ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံ
Vol. 20 Ch. 194
ပြည်ထောင်တစ်ရာတောင်ထိပ်၌။
ထူးဆန်းအံ့ဩဖွယ်ကောင်သော နည်းလမ်းဖြင့် ကောင်းကင်ယံထက်တွင် မှောင်မည်းနေသည့် တိမ်တိုက်များ ရုတ်ခြည်းပေါ်ပေါက်လာကာ တစ်လောကလုံးကို ဝါးမျိုတော့မည့်အလား ပျံ့နှံ့သွားလေသည်။ ထိုမြင်ကွင်းမှာ အလွန်ပင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှ၏။
တောင်ပေါ်ရှိ လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဤရုတ်တရက် အပြောင်းအလဲကြောင့် ပြိုင်ပွဲဝင် အများအပြားမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုမည်းမှောင်နေသော တိမ်တိုက်များအတွင်းမှ ထွက်ပေါ်လာသည့် ဖိအားများက လူတိုင်းကို အသက်ရှူကျပ်စေပြီး စိတ်ဖိစီးမှုများကို ခံစားရစေသောကြောင့်ပင်။
မည်းမှောင်နေသော တိမ်တိုက်များ အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာသည်နှင့်အမျှ တိမ်တိုက်များအကြားမှ အက်ကြောင်းတစ်ခု ပွင့်ထွက်လာပြီး အနက်ရောင်အလင်းတန်းများ ကျဆင်းလာခဲ့သည်။ အနက်ရောင်အလင်းတန်းများ ဖုံးလွှမ်းထားသော လူရိပ် ဆယ်ဂဏန်းကျော်တို့သည် လေဟာနယ်အတွင်း၌ စုစည်းပေါ်ထွက်လာခဲ့ကြသည်။
ပတ်ဝန်းကျင်ရှိ ယွမ်စွမ်းအင်များမှာ ကစဉ်ကလျားဖြစ်ကာ လှုပ်ခတ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ယွမ်စွမ်းအင် လှိုင်းဂယက်ရိုက်ခတ်မှုများ ပျံ့နှံ့သွားလေသည်။ အလွန်အမင်း ကြီးမားသော ဖိအားများကြောင့် တောင်ထိပ်ပေါ်ရှိ လူတို့မှာ ကိုယ်လက်လှုပ်ရှား၍ပင် မရနိုင်တော့သကဲ့သို့ ခံစားလိုက်ကြရသည်။
လေဟာနယ်ထဲရှိ အထူးဂိုဏ်းကြီး ရှစ်ခုမှ လူများမှာမူ အမူအရာများ တည်ကြည်လေးနက်သွားကြကာ ဤပြင်ပမှ ရောက်ရှိလာသူများကို စူးစမ်းကြည့်ရှုနေကြသည်။
ပြည်ထောင်တစ်ရာပြိုင်ပွဲကို ဦးဆောင်ထားသော ကျိရှိလျိုမှာ ထိုသူများ၏ မည်သူမည်ဝါဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ရသဖြင့် အေးစက်စက်ဖြင့် ပြောလိုက်သည်။
“ဘယ်သူများလဲလို့ ငါစဉ်းစားနေတာ။ အနောက်ရွှမ်ပြည်နယ်က မင်းတို့တွေ ထပ်ရောက်လာပြန်တာကိုး။ မင်းတို့ကတော့ တော်တော်လေး သတ္တိရှိတာပဲ။ ငါတို့ရဲ့ အရှေ့ရွှမ်ပြည်နယ်ထဲကို တိတ်တဆိတ် ကျူးကျော်ဝင်ရောက်လာရုံတင်မကဘဲ အခုလို နေရာမျိုးမှာတောင် လှုပ်ရှားရဲတယ်ပေါ့လေ”
“ဟဲဟဲ... ကျိရှိလျို၊ ယွမ်ဂိတ်ရဲ့ အမှု ဆောင်တစ်ယောက်တည်းပဲလား။ ယွမ်ဂိတ်က မင်းတစ်ယောက်တည်းကိုပဲ လွှတ်လိုက်တာလား”
အနက်ရောင်အလင်းတန်းများ ကွယ်ပျောက်သွားပြီးနောက် လူပေါင်းများစွာ၏ ပုံရိပ်များ ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့ကို ဦးဆောင်လာသော သက်လတ်ပိုင်း အမျိုးသားက လှောင်ပြောင်သော အပြုံးဖြင့် ဆိုလိုက်သည်။
“ကျန်းကျုံး”
ကျိရှိလျို၏ သူငယ်အိမ်များ ကျုံ့သွားကာ အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်သည်။
“မင်းတို့ ဒီမှာ ရုတ်တရက် ပေါ်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ”
ကျန်းကျုံးက “ရည်ရွယ်ချက်လား။ ဟဲဟဲ... သဘာဝကျကျပြောရရင် ငါတို့ကလည်း ဒီရှေးဟောင်းစစ်မြေပြင်ကို တော်တော်လေး စိတ်ဝင်စားလို့ပေါ့။ မင်းတို့ အရှေ့ရွှမ်ပြည်နယ်က ဒါကို သိမ်းပိုက်ထားတာ နှစ်ပေါင်းများစွာ ကြာပြီပဲ။ အခုတော့ ငါတို့ အနောက်ရွှမ်ပြည်နယ်ရဲ့ အလှည့်ရောက်သင့်ပြီ မဟုတ်လား” ဟု ပြန်လည်ဖြေကြားလိုက်သည်။
