← Chapters

ဘာမဟုတ်တဲ့လူက ငါ့ကို သတ်မှာလား

Vol. 21 Ch. 315

ဘာမဟုတ်တဲ့လူက ငါ့ကို သတ်မှာလား

Vol. 21 Ch. 315

ထိုစကားကိုကြားသည်နှင့် တစ်မြို့လုံး တိတ်ဆိတ်သွားကြသည်။

သို့သော် ချက်ချင်းပင် ရှန်မို့ကို လှည့်ကြည့်မိ၏။

ထိုအကြည့်များမှာ အဓိပ္ပာယ်မျိုးစုံ ပါဝင်နေသည်။

အချို့လည်း ရှန်မိုကိုယ်တိုင် ဦးဆောင်၍ ကျောက်စိမ်းပင်လယ်မြို့အတွက် ထွက်သွားပေးရန် မျှော်လင့်၏။

အချို့မှာ တွေဝေတုံ့ဆိုင်းနေသည်။

လှည့်စားမှုဖြစ်နိုင်ကြောင်း သိသော်လည်း အတွေးများ မရပ်တန့်နိုင်ပေ။

ရှန်မို့ကို လွှဲပေးလျှင် တကယ် အသက်ရှင်မည်လား။

မူယုံးယွဲ့တို့မှာ မျက်နှာများဖြူဖျော့၍ တုန်ရီနေသည်။

ဒီအောင်းရှန်စုတ်။

သူ ဒီအတိုင်း မသတ်ပစ်ဘဲ သွေးခွဲနေသည်မှာ ရက်စက်လွန်းသည်။ သို့သော် သူ့နည်းလမ်းမှာ အလုပ်ဖြစ်၏။

ရှန်မို တည်ငြိမ်စွာဖြင့် ကောင်းကင်ပေါ် ပျံဝဲလာသည်။

“ရှန်မို နောက်ဆုံးတော့ ပေါ်လာပြီပဲ… မင်း တစ်သက်လုံး ပုန်းနေတော့မယ် ထင်နေတာ”

အောင်းရှန် သူ့ကိုတွေ့သောအခါ အားရပါးရ ရယ်မောလေ၏။

“အောင်းရှန် မင်းကို ဒီနေရာမှာ သတ်လိုက်ရင် အရှေ့ပင်လယ်ဘုရင်က ဘာလုပ်မယ်ထင်လဲ”

ရှန်မို ပြုံးကာ ပြောလိုက်သည်။

အောင်းရှန်မှာ အရယ်ရဆုံးဟာသ ကြားသကဲ့သို့ ခွက်ထိုးခွက်လန် ရယ်နေ၏။

“ဘာမဟုတ်တဲ့ ခြေတည်ဝိညာဉ်အဆင့်ကများ… ငါ့ကို သတ်မယ်တဲ့… ပေါက်ကရတွေ”

“ရှန်မို မင်းအရည်အချင်းတွေသာ ငါ မကြားထားရင် အလကားဘဝင်မြင့်နေတဲ့ အရူးလို့ တွေးမိမှာ”

ရှန်မိုမှာတော့ တည်ငြိမ်နေဆဲပင်။

“မင်း ငါ့ကို သတ်လို့ မရပါဘူးကွာ… စိတ်ကူးယဉ်မနေနဲ့တော့”

“ငါ ထပ်ပြောလိုက်မယ်… အခုချိန် အညံ့ခံရင် ကျောက်စိမ်းပင်လယ်မြို့ကို အသက်ချမ်းသာပေးမယ်”

“မဟုတ်ရင်တော့ အကုန်သေမယ်”

သူ့စကားဆုံးသည်နှင့် ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအင်များ ပျံ့ထွက်လာပြီး သွေးနဂါးကြီးပုံစံ ပေါ်လာသည်။

ကောင်းကင်ကြီး နီရဲကာ လေပြင်းများလည်း တိုက်လာ၏။

“ခေါင်းဆောင်ငယ်က ကြင်နာပြီး စိတ်ထားကောင်းတယ်လို့ ကြားဖူးပါတယ်… တစ်မြို့လုံးအတွက် တွေးပြီး အညံ့ခံလိုက်ပါနော်”

