← Chapters

လီဟန်ယီ၏ အရှက်သည်းမှု့များ

Vol. 12 Ch. 111

လီဟန်ယီ၏ အရှက်သည်းမှု့များ

Vol. 12 Ch. 111

ရင်လော့ရှားသည် သူမ၏ လှပသော မျက်ဝန်းအစုံဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေပြီး တိကျသေချာသော အဖြေတစ်ခုကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။ သူမ သာမက ဝမ်ရိရှင်းနှင့် အခြားသူများလည်း အလွန်ပင် သိချင်နေကြသည်။

"ကျွန်တော်ရဲ့ ပုံပြင်က အရမ်းရိုးရှင်းပါတယ်။ ကျွန်တော်က ကိုယ်နှစ်သက်တဲ့အရာကိုပဲ မြတ်နိုးတတ်တာပါ။ ဟန်ယီ ငယ်ငယ်တုန်းက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲဆိုတာ ခင်ဗျားတို့ သိမှာမဟုတ်ဘူး။ သူမက ကျွန်တော်ဆီ လာလည်တိုင်း အရသာရှိတဲ့ မုန့်တွေ အမြဲယူလာပေးတတ်တာ"

"သူမက တစ်ခါတလေ စိတ်ကောက်တတ်ပေမဲ့ ကျွန်တော်ကို စိတ်ချမ်းသာအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပေးတတ်တယ်။ ဘာပဲဖြစ်ဖြစ် အခု ပြန်စဉ်းစားကြည့်ရင် ကျွန်တော်ငယ်ငယ်က ဓားဝှေ့ယမ်းဖို့ပဲသိခဲ့တာ ဟန်ယီက ကျွန်တော်ရဲ့ ကလေးဘဝကို အလင်းပေးခဲ့တဲ့ ပထမဆုံးအရုဏ်ဦး အလင်းတန်းလေးလိုပါပဲ။ ဒါကြောင့် ကျွန်တော်က ဟန်ယီကို ချစ်မိသွားတာလေ ဒါက ဖြစ်သင့်တယ်မလား" လီကျန့်ယီက အတိတ်ကို ပြန်လည်အောက်မေ့ရင်း တည်ငြိမ်စွာ ပြုံးလျက် ပြောလိုက်၏။

"ဒါဆို... အဲ့ဒီ ဖြုန်းတီးတတ်တဲ့ အမျိုးသမီးကရော" ရင်လော့ရှားက နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်" ဝမ်ရိရှင်းနှင့် အခြားသူများကလည်း ထပ်ဆင့် ထောက်ခံလိုက်၏။သူတို့လည်း အရမ်းသိချင်ကြသည်။

"သူမက အရမ်းနောက်သွားပြီ ဟန်ယီက အများကြီး စောပြီး ရောက်နှင့်တာလေ၊ ကျွန်တော်က အကြာကြီး မစောင့်နိုင်တော့ဘူး။ ဒါကြောင့် ဟန်ယီကိုပဲ ချစ်တော့တာပေါ့" လီကျန့်ယီက ပခုံးတွန့်ပြရင်း ပြုံး၍ ပြောလိုက်၏။

လူတိုင်း၏ မျက်နှာတွင် နှမြောတသဖြစ်ရသည့် အရိပ်အယောင်များ ပေါ်လာသည်။ ထိုဖြုန်းတီးတတ်သော အမျိုးသမီးအတွက် သူတို့ စိတ်မကောင်း ဖြစ်ကြပေမဲ့ တစ်ဖက်တွင်လည်း လီဟန်ယီအတွက် ဝမ်းသာပေးနေ ကြသည်။အရင်ရောက်သူကသာ အခွင့်အရေးပိုရသင့်တာ အမှန်ပင်။

ယခုအချိန်တွင် သူတို့၏ ခံစားချက်များမှာ ရှုပ်ထွေးနေသော်လည်း မိန်းမပျိုလေး လီဟန်ယီမှာမူ ထိုသို့မဟုတ်ပေ။ အကြောင်းမှာ လီကျန့်ယီ ရည်ညွှန်းနေသော ဖြုန်းတီးတတ်သည့် အမျိုးသမီးမှာလည်း သူမကိုယ်တိုင်ပင် ဖြစ်ကြောင်း သိထားသောကြောင့် ဖြစ်၏။ သို့သော် သူမသည် မည်သည့်နေရာတွင် ဖြုန်းတီးနေသည်ကိုမူ အတိအကျ မသိရှိသေးပေ။သို့သော် ယခုအခါ သူမအတွက် ပို၍ အရေးကြီးသောအရာကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ လီကျန့်ယီ၏ နှလုံးသားထဲတွင် သူမ၏ နေရာသည်အလွန်အရေးပါမှန်း သူမသိသွားခြင်းကြောင့်ပင်။