“မင်းတို့က ဒီနယ်မြေကို မက်မောနေတုန်းပဲကိုး။ ဒါပေမဲ့ ငါ အတော်လေး သိချင်မိတာက မင်းတို့ ခေါ်လာတဲ့ ဒီလို ငါးပုစွန်အဆင့်လောက်ရှိတဲ့ သူတွေနဲ့ ငါတို့ ရှစ်ယောက်ဆီကနေ ဒါကို တကယ်လုယူနိုင်မယ်လို့ ထင်နေတာလား” ကျိရှိလျိုက ကျန်းကျုံးနှင့်အတူ ပါလာသော လူများကို ကြည့်ကာ မထီမဲ့မြင် ပြုမူပြောဆိုလိုက်သည်။
နှုတ်မှ လှောင်ပြောင်နေသော်လည်း ကျိရှိလျို၏ မျက်နှာမှာမူ အလွန်တည်ကြည်နေခဲ့သည်။ သူက ဝိညာဉ်စွမ်းအင်များကို တိတ်တဆိတ် လှုံ့ဆော်ကာ လက်ချောင်းထိပ်တွင် ရွှေရောင်အလင်းတန်းတစ်ခုကို စုစည်းလိုက်ပြီး လေဟာနယ်ထဲသို့ လျှပ်တစ်ပြက် တောက်ထုတ်လိုက်သည်။
“မူလဝိညာဉ် သတင်းစကားလား။ အဲဒါကို ငါက ပေးပို့ခွင့်ပြုမယ်လို့ မင်းထင်နေတာလား” ကျန်းကျုံးက ရက်စက်သော အပြုံးဖြင့် ပြောလိုက်သည်။
ရုတ်တရက် ကျိရှိလျို၏ မူလဝိညာဉ် ရွှေရောင်အလင်းတန်း ပျံသန်းသွားသော လေဟာနယ်ထဲတွင် ကြီးမားလှသော အနက်ရောင် ရူန်းအစီအရင်ကြီးတစ်ခု ပေါ်လာသည်။ ထိုအစီအရင်ကြီးမှ အနက်ရောင်အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး ရွှေရောင်အလင်းတန်းကို တိုက်ရိုက်ပင် နောက်ပြန်ကန်ထွက်သွားစေသည်။
ကျန်းကျုံးက “ငါတို့ ဒီကိုလာကတည်းက သေချာပေါက် အစစအရာရာ ပြင်ဆင်လာခဲ့ပြီးသားပါ။ အမှုဆောင်ကို ငါတို့ စိတ်ပျက်အောင်တော့ မလုပ်ပါဘူး” ဟု ထပ်လောင်းပြောဆိုလိုက်သည်။
“ဟင်... လေဟာနယ်က ပိတ်ဆို့ခံလိုက်ရပြီလား” ကျိရှိလျို၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာခဲ့သည်။
သူ့နောက်ကွယ်ရှိ အထူးဂိုဏ်းများမှ လူအနည်းငယ်၏ အမူအရာများလည်း ပျက်ယွင်းသွားကြသည်။ သားရဲနန်းတော်မှ အကြီးအကဲဖြစ်သူက လေဟာနယ်ထဲသို့ တိုက်ရိုက်ပင် လက်သီးဖြင့် ထိုးနှက်လိုက်ရာ ထိုစွမ်းအားကြီးမားလှသော လက်သီးချက်ကြောင့် ေလဟာနယ်မှာ ပုံပျက်ရှုံ့တွသွားခဲ့သည်။
သို့သော်လည်း လေဟာနယ်အတွင်း၌ ပင့်ကူအိမ်သဖွယ် အနက်ရောင်ပုံစံများ ပေါ်ထွက်လာပြီး ဤလောကတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။ ထိုအားကောင်းသော လက်သီးချက်မှာ ပင့်ကူအိမ်နှင့် ထိတွေ့မိသော ဂွမ်းစိုင်ကဲ့သို့ ဖြစ်သွားပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
“မမျှော်လင့်ထားဘူး မဟုတ်လား။ ဟားဟားဟား။ ဒီတစ်ခါတော့ ငါတို့ ‘ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံ’ ကို ယူလာခဲ့တာ။ မင်းတို့အားလုံး စုပေါင်းရင်တောင် ဒီအစီအရင်ရဲ့ ပိတ်ဆို့မှုကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး” ကျန်းကျုံးက အားရပါးရ ရယ်မောလိုက်သည်။
“ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံလား... ဝိညာဉ်ရတနာလက်နက် တစ်ခုပဲ။ မင်းတို့ အနောက်ရွှမ်ပြည်နယ်က ဒီတစ်ခါတော့ တကယ်ကို အကုန်အစင် ရင်းနှီးလာတာပဲ” ဟု တောင်ဂိုဏ်းမှ အဘိုးအို ဝူတောင်က လေးနက်နေသော လေသံဖြင့် ဆိုလိုက်သည်။
သူက ဝူယွမ်ထံမှ ကြိုတင်သတိပေးချက် ရရှိထားသဖြင့် ကျန်းကျုံးနှင့် အခြားသူများကို တိတ်တဆိတ် စုံစမ်းစစ်ဆေးခဲ့သည်။ သို့သော် သူတို့၏ စွမ်းအားမှာ အလွန်မကြီးမားလှသဖြင့် သူ သိပ်ဂရုမစိုက်ခဲ့မိပေ။ ယခုမူ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံ ပေါ်ပေါက်လာခြင်းက သူ့ကို ပို၍ အလေးအနက်ထားရန် ဖြစ်လာစေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည်လည်း ကြိုတင်၍ သတင်းစကား ပေးပို့ထားခဲ့သည်။ ထိပ်သီးဂိုဏ်းကြီး ရှစ်ခုမှ စစ်ကူများ မကြာမီ ရောက်ရှိလာမည်ဟု သူ ယုံကြည်ထားသည်။ သူတို့အနေဖြင့် အချိန်ဆွဲထားရန်သာ လိုအပ်သည်။