ကုန်သည်တစ်ဦးမှ တုန်ရီလျက် ဒူးထောက်ကာ ပြောလေသည်။

သူ့အနောက်မှ အခြားသူများလည်း ဒူးထောက် ဦးညွှတ်၍ လိုက်ပြောကြသည်။

“ဝမ်တာဖူ မင်းကို ဒီလို သစ္စာဖောက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ ခေါင်းဆောင်ငယ်ကို အညံ့ခံခိုင်းတာလား… အိပ်မက်သာ မက်နေလိုက်”

“တစ်ကိုယ်ကောင်းဆန်တဲ့ကောင်… နှလုံးသား မရှိတဲ့ကောင်… ခေါင်းဆောင်ငယ်က နတ်ဘုရားပြောင်းလဲအဆင့် ရောက်အောင် လုပ်ပြီး လက်စားချေပေးမှာ… သူ့ကို လက်လွှတ်ရမှာတဲ့လား”

“ရှန်မိုက မြွေနဂါးတောင် တိုးတက်အောင်၊ ပတ်ဝန်းကျင် ရွာတွေ တိုးတက်အောင် ဒီလိုလုပ်ပေးခဲ့တာ သူ့ကြောင့်နဲ့ ကျောက်စိမ်းပင်လယ်မြို့ စည်ပင်လာတာလေ… ဝမ်တာဖူ မင်းလည်း အဲ့ကနေ အကျိုးအမြတ်တွေ ယူခဲ့တယ်မလား… အခုမှ အရှက်မရှိတဲ့ စကားမျိုး ပြောထွက်တယ်နော်”

ကျင့်ကြံသူအချို့မှာ ဒေါသတကြီး လှမ်းကြည့်နေသည်။

ဝမ်တာဖူလည်း နေရခက်သွား၏။

ရှန်မို့တွင် ဤမျှ ထောက်ခံသူများ ရှိမည်ဟု မထင်ထားမိချေ။

သူ့လိုတွေးနေသူမှာ အနည်းအကျဉ်းသာ ဖြစ်၏။

မူယုံးယွဲ့တို့လည်း ထိုမြင်ကွင်းကြောင့် ရင်ထဲနွေးထွေးသွားကြသည်။

မကြာသေးမီက မြွေနဂါးတောင်မှာ ခြောက်ကပ်တိတ်ဆိတ်၍ ကျောက်စိမ်းပင်လယ်မြို့သည်လည်း သာမာန် တံငါရွာသာသာ ဖြစ်၏။

ရှန်မို ရောက်လာပြီးနောက်မှ ယခုလို များစွာ တိုးတက်လာခြင်း ဖြစ်လေသည်။

အောင်းရှန်မှာ ထိုစကားများ နားထောင်ရင်း နှာခေါင်းရှုံ့မိသည်။

“ကျောက်စိမ်းပင်လယ်မြို့ တိုးတက်တာ အရှေ့ပင်လယ်ကြောင့်လေ… နဂါးနန်းတော်ကို ကျေးဇူးတင်ရမယ့်အစား ရှန်မို့ကို ကိုးကွယ်နေတာလား”

“ဒီလိုဆိုရင်တော့ မင်းတို့အားလုံး သေသင့်တာပေါ့”

အောင်းရှန် ပြောပြောဆိုဆိုနှင့် နဂါးငွေ့များ ဒေါသတကြီး မှုတ်လိုက်သည်။

ထိုအခါ ကောင်းကင်ကြီး မှောင်မည်းကာ တိမ်လိပ်များ တက်၍ မိုးကြိုးထစ်ချုန်းသံများ ဆူညံလာ၏။

ပင်လယ်ပြင်ထက်တွင် တစ်ချိန်လုံး ငြိမ်နေခဲ့သော ယွမ်ခုန်းလည်း စကားစပြောလေသည်။

“ကျောက်စိမ်းပင်လယ်မြို့က လူတွေက ခေါင်းမာတာပဲ… နဂါးနန်းတော်ရဲ့ သဘောထားကြီးမှုကို ငြင်းတယ်ဆိုတော့ အစ်ကိုရှန် အမိန့်သာ ပေးလိုက်ပါ”

အောင်းရှန် ခေါင်းငြိမ့်ပြ၍ သွေးစွမ်းအင်များ စုစည်းလိုက်သည်။

“ရေနတ်ဆိုးတို့ တိုက်ခိုက်ကြဟေ့”

“ဟုတ်ကဲ့ပါ”

