အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
Chapter 39
အချစ်မူးနေသည့် စိတ်များကို သန့်စင်ပေးလိုက်ရသော အခြားအမျိုးသမီးလေးဦးကို ဘေးကင်းစွာ ပို့ဆောင်ပေးပြီးနောက်၊ ယင်လီ စုကျိုကို ခေါင်းညိတ်ပြလိုက်သည်။
“ပြုပြင်ရေးခန်းကို သွားကြစို့၊ ငါ နင့်ရဲ့ ဝိညာဉ်ရတနာတွေကိုပြင်ပေးနိုင်မလား ကြည့်ပေးမယ်”
ထိုသို့ပြောပြီးနောက် သူမ၏ ကိုးထပ်ဆင့် ခရမ်းရောင်ကြာပန်းနတ်သမီးဝတ်စုံအောက်မှ ကြာပန်းများ လွင့်ပျံကျလာပြီး စုကျိုခြေဖဝါးအောက်တွင် လာရောက်နေရာယူသည်။
“ဒါဆို ခဏလေးစောင့်ဦး၊ အိမ်ထဲက ကျိုးနေတဲ့ သစ်သားခြေထောက်တွေ သွားယူလိုက်ဦးမယ်” ဟုဆိုကာ စုကျို အိမ်ထဲသို့ လှမ်းအော်ပြောလိုက်သည်။
စုရှင်းချန်နှင့် စုကျီကျီတို့မှာ အမောတကောဖြင့် အိမ်ထဲမှ ထွက်လာကြသည်။
သူတို့သည် အက်ကွဲနေသော သစ်သားခြေထောက်များကို ကောက်ယူကာ သူတို့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ကြပြီးနောက်၊ ယင်လီ၏ ခရမ်းရောင်ကြာပန်းပေါ်သို့တင် ဆောင်ခြင်းခံရကာ ကြေးဝါနွားလှည်းပေါ်သို့ လိုက်ပါသွားကြတော့သည်။
ကျူးပိုင်ယွီကလည်း ငွေရောင်ပေါက်တူးကို နင်းလျက် အနောက်မှ လိုက်ပါလာသည်။
စုကျို မထွက်ခွာမီ သစ်သားအိမ်အတွင်းမှ အငွေ့အသက်ကို အာရုံခံကြည့်ရာ မည်သည့် အရှိန်အဝါမျှရှိမနေပုံရသည်။
အမိုးတန်းပေါ်မှ ကြမ်းကြုတ်သော မိစ္ဆာလူငယ်လေးမှာ အမှောင်ထုထဲသို့ လုံးလုံးလျားလျားပျောက်ကွယ်သွားပုံရသည်။
သူ သူစိမ်းတွေကို မတွေ့ချင်တာဖြစ်နိုင်လား ?
စုကျိုသည် သူ့ တတိယအဆင့်အိတ်ထဲမှ မိစ္ဆာကျွန်ခွင့်ပြု ချက်ကို ကြည့်လိုက်ရာ၊ ချန်ယွမ်မှာ သစ်သားအိမ်ထဲမှာပင် ရှိနေသေးကြောင်းပြသနေသည့် လင်းလက်နေသော အစက်လေးကို မြင်လိုက်ရသဖြင့် သူ့ကို လျစ်လျူရှုထားလိုက်သည်။
သူမသည် မိစ္ဆာကျွန်နန်းတော်တွင် သူ့အားနာလန်ထူရန် သုံးရက်အချိန်ပေးမည်ဖြစ်ပြီး မခိုင်းစေသေးဟုကတိပေးခဲ့သည်။
စုကျိုသည် ကတိတည်သူ တစ်ဦးဖြစ်သည်။
“မင်းရဲ့ မိစ္ဆာကျွန်က ဘာအငွေ့အသက်မှ မရှိပါလား ? သူက အဲဒီလောက်တောင် အားနည်းတာလား?”
နွားလှည်းပေါ်တွင် ကျူးပိုင်ယွီသည် မိစ္ဆာကျွန်ခွင့်ပြုချက်ကို စစ်ဆေးရင်း စပ်စုမေးမြန်းသည်။
စုရှင်းချန်နှင့် စုကျီကျီတို့မှာ ရှုပ်ထွေးသော အမူအရာများဖြင့် မော့ကြည့်လာကြသည်။
နွားပြာကြီးကျောပေါ်တွင် ရပ်နေသော ယင်လီက “မိစ္ဆာကျွန် ဟုတ်လား ?” အံ့သြတကြီး ရေရွတ်သည်။
သူမသည် ယနေ့မနက်မှ မိုင်ပေါင်းထောင်ချီဝေးသော ဆေးနန်းတော်မှတာဝန်ဖြင့် ပြန်ရောက်လာခြင်းဖြစ်ပြီး၊ ယောက်ျားများ၏လှည့်စားမှုကို ခံထားရသည့် ပထမထပ်မှ အမျိုးသမီးကျင့်ကြံသူများကို ‘ဦးနှောက်ဆေး’ ရန်အတွက် ဆေးဝါးများပေးရန် အလောတကြီးလုပ်ဆောင်နေရခြင်းဖြစ်သည်။ သူမသည် ယခုလသစ်၏စိုက်ပျိုး ရေးအခြေအနေများကို သတိပြုရန် အချိန်မရသေးပေ။
သို့သော် သူ့ နွားလှည်းမှာ သူ့ကဲ့သို့ပင် လျင်မြန်လှသည်။
စကားပြောပြီးသည်နှင့် ‘ပညာရှင်တစ်ရာခန်းမ’ ၏ဝိညာဉ်လက်နက် ပြုပြင်ရေးအခန်းကိုလှမ်းမြင်လိုက်ရသည်။
ယင်လီ အရင်ဆုံး ခုန်ဆင်းလိုက်ပြီး ဖုန်များတက်နေသော အခန်းတံခါးကို ဖွင့်လိုက်သည်။
ပြုပြင်ရေးဆိုင်ခန်းအတွင်း၌ သစ်သားစားပွဲအချို့ပေါ်တွင် အမျိုးမျိုးသော ရွေပေါ်များ၊ ဂေါ်ပြားများနှင့် ပေါက်တူးများပြန့်ကျဲနေသည်။ ထောင့်ရှိ သံဖိုပေါ်တွင်လည်း ရိုးရှင်းသော အဆောင်လက်ဖွဲ့ အနည်းငယ်ကိုကပ်ထားသည်။
ယင်လီ အထဲသို့ဝင်လိုက်ပြီး သူ့ ဝတ်စုံလက်အင်္ကျီဖြင့် ဖုန်များကို ချက်ချင်းခါထုတ်လိုက်သည်။
သူမသည် သစ်သားပညာရှင်စားပွဲတစ်ခုကို သန့်ရှင်းရေးလုပ်ကာ ၎င်းပေါ်တွင် ကမ္ပည်းပြားတစ်ခုကို ထောင်လိုက်သည်။
[ယခုလ ပြုပြင်ရေးတာဝန်ကျသူ - ပထမအဆင့် ဝိညာဉ်ပညာရှင် တောက်ရန် ]
“အို... မှားယူမိပြီ”
ယင်လီက ထိုကမ္ပည်းပြားကို ဘေးသို့ပစ်လိုက်ပြီး အခြားတစ်ခုကိုလှန်ကာ ထောင်လိုက်ပြန်သည်။
[ယခုလ ပြုပြင်ရေးတာဝန်ကျသူ - ဒုတိယအဆင့် ဝိညာဉ်ပညာရှင် ယင်လီ]