“ဒီနယ်မြေအတွင်းမှာ ငါတို့ အစီအရင်တစ်ခု တည်ဆောက်လိုက်တာနဲ့ ငါတို့ အနောက်ရွှမ်ပြည်နယ်က စွမ်းအားကြီး ကျင့်ကြံသူတွေက ဒီနယ်မြေတစ်ခုလုံးကို ငါတို့ ပြည်နယ်ဆီ တိုက်ရိုက်ပို့ဆောင်နိုင်လိမ့်မယ်”
ကျန်းကျုံးက အောင်နိုင်သူတစ်ယောက်ကဲ့သို့ အမူအရာဖြင့် တောင်ထိပ်ပေါ်ရှိ လူငယ်ပါရမီရှင်များကို ငုံ့ကြည့်ကာ အေးအေးလူလူ ဆိုလိုက်သည်။
“ဒီလူတွေက မင်းတို့ အထူးဂိုဏ်းရှစ်ခုက ဂရုတစိုက် ရွေးချယ်ထားတဲ့ ပါရမီရှင်တွေ မဟုတ်လား။ အရမ်းကောင်းတာပဲ။ ငါ အားနာနေမှာ မဟုတ်ဘူး။ သူတို့အားလုံးကို ငါတို့ အနောက်ရွှမ်ပြည်နယ်ဆီ ခေါ်သွားမယ်။ သူတို့တွေက နားလည်သဘောပေါက်ပြီး ငါတို့ဆီမှာ သစ္စာခံမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ ဆက်ဆံမှုကို ရနိုင်လိမ့်မယ်။ မဟုတ်ရင်တော့…. သူတို့ကို ဆေးလုံးကျွန်တွေအဖြစ်ပဲ ပိတ်လှောင်ထားရလိမ့်မယ်”
ကျန်းကျုံးမှာ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကာ ရူးသွပ်စွာ ရယ်မောနေတော့သည်။
တောင်ထိပ်ပေါ်ရှိ လူတိုင်း သူ၏စကားများကို ကြားလိုက်ရသောအခါ မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားကြသည်။ အကယ်၍ ကျန်းကျုံးပြောသကဲ့သို့ တကယ်ဖြစ်လာပါက ပြည်ထောင်အသီးသီးမှ ပါရမီရှင်များအတွက် သေခြင်းထက် ပိုမိုဆိုးရွားသော ညှဉ်းပန်းနှိပ်စက်မှုမျိုး ဖြစ်ပေလိမ့်မည်။
“မင်း ပျော်ရွှင်နေတာ စောလွန်းသေးတယ်။ ငါတို့ ရှစ်ယောက်က အလှပြသက်သက် မဟုတ်ဘူး” အထူးဂိုဏ်းရှစ်ခုမှ လူများက လှုပ်ရှားလိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရပ်များကို ထုတ်ဖော်လိုက်ရာ မြေပြင်တစ်ခုလုံး တုန်ခါသွားရသည်။
“ဟဲဟဲ... မင်းတို့က အလှပြသက်သက် မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ မင်းတို့နဲ့ တိုက်ခိုက်ဖို့ ငါတို့ မရည်ရွယ်ထားဘူး။ မင်းတို့အားလုံးကို ပိတ်လှောင်ထားနိုင်ရင်ပဲ လုံလောက်ပြီ။ ငါတို့ရဲ့ ပစ်မှတ်က ဒီရှေးဟောင်းစစ်မြေပြင်ပဲ”
ကျန်းကျုံး ပြောဆိုနေရင်းနှင့်ပင် သူနှင့် သူ့နောက်ကွယ်ရှိ လူအနည်းငယ်တို့သည် အနက်ရောင်အလင်းတန်းများ ထပ်မံဖုံးလွှမ်းသွားပြီး ကျိရှိလျိုနှင့် အခြားခုနစ်ဦး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်ကြသည်။
“ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံ... လေဟာနယ်ပိတ်လှောင်ခြင်း”
ကျန်းကျုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့နောက်ရှိ လူများက သူနှင့်အတူ တစ်ပြိုင်နက်တည်း လက်ဟန်များကို ပြောင်းလဲလိုက်ကြသည်။
သူတို့၏ လက်ဟန်များ ပြောင်းလဲသွားသည်နှင့်အမျှ ကောင်းကင်ယံမှာ ချက်ချင်းပင် တုန်ခါသွားကာ လေဟာနယ် အက်ကွဲပွင့်ထွက်သွားသည်။ ထူးဆန်းသော အနက်ရောင်အလင်းတန်းများ ပန်းထွက်လာကာ ကြီးမားလှသော ရှေးဟောင်းရူန်းတံဆိပ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုရူန်းတံဆိပ်မှာ လှောင်အိမ်တစ်ခုကဲ့သို့ ပျံ့နှံ့သွားပြီး အဘိုးအို ဝူတောင်နှင့် အခြားခုနစ်ဦးကို ချက်ချင်းပင် ပိတ်လှောင်ထားလိုက်လေသည်။
