← Chapters

တခြားဟာတွေရော ကြည့်ဦးမလား

Vol. 45 Ch. 674

တခြားဟာတွေရော ကြည့်ဦးမလား

Vol. 45 Ch. 674

"မစ္စတာကျန်း... ကျွန်တော်တို့က ခင်ဗျားသူငယ်ချင်းကို စော်ကားဖို့မရည်ရွယ်ပါဘူး..ကျွန်တော်တို့က..."

"ကျုပ်သူငယ်ချင်းကို စော်ကားတာမဟုတ်ဘူးလို့ လာပြောရဲသေးတယ်ပေါ့"

ကျန်းမုန့်လောင်က လုရီယောင်၏လည်တိုင်ထက်တွင် ဆွဲထားသော စိန်လည်ဆွဲကို လက်ညှိုးထိုးပြလိုက်သည်။ ထိုလည်ဆွဲတွင် စိန်ပွင့်ပေါင်းများစွာကို ထည့်သွင်းထားသည်။

"ဒါက ကျုပ်ကောင်မလေး အိမ်နေရင်းဝတ်တဲ့ လက်ဝတ်ရတနာပဲရှိသေးတယ်။ ပွဲတက်ဖို့တောင် မဟုတ်ဘူး။ ဒီထဲမှာပါတဲ့ စိန်ငါးပွင့်က တစ်ပွင့်ကို ငါးကာရက်စီရှိတယ်။ ဟွာရှားယွမ်ငွေတစ်သန်းလောက် တန်တယ်။ ခင်ဗျားတို့က ကျုပ်သူငယ်ချင်းကို ဒီလိုစိန်အစုတ်လေးနဲ့ ချွေးသိပ်ဖို့ကြိုးစားနေတာတောင် စော်ကားတာမဟုတ်ဘူးလို့ ပြောနေတာလား"

"ဒါပေမဲ့.. ဒါပေမဲ့ ဒါက ကျွန်တော်တို့နိုင်ငံထဲက ဈေးအကြီးဆုံးစိန်အရောင်းဆိုင်ပါ"

ဒီလာမီနီနှင့် ဂရေ့ဗ်တို့ကလည်း ချက်ချင်းရှင်းပြလိုက်သည်။

"သိတယ်"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်လေသည်။

"ဒီနေရာက သာမန်လူတွေအတွက်တော့ စိန်အရောင်းဆိုင်ပေါ့။ အဆင့်မြင့်တယ်လို့တောင် ထင်နေကြဦးမှာ"

ဟွာရှားနိုင်ငံတွင် လက်ဝတ်ရတနာအများစုက ၀.၃ကာရက်မှ ၁ကာရက်ကျော်အထိရှိသော စိန်လက်စွပ်များကိုသာ ရောင်းချကြသည်။ ပြည်တွင်းဈေးနှုန်းအရ ဟွာရှားယွမ်ငွေသိန်းဂဏန်းရှိသော စိန်များမှာ အလွန်တန်ဖိုးကြီးလှပြီဟု ဆိုနိုင်သည်။

သို့သော် သာမန်လူများအတွက် သီးသန့်စိန်များရှိသလို ထိပ်တန်းအဆင့် သူဌေးများအတွက် သီးသန့်စိန်များလည်း ရှိ၏။ တကယ့်သူဌေးစစ်စစ်များက သောင်းဂဏန်းခန့်သာပေးရသော စိန်ထည်များကို ဝတ်ဆင်မည်မဟုတ်ပေ။ ဝတ်သွားမိပါက အလှောင်ခံရပေမည်။

"နေဦး။ ရှိသေးတယ်"

ဒီလာမီနီက ဆို၏။

"စိန်မြို့တော်ရဲ့ အပေါ်ဆုံးအထပ်မှာ ဒိတ်ဒိတ်ကြဲလူချမ်းသာတွေအတွက် သီးသန့်ထားတဲ့ နေရာတွေရှိတယ်။ ကျွန်တော် လုံးဝမေ့သွားလို့ပါ"