စုကျို ခဏမျှ ဆွံ့အသွားရသည်။ တောက်ရန်မှာ အလုပ်ပေါင်းစုံလုပ်ကိုင်နေရသော်လည်း ငွေကြေးအခက်အခဲရှိနေဆဲဖြစ်သည့်အတွက် သနားရမည်လော၊ သို့မဟုတ် ယင်လီ၏ဝိညာဉ်လက်နက် ပြုပြင်မှုအဆင့်မှာ တောက်ရန်ထက်ပင်မြင့်မားနေသည်အား အံ့သြရမည်လော မဝေခွဲနိုင်တော့ပေ။
သို့သော် ယင်လီ သူ့ကို ပြုံးပြလိုက်ပြီးနောက် ကျူးပိုင်ယွီကို ကြည့်ကာ၊ သူ့ ညာဘက်ခြေထောက်မှ အသေးဆုံးဖြစ်သော လက်မဝက်ခန့်ရှိသည့် ဓားမြှောင်ကိုထုတ်ယူ၍ စားပွဲပေါ်သို့ တင်လိုက်သည်။
သူမက ၎င်းပေါ်ရှိ “တောက်ရန် ပြုလုပ်သည်” ဟူသော စာလုံးလေးများကို ညွှန်ပြသည်။
“ဆရာထောင်က နောက်လတစ်ရက်နေ့ကျမှ တာဝန်ပြန်ဝင်မှာ၊ အစ်မ မနေ့က သူ့ဆီကို စာပို့ပြီး ထွင်းထုဓားအသစ်တစ်လက် လုပ်ပေးဖို့ပြောထားတယ်၊ နောက်လတစ်ရက်နေ့ကျမှ ရမှာ”
ယင်လီ ပခုံးတွန့်ပြသည်။
စုကျီကျီ စပ်စုလိုသောမျက်လုံးများဖြင့် မော့ကြည့်သည်။
ယင်လီက သူမ ဘာမေးချင်သည်ကို သိပုံရကာ အသာအ ယာ ကိုယ်ကိုကိုင်းလိုက်ပြီး
“အစ်မက ဒုတိယအဆင့် ဝိညာဉ်ပညာရှင်ဆိုပေမဲ့ ပြုပြင်တာပဲ လုပ်တတ်တာ၊ ဝိညာဉ်လက်နက်တွေ အသစ်ဖန်တီးတာကိုတော့ ဘာမှမသိဘူး၊ ဒါက အစ်မရဲ့မွေးရာပါ ဝိညာဉ်စွမ်းအားနဲ့ သက်ဆိုင်လို့ပဲ”
စုကျီကျီ ချက်ချင်း နားလည်သွားသလို စုရှင်းချန်လည်း သူမ၏ ခါးတံဆိပ်ပေါ်မှ ‘လျှို့ဝှက်’ဆိုသော စာလုံးကို ကြည့်လိုက်မိသည်။
ကျူးပိုင်ယွီက စုကျို ဘေးသို့ တိတ်တဆိတ်လျှောက်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“စမ်းကြည့်လိုက်လေ... လေးဆထွက်နှုန်းနော်”
ယင်လီ မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက ဘာလဲ ?”
ပြောရင်းနှင့် သူမသည် စုကျို ခါးပေါ်မှ တံဆိပ်ပြားကို သတိထားမိသွားပြီး သူမ၏အံ့သြမှုမှာ ဝမ်းသာအားရမှုအဖြစ် ပြောင်းလဲသွားသည်။
“နင့်ရဲ့ ပါရမီ နိုးထလာပြီလား?”
“ဒါပေါ့! လေးဆထွက်နှုန်းပါရမီက တိုက်စစ် ဒါမှမဟုတ် ခုခံစစ်စွမ်းအား မရှိဘဲ အကူအညီပေးတဲ့ ဝိညာဉ်စွမ်းအင်အမျိုးအစား ဖြစ်ပေမဲ့လည်း၊ စုကျို... ဒီပါရမီက မင်းကို တစ်သက်လုံး စားဝတ်နေရေးအတွက် အာမခံချက်ပေးနိုင်တယ်၊ ဒါတင် လုံလောက်ပါပြီ! မင်း နောက်ဆိုရင် ဘယ်ယောက်ျားရဲ့မျက်နှာကိုမှ ကြည့်နေစရာ မလိုတော့ဘူး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ပြီ!”
ယင်လီ ရယ်မောလိုက်သည်။
“ကောင်းတယ်၊ ဒီအဆင့်က အမျိုးသမီးကျင့်ကြံသူတွေထဲမှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာပြန်ပြီ!”
“ဝိညာဉ်ပိုးဖလံဂေဟာမှာ အမျိုးသမီးကျင့်ကြံသူတွေရဲ့ နာမည်ကျော်ကြားဖို့အတွက် အင်အားတစ်ခု ထပ်တိုးလာတာပဲ! ကံကောင်းလို့ ဒီတစ်ခါ ငါ ‘နှလုံးသားမဲ့ အဆောင်လက်ဖွဲ့’ ကို မိုင်ပေါင်းတစ်သိန်းခရီးကနေ အချိန်မီ ယူလာနိုင်ခဲ့တာ၊ နည်းနည်းလေး နောက်ကျသွားရင် နင့်လို ထူး ချွန်တဲ့ အမျိုးသမီးကျင့်ကြံသူလေးက ဟိုအနံ့အသက်မကောင်းတဲ့ ယောက်ျားရဲ့အမြတ်ထုတ်တာ ခံရတော့မှာ”
ကျူးပိုင်ယွီ : “...”
သူ ခေါင်းလွှဲလိုက်ပြီး စုကျိုကို နှာခေါင်းရှုံ့ပြကာပြောလိုက်သည်။
“သူ့ကို ဂရုမစိုက်နဲ့၊ မြန်မြန် ဓားလေးတစ်လက်လုပ်ပြလိုက်စမ်းပါ၊ ဒါဆို သူ အကုန်သိသွားလိမ့်မယ်”
စုကျို စဉ်းစားဟန်ဖြင့် -“ကောင်းပြီလေ”
“ဒါပေမဲ့ ကျွန်မကတော့ အရင်းအနှီးမရှိဘဲ စီးပွားရေးမလုပ်ဘူးနော်” စုကျို ယင်လီနှင့် ကျူးပိုင်ယွီကို ကြည့်လိုက်သည်။
“ကျွန်မ တစ်ခါ လက်လှုပ်လိုက်တိုင်း သုံးစွဲလိုက်ရတဲ့ ဝိညာဉ်စွမ်းအင်တွေအတွက် ဘယ်သူက ပေးမှာလဲ ?”
ယင်လီသည် သူမ၏လေးစားမှုကို ရရှိခဲ့သည်ဟု သူမ ဝန်ခံသည်။
ယင်လီ သူ့ခေါင်းပေါ်တွင် ကပ်ပေးခဲ့သော ‘နှလုံးသားမဲ့ အဆောင်လက်ဖွဲ့’ မှာ... ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်ထံမှ ရရှိထားသည့် ကျေးဇူးကြွေးတစ်ခုဟု သတ်မှတ်နိုင်သည်။ ထိုအရာက မည်မျှတန်ဖိုးရှိသည်ကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။
သို့သော် ၎င်းက ကမ္ဘာပျက်ကပ်မှလာသော စုကျိုနှင့် ဘာဆိုင်သနည်း ?