ဝုန်း... ဝုန်း... အဘိုးအို ဝူတောင်နှင့် အခြားသူများမှာ ထိတ်လန့်သွားကြပြီး ထိုရူန်းလှောင်အိမ်အား ချိုးဖျက်ရန် သိုင်းပညာရပ်အမျိုးမျိုးကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်ကြသည်။
ရူန်းတံဆိပ်မှာ တုန်ခါသွားသော်လည်း သူတို့ ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။
ကျန်းကျုံးသည် သူ့နောက်ရှိ လူများကို ဦးဆောင်ကာ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံကို လှုံ့ဆော်ပြီး အဘိုးအို ဝူတောင်နှင့် အခြားသူများကို ပိတ်ဆို့ထားသည့်အင်အားကို ပိုပြင်းထန်စေခဲ့သည်။
ထို့နောက် သူက အနက်ရောင်တိမ်တိုက်များရှိရာသို့ မော့ကြည့်ကာ “ကောင်းယွီ၊ချန်းဝေ... အစီအရင်ကို မြန်မြန်ပြင်ဆင်ကြစမ်း။ ငါတို့က ဒီလူတွေကို တားဆီးထားရမှာဆိုတော့ အာရုံမလွဲနိုင်ဘူး။ အစီအရင်ကိစ္စကို မင်းတို့ပဲ တာဝန်ယူလိုက်တော့” ဟု အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့!”
အနက်ရောင်တိမ်တိုက်များအတွင်းမှ နောက်ထပ် လူအုပ်စုတစ်စု ထွက်ပေါ်လာပြီး ပြန်လည်ဖြေကြားလိုက်သည်။
သူတို့၏ စွမ်းအားမှာ ကျန်းကျုံးနှင့် အခြားသူများထက် သိသိသာသာ အားနည်းလွန်းလေသည်။
ဤသည်မှာ မူလအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။ ကျန်းကျုံးနှင့် အခြားသူများက အထူးဂိုဏ်းမှ လူများကို ထိန်းချုပ်ထားစဉ် သူတို့က ဤနယ်မြေကို သိမ်းပိုက်ရမည်ဖြစ်သည်။
ဝူယွမ်က မော့ကြည့်လိုက်ရာ ထိုလူအုပ်စုထဲတွင် ရင်းနှီးသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ သူတို့မှာ ယခင်က နိဗ္ဗာန်မီးတောက် အစီအရင်ထဲတွင် သူတို့တွေ့ခဲ့ဖူးသူများပင် ဖြစ်သည်။
ကောင်းကင်ယံတွင် ကောင်းယွီ၊ချန်းဝေနှင့် လူတစ်ဆယ်ကျော်တို့မှာ အနက်ရောင်တိမ်တိုက်များအတွင်းမှ ပျံသန်းထွက်လာပြီးနောက် တောင်ထိပ်ပေါ်ရှိ လူအုပ်ကြီးကို မောက်မာစွာ ကြည့်ရှုနေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် သားကောင်ကို ကြည့်နေသကဲ့သို့ ကစားချင်စဖွယ် အမူအရာများ ရှိနေကြလေသည်။
“ဒါတွေက အရှေ့ရွှမ်ပြည်နယ်က ရွေးချယ်ထားတဲ့ ထိပ်တန်းပါရမီရှင်တွေလား။ ထူးခြားတာလည်း ဘာမှမရှိပါလား”
“ဟားဟား... တချို့တွေကတော့ တော်တော်လေး ကြည့်ကောင်းသားပဲ။ အထူးသဖြင့် အဲဒီအမျိုးသမီးတွေပေါ့။ ငါတို့ ဒီနယ်မြေကို အနောက်ရွှမ်ပြည်နယ်ဆီ ရွှေ့လိုက်တာနဲ့ ဒီပါရမီရှင်ဆိုတဲ့ သူတွေက ငါတို့ရဲ့ အကျဉ်းသားတွေ ဖြစ်ကုန်တော့မှာ”
“စိတ်ဝင်စားဖို့ကောင်းသားပဲ။ ငါ တကယ်ကို မျှော်လင့်နေမိပြီ”
အနောက်ရွှမ်ပြည်နယ်မှ လူများမှာ ရယ်မောလိုက်ကြပြီး ပြည်ထောင်အသီးသီးမှ ပါရမီရှင်များကို စကားများဖြင့် လှောင်ပြောင်နေကြသည်။
အောက်ဘက်ရှိ လူအုပ်ကြီး၏ မျက်နှာများမှာ အလွန်ပင် ခက်ထန်နေခဲ့သည်။ ဤလူများ၏ လက်ထဲသို့ ကျရောက်သွားပါက အထူးသဖြင့် အမျိုးသမီးများအတွက် လုံး၀ ကောင်းကျိုးရှိမည်မဟုတ်ကြောင်း သူတို့ တွေးနေမိကြသည်။
သို့သော်လည်း ထိုလူများ၏ စွမ်အားက အားမနည်းလှပေ။ အားလုံးမှာ နိဗ္ဗာန်အဆင့်ငါး အထက်တွင် ရှိနေကြပြီး ထူးဆန်းသော စွမ်းအားများ ရှိကြလေသည်။ လူတိုင်း ဒေါသထွက်နေကြသော်လည်း မဆင်မခြင် မလှုပ်ရှားရဲကြပေ။
သူတို့အားလုံးမှာ ဝူယွမ်ရှိရာသို့ တညီတညွတ်တည်း လှည့်ကြည့်လိုက်မိကြသည်။
