ညီအစ်မနှစ်ဖော် ယင်းဟွမ်ဟွမ်နှင့် ယင်းရှောင်ရှောင်
Vol. 20 Ch. 200
ဝူတောင်သည် သူတို့၏အောက်ဘက်တွင် တည်ရှိနေသော ထောင်ပေါင်းများစွာသော တောင်ထိပ်ကြီးများကို ညွှန်ပြလျက်၊ ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခုနှင့်အတူ ပြောလိုက်လေသည်။
“ငါတို့ လေပြင်းခန်းမမှာ တပည့်ပေါင်း သုံးထောင်နဲ့ တိုက်ရိုက်တပည့် သုံးရာရှိတယ်၊ တစ်ဦးချင်းစီက စမ်းသပ်မှု အဆင့်ဆင့်တွေကို ဖြတ်ကျော်လာခဲ့ကြတဲ့ ထူးချွန်ထက်မြက်သူတွေချည်းပဲ၊ အပြင်စည်းမှာလည်း မှတ်တမ်းတင်ထားတဲ့ တပည့်ပေါင်း သောင်းနဲ့ချီ ရှိသေးတယ်… သူတို့သာ စမ်းသပ်မှုကို အောင်မြင်မယ်ဆိုရင် အချိန်မရွေး လေပြင်းခန်းမရဲ့ တကယ့်တပည့်တွေ ဖြစ်လာဖို့ အခွင့်အရေးရှိတယ်”
“ဒီလောက်တောင် များတာလား”
ထိုအရေအတွက်ကို ကြားလိုက်ရသောအခါ ဝူယွမ်နှင့် လင်းတုန်တို့၏ စိတ်ထဲ အနည်းငယ် လှုပ်ခတ်သွားရသည်။ အခြားအရာများကို ထည့်မတွက်လျှင်ပင် တိုက်ရိုက်တပည့် သုံးရာဆိုသည့် ပမာဏမှာ လေပြင်းခန်းမ၏ အင်အားတောင့်တင်းမှုကို ကောင်းကောင်း ထင်ဟပ်နေပေသည်။
ပြီးခဲ့သော ပြည်ထောင်တစ်ရာတိုက်ပွဲများအတွင်းက အထူးဂိုဏ်းကြီးများ၏ တိုက်ရိုက်တပည့် ဖြစ်လာရန်အတွက် နိဗ္ဗာန်ရွှေစာရင်းအတွင်း ဝင်နိုင်ရမည်ဟု သတ်မှတ်ခဲ့ကြသည်။
ထိုစဉ်က ရွှေစာရင်းဝင်နိုင်သူမှာ တစ်ရာကျော်မျှသာ ရှိခဲ့ပြီး၊ ထိုသူတို့၏ အဆင့်မှာလည်း နိဗ္ဗာန်အဆင့်ငါး အထက်တွင်သာ ရှိကြသည်။
အရှေ့ရွှမ်နယ်မြေ တစ်ခုလုံးရှိ ပြည်ထောင်စုပေါင်းစုံမှ ရွေးချယ်ခဲ့သော်လည်း တိုက်ရိုက်တပည့်အဆင့်သို့ တက်ရောက်နိုင်သူက တစ်သုတ်လျှင် တစ်ရာကျော်သာ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
သို့သော် တောင်ဂိုဏ်း၏ လေပြင်းခန်းမ တစ်ခုတည်းမှာပင် ဤမျှများပြားသော တပည့်ဦးရေ ရှိနေသည်မှာ အံ့အားသင့်ဖွယ်ရာပင်။
လေပြင်းခန်းမက တောင်ဂိုဏ်း၏ ခန်းမလေးခုအနက် အားအနည်းဆုံး ဖြစ်သော်လည်း ၎င်း၏ အခြေခံအုတ်မြစ်မှာ ကြောက်ခမန်းလိလိပင် ဖြစ်သည်။ ဝူယွမ်၏ မဟာရှေးဟောင်းဂိုဏ်းတွင်မူ လက်ရှိ၌ ချီရှင်းနှင့် အခြားသူအနည်းငယ်သာ နိဗ္ဗာန်အဆင့်ငါးသို့ ရောက်ရှိနိုင်သေးရာ၊ အထူးဂိုဏ်းကြီးများနှင့် ယှဉ်လျှင် ကွာခြားချက်မှာ ကြီးမားနေဆဲ ဖြစ်သည်။
