← Chapters

ကိစ္စများ ဖြေရှင်းပြီးခြင်း

Vol. 12 Ch. 115

ကိစ္စများ ဖြေရှင်းပြီးခြင်း

Vol. 12 Ch. 115

ဓားနှလုံးဂူဗိမာန်၏ ဆက်ခံသူ လီကျန့်ယီ၏ စကားများသည် ပြတ်သားလွန်းလှရာ မည်သည့်ဆွေးနွေးမှု့ကိုမှ ခွင့်မပြုသကဲ့သို့ ရှိနေသဖြင့် ရွဲ့ဖုန်းချန်မှာ မျက်မှောင်ကြုတ်သွားရသည်။

“သခင်လေးလီ... မင်းကို ချောင်းမြောင်းတိုက်ခိုက်တဲ့လူတွေထဲမှာ ဓားခိုးသွားတဲ့လူတွေလည်း ပါဝင်နေတာမို့ မင်းသူတို့ကို သတ်ပစ်လိုက်ပြီပဲ မဟုတ်လား” ဟု ရွဲ့ဖုန်းချန်က မေးမြန်းလိုက်သည်။

“သတ်... သတ်လိုက်ပြီလား”

လီကျန့်ယီသည် နှင်းထဲတွင် ချောင်းမြောင်းနေခဲ့ကြသော လုပ်ကြံသတ်ဖြတ်သူများကို ‌တွေးမိသွားကာ ဒါဆိုပြီးသွားပြီလားဟု တွေးမိသွားသည်။ အလွန်လွယ်ကူခဲ့သည်ဟု တွေးနေမိသော်လည်း အခုတော့ သူစိတ်အေးသွားတော့သည်။လုပ်စရာလည်းမရှိတော့သဖြင့် “ကောင်းပြီ... တီယန်ဝူတွမ်ကို လာခဲ့တဲ့ ကျွန်တော်ရဲ့ ရည်ရွယ်ချက်က ပြည့်ဝသွားပြီပဲ၊ ခင်ဗျားတို့အားလုံးလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါဦး” ဟု ပြောလိုက်ပြီး စကားဆုံးသည်နှင့် လီကျန့်ယီသည် လှည့်ထွက်သွားတော့သည်။

ထိုအခြင်းအရာကို မြင်သောအခါ ရွဲ့ဖုန်းချန်သည် လက်မခံနိုင်ဘဲ လီကျန့်ယီကို တားဆီးရန် ရှေ့သို့ တက်လာခဲ့သည်။

“သခင်လေးလီက အဆင့်မြင့်တဲ့သူကိုတောင် သတ်နိုင်တယ်ဆိုတော့ သခင်လေးလီရဲ့အစွမ်းကို မြင်ခွင့်ပေးပါဦး”

ရွဲ့ဖုန်းချန်သည် သူ၏ ‘ဟင်းလင်ပြင် စိတ်စွမ်းအား’ ကျင့်စဉ် အဆင့်ရှစ်၏ စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်သည်။ ခဏချင်းတွင်ပင် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များ ညှိုးနွမ်းသွားကာ ပြင်းထန်သော တိုက်စားနိုင်စွမ်းရှိသည့် အားလှိုင်းတစ်ခုသည် လီကျန့်ယီထံသို့ လွှင့်ပျံသွားသည်။

သို့သော် လီကျန့်ယီမှာမူ တည်ငြိမ်နေဆဲဖြစ်၏။သူသည် ဓားကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်သည်။ ဤဓားချက်မှာ မရဏဓား၏ ‘တစ်ဖက်ကမ်း’ ဓားကွက်ပင် ဖြစ်သည်။

“ခေါင်ရမ်းပန်းတွေ ပွင့်လာတဲ့အခါ မင်းကို တစ်ဖက်ကမ်းကို ပို့ပေးလိမ့်မယ်”ဓားတစ်ချက်တည်းသာ ထုတ်လိုက်ပြီး လီကျန့်ယီသည် နောက်သို့လှည့်ပင်မကြည့်တော့ဘဲ သူ၏ဓားပေါ်သို့ နင်းကာ ဓားနှလုံးဂူဗိမာန်ရှိရာသို့ ပျံသန်းသွားသည်။