ယခုအခါ အထူးဂိုဏ်းကြီးများမှ လူများ ပိတ်လှောင်ခံထားရသဖြင့် သူတို့တွင် ဦးဆောင်သူမရှိဖြစ်နေပြီး အမိန့်ပေးမည့်သူ တစ်ယောက် လိုအပ်နေသည်။ အရေးကြီးဆုံးမှာ ကောင်းယွီ နှင့် ချန်းဝေကို ရင်ဆိုင်ရန် မည်သူမျှ ယုံကြည်မှု မရှိကြသဖြင့် အစ်ကိုကြီးတစ်ယောက် ပေါ်ထွက်လာပြီး တာဝန်ယူပေးရန် သူတို့က မျှော်လင့်နေကြခြင်း ဖြစ်သည်။
လူအုပ်ကြီး၏ လှုပ်ရှားမှုကို အနောက်ရွှမ်ပြည်နယ်မှ လူများက သေချာပေါက် မြင်တွေ့လိုက်ကြသည်။ သူတို့ထဲမှ ချန်းဝေဆိုသည့် တစ်ယောက်က ဝူယွမ်ကို စိတ်ဝင်တစား ကြည့်ရှုလိုက်ပြီး သူ၏ မိန်းမလျာကဲ့သို့ လေသံဖြင့် ဆိုလိုက်သည်။
“အိုး... စိတ်ဝင်စားစရာပဲ။ မင်းလေးက နိဗ္ဗာန်အဆင့် လေးပဲ ရှိသေးတာကို သူတို့က မင်းကို ကြည့်နေကြပါလား။ မင်းက တစ်ခုခု ထူးခြားပုံရတယ်”
“မင်းက ချန်းဝေ မဟုတ်လား”
ဝူယွမ်က သူ၏အကြည့်ကို တည့်တည့်ရင်ဆိုင်လိုက်ပြီး အမည်တူသော ဇာတ်ကောင်တစ်ဦးကို သတိရသွားကာ ပြုံးလျက် မေးလိုက်သည်။ “မင်း သိုင်းပညာ တတသလား”
ချန်ဝေ - !......
အခြားသူများအားလုံးလည်း ဇဝေဇဝါ ဖြစ်သွားကြပြီး ဝူယွမ်က အဘယ်ကြောင့် ထိုသို့ ပြောလိုက်သနည်းဟု တွေးတောနေကြသည်။
“ချန်းဝေ... သူနဲ့ စကားများမနေနဲ့တော့။ အစီအရင်ကိုပဲ အာရုံစိုက်ပြီး ပြင်ဆင်ကြစမ်း” ထိုအချိန်တွင် အနီရင့်ရောင် ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ပြောလိုက်သည်။
“ဟုတ်ကဲ့... အစ်ကိုကြီး ကောင်းယွီ”
ချောင်ယွီ၏ ညွှန်ကြားချက်ကို ကြားလိုက်ရသောအခါ ချန်းဝေသည် အနက်ရောင်ဝတ်စုံဝတ် လူပေါင်းများစွာကို ဦးဆောင်ကာ တိုက်ခိုက်လိုက်သည်။ သူတို့၏ လက်ထဲတွင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး အနက်ရောင် အလင်းလုံးများ ပေါ်လာခဲ့သည်။ ထိုအလင်းလုံးများမှာ လေထဲသို့ ပျံတက်သွားပြီးနောက် အနက်ရောင်အလင်းတန်းများကို အပြင်းအထန် ထုတ်လွှတ်လိုက်သည်။ ထိုအလင်းတန်းများသည် လေဟာနယ်ကို တိုက်ရိုက်ထိုးဖောက်သွားကာ ဤနယ်မြေကို ဖောက်ထွက်သွားတော့မည့်အလား ရှိနေသည်။
“ချင်ထျန်း... သူတို့ကို တားစမ်း။ ဘယ်သူပဲဖြစ်ဖြစ် ဒီအစီအရင်ကို ဖျက်ဆီးနိုင်ရင် အဲဒီလူက ဒီပြည်ထောင်တစ်ရာတိုက်ပွဲရဲ့ ချန်ပီယံပဲ”
ဒေါသတကြီး အော်ဟစ်လိုက်သော ကျိရှိလျို၏ အသံမှာ အနက်ရောင်ရူန်းလှောင်အိမ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
ခုနက နိဗ္ဗာန်ရွှေစာရင်း ယှဉ်ပြိုင်ပွဲတွင် နိဗ္ဗာန်အဆင့် ခြောက်တွင်ရှိသော ချင်ထျန်းမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပင် မရရှိခဲ့ပေ။ ကျိရှိလျိုမှာ အကြောင်းရင်းကို မသိသော်လည်း နှမြောစရာကောင်းသည်ဟု သူ ခံစားရသည်။
ယခုမူ ရုတ်တရက် အပြောင်းအလဲဖြစ်ပေါ်လာသဖြင့် ချင်ထျန်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။
ကျိရှိလျိုက သူ၏အမည်ကို ခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် ချင်ထျန်းမှာ ချက်ချင်းပင် စိတ်ဓာတ်များ တက်ကြွလာကာ တိုက်ပွဲဝင်လိုစိတ်များ ပြန်လည်နိုးထလာသည်။ ခဏတာအတွင်းမှာပင် သူသည် ပြန်လည်စွမ်းဆောင်နိုင်တော့မည်ဟု ခံစားလိုက်ရသည်။
“ဟမ့်... ငါတို့ အရှေ့ရွှမ်ပြည်နယ်ထဲမှာ လာပြီး ရမ်းကားချင်တာလား။ မင်းတို့ နေရာမှားလာပြီလို့ ငါထင်တယ်”
ချင်ထျန်းက စူးရှရှ အော်ဟစ်လိုက်ပြီး သူ၏အကြည့်များမှာ အေးစက်သွားသည်။ သူက အထက်သို့ ပျံတက်သွားကာ ခန့်ညားထည်ဝါလှသော ယွမ်စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး အနီရင့်ရောင် ဝတ်ရုံဝတ်ထားသူဆီသို့ လျှပ်စီးကဲ့သို့သော အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။
