ငါ့ရဲ့ စကားကို နားထောင်ပါအုန်း
Vol. 12 Ch. 114
"မိန်းကလေးရွဲ့... မင်းသွားလည်း အပိုပါပဲ၊ မင်း တီယန်ဝူတွမ်ကို ရောက်တဲ့အချိန်လောက်ဆိုရင် ယီယီက ကိစ္စအားလုံးကို ရှင်းပြီးလောက်ပြီ"ရွဲ့ယောင် ထွက်ခွာတော့မည်ကို မြင်သောအခါ လီချန်းရှန်သည် သူမက ပြန်မလာတော့မည်ကို စိုးရိမ်သဖြင့် အလျင်အမြန်ပင် ဖျောင်းဖျလိုက်၏။
"ဟုတ်တယ်... နတ်ဓားရှင်တစ်ယောက်က တစ်ရက်ကို မိုင်သုံးထောင် ခရီးနှင်နိုင်တယ်ဆိုတော့ တီယန်ဝူတွမ်ကို ရောက်ဖို့ သူက ခဏလေးပဲ ကြာမှာ။ ဒါပေမဲ့ မင်းက တီယန်ဝူတွမ်ကို သွားမယ်ဆိုရင် အနည်းဆုံး သုံးရက်ထက်မက ကြာလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် လီကျန့်ယီက အဲ့မှာရှိ နေမှာမဟုတ်တော့ဘူး"
"ဒါကြောင့် ကိုယ်တိုင်သွားပြီး အန္တရာယ်ကြားထဲ တိုးဝင်တာထက် ပိုင်ရှောင်တန်ဆီက သတင်းကို စောင့်နေတာက ပိုကောင်းပါတယ်" ဟု လော့ရွှေကလည်း ရှေ့သို့တိုးကာ အကြံပေးလိုက်၏။ထိုအခါမှသာ ရွဲ့ယောင်သည် ခရီးထွက်မည့်အကြံကို စွန့်လွှတ်လိုက်ရသည်။ သူမကိုယ်တိုင်လည်း သူမ၏ သိုင်းပညာမှာ အားနည်းလှသဖြင့် သွားသော်လည်း ဘာမှလုပ်နိုင်မည် မဟုတ်ကြောင်း သိထားသဖြင့် စောင့်နေရုံကလွှဲပြီး သူမ လုပ်နိုင်တာဘာမှမရှိပေ။
"ဒါဆိုရင်တော့ ပိုင်ရှောင်တန်ကိုပဲ အားကိုးရတော့မှာပေါ့။ သခင်လေးလီက ကျွန်မရဲ့ သူငယ်ချင်းဖြစ်သလို တီယန်ဝူတွမ်က လူတွေကလည်း ကျွန်မရဲ့ မျိုးနွယ်ဝင်တွေပါ။ ကျွန်မ... ကျွန်မ တီယန်ဝူတွမ်နဲ့ သခင်လေးလီတို့ ဘာတွေလုပ်နေကြသလဲဆိုတာ တကယ် သိချင်ပါတယ်" ရွဲ့ယောင်သည် လီချန်းရှန်ကို စိုးရိမ်တကြီး ကြည့်၍ ပြောလိုက်သည်။
"ကောင်းပါပြီ မိန်းကလေးရွဲ့ စိတ်မပူပါနဲ့" လီချန်းရှန်သည် ပိုင်ရှောင်တန်ထံသို့ ချက်ချင်းပင် သတင်းမေးလိုက်ရာ မကြာမီ သတင်းပြန်ကြားလာမည်ဟု ခန့်မှန်းထားသည်။
......
