အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
Chapter 43
အမှန်ပင်၊ ယင်လီစကားပြောပြီးသည်နှင့် ကောင်းကင်ယံမှ ရွှေရောင်ပိုးစာရွက်တစ်ရွက် လွင့်ပျံကျလာပြီး စုကျို ရှေ့တည့်တည့် တွင် လာနားသည်။ ထို့နောက် စုကျိုလက်ဖမိုးပေါ်တွင် “အရွက်သိမ်းဆည်းရန်” ဟူသော စာလုံးများ ပေါ်လာတော့သည်။
【 ပထမထပ်မှ စုကျို၊ ကျေးဇူးပြု၍ ငါးရက်အတွင်း ရတနာပင်မှ အရွက်သိမ်းဆည်းခြင်းကို အပြီးသတ်ပါ။ 】
【 မှတ်ချက် - ရတနာပင်အရွက်များကို ဒုတိယအဆင့် ကျောက်စိမ်းကပ်ကြေးဖြင့်သာ ညှပ်ရမည်ဖြစ်ပြီး၊ ဒုတိယအဆင့် ကျောက်စိမ်းခြင်းထဲသို့သာ ထည့်ရမည်။ 】
【 အထပ် ၃၀ အတွက် ရတနာအရွက် သိမ်းဆည်းခ - အရွက်တစ်ရွက်လျှင် ဝိညာဉ်ကျောက်တုံး ၁၀၀၊ ပျက်စီးနေသော အရွက်များကို လက်ခံမည်မဟုတ်ပါ။ 】
“တစ်ရွက်ကို ၁၀၀ တောင်...” စုကျီကျီ မျက်လုံးများ အရောင်တောက်သွားသည်။
စုကျို ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး တွက်ခြေကိုက်သည်ဟု ယူဆလိုက်သည်။ ဤအလုပ်မှ ရရှိမည့် အမြတ်အစွန်းကြီးကြီး မားမားက သူမကို အထက်ထပ်သို့ မြန်မြန်တက်နိုင်ရန်ကူညီပေးပေလိမ့်မည်။
သို့သော် သူမသည် ပထမထပ်တွင် ဒုတိယအဆင့်ကျောက်စိမ်းကပ်ကြေး သို့မဟုတ် ကျောက်စိမ်းခြင်းမျိုးကို တစ်ခါမှ မမြင်ဖူးပေ။
ကျူးပိုင်ယွီကပင် - “၁၀ ရက်နေ့ မင်းရဲ့အားလပ်ရက်ကျရင် အပြင်ထွက်ပြီး တစ်စုံလောက်ဝယ်လိုက်ပေါ့” ဟု ဆိုသည်။
ယင်လီ ခေါင်းညိတ်ရင်း - “ဒီအထပ်မှာ ကျောက်စိမ်းကပ်ကြေးရှိရင်တောင် နင် သုံးလို့မရဘူး၊ ကျောက်စိမ်းကပ်ကြေးက တခြားဝိညာဉ်ပင်တွေရဲ့ အငွေ့အသက်နဲ့ တစ်ခါညစ်ညမ်းသွားတာနဲ့၊ အဖိုးတန်ပိုးကောင်လေးတွေဟာ အဆင့်နိမ့်အညစ် အကြေးတွေနဲ့ ကူးစက်ခံရပြီး သူတို့ရဲ့အရည်အသွေးကို ထိခိုက်စေလိမ့်မယ်”
“အဲဒီအချိန်ကျရင် အထပ် ၃၀ က ပိုးကောင်တွေက အဲဒီအရွက်တွေကို စားမှာမဟုတ်တော့ဘူး”
ဝိညာဉ်ပင်များနှင့်ပတ်သက်လာလျှင် ယင်လီသည် အရာအားလုံးသိရှိနေသည့် ‘အရာခပ်သိမ်းသိ နတ်ဘုရားမ’ ကဲ့သို့ပင်။
စုကျို သူမကို ယုံကြည်သဖြင့် စိတ်အနှောင့်အယှက် မဖြစ်တော့ပေ။
“ဒါဆို အတော်ပဲ နောက်နှစ်ရက်နေရင် ငါတို့အားလပ်ရက်ရပြီ၊ အဲဒီတော့မှ နင်နဲ့အတူ အပြင်ထွက်ပြီး ငွေလည်းလဲ၊ ကျောက်စိမ်းကပ်ကြေးလည်း ဝယ်မယ်၊ ကံကောင်းရင် လျှော့ဈေးနဲ့ရမယ့် ဝိညာဉ်ရတနာတွေတောင် တွေ့နိုင်သေးတာပဲ”
ကျူးပိုင်ယွီ လက်မြှောက်ကာ - “ငါလည်း လိုက်မယ်”
သူသည် ခန္ဓာကိုယ်ထုံကျင်စေသော ဆေးလုံးဝယ်ချင်နေခြင်းဖြစ်သည်၊ ဤအထပ်တွင် လက်ကျန်မရှိတော့ပေ။
စုကျိုလက်ထဲရှိ မြေစေးရုပ်တုမှာလည်း ပြန်လည်ပြုပြင်ပြီးသွားပြီဖြစ်သည်။
“တောက်ရန်ကတော့ တကယ်ပဲ၊ ဘာမှမပြောမဆိုနဲ့ ထွက်သွားတာတောင် အထက်ထပ်ကနေ ဆေးလုံးတွေနဲ့ ဝိညာဉ်ရတနာတွေပို့ပေးတဲ့ လမ်းကြောင်းကိုပါ ပိတ်သွားသေးတယ်” ဟု ယင်လီ ပခုံးတွန့်ကာ ပြောလိုက်သည်။
“ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကာကွယ်ရေးအစီအရင်က မတည်မငြိမ်ဖြစ်နေတော့ ငါတို့လည်း ဘာမှမတတ်နိုင်ဘူး၊ အောက်ထပ်တွေမှာ အဆင့်မြင့်ဝိညာဉ်ရတနာတွေ အများကြီး မထားနိုင်ဘူးလေ၊ တစ်ခုခုလိုချင်ရင်တော့ အားလပ်ရက်ကျမှပဲ အပြင်ထွက်ဝယ်လိုက်တော့”
-
နှစ်ရက်အကြာတွင် တွေ့ဆုံရန် ယင်လီနှင့်ချိန်းဆိုပြီးနောက် သူတို့ လမ်းခွဲခဲ့ကြသည်။
သို့သော် စုကျို ခြေလှမ်းတစ်လှမ်းလှမ်းလိုက်သည်နှင့် ‘ဝိညာဉ်စစ်ဆေးရေး လက်ကောက်’ တွင် ဆက်သွယ်ရေးတံဆိပ် တွဲထားသည့် ယင်လီထံသို့ စာပို့ရန်သတိရသွားသည်။
[ စုကျို ] : “ကျဲဝယ်ထားတဲ့ အမျိုးသမီးကျင့်ကြံသူရဲ့ကျစ်ဆံမြီး ၉ ခု၊ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၃၉၉၉ တုံးဖိုးကို အရောင်းအဝယ်လုပ်ဖို့ မေ့သွားလို့”
စကားပင် မဆုံးသေးမီမှာပင်၊ မီးသီးကြီးတစ်လုံးနှင့်တူသောပုံရိပ်ကြီးက သူမ ဆီသို့ ဝုန်းခနဲ ပြေးဆင်းလာတော့သည်။
စုကျို ပါးစပ်မှာ ချက်ချင်းဆိုသလို အတင်းပိတ်ခြင်းခံလိုက်ရသည်။
ခမ်းနားစွာဝတ်ဆင်ထားသောမီးသီးကြီး ယင်လီ၏မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည် - “စုကျို... ဒါဆို ရောင်းတဲ့သူက နင်လား... ရှုး!”
“ငါ့ အကြောင်းကို မပြောနဲ့ဦး၊ ငါ ထိပ်ပြောင်နေလို့!”
စုရှင်းချန် : “...”
စုကျီကျီ : “အာ”
စုကျို ဆွံ့အသွားသည်၊ ဒါ တကယ်ကို ရုတ်တရက်ကြီးပင်။
စုကျိုသည် ထူထဲသောကျစ်ဆံမြီး ကိုးခုကိုထုတ်ယူကာ ယင်လီကိုပေးလိုက်သည် - “ဒါ ကျဲ လိုချင်တဲ့ဟာတွေ မဟုတ်လား”
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး... ဒါတွေက ငါလိုချင်တာတွေ မဟုတ်ပါဘူး” ယင်လီ မျက်နှာမှာ နီမြန်းသွားသည်။
စုကျို : “...”