သူက အလွန်ပင် ရဲရင့်လှ၏။
“ဒီကောင်က ဘာကောင်လဲ” ကောင်းယွီက ပြေးဝင်လာသော ချင်ထျန်းကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး သူ၏လက်ဝါးကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ ခပ်သာသာပင် ရိုက်ချလိုက်သည်။
ဖတ်!
သူ လက်ဝါး ရိုက်ချလိုက်သည်နှင့် သူ့ရှေ့ရှိ လေဟာနယ်မှာ တိုက်ရိုက်ပင် ပုံပျက်သွားပြီး လေဟာနယ်အတွင်းမှ ထူးဆန်းသော အနက်ရောင်အလင်းတန်းတစ်ခု ပန်းထွက်လာကာ ချင်ထျန်း၏ ခန္ဓာကိုယ်ကို လျှပ်တစ်ပြက် ထိမှန်သွားလေသည်။
အဟွတ်…အဟွတ်!
ချင်ထျန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းမှာ လျင်မြန်စွာ မှိန်ဖျော့သွားပြီး သူ ချောင်းများဆိုးကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ သနားစဖွယ် အခြေအနေဖြင့် နောက်သို့ လွင့်ထွက်သွားပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။
တစ်ကွက်တည်းဖြင့် အရေးနိမ့်သွားခြင်းပင်။
အရှေ့ရွှမ်နှင့် အနောက်ရွှမ် ပြည်နယ်နှစ်ခုလုံးမှ လူတိုင်း အနည်းငယ် မှင်တက်သွားကြသည်။ “ဒီလူက ကျိရှိလျို ကိုယ်တိုင် အမည်တပ် ခေါ်ထားသူ ရောဖြစ်နိုင်ရဲ့လား”
“ဒါပဲလား”
“သေရမှာ မကြောက်တဲ့သူ နောက်ထပ် ရှိသေးလား။ ရှိရင်လည်း ထွက်လာခဲ့ကြ”
ကောင်းယွီက လေထဲတွင် လက်တစ်ဖက်ကို နောက်ပစ်လျက် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေပြီး တောင်ထိပ်ပေါ်ရှိ လူအုပ်ကြီးကို ငုံ့ကြည့်နေကာ သူ၏မျက်နှာတွင်လည်း ပေါ့ပေါ့ပါးပါးနှင့် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ရှိနေခဲ့သည်။
တောင်ထိပ်ပေါ်ရှိ လူတိုင်းမှာ လက်သီးကို တင်းတင်းဆုပ်ထားကြသော်လည်း ဒေါသကို မြိုသိပ်ထားကြရရုံသာ တတ်နိုင်ကြသည်။
နိဗ္ဗာန်အဆင့်ခြောက်မှာရှိသော ချင်ထျန်းပင်လျှင် ဤမျှအရှက်တကွဲ ရှုံးနိမ့်သွားရလျှင် သူတို့ တက်သွားပါက ပို၍ပင် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။
“အစ်ကိုကြီး ဝူယွမ်... သူတို့ကို ဒီအစီအရင် မပြီးမြောက်အောင် တားဆီးရမယ်။ မဟုတ်ရင် ကျွန်မတို့အားလုံး အနောက်ရွှမ်ပြည်နယ်ကို ပါသွားရလိမ့်မယ်”
လန်ယင်းမှာ ဝူယွမ်၏ ဘေးသို့ ရောက်ရှိလာပြီး လေထဲတွင် အစီအရင် ပြင်ဆင်နေကြသော ချန်းဝေနှင့် အခြားသူများကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။
လူတိုင်းက လှည့်ကြည့်လိုက်ကြပြီး အသက်ပင် ၀၀မရှုရဲကြတော့ပဲ ဝူယွမ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။
အခြေအနေမှာ အလွန်ပင် မွန်းကျပ်နေခဲ့သည်။ သူတို့ လှုပ်ရှားချင်ကြသော်လည်း ကောင်းယွီမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ ကောင်းယွီကို ထိန်းချုပ်နိုင်မည့်သူတစ်ဦး သူတို့ လိုအပ်နေသည်။
ဝူယွမ်၏ အမူအရာမှာမူ တည်ငြိမ်နေဆဲပင်။ သူ၏မျက်လုံးများမှာ ခရမ်းရောင်အလင်းတန်းများ တောက်ပနေကာ သူကာ အစီအရင် ပြင်ဆင်မှုနှင့် လက်ရှိအခြေအနေကို စိုးရိမ်ခြင်းမရှိဘဲ ဖြေးဖြေးခြင်း ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ငါတို့ထဲက ဘယ်သူမှ အနောက်ရွှမ်ပြည်နယ်ကို သွားစရာမလိုပါဘူး။ သူတို့ အောင်မြင်မှာ မဟုတ်ဘူး။ ကောင်းယွီနဲ့ ချန်းဝေကို ငါတို့ မဟာယန်ပြည်ထောင်စုက ကိုင်တွယ်မယ်။ ကျန်တဲ့လူတွေကိုတော့ မင်းတို့ ကိုင်တွယ်နိုင်တယ် မဟုတ်လား”
“ပြဿနာမရှိပါဘူး! စိတ်ချပါ!”
