← Chapters

သခင်မလေးယူသွားတယ်

Vol. 13 Ch. 123

သခင်မလေးယူသွားတယ်

Vol. 13 Ch. 123

ဓားနှလုံးဂူဗိမာန်၏ အပြင်ဘက်တွင် ကျောပိုးခြင်းတောင်း တစ်လုံးကို လွယ်ထားပြီး ချောမောသော ရုပ်ရည်ရှိသည့် ပညာရှိသဖွယ် ရှဲ့ရွမ်သည် ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။

လီကျန့်ယီ ရောက်ရှိလာသောအခါ ထိုသူ့ကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ လူငယ်လေးသည် အခုချိန်တွင် ပိုပြီးချောမောလာသေးသည်။

ထို့ပြင် နေပါဦး၊ ထိုခြင်းတောင်းထဲမှ ထွက်နေသည့် အရာက ဘာပါလိမ့်။ကောက်ရိုးမိုးကာ... ကောက်ရိုးမိုးကာ မဟုတ်ပါလား။

"ရှဲ့... ရှဲ့ရွမ်၊ ဓားနှလုံးဂူဗိမာန်ကို ဘယ်လိုကိစ္စနဲ့ ရောက်လာတာလဲ" လီကျန့်ယီသည်ကောက်ရိုးမိုးကာ အကြောင်းကို အလောတကြီး မမေးသေးဘဲ ရှဲ့ရွမ်ကို ပြုံး၍ ကြည့်လိုက်သည်။

ထိုစဉ် လူငယ်လေး ရှဲ့ရွမ်က ယဉ်ကျေးသိမ်မွေ့သော ပညာရှိဟန်ဖြင့် "ရှေးလူကြီးတွေ ပြောသလိုပဲ... စာအုပ်ပေါင်း တစ်သောင်းကို ဖတ်ပြီး ခရီးပေါင်း မိုင်တစ်သောင်းကို နှင်မှသာလျှင် ကွန်ဖြူရှပ် ပညာရှိကြီး တစ်ယောက် ဖြစ်လာနိုင်မှာတဲ့" ဟု ပြောလာသည်။

ထို့ကြောင့် သူသည် မိုင်ပေါင်း ထောင်ချီ ခရီးနှင်လာပြီး သခင်လေးလီကို လာရောက် ဂါရဝပြုခြင်း ဖြစ်ပေသည်။

"ဒီလိုကိုး... ကြွပါ သခင်လေးရှဲ့" ဟု လီကျန့်ယီက ဖိတ်ခေါ်လိုက်၏။

သူ၏ မျက်လုံးများက ရှဲ့ရွမ် ကျောပေါ်ရှိ ကောက်ရိုးမိုးကာကိုသာ စူးစမ်းနေမိသည်။ အကယ်၍ ထိုမိုးကာထဲတွင် အမည်းရောင် သို့မဟုတ် အဖြူရောင် အဝတ်အစားများသာ ရှိနေခဲ့လျှင် ပိုင်ရှောင်တန် တပည့်များ ပြောပြသော လျှို့ဝှက်ဆန်းကြယ်သည့် စာရေးဆရာ ရှောင်ရွမ်နှင့် တစ်ထေရာတည်း တူနေမည် မဟုတ်ပါလော။

"သခင်လေးလီ... ကျွန်တော် သယ်လာတဲ့ ပစ္စည်းကို ဘာလို့ ခဏခဏ ကြည့်နေတာလဲဟင်" ရှဲ့ရွမ်သည် တစ်ခုခုကို သတိပြုမိသွားဟန်ဖြင့် ဇဝေဇဝါ မေးလိုက်သည်။

"စူးစမ်းချင်လို့ပါ" ဟု လီကျန့်ယီက ပြုံး၍ ဖြေလိုက်၏။

"အဝတ်အစားတွေနဲ့ စာအုပ်အချို့ပါပဲ၊ ထွေထွေထူးထူး မရှိပါဘူး" ရှဲ့ရွမ်က ခေါင်းခါယမ်းလိုက်သည်။

