ဓားတစ်လက်၏ သီးချင်းသံ
Vol. 12 Ch. 113
"ချင်းချန်တောင်ကို ပို့မယ့် ဓားတွေ ကြားဖြတ် လုယက်ခံရတယ် ဟုတ်လား"
ရှောင်လန်၏ စကားကို ကြားလိုက်ရသောအခါ လီကျန့်ယီ၏ အမူအရာမှာ ချက်ချင်းပင်တည်ကြည်လေးနက်သွားသည်။လက်ရှိ ကျင့်ကြံသူလောကတွင် သူ၏ ကျော်ကြားမှု့နှင့်ဆိုပါက သာမန်ဓားပြများမှာ အလွယ်တကူ ရန်စရဲမည် မဟုတ်ပေ။
တစ်နည်းအားဖြင့်ဆိုသော် ဓားနှလုံးဂူဗိမာန်၏ ဓားများကို လုယက်ရဲသူမှာ သာမန်လူတော့ မဖြစ်နိုင်ပါပေ။ ထို့ပြင် ထိုသူသည် ဂူဗိမာန်အပေါ် နာကျည်းချက် တစ်စုံတစ်ရာ ရှိထားသူလည်း ဖြစ်နိုင်ချေ များသည်။မဟုတ်လျှင်ယခုချိန်တွင် မည်သူက ဓားနှလုံးဂူဗိမာန်၏ ဓားများကို ခိုးယူရဲပါမည်နည်း။
"ရှောင်လန်... ဘယ်သူတွေက လုသွားတာလဲဆိုတာ စုံစမ်းပြီးပြီလား" ဟု လီကျန့်ယီက မေးလိုက်၏။သူက အခုမှပြန်ရောက်လာပေမဲ့ ပြဿနာက တံခါးကို လာခေါက်နေပြီဖြစ်သည်။
"သခင်လေး... ရှင်းယွမ် အစောင့်အရှောက်အဖွဲ့က သေဆုံးနေတဲ့ ပုံစကိုကြည့်ရင် ဘယ်အင်အားစုက လုပ်သွားတယ်ဆိုတာကို အတိအကျ မပြောနိုင်ဘူး"ရှောင်လန်က ခေါင်းခါလျက် ပြန်လည်ဖြေကြားသည်။
"ဒါဆို သူတို့ သတ်သွားတဲ့ နည်းလမ်းတွေက သာမန်ဓားပြတွေ လုပ်တဲ့ နည်းလမ်းတွေနဲ့ တူနေတယ်လို့ဆိုလိုတာလား" ဟု လီကျန့်ယီက ထပ်မံ မေးမြန်းလိုက်၏။
"ဟုတ်ပါတယ် သခင်လေး၊ ဒါပေမဲ့ ကျွန်မတို့ နယ်နိမိတ်အတွင်းက ဓားပြဂိုဏ်းအားလုံးကို ကျွန်မတို့ စုံစမ်းကြည့်ပြီးပြီ၊ ဘယ်ဓားမပြဂိုဏ်းကမှ ကျွန်မတို့ရဲ့ ဓားတွေကို မခိုးခဲ့ဘူး" ဟု ရှောင်လန်က ခေါင်းညိတ်၍ တင်ပြ၏။
"ကောင်းပြီ... ငါ နားလည်ပြီ၊ မင်း သွားလို့ ရပြီ" လီကျန့်ယီက အသာအယာ ခေါင်းညိတ်လိုက်သည်။ရှောင်လန် ထွက်သွားပြီးနောက် သူသည် နေရာမှ ထလိုက်ပြီး လီဆူးဝမ် ထွက်ခွာသွားသော ဘက်သို့ လှည့်ကြည့်ကာ ခေါင်းခဲနေမိပါတော့သည်။
"ငါ အလုပ်စလုပ်တာနဲ့ ဓားလုခံရတဲ့ ပြဿနာနဲ့ တိုးတာပဲလား"
သူသည် နေ့စဉ်လုပ်ငန်းဆောင်တာများကို အမြန်အဆုံးသတ်ပြီး ဓားကျင့်ရန် ကြံရွယ်ထားခြင်းဖြစ်သည်။အခုတော့ ပြဿနာကိုသာအရင် ဖြေရှင်းပေးရအုန်းမည်။