"ကဲ... ခင်ဗျားတို့ အားလုံး ကျွန်တော်ရဲ့ပုံပြင်ကို သိသွားကြပြီဆိုတော့ ထပ်ပြီး မမေးကြနဲ့တော့နော်" လီကျန့်ယီသည် လူတိုင်းကို ပြုံးပြလိုက်ပြီး ငေးမောနေဆဲ ဖြစ်သော လီဟန်ယီကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

သူမကို ရင်ခွင်ထဲသို့ ပွေ့ပိုက်ကာ လက်ကလေးကို ဆုပ်ကိုင်ထားလိုက်သောအခါမှသာ လီဟန်ယီ သတိပြန်ဝင်လာသည်။ သူမသည် ရှက်သွေးဖြာကာ အောက်နှုတ်ခမ်းလေးကို မသိမသာ ကိုက်လိုက်ရင်း ခေါင်းငုံ့ကာ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။

"ဟင်း... ဒီ ဒုတိယညီမလေးကတော့ သခင်လေးလီရဲ့ လက်ထဲမှာ လုံးဝ အညှို့ခံလိုက်ရပြီ ထင်တယ်"

"ဒုတိယညီမလေးရဲ့ ဓားက တကယ်ကို အာဏာရှိပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သခင်လေးလီရဲ့ နူးညံ့မှု့က ပိုပြီး အာဏာရှိမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး" ပိုင်လီတုန်းကျွင်းသည် ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ရှက်ကိုးရှက်ကန်း ဖြစ်နေသော လီဟန်ယီကို ကြည့်ကာ ခက်ထန်လှသော သူမ၏ ပုံမှန်အမူအရာနှင့် နှိုင်းယှဉ်ရင်း မအံ့သြဘဲ မနေနိုင်ဖြစ်‌နေရ၏။

တကယ်ပါပဲ လူတွေကြားမှာ ကြီးမားတဲ့ ကွာခြားချက်တွေ ရှိနေပါလား။ လီဟန်ယီသည် လီကျန့်ယီအနားတွင် ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ကပ်တွယ်နေသည်။ ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့အတွက်မူ ဤသည်မှာ အလွန်မြင်ရခဲသောမြင်ကွင်းဖြစ်လေသည်။

"အစ်ကိုကြီး... အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့" လီဟန်ယီက မျက်နှာနီမြန်းလျက် ချွဲနွဲ့စွာ ပြောလိုက်၏။

"ဟမ်... ငါက အဓိပ္ပာယ်မရှိတာ ပြောနေတာ မဟုတ်ပါဘူး။ အစ်ကိုကြီးက အရှိကို အရှိအတိုင်း ပြောနေတာပါ" လီဟန်ယီမှာ လီကျန့်ယီ၏ လက်ထဲတွင် ရှိနေသဖြင့် ပိုင်လီတုန်းကျွင်းမှာ ပို၍ ရဲတင်းစွာ စနောက်နေတော့သည်။ထိုအခါ လီဟန်ယီက လီကျန့်ယီ၏ ရင်ခွင်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်ပြီး ပိုင်လီတုန်းကျွင်းကို ပညာပေးရန်ပြင်လိုက်သည်။

ပိုင်လီတုန်းကျွင်းသည် ထိတ်လန့်သွားကာ အလျင်အမြန်ပင် "သခင်လေးလီ... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အနာဂတ်ဇနီးလောင်းကို လွှတ်မပေးလိုက်ပါနဲ့ဦး၊ သူမက ရှေးဦးကမ္ဘာက ကြောက်စရာကောင်းတဲ့ သားရဲကြီးလိုပဲ" ဟု အော်ဟစ်လိုက်၏။

"ဟားဟားဟား... ရှေးဦးကမ္ဘာက သားရဲကြီးတဲ့လား" လီကျန့်ယီသည် လီဟန်ယီကို ဖက်ထားရင်း ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။

