← Chapters

ချင်မိသားစုရဲ့ အစီစဥ်များ

Vol. 9 Ch. 88

ချင်မိသားစုရဲ့ အစီစဥ်များ

Vol. 9 Ch. 88

သခင်လေးချင်က ခန်းမထဲရှိ လူများအားတချက် ကြည့်လိုက်သည်။ ထိုသူများမှာ ချင်မိသားစုအတွက်တော့ ပုရွတ်ဆိတ်လေးများသာဖြစ်ပြီး အရေးတယူလုပ်ရန်ပင် မလိုချေ။

သို့သော်လည်း ချင်ဘိုးဘေး၏ ထူးခြားဖြစ်စဥ်အပေါ် အလေးနက်ရှိနေခြင်းကြောင့် ချင်မိသားစုခွဲမှ သခင်လေးတယောက်အနေဖြင့် မိသားစုတာဝန်ထမ်းဆောင်ရန် ထွက်လာရခြင်းဖြစ်သည်။

“ကျုပ်တို့ဒီတကြိမ်ရောက်လာတာက အရေးကြီးကိစ္စတခုရှိတယ်”

သခင်လေးချင်ရဲ့စကားကိုကြားလျင် အမတ်လျှို့က မေးခွန်းထုတ်သည်။

“ဘာများလဲသခင်လေး ကျုပ်တို့ကူညီနိုင်တာများရှိမလား”

သခင်လေးချင်က

“အနည်းကျဥ်းတော့ရှိတယ် မကြာသေးခင်က ဖြစ်သွားတဲ့ ထူးခြားဖြစ်စဥ်နဲ့ပက်သက်ပြီး ခင်ဗျားတို့ တခုခုသတိထားမိလား”

ထိုစကားကိုကြားလျင် အမတ်ကုန်းစွန်းက တက်တက်ကြွကြွ ဝင်ပြောသည်။ ထိုအကွက်က သူတို့စောင့်မျှော်နေသည့်အရာသာဖြစ်ပြီး ဘိုးဘေးမင်ဝမ်ကို ချင်မိသားစုကသာ ထိန်းချုပ်နိုင်ပါက မင်တိုင်းပြည်ကို ထိန်းချုပ်ရေးအစီစဥ်မှာ လွယ်ကူသွားပေမည်။ ထို့ကြောင့် ကောက်ကျစ်တဲ့မြေခွေးအိုကြီး အားတက်သွားခြင်း ဖြစ်သည်။

“ကိစ္စတခုတော့ သတိထားမိပါတယ်”

“ဘာများလဲ”

အမတ်ကုန်းစွန်းက ခါးကိုမတ်မတ်ထားလိုက်ပြီး အလေးနက်ရှင်းပြသည်။

“မကြာခင်က ကျုပ်တို့ဧကရီမ ခရီးတခုထွက်သွားပြီး သူမဒဏ်ရာတွေကို ကုသပေးနိုင်မယ့် ဆေးဝါးအချို့ ထွက်ရှာတယ်လို့ အတွင်းသတင်းအရ သိခဲ့ရတယ်”

သခင်လေးချင်က မျက်မှောက်ကြုတ်သွားသည်။ ထိုအရာက ထူးခြားဖြစ်စဥ်နဲ့ မည်သို့သက်ဆိုင်သနည်း။

“အဲ့ဒါက ဘာထူးခြားလို့လဲ”

“ဆုံးအောင်ပြောပါရစေ သခင်လေး”

အမတ်ကုန်းစွန်းက ဆက်ပြောသည်။

“ဧကရီပြန်ရောက်လာပြီးနောက် ဘိုးဘေးနေတဲ့ တောင်ကုန်းမှာ တံခါးပိတ်ကျင့်ကြံရေးဝင်သွားတယ်လို့ ကျုပ်တို့သိခဲ့ရတယ် ဒါက ဧကရီမရဲ့အဆင့်တက်မှုဖြစ်နိုင်ပြီးတော့ ကျုပ်တို့စိုးရိမ်တာက သူမသာ ဒဏ်ရာအတွက် ဆေးဝါးရှာတွေ့ပြီးတော့ အဆင့်တက်မှုဖြစ်ခဲတာလို့ ယူဆပါတယ် နောက်ပြီး သခင်လေးပြောတဲ့ ထူးခြားဖြစ်စဥ်ကလည်း ဘိုးဘေးနေတဲ့ တောင်ကုန်းကနေ စတာပါ”

