← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

Chapter 41

“ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ၊ အထပ် ၃၀ အောက်က သာမန်ကျင့်ကြံသူတွေဟာ ၁၀ ရာခိုင်နှုန်းလောက်ပဲ အသေအပျောက်ရှိခဲ့ပေမဲ့၊ မြင့်မြတ်သောအဆင့် ကျင့်ကြံသူတွေကတော့ ၇၀ ရာခိုင်နှုန်းအထိတောင် အသေအပျောက် များခဲ့တယ်လေ”

စုကျီကျီနှင့် စုရှင်းချန်တို့၏ အမူအရာများမှာ သိသိသာသာပြောင်းလဲသွားကြသည်။

ယင်လီ သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။

“အပေါ်ကို ပိုတက်လေလေ၊ ကမ္ဘာကြီးက ပိုအန္တရာယ်များလာလေလေပဲ၊ နင်တို့မှာရှိတဲ့ မွေးရာပါအားနည်းချက်တွေကလည်း ပိုပြီး အသက်အန္တရာယ်ဖြစ်လာလိမ့်မယ်၊ မိသားစုဝင်တွေအနေနဲ့ ဒါကို နားလည်ထားပြီး အမြန်ဆုံးကြိုတင်ပြင်ဆင်ထား သင့်တယ်လေ”

စုရှင်းချန်သည် စုကျိုအား ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့်ကြည့်လိုက်သည်။ သူမသည် ပစ္စည်းတစ်ခုထုတ်ယူလိုက်တိုင်း အချိန်အတော်ကြာ အားအင်ကုန်ခမ်းနေတတ်သည်။

ယခုအခါ ဆေးလုံးများသောက်ပြီး ပြန်လည်နာလန်ထူနိုင်သည်ဟုဆိုသော်လည်း၊ ရန်သူ သို့မဟုတ် မိစ္ဆာသားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရပါက ထိုခဏတာအားနည်းသွားမှုမှာ တကယ်ပင် အသက်အန္တရာယ်ဖြစ်လာစေနိုင်သည်။

ယင်လီ မတ်တတ်ရပ်လိုက်ပြီး သစ်သားစားပွဲကိုပြန်သိမ်းလိုက်သည်။

“မကြာခင်မှာပဲ နင်တို့တွေ အထက်ပိုင်းကို ရောက်လာနိုင်တော့မှာပါ...”

“အဲဒီအချိန်ကျမှ တကယ့်ကျင့်ကြံခြင်းက စမှာ”

စုကျို ဒါကို ကြိုတင်တွေးဆထားပြီးသားဖြစ်သည်။

ဝိညာဉ်ပိုးဖလံဂေဟာ၏ပထမထပ်တွင် သာမန်ကျင့်ကြံသူများသည် ဝိညာဉ်ကျောက်တုံးများ ရှာဖွေနိုင်သရွေ့သစ်သားအိမ် လေးထဲမှာနေရင်း ကာကွယ်ရေးအစီအရင်၏စောင့်ရှောက်မှုကို ခံစားနိုင်သည်။

သို့သော် ကမ္ဘာပျက်ကပ်တွင်ဖြစ်စေ၊ စည်းစနစ်နှင့် တိုးတက်မှုဆိုင်ရာ စည်းမျဉ်းများရှိနေသည့် မည်သည့်နေရာတွင်မဆို အားကောင်းသော လူတစ်စုသည် အထက်အရပ်မှနေ၍ အရာရာကိုထိန်းချုပ်ထားသောကြောင့်သာ ထိုသို့ဖြစ်နေခြင်းဖြစ်သည်။

တကယ့်အန္တရာယ်က အထက်အဆင့်တွေမှာ ရှိနေတာ

ဒီစိုက်ပျိုးရေးခြံရဲ့ အောက်ဆုံးထပ်မှာ ရှိနေတာ မဟုတ်ဘူး

“ဒါဆို ကျဲတို့က အထပ် ၁၀ ဒါမှမဟုတ် အထပ် ၂၀ အထိ တက်နိုင်တဲ့ စွမ်းအားရှိနေတာတောင်မှ ကိုယ့်ရဲ့ အားနည်းချက် တွေကို မကျော်လွှားနိုင်သေးလို့ ဒီမှာပဲ သောင်တင်နေကြတာလား ?” စုကျိုထံ ဤမေးခွန်းရှိနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။

ကျူးပိုင်ယွီနှင့် စတင်တွေ့ဆုံခဲ့သည့် ပထမဆုံးညမှာပင် သူသည် ‘အခြေခံတည်ဆောက်ခြင်း’အဆင့်သို့ရောက်ရှိနေပြီဖြစ် ကြောင်း သူ သိခဲ့သည်။ ထိုအဆင့်မှာ တောက်ရန်နှင့် အဆင့်တူပင်။

ပထမထပ်တွင် ဝိညာဉ်စွမ်းအင်မှာ အားနည်းလှပြီး ရင်းမြစ်များမှာလည်း ရှားပါးလှသည်။

စွမ်းရည်ရှိသူတစ်ယောက်က ဘာကြောင့် အောက်ဆုံးထပ်မှာပဲ ဆက်နေနေရတာလဲ ?

ကျူးပိုင်ယွီက နှာခေါင်းရှုံ့လိုက်သည်။ သူ့ နားရွက်များမှာ အနည်းငယ် နီမြန်းနေသည်။

“ငါ့မှာလည်း ငါ့အကြောင်းနဲ့ ငါ ရှိတာပေါ့”

ယင်လီ ဟက်ဟက်ပတ်ပတ် ရယ်မောလိုက်သည်။

“သူ့ရဲ့ အားနည်းချက်က ဒေါသထွက်လာရင် ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တာလေ၊ ပထမထပ်မှာဆိုရင် သူက အင်အားကြီး တယ်၊ ဘယ်သူမှ သူ့ကို မဆွရဲတော့ သူ တည်တည်ငြိမ်ငြိမ်နေနိုင်တာပေါ့၊ ဒါပေမဲ့ အထပ် ၃၀ ကျတော့ အခြေခံတည် ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက နေရာတိုင်းမှာ ရှိနေတာ၊ ကျင့်ကြံခြင်းရဲ့ ဖိအားကလည်း အရမ်းကြီးတော့ သူ ဘာမှမလုပ်ရသေးခင်မှာတင် ဒေါသတွေပေါက်ကွဲပြီး သေသွားနိုင်တယ်လေ”