"ဟုတ်ပါပြီ" လီကျန့်ယီက ခေါင်းညိတ်လိုက်သော်လည်း သူ၏ စကားနှင့် စိတ်မှာ မတူညီနေပေ။သူ၏ စူစမ်းခြင်စိတ်မှာ အပြည့်အဝရှိနေသေးသည်။

ထို့နောက် ရှဲ့ရွမ်ကို ဓားမျှော်စင်သို့ ခေါ်ဆောင်ကာ လက်ဖက်ရည် တည်ခင်းပေးပြီးနောက် "သခင်လေးရှဲ့... မင်းရဲ့ စာပေလေ့လာမှု့ကနေ ဘာတွေများ သိမြင်ခဲ့သလဲ။ ဘာလို့ သခင်လေးရှဲ့က အရင်လိုနဲ့မတူ‌တော့ဘူးလို ခံစားနေရတယ်" ဟု လီကျန့်ယီက မေးလိုက်သည်။

ရှဲ့ရွမ် ထိုင်ချလိုက်ပြီးနောက် လီကျန့်ယီသည် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီဟု ပို၍ ခံစားလာရသည်။ ထို့ပြင် အတော်အတန်လည်း သန်မာပုံရသည်။

"မိုင်ပေါင်း ထောင်ချီ ခရီးသွားတဲ့အခါ ဓားပြတွေနဲ့ တိုးတာမျိုး ကြုံရတတ်တယ်လေ၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းစနစ်အချို့ သင်ယူထားတာပါ" ဟု ရှဲ့ရွမ်က ပြောပြသည်။

"အော်..." လီကျန့်ယီက ခေါင်းညိတ်လိုက်၏။

ရှဲ့ရွမ်သည် လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက် သူ၏ ကျောပိုးခြင်းတောင်းကို စတင် မွှေနှောက်တော့သည်။ လီကျန့်ယီလည်း စပ်စုချင်စိတ်ဖြင့် လိုက်ကြည့်နေမိသည်။

ရှဲ့ရွမ်သည် ပထမဆုံး ကောက်ရိုးမိုးကာကို ထုတ်လိုက်သည်၊ ထို့နောက် အမည်းရောင် ဝတ်စုံတစ်ထည်၊ ထို့နောက် အဖြူရောင် ဝတ်စုံတစ်ထည်၊ နောက်ဆုံးတွင်မူ အပြာရောင်၊ အစိမ်းရောင်၊ အနီရောင်နှင့် ခရမ်းရောင် အစရှိသည့် ဝတ်စုံအမျိုးမျိုးကို ထုတ်လေတော့သည်။နောက်ဆုံးတွင်မူ ရုပ်ပြစာအုပ်များနှင့် တူသော စာအုပ်အချို့ ထွက်လာသည်။ဤသည်ကို မြင်သောအခါ လီကျန့်ယီမှာ ဆွံ့အသွားသည်။

"ဒီရုပ်ပြစာအုပ်ရဲ့ စာရေးသူက တကယ်ပဲ ရှဲ့ရွမ် ဖြစ်နေတာလား" လီကျန့်ယီသည် ထိုကဲ့သို့သော ပါရမီရှင်မျိုးကို တကယ်ပင် အထင်ကြီးသွားမိသည်။

ရှဲ့ရွမ်သည် ဘာမှ မသိသေးဟန်ဖြင့် ရှိနေရာမှ စားပွဲပေါ်ရှိ ပိုင်ရှောင်တန်၏ မနက်ခင်းသတင်းစာကို မြင်လိုက်ရသောအခါမှ အခြေအနေကို ရိပ်မိသွားတော့သည်။

"သခင်လေးလီ... ကျွန်တော့်ကို အလိုရှိစာရင်းထဲက စာရေးဆရာ ရှောင်ရွမ်လို့ တကယ်ကြီး ထင်နေတာတော့ မဟုတ်ပါဘူးနော်" ရှဲရွမ်သည် လီကျန့်ယီကို လိပ်ပြာမလုံသလိုမျိုး ကြည့်လိုက်သည်။

"အတော်လေးတော့ တူနေတာပဲ" လီကျန့်ယီက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်၏။