လီကျန့်ယီသည် အသေအချာစဉ်းစားကြည့်ပြီးနောက် ဓားနှလုံးဂူဗိမာန်အပေါ် ရန်ငြိုးရှိနိုင်သည့် အင်အားစုများမှာ တန်ဂိုဏ်းနှင့် ဝူဆောင်မြို့တော်တို့သာ ရှိသည်။ နံပါတ်တစ်မြို့ဟု ကျော်ကြားသော ဝူဆောင်မြို့တော်က ဓားများကို ကြားဖြတ်လုခဲ့ခြင်းဖြစ်နေမလား၊ ဒါပေမဲ့ ဝူဆောင်မြို့တော်၏ လူငယ်မျိုးဆက်ထဲတွင် ဆုန့်ယန့်ဟွေးသည် ကိုယ်ကျင့်တရား ကောင်းမွန်သော လူငယ်တစ်ဦး ဖြစ်သည်။
ထို့ကြောင့် ဝူဆောင်မြို့တော်နှင့် ဂူဗိမာန်အကြား ရန်ငြိုးအချို့ ရှိနေလျှင်ပင် အခုတလောမှ တပည့်အဆင့်ကနေ အကြီးအကဲအဆင့်သို့ ရာထူးတက်လာသော ဆုန့်ယန့်ဟွေးသည် ဓားခိုးသည့် လုပ်ရပ်မျိုးကို လုပ်မည့်သူ မဟုတ်နိုင်ပေ။
သို့ပေမဲ့ လီကျန့်ယီသည် အမှားအယွင်းမရှိစေရန် ဤကိစ္စကို စုံစမ်းရန် ပိုင်ရှောင်တန်ထံသို့ လွှဲအပ်ရန် ဆုံးဖြတ်လိုက်၏။ သူသည် စာတစ်စောင် ရေးသားပြီး ဓားနှလုံးဂူဗိမာန်အနီးရှိ ပိုင်ရှောင်တန်၏ ဌာနခွဲထံသို့ စာပို့ခိုငှက်ဖြင့် ပေးပို့လိုက်ရာ မကြာမီ သတင်းပြန်ကြားလာပေလိမ့်မည်။
ထိုသို့ စီစဉ်ပြီးနောက် လီကျန့်ယီမှာ ဓားသိုင်းလေ့ကျင့်ရန် ဓားနှလုံးကျောက်ဆောင်သို့ ချက်ချင်းပင် ထွက်ခွာသွားသည်။ သူသည် ဓားသိုင်းကို လေ့ကျင့်နေစဉ်မှာပင် ဓားလုခံရသည့် ကိစ္စကို စဉ်းစားနေမိသည်။
တောင်တန်းအဆင့် အဆင့်မြင့်ဓားအလက်တစ်သောင်း ဆိုသည်မှာ ဝူဆောင်မြို့တော်က လုယူရန် စိတ်ဝင်စားမည့်အရာ မဟုတ်သလို၊ တန်ဂိုဏ်းကလည်း ဓားကို အသုံးမပြုကြပါပေ။ ထို့ကြောင့် ဂူဗိမာန်အပေါ် ရန်ငြိုးရှိသည့် အင်အားစုအားလုံးတွင် လုယူရန် ခိုင်လုံသော အကြောင်းပြချက် မရှိသကဲ့သို့ ဖြစ်နေ၏။
ဒါဆိုရင် ဒီအချိန်မှာ ဘယ်သူက ဓားတွေ လိုအပ်နေတာလဲ။ ဘယ်သူက ဂူဗိမာန်အပေါ် ရန်ငြိုးဖွဲ့ချင်သနည်း။
လီကျန့်ယီသည် ထိုမေးခွန်းကို အချိန်အတော်ကြာ စဉ်းစားရင်း ဓားကိုလည်း နောက်တစ်နေ့ မနက်အထိ ဝှေ့ယမ်းနေခဲ့၏။ ပိုင်ရှောင်တန်ထံမှ စာပို့ငှက် ရောက်ရှိလာသောအခါ လီကျန့်ယီသည် စာအိတ်ကို ဖွင့်ကြည့်လိုက်ရာ တန်ဂိုဏ်းနှင့် ဝူဆောင်မြို့တော်တို့မှာ မကြာသေးမီက မည်သည့် လှုပ်ရှားမှု့မျှ မရှိခဲ့ကြောင်း သိလိုက်ရသည်။
ထို့ပြင် ဓားများကို လုယူသွားသူများမှာ အနက်ရောင်ဝတ်စုံဝတ် လူစုတစ်စု ဖြစ်နေသည်ဟုသတင်းပြန်ထားသည်။ မြောက်ပိုင်း နယ်စပ်ရှိ ပိုင်ရှောင်တန်၏ ထောက်လှမ်းရေးများထံမှ သတင်းအရ ထိုအနက်ရောင်ဝတ် လူစုသည် အနောက်ဘက်စွန်း ဒေသဆီသို့ ဦးတည်သွားနေကြကြောင်း သိရှိရသည်။