တီယန်ဝူတွမ်။
နှင်းပွင့်များ ကြွေကျနေပြီး အနောက်လေပြင်းများမှာ တဝုန်းဝုန်း တိုက်ခတ်နေသည်။ ဤနေရာ၏ ရာသီဥတုမှာ မြောက်ပိုင်းလီနိုင်ငံထက် အဆပေါင်းများစွာ ပို၍ ကြမ်းတမ်း၏။ တီယန်ဝူတွမ်ရှိ လူများမှာလည်း မြောက်ပိုင်းလီရှိ လူများထက် ပိုမိုခက်ခဲစွာ နေထိုင်နေကြရသည်။
သို့သော် သူတို့မှာ ဘာမှမတတ်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အနောက်ပိုင်းပေချွဲသည် နိုင်ငံတော်စစ်ပွဲတွင် မြောက်ပိုင်းလီကို ရှုံးနိမ့်ခဲ့သောကြောင့် ဖြစ်၏။
"နိုင်ငံက အရင်ဆုံး ပြည်တွင်းစစ်ဖြစ်ပြီး ပရမ်းပတာ ဖြစ်သွားလို့သာ မြောက်ပိုင်းလီက ဖျက်ဆီးခွင့် ရသွားတာ။ မဟုတ်ရင် ဒီလိုမျိုး ဘယ်ဖြစ်လာပါ့မလဲ..."
တီယန်ဝူတွမ်၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိလာသောအခါ လီကျန့်ယီသည် ဓားစီးခြင်းကို ရပ်တန့်လိုက်ပြီး ခြေကျင်ဖြင့် လမ်းလျှောက်လိုက်သည်။
အကြောင်းမှာ ယွဲ့လန်၏မြင့်မြတ်မြေနှင့် အလှမ်းမဝေး တော့သဖြင့် ဓားအသုံးပြုခြင်းနှင့် အသုံးမပြုခြင်းမှာ အချိန်ခဏလေးသာ ကွာခြားတော့မည် ဖြစ်သောကြောင့်ပင် ။သူသည် တီယန်ဝူတွမ်သို့ တစ်ခါမှ မရောက်ဖူးသဖြင့် ဤခရီးကို ဓားနှလုံးဂူဗိမာန်၏ အလုပ်ကိစ္စ ခရီးစဉ်တစ်ခုကဲ့သို့ သဘောထားလိုက်ပြီး အရာရာကို စူးစမ်းလေ့လာနေသည်။
"အဖြူရောင် လွင်ပြင်ကျယ်ကြီးထဲမှာ ငါတစ်ယောက်တည်းလား"
လီကျန့်ယီသည် နှင်းထဲတွင် အတော်ကြာ လမ်းလျှောက်ခဲ့ သော်လည်း တီယန်ဝူတွမ်မှ လူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရပေ။ တီယန်ဝူတွမ်ရှိ အဓိက ဂိုဏ်းကြီးများမှ လူတစ်ဦးကိုပင်လျှင် မတွေ့ရခြင်း ဖြစ်ပါ၏။
"ဒီ တီယန်ဝူတွမ်မှာ ဘာလို့ လူတစ်ယောက်မှ မရှိတာလဲ"
လီကျန့်ယီ၏ နှုတ်ခမ်းအစုံမှာ ရုတ်တရက် မသိမသာ ကွေးညွတ်သွားသည်။
"သတ်"
"သတ်"
နှင်းထဲတွင် ချုံခိုနေသော တီယန်ဝူတွမ်မှ လူသတ်သမားများက ပြိုင်တူအော်ဟစ်လိုက်၏။ သို့သော် တတိယမြောက် လူသတ်သမားမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ပဲ လီကျန့်ယီက သူ၏ ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းသည် တီယန်ဝူတွမ် တစ်ခုလုံးကို လင်းထိန်သွားစေပြီး ထွက်ပေါ်လာသော လူသတ်သမားအားလုံးကို မျက်စိတစ်မှိတ်အတွင်းမှာပင် အပြတ်ရှင်းပစ်လိုက်တော့သည်။
