက်ထဲ ဘာလို့ မဝင်ခိုင်းလဲမလား”

ယဲ့ယန် ခေါင်းငြိမ့်ပြ၏။

ကုမင် တည်ငြိမ်စွာဖြင့်

“မင်းအင်အားက လိုသေးတယ်… အိမ်ရှေ့စံရော၊ မင်းသား (၄) ရောက သွေးစွမ်းအင်အရ နတ်ဆိုးဧကရာဇ်အဆင့် ရောက်နေပြီ… ဒါပေမဲ့ အဲ့ဒါက အဓိကတော့ မဟုတ်ဘူး… ငါ အခု မင်းကို ခေါ်လာရတဲ့ အကြောင်းအရင်းက သွေးနတ်ဘုရားရတနာတိုက်ထဲမှာ ရှိတယ်”

ကုမင် လက်ယမ်းလိုက်သောအခါ တံခါးများ ပွင့်သွား၏။

“ဒီသွေးနတ်ဘုရားရတနာတိုက်က ဒီမှာရှိနေတာ နှစ်ပေါင်း ထောင်ချီနေပြီ… မင်းကတော့ အထဲဝင်ခွင့်ရမယ့် ပထမဆုံးလူသားပေါ့… မင်း လုံးဝမထင်မှတ်ထားတဲ့ စွမ်းအင်တွေ ရလိမ့်မယ်”

ကုမင် ပြုံး၍ ပြော၏။

ယဲ့ယန် နားထောင်ရင်း အလွန်စိတ်လှုပ်ရှားနေသည်။

“အရှင် ဒီစစ်ပွဲကြီးမှာ အရှင်ရော ဘာလို့ ဝင်မပါတာပါလဲ”

ယဲ့ယန် ရုတ်တရက် မေးမိသည်။

ကုမင် တည်ငြိမ်စွာပင်

“ဝူကျောက်မှာ ကြုံဖူးပြီးတော့ ကျင်းနိုင်ငံတော်ဘက်က ငါ့ကို ဝင်မပါခိုင်းတော့ဘူး… ဟိုတစ်နေ့ကအဲ ဓားသိုင်း ပါရမီရှင်ကိုယ်တိုင် လာသွားသေးတယ်… အဲ့ဒါပြီးတော့ အရှေ့ပင်လယ်ကို ဆက်သွားမယ် ထင်တယ်”

ယဲ့ယန် မှင်တက်နေမိသည်။

ကျင်းနိုင်ငံတော်၏ ဓားသိုင်းပညာရှင်။

နတ်ဆိုးဧကရာဇ် ဝင်မပါတော့သည်မှာ မဆန်းပေ။

“နောက်ပြီး ငါဝင်မပါဘဲနဲ့တောင် အဖြေက သိသာနေတာပဲ… ဂိုဏ်း (၃) ခု ကွဲပြားနေရင် ရှုံးမှာပဲ”

ကုမင် ပြုံး၍ ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။

ယဲ့ယန်လည်း ထောက်ခံမိ၏။

ထိုအချိန်တွင် နောက်ထပ်အတွေးတစ်ခု ဝင်လာပြီး

“ဒါနဲ့… ကျောက်စိမ်းဂိုဏ်းမှာ အဆင့် (၆) ထိပ်ဆုံး နဂါးကြီးတစ်ကောင် ရှိတယ်နော်… ဂိုဏ်းထိခိုက်ရင် သေချာပေါက် သူဝင်ပါမှာပဲ… မင်းသား (၄) အဆင်ပြေရဲ့လား”

ကုမင် ရယ်မော၍

“အားလုံး ငါ တွက်ထားပြီးသားပါ… လွန်ခဲ့တဲ့ (၄) နှစ်က ကျောက်စိမ်းဂိုဏ်းဘက်က ကျားဘုရင်ကိုသတ်ပြီး နှစ် (၅၀၀) ရွှေသန္တာကျောက်ကို ရလိုက်တယ်… နဂါးကြီးလည်း ပျော်ပြီး အဆင့် (၇) တက်အောင် မွမ်းမံတာပေါ့… သူ့ဂူကိုရှောင်ဖို့ မင်းသား (၄) ကို မှာထားတယ်… ခုနကပြောတဲ့ ရွှေသန္တာကျောက်က အဆင့်မတက်နိုင်ရုံတင်မကဘူး… သူနိုးထလာတဲ့အခါ ကျောက်စိမ်းဂိုဏ်း ပျက်စီးပြီးလို့ သူလည်း မတတ်နိုင်ဘဲ နတ်ဆိုးမျိုးနွယ်ထဲ ဝင်ရလိမ့်မယ်”