ကောင်းကင်ထက်သို့ ရောက်သောအခါ လီကျန့်ယီသည် ခဏမျှ ရပ်တန့်လိုက်ပြီး ခေါင်ရမ်းပန်းများ ပွင့်လန်းနေသည့် နေရာကို ကြည့်ကာ တိုးညင်းစွာ ရေရွတ်လိုက်၏။“ချုပ်နှောင်မဲ့အဆင့်ပဲဖြစ်ဖြစ်၊ ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်ပဲဖြစ်ဖြစ်... သူတို့တွေက ငါ့ရဲ့ ဓားတစ်ချက်ကို ခံယူဖို့ပဲ ထိုက်တန်ကြတာ”

ထိုသို့ပြောပြီးနောက် လီကျန့်ယီသည် ဓားအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ တီယန်ဝူတွမ်မှ ပျောက်ကွယ်သွားတော့သည်။

ရွဲ့ဖုန်းချန်သည် လီကျန့်ယီ၏ ‘တစ်ဖက်ကမ်း’ ဓားကွက်ကို ထိပ်တိုက်ရင်ဆိုင်ရန် သူ၏ကျင့်စဉ်ကို အသုံးပြုခဲ့သော်လည်း သူ၏ အဆုံးမဲ့တိုက်စားနိုင်စွမ်းမှာ မရဏဓား၏ ရှေ့မှောက်တွင် အားနည်းလွန်းနေပုံရသည်။ သူ၏ တိုက်စားနိုင်စွမ်းများသည် ခေါင်ရမ်းပန်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး နောက်ဆုံးတွင် ပန်းပွင့်များ၏ ထက်ရှသော ပွင့်ဖက်များကြောင့် ဒဏ်ရာရရှိသွားသည်။ရွဲ့ဖုန်းချန်သည် လည်ချောင်းထဲတွင် ပူလောင်မှု့ကို ခံစားလိုက်ရပြီး သွေးများ အန်ထုတ်လိုက်ရသည်။

“အဖေ... အဆင်ပြေရဲ့လား”

သူမ၏ဖခင် ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသောအခါ ရွဲ့ရှင်းသည် စိုးရိမ်စိတ်နှင့် အံ့သြစိတ်တို့ ဒွန်တွဲနေတော့သည်။

“ငါ... ငါ အဆင်ပြေတယ်၊ သခင်လေးလီက အဆင့်မြင့်တဲ့သူကို သတ်နိုင်တဲ့ ပညာရှင်ဆိုတဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်တာပဲ”

ထို့အပြင် ယခုအချိန်တွင် လီကျန့်ယီသည် ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ဖခင်နှင့် အဆင့်တူနေပြီဖြစ်ကြောင်း ရွဲ့ချန်ဖုန်း ခံစားလိုက်ရသဖြင့် အတော်လေး ထိတ်လန့်သွားမိသည်။ ထိုဓားချက်မှာ ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ဦးထံမှ လာခြင်းဖြစ်သော်လည်း လီကျန့်ယီသည် သူ၏ခွန်အားအပြည့်ကို အသုံးမပြုသေးကြောင်း သူ သိလိုက်ရ၏။ အကယ်၍ အားကုန်သုံးခဲ့မည်ဆိုပါက ဒုတိယတစ်ချက်ပင် လိုမည်မဟုတ်ဘဲ သူ သေဆုံးသွားနိုင်ပေသည်။

“သူလည်း ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်ကို ရောက်နေပြီဆိုတော့ ငါတို့ရဲ့ အရှေ့ပိုင်းနဲ့ မြောက်ပိုင်း စစ်ဆင်ရေးတွေက ပိုပြီး ဒုက္ခများလာတော့မှာလား” ဟု ရွဲ့ရှင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဒါနဲ့ ရဲဒင်းကျီက ဘယ်ရောက်သွားတာလဲ။ သူရဲ ကျင့်ကြံခြင့်အဆင့်က သိပ်မမြင့်သေးဘူးလား”