"လူတစ်ယောက်မှ မရှိဘူး ထင်နေတာ။ မင်းတို့အားလုံးက နှင်းထဲမှာ ပုန်းတမ်းကစားနေကြတာကိုး" လီကျန့်ယီက အသာအယာ ပြုံးလျက် ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီးနောက် မရဏဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ ယွဲ့လန်၏ မြင့်မြတ်နယ်မြေဆီသို့ ဖြည်းညင်းစွာ ဆက်လက် ဦးတည်သွားသည်။
လမ်းတစ်လျှောက်တွင် ပထမဆုံး ထွက်ပေါ်လာသော ရွှေဦးချိုခန္ဓာအဆင့် လူသတ်သမားများမှ တဖြည်းဖြည်းနှင့် မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့်သို့ ပြောင်းလဲလာပြီး နောက်ဆုံးတွင် ကောင်းကင်ဖြတ်သန်းခြင်းအဆင့် လူသတ်သမားများအထိ ဖြစ်လာခဲ့၏။
လီကျန့်ယီသည် လူသူမရှိသော လွင်ပြင်တွင် လမ်းလျှောက်နေသကဲ့သို့ပင် ထိုသူများကို ဖြတ်ကျော်လာခဲ့သည်။ ရွှေဦးချိုခန္ဓာအဆင့်ဖြစ်စေ၊မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့်ဖြစ်စေ၊ ချုပ်နှောင်မဲ့အဆင့်ရှိသူပင် ဖြစ်စေ သူသည် ဓားတစ်ချက်တည်းဖြင့်သာ အဆုံးသတ်ပေးခဲ့၏။ မည်သူကမျှ သူကို ဒုတိယမြောက် ဓားကွက်ကို ထုတ်သုံးရန် မစွမ်းဆောင်နိုင်ခဲ့ကြပေ။
"ယွဲ့လန် မြင့်မြတ်မြေ"
သူ၏ ခေါင်းပေါ်ရှိ ဆိုင်းဘုတ်ကို ကြည့်ရင်း လီကျန့်ယီသည် သူ၏ ဓားကို အသုံးပြုကာ "ကျန့်ယီ ဤနေရာသို့ ရောက်ခဲ့သည်" ဟု ထွင်းထုလိုက်ပြီး ယွဲ့လန်၏မြင့်မြတ်မြေဟု ခေါ်တွင်သော နေရာသို့ ဝင်လိုက်သည်။
"ဟမ်.. ဒီထဲက ပတ်ဝန်းကျင်က အပြင်ထက်တောင် ပိုပြီး ကြမ်းတမ်းနေပါလား၊ ဒါက အတိတ်က ဆင်းရဲဒုက္ခတွေကို ပြန်အောက်မေ့ဖို့ လုပ်ထားတာလား"
တီယန်ဝူတွမ်၏ အပြင်ဘက်ထက်ပင် ပိုပြီးကြမ်းတမ်းသော ယွဲ့လန်မြင့်မြတ်မြေ၏ ပတ်ဝန်းကျင်ကို ကြည့်ကာ လီကျန့်ယီက တိုးတိုးလေး ရေရွတ်လိုက်မိ၏။
"မှန်တာပေါ့၊ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်တဲ့ ငါ အနေနဲ့ ဒီလောက် ကြမ်းတမ်းတဲ့ ယွဲ့လန်မြင့်မြတ်မြေမှာ အခြေချနေထိုင်ရတဲ့ အကြောင်းရင်းက ဒီခါးသီးမှု့နဲ့ နာကျည်းချက်တွေကို သတိရနေဖို့ပဲ၊ အနောက်ပိုင်းပေချွဲနိုင်ငံ ကျဆုံးခဲ့ရတဲ့ နာကျည်းချက်ကို အမြဲသတိရနေဖို့လည်းဟုတ်တယ်"
"ဒါကြောင့်ပဲ ငါက သီးသန့်ကျင့်ကြံပြီး ဟင်းလင်းပြင်စိတ်စွမ်းအားကို အစွမ်းကုန် ကျင့်ကြံခဲ့တာ၊ အခုတော့ အဆင့် (၈) အထွတ်အထိပ်ကို ရောက်ခဲ့ပြီ၊ ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်ကို ငါ ရောက်နေပြီ"