“...အဲဒါ ကျူးပိုင်ယွီ လိုချင်တာလေ”
“ဟုတ်တယ် ဟုတ်တယ်၊ အဲဒါ ကျူးပိုင်ယွီ လိုချင်တာ” ယင်လီ သက်ပြင်းချလိုက်နိုင်သည်။
စုကျီကျီကအူ “အော်...” ဟု ရေရွတ်ကာ နားလည်သွားဟန် ပြသသော်လည်း၊ စုရှင်းချန်ကတော့ ပြောမပြတတ်အောင် ရှုပ်ထွေးနေသော အမူအရာရှိနေသည်။
ယင်လီသည် ချွေးများကို သုတ်ကာ ချက်ချင်းထွက်ပြေးသွားတော့သည်။
“နောက်နှစ်ရက်နေရင် တွေ့မယ်နော် စုကျို၊ နင့်ဆံပင်တွေက တကယ်လှတာပဲ၊ နောက်ဆိုရင်တော့... ကျူးပိုင်ယွီအတွက် ပိုချန်ထားပေးလိုက်ပါဦး~”
စုကျို ခေါင်းညိတ်ပြလိုက်ပြီး၊ ရင့်ကျက်နေသော စုရှင်းချန်နှင့် ကြောင်အမ်းအမ်းဖြစ်နေသော စုကျီကျီတို့ကို လှည့်ပြောလိုက် သည် - “ဘာမှမဟုတ်ပါဘူး၊ ဒါ သာမန်ပါပဲ”
“သန်မာတဲ့လူတွေမှာ အမြဲတမ်း အားသာချက်တွေ ရှိတတ်တာပဲလေ”
ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းက လူကို ပိုမိုသန်မာလာစေသည် မဟုတ်ပါလား ?
ယင်လီ တိတ်တဆိတ် မည်မျှကြိုးစားပမ်းစား ကျင့်ကြံနေသည်မှာ သိသာလှသည်။
စုကျိုသည်လည်း ပျောက်ဆုံးနေသည်မှာကြာပြီဖြစ်သော တိုက်ပွဲဝင်စိတ်ဓာတ်များနိုးကြားလာပြီး၊ နောက်ထပ် နှစ်ရက် ဆက်တိုက် ကျင့်ကြံခြင်းကိုသာအာရုံစိုက်နေတော့သည်။ သူမ၏ ပုံတူခန္ဓာကိုယ်တစ်ဝက်ကိုမူ မြေထဲရှိ ဝိညာဉ်ပင်များကို ဂရုစိုက်ရန် ခိုင်းထားလိုက်သည်။
...
တတိယမြောက်နေ့ မနက်ခင်းတွင်၊ သူနှင့် ကလေးနှစ်ယောက်သည် စောစောထ၍ အသစ်လဲလှယ်ထားသော အဝတ်အစား များကို ဝတ်ဆင်ကာ ယင်လီ၏ကြေးဝါနွားလှည်းပေါ်သို့ တက်လိုက်ကြတော့သည်။
နွားလှည်းထဲမှာတော့ သူတို့သုံးယောက်သား ပြတင်းပေါက်ကနေ အပြင်ကိုစပ်စုကြည့်နေကြသည်။
ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ပထမထပ်က ပိုးစာစိုက်ခင်းကြီးဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် မြူခိုးတွေလို ပျောက်ကွယ်သွားပြီး၊ သူတို့ရှေ့မှာ ခမ်းနားထည်ဝါလှတဲ့ ကျောက်တံခါးကြီးပေါ်လာပါတော့သည်။
ဒါ ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ထွက်ပေါက်ပါပဲ!
[ ဂေဟာမှ ထွက်ခွာမည့် ကျင့်ကြံသူများ သတိပြုရန်။ ]
[ ယနေ့ ပထမထပ်ကို ပိတ်ထားသည်။ အပြင်ဘက်တွင် ရာသီဥတု သာယာကြည်လင်နေသည်။ ငါးမိုင်ပတ်လည်အတွင်း မိစ္ဆာသားရဲ စုစုပေါင်း ၂၃၄ ကောင် ရှိနေသည်။ ]
[ ဝိညာဉ်စစ်ထုတ်ခြင်း (Refining Yuan) ပဉ္စမအဆင့်အောက် ကျင့်ကြံသူများ ဘေးကင်းရေးအတွက် ကာကွယ်ရေး အဆောင်လက်ဖွဲ့များကို ယူဆောင်သွားရန်မမေ့ပါနှင့်။ ]
[ ဘေးကင်းစွာ ပြန်လာနိုင်ကြပါစေ။ ]
တံခါးဝက ကျောက်စာတိုင်မှာတော့ ဝိညာဉ်ကျောက်တုံး ၅၀၀ ပေးရင် ရနိုင်တဲ့ ပထမအဆင့် ကာကွယ်ရေးအဆောင် လက်ဖွဲ့တစ်ခု ချိတ်ထားပါတယ်။ အဲဒါက ဝိညာဉ်စစ်ထုတ်ခြင်းအဆင့် တိုက်ခိုက်မှုကို တစ်ကြိမ် ခုခံပေးနိုင်တာပါ။
စုကျိုဘေးက မောင်နှမနှစ်ယောက်ကတော့ အသစ်အဆန်းတွေကို လေ့လာနေရသလိုမျိုး မော့ကြည့်နေကြပါတယ်။
စုကျိုကတော့ ဒီခန္ဓာကိုယ်ပိုင်ရှင် အရင်က အပြင်ထွက်တုန်းက ဘာလို့ မိစ္ဆာသားရဲတွေရဲ့ ဒဏ်ရာအပြင်းအထန် ရခဲ့သလဲဆိုတာ အခုမှ နားလည်သွားပါတော့သည်။ သူ့မှာ ကာကွယ်ရေးအဆောင်လက်ဖွဲ့ဝယ်ဖို့ ပိုက်ဆံမရှိဘဲနဲ့ မင်းသားချော ‘လုံအောင်ထျန်း’ နောက်ကို အတင်းလိုက်ခဲ့တာကိုး။
ခြေထောက်နဲ့ထွက်သွားပြီး ထမ်းစင်နဲ့ပြန်လာခဲ့တာ အံ့သြစရာမဟုတ်တော့ပါဘူး။
စုကျို လှည့်လိုက်ပြီး ကလေးနှစ်ယောက်၏ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ကျောတွေကို စမ်းကြည့်လိုက်ရာ မိစ္ဆာကျွန်နန်းတော်ကနေ ကူးယူထားတဲ့ မာကျောသည့် အုတ်ခဲပြား သုံးချပ်စီကို တစ်ဖက်တစ်ချက်စီမှာ တွေ့လိုက်ရသည်။
[ ဝိညာဉ်စစ်ထုတ်ခြင်းအဆင့် တိုက်ခိုက်မှုကို နှစ်ကြိမ်အထိ ခုခံနိုင်သည် ]
[ ဘေးထွက်ဆိုးကျိုး- ဝတ်ဆင်ရသည်မှာ အနည်းငယ် လေးလံသည် ]။
စုကျို လက်ကို ပြန်ရုပ်လိုက်ပြီး သူ့ခါးက ကောက်ရိုးရုပ်ကိုးရုပ်ကို တစ်ချက်စစ်ဆေးကာ တံခါးဝက ဈေးကြီးလွန်းတဲ့ အဆောင်လက်ဖွဲ့တွေကို ဂရုမစိုက်တော့ဘဲ အကြည့်လွှဲလိုက်သည်။
“ဟင်? ငါ ဘာလို့ ပတ်ဝန်းကျင်က သစ်ပင်တောအုပ်တွေနဲ့ ဆက်သွယ်လို့ မရတော့တာလဲ?”