ဝူတောင်က ဝူယွမ်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။ “ဒါကြောင့် ဝမ့်လွန်ခန်းမဆောင်မှာ တပည့်တွေကြား ယှဉ်ပြိုင်မှုက မသေးဘူး၊ အရာအားလုံးကို ကိုယ့်စွမ်းအားနဲ့ကိုယ် ရယူရမယ်.. ငါတို့က တပည့်တွေကြားက စိန်ခေါ်မှုတွေနဲ့ အငြင်းပွားမှုတွေကို ကြားဝင်စွက်ဖက်မှာ မဟုတ်ဘူး၊ မင်းအနေနဲ့ လေပြင်းခန်းမမှာ အထူးကျင့်ကြံခြင်း အထောက်အပံ့တွေကို ရချင်တယ်ဆိုရင် မင်းမှာ လုံလောက်တဲ့ စွမ်းအားရှိဖို့ပဲ လိုတယ်”
“ငါက ဒု-ခန်းမဆောင်သခင် တစ်ယောက်အနေနဲ့ မင်းကို ဘက်လိုက်ပေးလို့ မရဘူး.. ဒါပေမဲ့ မင်းရဲ့ စွမ်းအားကိုတော့ ငါယုံကြည်ပါတယ်”
ဝူယွမ်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ မည်သည့်နေရာတွင်မဆို ခွန်အားရှိသူသာ လေးစားခြင်း ခံရပေလိမ့်မည်။
သူ၏ စွမ်းအားကို စောစောကတည်းက အဆင့်ခုနှစ် ကောင်းကင်အဆောင်သခင်အဖြစ် ထုတ်ဖော်ပြသခဲ့ခြင်းမှာလည်း ဤအကြောင်းကြောင့်ပင် ဖြစ်သည်။
“ပြည်ထောင်တစ်ရာတိုက်ပွဲရဲ့ ချန်ပီယံတစ်ယောက်အနေနဲ့ မင်းကို ဂိုဏ်းက ဆုလာဘ်တစ်ခု ပေးဖို့ ပြင်ဆင်ထားတယ်။ အဲဒါကတော့ ‘ဆေးမြစ်အတွင်း ဆေးကြောသန့်စင်ခြင်း’ပဲ”
ဝူတောင်က ကျယ်ပြောလှသော ဆေးမြစ်ကြီးကို ညွှန်ပြကာ “အဲဒီမြစ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ နှစ်စဉ်နှစ်တိုင်း စင်ကြယ်တဲ့ နိဗ္ဗာန်စွမ်းအင်တွေ ဖြစ်တည်လာလေ့ရှိတယ်။ ငါတို့က အဲဒါကို ‘နိဗ္ဗာန်ရွှေစွမ်းအင်’ လို့ ခေါ်တယ်။ အဲဒါက နိဗ္ဗာန်အဆင့် ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်နဲ့ ယွမ်စွမ်းအင်ကို ပြုပြင်မွမ်းမံပေးဖို့ အကောင်းဆုံးပဲ” ဟု ရှင်းပြလေသည်။
ဝူယွမ်က ပြုံးလိုက်သော်လည်း၊ လက်ဖဝါးထဲကကောင်းကင်ပုလင်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည့်အားလျော်စွာ သူ၏အမြင်မှာ မြင့်မားနေသဖြင့် ဤဆုလာဘ်အပေါ် အလွန်အမင်း မက်မောခြင်း မရှိပေ။ သို့သော် ဝူတောင်က ဝူယွမ်ကို မျက်စောင်းထိုးလျက် “ဒီရွှေရောင်စွမ်းအင်က ထူးချွန်တဲ့ တပည့်တွေပဲ ရနိုင်တာ။ မင်းကတော့ အစကတည်းက အမြတ်ထွက်နေတာပဲ” ဟု ဆိုလိုက်သည်။
လင်းတုန်က လေပြင်းခန်းမ၏ အင်အားအကြီးဆုံး တပည့်များအကြောင်း မေးမြန်းသောအခါ ဝူတောင်က “တိုက်ရိုက်တပည့် လေးယောက်လုံးက နိဗ္ဗာန်အဆင့်ခုနှစ်ကို ရောက်နေကြပြီ။ သူတို့ကို အနိုင်ယူနိုင်မှ ‘မဟာရှေးဟောင်းကျမ်း’ ကို လေ့လာခွင့် ရနိုင်လိမ့်မယ်” ဟု လင်းတုန်း၏စကားကို ပြန်ဖြေပေးလိုက်သည်။
ထို့နောက် ရှောင်တျောင်းက ဝူယွမ်ကို စိတ်ချင်းဆက်သွယ်ကာ သူ၏ အကြံအစည်ကို ပြောပြလိုက်သည်။
“အစ်ကိုကြီး... ကျွန်တော် ကျောက်လက်ဖွဲ့ထဲမှာပဲ နေရတာ ပျင်းလာပြီ။ အရှေ့ရွှမ်နယ်မြေက ‘သားရဲတစ်သောင်းတောင်တန်း’ ကို သွားပြီး လေ့ကျင့်ချင်တယ်၊ အဲဒီနေရာက ရှောင်ယန်အတွက်လည်း အကျိုးရှိလိမ့်မယ်”