"ခြေတစ်လှမ်းတည်းပဲ လိုတော့တယ်၊ ဒါဆိုရင်တော့ လောကနံပါတ်တစ် ဖြစ်ခဲ့တဲ့ ကျီးရှားကျောင်းတော်က အကြီးအကဲလီကို ငါ ယှဉ်နိုင်တော့မှာ"
"အဲ့ဒီအချိန်ကျရင် တီယန်ဝူတွမ်က အရှေ့ဘက်ကို စစ်ချီပြီး မြောက်ပိုင်းဒေသကို သိမ်းပိုက်တဲ့အခါ ဘယ်သူက ငါတို့ရဲ့ နိုင်ငံပြန်လည်ထူထောင်ရေး လုပ်ငန်းကြီးကို တားဆီးနိုင်မှာလဲ"
လီကျန့်ယီ ယွဲ့လန်မြင့်မြတ်ထဲသို့ ဝင်ရောက်ပြီးသည့်ချိန်တွင် ချောမောခန့်ညားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ဖြည်းညင်းစွာ ထွက်လာပြီး ထိုစကားများကိုပြော၏။
"ဒါနဲ့... ခင်ဗျားက ဘာလို့ ကျွန်တော်ရဲ့ ဂိုဏ်းက ဓားတွေကို လုယူဖို့ လူလွှတ်ခဲ့ရတာလဲ" လီကျန့်ယီသည် ထိုလူကို မော့ကြည့်လိုက်ရာ ရွဲ့ယောင်နှင့် ဆင်တူသော ရုပ်ရည်ရှိနေကြောင်း သတိထားမိသည်။
"ဓားကို လုယူတယ်" ရွဲ့ဖုန်းချန်မှာ အနည်းငယ် အံ့အားသင့်သွား၏။သူက နိုင်ငံတော် ပြန်လည်ထူထောင်ရေးဆိုသည့် ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်ကို ပြောပြနေချိန်တွင် လီကျန့်ယီက ထိတ်လန့်အံ့သြသွားသင့်သည် မဟုတ်ပါလော။ အဘယ်ကြောင့် ဤမျှ အခြေအနေနှင့် မဆီလျော်သော ဓားအကြောင်းကိုသာ မေးမြန်းနေရသနည်း။မြောက်ပိုင်းလီနိုင်ငံနှင့် ဓားနှလုံးဂူဗိမာန်မှ ဓားများ... မည်သည့်အရာက ပို၍ အရေးကြီးပါသနည်း။
ရွဲ့ဖုန်းချန်သည် သူ၏ စကားများမှာ လုံလောက်သော ဆွဲဆောင်မှု့ မရှိသေးဟု ယူဆကာ ဆက်လက် ပြောလိုက်၏။ "ကျီးရှားကျောင်းတော်က အကြီးအကဲလီက မြောက်ပိုင်းလီကနေ ထွက်ခွာသွားပြီ"
"မြောက်ပိုင်း ကျင့်ကြံသူလောကက ဝူဒန်ဂိုဏ်းကလည်း ဆုတ်ယုတ်နေပြီ၊ ချင်းချန်တောင်က တာအိုဆရာအိုကြီးနဲ့ ထျန်ချီမြို့က မိန်းမစိုးအိုကြီးတို့လောက်ပဲ အနည်းငယ် အနှောင့်အယှက် ရှိတော့တာ"
"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်းက နတ်ဓားရှင်အဆင့်နဲ့ ထျန်ချီမြို့က မိန်းမစိုးကို သတ်နိုင်ခဲ့တယ် မဟုတ်လား"
"ဒါကြောင့် ငါတို့ တီယန်ဝူတွမ်က မြောက်ပိုင်းလီကို တိုက်ခိုက်မယ့်ကိစ္စမှာ အကြီးမားဆုံး အတားအဆီးက မင်းတို့ရဲ့ ဓားနှလုံးဂူဗိမာန်ပဲ "
"အော်.. အဲ့ဒါကြောင့်ပဲ ခင်ဗျားက ကျွန်တော်ရဲ့ဂိုဏ်းက ဓားတွေကို လုယူခဲ့တာလား" လီကျန့်ယီက အကြောင်းအရာကို တဲ့တိုးပင် မေးမြန်းလိုက်၏။
ရွဲ့ချန်းဖုန် "..."