"မြောက်ပိုင်းလီရဲ့ အနောက်ဘက်စွန်းဆိုတော့ တီယန်ဝူတွမ် မဟုတ်ဘူးလား" လီကျန့်ယီသည် ရုတ်တရက် အသိဝင်သွားခဲ့ပါ၏။တီယန်ဝူတွမ်မှ လူများက ဓားများကို ကြားဖြတ်လုယူခဲ့ခြင်း ဖြစ်နိုင်သည်ဟု သူ ယခင်ကတည်းက သံသယရှိခဲ့ပေသည်။ သို့သော် ထိုစဉ်က ခိုင်လုံသော အချက်အလက် မရှိခဲ့ပေ။ ယခုမူ ထိုအနက်ရောင်ဝတ် လူစုသည် တီယန်ဝူတွမ်သို့ သွားနေကြသဖြင့် သူတို့၏ လက်ချက်ဖြစ်ရန် သေချာသလောက် ရှိနေပြီ ဖြစ်ပါ၏။
သူ မှတ်မိသလောက်ဆိုလျှင် လွန်ခဲ့သော အချိန်အနည်းငယ်က ရွှေလမြို့တော်တွင် ရှိနေစဉ် သူက ရွဲ့ယောင်ကို တီယန်ဝူတွမ်ထံသို့ စာရေးခိုင်းခဲ့ပြီး လက်စားချေမည့် အိပ်မက်များကို စွန့်လွှတ်ရန် တိုက်တွန်းခိုင်းခဲ့ဖူးသည်။ ထို့ကြောင့်ပင် သူတို့က ရန်ငြိုးထားကာ ဓားနှလုံးဂူဗိမာန်ကို လက်စားချေခဲ့ခြင်းလား။
"မဟုတ်ဘူး... မိန်းကလေးရွဲ့ယောင်က စေ့စပ်သေချာတဲ့သူပဲ၊ သူမကို အဲ့ဒီလို တိုက်တွန်းခိုင်းတာ ငါပါဆိုတာကို ထုတ်ပြောမဲ့သူတော့ မဟုတ်ဘူး"
"ဒါဆိုရင် အကြီးအကဲလီက မြောက်ပိုင်းလီမှာ မရှိတော့လို့ တီယန်ဝူတွမ်က လူတွေက ငါ့ကိုမြောက်ပိုင်းလီကို တိုက်ခိုက်ဖို့ အတားအဆီးတစ်ခုလို့ ယူဆနေကြပြီး ငါ့ကို စမ်းသပ်ဖို့များလား" လီကျန့်ယီသည် တွေးလေလေ ဤအချက်မှာ ပို၍ ဖြစ်နိုင်ချေရှိသည်ဟု ထင်လာ၏။
ဘာပဲဖြစ်ဖြစ် လက်ရှိ ကျင့်ကြံသူလောကတွင် သူ၏ သြဇာအာဏာမှာ အကြီးအကဲလီ ပြီးလျှင် ဒုတိယအဆင့်မှာ ရှိနေသည် မဟုတ်ပါလော။ချင်းချန်တောင်မှ ဂိုဏ်းချုပ်လုနှင့် ထျန်ချီမြို့မှ နန်းတွင်းဆရာကြီး ချီထျန်ချန်တို့မှာ ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်တွင် ရှိကြသော်လည်း သူတို့တွင် ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့် ရှိသူကို သတ်ဖြတ်နိုင်သည့် မှတ်တမ်း မရှိကြပါပေ။ ထို့ကြောင့် လီကျန့်ယီသည် မာရ်နတ်ဂိုဏ်း၏ အရှေ့ဘက် စစ်ချီရေးတွင် အကြီးမားဆုံး အတားအဆီး ဖြစ်လာသည်။
"ငါ့ကို တီယန်ဝူတွမ်ဆီကို ဆွဲခေါပြီး ချုံခိုတိုက်ခိုက်ဖို့ ကြိုးစားနေတာလား" လီကျန့်ယီက တိုးတိုးလေး ရေရွတ်လိုက်၏။ထို့နောက် သူသည် ပြုံးလိုက်ပြီး မရဏဓားကို ကိုင်ဆောင်ကာ တီယန်ဝူတွမ်ဆီသို့ တစ်ဦးတည်း ဓားစီး၍ ပျံသန်းထွက်ခွာသွားတော့သည်။