လှည်းမောင်းနေသည့် ယင်လီမှာ အဆောင်လက်ဖွဲ့ ဝယ်မယ့်ပုံမပေါ်တဲ့ စုကျိုအား သူမဆီ ပိုနေသည့်အဆောင်လက်ဖွဲ့တစ်ခု ထုတ်ပေးဖို့ပြင်နေတုန်းမှာပဲ ရုတ်တရက်ကြောင်အသွားသည်။
သူမရဲ့ လှပတဲ့မျက်နှာမှာ အံ့သြတုန်လှုပ်မှုတွေနဲ့ ပြည့်သွားပြီး -“တစ်ခုခုတော့ မှားနေပြီ၊ ငါ့ကိုယ် ငါ တစ်ခုခုမှားနေသလိုပဲ” ဟု ယင်လီက ရေရွတ်လိုက်သည်။
ကျူးပိုင်ယွီကတော့ လှည်းထဲမှာ တင်ပလ္လင်ခွေထိုင်ရင်း လူရုပ်သေးလေးနှစ်ရုပ် တိုက်ခိုက်နေတဲ့ ပုံပြင်စာအုပ်ကို ဖတ်နေရင်းကနေ -“နင့်ရဲ့ လစဉ်ကိစ္စ လာနေလို့လား—”
ဖြန်း!
အေးစက်စက် ‘ပိုက်ဆံလှေ’ ချန်ကျိုးမျက်နှာဖုံးကြီး သူ့မျက်နှာပေါ်ကို ဝုန်းခနဲကပ်သွားပါတော့တယ်!
ပြီးတော့... လက်သီးတစ်ချက်!
ယင်လီ သူ့လက်သီးအား ပြန်ရုပ်ပြီး မှုတ်လိုက်ကာ -“ငါ့ရဲ့ ဒန်ထျန်နဲ့ ခန္ဓာကိုယ်က ဘာမှမဖြစ်ဘူးဟ!”
ကျူးပိုင်ယွီ : “...” တောက်
“ထူးဆန်းတယ်၊ ငါတို့စီးနေတဲ့ သစ်သားလှည်းကတုန်နေတယ်၊ ကြောက်လန့်နေသလိုမျိုးပဲ” ဟု ယင်လီ ဇဝေဇဝါနှင့် ပြောလာသည်။
“လေထဲမှာ တစ်ခုခု ကြောက်စရာကောင်းတာ ရှိနေသလိုပဲ”
“ငါ ဒီနေ့ အရမ်း မြင့်မြင့်ပျံမိလို့လားမသိဘူး”
“ငါ မြေကြီးနဲ့ နီးနီးပဲ မောင်းတော့မယ်”
ကျူးပိုင်ယွီကမူ ဘာမှမခံစားရတာကြောင့် - “နင် မနေ့ညက အိပ်ရေးမဝလို့နေမှာပါ”
စုကျို ခဏမျှတိတ်ဆိတ်သွားပြီး ပြတင်းပေါက်မှ တိမ်တိုက်တွေကို လှမ်းကြည့်လိုက်သည်။
သူမက မိစ္ဆာကျွန်မှတ်တမ်းဘုတ်ကို လက်တစ်ဖက်နှင့်လှန်ကြည့်လိုက်ရာ ‘ချန်ယွမ်’ ရဲ့ တည်နေရာကို ပြနေတဲ့ အနီစက်လေးဟာ သူမရှိနေတဲ့ အစိမ်းစက်လေးနှင့် ထပ်တူကျနေတာကို တွေ့လိုက်ရသည်။
စုကျို ကြေးဝါလှည်းခေါင်မိုးကို မော့ကြည့်လိုက်သည်။
ချန်ယွမ်က ယင်လီရဲ့ အာရုံခံနိုင်စွမ်းကို ဖိနှိပ်ထားတာလား?
သူ တကယ်ကြီး နောက်က လိုက်လာတာပဲ။
စုကျိုမျက်လုံးထဲ အံ့သြရိပ်လေးတစ်ခုဖြတ်ပြေးသွားသည်။
သူ ပြန်ကောင်းဖို့သုံးရက်လိုတယ်၊ သူ ဘာမှလုပ်ပေးစရာမလိုဘူးလို့ ပြောခဲ့တာလေ။ ရက်တွက်ကြည့်တော့ ဒီနေ့က သုံးရက်ပြည့်တဲ့နေ့ အတိအကျပဲ။
သူ တကယ်ကို တာဝန်သိတတ်တာပဲ။
စုကျို မိစ္ဆာကျွန်မှတ်တမ်းဘုတ်ပေါ်မှာပြနေသည့် ချန်ယွမ်၏ ‘စိတ်အခြေအနေဆိုးရွားခြင်း’ ဦးခေါင်းခွံပုံ၊ ‘အန္တရာယ်ကြီး မားခြင်း’ ဖိအားနှင့် ‘အလုပ်မခိုင်းရန် အကြံပြုချက်’ သတိပေးချက်တွေကိုကြည့်ပြီး မပြုံးဘဲ မနေနိုင်တော့ပေ။
စိတ်အခြေအနေကလည်း မကောင်း၊ ဖိအားတွေကလည်း များနေတာတောင်မှ သူ့နောက်ကို လိုက်လာသေးတယ်လား ?
“တကယ်ကောင်းတဲ့ မိစ္ဆာလေးပဲ”
စုကျို မိစ္ဆာတံဆိပ်ပေါ်ရှိ အနီစက်လေးကို အသာအယာဖိကြည့်ရင်း၊ အပြင်မှာ ဆေးဆိုင်တွေ့ရင် သူ့အတွက် ကုသရေးဆေးတွေ ဝယ်ပေးနိုင်မလားဟု တွေးနေမိသည်။ ချန်ယွမ် မလိုဘူးဆိုရင်တောင် သူတို့ကိုယ်တိုင်အတွက် ဆောင်ထားလို့ရတာပဲလေ။
သူ ထိုသို့ တွေးနေတုန်းမှာပင်... သူမ တံဆိပ်ကိုထိလိုက်တဲ့အချိန်မှာ လှည်းခေါင်မိုးပေါ်မှ ခြေသည်းများနှင့်ကုတ်ခြစ်သံသဲ့သဲ့ ထွက်ပေါ်လာသည်ကိုတော့ သူမ သတိမထားမိလိုက်ပေ။
“ဘာဖြစ်နေကြတာလဲ ? လမ်းကလူတွေက ဘာလို့ ငါ့လှည်းခေါင်မိုးကို ထူးထူးဆန်းဆန်းတွေ စိုက်ကြည့်နေကြတာလဲ?”
လှည်းမောင်းနေတဲ့ ယင်လီ ဇဝေဇဝါ ဖြစ်လာရသည်။
“ငါ အထူးပြုလုပ်ထားတဲ့ အမိုးနိမ့်နွားလှည်းကိုကြည့်ပြီး အံ့သြနေကြတာလား ?”