“သေေချာလား”

သခင်လေးချင်က စူးစိုက်ကြည့်ကာ မေးလိုက်သည်။ အမတ်ကုန်းစွန်းရဲ့ စကားသာသေချာပါက ထူးခြားဖြစ်စဥ်ရဲ့နောက်ကြောင်းကို သိရှိရန် ဘိုးဘေးဆိုသူ၏ တောင်ကုန်းကိုသာသွားရန်လိုအပ်ပြီး ထိုအချက်က အမတ်လျှိုတို့၏ မင်တိုင်းပြည်ထိန်းချုပ်ရေးကိုလည်း ကူညီရာရောက်မည် ဖြစ်သည်။ ထူးခြားတာက ထိုမျှတိုက်ဆိုင်သည်တဲ့လား။

သခင်လေးချင်တယောက် အလေးအနက်စဥ်းစားနေလေသည်။ အခြားကုန်းမြေများသို့ ထွက်ခွာသွားကြသည့် ချင်မိသားစုဝင်များထံမှ ထူးခြားဖြစ်စဥ်တဲ့ပက်သက်၍ တစုံတရာသတင်းမပို့လာခြင်းက အမတ်ကုန်းစွန်းရဲ့စကားအပေါ် ဖြစ်နိုင်ချေမြင့်တက်လာပြီး သူသာထိုဖြစ်စဥ်ကို သိနိုင်ပါက ချင်မိသားစုအတွင်း အဆင့်တန်းတခု ထပ်မံမြင့်တက် လာတော့မည်ဖြစ်သည်။

“ကောင်းပြီ ခင်ဗျားတို့အစီစဥ်က ဘာလဲ”

အမတ်လျှိုတို့အဖွဲ့ ဝမ်းသာသွားသည်။ မူလက အကူညီအတွက် တန်ဖိုးကြီးကြီးမားမား တစုံတရာပေးဆပ်ရမည်ဟု တွေးထားသော်လည်း မထင်မှတ်တဲ့ သတင်းစကားတခုက ဖြစ်စဥ်ကိုချောမွေ့သွားစေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

“အစီစဥ်ကတော့.. ဒီလိုပါ”

အမတ်လျှိုက ဘိုးဘေးမင်ဝမ်ရဲ့ခြေနေများကို အကျဥ်းချုပ် ပြောပြလိုက်ပြီး ဧကရီမက အခုထိ ထွက်မလာသေးသည်ကိုကြည့်ရသည်မှာ ဒဏ်ရာဆက်ကုသနေသည်ဟု ယူဆနိုင်ကြောင်း လက်ရှိမင်တိုင်းပြည်၏ ထိပ်သီးအင်အားစုများ၏ ရာနှုန်းတော်တော်များများကို ၎င်းတို့မှ ထိန်းချုပ်ထားပြီဖြစ်၍ ဘိုးဘေးမင်ဝမ်ကိုသာ ချင်မိသားစုမှ ထိန်းချုပ်နိုင်ပါက အစစအရာရာ လွယ်ကူသွားမည်ဖြစ်သည်။

“ဒီကိစ္စလောက်ပဲဆိုရင်တော့ ကျုပ်တို့တာဝန်ထားလိုက်”

သခင်လေးချင်တိုသူက မောက်မာစွာဖြင့် တုန့်ပြန်လိုက်သည်။ ဘိုးဘေးမင်ဝမ်က မဟာယာနအဆင့်ဖြစ်သော်လည်း မိသားစုကြီးမှ ပါရမီရှင်ဖြစ်၍ သူမကြောက်ပေ။ ထို့အပြင်သူတို့က နှစ်ယောက်ဖြစ်ကာ ဘိုးဘေးမင်ဝမ်ဘက်၌ ဧကရီမ မပါလျင် ဘိုးဘေးမင်ဝမ်သာ ရှိပေမည်။ ဧကရီမ ပါဝင်လာလျင်လည်း ကိစ္စမရှိပေ။

“ကေျးဇူးတင်ပါတယ် သခင်လေး ဒါဆို ရက်အနည်းငယ်အတွင်း အစီစဥ်ဆွဲလိုက်ပါမယ် လာကြစမ်း သခင်လေးချင်တို့ကို သေချာဧည့်ခံလိုက်ကြ”