ထိုအခါ လှိုင်းလုံးကြီးများ ရွေ့လျား၍ ဖောင်များစွာမှာ ပင်လယ်ကမ်းဘက်သို့ ရောက်လာကြသည်။

အင်အားအလုံးအရင်းဖြင့် မြို့ရိုးကို နီးလာသောကြောင့် ကျင့်ကြံသူများ စိတ်လှုပ်ရှားနေ၏။

ထိုမြင်ကွင်းမျိုးကို သူတို့တစ်ခါမှ မတွေ့ဖူးချေ။

လက်များ တုန်ရီနေ၍ စိတ်ဝိညာဉ်လက်နက်များပင် သေချာ မကိုင်တွယ်နိုင်အောင် ဖြစ်နေသည်။

“ဒီအကာအကွယ်နဲ့ တောင့်ခံနိုင်ပါ့မလား”

“ခေါင်းဆောင်ငယ် ရှိနေတာပဲ… ဘာတွေ ကြောက်နေတာလဲ”

“ဒါပေမဲ့… ခေါင်းဆောင်ငယ်က နတ်ဘုရားပြောင်းလဲအဆင့် မရောက်သေးဘူးလေ”

“ဟုတ်တယ်… နတ်ဘုရားပြောင်းလဲအဆင့် မရှိရင် ဘာမှမထူးဘူး”

“ခေါင်းဆောင်ငယ် ကြောက်တဲ့ပုံမပြတာ မတွေ့ဘူးလား… သူ့မှာ ပြင်ဆင်ထားတာ ရှိမှာပါ… စိတ်မလှုပ်ရှားဘဲ တောင့်ခံထား”

ကျင့်ကြံသူများ အချင်းချင်း အားပေးနေ၏။

အချို့မှာ ကြောက်၍ အချို့လည်း မျှော်လင့်နေကြသည်။

“မင်း မလာခဲ့သင့်ဘူး”

“ဒါပေမဲ့ အခု ရောက်လာပြီဆိုတော့လည်း စစ်ပွဲစရမှာပေါ့”

“ဒီနေ့ကစပြီး စစ်ပွဲစပြီ”

ရှန်မို့ တည်ငြိမ်သောအသံမှာ လေထဲတွင် ပျံ့လွင့်လာသည်။

ထို့နောက် မမြင်ရသော အကာအကွယ်တစ်ခု ရံထားသလို ခံစားရ၏။

ရှန်မို နတ်ဆိုးတပ်ကြီးကိုကြည့်ရင်း ဓားကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။

ယင်-ယန်ဓားမှာ စွမ်းအင်များ ပြည့်ဝနေသည်။

ချက်ချင်းပင် မီးခိုးရောင် ဓားအရှိန်အဝါ တောက်ပ၍ အရာအားလုံးကို ဖျက်ဆီးတော့မလို ခံစားရသည်။

ထို့နောက် ဓားစွမ်းအင်သည် နတ်ဆိုးတပ်ထံသို့ ခုတ်ပိုင်းချလိုက်၏။

သို့သော် လိပ်ဘုရင်၊ ပုစွန်ဘုရင်၊ ကဏန်းဘုရင်တို့မှာ လှောင်ပြောင်သလို ရယ်မောလေသည်။

“ဒါက လူသားတွေရဲ့ ပါရမီရှင်လား”

“မင်းသား (၂) တောင် ဝင်ပါစရာ မလိုဘူး… ငါတစ်ယောက်တည်း ရှင်းလို့ရတယ်”

“တကယ် ဟာသပဲ… လေကြီးလေကျယ် ပြောထားလို့ အများကြီး မှန်းထားမိတာကို”

အောင်းရှန်မှာတော့ မဲ့ပြုံးသာ ပြုံးနေ၏။

သို့သော် ယွမ်ခုန်းမှာတော့ အမူအရာ အနည်းငယ် ပျက်သွားသည်။

တစ်ခုခုကို ခံစားမိပုံရ၏။

ထို့နောက် ဓားစွမ်းအင်မှာ တဖြည်းဖြည်း နီးကပ်လာသည်။

ပေတစ်ရာကျယ်ပြန့်သော စွမ်းအင်မှာ ကောင်းကင်ယံတွင် ပေါက်ကွဲပြီးမှ နတ်ဆိုးတပ်များအပေါ် ဖြာကျလာ၏။

All Chapters