လီကျန့်ယီ၏ ရယ်သံကို ကြားလိုက်ရသောအခါ လီဟန်ယီသည် သူကိုကြည့်လိုက်ပြီး၊ သူမ၏ မျက်ဝန်းများမှာ လှပသော မျက်နှာလေးမှာ ရှက်စိတ်နှင့် ဒေါသစိတ်ကြောင့် နီမြန်းနေကာ "ယီယီ... ရှင်ကလည်း အစ်ကိုကြီးလိုပဲ ကျွန်မကို လှောင်နေတာလား" ဟု မေးလိုက်သည်။

"မဟုတ်လို့လား၊ ဘာလို့လဲဆိုတော့ မင်းက တကယ့်ကို ရှေးဦးကမ္ဘာက သားရဲလေးလို ဖြစ်နေလို့ပါ ဟန်ယီ... ဟားဟား" လီကျန့်ယီက ဆက်လက် ရယ်မောနေပြန်၏။

"ဟွန့်..ရှင်သာ အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေဦးမယ်ဆိုရင် ရှင်ကိုလည်း သင်ခန်းစာ ပေးရလိမ့်မယ်" လီဟန်ယီက လီကျန့်ယီကို ပညာပေးရန် ဆုံးဖြတ်ချက်ချထားဟန်ဖြင့် တင်းမာခက်ထန်စွာစိုက်ကြည့်နေသည်။

လီကျန့်ယီလည်း သူ၏ ရယ်သံကို ထိန်းချုပ်ကာ ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး ငြိမ်သက်စွာထိုင်‌နေလိုက်သည်။၊ သူ၏ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသော အမူအရာကို မြင်သောအခါ လီဟန်ယီက စိတ်တိုတိုဖြင့် သူ၏ လက်မောင်းကို ဆွဲဆိတ်ပစ်သည်။

"ရယ်ဦး... ရယ်နေဦး၊ ရှင် ထပ်ပြီး ရယ်နေဦးမယ်ဆိုရင် ကျွန်မ ရှင်ကို ကိုက်ပစ်မှာနော်"

"ဟားဟားဟား... ဟန်ယီ... လွှတ်ပါဦး၊ ငါ မရယ်တော့ဘူးလို့ ကတိပေးပါတယ်" လီကျန့်ယီသည် သူ၏ လက်မောင်းပေါ်ရှိ အင်အားမပါသော ဆွဲဆိတ်မှု့ကို သတိထားမိသည့်အခါ ပို၍ပင် ကျယ်လောင်စွာ ရယ်မောမိသည်။လီကျန့်ယီ၏ စနောက်မှု့မှာ ပို၍ ဆိုးရွားလာသည်ကို မြင်သောအခါ လီဟန်ယီသည် နောက်ဆုံးတွင် အင်အားကို အနည်းငယ် တိုးပြီး ဆိတ်လိုက်သောကြောင့် လီကျန့်ယီသည် အပြုံးသည်လည်း တိခနဲ့ရပ်သွားရ၏။

"ကောင်းပါပြီ...ငါ မင်းကို ထပ်ပြီး မစတော့ဘူးနော် ဟန်ယီ" လီကျန့်ယီ၏ အမူအရာမှာ တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်သွာကာပြောလိုက်သည်။

"ဟင်.. လူကြားထဲမှာ ကြည်နူးနေကြတာပဲ၊ ထားလိုက်ပါတော့... စီနီယာအစ်ကို လျူယဲ့၊ ဆရာဆီကို သွားတွေ့ဖို့ ကျွန်တော် ခေါ်သွားပေးရမလား"

"ဘာပဲဖြစ်ဖြစ် ခင်ဗျားလည်း သခင်လေးလီနဲ့ ဟန်ယီတို့ကို တွေ့ပြီးပြီပဲ" လီကျန့်ယီနှင့် လီဟန်ယီတို့ ကြည်နူးနေကြသည်ကို မြင်သောအခါ ပိုင်လီတုန်းကျွင်းက လျူယဲ့ဘက်သို့ လှည့်၍ မေးလိုက်၏။

"ကောင်းပြီလေ"လျူယဲ့က ပျော်ရွှင်စွာပင် ခေါင်းညိတ်လိုက်သည်။

သူတို့လူစုသည် ချက်ချင်းပင် ချန်းစန်းတောင်ပေါ်မှ ဆင်းလာခဲ့ကြပြီး မြို့စားအိမ်တော်သို့ ပြန်သွားကြ တော့သည်။သူတို့ မြို့စားအိမ်တော်ကို ရောက်သည့်အချိန်တွင် အလွန်အလုပ်ရှုပ်နေသော ဆရာလီကိုတွေ့လိုက်ရသည်။