လီဆူးဝမ်လည်း မရှိ၊ လီကျန့်ယီလည်း ထွက်ခွာတော့မည်ကို မြင်သောအခါ တပည့်နှစ်ဦးဖြစ်သော ရှောင်ပိုင်နှင့် ရှောင်လန်တို့က စိုးရိမ်တကြီး မေးမြန်းလိုက်ကြပါ၏။
"သခင်လေးက... ဘယ်ကို သွားမလို့လဲဟင်။ ကျွန်မတို့ အအတူလိုက်ခဲ့ပေးရမလား”
ကောင်းကင်တွင် ဓားစီးနေသော လီကျန့်ယီက လက်ဝှေ့ယမ်းပြလိုက်ပြီး "မလိုပါဘူး... ငါ တီယန်ဝူတွမ်ကို သွားပြီး အဲ့ဒီဓားတွေကို ပြန်ယူလာခဲ့မယ်၊ ပြီးတော့ ရှင်းယွမ် အစောင့်အရှောက်အဖွဲ့က လူတွေအတွက်ပါ တစ်ခါတည်း လက်စားချေပေးခဲ့မယ်" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှောင်ပိုင်နှင့် ရှောင်လန်တို့မှာ ပြုံးရွှင်သွားကြသည်။ "သခင်လေးက တကယ်ကို တော်တာပဲ၊ ဓားခိုးသွားတဲ့ သူခိုးကို ဒီလောက်မြန်မြန် ရှာတွေ့တာပဲ၊ ပြီးတော့ ရှင်းယွမ် အစောင့်အရှောက်အဖွဲ့အတွက်ပါ လက်စားချေပေးဦးမယ်တဲ့"
"ရှောင်လန်... လာ... ရှင်းယွမ် အစောင့်အရှောက်အဖွဲ့က လူတွေကို သွားပြောရအောင်၊ သူတို့လည်း ဝမ်းသာသွားကြမှာပဲ" ရှောင်ပိုင်သည် ရှောင်လန်၏ လက်ကို ဆွဲကာ ရှင်းယွမ် အစောင့်အရှောက်အဖွဲ့ဆီသို့ သတင်းစကားပြောဖို့ အပြေးအလွှားသွားကြ၏။
......
ထိုအချိန်၌ ရွှေလမြို့တော်တွင် လီချန်းရှန်သည် ကျီရွှယ်လေးကို လက်တစ်ဖက်ချီထားရပြီး နောက်တစ်ဖက်တွင် ချန်လျော့လေးကို ချီထားရသဖြင့် ခေါင်းခဲနေရ၏။
"ယီယီ ထွက်သွားကတည်းက ဟန်ယီဟာ သူနဲ့ အမီလိုက်နိုင်ဖို့ နေ့တိုင်း ဓားသိုင်းကို ကြိုးကြိုးစားစား လေ့ကျင့်နေတော့ တာပဲ၊ချန်လျော့လေးနဲ့ ကျီရွှယ်လေးကိုလည်း ထိန်းမပေးတော့ဘူး"
"တကယ်ပါပဲ... ငါက လောကမှာ အစွမ်းထက်ဆုံးလူ ဖြစ်နေပေမဲ့ အခုတော့ ကလေးထိန်းဖြစ်နေပြီး အရမ်းပင်ပန်းတာပဲ"
လီချန်းရှန်သည် မြို့စားအိမ်တော်၏ အဓိကခန်းမတွင် ထိုင်ကာ စိတ်ဓာတ်ကျသော အမူအရာဖြင့် ညည်းတွားနေ၏။
ဖုန်းချူးယွီ၊ ရွဲ့ယောင်တို့နှင့် စကားပြောနေသော လော့ရွှေက သူကို မျက်စောင်းထိုးလိုက်ပြီး "ရှင်မထွက်သွားခင်လေးတော့ ကလေးကို များများပိုထိန်းပေးရမှာပေါ့ "
"ဟွန့်..ရှင်သာ ကျွန်မကိုခေါ်မသွားရင် ကျွန်မက ရှင်နဲ့လည်း ကလေးမယူ တော့ဘူး"
"မဟုတ်သေးဘူး"
လီချန်းရှန်သည် လော့ရွှေကို ပြန်လည်ချေပရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"ဘာဖြစ်လို့လဲ" လီချန်းရှန်၏ တည်ကြည်လေးနက်နေသော အမူအရာကို မြင်သောအခါ လော့ရွှေက လှမ်းမေးလိုက်သည်။