ကျူးပိုင်ယွီ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

“မင်း ကျတော့ရော! မင်းလည်း လှတဲ့သူတွေ့ရင် အရှုံးပေးတတ်တဲ့ ကာမဂုဏ်လိုက်စားသူပဲ မဟုတ်ဘူးလား! အထပ် ၃၀ မှာဆိုရင် အသေအလဲ တိုက်ခိုက်တာကိုခွင့်ပြုထားတယ်၊ ကျင့်ကြံသူတွေကို နေ့တိုင်းတိုက်ခိုက်ဖို့ တိုက်တွန်းထားတာ မင်းဆိုရင် ပထမဆုံးနေ့မှာတင် အလှလေးတစ်ယောက်ရဲ့ ဓားနဲ့ထိုးသတ်တာ ခံလိုက်ရမှာပဲ”

ယင်လီ : “...ပါးစပ်ပိတ်စမ်း”

စုကျို : “...”

စုကျီကျီ ၊ စုရှင်းချန် : “...”

“ငါ သေမှာကို မကြောက်ပါဘူး၊ ဒါပေမဲ့ လွယ်လွယ်နဲ့တော့ အသေမခံနိုင်ဘူး”

ယင်လီ သက်ပြင်းချလိုက်ပြီး ပြတင်းပေါက်နားတွင် မတ်တတ်ရပ်ကာ သူ့လှပသော မျက်နှာကိုမော့လျက် တစ်ယောက်တည်း ရေရွတ်လိုက်သည် -

“မဟုတ်ရင် ငါ ဒီအဆင့်က အမျိုးသမီးကျင့်ကြံသူတွေအတွက် ဘယ်လိုလုပ်စံပြပုဂ္ဂိုလ်ဖြစ်နိုင်မှာလဲ?”

“ငါ နှစ်ပေါင်းငါးဆယ်အတွင်း ဒီအဆင့်မှာ အုပ်ချုပ်ရေးအကြီးအကဲဖြစ်လာတဲ့ ပထမဆုံးအမျိုးသမီးကျင့်ကြံသူပဲ”

“ရွှေရောင်အလင်းတန်းတွေ ဖြာထွက်နေပြီး၊ ခမ်းနားတဲ့ဝတ်စုံတွေကို ဝတ်၊ ဘယ်သူမှမယှဉ်နိုင်အောင် သန်မာနေမှသာ အောက်ခြေက အားနည်းတဲ့ အမျိုးသမီးကျင့်ကြံသူတွေကို ယုံကြည်မှုပိုပေးနိုင်မှာ!”

“တကယ်လို့ ငါသာ အထပ် ၃၀ ကို ရောက်တဲ့ ပထမဆုံးနေ့မှာတင် သေသွားခဲ့ရင်...”

ယင်လီ၏လှပသော မျက်နှာပေါ်ထက် ထိတ်လန့်ရိပ်တစ်ခုဖြတ်ပြေးသွားသည်။

“ငါ့ကို ယုံကြည်ကိုးစားနေတဲ့၊ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် မနိမ့်ကျဘူးလို့ထင်နေကြတဲ့ အောက်ခြေက အမျိုးသမီးကျင့်ကြံသူတွေ ဘာဖြစ်သွားမလဲ?”

နေ့စဉ်နေ့တိုင်း အထက်လူကြီးများဆီမှ သတင်းအချက်အလက်များကို ဤအဆင့်သို့ ထုတ်လွှင့်ပေးနေခြင်းဖြစ်သည်။

ယင်လီ့နောက်ကွယ်တွင် မရေမတွက်နိုင်သော အောက်ခြေအမျိုးသမီးကျင့်ကြံသူများ၏မျှော်လင့်ချက်များ ရှိနေသည်!

“အရင်ကတော့ ငါ တကယ်ကို အပေါ်တက်ဖို့မဝံ့ရဲခဲ့ဘူး”

ယင်လီသည် ကြီးမားသော ဖိအားအောက်တွင်ရှိနေပြီး၊ ထုတ်လွှင့်ပြသမှုများထဲတွင် သူမ ဓားတစ်ချက်တည်းဖြင့် အထိုးခံရကာ အားကိုးရာမဲ့ ဖြစ်နေမည့်ပုံစံကို သူ စိတ်မကူးရဲခဲ့ပေ။

ဒါပေမဲ့ အခုတော့...

ယင်လီ စုကျိုကို လှည့်ကြည့်လိုက်သည်။

ယင်လီ တစ်ကိုယ်လုံးမှ အလင်းညစ်ညမ်းမှု အထူးပြုလုပ်ချက်ကြီးမှာ နောက်တစ်ကြိမ် ထပ်မံလင်းလက်လာသည်ကို စုကျို သတိပြုမိလိုက်သည်!

သူမ မျက်ခုံးနှစ်ခုကြားရှိ ‘အကြီးအကဲ’ ဆိုသော စာလုံးမှာ ယနေ့မနက်က သူမကိုလာရှာသော ရှာဖွေရေးမီးကြီးထက်ပင် ပိုမိုတောက်ပနေပြီး၊ ပြုပြင်ရေးခန်းတစ်ခုလုံးကို မျက်စိကျိန်းစေသော နေရောင်ခြည်အဖြစ်သို့ပြောင်းလဲပစ်လိုက်တော့သည်!

ယင်လီသည် ရွှေရောင်အလင်းတန်းများကြားတွင် လုံးလုံးလျားလျား မြုပ်ဝင်သွားကာ သူ့မျက်ခုံးနှင့် မျက်လုံးများကိုပင် မြင်နိုင်စွမ်း မရှိတော့ပေ။

【ချန်ကျိုး၏ရုပ်သွင် (ကူးယူခြင်း)】

【အသက်ဝင်လှသော ‘လူသားအရေပြား’ မျက်နှာဖုံးဖြစ်သော်လည်း အမှန်စင်စစ်တွင် သစ်ခေါက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သေချာဂရုတစိုက် မကြည့်ပါက ရုပ်ဖျက်ထားသည်ဟု လုံးဝမသိနိုင်ပေ!】

ယခင်က စုကျိုသည် ဤအရာကိုကြည့်ရသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု ယူဆကာ မုန်ညင်းစေ့အိတ်၏ အောက်ခြေတွင်ထည့်ထားပြီး ၎င်း၏ အင်္ကျီညာဘက်လက်ဖြင့် ဖုံးအုပ်ထားခဲ့သည်။

ယခုအခါ စုကျိုသည် ထိုမျက်နှာဖုံးကိုလက်ထဲဆုပ်ကိုင်လိုက်ပြီး၊ ပြုပြင်ရေးခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်ကာ အံ့အားသင့်စွာ စိုက်ကြည့်နေကြသော လူလေးယောက်ကိုကြည့်လိုက်သည်။

နောက်ဆုံးတွင် သူ့ အကြည့်သည် ကလေးနှစ်ယောက်ကိုကျော်ဖြတ်၍ ကျူးပိုင်ယွီ၏ချောမောဆဲဖြစ်သော မျက်နှာပေါ်တွင် ရပ်တန့်သွားသည်။

ဖတ် —!