သူသည် အသက်နှစ်နှစ်အရွယ် အူမြူးနေသော သမီးငယ်လေး ကျီရွှယ်ကို ထိန်းကျောင်းနေရသလို တစ်ဖက်တွင်လည်း ငိုယိုနေသော ချန်လျော့လေးကို ချော့မြူနေရ၏။ သူ မှာ ဘာမှမတတ်နိုင်ပဲ နှစ်ယောက်စလုံးကို ကြည့်ပေးနေရသည်။ တစ်ယောက်မှာ သူ၏ မျိုးဆက်ဖြစ်ပြီး နောက်တစ်ယောက်မှာ တပည့်ဖြစ်သူ၏ မျိုးဆက် ဖြစ်နေသောကြောင့်ပင်။

"ဟမ်.. ကျောင်းတော်မှာ ခွဲခွာခဲ့ကြတာ ဒီလောက်တောင် ကြာသွားပြီပဲ၊ ဆရာက ရွှေလမြို့တော်ကို ရောက်လာပြီး နောက်မှာ ကလေးထိန်းတစ်ယောက် ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူဘူး" လျူယဲ့သည် မြို့စားအိမ်တော်သို့ ရောက်သည်နှင့် လီချန်းရှန်ကို စနောက်လေတော့သည်။

"လျူယဲ့၊ မင်း ရောက်လာတာ အချိန်ကိုက်ပဲ။ အမြန်လာဦး... မင်းရဲ့ ညီငယ်လေးရဲ့ သမီးကို တစ်ခုခုလုပ်ပေးပြီး ငိုတာ ရပ်အောင် လုပ်စမ်းပါ"

"ပြီးတော့ ဂိုဏ်းချုပ်ကျီရဲ့ သမီးကလည်း အရမ်းဆိုးတာပဲ၊ သူမကို စားပွဲအောက်ကနေ အမြန်ဆွဲထုတ်ပေးကြဦး"လီချန်းရှန်က ချက်ချင်းပင် အမိန့်ပေးလိုက်၏။

"ဂိုဏ်းချုပ်ကျီရဲ့ သမီးလား"

လျူယဲ့သည် စားပွဲအောက်တွင် တွားသွားနေသော ကျီရွှယ်လေးကို လှမ်းကြည့်လိုက်ပြီးနောက် သူမကို ပွေ့ချီကာ စားပွဲအောက်မှ ဆွဲထုတ်လိုက်သည်။

"ကျီရွှယ်လေးက ဒီလောက်တောင် ကြီးသွားပြီလား" ဟု လျူယဲ့က ကျီရွယ်လေးကို အံ့ဩစွာစိုက်ကြည့်လိုက်သည်။

"အင်း..ကျီရွယ်လေးက တော်တယ်နော်.. အခုဆို ပုန်းတမ်းကစားတတ်နေပြီ" ဟု ကျီရွယ်လေးက မျက်လုံးလေးများ ဝိုင်းစက်လျက် ချစ်စဖွယ် သူမ၏ကျွမ်းကျင်မှု့ကို ထုတ်ပြောပြနေ၏။

လျူယဲ့က ကလေးမလေး၏ အဝတ်အစားကို ခါပေးရင်း "စားပွဲအောက်က ညစ်ပတ်တယ်လေ၊ နောက်ဆို အဲ့ဒီမှာ မပုန်းနဲ့တော့နော်" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့" ကျီရွှယ်လေးက ကြောင်တောင်တောင်လေးနှင့် ခေါင်းညိတ်ပြပြီး လီကျန့်ယီနှင့် လီဟန်ယီတို့ကို မြင်သောအခါ ဝမ်းသာအားရ လက်ခုပ်တီးလျက် အော်ဟစ်လိုက်၏။

"အစ်ကိုယီယီ၊ အစ်မဟန်ယီ... သမီးကို ချီပါဦး"

"ကောင်းပါပြီ... အစ်ကိုယီ လာချီမယ်နော်" လီကျန့်ယီသည် လျူယဲ့၏ ရင်ခွင်ထဲမှ ကျီရွှယ်လေးကို လွှဲပြောင်းယူပြီး လီဟန်ယီ၏ အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ဟန်ယီ... ကျီရွှယ်လေးက ငါတို့ သမီးလေးနဲ့မတူနေဘူးလား၊ငါတို့က မိသားစုနဲ့တူတယ်နော်"