ထို့အပြင် တစ်ခုချင်းစီကို သီးခြားစီတွက်ချက်ရမည်ဖြစ် သည်။
စုကျိုသည် သူ့ လက်ရှိ ‘သွေးနှင့် စွမ်းအင်’ကို ကြည့်လိုက်ရာ ၁၃၉ သာရှိသဖြင့် ပစ္စည်းတစ်ခု ကူးယူရန်သာလုံ လောက်သည်။
သူမသည် မည်သည့်အရာကိုမျှ စုဆောင်းထားလေ့မရှိဘဲ မနေ့က မိစ္ဆာကျွန်နန်းတော်တွင် သွေးနှင့်စွမ်းအင်များကို အကုန်သုံးခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် အကြိမ်ပေါင်းများစွာ စမ်းသပ်ရန်အတွက် သူမတွင် သွေးနှင့်စွမ်းအင်မလုံလောက်ပေ။
“တစ်ကြိမ် အရောင်းအဝယ်လုပ်ရင် ‘ဝိညာဉ်မြှင့်တင်ဆေး’ တစ်လုံး၊ ဒါ ကျွန်မတို့ ပထမဆုံးတွေ့ဆုံမှုအတွက် ခင်မင်မှုဈေးနှုန်းပဲ”
“ပြီးတော့ တစ်ခု ရှင်းရှင်းလင်းလင်း ပြောထားပါရစေ - ကျွန်မရဲ့အရောင်းအဝယ်တွေက မမျှော်လင့်ထားတဲ့ ရလဒ်တွေ ရှိနိုင်တယ်၊ ဒါပေမဲ့ တစ်ခါရောင်းပြီးရင်တော့ ပြန်လဲတာ ဒါမှမဟုတ် ပြန်ပေးတာမျိုး လုံးဝမလုပ်ဘူးနော်!”
စုကျို မျက်လုံးများ ဝင်းလက်သွားသည်။
သူမ၏ကျွမ်းကျင်မှုတွင်ရှိသော ချို့ယွင်းချက် (bug) ကို ယခုအချိန်တွင် သူ ဘာမှမတတ်နိုင်သေးပေ။
တကယ်လို့ အမှိုက်ပုံကြီးတစ်ခု ဖန်တီးမိခဲ့ရင်တောင် သူကတော့ လိုချင်မည်မဟုတ်ပါ။
ဘယ်သူ အော်ဒါမှာသလဲ ? အဲ့လူပဲ ယူရမယ် !
ယင်လီ ခဏမျှ ကြောင်အသွားပြီး ကျူးပိုင်ယွီကမူ သူ့ကို အမြတ်ကြီးစားဟု ခေါ်လိုက်သည်။
သို့သော် သူ့ မြေစေးရုပ်တုအပေါ်ပိုင်းကို သတိရသွားသောအခါ ကျူးပိုင်ယွီ အမူအရာမှာ ထူးဆန်းသွားသည်။
“မင်း ဘယ်နှစ်ကြိမ်လောက် အောင်မြင်မယ်လို့ထင်လဲ ?”
“ကျွန်မရဲ့ စိတ်အခြေအနေပေါ် မူတည်တာပေါ့”
“...!”
“ကောင်းပြီလေ” ယင်လီ အလွယ်တကူ သဘောတူလိုက်သည်။
“ဝိညာဉ်လက်နက် ပညာရှင်ကြီးတစ်ယောက်တောင်မှ မရေမတွက်နိုင်တဲ့ ကျရှုံးမှုတွေကနေ သင်ယူခဲ့ရတာပဲ”
“ကျူးပိုင်ယွီ ပေးပါလိမ့်မယ်”
ကျူးပိုင်ယွီ : “???”
သို့သော် သူသည် သူ့ငွေရောင်ပေါက်တူးကို ကြည့်လိုက်ပြီးနောက် မတတ်သာဘဲ ဆေးပုလင်းတစ်လုံးကို စုကျိုထံသို့ လှမ်းပစ်ပေးလိုက်သည်။
“ထဲမှာ ဆေး ၁၂ လုံးပါတယ်၊ ဒါကို ကြိုတင်ပေးချေမှုလို့ သတ်မှတ်လိုက်၊ နောက်မှ ပြန်နုတ်မယ်”
စုကျို ဝမ်းသာအားရ လက်ခံလိုက်သည်။
ယခုအခါ သူမသည် ဝိညာဉ်ကျောက်တုံး ၁၀၀ တန်ဖိုး ရှိသော ပစ္စည်းများကိုကူးယူရန် တွန့်ဆုတ်နေတော့သည်။ သူ ခေါင်းကို နောက်သို့လှန်ကာ ဆေးအားလုံးကိုတစ်ကျိုက်တည်းနှင့် မြိုချလိုက်တော့သည်။
ကျူပိုင်ယွီနှင့် ယင်လီ : “...”
စုကျီကျီနှင့် စုရှင်းချန်တို့ကမူ ၎င်းကို အသားကျနေပြီဖြစ်သဖြင့် အနီးအနားတွင် ကြိုးစားပမ်းစားကျင့်ကြံနေကြပြီး တစ်ခါတစ်ရံမှသာ စုကျိုကို လှမ်းကြည့်ကြသည်။
“လာခဲ့လေ”
စုကျိုသည် ဆေးများကို သကြားလုံးကဲ့သို့ စားပြီးနောက် သူ့ သွေးနှင့်စွမ်းအင်တန်ဖိုးမှာ ၁၃၀၀ ကျော်သွားပြီး၊ ယင်လီ၏သစ်သားလုပ်ငန်းစားပွဲဆီသို့ ခေါင်းညိတ်ပြလျက် လျှောက်သွားလိုက်သည်။
သူမသည် ညာဘက်လက်တွင် ပတ်ထားသော အဝတ်စများကိုဖြည်လိုက်သည်။
ထိုအခါမှသာ ယင်လီနှင့် ကျူးပိုင်ယွီတို့သည် သူ့ ညာဘက်လက်မှာ တစ်ချိန်လုံး အဝတ်ပတ်ထားသည်ကို သတိပြုမိကြသည်။
“ဘယ်လောက်ကြာမလဲ ? ငါတို့ အပြင်ထွက်ပေးရမလား?”
ယင်လီသည် ဝိညာဉ်ပညာရှင်အများစုမှာ ၎င်းတို့၏နည်းပညာများကို လျှို့ဝှက်ထားတတ်ကြောင်း အမှတ်ရလိုက်သည်။
သို့သော် စုကျို ခေါင်းခါပြလိုက်ပြီး၊ လက်မဝက်သာရှိသော သစ်သားထွင်းထုဓားလေးကို သူ့ ညာဘက်လက်ညှိုးဖြင့် အသာအယာထိလိုက်သည်။
[ ယင်လီ၏ထွင်းထုဓားလေးကို စစ်ဆေးပြီး - အဆင့်ဝက်၊ ဝိညာဉ်ကျောက်တုံး ၂၉၉ တုံးဟု ခန့်မှန်းရသည်၊ အံ့ဩစရာကောင်းလောက်အောင် ဈေးပေါသော်လည်း ယင်လီသည် ဤဓားကို အသားကျလို့နေသည်။ ]
[ ဓားသွား၏ဆယ်ပုံတစ်ပုံသာ သံနက်ဖြစ်ပြီး ကျန်သည်မှာ သာမန်သံသာ ဖြစ်သည်။ ]
စုကျို : “...”