"ရှောင်ရှင်း သခင်လေးလီရဲ့ ဓားတွေကို ဓားနှလုံးဂူဗိမာန်ဆီ ပြန်ပို့ပေးလိုက်စမ်း" လီကျန့်ယီ၏ ယိမ်းယိုင်မည့် အရိပ်အယောင်မရှိသည်ကို မြင်သောအခါ ရွဲ့ဖုန်းချန်က ချဉ်းကပ်ပုံ ချက်ချင်းပြောင်းလိုက်၏။
"ဟုတ်ကဲ့ပါ အဖေ" ရွဲ့ဖုန်းချန်၏ အနောက်မှ အလွန်လှပသော အမျိုးသမီးတစ်ဦး ထွက်လာသည်။ လီကျန့်ယီက သူမကို ကြည့်လိုက်ကာ သူမသည်လည်း ရွဲ့ယောင်နှင့် ဆင်တူနေသည်ကို သတိထားမိသည်။သူတို့က ညီအစ်မဖြစ်နေပုံရသည်။
"ကဲ... ဓားတွေကိုလည်း ပြန်ပေးလိုက်ပြီဆိုတော့ ငါ့ ရဲ့စကားကို သေချာ နားထောင်ပေးလို့ ရပြီလား" ရွဲ့ဖုန်းချန်သည် ပညာရှင်များအပေါ် လေးစားမှု့ ထားရှိဆဲ ဖြစ်၏။
"ဒါနဲ့... ခင်ဗျားတို့က ရှင်းယွမ် အစောင့်အရှောက်အဖွဲ့က လူတွေကို ဘာလို့ သတ်ခဲ့တာလဲ" လီကျန့်ယီသည် ရွဲ့ဖုန်းချန်၏ စကားကို ဂရုမစိုက်ဘဲ သူ၏ လာရင်းကိစ္စကိုသာ ဆက်လက် မေးမြန်းလိုက်သည်။
ရွဲ့ဖုန်းချန်"..."
သူသည်လည်း ဓားကိုတော့ ပြန်ပေးလို့ ရပေမဲ့ သေသွားသော လူကိုမူ အသက်ပြန်ရှင်အောင်မလုပ်ပေးနိုင်ပေ။
"နိုင်ငံချင်း စစ်ဖြစ်တဲ့အခါ ထိခိုက်သေဆုံးမှု့ဆိုတာ မလွှဲမရှောင်သာ ရှိတတ်တာပဲလေ၊ ဒါ့အပြင် သခင်လေးလီ ကိုယ်တိုင်လည်း ဧကရာဇ် ထိုက်အန်ကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်အောင် လုပ်ခဲ့တာ မဟုတ်ဘူးလား"
"ဒါကြောင့် ငါ ရွဲ့ဖုန်းချန်က သခင်လေးလီကို တီယန်ဝူတွမ်ရဲ့ ဒုတိယဂိုဏ်းချုပ်အဖြစ် တာဝန်ယူဖို့ စိတ်ရင်းနဲ့ ဖိတ်ခေါ်ပါတယ်။ သခင်လေးလီအနေနဲ့ တီယန်ဝူတွမ်နဲ့ မဟာမိတ်ဖွဲ့ပြီး မြောက်ပိုင်းလီကို အတူတူ တိုက်ခိုက်ဖို့ ဆန္ဒရှိပါသလား" ရွဲ့ဖုန်းချန်က သူ၏ နောက်ဆုံးရည်မှန်းချက်ကို ဖော်ပြလိုက်၏။
ဘာပဲဖြစ်ဖြစ် လီကျန့်ယီသည် ဧကရာဇ်ထိုက်အန်ကို သေကြောင်းကြံအောင် လုပ်ခဲ့ဖူးသည့် မှတ်တမ်းရှိသဖြင့် လီကျန့်ယီနှင့် မြောက်ပိုင်းလီမှာ ဆက်ဆံရေး မကောင်းဟု သူ ယူဆထားခြင်း ဖြစ်၏။ ထို့ကြောင့် လီကျန့်ယီကို သူ၏ ဘက်တော်သားအဖြစ် ဆွဲဆောင်ချင်နေခြင်းပင်။