ထိုစကားကို ကြားလိုက်ရသောအခါ လီဟန်ယီ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် နီရဲသွားပြီး "ဘယ်သူက... ဘယ်သူက ရှင့်နဲ့ မိသားစုဖြစ်မှာလဲ" ဟု ရှက်ကိုးရှက်ကန်း ငြင်းလိုက်သည်။

"ဟားဟားဟား... မင်းကို စတာပါ" လီကျန့်ယီက ပြုံးလိုက်၏။

ထိုအခါမှ လီဟန်ယီ၏ လှပသော မျက်လုံးအစုံမှာ ဝိုင်းစက်သွားပြီး "အဲ့ဒါ တကယ်ကြီးလား" ဟု မေးလိုက်မိသည်။မိသားစုဖြစ်ရတာကို သူမအမှန်တကယ်ပင်သ‌ဘောကျမိ လေသည်။

"တကယ်ပေါ့၊ တကယ်ပေါ့၊ ကျွန်တော်တို့က မိသားစုကြီးပါ" လီဟန်ယီ တစ်ဖန် စိတ်မကောင်း ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် လီကျန့်ယီက စကားကို အမြန် ပြောင်းပြောလိုက်ရသည်။

"အဲ့လိုမှပေါ့" လီဟန်ယီ၏ မျက်လုံးလေးများမှာ မှေးသွားသည်အထိ ပြုံးလိုက်ပြီး ငိုနေဆဲဖြစ်သော ချန်လျော့ကို ပွေ့ချီကာ ငိုသံရပ်သွားသည်အထိ ညင်သာစွာ ချော့မြူလိုက်သည်။ကလေးငယ်၏ ငိုသံက တိတ်ဆိတ်သွားမှသာ လီချန်းရှန်သည်လည်း ဤအချိန်တွင်မှ အသက်ရှူချောင် သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

လီကျန့်ယီနှင့် လီဟန်ယီတို့ကို ကြည့်ကာ လီချန်းရှန်က အလွန်ပင် တည်ကြည်စွာဖြင့် "ဟန်ယီနဲ့ သခင်လေးလီသာ မရှိရင် ရွှေလမြို့တော်ဟာ ဧကရာဇ်မရှိတဲ့ မြောက်ပိုင်းလီနိုင်ငံလိုပဲ၊ ကမ္ဘာကြီးကတော့ ပရမ်းပတာ ဖြစ်‌နေတာ" ဟု ပြောလိုက်၏။

လီကျန့်ယီ"..."

လီဟန်ယီ "..."

ကလေးက ငိုနေရုံလေးပါ ဘယ်နှယ် နိုင်ငံရေးနဲ့ယှဉ်ရတာလဲ ဆရာကြီး။သူတို့နှစ်ဦးစလုံး ခေါင်းခါလိုက်ကြပြီး လီကျန့်ယီနှင့် လီဟန်ယီတို့သည် ကလေးငယ်လေး တစ်ယောက်စီကို ချီထားကာ ထိုကလေးမလေးနှစ်ဦး အချင်းချင်း သိကျွမ်းစေပြီး အနာဂတ်အတွက် ခင်မင်ရင်းနှီးမှု့ရစေရန် အတူတူကစားခိုင်းစေသည်။

လီချန်းရှန်သည် ကျီးရှားကျောင်းတော်မှ အကြီးအကဲလီအဖြစ် ဟန်ဆောင်ကာ လျူယဲ့နှင့်အတူ အတိတ်က အကြောင်းများကို ပြန်လည်ပြောဆိုနေကြသည်။ ကျောင်းတော်မှ ကျောင်းသားများအကြောင်း ပြောသည့်အခါတိုင်း သူသည် ပြုံးရယ်နေတတ်သော်လည်း လဲ့မုန့်ရှားအကြောင်း ပြောသည့်အခါတွင်မူ သူ၏ မျက်နှာထက်မှ အပြုံးများမှာ တစ်ခါတစ်ခါ ပျောက်ကွယ်သွားတတ်၏။

အခြားသူများက ဤအသေးစိတ်အချက်ကို သတိမပြုမိသော်လည်း လီကျန့်ယီကမူ သတိထားမိလိုက်သည်။ သို့သော် သူသည်လည်း ပါးစပ်ပိတ်ပြီး ငြိမ်နေရုံသာ တတ်နိုင်သည်။

All Chapters