သူမသည် ယင်လီ၏ဈေးကြီးပုံရသော အဝတ်အစားများကို မကြည့်မိဘဲ မနေနိုင်တော့ပေ။
ဤတစ်ကြိမ်တွင် သူ လျင်မြန်စွာ သတိပြုမိလိုက်သည်မှာ ယင်လီ၏ခမ်းနားလှသော အနက်ရောင်ဝတ်စုံ အနားသတ် အောက်မှ ဟောင်းနွမ်းနေသော အတွင်းခံအဝတ်စ တစ်ခု ပြူထွက်နေခြင်းပင်။ သေချာကြည့်လိုက်သောအခါ သူ့ခေါင်းပေါ်မှ ဆံထိုးများမှာလည်း ရွှေရည်စိမ်ထားသော ကြေးနီများဖြစ်ပုံရပြီး အနည်းငယ်ဟောင်းနွမ်းနေသည်ကို သတိပြုမိလိုက်သည်။
စုကျိုသည် ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
ဒါ သူမ ပထမဆုံးအကြိမ် တက်ကြွစွာကူးယူခဲ့သည့် ပစ္စည်းဖြစ်ပြီး၊ အဆင့်ဝက်သာရှိသဖြင့် ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်လက်နက်ဟုပင် မသတ်မှတ်နိုင်သော ပစ္စည်းတစ်ခုသာ။
သို့သော် သူမ အမူအရာမှာ ပျက်ယွင်းသွားခြင်းမရှိပေ။
ကူးယူခြင်းလုပ်ငန်းစဉ်မှာ ယခင်ကထက်ပင် ပိုမိုမြန်ဆန်စွာပြီးဆုံးသွားသည်။
ယင်လီက စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ်မှာပင် စုကျို သည် သူ့ ညာဘက်လက်မောင်းတွင် အပူရှိန်တစ်ခုကို ခံစားလိုက်ရပြီး တစ်ခုခုပြုတ်ကျလာသည်။
“ပြီးပြီ၊ နင်တို့အားလုံး ဘေးဖယ်ပေးကြဦး၊ ပစ္စည်းချဖို့ နေရာပေးကြ” ဟု စုကျို အတွေ့အကြုံရှိသူပီပီ ပြောလိုက်သည်။
“?”
ဝိညာဉ်ပညာရှင် ယင်လီမှာ အံ့သြသွားရသည်။
“ပြီးပြီလား ? မြန်လှချည်လား...”
သူ့စကားမဆုံးမီမှာပင် စုကျိုသည် သူ့ ညာဘက်လက်ကို သစ်သားအလုပ်စားပွဲပေါ်သို့ တင်လိုက်သည်အား တွေ့လိုက်ရသည်။
‘ဖတ်... ဖတ်... ဖတ်... ဖတ်’
‘ဖတ်... ဖတ်... ဖတ်’
ချလွင်...
သတ္တုချင်းထိခိုက်သံ ကိုးကြိမ်ဆက်တိုက် စားပွဲပေါ်တွင် မြည်ဟည်းသွားတော့သည်။
ယင်လီ နောက်သို့ လန်ကျသွားသည်။
ကျူပိုင်ယွီမှာမူ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိ သည်။
သူ ဤအခြင်းအရာအား ဘယ်နှစ်ကြိမ်မြင်မြင်၊ မျက်စိထဲတွင် လုံးဝအသားမကျသေးပေ။
စုကျိုကမူ ၎င်းတို့၏ အံ့သြမှင်သက်နေမှုကို ကြည့်ရင်း တည်ငြိမ်စွာပြောလာသည်။
“နင်တို့ ကံကောင်းမကောင်း ကြည့်ရအောင်၊ တကယ်လို့ ပထမတစ်ကြိမ်မှာတင် အောင်မြင်တယ်ဆိုရင် ငါ နင်တို့ကို နောက်ထပ် ဆယ့်တစ်ကြိမ်အထိ ကူညီပေးနိုင်သေးတယ်”
သူသည် စည်းကမ်းရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်။
ထို့ကြောင့်လည်း ဇွန်ဘီကမ္ဘာပျက်ကပ်တွင် နောက်ဆုံးအချိန်ထိ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
သူ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရချိန် သို့မဟုတ် သေလုမျောပါး ဖြစ်နေချိန်တွင်ပင် မည်သူကမှ သူ့အားအမြတ်မထုတ်နိုင်ခဲ့ကြပေ။
အကြောင်းမှာ သူမသည် ကျိုးကြောင်းဆီလျော်သူဖြစ်ပြီး၊ မည်သူ့အပေါ်တွင်မှ အကြွေးမတင်စေရန် နေထိုင်တတ်သောကြောင့်ပင်။
အသက်ရှင်ကျန်ရစ်သူများဆိုသည်မှာ တစ်ဦးကိုတစ်ဦး လေးစားကြသူများသာ ဖြစ်သည်။
“လျှို့ဝှက်ချက်ကို ဖွင့်ပြလိုက်စို့”
စုကျိုသည် သူ့ မျက်တောင်များကို ပင့်လိုက်ပြီး၊ ဘယ်ဘက်လက်ဖြင့် သူ့ညာဘက်လက်မောင်းမှ ရှည်လျားလှသော ပဲစိမ်းရောင်ဝတ်စုံလက်အင်္ကျီကို မတင်လိုက်သည်။
လက်အင်္ကျီအောက်မှ လက်မောင်းတစ်ခုလုံးရှိ အမာရွတ်များကို မြင်လိုက်ရသောအခါ ယင်လီ၏လှပသောမျက် လုံးများမှာ ဒေါသဖြင့် တောက်လောင်သွားရတော့သည်။
“ကောင်စုတ်!”
“တိရစ္ဆာန် ချန်ကျိုး!”
ကျူးပိုင်ယွီ အမူအရာမှာ ခန့်မှန်းရခက်လှသည်။ စုကျို၏ သွေးရောင်းစားခဲ့ရသော အမာရွတ်များမှာ ဤမျှအထိ လတ်ဆတ်နေဆဲဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် နောက်တစ်ခဏ၌ ယင်လီဒေါသနှင့် ကျူပိုင်ယွီ၏ ရှုပ်ထွေးသော စိတ်ခံစားမှုများမှာ စုကျို လက်ကောက် ဝတ်ဆီသို့ အကြည့်ရောက်သွားချိန်တွင် သရဲသဘက်အား မြင်လိုက်ရသကဲ့သို့ အံ့သြမှင်သက်မှုအဖြစ်ပြောင်းလဲသွားရတော့သည်။
“ဒါ... ဒါက...?”
ယင်လီ ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်သဖြင့် သူမ၏ လေးလံလှသောဝတ်စုံမှာ ကုလားထိုင်ကိုပင် မှောက်သွား စေသည်!
သို့သော် သူ ဂရုမစိုက်နိုင်ပါ။ ယင်လီသည် စားပွဲပေါ်မှ ပထမအဆင့် ရတနာအလင်းတန်းများ ဖြာထွက်နေသော၊ သူ့ လက်မဝက်သာရှိသော ဓားလေးထက်ဆယ်ဆမက ပိုကြီးသည့် ယပ်တောင်ပုံစံ ထွင်းထုဓားကိုးလက်ကို ဆွံ့အစွာစိုက်ကြည့်နေမိသည်။ မဟုတ်သေးဘူး... ဒါတွေက ဟင်းချက်ဓားတွေနဲ့ပိုတူနေတယ် !