"မဟုတ်ပါဘူး၊ ကျွန်တော် မဟုတ်ရပါဘူး၊ ပညာရှိတစ်ယောက်က ဒီလိုစာအုပ်မျိုးကို ဘယ်လိုလုပ် ထုတ်ဝေမှာလဲ။ ကျွန်တော် လုံးဝ မဟုတ်ပါဘူး၊ သခင်လေးလီ... ခရီးသွားတဲ့အခါ လဲလှယ်ဖို့ အဝတ်အစားတွေ အများကြီး ပါလာတာက ဖြစ်သင့်တယ်မဟုတ်လား" ရှဲ့ရှီက ဆင်ခြေပေးကာ မိမိကိုယ်ကိုယ် ကာကွယ်လိုက်သည်။

လီကျန့်ယီသည် ဘာမှမပြောဘဲ ရုပ်ပြစာအုပ် (၁) နှင့် (၂) တို့ကို တိတ်ဆိတ်စွာ ထုတ်ပြလိုက်၏။ရှဲ့ရွမ်မှာ ထိုစာအုပ်များကို မြင်လိုက်ရသောအခါ မှင်တက်သွားတော့သည်။ လီကျန့်ယီသည် သူ၏ အမာခံစာဖတ်သူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ထို့ပြင် သူ၏ ခြင်းတောင်းထဲမှ စာအုပ်များသည်လည်း လီကျန့်ယီ ထုတ်ပြသော စာအုပ်များနှင့် ပုံစံချင်း တစ်ထေရာတည်း တူနေသဖြင့် မည်သို့ပင် ငြင်းဆိုစေကာမူ ယုံကြည်လက်ခံနိုင်ဖွယ် မရှိတော့ပါချေ။

ငြင်း၍ မရတော့သဖြင့်လည်းကောင်း၊ လီကျန့်ယီမှာ သူ၏ စာဖတ်ပရိသတ် ဖြစ်နေသဖြင့်လည်းကောင်း ရှဲ့ရွမ်သည် ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်တော့သည်။

သူသည် လည်ချောင်းကို တစ်ချက်ဟန့်ကာ အလေးအနက်ထားသည့် လေသံဖြင့် "သခင်လေးလီ... မိုင်ပေါင်း ထောင်ချီ ခရီးနှင်ဖို့ဆိုတာ အဝတ်အစားတင် မဟုတ်ဘဲ ခရီးစရိတ်အတွက် ပိုက်ဆံလည်း လိုတယ်ဆိုတာ သိတယ်မဟုတ်လား" ဟု ပြောလိုက်သည်။

ထို့ကြောင့် အားလပ်ချိန်တွင် ခရီးစရိတ်ရရန် ရုပ်ပြစာအုပ်အချို့ ထုတ်ဝေခြင်းမှာ အလွန်ပင် သဘာဝကျသည်။

"ဟုတ်တာပေါ့၊ တကယ့်ကို သဘာဝကျပါတယ်" လီကျန့်ယီကလည်း စိတ်ရင်းဖြင့် ထောက်ခံလိုက်သည်။ သို့မဟုတ်လျှင် ပိုက်ဆံမရှိဘဲ မိုင်ပေါင်း ထောင်ချီ မည်သို့ သွားနိုင်မည်နည်း။ မိုင်တစ်ရာလောက် သွားပြီးလျှင်ပင် လမ်းမှာ အငတ်ဘေး ဆိုက်နေပေလိမ့်မည်။

"ကျွန်တော့်ကို နားလည်ပေးလို့ ဝမ်းသာပါတယ် သခင်လေးလီ။ ခင်ဗျားက ကျွန်တော့်ရဲ့ အမာခံစာဖတ်သူ ဖြစ်နေတဲ့အတွက် နောက်ဆုံးထွက်ထားတဲ့ ရုပ်ပြစာအုပ် (၄) နဲ့ (၅) ကို ကြိုတင် လက်ဆောင်ပေးပါရစေ" ရှဲ့ရွမ်သည် သူ၏ ခြင်းတောင်းထဲမှ လတ်လတ်ဆတ်ဆတ် ထုတ်ဝေထားသော စာအုပ်နှစ်အုပ်ကို လီကျန့်ယီအား ကမ်းပေးလိုက်သည်။