စုကျိုကမူ အသာလေးပြုံးနေတော့သည်။
စုကျီကျီ စပ်စုလိုစိတ်ဖြင့် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ချောင်းကြည့်လိုက်ရာမှ မှင်သက်သွားရသည်။
ဝိညာဉ်စစ်ဆေးရေးလက်ကောက်မှ ရောင်ပြန်ဟပ်နေသော အလင်းတန်းသည် လှည်းခေါင်မိုးပေါ်တွင် တင်ပလ္လင်ခွေထိုင် နေသည့် အရပ်ရှည်ရှည်လူရိပ်ကြီးတစ်ခုကို လင်းလက်သွားစေသဖြင့် သူလေး အာမေဍိတ်သံ ပြုလိုက်မိသည်။
စုရှင်းချန်သည် သူမကို အထဲသို့အမြန်ဆွဲသွင်းကာ ပြန်ထိုင်ခိုင်းလိုက်သည်။
အပြင်ဘက်တွင် လေပြင်းများတိုက်ခတ်နေပြီး ဝိညာဉ်စွမ်းအင်များ ဖရိုဖရဲဖြစ်နေသောကြောင့် ကျင့်ကြံသူများပင် ကိုယ်ပိုင်စွမ်း အားဖြင့် ဓားပျံစီးရန်မဝံ့ရဲကြပေ။ သို့သော် ထိုလူရိပ်မှာမူ လှည်းခေါင်မိုးပေါ်တွင် ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက်ရှိနေပြီး သူ့ ဆံပင်ရှည်များသာ လေထဲတဖျတ်ဖျတ်လူးလွင့်နေတော့သည်။
စုကျိုသည် ချန်ယွမ်အားတစ်ချက်ကြည့်လိုက်ရာ သူ့ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ 'ဒဏ်ရာပြင်းထန်ဆဲ၊ သို့သော် သခင်ထက် ပိုသန်မာ သည်' ဟူသော သတိပေးအခြေအနေတွင် ရှိနေသေးသည်ကိုသတိပြုမိသဖြင့် သက်ပြင်းချကာ မိစ္ဆာတံဆိပ်ကို ပြန်သိမ်းလိုက် သည်။
မကြာမီမှာပင် တိမ်တိုက်များကိုဖြတ်ကျော်ကာ လူသူမရှိသော လွင်ပြင်ကျယ်ကြီးကို အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့သည့် ကြေးဝါနွားလှည်းသည် လူရိပ်လူခြေများစတင်တွေ့ရှိရသည့် တောင်တန်းဒေသတစ်ခုသို့ ရောက်ရှိလာသည်။
တဖြည်းဖြည်းနှင့် ရောင်စုံမှော်ပင်များ ဖုံးလွှမ်းနေပြီး ဟောင်းနွမ်းပျက်စီးနေသော ရှေးဟောင်းမြို့ငယ်လေးတစ်ခု၏ ကျောက်တံခါးဝတွင် "ရှီဟယ်မြို့" ဟူသော စာလုံးများကို မြင်လိုက်ရသည်။
“ယင်လီ၊ အရင်က ငါပြောခဲ့သလိုပဲ ငါ့မှာ လုပ်စရာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခုရှိတယ်” ဟု စုကျို ဆိုလိုက်သည်။
ဝိညာဉ်စစ်ဆေးရေးလက်ကောက်မှတစ်ဆင့် ဝယ်ယူထားသော နံပါတ် (၆) ငါး 'ဖူရှင်း၏ဇာတိမြေ မြှုပ်နှံရာနေရာ' အချက် အလက်ကို စစ်ဆေးပြီးနောက် လှည်းမောင်းနေသည့် ယင်လီထံ သူမ ခေါင်းညိတ်ပြလိုက်သည် - “ဒီနေရာပဲ”
“ငါတို့ပါ လိုက်ခဲ့ပေးဖို့ လိုမလား?”
ယင်လီ ကြေးဝါနွားလှည်းကို ရပ်လိုက်ပြီး သူမ အမူအရာမှာ အနည်းငယ်ရှုပ်ထွေးနေသည်။
သူမ၏ 'သစ်သားဓာတ် သတင်းအချက်အလက်ထုတ်ယူခြင်း' ပါရမီသည် လူတို့၏စိတ်ကို မဖတ်နိုင်သလို၊ သူမသည်လည်း အများအားဖြင့် သူတစ်ပါးလျှို့ဝှက်ချက်များကို စပ်စုလိုခြင်းမရှိသဖြင့် သူမ ပါရမီကိုပိတ်ထားလေ့ရှိသည်။
သို့သော်လည်း စုကျီကျီဆိုသည့် ကလေးမလေးမှာ လှည်းပေါ်တွင် သူမ မိခင်ထံသို့ ရေးမည့်စာကို တစ်ယောက်တည်း ရွတ်ဆိုနေသည်မဟုတ်ပါလား!
'အား... အမေ၊ ဒီနေ့က ကျီကျီမွေးလာကတည်းက ဝိညာဉ်ပိုးဖလံဂေဟာကနေ ပထမဆုံးအကြိမ်ထွက်ဖူးတာပဲ...'
'ဒါပေမဲ့ အမေ သိလား ? ကျီကျီ ဒီနေ့ ကျဲကို သင်္ချိုင်းသွားတူးဖို့ ကူညီပေးရမှာ!'
'ကျဲက ပြောတယ်၊ ငါတို့မိသားစုအကြွေးတွေ ဆပ်နိုင်ဖို့ သူ့ကိုပြန်တူးထုတ်ရမယ်တဲ့~~~'
ယင်လီ နှုတ်ခမ်းများတွန့်သွားပြီး သူမနှင့်ကျူးပိုင်ယွီတို့သည် စားသောက်ဆိုင်သွားတော့မည့်အလား တည်ငြိမ်နေသော စုကျိုကို ကြည့်လိုက်ကြသည်။
“ငါတို့... ကူညီပေးဖို့ လိုမလား ?” ယင်လီ တုံ့ဆိုင်းစွာ မေးလိုက်သည်။
စုကျို၏လက်မောင်းများတွင် အမာရွတ်များ ပြည့်နှက်နေခြင်း၊ သူမတို့ မိသားစုဆင်းရဲတွင်းနက်နေခြင်း၊ ကျင့်ကြံခြင်း အဆင့် အတန်း နောက်ကျနေခြင်းနှင့် ရင်းမြစ်များရှားပါးနေခြင်း... ဤအရာအားလုံးမှာ ငါးခုနစ်ကောင်၊ မဟုတ်သေးပါ... သစ္စာမရှိသော အမျိုးသားခုနစ်ယောက်ကြောင့်ဖြစ်ခဲ့ရသည် မဟုတ်ပါလား!
“ငါတို့လည်း အတူလိုက်ခဲ့ပါ့မယ်...”
“ရပါတယ်၊ ငါ ခဏပဲ သွားမှာ”
စုကျို သူ့ညာဘက်လက်တွင် ပတ်ထားသော အဝတ်စများကိုဖြေလျှော့လိုက်ပြီး ယင်လီအား သွားဖွေးဖွေးလေးများ ပေါ်အောင် ပြုံးပြလိုက်သည် - “သိပ်မကြာပါဘူး”
ကျူးပိုင်ယွီသည် သူမ ညာဘက်လက်ကိုကြောက်ရွံ့သဖြင့် မြွေတစ်ကောင်ကဲ့သို့တွန့်လိမ်ကာ နောက်သို့ဆုတ်လိုက်ရသည်။
“စိတ်မလောပါနဲ့ဦး၊ လှည်းပေါ်က ဆင်းပြီးမှ ဖြေပါ!”
ယင်လီမှာမူ စုကျို ဘာလုပ်တော့မည်ကိုတွေးမိကာ သူ့ ညာဘက်ပေါင်ရှိ ဓားသွားများဖြင့် စုကျို ညာဘက်လက်ကို မတော်တဆ တိုက်မိချင်စိတ်ကို အနိုင်နိုင်ထိန်းထားရသည်။
“ဒါဆိုရင်တော့ ဂရုစိုက်နော်”
“တစ်ခုခုဖြစ်ရင် လှမ်းခေါ်လိုက်၊ ငါတို့ ကျင့်ကြံသူတွေဆိုတာ ရန်ငြိုးရှိရင် လက်စားချေရတယ်၊ မဟုတ်ရင် စိတ်မိစ္ဆာစိတ်ရဲ့ နှိပ်စက်တာ ခံရလိမ့်မယ်!” ယင်လီ ထောက်ခံလိုက်သည်။
အမှန်စင်စစ် သူမသည် ကျူးပိုင်ယွီနှင့်ကလေးနှစ်ယောက်ကို ပြောပြမည်မဟုတ်ပေ။
ခုနက သူမ နွားလှည်း ရှီဟယ်မြို့အဝင်ဝသို့ ရောက်ချိန်တွင် လှည်းဘီးများ ရုတ်တရက်တုန်ခါသွားသဖြင့် သူမ ဖတ်ရှုလိုက်ရ သည်မှာ...
သွေးအိုင်ကြီးတစ်ခုကို သူ မြင်လိုက်ရသည်။ ပထမထပ်မှအဆင့်မြင့်ပါရမီရှင် ကျင့်ကြံသူဟု သူမ ခပ်ရေးရေးမှတ်မိနေသော ဖူရှင်းသည် လက်ကိုနောက်ပစ်ကာ 'စုကျို' လက်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ပြုံးရွှင်စွာလက်ခံနေသည်။
'သူမ' လက်မောင်းများမှ သွေးများတစက်စက်ကျနေသော်လည်း ဖူရှင်းကမူ သတိမထားမိဟန်ဆောင်နေခဲ့သည်။
“ဒီလို အရှက်မရှိတဲ့လူစားမျိုးကိုတော့ သင်္ချိုင်း ဆယ်ခါတူးပစ်လည်း မမှားဘူး!”