သူ ၎င်းကို ကျူးပိုင်ယွီ မျက်နှာပေါ်သို့ ဆတ်ခနဲကပ်လိုက်သည်!

ကျူးပိုင်ယွီ : “!”

ကျူးပိုင်ယွီ : “?”

“ယင်လီ... သူ့ကို တစ်ချက်လောက် ရိုက်ကြည့်စမ်း၊ ဘာဖြစ်မလဲဆိုတာ ကြည့်ရအောင်”

“ကဲ... အခုဆို ကျဲ လက်လှုပ်လို့ရပြီမှတ်လား ?”

ယင်လီ : “!”

ကျူးပိုင်ယွီ : “???”

စုကျီကျီ ၊ စုရှင်းချန် : “!!”

ဘုရားရေ!

ဘုရားရေ!

ဘုရားရေ!

ကျူးပိုင်ယွီ၏ စိတ်ခံစားမှုထိန်းချုပ်ရေး ဖဲကြိုးရှစ်ချောင်းမှာ တုန်ရီနေတော့သည်။

သူ လက်သီးဆုပ်ခန့်ရှိသော ဝိညာဉ်ကျောက်တုံးတစ်တုံးကိုထုတ်ကာ သူhမျက်နှာကို အလင်းပြ၍ကြည့်လိုက်သည်။

“...”

“!!!”

သူ မြင်လိုက်ရသည်မှာ ထူးဆန်းသော... မဟုတ်ဘူး၊ မထူးဆန်းပါဘူး၊ ဒါ စုကျို သုံးလလောက်ကူညီပေးခဲ့တဲ့ ဟို ‘လှေ’... ယောက်ျားကျင့်ကြံသူရဲ့ မျက်နှာပဲ!

“ချန်ကျိုး...” စုရှင်းချန် သူ့ကိုလှည့်ကြည့်ရင်း အံ့ဩလွန်းသဖြင့် နောက်သို့ တစ်လှမ်းဆုတ်သွားမိသည်။

ကျူးပိုင်ယွီသည် ‘ချန်ကျိုး’ မျက်နှာအားတပ်ထားသော်လည်း သူ့ ကိုယ်ပိုင်မြစိမ်းရောင်ဝတ်ရုံနှင့် ကျောက်စိမ်းခါးပတ်ကိုသာ ဝတ်ထားဆဲဖြစ်သည်။

ပထမတစ်ချက်ကြည့်လျှင် ဘာမှမထူးခြားသလိုပင်။

သူသည် ချန်ကျိုးနှင့် တစ်ပုံစံတည်း ထပ်တူညီနေသည်မဟုတ်ပါလား!

သို့သော် ကျူးပိုင်ယွီကမူ ချန်ကျိုးထက် အရပ်ပိုရှည်သည်။ ဤကဲ့သို့ သိမ်ဖျင်းသောမျက်နှာမျိုးနှင့် ကျူးပိုင်ယွီအား ရင်းနှီးသူများ အဖို့တော့ တစ်ခုခုထူးဆန်းနေသလို ခံစားရစေသည်။

ဒါပေမဲ့ ဘာက ထူးဆန်းနေတာလဲဆိုတာကိုတော့ သူတို့ အတိအကျ မပြောနိုင်ကြချေ။

ချန်ကျိုးရဲ့မျက်နှာဖုံးက ကျူးပိုင်ယွီရဲ့ မျက်နှာနဲ့ လုံးဝကို ကွက်တိကျနေတာကြီးလေ။

“တောက်! ဒါကို ခွာပေးစမ်းပါ စုကျို!”

ကျူးပိုင်ယွီ သူ့မျက်နှာကိုပင် လက်နှင့် မထိရဲတော့ပေ။

အခု သူက ဘယ်သူလဲ ?

သူ ဘယ်မှာလဲ?!

ဒါက ဘာလို့ ဒီလောက်တောင် တူနေရတာလဲ?!

တခြားသူရဲ့မျက်နှာကို ကိုယ့်မျက်နှာမှာ ပေါက်လာသလိုမျိုး... ဒါက တကယ် ရွံစရာကောင်းလွန်းတယ်။

ကျူးပိုင်ယွီ စိတ်ဓာတ်တွေ ပြိုလဲသွားရပြီး၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားသည့် ကျောက်စိမ်းခါးပတ်တွေမှာ ရူးသွပ်စွာ တုန်ခါလာတော့သည်။

“အား...”

ပြုပြင်ရေးခန်းတစ်ခုလုံးရှိ သစ်သားစားပွဲတွေ၊ စင်တွေ၊ တူတွေနဲ့ ပေါက်တူးတွေဟာ ရုတ်တရက် ရူးသွပ်စွာကြီးထွားလာပြီး၊ အရပ်မျက်နှာအနှံ့ ထက်မြသည့် ဆူးချွန်များနှင့် ပစ်ခတ်လိုက်တော့သည်!

စုရှင်းချန်သည် စုကျီကျီအား သူ့အနောက်သို့ ချက်ချင်းဆွဲခေါ်လိုက်ပြီး၊ ခုခံရန်အတွက် သစ်သားခြေထောက် ခုနစ်ဖက်ကို ထုတ်လွှတ်လိုက်သည်။

သို့သော် ဖဲကြိုးရှစ်ချောင်းမှာလွင့်ဝဲနေပြီး ကျူးပိုင်ယွီဒေါသတကြီး ရူးသွပ်နေစဉ်မှာပင်၊ သူ မြေပြင်ပေါ်သို့လက်သီးဖြင့် အထိုးခံလိုက်ရသည်။

“ကောင်စုတ်! ဒါကို ချွတ်လိုက်စမ်း!”