ဒီလာမီနီနှင့် ဂရေ့ဗ်တို့မှာ ဖြီးဖြန်းရင်း ကိစ္စအဆင်ချောအောင် လုပ်ချင်နေကြသည်။ သို့သော် ကျန်းမုန့်လောင်က အလွန်ဗဟုသုတကြွယ်နေလိမ့်မည်ဟု သူတို့ ထင်မထားပေ။ သူတို့တော့ အသွေးအသားများကို လှီးထုတ်ပေးရဦးမည့်ပုံပင်။

ဤနေရာရှိ လက်ဝတ်ရတနာများမှာ ၁ကာရက်မှ ငါးကာရက်အထိရှိသည့် အရောင်ပါသောစိန်များဖြစ်ပြီး အချိုသာဆုံးဈေးနှုန်းကပင် ဒေါ်လာနှစ်သိန်းသုံးသိန်းဝန်းကျင်ရှိသည်။

"ထားလိုက်ပါတော့"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"ငွေပေးပြီးဝယ်လို့ရတဲ့စိန်ဆိုတာ အကောင်းစားစိန်မဟုတ်ဘူး။ မြို့တော်ထဲမှာ စိန်ပြတိုက်တစ်ခုရှိတယ်မလား"

ဤစကားကို ကြားလိုက်ရသောအခါ ဒီလာမီနီနှင့် ဂရေ့ဗ်တို့ မျက်နှာပျက်သွားလေသည်။

အမှန်ပင်။ သူတို့ဆီမှာ ပြတိုက်တစ်ခုရှိသည်။ ထိုပြတိုက်မှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း တောင်အာဖရိကမှ ထွက်ရှိသမျှ အဖိုးတန်စိန်မျိုးစုံကို စုဆောင်ထားသည်။

ဤကျောက်မျက်များကို ပြတိုက်က ဝယ်ယူပြီး သိမ်းဆည်းထားခြင်းပင်။ တချို့စိန်များမှာ နိုင်ငံတော်ရတနာများဟုပင် သတ်မှတ်နိုင်သည်။

ကျန်းမုန့်လောင်က ပြတိုက်ထဲရှိ ရတနာကို မျက်စိကျနေလေသလား။

"မစ္စတာကျန်း... ဟို.. ပြတိုက်ထဲမှာ နိုင်ငံတော်ရတနာတွေလည်း ရှိပါတယ်။ အဲဒါက..."

"ဟုတ်တယ်။ ဟုတ်တယ်။ ကျုပ် သေသင့်တယ်"

ကျန်းမုန့်လောင်က ကိုယ့်ပါးကိုယ်ရိုက်လိုက်လေသသည်။

"အဲဒါတွေက နိုင်ငံတော်ရတနာတွေဆိုတာကို မေ့တော့မလို့။ ကျုပ်သာ အဲဒါတွေကိုတောင်းမယ်ဆိုရင် ဓားပြတိုက်နေသလို ဖြစ်မသွားဘူးလား။ မသင့်တော်ဘူး။ မသင့်တော်ဘူး"

"ဟိုတယ်ကိုပြန်ပြီး ဝံပုလွေဂိမ်းပဲ ဆက်ကစားရအောင်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မစ္စတာဒီလာမီနီနဲ့ မစ္စတာဂရေ့ဗ်တို့ ပေးထားတဲ့ ပိုက်ဆံတွေနဲ့ ကားတွေကိုလည်း ပြန်ပေးလိုက်မယ်။ ငါတို့က ခရီးထွက်လာတာ။ ဓားပြလာတိုက်တာမဟုတ်ဘူး"

"သူက ဘယ်တုန်းကများ ပြောရလွယ်လို့လဲ"

ဒီလာမီနီနှင့် ဂရေ့ဗ်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ချေသည်။

"မစ္စတာကျန်း.. ပို့ကုန်သွင်းကုန်လုပ်ငန်းက..."