“ကောင်းယွီသာ မရှိရင် ကျန်တဲ့သူတွေကို ငါတို့ ကိုင်တွယ်နိုင်ပါတယ်”
လူတိုင်းက အံ့အားသင့်သွား ကြပေမဲ့ ပြန်ဖြေလိုက်ကြသည်။
သူတို့တွင် လူအင်အား ပိုများပြားပြီး သူတို့အားလုံးမှာလည်း ပြည်ထောင်စုအသီးသီးမှ ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့နှင့် စွမ်းအားချင်း သိပ်မကွာခြားသော အခြေအနေမျိုးတွင် တိုက်ခိုက်ရန် သတ္တိနှင့် ယုံကြည်မှု သူတို့တွင် ရှိနေကြဆဲပင်။
“အစ်ကိုကြီး... သတိထားပါ။ ကောင်းယွီက နိဗ္ဗာန်အဆင့်ခြောက်ပဲ ရှိသေးပေမဲ့ သူက ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံရဲ့ စွမ်းအားကို ချေးယူပြီး သူ့ရဲ့ အဆင့်ထက် ပိုမြင့်တဲ့ စွမ်းအားကို ထုတ်ဖော်နိုင်တယ်” ဟု ရှောင်တျောင်းက ဝိညာဉ်စွမ်းအင်ဖြင့် သတိပေးလိုက်သည်။
ဝူယွမ်က ခေါင်းညိတ်လိုက်သည်။ သူ၏ အစီအရင်ဆိုင်ရာ နက်နဲလှသော ဗဟုသုတများကြောင့် ထိုအချက်ကို သူ ကြိုသိထားပြီးသားပင်။
“စတိုက်ကြ”
ဝူယွမ်၏ နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ဖြစ်ပေါ်လာပြီးနောက် သူက အထက်သို့ ပျံတက်သွားသည်။ မိုးကြိုးဝိညာဉ် ကောင်းကင်ဓားမှာ သူါလက်ထဲတွင် ပေါ်လာပြီး အပြာရောင်နဂါးဝိညာဉ်က သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားလေသည်။ သူ၏ အရှိန်အဝါများမှာ ချက်ချင်းပင် မြင့်တက်လာပြီး အပြာရောင်နဂါး စစ်နတ်ဘုရားတစ်ပါးနှင့် တူညီနေတော့သည်။
“ခေါင်းမာတဲ့ကောင်”
တိုးဝင်လာသော ဝူယွမ်ကို ကြည့်ကာ ကောင်းယွီက အေးစက်စက် ပြောလိုက်ပြီး သူ၏လက်ထဲတွင် အနက်ရောင်အလင်းတန်းများ ထပ်မံပေါ်ပေါက်လာခဲ့သည်။
“အစ်ကိုကြီး... ကျွန်တော့်ကို အရင်တိုက်ခွင့်ပြုပါ”
သူ့ဘေးရှိ ချန်းဝေက ရုတ်တရက် ပြောလိုက်သည်။ သူ၏စကား မဆုံးခင်မှာပင် သူက ကောင်းယွီ ရှေ့သို့ ပျံထွက်သွားပြီး သူ၏လက်ထဲတွင် ခေါက်ယပ်တောင်တစ်ခု ပေါ်လာခဲ့သည်။
“သတိထားဦး။ ဒီလူက ကြည့်ရသလောက် မရိုးရှင်းဘူး” ကောင်းယွီ သတိပေးလိုက်သည်။
ချန်းဝေ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။ ယွမ်စွမ်းအင်များမှာ ပေါက်ကွဲထွက်လာပြီး အနက်ရောင်အလင်းတန်းများက သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။
သူ၏လက်ထဲရှိ ခေါက်ယပ်တောင်မှာမူ တောက်ပသော အဖြူရောင်အလင်းတန်းများနှင့်အတူ ရူန်းများ လက်ခနဲ ဖြစ်သွားကာ ရုတ်တရက် ကြီးမားလှသော အဝါရောင်ခွေးကြီးတစ်ကောင်၏ ပုံရိပ်မှာ ယပ်တောင်အတွင်းမှ ပြေးထွက်လာလေသည်။
ထိုခေါက်ယပ်တောင်မှာ စွမ်းအားကြီးမားသော သားရဲဝိညာဉ်တစ်ခုကို ပိတ်လှောင်ထားသည့် ဝိညာဉ်ရတနာလက်နက်တစ်ခု ဖြစ်ကြောင်း ထင်ရှားလှသည်။
“ချန်းဝေက တကယ်ပဲ သိုင်းပညာ တတ်တာပဲ”
ဝူယွမ်က ပြုံးလိုက်ပြီး နောက်တစ်စက္ကန့်မှာပဲ သူ၏ခန္ဓာကိုယ်မှ မိုးကြိုုးများ ပေါက်ကွဲထွက်လာကာ သူ၏ကိုယ်တွင်းရှိ ခရမ်းရောင်သွေးများမှာ ပိုလျင်မြန်စွာ လှည့်ပတ်လာသည်။ ထို့နောက် သူသည် ချန်ဝေရှိရာသို့ ဓားဖြင့် ခုတ်ချလိုက်လေသည်။
“မိုးကြိုးလျှပ်တစ်ပြက်၊ အာဏာရှင်ဓားချက်”
သူသည် အာဏာရှင်သွေး၏ စွမ်းအားကို လှုံ့ဆော်ကာ ဓားချက်အတွင်းသို့ ပေါင်းစပ်လိုက်ရာ ထက်မြက်သော ဓားအလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှုး...