ယင်လီ သူ၏ ‘ပိုက်ဆံလှေ’ နှင့်တူသည့် မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်ခြင်းပင်!

“ပထမထပ်မှာ ရူးရဲသေးတယ်ပေါ့!!!”

“ငါ မထွက်သွားသေးဘူးနော်!!!”

“အမျိုးသမီးကျင့်ကြံသူတွေရဲ့ ရှေ့မှာ ရူးပြရဲတယ်၊ နင့်ကို သေအောင် ရိုက်သတ်ပစ်မယ်!”

ယင်လီ ကျူးပိုင်ယွီအားတစ်ချက်ပြီးတစ်ချက် ထိုးနှက်လိုက်ရာ၊ သူ့အား မြေကြီးထဲ သုံးလက်မလောက် မြုပ်ဝင်သွားစေသည် အထိပင်!

သူမ ညာဘက်ခြေထောက်မှ ဓားငယ်နှစ်လက်အား ထုတ်ယူပြီး သူ့ဆီကို ထိုးစိုက်လိုက်ပြန်သည်။

ကျူးပိုင်ယွီ ကျိန်ဆဲရင်း ဘေးသို့လူးလိမ့်ရှောင်လိုက်ရသည်၊ သူ့နဖူးနှင့်ကပ်လျက် မြေကြီးထဲစိုက်ဝင်သွားသည့် ထက်မြတဲ့ ဓားနှစ်လက်အား စိုက်ကြည့်ရင်း -

“နင် အတည်ကြီးလား?”

“ဘုရားရေ!”

“ယင်လီ... နင် တကယ် ပျောက်သွားပြီပဲ”

“အခုဆို နင် ငါ့ကိုတောင် ရိုက်နိုင်နေပြီ” ကျူးပိုင်ယွီ ‘ချန်ကျိုး’ မျက်နှာဖုံးအား ထိကြည့်လိုက်သည်။

ယင်လီ ခဏမျှကြောင်သွားပြီးမှ၊ ရွံရှာသောအမူအရာကို ပြလိုက်သည် - “ဒီမျက်နှာကြီးနဲ့ ဒါမျိုးတွေ လာမလုပ်နဲ့၊ ငါ တကယ် သတ်ချင်စိတ်ပေါက်လာလို့”

ကျူးပိုင်ယွီ : “...”

သူ မြေကြီးပေါ်က ထလာပြီး လက်ကဖုန်တွေကို ခါထုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင်၊ အစောပိုင်းရူးသွပ်ပြီး လက်နက်တွေအဖြစ် ပြောင်းလဲသွားသည့် သစ်သားစားပွဲနှင့် ပေါက်တူးများသည် ဘာမှမဖြစ်ခဲ့သလိုမျိုး မူလအတိုင်းပြန်ဖြစ်သွားတော့သည်။

“ယင်လီ... ငါ့ကို နောက်တစ်ခါ ထပ်ရိုက်ကြည့်ဦး—”

ဘုန်း~

သူ့ခေါင်း နောက်သို့လန်ထွက်သွားပြီး နှာခေါင်းမှ သွေးတွေစီးကျလာသည်။

ကျူးပိုင်ယွီ မျက်နှာကို အုပ်ရင်း - “ငါ စကားမဆုံးသေးဘူးလေ... ငါ့မျက်နှာကိုတော့ မရိုက်နဲ့ဦး”

ယင်လီ ထူးဆန်းစွာနှင့် သူ့ လက်သီးကို ပြန်ရုပ်သိမ်းလိုက်ပြီး၊ မြေပြင်ပေါ်ရှိ လူပုံသဏ္ဌာန် ချိုင့်ဝင်နေသော နေရာ၌ စိုက်နေဆဲဖြစ်သည့် ဓားနှစ်လက်ကို ကြည့်လိုက်သည်။

Chapter 42

“ငါ လုပ်နိုင်ပြီ!”

“ငါ့ရဲ့ အားနည်းချက် ပျောက်သွားပြီ၊ ဟားဟားဟား!”

စုကျို ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“အဲဒီလိုလား? အခက်အခဲဆိုတာ ကျော်လွှားဖို့ နည်းလမ်းအမြဲရှိတာပဲ”

စုကျီကျီနှင့် စုရှင်းချန်တို့ နှုတ်ခမ်းတွေတုန်ရီနေပြီး၊ ကျူးပိုင်ယွီရဲ့ ‘ချန်ကျိုး’ မျက်နှာကြီးကို ကြည့်ရင်း ကြောက်လန့်တကြား မျက်နှာလေးတွေကို အုပ်ထားလိုက်ကြသည်။

ကျူးပိုင်ယွီ သူတို့အား ကြည့်ရင်း စိတ်လှုပ်ရှားစွာ - “ဒါဆို နင်တို့ စိတ်ထဲမှာ ငါက ချန်ကျိုးထက် ပိုချောတယ်လို့ထင်နေကြ တာပေါ့”

“ဟုတ်တာပေါ့၊ ငါ့ရဲ့ ခန့်ညားထည်ဝါမှုက ဧကရာဇ်တစ်ပါးလိုပဲလေ—”

ဘုန်း~

ယင်လီနှင့် စုကျို သူ့အား လက်သီးတစ်ချက်၊ ခြေထောက်တစ်ချက်စီ လက်ဆောင်ပေးလိုက်ကြသည်။

“ဟူး... ဝန်မခံသေးဘူးပဲ”

ကျူးပိုင်ယွီ သူ့မျက်နှာပေါ်မှ ကပ်စေးစေး မျက်နှာဖုံးအားခွာချလိုက်ပြီး သူ့ရုပ်ရည်အစစ်အမှန်ကို ထုတ်ပြလိုက်သည်။

စုကျိုနှင့် ယင်လီတို့ တစ်ဦးကိုတစ်ဦး ကြည့်ပြီး နားလည်မှုရှိရှိပြုံးလိုက်ကြသည်။

သူတို့မျက်လုံးတွေအတွက်တော့ ဒါက အများကြီးပိုကြည့်ကောင်းသွားတာ အမှန်ပင်။

ကျူးပိုင်ယွီ ဝင့်ကြွားလွန်းတာ မှန်ပေမဲ့၊ သူနှင့်ယှဉ်ရင် ချန်ကျိုးမှာ ချောရုံလောက်သာရှိပြီး လုံးဝကို မလှပဘူးဆိုတာ ဝန်ခံရပါလိမ့်မည်။