ထို့ပြင် သူ၏ အပြုံးများမှာ "ယောက်ျားချင်းပဲ၊ ငါပြောတာ မင်းနားလည်မှာပါ" ဟူသော အဓိပ္ပာယ်မျိုး သက်ရောက်နေ၏။သို့သော် လီကျန့်ယီက အလွန်ပင် တည်ကြည်စွာဖြင့် "သခင်လေးရှဲ့... ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့။ ဒီရုပ်ပြစာအုပ်က လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ငါ့က တပည့်တွေဆီက သိမ်းထားတာပါ၊ ဒါကြောင့် ငါက မင်းရဲ့ အမာခံ စာဖတ်သူ မဟုတ်ပါဘူး" ဟု ပြန်ပြောလိုက်သည်။

"ဒါဆို... ဒါဆိုရင် စာအုပ်ကို ပြန်ယူရမလား" ရှဲ့ရွမ်သည် လီကျန့်ယီက သူ၏ စာဖတ်သူ မဟုတ်မှန်း သိသွားသောအခါ စာအုပ်ကို ပြန်ယူရန် လက်လှမ်းလိုက်ပြီး မည်သို့ ထွက်ပြေးရမည်ကို ကြံဆနေတော့သည်။

သို့သော် အံ့ဩစရာ‌ကောင်းသည်မှာ တည်ကြည်နေသော လီကျန့်ယီသည် ရုတ်တရက် ရယ်မောလိုက်ပြီး "ဒီစာအုပ်နှစ်အုပ်ကို စားပွဲခြေထောက် ခုဖို့အတွက် ငါ ယူထားလိုက်မယ်လေ" ဟု ပြောလိုက်၏။

ရှဲ့ရွမ်"..."

စားပွဲခြေထောက် ခုဖို့ သုံးမယ် ဟုတ်လား။

တကယ်လား၊ နောက်နေတာလား။

သူသည် သံသယဖြစ်နေသော်လည်း လီကျန့်ယီကမူ လက်တွေ့လုပ်ပြလိုက်သည်။ သူသည် ဓားမျှော်စင်ရှိ စားပွဲတစ်ဖက်ကို မကာ ရုပ်ပြစာအုပ်နှစ်အုပ်ကို အောက်တွင် အတင်းထိုးထည့်လိုက်လေသည်။

"ဟေ... တကယ်ကြီး စားပွဲခုဖို့ သုံးလိုက်တာလား" ရှဲ့ရွမ်မှာ ဆွံ့အသွားတော့သည်။

"ကဲ... သခင်လေးရှဲ့၊ ခရီးဝေးက လာရတာဆိုတော့ အတော်လေး ပင်ပန်းနေရောပေါ့။ အနားယူဖို့ ဧည့်ခန်းကို လိုက်ပို့ပေးရမလား။ မင်း တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေရမယ်လို့ ငါ အာမခံပါတယ်" လီကျန့်ယီသည် စားပွဲခြေထောက်ကို ခုပြီးနောက် ရှဲ့ရွမ်ကို ပြုံး၍ ကြည့်လိုက်၏။

"ဟို..."

ရှဲ့ရွမ်သည် တုံ့ဆိုင်းသွားသည်။

လီကျန့်ယီ ပြောလိုက်သည့် အဓိပ္ပာယ်မှာ မင်း အိပ်ပျော်သွားတာနဲ့ အာဏာပိုင်တွေကို တိုင်ပြီး ဖမ်းခိုင်းလိုက်မယ်၊ နိုးလာတဲ့အခါ ထောင်ထဲ ရောက်နေလိမ့်မယ် ဟု ဆိုလိုခြင်း ဖြစ်နေသည်ဟု သူ ခံစားလိုက်ရသည်။