“ဒီနေ့မှာ ငါက လီကျန့်ယီရဲ့ ဓားတစ်ချက်ကို မခံနိုင်ခဲ့ဘူး၊ ငါ့ရဲ့ကျင့်စဉ် အောင်မြင်တဲ့နေ့ကျရင် လီကျန့်ယီက ငါ့ရဲ့ လက်ဝါးရိုက်ချက်ကို မခံနိုင်အောင် လုပ်ပြမယ်” ဟု ရွဲ့ဖုန်းချန်က ခံပြင်းစွာ ပြောလိုက်သည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သော်လည်း လူငယ်လေးတစ်ဦး၏ ဓားတစ်ချက်ကိုပင် မခုခံနိုင်ခြင်းမှာ သူ၏ သိက္ခာကို နင်းခြေခံလိုက်ရသကဲ့သို့ ခံစားနေရ၏။

“အဖေ မစိုးရိမ်ပါနဲ့၊ ရဲဒင်းကျီကို ပြန်ခေါ်ဖို့ ဖေးလီက လမ်းမှာ ရောက်နေပါပြီ” ဟု ရွဲ့ရှင်းက အမြန်ပြောလိုက်သည်။

“ကောင်းပြီ” မျက်နှာဖြူဖျော့နေသော ရွဲ့ဖုန်းချန်သည် တိတ်ဆိတ်သော ကျင့်ကြံသည့်နေရာသို့ ဦးတည်သွားတော့သည်။ သူသည် ဒဏ်ရာများကို ကုသပြီးနောက် ရဲဒင်းကျီ၏ အကူအညီဖြင့် သူ၏ကျင့်စဉ်ကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံရန် ကြံရွယ်ထားခြင်း ဖြစ်သည်။

သို့သော် နောက်ဆုံးတွင် သူသည် ရဲဒင်းကျီအတွက် ခြေကုပ်စခန်းတစ်ခုသာ ဖြစ်လာခဲ့ပြီး ရဲဒင်းကျီ၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်ဟု ကြိုသိလိမ့်မည်မဟုတ်ပေ။

…

ဓားနှလုံးဂူဗိမာန်။

လီကျန့်ယီသည် ဓားကိစ္စကို ဖြေရှင်းပြီးနောက်တွင် သူ၏အစွမ်းများ ပိုမိုတိုးတက်လာစေရန် ဓားဝှေ့ယမ်းခြင်းကို ဆက်လက်လုပ်ဆောင်နေသည်။ သုံးရက်တိုင်တိုင် ဓားကျင့်ပြီးနောက် ချင်းချန်တောင်ကုန်းမှ ပထမတန်းစား ဓားတစ်သောင်း ရရှိလိုက်ပြီဖြစ်ကြောင်း သတင်းရရှိခဲ့သည်။

ထိုအချိန်မှာပင် ပိုင်ရှောင်တန်ထံမှ သတင်းစကားများလည်း ရောက်ရှိလာသည်။ သတင်းတစ်ခုမှာ လီဆူးဝမ်အကြောင်းဖြစ်ပြီး နောက်တစ်ခုမှာ နေ့စဉ်သတင်းစာမှ ဖြစ်သည်။

“လီဆူးဝမ်က ရွှေလမြို့တော်မှာ ပေါ်လာပြီ”

၎င်းမှာ လီဆူးဝမ်နှင့်ပတ်သက်သော သတင်းပင် ဖြစ်သည်။

“အဖိုးကလည်း ရွှေလမြို့တော်ကို တော်တော်စိတ်ဝင်စားနေပုံရတယ်၊ မဟုတ်ရင် သူ ဓားနှလုံးဂူဗိမာန်က ထွက်သွားပြီးနောက်မှာ ပထမဆုံးသွားမယ့်နေရာက ထျန်ချီမြို့ပဲ ဖြစ်ရမှာ” လီကျန့်ယီက သတင်းစာကိုကြည့်ကာ ရေရွတ်လိုက်သည်။ ထို့နောက် သူက သတင်းစာကို ဆက်ကြည့်လိုက်၏။

သတင်းစာ၏ ရှေ့ဖုံးတွင် သူ တီယန်ဝူတွမ်သို့ သွားရောက်ခဲ့သည့်အကြောင်းကို ဖော်ပြထားသည်။

“ဒီ ပိုင်ရှောင်တန်က လူတွေက တကယ်ကို နေရာတကာမှာ ရှိနေတာပဲ” လီကျန့်ယီက စိတ်ပျက်စွာပြောလိုက်မိသည်။ဒါက သူ ဘာပဲလုပ်လုပ်စောင့်ကြည့်ခံနေရသည့် အခြေအနေနှင့်တူနေသည်။

…….