ဒါ့အပြင် ချန်ကျိုးသည် အမျိုးသမီးများအပေါ်အားကိုးကာ၊ ယုတ်ညံ့သည့် စိတ်ဓာတ်ရှိသည်။ သူ့ ရုပ်ရည်သွင်ပြင်ဖြင့် ပေါင်းစပ်လိုက်ပါက အောက်တန်းစားဆန်သည့် အငွေ့အသက်တွေထွက်နေသည်မို့ ကြည့်ရတာတကယ်စိတ်ပျက် စရာကောင်းလှသည်။

အထူးသဖြင့် ခံနိုင်ရည်အားက သာမန်ထက်သာလွန်သည့် စုကျိုနှင့် ယင်လီတို့အဖို့မူ—

၎င်းတို့သည် ချန်ကျိုးလို လူမိုက်၊ အမှိုက်ကောင်ကို သည်းမခံနိုင်ကြသလို၊ လုံးဝ အထင်မကြီးကြပေ။ ကြည့်လေလေ ပိုအရုပ်ဆိုးလေလေပင်။

“ဒါ သစ်ခေါက်နဲ့လုပ်ထားတာပဲ”

ကျူးပိုင်ယွီ လက်ကိုင်ပုဝါဖြင့် သူ့မျက်နှာကိုသုတ်ရင်း လက်ထဲမှ ပေါ့ပါးသောမျက်နှာဖုံးကို အလေးချိန်ဆကြည့်လိုက်သည်။

“ယင်လီ... နင်ကလည်း လက်ပါလိုက်တာ၊ ညာဘက်ပါးတောင် အရေခွံလန်တော့မယ်”

“!”

ယင်လီ ကိုယ်ကိုတင်းလိုက်ပြီး အပြေးအလွှားသွားကာ ထိုအရုပ်ဆိုးလှသောမျက်နှာဖုံးကို တယုတယ ကိုင်ကြည့်လိုက်သည်။

“ငါ ပြင်လို့ရမလား ကြည့်လိုက်ဦးမယ်”

“ဒီအရုပ်ဆိုးတဲ့အရာကိုပဲ အနာဂတ်မှာ တိုက်ပွဲဝင်ဖို့ အားကိုးရတော့မှာ”

တကယ်လို့ သူမသာ လှပသည့်ရန်သူနှင့် တွေ့ခဲ့ပါက ထိုမျက်နှာဖုံးအား ၎င်းတို့မျက်နှာပေါ် ချက်ချင်းပစ်ကပ်လိုက်မည်ပင်။

ထိုသို့တွေးရင်း ယင်လီ ထပ်မံရယ်မောလိုက်ပြန်သည် - “ငါ့ရဲ့ အားနည်းချက်က ကျော်လွှားရတာ ဒီလောက်လွယ်တာလား ? စုကျို... ဒီအရုပ်ဆိုးတဲ့ မျက်နှာဖုံးအတွက် ဈေးပြောလိုက်တော့”

စုကျို မျက်ခုံးပင့်လိုက်ပြီး၊ ချက်ချင်းဆိုသလို မုန်ညင်းစေ့အိတ်ထဲမှ မျက်နှာဖုံးအထပ်လိုက်ကိုထုတ်ကာ သူမဆီသို့ လှမ်းပစ်ပေး လိုက်သည်!

ရှစ်ခုတောင်!

ယင်လီ အပြုံးမှာ နားရွက်ချိတ်မတတ် ကျယ်ပြန့်သွားသည် - “ငါ ဒါတွေကို ချွေတာသုံးပါ့မယ်၊ ပြီးတော့ သေချာပြုပြင်ထိန်း သိမ်းရင် အနည်းဆုံး ဆယ်နှစ်လောက်ခံမှာပဲ”

ကျူးပိုင်ယွီကမူ သူ့မျက်နှာထက် စပ်ဖျဉ်းဖျဉ်း ခံစားနေရသည်။

-

တစ်ဖက်တွင် ချန်ကျိုးသည် ပိုးစာပင်စိုက်ခင်းထဲ၌ အမျိုးသမီးကျင့်ကြံသူတစ်ဦးနှင့် စကားပြောနေသည်။

သူသည် စိတ်ပျံ့လွင့်နေပြီး၊ စုကျိုအားဆက်ပြီး လိမ်ညာနေလို့ မဖြစ်တော့ဘူးဟု တွေးနေမိသည်။

သူမကို အမြန်ဆုံးပြန်ဆပ်ရပေမည်။

မဟုတ်ပါက သူ့ခြေထောက်နာကျင်မှုသည် ဆက်ရှိနေဦးမှာဖြစ်ပြီး၊ နေ့ရောညပါ အေးအေးချမ်းချမ်း ကျင့်ကြံလို့ ရမည်မဟုတ်ချေ။

ချန်ကျိုးသည် စုကျိုအားစွန့်ပစ်ပြီး ဝိညာဉ်ကျောက်တုံးများလိမ်ယူရန် အခြားအမျိုးသမီးကျင့်ကြံသူများကို ရှာဖွေဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

သူသည် သူ့အား အထင်ကြီးလေးစားစွာကြည့်နေသော အမျိုးသမီးကျင့်ကြံသူကို ညင်သာသောအမူအရာဖြင့် ချက်ချင်း ချဉ်းကပ်လိုက်သည် - “မင်းက မြေသြဇာကျွေးတဲ့ နည်းစနစ်ကို သိပ်မသိသေးဘူးပဲ၊ ငါ သင်ပေးပါ့မယ်”

အမျိုးသမီးကျင့်ကြံသူမှာ မျက်နှာလေးနီသွားပြီး - “ဟွင်း...”

သို့သော် သူမ စကားမဆုံးမီမှာပင်၊ ချန်ကျိုး ဘယ်ဘက်ပါးမှာ ရုတ်တရက် တစ်ဖက်သို့လည်ထွက်သွားသည်။

ထို့နောက် ညာဘက်ပါးက ပြန်လည်လည်ထွက်လာပြန်သည်!

ဘုန်း—

“အား!”