ဓားအလင်းတန်းမှာ လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားပြီး ထိုကြီးမားလှသော အဝါရောင်ခွေးကြီးကို တိုက်ရိုက်ပင် ဖြတ်သန်းသွားလေသည်။ ပေါက်ကွဲထွက်လာသော မိုးကြိုးအလင်းတန်းနှင့် ရက်စက်သော အရှိန်အဝါများက ထိုသားရဲဝိညာဉ်ကို တိုက်ရိုက်ပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။
ချန်းဝေ၏ မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသော်လည်း နောင်တရရန် အခွင့်အရေး မရှိတော့ပေ။
တောက်ပလှသော ဓားအလင်းတန်းမှာ သူ၏မျက်လုံးနှစ်လုံးကြားမှ ဖြတ်သန်းသွားပြီး သူ၏ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲသွားတော့သည်။
“ချန်းဝေ”
ကောင်းယွီ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ချန်းဝေ တစ်ချက်တည်းဖြင့် အသေသတ်ခံလိုက်ရသည့် ဤမြင်ကွင်းမှာ သူ လုံးဝမျှော်လင့်မထားသော အရာပင် ဖြစ်သည်။
“မင်း…. မင်း သေသင့်တယ်”
သူသည် ဝူယွမ်ကို စိုက်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ သူ၏နောက်တွင် ပင့်ကူအိမ်သဖွယ် အနက်ရောင်အစီအရင်ပုံစံများ အဆက်မပြတ် ပေါ်ထွပ်လာကာ သူ့ထံသို့ စွမ်းအားများ ပေးပို့နေလေသည်။
“မူလနယ်နမိတ် ရူန်းတံဆိပ်”
ဝူယွမ်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ သူ၏နီဝမ်နယ်ပယ်အတွင်းရှိ ကစဉ်ကလျားသန္ဓေသားမှာ အလျင်အမြန် လည်ပတ်လာပြီး ကြီးမားလွန်းသော ဝိညာဉ်စွမ်းအင်များ ဖြာထွက်လာကာ ဝူယွမ်၏ရှေ့တွင် အလွန် နက်နဲဆန်းပြားလှသော ရူန်းတံဆိပ်တစ်ခုအဖြစ် ချက်ချင်းပုံပေါ်သွားသည်။
ထိုနယ်နမိတ်ရူန်းတံဆိပ်မှာ ပျံသန်းထွက်သွားပြီး ကောင်းယွီ၏ နောက်ကွယ်ရှိ လေဟာနယ်ထဲကို ရိုက်ခတ်သွားသည်။ တခဏချင်းမှာပင် ကောင်းယွီနှင့် ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံအကြားရှိ ဆက်သွယ်မှုမှာ အတင်းအဓမ္မ ဖြတ်တောက်ခြင်း ခံလိုက်ရသည်။
ကောင်းယွီ၏ အရှိန်အဝါမှာလည်း အလျင်အမြန်ပဲ ကျဆင်းလညတော့သည်။
“မင်း... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” သူက ဝူယွမ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်မ်လိုက်သည်။ နိဗ္ဗာန်အဆင့် လေးမှာသာ ရှိသေးသော ကျင့်ကြံသူသူတစ်ယောက်က ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံ၏ စွမ်းအားကို ဖြတ်တောက်နိုင်သည်ဆိုသည်မှာ မဖြစ်နိုင်သည့်အရာပက်ာ
“အရမ်း အံ့သြသွားတာလား… ဒါပေမဲ့ ဒါက အစပဲ ရှိသေးတာပါ” ဝူယွမ်က အေးအေးလူလူပင် ပြုံးလျက် ဆိုလိုက်သည်။
ဤလူများကို တားဆီးရန် သူ့အတွက် မခက်ခဲပေ။ တစ်ကယ်တော့ သူက ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံကိုပါ အရယူရန် စဉ်းစားနေခြင်း ဖြစ်သည်။