ယင်လီ အလွန်အံ့သြသွားသဖြင့် စကားပင် မပြောနိုင်တော့ပေ။
၎င်းတို့သည် ဟင်းချက်ဓားများသာ။
ထွင်းထုဓားများ မဟုတ်ပေ။
စုကျိုသည် ၎င်းတို့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ယင်လီကို နှမြောတသစွာ ခေါင်းခါပြလိုက်သည်။
“နင် ကျရှုံးသွားပြီ၊ နင် ကံမကောင်းဘူးပဲ”
ယင်လီ၏ မူလဓားထက် ပိုမိုတန်ဖိုးရှိလှသော ထိုပထမအဆင့် ဟင်းချက်ဓားကိုးလက်ကို သူ စားပွဲ၏အခြားတစ်ဖက်သို့ ဂရုမစိုက်စွာဖြင့် ဝှေ့ယမ်းတွန်းပို့လိုက်သည်။
ယင်လီ လှပသောမျက်နှာပေါ်မှ နီမြန်းသောနှုတ်ခမ်းလွှာတို့မှာ အံ့သြလွန်းသဖြင့် အဝိုင်းသားဖြစ်နေသည်။
ဒါကို ‘ကံမကောင်းဘူး’ လို့ ခေါ်တာလား ?
အမလေး ဘုရားရေ!
သူမသည် အဆင့်ပင်မရှိသော ထွင်းထုဓားအစုတ်လေး တစ်လက်ထဲကနေ ပထမအဆင့်ဟင်းချက်ဓားမကြီး ကိုးလက်တောင် ရလိုက်တာလေ!
အဲဒါကို ‘ဝိညာဉ်မြှင့်တင်ဆေး’ တစ်လုံးတည်းနဲ့ ရလိုက်တာ!!!
ယင်လီသည် သူ့ မျက်လုံးများ တောက်ပလာကာ ထိုဓားမကြီးကိုလက်လှမ်းကိုင်ကြည့်လိုက်ပြီး၊ သူ့ ညာဘက်ပေါင်ရှိ ဓားအိမ်ထဲသို့ ထိုးထည့်ရန် အမူအရာလုပ်ကြည့်သည်။
သို့သော် ၎င်းက ကြီးလွန်းနေသည်!
တောက်! ဓားမကြီးက သူ့ ပေါင်ထက်တောင် ပိုကြီးနေသေးသည်။
ဓားမကိုးလက်ကို သူ့ပေါင်မှာ ချိတ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး!
ယင်လီ မျက်လုံးများမှာ ဝေဝါးသွားရသည်။
ကျူပိုင်ယွီမှာလည်း အကြာကြီးငြိမ်သက်နေပြီးမှ သတိပြန်ဝင်လာကာ “ဒါဆို... ဒါဆိုလည်း စုကျို၊ နောက်တစ်ခါ ထပ်စမ်းကြည့်ပါလား...?”
ထပ်စမ်းကြည့်ရင် နောက်ထပ် ရတနာတစ်ခုထပ်ရဦးမှာပဲ!
ယင်လီ၏ဝေဝါးနေသော မျက်လုံးများ ပြန်လည်တောက်ပလာပြန်သည်!
စုကျိုသည် ဓားမကြီးကြောင့် ပြဲထွက်သွားသော သူ့ ညာ ဘက်လက်မောင်းမှ ပဲစိမ်းရောင်အင်္ကျီလက်ကို ကြည့်လိုက်သည်။
“နင့် အဝတ်အစားအတွက် ငါတာဝန်ယူတယ်!”
ယင်လီ သူ့ ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်!
စုကျိုသည် ယင်လီ၏ခရမ်းရောင်ကြာပန်းများ ပန်းထိုးထားသည့် ခမ်းနားလှသောဝတ်စုံကြီးကို ကြည့်လိုက်သော်လည်း တကယ်တမ်းတွင်မူ သူ မလိုချင်ပေ။
“နောက်ထပ် သုံးကြိမ်လောက်ထပ်စမ်းကြည့်မယ်၊ ပြီးရင်တော့ ငါ နားတော့မယ်”
စုကျို ငုံ့ကြည့်လိုက်သောအခါ သူ့ လက်ကောက်ဝတ်မှ သစ်ကိုင်းပုံစံ အမှတ်အသားနှစ်ခု ပျောက်ကွယ်သွားပြီး လေးခုသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။
သူမသည် ‘ဝိညာဉ်စစ်ထုတ်ခြင်း’ဆဋ္ဌမအဆင့်အထိ ပြန်လည်နာလန်ထူလာခဲ့ပြီဖြစ်သည်။
သို့သော် နောက်ထပ် အကြိမ်များစွာအသုံးပြုရန် သူ မခံနိုင်သေးပေ။
သူမ၏ ‘သွေးနှင့်စွမ်းအင်’ ကျွမ်းကျင်မှုကို အသက်သွင်းရန်နှင့် ကူးယူထားသော ပစ္စည်းများကိုပုံဖော်ရန်အတွက် သူ ကျင့်ကြံထားသော ဝိညာဉ်စွမ်းအင်များလိုအပ်သည်။
“ကောင်းပြီ! တကယ်လို့ လေးကြိမ်စလုံး မအောင်မြင်ရင်လည်း မနက်ဖြန်မှ ထပ်စမ်းတာပေါ့”
ယင်လီ မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
ထိုအုပ်စုမှာ သစ်သားလုပ်ငန်းစားပွဲအားဝိုင်းအုံ၍ နောက်တစ်ကြိမ် ထပ်မံစောင့်ကြည့်ကြပြန်တော့သည်။
Chapter 40
ခဏအကြာတွင် စုကျိုသည် ထူးဆန်းသောအမူအရာဖြင့် သစ်သားလက်ကိုင်ပါရှိပြီး သံနက်ဇွန်းငယ်လေးများ တပ်ဆင်ထားသည့် ပထမအဆင့် ‘နားဖာကလော်’ ကိုးခုကို ထုတ်ယူလိုက်သည်။
ကျူပိုင်ယွီ : “!”
ယင်လီ : “အာ...”
ခဏအကြာတွင် သူမသည် ‘သံနက်သတ္တုရိုင်း’ အတုံးအခဲ ကိုးတုံးကို ထပ်မံထုတ်ယူလိုက်ပြန်သည်။
ယင်လီ : “!”
စတုတ္ထအကြိမ်တွင် စုကျိုသည် သူမ၏ ဝိညာဉ်စွမ်းအားများပြန်လည်ပြည့်ဝလာစေရန် ‘ချန်ကျိုး၏ အင်္ကျီညာလက်’ ကိုအသုံးပြုလိုက်ရာ၊ ထိုအင်္ကျီလက်မှာ သူ့လက်ထဲတွင် ပြာအဖြစ်ပြောင်းလဲသွားတော့သည်။
စုကျိုက အံ့သြတုန်လှုပ်သွားသော စုကျီကျီကို တည်ငြိမ်စွာပင် “ဒါက သာမန် ပျက်စီးယိုယွင်းမှုပဲ၊ ဒါက ကောင်းတဲ့အရာပဲ၊ အကုန်သုံးပစ်လိုက်မှ အသစ်ရမှာလေ” ဟု ပြောလိုက်သည်။
စုကျီကျီကမူ ခေါင်းညိတ်လိုက်သည်။
ဤတစ်ကြိမ်တွင် စုကျိုသည် ခေတ္တမျှထိုင်နေပြီးမှ ထရပ်လိုက်ကာ ယင်လီကိုကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
“နင် ကံကောင်းသွားပြီ”
သူ့ ညာဘက်လက်ဖြင့် ယင်လီရှိရာသို့ တစ်ပုံစံတည်းတူ သော ပါးလွှာသည့် ထွင်းထုဓားကိုးလက်ကို ချက်ချင်းလှမ်းပစ်ပေးလိုက်သည်!