ယင်လီသည် ဝတ်စုံနက်ကြီး တဖျတ်ဖျတ်လွင့်နေလျက် ကြေးဝါနွားလှည်းပေါ်မှနေ၍ အပြင်သို့ညွှန်ပြလိုက်သည် - “ကဲ စုကျို၊ အခု ဆင်းလို့ရပြီ”
“ငါ မတော်တဆ သင်္ချိုင်းတစ်ခုပေါ်ကို မောင်းမိသွားတယ်ထင်တယ်”
“အခု လှည်းဘီးအောက် တည့်တည့်မှာပဲ”
ကာတွန်းစာအုပ် ဖတ်နေသည့် ကျူးပိုင်ယွီမှာ ဆွံ့အသွားရသည်။
စုကျိုသည် ဖူရှင်း၏မြှုပ်နှံရာနေရာ အချက်အလက်ကိုထုတ်ယူ၍ သေချာလေ့လာရန် ပြင်နေတုန်းမှာပင်...
“...”
“ဒါဆို ကျဲနဲ့ ကျူးပိုင်ယွီကတော့ အားလုံးမှာထားတဲ့ လူသုံးကုန်ပစ္စည်းတွေ သွားဝယ်လိုက်ဦးမယ်၊ နာရီဝက်နေရင် ပြန်လာကြိုမယ်နော်~~~”
ယင်လီသည် မြေပြင်ပေါ်သို့ခုန်ဆင်းသွားသော သူတို့သုံးယောက်အား လက်ပြနှုတ်ဆက်လိုက်သည်။
ကြေးဝါနွားလှည်းကြီးမှာ မြေပြင်ပေါ်ထပ်မံရွေ့လျားသွားတော့သည်။
Chapter 44
စုကျို မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်နှင့် တစ်ခုခုမှားနေမှန်း သတိထားမိသွားသည်။ ခြေထောက်အောက်ကို ငုံ့ကြည့်လိုက်သောအခါ သူမသည် [ ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်၏ ထူးချွန်ကျင့်ကြံသူ ဖူရှင်း၏ဂူ ] ဟူသော ဂူဗိမာန်ကျောက်တိုင်ပေါ်တွင် နင်းမိနေခြင်းပင်!
စုကျီကျီနှင့် စုရှင်းချန်တို့ မျက်နှာများမှာ ရှုပ်ထွေးသွားကြသည်။ သူတို့က စုကျိုကိုတစ်လှည့်၊ ကြေးဝါနွားလှည်းဘီးရာကြီး ထင်ကျန်နေသည့် မြေပုံဟောင်းကြီးကို တစ်လှည့် ကြည့်နေမိကြသည်...
“!”
“...”
စုကျို တည်ငြိမ်စွာပင် ကျောက်တိုင်ပေါ်မှ ဆင်းလိုက်ပြီး - “မဆိုးပါဘူး၊ ဒီတိရစ္ဆာန်က သူ့အကြွေးကို ကိုယ်တိုင်လာဆပ်တာပဲ၊ ဝိညာဉ်ကျောက်တုံး တစ်ရာလောက်တော့ လျှော့ပေးသင့်တယ်” ဟု ရေရွတ်လိုက်သည်။
“!!”
စုကျီကျီကမူ အားကျသောမျက်လုံးများဖြင့် မော့ကြည့်သည်။ သူမကျဲက တကယ့်ကို ကိုယ်ကျင့်တရားနဲ့ ပြည့်စုံလွန်းတာပဲ!
စုကျို သူတို့ကို ဘေးသို့ဖယ်ခိုင်းလိုက်သည်။
စုရှင်းချန်သည် သွားကိုတင်းတင်းစေ့လျက်၊ ကြောက်သော်လည်း ကူညီချင်သည့် စိတ်ဖြတ်တောက်မှုဖြင့် သူမနှင့် ညီမလေး အတွက် ကိုယ်တိုင်လုပ်သစ်သားဂေါ်ပြားတစ်ခုကိုကမ်းပေးလိုက်သည်။
“ဒါ သုံးလိုက်ပါ”
“ငါ့ရဲ့ ‘သစ်သားဓာတ်မြှင့်တင်ခြင်း’ ပါရမီနဲ့ အားဖြည့်ထားတာ!”
ကောင်းတယ်~
စုကျို မျက်ခုံးပင့်လိုက်ရင်း၊ လူသူကင်းမဲ့နေသည့် မြို့တံခါးဝကို လှမ်းကြည့်လိုက်သည်။
မနေ့က ယင်လီပြောပြခဲ့သည်မှာ ရှီဟယ်မြို့သည် စွန့်ပစ်ထားသည်မှာကြာပြီဖြစ်ပြီး၊ အနီးအနားက ရွာငယ်လေးတစ်ရွာမှလွဲ၍ လူအားလုံးပြောင်းရွှေ့သွားကြပြီဖြစ်သည်။
သူမသည် ငုံ့လိုက်ပြီး လှည်းဘီးကြိတ်ခံထားရသည့် ဂူပေါ်ကမြေကြီးကို လက်ဖြင့် ထိကြည့်လိုက်သည်။
[ ဝိညာဉ်စွမ်းအင် အနည်းငယ်ပါဝင်သော သာမန်မြေကြီးကို တွေ့ရှိရသည်။ ]
စုကျို မြက်တောတွေဖုံးနေသည့် ဂူဗိမာန်ကိုတစ်ချက်ကြည့်လိုက်ပြီး၊ မောင်နှမနှစ်ယောက်ကို နောက်ဆုတ်ခိုင်းကာ ချန်ကျိုး၏ ခြေထောက်ခုနစ်ဖက်ကိုအသုံးပြု၍ ကျင်းတူးခိုင်းလိုက်တော့သည်!
ချက်ချင်းဆိုသလိုပင် ချန်ကျိုးညာဘက်ခြေထောက်မှာ ခွေးတစ်ကောင်လိုမြေကြီးကို ကုတ်ခြစ်တူးဆွနေသဖြင့် မောင်နှမ နှစ်ယောက်မှာ ပါးစပ်အဟောင်းသားဖြစ်သွားကြရသည်။
ထိုအချိန်မှာပင်၊ အားလပ်ရက်အပြင်ထွက်ရန် ပြင်နေသည့် ချန်ကျိုးသည်လည်း ခေါင်းအုံးအောက်မှ 'ဖူရှင်း' ဟု အမည်ထွင်းထားသည့် သစ်သားသေတ္တာလေးကိုစစ်ဆေးပြီးကာမှ တစ်ကိုယ်လုံးတောင့်တင်းသွားရသည်!
ဖူရှင်း၏အသုံးအဆောင်များပါသည့် ထိုသေတ္တာထဲမှ 'ပုံရိပ်လွှင့်ကျောက်တုံး' လေးမှာ အလင်းနှင့် အရိပ်များကိုထုတ်လွှတ် နေခြင်းပင်။
ထိုပုံရိပ်ထဲတွင် ချန်ကျိုး၏ညာဘက်ခြေထောက် ခုနစ်ဖက်က... ကျင်းတူးနေလေသည် ?!
ခွေးတစ်ကောင်လို ကုတ်ခြစ်တူးဆွလိုက်ပြီးနောက်၊ မကြာမီမှာပင် မည်းနက်နေသည့် သစ်သားခေါင်းတလားကြီး ပေါ်လာ သည်။ ခေါင်းတလားအဖုံးပေါ်တွင် 'ဖူရှင်း၏ ခေါင်းတလား' ဟု စာလုံးကြီးကြီး နှစ်လုံးရေးထားသည်။
ချန်ကျိုး : “???”
ပုံရိပ်ထဲမှ စုကျို၏မကျေမနပ်အသံ ထွက်လာသည် - “သေနာခြေထောက်တွေ၊ မြန်မြန်တူးစမ်း”
“အော်... တူးမိပြီလား? ခေါင်းတလားအဖုံးကို ဖွင့်လိုက်!”
ချန်ကျိုး : “!!!”
အား!
သူ ငါ့ခြေထောက်တွေနဲ့ ဘာတွေလုပ်နေတာလဲ???
ချန်ကျိုးသည် သူ့ညာဘက်ခြေထောက်တွင် ရုတ်တရက် ရိုးတွင်းခြင်ဆီအထိထိုးဖောက်သွားသည့် နာကျင်မှုကို ခံစားလိုက်ရ သည်။ သူ့ အသားနှင့် အရိုးများအားလုံး ပေါက်ကွဲထွက်သွားသလိုပင်!