ထိုသို့ တွေးမိသည်နှင့် ရှဲ့ရွမ်သည် ကျောချမ်းသွားကာ အမြန်ပင် ခေါင်းခါယမ်းလိုက်ပြီး "ခရီးသွားနေတဲ့သူက ဘယ်လိုလုပ် ရပ်နားနေလို့ ဖြစ်မှာလဲ။ ကျွန်တော် အခုပဲ ခဏနားလိုက်ရတာ အားပြည့်သွားပါပြီ။ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် သခင်လေးလီ" ဟု ပြောလိုက်သည်။

ထို့ကြောင့် သူသည် ခရီးဆက်ရမည့်အချိန် ရောက်ပြီ ဖြစ်ပေသည်။ထိုသို့ဆိုကာ ရှဲ့ရွမ်သည် သူ၏ ခြင်းတောင်းကို အလျင်အမြန် ထုပ်ပိုး၍ မိုင်ပေါင်း ထောင်ချီ ခရီးကို တစ်ဖန် ပြန်လည် စတင်တော့သည်။ထိုအချိန်အတွင်း လီကျန့်ယီသည် ရှဲ့ရွမ်ကို နေထိုင်ရန် တိုက်တွန်းခဲ့သော်လည်း ရှဲ့ရွမ်ကမူ ထွက်သွားရန်သာ ဆုံးဖြတ်ထားသဖြင့် မည်သို့ပင် ပြောစေကာမူ မအောင်မြင်ခဲ့ပါချေ။

"ဟေး... ရှဲ့ရွမ်က ဘာဖြစ်တာလဲ။ ဒီရက်ပိုင်း ဧည့်သည်တွေက စေတနာနဲ့ ဧည့်ခံတာကို ဘာလို့ တန်ဖိုးမထားကြတာလဲ" လီကျန့်ယီက ခေါင်းခါယမ်းလိုက်သည်။

ထို့နောက် ဓားမျှော်စင်ထဲသို့ ပြန်ဝင်ကာ စားပွဲခုထားသော ရုပ်ပြစာအုပ်နှစ်အုပ်ကို ပြန်ထုတ်လိုက်၏။ သူ အရင်က သိမ်းထားသော နှစ်အုပ်နှင့် ပေါင်းလိုက်သောအခါ ရုပ်ပြစာအုပ် (၃) လိုအပ်နေသည်ကို လီကျန့်ယီ သတိပြုမိသွားသည်။

"မဟုတ်သေးဘူး... မိသားစုဆိုတာ အစုံအလင် ရှိရမှာပေါ့။ ရုပ်ပြစာအုပ် (၃) မပါဘဲ ဘယ်လိုလုပ် ပြည့်စုံမှာလဲ"

လီကျန့်ယီသည် ရှောင်ပိုင်တို့ ရှိရာသို့ ချက်ချင်း ဦးတည်သွားတော့သည်။

......

သိပ်ပင်မကြာလိုက်ပဲ မြက်ခင်းပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေကြသော ရှောင်လန်တို့ကို တွေ့လိုက်ရသည်: "ငါ့မှာ ရှားပါးရုပ်ပြစာအုပ် သုံးအုပ် ရှိခဲ့တာ။ သခင်လေးက နှစ်အုပ် သိမ်းသွားတယ်၊ ကျန်တဲ့တစ်အုပ်ကိုတော့ သခင်မလေးက သိမ်းသွားတယ်၊အာ... ဘဝကြီးက တကယ်ကို ပျင်းစရာကောင်းလိုက်တာ၊ ရုပ်ပြစာအုပ်တွေ မရှိရင် ဘဝက ပျော်ရွှင်မှု့တွေ ဆုံးရှုံးသွားသလိုပဲ"

လီကျန့်ယီ "..."

ရုပ်ပြစာအုပ် (၃) ကို သခင်မလေးက ယူသွားတာလား။

မင်းတို့ပြောတဲ့ "သခင်မလေး" ဆိုတာ လီဟန်ယီ ဖြစ်နေတယ်လို့တော့ လာမပြောနဲ့နော်။ဘာလို့ သူမက နှုတ်မဆက်ဘဲ ထွက်သွားရတာလဲဆိုတာ အခုမှ သိတော့သည်။ ရုပ်ပြစာအုပ် (၃) ကြောင့်ကိုး။

All Chapters