ရှောင်တျောင်းက လွတ်လပ်မှုကို မြတ်နိုးသူဖြစ်ရာ ကျောက်လက်ဖွဲ့အတွင်း၌သာ အချိန်အကြာကြီး ပိတ်လှောင်မနေလိုပေ။
ဝူယွမ်ကလည်း သူတို့၏ ဆုံးဖြတ်ချက်ကို သဘောတူညီလိုက်သည်။ ပိုင်ယွမ်မှာမူ ဝူယွမ်အနားမှ မခွာလိုသဖြင့် ကျန်ရစ်ခဲ့ရန်သာ ဆုံးဖြတ်လိုက်သည်။
ကောင်းကင်နန်းတော် ။
ယင်းဟွမ်ဟွမ်က စိတ်ကောက်လျက် ကောင်းကင်နန်းတော်၏ တောင်တန်းများပေါ်သို့ ပျံသန်းလာခဲ့သည်။ သူမက သူမ၏ အစ်မဖြစ်သူ ယင်းရှောင်ရှောင် ကျင့်ကြံနေသော နေရာသို့ လာရောက်တိုင်ကြားခြင်းဖြစ်သည်။
ယင်းရှောင်ရှောင်က တည်ငြိမ်အေးစက်သော မျက်နှာထားနှင့်အတူ ဓားချီများ ဝန်းရံလျက် ေကာင်းကင် တောင်ထိပ်ပေါ်တွင် ကျင့်ကြံနေခဲ့သည်။
ယင်းဟွမ်ဟွမ်က တောင်ပေါ် ရောက်ရောက်ခြင်း သူမ၏အစ်မ ဖြစ်သူကို လိုက်ရှာလေတော့သည်။
ယင်းဟွမ်ဟွမ်က ယင်းရှောင်ရှောင်ကို တွေ့သည်နှင့် ဝူယွမ်၏ မောက်မာမှုများကို တိုင်တန်းလိုက်သောအခါ ယင်းရှောင်ရှောင်က အနည်းငယ် စိတ်ဝင်စားသွားဟန်ဖြင့် “ဒီလူသစ်က နင့်ကိုတောင် ဖိအားပေးနိုင်တာလား” ဟု မေးမြန်းလိုက်လေသည်။
ယင်းဟွမ်ဟွမ်က ဝူယွမ်နှင့် လောင်းကြေးထပ်ခဲ့သည့်အကြောင်း ပြောပြသောအခါ ယင်းရှောင်ရှောင်က ပြုံးလျက်
“တကယ်လို့ သူက မဟာရှေးဟောင်းကျမ်းကိုသာ နားလည်သွားမယ်ဆိုရင် နင် သူ့ကို လက်ထပ်လိုက်ရုံပေါ့” ဟု စနောက်လိုက်သည်။
“အစ်မကလည်း... ကျွန်မက အဲဒီမောက်မာတဲ့လူကို ဘယ်တော့မှ လက်မထပ်ဘူး”
ယင်းဟွမ်ဟွမ်က နှုတ်ခမ်းဆူလျက် လင်းချင်းကျူ အကြောင်းကိုပါ ထည့်ပြော လိုက်သောအခါ၊ ယင်းရှောင်ရှောင်၏ မျက်နှာမှာ ရုတ်ချည်း တည်တန့်သွားတော့သည်။
လင်းချင်ကျူးက ယင်းရှောင်ရှောင် ကျော်ဖြတ်မရသော တည်ရှိမှု တစ်ခုကဲ့သို့ ဖြစ်နေကာ၊ ယင်းရှောင်ရှောင်က အမြဲတမ်း တစ်နေ့ကြ လင်းချင်းကျူကို ကျော်ဖြတ်နိုင်ရန် ရည်မှန်းချက် ရှိနေခဲ့ခြင်းဖြစ်သည်။
လင်းချင်ကျူ၏နာမည် ကြားလိုက်သည်နှင့် သူမ စိတ်ထဲတွင် လင်းချင်ကျူ ပုံရိပ်ပေါ်လာခဲ့သည်။ သူမက ဓားချီများကို စုစည်းကာ လင်းချင်းကျူ၏ ပုံရိပ်ယောင်ကို ဖျက်ဆီးပစ်လိုက်ပြီး “လင်းချင်းကျူ... နင့်ကို ငါ အနိုင်ယူပြမယ်” ဟု ခိုင်မာသောလေသံဖြင့် တစ်ေယာက်တည်း ရေရွတ်လိုက်လေသည်။
လေပြင်းခန်းမတွင်မူ၊ ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင်အတွင်းသို့ ဝင်ရောက်ကာ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံကို ထုတ်ယူလျက် စတင် သန့်စင်လေတော့သည်။