ထို့နောက်တွင် ပြာအဖြစ်မီးရှို့ခံလိုက်ရသလိုမျိုး အသက်ရှူကျပ်စေသည့် နာကျင်မှုကိုခံစားလိုက်ရပြန်သည်။
“အော်... ဒီမှာ စက်ကွင်းတစ်ခု ရှိနေတာကိုး” စုကျို၏တည်ငြိမ်သောအသံ ပုံရိပ်လွှင့်ကျောက်တုံးထဲမှ ထွက်လာသည်။
“!!!”
ချန်ကျိုးမှာ ချက်ချင်းချွေးအေးများပြန်လာပြီး နာကျင်လွန်းသဖြင့် မေ့လဲသွားတော့သည်။ ခေါင်းတလားအဖုံး ပွင့်သွားသည်နှင့် သူ့လက်ထဲမှ ပုံရိပ်လွှင့်ကျောက်တုံးမှာလည်း ချက်ချင်းမှောင်အတိကျသွားတော့သည်။
ဤအချိန်တွင် ဂူရှေ့၌ စုကျိုနှင့် ကလေးနှစ်ယောက်မှာ နက်ရှိုင်းသော ကျင်းထဲမှဗလာဖြစ်နေသည့် ခေါင်းတလားကိုကြည့်ကာ မှင်သက်နေကြသည်။
လုံးဝဗလာဟုတော့ မဆိုနိုင်ပေ၊ အတွင်း၌ ပိုးထည်ဝတ်ရုံတစ်ခု ကျန်နေသေးသည်။
“အဝတ်အစားတွေပဲ ကျန်တာလား ?” ယင်လီ၏ အံ့သြသံမှာ စုကျို ဝိညာဉ်စစ်ဆေးရေးလက်ကောက်မှ ထွက်လာသည်။
“အေး၊ အရိုးတောင် မကျန်ဘူး” စုကျို သစ်သားခေါင်းတလားထဲသို့ သူ့ ညာဘက်လက်ကို ထည့်လိုက်ရင်းကျိန်ဆဲလိုက်သည်။
“ဒီတိရစ္ဆာန်က မြို့တံခါးဝမှာ ကိုယ့်ကိုကိုယ် မြှုပ်ထားတာဆိုတော့ လူတွေအများကြီးက သူ့ကိုတူးပြီးသားဖြစ်နေပြီ!”
ယင်လီ : “!”
ကျူးပိုင်ယွီ : “???”
စုကျို ဒေါသတကြီးဖြင့် ခေါင်းတလားအတွင်းနံရံက စာသားတွေကို ထိကြည့်လိုက်သည်။
'ငါ ကျန်းယန်ကျင့်ကြံသူ ဒီကို ရောက်ခဲ့တယ်'၊ 'ငါတို့ ယင်ယန်အမြွှာသရဲတွေ ရောက်ခဲ့တယ်!'
“ဝိညာဉ်ပိုးဖလံဂေဟာက လူတွေက တကယ့်ကို ငတ်ပြတ်နေတဲ့ ကောင်တွေပဲ! မြှုပ်နှံပစ္စည်း တစ်ခုမှတောင် မရှိဘူး!”
“တောက်! ခေါင်းတလား ပျဉ်ချပ်တွေကတောင် သာမန်ပဲ!”
“တောက်! ဒါ ဘယ်လို အသုဘဝတ်စုံလဲ... အဆင့်နိမ့် ပိုးသားတွေ!”
“ငါ့အချိန်တွေ ဖြုန်းတီးပစ်တာပဲ၊ ဒီလူယုတ်မာ!”
စုကျို ဝမ်းနည်းပူဆွေးသောအမူအရာဖြင့် - “နောက်ဆို ငါ့ဂူကို မြို့အဝင်ဝနားမှာ ဘယ်တော့မှမမြှုပ်ခိုင်းဘူး”
စုကျီကျီနှင့် စုရှင်းချန်တို့မှာ ဆွံ့အမှင်သက်လျက်။
“ဒီတိရစ္ဆာန်ရဲ့ဂူက အနည်းဆုံး အကြိမ်တစ်ဆယ်လောက် အတူးခံထားရပြီးပြီ၊ ဘာမှကို မကျန်တော့တာ!” စုကျို စိတ်ပျက် လက်ပျက်ဖြင့် မော့ကြည့်လိုက်သည်။
ပါရမီအပိုင်းအစတွေဆိုတာ ဝေးရော၊ အရိုးအစအနလေး တစ်ခုလေးပင်မကျန်ရှိတော့ပေ။
ဒါပေမဲ့ သူမကတော့ လက်ဗလာနှင့်ပြန်ဖို့ စိတ်မကူးထားချေ။ စုကျိုသည် ဖူရှင်း၏သစ်သားခေါင်းတလား တစ်ခုလုံးအား ချန်ကျိုး၏ကျန်ရှိနေသော သစ်သားခြေထောက်လေးဖက်နှင့် အစအနမကျန်အောင် ချိုးဖဲ့ဖျက်ဆီးပစ်လိုက်သည်။
ပြီးနောက် သူ့ မုန်ညင်းစေ့အိတ်ထဲကို အတင်းထိုးထည့်လိုက်ရင်း - “ပြန်ရောက်ရင် မီးဖိုထဲထည့်ရှို့ဖို့ သုံးလို့ရတာပဲ”
စုကျီကျီ နှင့် စုရှင်းချန် : “!”
စုကျို ခေါင်းတလားတစ်ဝိုက် ကျင်းထဲမှာတခြားအသုံးဝင်မယ့် အကြွင်းအကျန်တွေရှိဦးမလားလို့ ထပ်ရှာကြည့်သော်လည်း ဘာမှ ထပ်မတွေ့တော့ပေ။
သူ လက်လျှော့လိုက်ပြီး မတ်တတ်ရပ်ကာ ‘ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်၏ထူးချွန်ကျင့်ကြံသူ ဖူရှင်း၏ဂူ’ လို့ ရေးထွင်းထားတဲ့ ဂူဗိမာန်ကျောက်တိုင်အား မြေကြီးထဲကနေ ဆွဲနှုတ်လိုက်သည်။
သိုလှောင်အိတ်ထဲ ထည့်ဖို့ပြင်လိုက်သည့် ခဏမှာပင် သိုလှောင်ရုံစာရင်း အလိုအလျောက်ပွင့်လာတော့သည်!
[ ဖူရှင်း၏ဝိညာဉ်အသက်သွင်းကျောက်ကို တွေ့ရှိရရှိသည်။ ]
“?”
စုကျို သူ့လက်ထဲက မြက်တွေဖုံးနေသည့် သင်္ချိုင်းသူခိုးများပင် လှည့်မကြည့်မည့် ကျောက်တိုင်အစုတ်ကြီးအား ငုံ့ကြည့်လိုက် သည်။
[ ဖူရှင်း၏ ဝိညာဉ်အသက်သွင်းကျောက်။ သူကိုယ်တိုင် နှစ်ပေါင်းများစွာ မွေးမြူထားပြီး ကျောက်တိုင်အတွင်း၌ဝှက်ထားသည်။ ယခုအခါ ဝိညာဉ်အလင်းရောင် ၇၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားပြီဖြစ်သော်လည်း ခန္ဓာကိုယ်ဒဏ်ရာများကို ကုသရန်အတွက်သာ ထိရောက်မှုရှိသေးသည်။ ]
[ အလွန်အမင်း ထိရောက်မှုရှိသည်။ ထိရုံမျှဖြင့် လုံလောက်သည်။ ]
စုကျို သူ့မေးစေ့ကို ပွတ်သပ်ရင်း ညာဘက်လက်နှင့် ကျောက်တိုင်တစ်ခုလုံးကို အမြန်ပွတ်သပ်ကြည့်လိုက်သည်။
ကျောက်တိုင်ထဲက အသက်သွင်းကျောက်ကို ဘယ်လိုထုတ်ရမလဲ ရှာမတွေ့သဖြင့် နောက်ဆုံးမှာတော့ ကျောက်တိုင်ကြီးအား မြေကြီးပေါ်ပစ်ချကာ အပေါ်မှတက်နင်းလိုက်ပြီး သူ့ဒဏ်ရာတွေကို ကုသဖို့ပြင်လိုက်ပါတော့သည်!
စုကျီကျီ : “!”
စုရှင်းချန် : “...”