အကယ်၍ သူသည် ရဲဒင်းကျီကိုပါ ထပ်မံ ဆွဲဆောင်နိုင်ခဲ့လျှင် အရှေ့ဘက် စစ်ချီရေးကို ချက်ချင်း စတင်နိုင်တော့မည်။
"ကျွန်တော် ငြင်းပါတယ်၊ ပြီးတော့ ရှင်းယွမ် အစောင့်အရှောက်အဖွဲ့က လူတွေ သေသွားခဲ့ပြီပဲ၊ ခင်ဗျားတို့ တီယန်ဝူတွမ်အနေနဲ့ ဓားနှလုံးဂူဗိမာန်ကို ရှင်းလင်းချက် ပေးဖို့ လိုလိမ့်မယ်" လီကျန့်ယီ၏ မျက်နှာမှာ အေးစက်နေပြီး မျက်ဝန်းများမှာ မဲမှောင်နေ၏။
"တကယ်လို့ ငြင်းမယ်ဆိုရင်တော့ ငါတို့က မဟာမိတ် မဟုတ်ဘဲ ရန်သူတွေပဲ ဖြစ်သွားလိမ့်မယ်၊ ဒါဆိုရင်တော့ တိုက်ခိုက်ရုံကလွဲလို့ တခြားနည်းလမ်း မရှိတော့ဘူး" လီကျန့်ယီကို ဆွဲဆောင်၍ မရမှန်း သိလိုက်ရသောအခါ ရွဲ့ဖုန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။နောက်ဆုံးတော့ ရဲဒင်းကျီ၏ စွမ်းရည် တိုးတက်လာမည့် အချိန်ကိုသာ စောင့်ရတော့မည်။
"နောက်မှ တိုက်ကြတာပေါ့၊ အရင်ဆုံး ကျွန်တော်ကို ရှင်းလင်းချက် ပေးပါဦး၊ မဟုတ်ရင် ဂူဗိမာန်အတွက် ဓားပို့ပေးခဲ့တဲ့ ရှင်းယွမ်အစောင့် အရှောက်အဖွဲ့က အလကား သေသွားသလိုဖြစ်မှာပေါ့" လီကျန့်ယီသည် ရွဲ့ဖုန်းချန်၏ စိန်ခေါ်မှု့ကို တစ်ဖန် ပြန်လည် ငြင်းပယ်လိုက်၏။
"သခင်လေးလီ... ငါ ပြောပြီးသားပဲလေ.."
ရွဲ့ဖုန်းချန်က သူ၏ စကားကို ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ဝှီးချဲတစ်ခုဖြင့် အဖိုးအိုတစ်ဦး အပြင်သို့ ထွက်လာသည်။
"ဂိုဏ်းချုပ်... သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကို နှစ်သိမ့်ပေးဖို့ လျော်ကြေးပေးလိုက်ပါ"
"ကောင်းပါပြီ... ဝူရှန်းတမန်" ရွဲ့ဖုန်းချန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ထို့နောက် သူသည် လီကျန့်ယီကို တစ်ဖန်လှည့်ကြည့်ကာ ပြောသည်။
"သခင်လေးလီ... အခုဆိုရင်ရော အဆင်ပြေပြီလား၊ခင်ဗျား တိုက်ခိုက်မှာလား၊ ဒါမှမဟုတ် ငါတို့ရဲ့ ဒုတိယဂိုဏ်းချုပ် လုပ်မှာလား"
"လျော်ကြေးပေးရုံနဲ့ မလုံလောက်ဘူး၊ လူသတ်သမားက သေကို သေရမယ်" လီကျန့်ယီ၏ လေသံမှာ ညှိနှိုင်းရန်စိတ်ကူးမရှိ သကဲ့သို့ တင်းမာနေ၏။လူ၏အသက်သည် လျှော်ကြေးပေးရုံဖြင့် ရသည့်အရာမဟုတ်ပေ။