"ဘာလုပ်ငန်းလဲ။ ကပ်ရောဂါက ပြင်းထန်နေတာတောင်မှ စီးပွားရေးလုပ်ချင်နေသေးတာလား။ မဖြစ်ဘူး"

ကျန်းမုန့်လောင်က ဖြောင့်မတ်သူတစ်ယောက်အလား ပြောလိုက်၏။

ထိုအခိုက်ဝယ် ဒီလာမီနီထံသို့ ဖုန်းဝင်လာသည်။

"ဒီလာမီနီ.. မင်း ဘာလုပ်နေတာလဲ။ ဆန္ဒပြတဲ့လူတွေက မြို့တော်အထိ ရောက်နေပြီ။ ငါ မင်းကို သုံးနာရီပဲ အချိန်ပေးမယ်။ မင်း ဒီကိစ္စကို မဖြေရှင်းနိုင်ရင် တခြားတစ်ယောက်ကို တာဝန်ယူခိုင်းလိုက်မယ်။ မင်းရဲ့ရာထူးကိုလည်း သူ့ကိုပဲ လွှဲပေးလိုက်တော့မယ်"

ဤစကားကိုကြားသော် ဒီလာမီနီလည်း ဇောချွေးများ ရွှဲသွားပြီး ပြုံးစစဖြင့် ပြောလိုက်လေသည်။

"ဟားဟားဟား.. မစ္စတာကျန်း ကျွန်တော်တို့က စနေတာပါ"

မြွေမြွေချင်း ခြေမြင်ကြသည်။

ငါ့ကိုမပေးဘူးလား။ ရတယ်လေ.. ငါ့ဘက်ကတော့ အတင်းမတောင်းပါဘူး။ မဟုတ်ရင် ကျန်းမုန့်လောင်က အာဏာပြတယ်လို့ ထင်နေကြဦးမယ်...

ဒါပေမဲ့ မင်းတို့ရဲ့နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းကိုတော့ နာလန်ထူဖို့တောင် မစဉ်းစားနဲ့...

မင်းတို့က ငါ့ကို လျှော့ပေါ့ပေးစေချင်တာလား... ဒါဆို ငါလိုချင်တာကို နာနာခံခံနဲ့ တလေးတစားယူခဲ့လေ... လူကြီးတွေရဲ့ကမ္ဘာက ရိုးရိုးလေးပါ..

"မစ္စတာကျန်း.. စိန်လေးနည်းနည်းအတွက်နဲ့ ပြောနေစရာမလိုပါဘူး။ ကျွန်တော်တို့မြေက သယံဇာတကြွယ်ဝပါတယ်။ နစ်နာကြေးအနေနဲ့ စိန်နည်းနည်းလောက်တော့ ပေးနိုင်ပါတယ်"

ဒီလာမီနီက ပြောလိုက်လေသည်။

"ပြတိုက်က စိန်မြို့တော်ထဲမှာတင် ရှိတာပါ။ ကျွန်တော် လိုက်ပို့ပေးပါ့မယ်"

"မြေခွေးအိုကြီး"

ကျန်းမုန့်လောင်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

"အဆုံးအထိ မသွားမချင်း လက်မလျှော့ကြဘူး။ ငါ့ကို လူကြမ်းဖြစ်အောင် လုပ်နေကြတာ"

ကျန်းမုန့်လောင်လည်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ခဏနေရင် အကြီးဆုံးနဲ့ အရောင်အလှဆုံးစိန်ကိုပဲ ရွေးကြနော်"

"စိတ်ချ.. ငါက ဒီလိုကိစ္စမျိုးမှာ အရမ်းတော်တယ်"

"ငါကတော့ နည်းနည်းလေးမှ အားမနာဘူး။ ငါ့မှာ အကြာကြီးစိုးရိမ်နေခဲ့ရတာ။ သူတို့စိန်လေးနည်းနည်းယူတော့ရော ဘာဖြစ်သေးလဲ"

"ဟုတ်တယ်။ ဒါက ငါတို့အောင်ပွဲပဲ"

ဆရာကြီးတစ်သိုက်က ကိုယ့်ကိုယ်ကိုယ်အားပေးရင်း ဒီလာမီနီ၏အနောက်ကလိုက်ပြီး စိန်ပြတိုက်ထဲသို့ ဝင်သွားချေသည်။

ပြတိုက်ဟုခေါ်နေခြင်းမှာ အပိုမဟုတ်ချေ။ ခန်းမကြီးထဲတွင် ကျောက်မျက်ရတနာများ၏ အရောင်အသွေးက မျက်စိကျိန်းမတတ်တောက်ပနေပြီး မိန်းမောသွားစေသည်။

"မုန့်လောင်.. ငါ ဒါလေးယူလို့ရမလား"

စီနီယာအစ်ကိုဝမ်မင်ကျွင်းက ခိုဥတစ်လုံးစာလောက်ရှိသည့် ပန်းရောင်စိန်ပွင့်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

"ဒါက..."