တစ်ချိန်တည်းမှာပင် ရွှေလမြို့တော်တွင် ရွဲ့ယောင်နှင့် အခြားသူများသည်လည်း ထိုသတင်းကို မြင်တွေ့သွားကြသည်။ သတင်းစာခေါင်းကြီးပိုင်းတွင် လီကျန့်ယီသည် တီယန်ဝူတွမ်သို့ တစ်ကိုယ်တည်း ဝင်ရောက်သွားသည့်အကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။ လူတစ်ယောက်နှင့် ဓားတစ်လက်သည် တီယန်ဝူတွမ်မှ ရွဲ့ဖုန်းချန်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့ပြီး ခိုးခံထားရသော ဓားတစ်သောင်းကိုလည်း အောင်မြင်စွာ ပြန်လည်ရယူနိုင်ခဲ့သည်ဟူ၍ ဖြစ်သည်။

“ယီယီ တီယန်ဝူတွမ်ကို ဘာလို့သွားတာလဲဆိုတာ အခုမှ သိတော့တယ်။ အစ်မရွဲ့ယောင်... အစ်မရဲ့အဖေက ကျွန်မတို့ ဓားနှလုံးဂူဗိမာန်က ဓားတွေကို ကြားဖြတ်လုယူဖို့ လူလွှတ်ခဲ့တာကိုး”

ရွှေလမြို့တော်ရှိ မြို့စားအိမ်တော်တွင် ရှိနေသော လီဟန်ယီသည် သတင်းကိုဖတ်ပြီးနောက် လီကျန့်ယီသည် အကြောင်း အရင်းမရှိဘဲ တီယန်ဝူတွမ်သို့ သွားရောက်ခဲ့ခြင်း မဟုတ်ကြောင်း နားလည်သွားသည်။

“အင်း.. အဖေက စိတ်လိုက်မာန်ပါ လုပ်ခဲ့တာပဲ” ရွဲ့ယောင်သည် သူမ၏ဖခင် ရရှိခဲ့သော ဒဏ်ရာများအတွက် စိုးရိမ်နေမိပြီး လီးကျန့်ယီကို နှောက်ယှက်လို့မရသည့် လူတစ်ဦးဟု သတ်မှတ်ထားလိုက်သည်။

“အနည်းဆုံးတော့ သူ အသက်ရှင်နေသေးတာပဲ”

“သခင်လေးလီရဲ့ အစွမ်းက အရင်ကနဲ့ အများကြီး ကွာခြားသွားပြီ၊ သူ ဓားနဲ့ တိုက်ခိုက်လိုက်ရင် ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့် ကလူတောင် ခုခံနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သခင်လေးလီက အရင်ကလို ချုပ်နှောင်မဲ့အဆင့် မဟုတ်တော့ဘဲ ဆန်းကြယ်နတ်ခရီး တစ်ဝက်အဆင့်ကို ရောက်နေလို့ပဲ” ဟု လီချန်းရှန်က ပြောပြသည်။လီကျန့်ယီက အစကတည်းက သာမာန်ပါရမီရှင်မဟုတ်ခဲ့ပေ။အဆင့်ကျော်ပြီး သတ်ဖြတ်နိုင်သည့်အစွမ်းရှိလေသည်။

“ဒါကြောင့် မိန်းကလေးရွဲ့... သခင်လေးလီက မင်းကြောင့်ပဲ သက်ညှာပေးခဲ့တာ” လီချန်းရှန်က ရွဲ့ယောင်ကို ကြည့်ကာ ပြောလိုက်သည်။