ချန်ကျိုးသည် သူ့မေးရိုးအား အထိုးခံလိုက်ရသလို ခံစားလိုက်ရပြီး၊ ခေါင်းမှာနောက်သို့ လန်ထွက်သွားကာ နာကျင်စွာ အော်ဟစ်လိုက်မိသည်။

အမျိုးသမီးကျင့်ကြံသူမှာ ကြောင်အသွားသည်။

နောက်တစ်ခဏ၌ ချန်ကျိုးသည် သူ့ခေါင်းကို အုပ်လျက်အော်ဟစ်နေပြီး၊ သရဲတစ္ဆေတစ်ကောင်က သူ့မျက်နှာကို ဆွဲခေါ်သွားသလိုမျိုး ဘယ်ဘက်သို့ သုံးလှမ်းခန့်ပါသွားတော့သည်!

အမျိုးသမီးကျင့်ကြံသူမှာ ဆွံ့အသွားရသည်။

သူ့ကိုယ်မှာ ဘာဒဏ်ရာမှမရှိဘဲ ဝိညာဉ်ပူးကပ်ခံထားရသလိုဖြစ်နေသည်အား မြင်သောအခါ သူမ ချက်ချင်း ထိတ်လန့်သွား တော့သည် - “အား... ကျင့်ကြံသူချန်၊ ကျွန်မ နားလည်ပါပြီ၊ ကျွန်မ သွားတော့မယ်နော်!”

ချန်ကျိုး : “!”

-

ဝိညာဉ်ရတနာပြုပြင်ရေးခန်းထဲတွင် ယင်လီသည် နောက်ထပ် ‘ချန်ကျိုး’ မျက်နှာဖုံး ရှစ်ခုကိုလျင်မြန်စွာ စမ်းဝတ်ကြည့်နေ သည်။ သူမသည် ၎င်းတို့ကို ကျူးပိုင်ယွီမျက်နှာပေါ်သို့ ကပ်လိုက်ရာ၊ ကျူးပိုင်ယွီမှာ ကန်ခြင်း၊ ဂါထာမန္တန်များ ရွတ်ဖတ်ခြင်း၊ ဓားဖြင့်ထိုးခြင်းနှင့် လက်ဖြင့် ဆွဲခြင်းတို့ကိုလုပ်ဆောင်နိုင်ခဲ့ပြီး၊ အလွန်ကျေနပ်အားရစွာဖြင့် ဟက်ဟက်ပတ်ပတ် ရယ်မောနေ တော့သည်။

“ဝိညာဉ်ကျောက်တုံး ငါးထောင်လေးရာပါ၊ အားပေးမှုကို ကျေးဇူးတင်ပါတယ်” စုကျို သိုလှောင်ရုံဈေးနှုန်းကိုတစ်ချက် ကြည့်လိုက်ပြီး ပြုံးလျက်လက်ကမ်းလိုက်သည်။

တစ်သက်တာ အားနည်းချက်ကိုကုသပေးနိုင်သည့် အသက်ဝင်လှသော မျက်နှာဖုံးတစ်ခုအတွက် ဝိညာဉ်ကျောက် တုံးခြောက်ရာသာ ကျသင့်ခြင်းဖြစ်သည်။

ယင်လီမှာ ဤမျှအထိ ဈေးသက်သာပြီး တန်ဖိုးရှိလိမ့်မည်ဟု တကယ်မထင်ထားခဲ့ပေ!

တကယ်လို့သာ သာမန်ကုန်သည်ဆိုရင်၊ ဒါက သူမရဲ့သေစေနိုင်သည့် အားနည်းချက်အတွက် ဝယ်ခြင်းမှန်းသိပါက ဈေးကို နှစ်ဆလောက် တင်ပစ်ကြမည်မှာ သေချာပေါက်ပင်!

ဘာကြောင့်လဲဆိုတော့ သူ့အတွက်က ဒါ မျက်နှာဖုံးဝယ်တာမဟုတ်ဘဲ၊ သူ့ရဲ့ အနာဂတ်ကျင့်ကြံခြင်းလမ်းခရီး တည်ငြိမ်စွာ တက်လှမ်းနိုင်ဖို့၊ အနာဂတ်ခွန်အားနှင့်အသက်ကို ဝယ်ယူခြင်းဖြစ်သောကြောင့်ပင်!

ယင်လီ စုကျိုကို ကျေးဇူးတင်စွာကြည့်လိုက်သည် - “နင် စီးပွားရေးလုပ်တာ တကယ်မျှမျှတတရှိတာပဲ၊ စုကျို... ငါ နင်နဲ့ သူငယ်ချင်းဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီ”

သူမ စုကျိုအမည်ကို တည်ကြည်စွာခေါ်လိုက်သည်။

ထို့နောက် သူ့ အင်္ကျီလက်ထဲမှ ငါးထောင်တန်ငွေစက္ကူတစ်ရွက်နှင့် ဝိညာဉ်ကျောက်တုံးလေးရာကို နှမြောတသဟန်ဖြင့် ထုတ်ယူကာ စုကျိုထံသို့ကမ်းပေးလိုက်သည်။

စုကျိုသည် ငွေစက္ကူကိုလက်ခံရယူပြီး ကြည့်လိုက်ရာ၊ ၎င်းပေါ်တွင် “နေထွက်ချိန် ငွေတိုက်” ဟု ရေးထားပြီး၊ ငါးထောင် တန်ဖိုးအပြင် ကြေးပြားများနှင့် ပူဇော်သက္ကာပုံရိပ်များလည်း ပါရှိသည်။

စုကျီကျီသည် ငွေစက္ကူကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သဖြင့် စပ်စုလိုစိတ်ဖြင့် အနားသို့တိုးကြည့်သည်။

ယင်လီ သူမကို တစ်ချက်ကြည့်လိုက်ပြီး “တကယ်လို့ နင် ဝိညာဉ်ကျောက်တုံးပဲ လက်ခံမယ်ဆိုရင်တော့၊ ငါ နောက်ရက်တွေမှာ အပြင်ခဏထွက်ပြီးသွားလဲပေးမယ်၊ ပြီးမှ ပြန်လာခဲ့မယ်လေ”