ယဲ့ယန် နားထောင်ရင်း ပိုအံ့ဩလာ၏။

ကုမင် ယုံကြည်ချက်အပြည့်ရှိနေသည်မှာ မဆန်းပေ။

သူ အရာအားလုံးကို ခြုံငုံတွက်ချက်၍ ပြင်ဆင်ထားပြီး ဖြစ်၏။

ယဲ့ယန် သူ့ကိုလှမ်းကြည့်ရင်း လေးစားကြောက်ရွံ့နေမိသည်။

ထိုစဉ် အသံအကျယ်ကြီးတစ်ခု ထွက်လာသည်။

တံခါးကြီးလည်း တဖြည်းဖြည်းပွင့်ကာ မှောင်မိုက်သောလမ်းကို မြင်ရရုံမျှ လမ်းကျဉ်းလေး ပေါ်လာ၏။

ကုမင်မှ တည်ငြိမ်စွာဖြင့်

“သွားရအောင်… သွေးနတ်ဘုရားရတနာတိုက်က (၅) နှစ်ကြာအောင် ပွင့်မှာ… ငါတို့ ပြန်ထွက်လာတဲ့အချိန် ယုကျောက်လည်း နတ်ဆိုးတစ်သောင်းနယ်မြေအောက် ရောက်နေပြီ… မင်းမုန်းတဲ့ ရှန်မိုလည်း အရိုးဆွေးလောက်ပြီ… အဲ့ကိစ္စကို အရမ်းမတွေးနဲ့တော့”

ယဲ့ယန် ဦးညွှတ်ကာ တလေးတစား ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ”

…

ယုကျောက်၊ သံကျောက်ဂူ။

တိုက်ပွဲမှာ အလွန်ပြင်းထန်နေလေပြီ။

အစက နတ်ဘုရားပြောင်းလဲအဆင့် (၂) ဦးတို့ အချင်းချင်း တိုက်ခိုက်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ နှစ်ဖက်ကျင့်ကြံသူများ ပိုပါဝင်လာ၏။

ဆုံးရှုံးထားသော မိသားစု၊ မိတ်ဆွေများကို တွေးမိလျှင် ရန်ငြှိုးလည်း အလွန်ကြီးကြသည်။

“သတ်ပစ် သတ်ပစ်… မျိုးမစစ်တွေ”

တပည့်များ အပြိုင်အော်ဟစ်နေ၏။

ခြေပြတ်လက်ပြတ်များလည်း နေရာအနှံ့ ဝဲပျံ ပြန့်ကျဲနေကြသည်။

သွေးများ အငွေ့ပျံ၍ ပြန်ရှူရှိုက်မိသောအခါ အချို့အဆင့်နိမ့်ကျင့်ကြံသူများ အသက်ရှူမဝဘဲ ရူးသွပ်ကုန်၏။

ထိုအချိန်တွင် အချို့မှာ တိုက်ပွဲထဲမှ တိတ်တဆိတ်ထွက်၍ အချင်းချင်း အရိပ်အကဲ ပြလိုက်သည်။

“သူတို့ချင်း အမုန်းတရားတွေ အရမ်းကြီးတော့ ပြဿနာ စအောင် လုပ်ရတာ ဘာမှမခက်ဘူးပဲ”

ကျောက်စိမ်းဂိုဏ်း အကြီးအကဲ (၉) မှ ပြုံး၍ ရေရွတ်လေသည်။

“နတ်ဆိုးဧကရာဇ်ကတော့ အခွင့်အရေး တစ်စက်မှ မပေးဘူး… သွေးပျက်စီးအကာအကွယ်ကို ဟိုးအရင်တည်းက လာဆင်ထားပြီးပြီ”

သန့်စင်ခြင်းဂိုဏ်း အကြီးအကဲ (၇) မှလည်း ရယ်မော၍ ပြန်ပြောသည်။

“အခုကတော့ အိမ်ရှေ့စံတို့တပ် ရောက်လာမှာကို စောင့်ဖို့ပဲ ကျန်တော့တယ်”

အကြီးအကဲ (၉) မှ

“ဒီဂူထဲကနေ ဘယ်သူမှ မထွက်စေနဲ့နော်… ဘယ်သူမှလည်း မဝင်စေနဲ့”

“ဟုတ်ကဲ့ပါ”

သူ့တပည့်များ ပြန်ဖြေလိုက်ကြ၏။

ဂူထဲတွင်တော့ သွေးချောင်းစီး၍ အော်ဟစ်ငိုယိုသံများ ဆူညံနေလေသည်။

All Chapters