အမတ်လျှိုက ကျေးဇူးတင်စကားပြောပြီးနောက် တဆက်တည်း သခင်လေးချင်နဲ့ အပေါင်းဖော်ကိုလည်း ကျကျနန ဧည့်ခံတော့သည်။ သခင်လေးချင်နဲ့ အခြားလူငယ်ပါရမီရှင်ကတော့ အမတ်လျှိုတို့ကို အထင်တသေးကြည့်နေသည်ကို ၎င်းတို့သတိမပြုမိကြပေ။

“ဒင်းက ငါ့ကိုအသုံးချချင်နေတာလား အဖိုးကြီး မိုက်မဲလွန်းတယ်”

ချင်မိသားစု၏ အခွဲတခုဖြစ်စေ အင်အားအရာ၌ ကုန်းမြေများမှ ဂိုဏ်းများယှဥ်နိုင်သည့်အရာ မရှိချေ။ အထူးသဖြင့် ကျင့်စဥ်များ အရင်းအမြစ်များ ကွာဟမှုဖြစ်ပြီး နှစ်ထောင်ချီတည်ဆောက်ထားသည့် ချင် ရှောင်မိသားစုကြီးများ၏ အုတ်မြစ်က သွားရှုက်လို့တော့မရ။

အလယ်ပိုင်းကုန်းမြေကြီးသည် သားရဲကပ်ဘေးကို ခံစားခဲ့ရသော်လည်း ထိုမျှလောက်ကတော့ အငယ်စားအင်အားစုများကပင် ထိန်းချုပ်နိုင်သည်ဖြစ်၍ စိတ်ပူစရာမလိုပေ။

ဘိုးဘေးရဲ့တောင်ကုန်းပေါ်မှာတော့ မင်ဝမ်တယောက် တရားကျင့်စဥ်ထဲ ဝင်ရောက်နေလေသည်။ တောင်ကုန်းပတ်ပတ်လည်ကိုလည်း စိတ်အာရုံ ဖြန့်ကျက်ထားပြီဖြစ်၍ တစုံတဦးသာ ထိုးဖောက်လာပါက ချက်ချင်းသိနိုင်မည် ဖြစ်သည်။

“ဒီဆေးဝါးတွေက ငါ့ရဲ့အတွင်းဒဏ်ရာတွေကိုတောင် သက်သာသွားစေတယ် တကယ်ကို”

မင်ဝမ်တယောက် ကိုယ်တွင်းပိုင်းအား အသေးစိတ်စစ်ဆေးနေပြီး ကျင့်ကြံဆင့်တိုးမြင့်ရန် မလေ့ကျင့်သော်လည်း ဆေးဝါးရဲ့အစွမ်းက မှင်သက်စရာကောင်းလောက်အောင်ပင် ထိရောက်နေခဲ့သည်။

ယခင်က ဒဏ်ရာများမှာလည်း သိသိသာသာ ပျောက်ကင်းသွားခဲ့သည်။ ကျင့်စဥ်များအပေါ် နားလည်နိုင်မှုမှာ ငါးဆယ်ရာနှုန်းထိ တိုးမြင့်သွားပြီး မကြာမီ မဟာယာနနှောင်းပိုင်းအဆင့်အား ထိုးဖောက်နိုင်မည်ဟု ခံစားနေရသည်။ ထိုအတွက် သူ့မှာတံခါးပိတ်ကျင့်ကြံရေးပင် မလုပ်ခဲချေ။

“သိပ်ကောင်းတယ် ရှန်းအာပြန်ထွက်လာရင် ဆေးဆရာလူငယ်လေးဆီ ငါသွားပြီးကျေးဇူးတင်ရမယ် ဒီအဘိုးကြီးကို တဖက်တလမ်းက ကူညီပေးလိုက်တာပဲ”

မင်ဝမ်တယောက် တီးတိုးရေရွတ်နေစဥ် ရုတ်တရက်တစုံတခုအား အာရုံခံလိုက်မိသည်။ ထိုအရာက ကျင့်ကြံသူနှစ်ဦး ဦးဆောင်ထားသည့် အဖွဲ့တခု တောင်ကုန်းပေါ် တက်လာခြင်းဖြစ်ပြီး ဦးဆောင်လာသည့် သူနှစ်ဦးရဲ့ အရှန်ဝါက သူနဲတန်းတူဖြစ်နေသည်အား သတိထားမိသွားသည်။

“မင်းတို့ မစောင့်နိုင်ကြတော့ဘူးကိုး”

မင်ဝမ် တီးတိုးရေရွတ်ကာ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်မိသည်။

……………………………………………..

All Chapters