ဓားသွားအထူ၊ အရွယ်အစားနှင့် ပုံသဏ္ဌာန်၊ ၎င်းပြင် ဓား သွေးထားသည့် ထောင့်အချိုးအစားအထိ အားလုံးမှာတစ်ထပ်တည်း တူညီလှသည်။
ယင်လီ : “...”
ကိုးလက်တောင်!
သူက ကျူပိုင်ယွီဘက်သို့ လှည့်ကာ “နင် ငါ့ကို လိမ်ပြောရဲတယ်ပေါ့! လေးဆထွက်နှုန်း ဆို!”
“...ကျွန်မမှာ ပါရမီရှိတာ အမှန်ပဲ၊ လေးဆထွက်နှုန်းပါ"
စုကျို သူ့လက်ကို ဆန့်ထုတ်ပြရင်း - “ဆရာတောက်က အဲဒီလို ပြောခဲ့တာလေ”
“!”
အထပ် ၃၀ မြောက်တွင် တာဝန်ကျနေသော တောက်ရန်မှာ ရုတ်တရက် နှာချေလိုက်မိသည်။
“အားလုံး တကယ်ကောင်းတယ်”
ယင်လီသည် ထွင်းထုဓားတစ်လက်ချင်းစီကို သေချာစစ်ဆေးကာ ချီးကျူးနေမိသည် - “ငါ့ဓားနဲ့ တစ်ပုံစံတည်းပဲ၊ လက်ထဲမှာ ကိုင်ရတာလည်း မကွာခြားဘူး။ သံနက်ပါဝင်မှုက ပိုမြင့်နေတော့ ပိုတောင် ထက်သေးတယ်”
စုကျိုသည် သိုလှောင်ရုံမှတ်တမ်းကို တစ်ချက်ကြည့်လိုက်သည်။
[ ထွင်းထုဓားကူးယူမှု - ဘေးထွက်ဆိုးကျိုး မရှိပါ။ ]
ဒါက အဆင့်ဝက်ပဲ ရှိသေးလို့မျာူလား?
ဒါဆိုရင် သူမအနေဖြင့် ‘ဝိညာဉ်စစ်ထုတ်ခြင်း’ အဆင့်မှ ‘အခြေခံတည်ဆောက်ခြင်း’ အဆင့်သို့ တက်ရောက်သွားပါက ပထမအဆင့်ပစ္စည်းများကို ကူးယူရာတွင် မည်သည့်အမှားအယွင်းမျှ ရှိတော့မည်မဟုတ်ပေ။
စုကျိုက ယင်လီကို ခေါင်းညိတ်ပြလျက် “ဒီဓားတွေအားလုံး နင်ယူလိုက်တော့၊ နင် ငါ့အတွက် ဝိညာဉ်ရတနာ သုံးခုကို အခမဲ့ပြင်ပေးမယ်ဆိုတော့ ငါလည်း ဝမ်းမြောက်ဝမ်းသာ ကူညီပေးရတာပေါ့”
ယင်လီ ခေါင်းညိတ်သည် - “ပြဿနာမရှိဘူး၊ ပြင်ချင်တဲ့ ပစ္စည်းတွေကို ပေးလိုက်၊ အခုပဲ စလုပ်ပေးမယ်”
စကားပြောနေစဉ်မှာပင် သူမသည် ဓားအသစ်နှစ်လက်ကို လက်ထဲတွင် ကိုင်ထားပြီးဖြစ်သည်။ သူမသည် ၎င်းတို့ကို ဟိုဘက်ဒီဘက် ပြောင်းကိုင်ကြည့်ရင်း အလွန်ပျော်ရွှင်နေပုံရသည်။
စုကျို ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် မောင်နှမနှစ်ယောက်၏သိုလှောင်အိတ်ထဲမှ မြေစေးရုပ်တု ကိုးခု၊ ကျောက်စိမ်းကုတင် ကိုးခုနှင့် သစ်သားခြေထောက် ခုနစ်ဖက်ကို ထုတ်ယူလိုက်သည်။ အင်္ကျီလက်ပုံကြီး တစ်ပုံလည်း ပါဝင်သည်။
“အင်္ကျီလက်တွေကို ပြင်လို့ရရင်လည်း ပြင်ပေးပါ၊ ငါ အခ ကြေးငွေ ပေးပါ့မယ်”
ယင်လီသည် ကြောင်အမ်းအမ်းဖြင့် မမ်မီရုပ်ကဲ့သို့ အဝတ်ပတ်ထားသည့်၊ အမျိုးသားတစ်ဦးဟုထင်ရသော မြေစေးရုပ်တုတစ်ခုကို ကိုင်ကြည့်လိုက်သည်။ သူ့ အခြားလက်တစ်ဖက်ကလည်း အမျိုးသားတစ်ဦး၏ ညာဘက်ခြေ ထောက်ပုံစံ သစ်သားထွင်းထုကို ထိတွေ့မိသွားသည်...
နေပါဦး၊ ဒါကြီးက ဘာကြီးလဲ?!
ကျူးပိုင်ယွီသည် သူ့မျက်နှာကိုလက်နှစ်ဖက်ဖြင့် အုပ်လိုက်ပြီး စုရှင်းချန်အား ချက်ချင်းနောက်သို့ ဆယ်လှမ်းခန့်ဆွဲခေါ်သွားသည်။
ယင်လီသည် မြေစေးရုပ်တုနှင့် သစ်သားခြေထောက်များကို ထိတွေ့လိုက်သည်နှင့် သူ့အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
“ဒါက ကျူပိုင်ယွီရဲ့ ခန္ဓာကိုယ်အထက်ပိုင်းလား ? ချန်ကျိုးရဲ့ညာဘက်ခြေထောက်!???”
“သူတို့ ပြောပြတာတော့... သူတို့ရယ်၊ ကျူးပိုင်ယွီရယ်၊ ချန်ကျိုးရယ်က အချိန်ရဲ့ ဆယ်ပုံတစ်ပုံ ဒါမှမဟုတ် ဆယ့် နှစ်ပုံတစ်ပုံကို အတူတူ မျှဝေခံစားနေကြရတာတဲ့”
စုကျို မျက်ခုံးပင့်လိုက်သည်။
ယင်လီ စွမ်းရည်မှာ အရာဝတ္ထုများကို ‘ဖတ်ရှု’ နိုင်ခြင်းလော ? ချန်ကျိုးကဲ့သို့သော ဝိညာဉ်ပင်များနှင့် ဆက်သွယ်နိုင်ခြင်းမှာ အဆင့်မြင့်ပါရမီရှင်တစ်ဦး၏အဆင့်မြှင့်တင်ထားသော စွမ်းရည်များလား ?