“ရွဲ့ယောင်အနေနဲ့ သခင်လေးလီရဲ့ ကျေးဇူးကို အမြဲအမှတ်ရနေမှာပါ” ဟု ဆိုကာ ရွဲ့ယောင်သည် ဓားနှလုံးဂူဗိမာန်ရှိရာ အရပ်ဆီသို့ ငေးကြည့်နေမိသည်။

“ဒါဆိုရင် မိန်းကလေးရွဲ့လည်း ရွှေလမြို့တော်မှာပဲ နေပါ၊ တီယန်ဝူတွမ်ကို ပြန်ဖို့ မစဉ်းစားပါနဲ့ဦး” လီချန်းရှန်က အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်သည်။ သူမအနေဖြင့် တီယန်ဝူတွမ်နှင့် ပေလီဒေသကြားက ကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေရန် သူ မျှော်လင့်နေမိသည်။

“ရွဲ့ယောင် နားလည်ပါပြီ၊ ဒါပေမဲ့ ကျွန်မ အဖေကိုတော့ သွားပြီး ဖျောင်းဖျချင်ပါသေးတယ်” သူမ၏ဖခင် မဖြစ်နိုင်သောအရာကို လုပ်ဆောင်နေခြင်းကို ရွဲ့ယောင် မကြည့်ရက်နိုင်ပေ။ ယခုချိန်တွင် မြောက်ပိုင်းလီတွင် လီကျန့်ယီရှိနေသလို၊ ပေလီဒေသတွင် လီချန်းရှန်လည်း ရှိနေသေးသည်။

“အလဟာသဖြစ်မှာကိုပဲ စိုးရိမ်းပါတယ်” လီချန်းရှန်သည် ရွဲ့ယောင်၏ဖခင်နှင့် တွေ့ဖူးသဖြင့် ထိုသူမှာ အလွယ်တကူ လက်လျှော့မည့်သူ မဟုတ်ကြောင်း သိထားသည်။

“ဆရာလီ... ကျွန်မ ဘာမှမလုပ်ဘဲ နေရင် စိတ်မအေးနိုင်လို့ပါ” ဟု ရွဲ့ယောင်က ရိုးသားစွာ ပြောလိုက်သည်။

“ကောင်းပြီလေ... ဒါဆိုရင် ပိုင်လီတုန်းကျွင်းကို မင်းနဲ့အတူ လိုက်သွားခိုင်းလိုက်မယ်၊ ဒါပေမဲ့ အခုချက်ချင်းတော့ မဟုတ်ဘူး၊ သူ အဆင့်တစ်ခုအထိ ရောက်တဲ့အခါမှ သွားကြပေါ့”

“အဲဒီအချိန်ကျရင်လည်း မှီပါသေးတယ်” ဟု လီချန်းရှန်က သက်ပြင်းချကာ ပြော၏။

“ကျေးဇူးတင်ပါတယ် ဆရာလီ” ရွဲ့ယောင်သည် အရိုအသေပေးကာ ထွက်ခွာသွားပြီးနောက် သူမ၏ဖခင်ကို မည်သို့ဖျောင်းဖျရမည်ကို ပြင်ဆင်တော့သည်။ သူမ ထွက်သွားပြီးနောက်တွင် ရွှေလမြို့တော်သို့ ရောက်ရှိလာသော လီဆူးဝမ်သည် မျှော်စင်ကို ဖြတ်ကျော်ကာ မြို့ထဲသို့ ဝင်ရောက်လာသည်။

“ဟန်ယီ... ဧည့်သည်လာနေတယ်”

လီဆူးဝမ် ရောက်ရှိလာသည်ကို လီချန်းရှန် သိလိုက်သဖြင့် ငေးငိုင်နေသော လီဟန်ယီကို လှမ်းပြောလိုက်သည်။ လီဟန်ယီသည် လီကျန့်ယီ၏ အကြောင်းများကို တွေးတောနေရာမှ သတိဝင်လာကာ လီဆူးဝမ်ကို ကြိုဆိုရန် မြို့စားအိမ်တော်မှ အမြန်ထွက်ခွာသွားလေတော့သည်။

All Chapters