ပြောရင်းနှင့် သူမ ပါးလေးများ အနည်းငယ်နီမြန်းသွားသည်။

“ငါ့ရဲ့ သိုလှောင်အိတ်ထဲမှာ အထွေထွေပစ္စည်းတွေနဲ့အပြည့်ပဲ၊ ဝိညာဉ်ကျောက်တုံး အများကြီးမဆံ့ဘူးလေ၊ ငွေစက္ကူက ပိုအဆင်ပြေလို့ပါ”

စုကျို ချက်ချင်း နားလည်သွားသည်။ ယင်လီသည် အပြင်ပန်းသာ ဟိတ်ဟန်ကြီးသော်လည်း တကယ့်တကယ်တွင် ငွေအများကြီးရှိလှသည်တော့ မဟုတ်ပေ။

သူမ သိုလှောင်အိတ်မှာလည်း စုကျို၏ ယခင်အိတ်ကဲ့သို့ပင် အဆင့်နိမ့်ပြီးသေးငယ်လှသည်။

“ငွေစက္ကူတွေကို အပေါ်ထပ်တွေမှာ တိုက်ရိုက်သုံးလို့ရတယ်” ယင်လီ တိုးတိုးလေး ပြောပြသည်။

“ဒါပေမဲ့ ငါတို့ အောက်ထပ်မှာတော့ လူအများစုက ဝိညာဉ်ကျောက်တုံးအကျိုးအပဲ့လေးတွေကိုပဲ ကိုင်နိုင်ကြတာ”

စုကျို နားလည်သွားသည်။ ပထမထပ်က လူတွေအားလုံး ဆင်းရဲကြသဖြင့် ငွေစက္ကူများကို အရောင်းအဝယ်အတွက် အသုံးမပြုနိုင်ကြခြင်းဖြစ်သည်။

သို့သော် သူမ အနေဖြင့် ၎င်းတို့ကို စုဆောင်းထားရုံနှင့် မဖြစ်နိုင်ပေ။

သူမသည် ငွေစက္ကူတစ်ရွက်ကိုကူးယူရန် စမ်းသပ်ကြည့်လိုက်ရာ၊ သိုလှောင်ရုံစာရင်းတွင် စက္ကူအလွတ်ပုံကြီးတစ်ခု ချက်ချင်းပေါ်လာသည်။

ထိုစာရင်းတွင် သတိပေးချက်တစ်ခု ပြနေသည်မှာ- [ ငွေစက္ကူအတု - ငွေတိုက်၏လိုက်လံဖမ်းဆီးခြင်းကို ခံရလိမ့်မည်။ ]

သူမအနေဖြင့် အပြင်ထွက်ပြီး ၎င်းတို့ကို ဝိညာဉ်ကျောက်တုံးများနှင့် သွားလဲရန် လိုအပ်နေသေးသည်။

စုကျို နှာခေါင်းရှုံ့လိုက်သည်။

“ကောင်းပြီလေ၊ ငါ့ရဲ့ အားလပ်ရက်ဖြစ်တဲ့ (၁၀) ရက်နေ့ကျရင် ငွေသွားလဲပေးမယ်!” ယင်လီ လွယ်လွယ်ကူကူပင် သဘောတူ လိုက်သည်။

စုကျို စဉ်းစားပြီးမှ - “ဒါဆိုရင် ငါလည်း နင့်နဲ့အတူ လိုက်ခဲ့မယ်”

သူမတွင် ယခုအခါ ဆယ်မီတာပတ်လည် အခန်းတစ်ခန်းစာခန့်ကျယ်ဝန်းသည့် တတိယအဆင့် မုန်ညင်းစေ့အိတ် ရှိနေပြီဖြစ် သဖြင့် လုံလောက်သည်ထက်ပိုနေပြီဖြစ်သည်။

ထို့ပြင် သူမသည် ငွေရသည်နှင့်တစ်ပြိုင်နက် အပြင်ထွက်ပြီးသုံးစွဲပစ်ချင်နေသည်။

စုကျို သဘောပေါက်လိုက်သည်မှာ ဤဂေဟာ၏ပထမထပ်တွင် တကယ်တမ်းကောင်းမွန်သောအရာဟူ၍ ဘာမှမရှိပေ။

သူမသည် နွားလှည်းနှင့် မြည်းလှည်းများကို အကြိမ်ကြိမ်ကူးယူခဲ့သော်လည်း ၎င်းတို့မှာ ဝိညာဉ်ကျောက်တုံး ၉၉ တုံးသာ တန်ဖိုးရှိကြသည်။

ယခင်က ကျောက်စိမ်းကုတင်ကိုလည်း ကူးယူပြီးသားဖြစ်သည်။

တိုးတက်မှုအတွက် နေရာမရှိတော့ပေ။

စုကျိုသည် ပြင်ပကမ္ဘာကြီးက မည်သို့ရှိသည်ကိုထွက်ကြည့်ချင်သလို၊ သူမ ဝယ်ယူပြီးကူးယူနိုင်မည့် ဒုတိယအဆင့် ဝိညာဉ်လက် နက်များ ရှိ၊ မရှိကိုလည်း သိလိုနေသည်။

ဟုတ်သား၊ သူမ ဆဋ္ဌမမြောက်တိရစ္ဆာန်ဖြစ်သော ဖူရှင်း၏သင်္ချိုင်းကိုလည်း သွားတူးချင်သေးသည်။

ယင်လီနှင့်အတူ သွားမည်ဆိုပါက အန္တရာယ်မှာ အလွန်လျော့နည်းသွားမည်ဖြစ်သည်။

“ကောင်းပြီလေ”

ယင်လီက သူ့ရင်ဘတ်ကို ယုံကြည်မှုအပြည့်ဖြင့်ပုတ်ပြသည် - “ငါ့ကိုသာ လွှဲထားလိုက်! ငါ့နွားလှည်းမှာ ကာကွယ်ရေးအစီအရင် ပါတယ်၊ ဒါကြောင့် အပြင်ထွက်တဲ့အခါ မိစ္ဆာတွေတိုက်ခိုက်ခံရမှာကို စိုးရိမ်စရာမလိုဘူး”

စုကျို ခေါင်းညိတ်လိုက်သည်။ ‘သဘောပေါက်ပြီ’

စုကျီကျီနှင့် စုရှင်းချန်တို့ မျက်လုံးများတွင်လည်း ခဏမျှ မျှော်လင့်ချက်အရိပ်အယောင်များပေါ်လာသည်။

သို့သော် ယင်လီသည် လူသားအရေပြားမျက်နှာဖုံးကို ပျော်ရွှင်စွာသိမ်းဆည်းပြီးနောက်၊ သူ့လက်ကို သစ်သားစားပွဲပေါ် တင်လိုက်သည်နှင့် အမူအရာကပြောင်းလဲသွားပြန်သည်။

“ဒုက္ခပဲ၊ တစ်ခုခု ဖြစ်နေပြီ!”