“မှန်တယ်” ကျူးပိုင်ယွီက ခေါင်းညိတ်သည် - “သူက အသစ်မဖန်တီးနိုင်ဘဲ ပြုပြင်တာပဲလုပ်နိုင်ရတဲ့ အကြောင်း ရင်းက သူ့ရဲ့ပြုပြင်ခြင်းစွမ်းရည်ဟာ သစ်သားဓာတ်ပစ္စည်းတွေရဲ့ ဘဝစက်ဝန်းတစ်ခုလုံးကိုဖတ်ရှုနိုင်တဲ့အပေါ်မှာ အခြေခံထားလို့ပဲ”
“သူက အရာဝတ္ထုတွေရဲ့ မူလပုံစံကိုမြင်နိုင်တယ်၊ ပြောင်း လဲမှုတွေကို နားလည်တယ်၊ ဒါကြောင့် ဘယ်လိုပြင်ရမလဲ ဆိုတာ သိတာပေါ့”
“ဒါဆို သံနက်ဓာတ်ပါတဲ့ ဝိညာဉ်ရတနာတွေကျတော့ရော ?” စုကျို စပ်စုမေးမြန်းသည်။
ကျူးပိုင်ယွီ နှာခေါင်းရှုံ့လိုက်သည် - “သစ်သားနဲ့ ထိတွေ့ထားသရွေ့၊ ဥပမာ - သစ်သားစားပွဲပေါ် တင်ထားတာမျိုးပဲဖြစ်ဖြစ်၊ အဝတ်နဲ့ ပွတ်တိုက်မိတာမျိုးပဲဖြစ်ဖြစ်၊ ဝိညာဉ်ရတနာအားလုံးမှာ သစ်သားဝိညာဉ်စွမ်းအင်တွေ စိမ့်ဝင်နေတတ်တယ်၊ ယင်လီက သစ်သားဓာတ် ဝိညာဉ်စွမ်းအင်တွေနဲ့ ဆက်သွယ်နိုင်စွမ်း အကောင်းဆုံးအဆင့်မြင့် ရတနာတစ်ပါးပဲလေ”
စုကျီကျီနှင့် စုရှင်းချန်တို့မှာ အားကျသောမျက်လုံးများဖြင့် ကြည့်နေကြသည်။
သို့သော် ကျူးပိုင်ယွီကမူ ထပ်မံ၍ - “ဒါ မကောင်းဘူး၊ ဝိညာဉ်စွမ်းအင် ပိုအားကောင်းလေ၊ သေစေနိုင်တဲ့အားနည်းချက်က ပိုသိသာလေပဲ”
ကျူးပိုင်ယွီ စုကျိုကို ကြည့်လိုက်သည်။
“ဥပမာ - မင်းရဲ့ သွေးနဲ့စွမ်းအင်တွေ ကုန်ခမ်းနှုန်းဟာ သာမန်ကျင့်ကြံသူတွေထက် အများကြီးပိုများနေတယ်၊ အရင်ကတော့ ဒဏ်ရာကြောင့်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ အခုကြည့်ရတာ ဒါ မင်းရဲ့ ဝိညာဉ်စွမ်းအင်အတွက် ပေးဆပ်နေရတဲ့ တန်ဖိုးပဲ”
စုကျို အံ့သြစွာ ရေရွတ်လိုက်မိသည်။
ဒါ သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
“ယင်လီလည်း မင်းထက် သိပ်မသာပါဘူး၊ မင်းလိုပဲ နုနယ်တဲ့အရာလေးပါပဲ၊ ဒါပေမဲ့ ဒီလိုအားနည်းချက်တွေဆိုတာ ကျင့်ကြံသူတွေရဲ့ လျှို့ဝှက်ချက်တွေပဲ၊ မင်းဘာသာ မင်းပဲ လေ့လာကြည့်တော့”
စုကျို မျက်ခုံးပင့်လိုက်ပြီး ကျူးပိုင်ယွီကိုယ်ပေါ်မှအဖိုး တန် ဖဲကြိုးရှစ်ချောင်းကို နောက်ဆုံးတော့ အလေးအနက် ကြည့်လိုက်မိသည် - ‘သင့်မြတ်ခြင်းက ချမ်းသာကိုဆောင် သည်’၊ ‘ပြုံးရွှင်စွာဖြင့် လူတို့ကို ကြိုဆိုပါ’၊ ‘ရိုက်နှက်ခံရရင်တောင် ငါ ဒေါသမထွက်ဘူး’... ယခင်ကတော့ သူမသည် သူက ပိုက်ဆံရှာဖို့ကိုပဲ အာရုံစိုက်နေသည်ဟုထင်ခဲ့သော်လည်း၊ အကြိမ်အနည်းငယ် လေ့လာကြည့်ပြီးနောက် သူနှင့် ရင်းနှီးသွားသည့်အခါ သူက အတော်လေးရက်ရောတတ်ကြောင်းတွေ့ရှိခဲ့သည်။
ထို့ကြောင့် ဤဖဲကြိုးများသည် သူ့အား ပိုက်ဆံရှာရန် တိုက်တွန်းနေခြင်း မဟုတ်ပေ။
၎င်း အစား—
“နင့်ရဲ့အားနည်းချက်က ဒေါသထွက်လွယ်တာလား?”
ကျူးပိုင်ယွီ တိတ်ဆိတ်သွားသည်။ ထိုအဖိုးတန် ဖဲကြိုးရှစ်ချောင်းမှာ လှုပ်ခတ်သွားပြီး ခဏမျှဝဲလွင့်နေပြီးမှ ပြန်ကျသွားသည် - “...အဓိပ္ပာယ်မရှိလိုက်တာ”
စုကျီကျီ နှင့် စုရှင်းချန် : “...”
စုကျို ခပ်တိုးတိုးရယ်လိုက်ပြီး သူ့အား အရှက်မခွဲတော့ပေ။ ထို့နောက် သူ ယင်လီထံ ကြည့်လိုက်သည်။
ယင်လီမှာ ရှုပ်ထွေးသောအမူအရာဖြင့် လက်နှစ်ဖက်စလုံးတွင် ဓားကိုကိုင်ကာ သစ်သားခြေထောက်များ၊ မြေစေးရုပ်တုများနှင့် အခြားအရာဝတ္ထုများကို လျင်မြန်စွာပြုပြင်နေသည်ကို မြင်လိုက်ရသည်!
မရေမတွက်နိုင်သော ဝိညာဉ်မျှင်တန်းများသည် သူ့ ထွင်းထုဓားထိပ်ဖျားများမှတစ်ဆင့် ဖြတ်သန်းသွားကြသည်။ ဓားနှစ်လက်မှာ ပန်းထိုးအပ်များကဲ့သို့ပင်...
မွန်းတည့်ချိန်ရောက်သောအခါ အနာအဆာကင်းသော ဝိညာဉ်ရတနာပုံလေးပုံသည် စားပွဲပေါ်တွင် သပ်ရပ်စွာ တင်ထားပြီး ၎င်းတို့၏မူလဝိညာဉ်ရတနာ အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။
“...”
ယင်လီမှာ အလွန်အမင်း စိတ်ပျက်အားငယ်နေပုံရပြီး သူ့ ထွင်းထုဓားများကို ညာဘက်ပေါင်ရှိ ဓားအိမ်ထဲသို့ ထိုးထည့်လိုက်သည်။
“ဟူး... အမျိုးသားကျင့်ကြံသူတွေကိုရွံရှာရတဲ့ နောက်ထပ်တစ်ရက်ပေါ့”
“ဟိုအမှိုက် ချန်ကျိုးမှာခြေမွှေးတွေရှိတယ်၊ ပြီးတော့ ဟိုယုတ်မာတဲ့ ကျူးပိုင်ယွီက အတွင်းခံအင်္ကျီတောင် မဝတ်ထားဘူး...”
ကျူပိုင်ယွီ : “...!”