ဒီလာမီနီလည်း ထိုစိန်ပွင့်ကို မြင်သောအခါ သွေးများ ဆောင့်တက်လာသည်။

၎င်းမှာ ၂၀.၆၅ကာရက်ရှိသော ပန်ရောင်စိန်ပွင့်တစ်ပွင့်ဖြစ်ပြီး ဘဲဥပုံစံအချိုးအစားကျကျ ဖြတ်တောက်ထားသည်။ ဤသည်မှာ မိန်းကလေးတိုင်း၏ အိပ်မက်ပင်တည်း။

လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဆယ်ကျော်က ၂၄.၇၈ကာရက်ရှိသည့် ဂရက်ဖ်ပန်းရောင်စိန်လက်စွပ်တစ်ကွင်းကို ဟောင်ကောင်လေလံပွဲတစ်ခုတွင် အမေရိကန်ဒေါ်လာသန်းလေးဆယ်ကျော်နှင့် ရောင်းချခဲ့ဖူးသည်။

မြားနတ်မောင်၏ကြယ်ပွင့်ဟု အမည်ရသော ဤစိန်ကြီးမှာ လွန်ခဲ့သည့်ငါးနှစ်ခန့်က တောင်အာဖရိကစိန်တွင်းတစ်ခုမှာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဤစိန်ကြောင့် အသေးစားပဋိပက္ခတစ်ခုပင် ဖြစ်ပွားခဲ့သည်။

၎င်းမှာ ဂရက်ဖ်ထက် နည်းနည်းပိုသေးသော်ငြား အရောင်အသွေးက စိုပြည်လှသဖြင့် ခန့်မှန်းတန်ဖိုးမှာ သမိုင်းဝင်စိန်ထက်ပင် ပိုမြင့်လေသည်။

ဤဟွာရှားလူမျိုးများက ဤကဲ့သို့သော နိုင်ငံ့ရတနာတစ်ခုကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် တန်းမြင်သွားကြလေသလဲ။

"မုန့်လောင်.. ငါ ဒါလေးလိုချင်တယ်"

ကျန်းမုန့်လောင်၏ အကြီးဆုံးစီနီယာအစ်မက မှန်ဗီရိုထဲရှိ အနက်ရောင်စိန်ဆွဲကြိုးကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါက.. ဒါက ဝစ်တဲလ်စ်ဘတ်ပဲ"

ဒီလာမီနီခမျာ အသက်ကို မနည်းရှူလိုက်ရသည်။

၃၁.၀၆ကာရက်ရှိသည့် ထူးခြားလှသော အနက်ရောင်စိန်တစ်ပွင့်ဖြစ်ပြီး တစ်ချိန်တုန်းက စပိန်ဘုရင်ဖီးလစ်(၄) ပိုင်ဆိုင်ခဲ့သော အရာပင်။ နောက်ပိုင်းတွင် အဆင့်ဆင့်လက်ဆင့်ကမ်းကာ ဤနေရာသို့ ရောက်လာခဲ့သည်။ ဤစိန်လက်စွပ်မှာ ဒီဇိုင်းပြန်ပြင်ထားပြီးနောက် အမျိုးသမီးဝတ်အနားတွန့်လည်ဆွဲတစ်ခု ဖြစ်လာခဲ့သည်။ ထိုအတွန့်များတွင်လည်း စိန်များဖြင့် စီခြယ်ထားသေးသည်။

ယနေ့အထိတိုင် ဤအရာမှာ တန်ဖိုးမဖြတ်နိုင်သေးပေ။ အကယ်၍ ငွေကြေးဖြင့် တိုင်းတာမည်ဆိုပါက အမေရိကန်ဒေါ်လာသန်းရှစ်ဆယ်ဆိုသည်မှာ အနိမ့်ဆုံးဈေးပင်။

"ဂျူနီယာ ငါ ဒါလေးသဘောကျတယ်"

"၂၂.၅၆ကာရက်ရှိတဲ့ ခရမ်းရောင်စိန်.."