“အော်... ငါ မေ့သွားတယ်”
သူ့မှာ အခုတလော ဘာဒဏ်ရာမှ မရှိဘူးလေ။
သူ့လက်မောင်းတွေပေါ်မှာ ယခင်အမာရွတ်ဟောင်းများသာရှိပြီး၊ ပြီးခဲ့သည့် နှစ်ရက်အတွင်း ဒဏ်ရာအသစ်မရရှိခဲ့ချေ။
သူ ဘာဒဏ်ရာမှမရှိဘဲ ဘေးကင်းနေသည့် မောင်နှမနှစ်ယောက်အား နှမြောတသသကြည့်လိုက်ပြီးနောက်မှာတော့ လေသံတိုးတိုးလေးနှင့် လှမ်းခေါ်လိုက်သည်။
“ချန်ယွမ်”
မောင်နှမနှစ်ယောက်လုံး ချက်ချင်းလှည့်ကြည့်ပြီး ပတ်ဝန်းကျင်ကို ဝေခွဲမရစွာရှာဖွေကြတော့သည်။
ချန်ယွမ်က ဒီမှာ ရှိနေတာလား? သူတို့နဲ့အတူ လှည်းပေါ်က ဆင်းလာခဲ့တာလား?
ခဏအကြာမှာတော့ သူတို့ တောင့်ခဲသွားကြရသည်။
အဝေးကနေ လေတိုးသံပြင်းပြင်းကြီး တစ်ခုထွက်ပေါ်လာသောကြောင့်ပင်။
အနီရောင်ဝတ်ရုံကြီး တဖျတ်ဖျတ်လွင့်နေပြီး၊ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ မိစ္ဆာတစ်ကောင်နဲ့တူတဲ့ ဝေဝါးတဲ့ပုံရိပ်ကြီးဟာ စွန်တစ်ကောင်လို လေထဲမှာ ဝဲလွင့်ရင်း သူတို့ဆီကို အရှိန်အဟုန်နဲ့ ရောက်ရှိလာတာပါ။
ဝုန်း!
သူ့အနီရောင်ဝတ်ရုံအောက်ကနေ ပြတ်တောက်နေတဲ့ ခြေချင်းကြိုးလေးချောင်း တွဲလောင်းကျနေပြီး၊ တစ်ချောင်းကမူ ကြေးဝါနွားလှည်းအမိုးမှာ စိုက်ဝင်နေဆဲဖြစ်သည်။
သူ အပြင်းအထန် ပြေးလာတဲ့အရှိန်ဖြင့် ကြေးဝါနွားလှည်းကြီးကိုပါ နောက်ပြန်ဆွဲခေါ်လာခဲ့ခြင်းဖြစ်ပြီး၊ သူတို့ဆီကို မယုံနိုင်စရာ အရှိန်နှင့် ဆိုက်ဆိုက်မြိုက်မြိုက်ပြန်ရောက်လာတာပင်!
လှည်းမောင်းနေတဲ့ ယင်လီကမူ ပတ်ဝန်းကျင်မှာ အမြဲမြင်နေကျ ရှုခင်းတွေ ခဏခဏပြန်ပေါ်လာတာကို ကြည့်ပြီး - “???”
ငါ နောက်ပြန်မောင်းနေတာလား ? ? ?
ဟမ်?
လှည်းထဲမှာ ကာတွန်းစာအုပ်ဖတ်ပြီး ရယ်နေသည့် ကျူးပိုင်ယွီလည်း လှည်းထဲမှာ ဟန်ချက်ပျက်ပြီး လိမ့်ဆင်းသွားပါတော့ သည်။ “???”
စုကျို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်ရာ အဝေးမှ အနီရောင်ဝတ်ရုံနှင့် မိစ္ဆာကြီးသည် နွားလှည်းတစ်စီးလုံးအား နောက်ပြန်ဆွဲခေါ်လာသည်ကိုမြင်လိုက်ရသည်။ လေထဲတဖျတ်ဖျတ်လွင့်နေသည့် ရွှေရောင်အမွှေးအမျှင်များနှင့် မိစ္ဆာကြီးတစ်ကောင် သူမဆီကို အပြေးအလွှားလာနေသလိုပင်။
“အာ ? ယင်လီ၊ နင် ဘာလုပ်နေတာလဲ!”
“နွားလှည်းက ထိန်းလို့မရတော့ဘူး!”
ကျွီ... ခနဲ အသံနဲ့အတူ အနီရောင်ဝတ်ရုံနှင့် မိစ္ဆာကြီးဟာ သူ့ရှေ့မှာ ပေါ်လာတော့သည်။ သူသည် ခြေဗလာနှင့်ဖြစ်ပြီး ဝတ်ရုံနီကြီးမှာ မီးတောက်နေသလိုပင်။
သို့တိုင် သူ့ပုခုံးနှင့်ရင်ဘတ်မှာ သံကြိုးများထိုးဖောက်ထားသည့် နေရာများကမူ သွေးစိုနေသည့် အကွက်များဖြင့်ပြည့်နှက် နေသည်။
သူ အနားရောက်လာတဲ့အခါ စုကျိုဟာ သံချေးနံ့လိုမျိုး သွေးနံ့ကိုရလိုက်သည်။
သူ ခံစားနေရသည့်ပြစ်ဒဏ်များသည် သူ့ခန္ဓာကိုယ်အားစက္ကန့်တိုင်းမှာ ထပ်ခါတလဲလဲ ပြင်းပြင်းထန်ထန်ထိခိုက်နေသဖြင့် သုံးရက်ကြာသည့်တိုင် ဒဏ်ရာတွေကမကျက်သေးချေ။
သူမ ကျောက်တိုင်ကိုကန်ပြီး မတ်တပ်ရပ်အောင်လုပ်လိုက်သည်။
စုကျို သူ့ရှေ့မှာ အသက်ရှူသံတောင်မကြားရဘဲ သူမကိုစောင့်နေသလိုမျိုး ရပ်နေသည့်ကြယ်ငါးပွင့် မိစ္ဆာကြီးချန်ယွမ်၏ ဖြူဖျော့နေသည့်လက်ကို ချက်ချင်းဆွဲကိုင်လိုက်ပါတော့သည်။
သူ့ လက်ဖဝါးမှာ အေးစက်နေပြီး လက်ဆစ်တွေကထင်ရှားကာ အနည်းငယ်မာကျောနေသည်။
သူမ သူ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်၊ သွေးထွက်လွန်ထားသဖြင့် တကယ်အေးစက်နေခဲ့ခြင်းပင်။
“စမ်းကြည့်လိုက်”
ချန်ယွမ်၏ တိတ်ဆိတ်နေသည့် မျက်လုံးတွေ အံ့သြသွားသလိုပြူးကျယ်သွားပြီး၊ သူမ ဆွဲညှစ်လိုက်သည့် သူ့လက်ကောက် ဝတ်မှာ ပန်းရောင်သန်းသွားရသည်။
“ဟင်? နင့် အရေပြားက ဒီလောက်တောင် ပါးတာလား ?”
စုကျို သတိလက်လွတ်နှင့် လက်ကို အနည်းငယ်လျှော့ပေးလိုက်သည်။
မိစ္ဆာမျက်နှာဖုံးကြီးရဲ့ နောက်ကွယ်က သူ့ရဲ့ ကျဉ်းမြောင်းတဲ့ မျက်ဝန်းထောင့်လေးတွေမှာ နီရဲတဲ့အရောင်လေးတွေ သန်းနေပြီး၊ ရှည်လျားတဲ့ မျက်တောင်နက်ကြီးတွေက တုန်ရီနေတာကို သူမ သတိထားမိလိုက်ပါတယ်။
ဒဏ်ရာတွေကြောင့် နာနေလို့လား?
သူမ သူ့ကို သူမ အနားကို ဆွဲခေါ်လိုက်ပြီး...