ယင်လီသည် သေခါနီးအလုပ်ကြိုးစားသူတစ်ဦးကဲ့သို့ စုကျိုဘက်သို့ လှည့်ကြည့်လိုက်သည်။
“အားလုံး ပြင်ပြီးပြီ၊ ပြန်ယူသွားပြီး ဆက်သုံးတော့၊ နောက်တစ်ခါကျရင်တော့ ငါ အခကြေးငွေ ယူမှာနော်”
သူမက ဝိညာဉ်ရတနာသုံးခုကို အခမဲ့ပြင်ပေးမည်ဟု ကတိပေးခဲ့ခြင်းဖြစ်သည်။
တစ်ခုချင်းစီက ကိုးခုစီ ဖြစ်နေလိမ့်မည်ဟု မည်သူ သိမည်နည်း!
ပင်ပန်းလွန်းလှသည်။
ယင်လီသည် စားပွဲပေါ်သို့ မောပန်းနွမ်းနယ်စွာ မှောက်ချလိုက်သည်။
“သူ့ရဲ့ အားနည်းချက်က တကယ်ပဲ ဒေါသထွက်လွယ်တာ၊ သူက သစ်ပင်အားလုံးကိုအမိန့်ပေးနိုင်ပြီး ဧကရာဇ်တစ်ပါးရဲ့ စွမ်းအားမျိုးရှိပေမဲ့၊ သူ့ရဲ့ စိတ်ခံစားချက်တွေကမတည် ငြိမ်ဘူး၊ ထိန်းချုပ်မှု လွတ်သွားတတ်တယ်”
“သူ ပင်ပန်းတဲ့အခါ ဒေါသထွက်တယ်၊ ဘာမှလုပ်စရာမရှိရင်တောင် ဒေါသထွက်တယ်၊ နေ့တိုင်း ဒေါသထွက်နေတာ”
စုကျီကျီ နှင့် စုရှင်းချန် : “...”
“သူ ဒေါသထွက်တဲ့အခါ သူအမိန့်ပေးထားတဲ့ သစ်ပင်တွေက သူ့ကိုပြန်သတ်မယ့် လက်နက်တွေ ဖြစ်လာတာ၊ ဒါကြောင့်လည်း ဒီလူက သူ့ရဲ့စိတ်လှုပ်ရှားမှုတွေ ဖောက်ပြန်လာတိုင်း သူ့ကိုသတိပေးမယ့် ချုပ်တည်းရေး စည်းကမ်းထိန်းသိမ်းရေး ဖဲကြိုးရှစ်ချောင်းကို ကိုယ်မှာ ပတ်ထားတာပေါ့”
“ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် သူ့မှာ ခံနိုင်ရည် သိပ်မရှိဘူး၊ သူက အပြင်ထွက်တာ၊ ကျင့်ကြံတာ ဒါမှမဟုတ် အလုပ်လုပ်တာကို အကြာကြီးမလုပ်နိုင်ဘူး၊ သူ့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းညှိဖို့ နေ့တိုင်း လုံလောက်တဲ့ အနားယူချိန်ရှိနေဖို့ လိုအပ်တယ်”
“ဟေး... ငါ မင်းကို အဲဒါတွေ ပြောခိုင်းလို့လား ?”
ကျူးပိုင်ယွီ စိတ်တိုတိုဖြင့် ပြောလိုက်သည်။
စုကျို : “...”
ထိုနေ့က သူသည် အမွှေးတိုင်တစ်တိုင် ကုန်အောင်ထွန်းပြီးနောက် ဘာကြောင့် အနားယူရန်လိုအပ်သည်ကို ယခုမှ နားလည်တော့သည်။
စုကျီကျီနှင့် စုရှင်းချန်တို့မှာ အံ့အားသင့်သွားကြသည်။
မြင့်မြတ်သောအဆင့်ရှိသည့်အရာပင်လျှင် သူတို့ထင်သလောက် မကောင်းလှသည်ကို သိလိုက်ရသည်။
ဤကမ္ဘာပေါ်တွင် အရာအားလုံးသည် ပေးဆပ်မှုနှင့်အတူ လာခြင်းဖြစ်သည်။
ယင်လီ သူ့ကိုယ် သူ ညွှန်ပြလိုက်သည် - “ငါကျတော့လည်း ငါ့ရဲ့ မြင့်မြတ်သောအဆင့် စိတ်ချင်းဖတ်နိုင်တဲ့ စွမ်းရည်ကြောင့် သဘာဝအတိုင်း အလွန်အကဲဆတ်တယ်၊ ငါ့မှာ အားနည်းချက်တစ်ခုရှိတယ်၊ အဲ့ဒါက လှပတဲ့အရာတွေဆို ငါ မတွန်းလှန်နိုင်တာပဲ”
“လှပတဲ့လူပဲဖြစ်ဖြစ်၊ လက်ရာမြောက်တဲ့ ဝိညာဉ်ရတနာပဲဖြစ်ဖြစ် တွေ့လိုက်ရရင် ငါကတော့ လုံးဝကို မတတ်နိုင်တော့ဘူး၊ ဟူး... တခြားတစ်ဖက်လူက အဆိပ်ပြင်းတဲ့လူ ဒါမှမဟုတ် လူဆိုးဖြစ်နေရင်တောင်မှပေါ့!”
စုကျိုသည် သူမ စွမ်းအင်များ လျင်မြန်စွာကုန်ခမ်းနေခြင်းမှာ တကယ်တော့ အားနည်းချက်မဟုတ်သည်ကို သဘော ပေါက်သွားသည်။
ယင်လီကဲ့သို့ လူမျိုးနှင့် တွေ့ဆုံရခြင်းကမှတကယ့် ပြဿ နာဖြစ်သည်။
“ဒါတွေကို ကျွန်တော်တို့ကို ပြောပြလို့ ရလို့လား ?”
စုရှင်းချန်က ရှုပ်ထွေးသောအမူအရာဖြင့် မော့ကြည့်သည်။
“ကျွန်တော့် ညီမလေးရော ကျွန်တော်ရော မြင့်မြတ်သောအဆင့် ပါရမီရှိတဲ့ ကျင့်ကြံသူတွေ မဟုတ်ကြဘူးလေ”
စုကျီကျီမှာလည်း သူမ မကြားသင့်သောအရာကိုကြား လိုက်ရသည်ဟု သတိပြုမိသွားကာ ထိတ်လန့်တကြားဖြင့် စုကျိုကို ကြည့်လိုက်သည်။
ယင်လီ သူတို့ကို ပြုံးပြလိုက်သည် - “နင်တို့က ဘယ်သူ ဘယ်ဝါမှ မဟုတ်တာမှ မဟုတ်တာ၊ နင်တို့က မြင့်မြတ်ဘသောအဆင့် ပါရမီရှိတဲ့ ကျင့်ကြံသူရဲ့မိသားစုဝင်တွေပဲလေ”
စုကျီကျီနှင့် စုရှင်းချန်တို့မှာ အံ့အားသင့်သွားကြသည်။
“နင်တို့မှာ သိပိုင်ခွင့်ရှိသလို သိဖို့လည်း တာဝန်ရှိတယ်”
ယင်လီ၏နူးညံ့သော အပြုံးမှာ ပြတင်းပေါက်အပြင်ဘက်မှ မြူဆိုင်းနေသော ကောင်းကင်ယံကိုကြည့်ရင်း ပထမဆုံးအကြိမ် တည်ကြည်လေးနက်သွားသည်။