"၅၆.၂၂ကာရက်ရှိတဲ့ အပြာရောင်စိန်..."

ဤအရာလေးက သေးသေးလေးဟု ထင်ရသော်ငြား တစ်ခုချင်းစီ၏တန်ဖိုးက သူတို့ရွေးထားသည့် ပြိုင်ကားများ၏တန်ဖိုးထက် အဆပေါင်းများစွာ ပိုသာပေသည်။

ကျန်းမုန့်လောင်က နစ်နာကြေးတောင်းနေခြင်းမဟုတ်ပေ။ ပေါ်တင်ဓားပြလာတိုက်ပြီး ငွေညှစ်နေခြင်းပင်။

တစ်နာရီကြာပြီးနောက် သူတို့လည်း စိတ်ကျေနပ်အားရစွာဖြင့် ပြတိုက်ထဲမှ ထွက်လာခဲ့လိုက်သည်။

ဤခရီးစဉ်တွင် အမေရိကန်ဒေါ်လာသန်း၈၆၀ခန့် ဆုံးရှုံးလိုက်ရသည်။ ဤသည်မှာ ငွေသက်သက်မဟုတ်ပါချေ။ ထိုစိန်ပွင့်များမှာ ထူးခြားလှသဖြင့် ချမ်းသာလျှင်ပင် ဒုတိယတစ်ခုကို ထပ်ရှာရန် မဖြစ်နိုင်ပေ။

"ဟားဟား.. ဒါနဲ့ဆိုရင် ငါ့ရဲ့လက်ထပ်ခွင့်တောင်းမဲ့အစီအစဉ်က အောင်မြင်မှာသေချာတယ်"

ဝမ်မင်ကျွင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။

"စီနီယာ.. စိန်ပွင့်အကြီးကြီးနဲ့ဆိုမှတော့ စီနီယာအစ်မငြင်းရင်တောင် ဒီစိန်နဲ့ သူ့ကိုသတိမေ့အောင်ရိုက်ပြီး အိမ်ကို အပါခေါ်သွားလို့ရတယ်"

"သူ့ကို သတိမေ့အောင် လုပ်ရမှာလား။ ဒါကိုမြင်ပြီးတာနဲ့ ဘယ်မိန်းကလေးမဆို ပျော်လွန်းလို့ သတိလစ်သွားမှာ။ ဟုတ်ပြီလား"

"တခြားလိုချင်တာရှိသေးလား။ တခြားနေရာတွေရော ထပ်ကြည့်ဦးမလား"

ကျန်းမုန့်လောင်က အကြံပြုလိုက်သည်။

"မစ္စတာကျန်း. မလုပ်ပါနဲ့တော။ ကျွန်တော် တောင်းပန်ပါတယ်"

ယခုမူ ဒီလာမီနီနှင့် ဂရေ့ဗ်တို့ခမျာ မခံစားနိုင်တော့သဖြင့် ခါးသက်သက်ငိုကြွေးပါလေတော့သည်။

သည်အတိုင်းသာဆက်သွားလျှင် တောင်အာဖရိကလည်း ဒေဝါလီခံရပေတော့မည်။

ယခုအချိန်တွင် ပြည်သူအမြောက်အများက ပြဿနာရှာနေကြသည်ဖြစ်ရာ အကယ်၍ ကျန်းမုန့်လောင်ကသာ နောက်ထပ်တစ်နာရီလောက် အချိန်ထပ်ဆွဲထားလိုက်ပါက နိုင်ငံပေါင်းများစွာ ဒေဝါလီခံရပေလိမ့်မည်။

"ကောင်းပြီ။ ကောင်းပြီ"

ကျန်းမုန့်လောင်လည်း သူတို့အတွက် ရုတ်တရက်ကြီး စိတ်မကောင်းဖြစ်မိသွားသည်။

"စီနီယာအစ်ကိုတို့အစ်မတို့.. သူတို့ကို ခွင့်လွှတ်လိုက်ရတော့မလား"

********************

All Chapters