"အနောက်ဘက်စွန်းဒေသဆီမှာ ဓားသီချင်းသံ တစ်သံ ကြားနေရတယ်၊ လီကျန့်ယီက တီယန်ဝူတွမ်ကို သွားနေတာ ထင်တယ်" လီချန်းရှန်တွင် ပညာရှင်များကို အာရုံခံနိုင်သော အလွန်အစွမ်းထက်သည့် အာရုံခံစွမ်းအား ရှိသည်။
ဤသည်မှာ ပညာရှင်အချင်းချင်းအကြားတွင်ရှိသော အထူးချိတ်ဆက်မှုလည်း ဖြစ်၏။ လောကကို ဗြောင်းဆန်သွားနိုင်သော ပညာရှင်တစ်ဦးက လှုပ်ရှားလိုက်လျှင် အခြားသော ပညာရှင်များမှာ သဘာဝအတိုင်း အာရုံခံမိကြပေသည်။ယခုချိန်တွင် လီကျန့်ယီသည်လည်း ထိုလူနည်းစုထဲကပညာရှင်ဖြစ်နေသောကြောင့်ပင်။ဆန်းကြယ်နတ်ခရီးအဆင့်ရှိသူများ၏ အာရုံခံနိုင်စွမ်းမှာ အခြားအဆင့်များနှင့် မတူဘဲ အလွန်ကျယ်ပြန့်သည်။
"သခင်လေးလီက တီယန်ဝူတွမ်ကို သွားတာလား၊ သူက အဲ့ကို ဘာသွားလုပ်တာလဲ" ရွဲ့ယောင်က အံ့အားသင့်စွာ မေးမြန်းလိုက်၏။ကျိုးကြောင်းဆီလျော်စွာ စဉ်းစားလျှင် သူမမှလွဲ၍ တီယန်ဝူတွမ်တွင် လီကျန့်ယီနှင့် မည်သည့်ရန်ငြိုးမှ မရှိပေ။ သို့ဖြစ်ပါလျှင် လီကျန့်ယီက အဘယ်ကြောင့် ရုတ်တရက် တီယန်ဝူတွမ်သို့ သွားရပါသနည်း။
"မိန်းကလေးရွဲ့... တစ်စုံတစ်ယောက်က အနောက်ဘက်စွန်းကို ဦးတည်သွားနေတာကိုပဲ အာရုံခံမိတာပါ၊ ဘာကြောင့် သွားတယ်ဆိုတာကိုတော့ ငါမသိနိုင်ဘူး" လီချန်းရှန်က ရွဲ့ယောင်ကို ခေါင်းခါပြလိုက်သည်။
"နားလည်ပါပြီ... သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲလီ၊ ကျွန်မ တီယန်ဝူတွမ်ကို ပြန်ဖို့ လိုအပ်တယ်လို့ ပိုင်လီတုန်းကျွင်းကို ပြောပေးပါ နှုတ်ဆက်ပါတယ်" ရွဲ့ယောင်သည် တီယန်ဝူတွမ်တွင် တစ်စုံတစ်ခု ဖြစ်တော့မည်ကို မလိုလားပေ။
လီကျန့်ယီမှာ မည်သို့သော လူစားမျိုးဖြစ်ကြောင်း သူမ ကောင်းစွာ သိထားသည်။ တစ်ခါတလေတွင် သူသည် ချစ်စဖွယ် ကောင်းတတ်သော်လည်း တစ်ခါတလေတွင်မူ အလွန် ကြောက်စရာ ကောင်းလှ၏။သူမသည် လီကျန့်ယီနှင့် သူမ၏ လူများ တိုက်ခိုက်ကြမည်ကို အမှန်တကယ် စိုးရိမ်နေမိသည်။
မည်သည့်ဘက်က ထိခိုက်ဒဏ်ရာရသည်ဖြစ်စေ သူမ စိတ်မကောင်း ဖြစ်ရမည်သာ ဖြစ်၏။ ထို့ကြောင့် သူမ၏ သူငယ်ချင်းနှင့် သူမ၏ လူများ ထိပ်တိုက်မတွေ့စေချင်ပေ။ယခု ဖြစ်စဉ်သည် နောင်တစ်ချိန်တွင် ပိုင်လီတုန်းကျွင်းနှင့် ဆုန့်ယဲ့ချင်းတို့ ထိပ်တိုက်တွေ့ကြမည့် အခြေအနေမျိုးကဲ့သို့ပင် ဖြစ်နေသည်။