စုကျို ခြေလှမ်းများ ရပ်တန့်သွားသည်။

“ပထမထပ်ကို မုန်တိုင်းတစ်ခုလာနေပြီ!”

“အဆင့်မြင့် ကာကွယ်ရေးအစီအရင်က တတိယအဆင့် မိစ္ဆာတစ်ကောင်ရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရလို့ တစ်စိတ်တစ်ပိုင်း ပွင့်သွားပြီ၊ သည်းထန်တဲ့ မိုးဒဏ်ကိုမခံနိုင်တော့ဘူး၊ နောက်ရက်အနည်းငယ်အတွင်းမှာ ပထမထပ်မှာ မိုးကြီးလိမ့်မယ်”

ပြုပြင်ထားသော ငွေရောင်ပေါက်တူးကိုပြန်ယူပြီးသော ကျူးပိုင်ယွီလည်း ဤသတင်းကို ကြားသောအခါ ကြောင်အသွားသည်။

“အထက်ပိုင်းက ဒီလို ပဲပြားဖတ်လို နုနယ်တဲ့ကာကွယ်ရေးစနစ်က တကယ်ခေါင်းကိုက်စရာပဲ၊ စိတ်ချရတဲ့ အစီအရင်ဆရာ တစ်ယောက်မှ မရှိဘူးလား?”

စုကျိုဘေးမှ မောင်နှမနှစ်ယောက်မှာ ချက်ချင်းစိုးရိမ်တကြီးဖြစ်သွားကြသည်။

“စိုက်ခင်းထဲက ပိုးစာရွက်တွေ ထိခိုက်ကုန်မလား?”

ပိုးစာရွက်များမှာ သူတို့အတွက် အရေးအကြီးဆုံး ဝိညာဉ်ကျောက်တုံးရရှိရာ လမ်းကြောင်း မဟုတ်ပါလား!

“မြေထဲက ဝိညာဉ်ပင်တွေ ငါ့ကို ပြောပြတယ်၊ သူတို့ရနေတဲ့ စိုထိုင်းဆထဲမှာ သွေးနံ့ပါနေတယ်တဲ့၊ အဲဒါက ဝိညာဉ်အရွက် တွေကို ပုပ်သွားစေပြီး ဝိညာဉ်စွမ်းအင်တွေ ဆုံးရှုံးသွားစေလိမ့်မယ်”

ယင်လီ မျက်မှောင်ကြုတ်လိုက်ပြီး၊ လျင်မြန်စွာ မတ်တတ်ရပ်ကာ သူ့ မျက်ခုံးကြားရှိ ရွှေရောင် ‘အကြီးအကဲ’ စာလုံးကို အသာအယာထိလိုက်သည်။

ချက်ချင်းဆိုသလိုပင် ရွှေရောင်ပိုးစာရွက် ပုံသဏ္ဌာန်သတင်းအချက်အလက်များ သူ့ မျက်ခုံးကြားမှ လွင့်ပျံထွက်လာတော့သည်။

【 ပထမထပ်ရှိ ကျင့်ကြံသူအားလုံး သတိပြုရန်! နောက်ထပ် ငါးရက်အတွင်း ဝိညာဉ်အရွက်များကို တိုက်စားမည့် သည်းထန်သော မုန်တိုင်းတစ်ခု ပိုးစာစိုက်ခင်းများကို ဖြတ်ကျော်တိုက်ခတ်လိမ့်မည်။ 】

【 အားလုံးပဲ ငါးရက်အတွင်း ပိုးစာရွက် ရိတ်သိမ်းမှုကို အပြီးသတ်ကြပါ! 】

【 အမှားအယွင်း လုံးဝမရှိစေရ! 】

စုကျို သတိပြုမိသည်မှာ ထိုကလေးနှစ်ယောက်က ဝိညာဉ်ရွက်သတိပေးချက်ကို ရရှိသော်လည်း၊ သူမမှာမူ ရမနေပေ။

ယင်လီ သူမကို အံ့သြတကြီး ကြည့်လိုက်သော်လည်း၊ နောက်က သစ်သားစားပွဲကိုလှမ်းထိလိုက်သည်နှင့် နားလည်သွားသည် - “ဒါကြောင့်ကိုး၊ နင် ပြီးပြည့်စုံသောအဆင့် မြင့်မြတ်တဲ့ပိုးစာပင်ကို စိုက်ပျိုးထားတာပဲ”

“ဒီအဖိုးတန် ပိုးစာပင်ဟာ အရွက်တွေ မခူးရသေးခင်မှာတင် အထပ် ၃၀ အတွက် ပံ့ပိုးပေးဖို့ သတ်မှတ်ခံထားရပြီးသားပဲ။ ဒါဟာ အထက်ထပ်တွေနဲ့ဆိုင်သွားပြီ၊ ဒါကြောင့် ငါ့ရဲ့ ပထမထပ် အုပ်ချုပ်ရေးအာဏာအောက်မှာ မရှိတော့ဘူး”

စုကျို သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။

ယင်လီနှင့် သူငယ်ချင်းဖြစ်ရသည်မှာ အံ့သြစရာကောင်းလောက်အောင် လွယ်ကူလှသည်ကို သူ တွေ့ရှိလိုက်ရသည်။

သူ့ အနေဖြင့် အားစိုက်နေစရာမလိုပေ။ ယင်လီအား ရှင်းပြနေစရာ၊ ဖော်ပြနေစရာ သို့မဟုတ် ဆက်သွယ်နေစရာမလိုဘဲ၊ ယင်လီကသာ အရာအားလုံးကို သူ့ဘာသာ သူ နားလည်သွားခြင်းပင်။

တကယ်ကို နေလို့ကောင်းလိုက်တာနော်!

စုကျို မျက်နှာထက် ကျေနပ်နှစ်သိမ့်သော အရိပ်အယောင်များပေါ်လွင်လာတော့သည်။

All Chapters