ကျောက်တိုင်ကြီးနဲ့ကပ်နေအောင် အတင်းဖိကပ်ထားလိုက်ပါတော့သည်။
သူမသည် ကျောက်တိုင်တစ်ဖက်မှာ ပျင်းရိပျင်းတွဲမှီရပ်ရင်း မိစ္ဆာတံဆိပ်ကိုငုံ့ကြည့်လိုက်ရာ သတိပေးချက်တွေမြင်လိုက်ရပါ သည်။
‘သင်၏မဟာမိစ္ဆာ ချန်ယွမ်သည် ဒဏ်ရာများကို လျင်မြန်စွာကုသနေသည်’
‘သင်၏မဟာမိစ္ဆာ ချန်ယွမ့် ခန္ဓာကိုယ် အခြေအနေတိုးတက်ကောင်းမွန်လာနေသည်၊ အခင်းဖြစ်ပွားရာနေရာမှ ချက်ချင်း ထွက်ပြေးရန် အကြံပြုပါသည်!!!’
“ဟင်း... တကယ် အလုပ်ဖြစ်တာပဲ၊ ချန်ယွမ်... နင့်ရဲ့ ဒဏ်ရာတွေ သက်သာသွားပြီ”
သူမ နားရွက်နားမှာ မဟာမိစ္ဆာ၏မြက်ခင်းနံ့သင်းသင်းထွက်နေသည့် အသက်ရှူသံတွေက တဖြည်းဖြည်း ပိုမိုပြင်းထန်လာ သည်ကို သူမ ခံစားလိုက်ရသည်။
သူမက သူ့ကို ကုသပေးနေတာလား...
ဘာဖြစ်လို့လဲ...
အရင်က ဘယ်သူမှ သူ့အတွက် ဒါမျိုး မလုပ်ပေးခဲ့ဖူးဘူး...
သူ့ဒဏ်ရာတွေက ကုသစရာ လိုလို့လား?
သူ့ခန္ဓာကိုယ်က ခဏမျှတောင့်တင်းသွားပြီးမှ သူမရဲ့လက်ထဲမှာ တဖြည်းဖြည်းပြန်လည်ပျော့ပြောင်းသွားသည်။ သူ သူမကို မငုံ့ကြည့်ဘဲ မနေနိုင်တော့ပေ။
“ဘာဖြစ်တာလဲ ? နွားလှည်း ပျက်သွားတာလား ? ဟင် ? စုကျို ??”
“ဘုရားရေ! ငါ ဒီကို ဘယ်လို ပြန်ရောက်လာတာလဲ!”
ယင်လီဟာ လှည်းထဲကနေ အနိုင်နိုင်တွားထွက်လာပြီး လှည့်ကြည့်လိုက်တဲ့အခါ စုကျီကျီတို့ မောင်နှမကိုမြင်ပြီး လန့်သွားသည်။
ချက်ချင်းဆိုသလိုပင် အပူရှိန်တွေတက်နေတဲ့ မဟာမိစ္ဆာကြီးဟာ စုကျိုလက်ထဲကနေ ရုန်းထွက်ပြီး ထိတ်လန့်တကြားနှင့် ကုက္ကိုပင်ပေါ်ကို ခုန်တက်ပြီး ထွက်ပြေးသွားပါတော့သည်။ သူ စုကျိုအား သတိကြီးစွာဖြင့် စိုက်ကြည့်နေတော့သည်!
ဒီလောက်တောင် အာရုံခံစားမှု မြန်တာလား?
စုကျိုကမူ တိုးတိုးလေး ရယ်နေမိသည်။ ဒီကောင်စုတ်ရဲ့ကျောက်တိုင်က တကယ် အသုံးဝင်သားပဲ။
“ဟေး”
သူမ ပြုံးပြရင်း၊ လှည်းထဲကနေ ကစဉ့်ကလျားတွားထွက်လာသည့် ယင်လီကို လက်လှမ်းပြလိုက်တယ် - “ပြန်ရောက်လာတာ အတော်ပဲ ၊ ငါ အလုပ်ပြီးပြီ”
တကယ် လိမ္မာတဲ့ မဟာမိစ္ဆာလေးပဲ။
ချန်ယွမ် သူမ လှည်းစီးချင်နေသည်ဟုထင်ပြီး ကြေးဝါနွားလှည်းအား သူမရှေ့ရောက်အောင်ဆွဲခေါ်လာပေးတာမှန်း စုကျို ရုတ်တရက် သဘောပေါက်လိုက်သည်။
“ပြီးပြီလား? နင် တော်တော်မြန်တာပဲ!”
ကျူးပိုင်ယွီက လှည်းပေါ်က ခုန်ဆင်းပြီး နွားလှည်းတစ်ဝိုက်ကို သေချာစစ်ဆေးပါတယ်။
“ဘုရားရေ! စုကျို... နင် တစ်ခုခုတူးထုတ်လိုက်လို့ ငါတို့ သရဲခြောက်ခံရတာလား ? ဒီလှည်းအစုတ်က နောက်ပြန်ကြီး မောင်းလာတာ!”
“လျှောက်မပြောနဲ့” ယင်လီ ဂူပုံဟောင်းကြီးပေါ်ကို သတိကြီးစွာတက်လိုက်ရင်း - “ဘာကျန်သေးလဲ ? ခေါင်းတလားက ဗလာကြီး မဟုတ်လား ?”
“စုကျို... နင် အလကားဖြစ်သွားတာလား / အဲဒါကြောင့် စိတ်တိုပြီး မြေကြီးကိုဆောင့်နင်းနေတာလား?”
“အင်း”
စုကျို ခေါင်းညိတ်လိုက်ပြီး - “အလကားတော့ မဖြစ်ပါဘူး၊ အတိုးလေး နည်းနည်းပြန်ယူလိုက်တာ”
ဘာအတိုးလဲ ?
ဒါတွေက အရင်ကတည်းက အတူးခံထားရတာ မဟုတ်ဘူးလား ?
ယင်လီနှင့် ကျူးပိုင်ယွီတို့ အံ့သြတကြီးအော်ဟစ်လိုက်ကြတယ်၊ သူတို့ မြေကြီးပေါ်မှာ ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ ကျင်းကြီးကိုမြင်နေရပြီဖြစ်သည်။
အဲ့နောက်မှာတော့ စုကျို၏ညာဘက်လက်မောင်းဆီမှ ဂုန်း ဂုန်း ဂုန်း! ဆိုတဲ့ အသံထွက်လာသည်။
“[ ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်၏ ထူးချွန်ကျင့်ကြံသူ ဖူရှင်း၏ဂူ ]” ဟု ရေးထားသည် ကျောက်တိုင်အများကြီး ကောင်းကင်ကနေ ပြုတ်ကျလာခြင်းပင်!
ထိုကျောက်တိုင်တွေ သူတို့အနားကို ဝုန်းခနဲကျလာတော့သည်။
ကျူးပိုင်ယွီနှင့် ယင်လီတို့ နောက်အမြန်ဆုတ်လိုက်ရပြီး စုကျို ကျောက်တိုင်တစ်ခုထမ်းထားသည်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့ကြသည်။ စုကျီကျီနှင့် စုရှင်းချန်တို့လည်း မျက်နှာလေးတွေ နီရဲနေအောင် ကျောက်တိုင်တစ်တိုင်စီ ထမ်းထားကြသည်ပင်!
ယင်လီနှင့် ကျူးပိုင်ယွီ : “!”
ဒီစုကျိုက ကျောက်တိုင်တွေကိုပါ ထမ်းသွားတာလား! လက်ကားယူရောင်းတော့မလို့လား!
ခဏအတွင်းမှာပင် ကျန်သည့် ကျောက်တိုင် ငါးခု၊ ခြောက်ခုဆီမှ လွင့်ထွက်လာသော ကျောက်စအစလေးများသည် ၎င်းတို့၏ ညာဘက်ပါးကို ထိမှန်သွားပြီး ဒဏ်ရာအနည်းငယ်ရသွားစေသည်။
သွေးတွေ စီးကျလာသော်ငြား... လမ်းတစ်ဝက်မှာတင် ရပ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဒဏ်ရာများ လုံးဝကိုပြန်ပျောက်သွားခြင်းဖြစ်သည်!
“ဝိညာဉ်ပိုးဖလံဂေဟာ ပထမထပ်၏ထူးချွန်ကျင့်ကြံသူ ဖူရှင်း၏ဂူ” ဟု ရေးထားသည့် ကျောက်စာတိုင်တစ်တိုင်စီ ကိုင်ထားရင်း ယင်လီနှင့် ကျူးပိုင်ယွီတို့ ကြောင်အသွားကြသည်။
“ကြိုက်လို့လား ? ခရီးစရိတ်လို့ပဲ သဘောထားလိုက်ပါ”
“!”