← Chapters

သက်သေ

Vol. 13 Ch. 124

သက်သေ

Vol. 13 Ch. 124

ရှောင်ပိုင်နှင့်ရှောင်လန်တို့၏ သက်မဲ့နေသော မျက်နှာအမူအရာများကို မြင်သောအခါ လီကျန့်ယီမှာ သူတို့ကို အပြတ်ရှင်းပစ်ချင်သည့် စိတ်ဆန္ဒများပင် ဖြစ်ပေါ်လာသည်။ သို့သော် ရိုးသားသောသူတစ်ယောက်အနေဖြင့် မည်သို့တုံ့ပြန်မည်နည်းဟု သူ ပြန်လည်စဉ်းစားမိသွားသည်။

ထိုသို့တွေးမိသည်နှင့် လီကျန့်ယီသည် ချောင်းတစ်ချက်ဟန့်ကာ ရှောင်ပိုင်နှင့်ရှောင်လန်တို့ကို သတ်ပစ်ချင်စိတ်ကို အတင်းအဓမ္မ ထိန်းချုပ်လိုက်ပြီးနောက် ရုပ်ပြစာအုပ် (၁) နှင့် (၂) ကို ထုတ်ယူကာ "မင်းတို့နှစ်ယောက် ဒီရက်ပိုင်း အကျင့်စာရိတ္တကောင်းမွန်ကြတာကြောင့် ဒီစာအုပ်နှစ်အုပ်ကို ပြန်ပေးလိုက်မယ်" ဟု ပြောလိုက်သည်။

"နောက်နောင် ကျင့်ကြံခြင်းမှာ ပျင်းရိမနေကြနဲ့"

"ရုပ်ပြစာအုပ်တွေ ပြန်ရပြီလား" ရှောင်ပိုင်နှင့်ရှောင်လန်တို့မှာ မိမိတို့ထံ ပစ်ပေးလိုက်သော စာအုပ်နှစ်အုပ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် တုန်တုန်ရင်ရင် ကိုင်တွယ်လိုက်ကြသည်။သူတို့သည် တစ်ကျော့ပြန် အသက်ဝင်လာသလို ခံစားလိုက်ရပြီး ဘဝအတွက် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာသလိုပင် ဖြစ်နေ၏။

သူတို့က လီကျန့်ယီကို "သခင်လေး... စိတ်ချပါ၊ ကျွန်တော်တို့ ကျင့်ကြံခြင်းမှာ လုံးဝ ပျင်းရိမနေပါဘူး" ဟု ချက်ချင်းပင် အာမခံလိုက်ကြသည်။

"ကောင်းပြီ" လီကျန့်ယီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

အမှန်စင်စစ် ဤသည်မှာ ရှောင်လန်တို့ကို လှည့်စားရန် ကြံစည်ထားခြင်းသာ ဖြစ်ပေသည်။ လီဟန်ယီ နောက်တစ်ခေါက် ပြန်လာချိန်တွင် သူက ထိုရုပ်ပြစာအုပ်အကြောင်းကို တိုက်ရိုက်မေးမြန်းနိုင်မည် ဖြစ်သည်။ ယနေ့ သူပြသခဲ့သော ကောင်းမွန်သည့် ပုံရိပ်နှင့် ပေါင်းစပ်လိုက်လျှင် လီဟန်ယီသည် သူမကိုယ်သူမ ရှက်ရွံ့သွားကာ လီကျန့်ယီအပေါ် အထင်လွဲခဲ့သည်ဟု ထင်မြင်သွားပေလိမ့်မည်။

ဤနည်းဖြင့် အခြေအနေအရပ်ရပ်မှာ သူ၏ လက်ခုပ်ထဲတွင်သာ ရှိနေတော့မည် ဖြစ်ပါ၏။ အနာဂတ်မှာ တောက်ပနေတော့မည်ပင်။

"ကဲ... ဘာမှမရှိတော့ရင် ငါ ဓားကျင့်ဖို့အတွက် ဓားနှလုံးကျောက်ဆောင်ကို ပြန်တော့မယ်" ဟု ဆိုကာ လီကျန့်ယီသည် သူတို့ကို တစ်ချက်ကြည့်ပြီး တစ်ဦးတည်း ပြန်လာခဲ့သည်။

ထိုသူနှစ်ယောက်မှာမူ မိမိတို့သည် လီကျန့်ယီ၏ ကောင်းမွန်သော ပုံရိပ်အတွက် သက်သေများအဖြစ် အသုံးချခံလိုက်ရသည်ကို လုံးဝ မသိရှိကြပါချေ။ဓားနှလုံးကျောက်ဆောင်သို့ ပြန်ရောက်သောအခါ လီကျန့်ယီသည် ဂူအတွင်းသို့ဝင်ကာ ရုပ်ပြစာအုပ် (၄) နှင့် (၅) ကို ထုတ်လိုက်သည်။ ရုပ်ပြစာအုပ် (၁) နှင့် (၂) ကိုမူ သူ အချိန်ပိုဆင်း၍ လေ့လာပြီးသွားပြီ ဖြစ်သဖြင့် အခုအခါတွင် (၃)၊ (၄) နှင့် (၅) သာ ကျန်ရှိတော့သည်။

သို့သော် ထိုစာအုပ်များကို အမြဲတမ်း လေ့လာနေ၍ မဖြစ်ပေ၊ တစ်ခါတစ်ရံမှသာ စာမျက်နှာ အနည်းငယ်ကို လေ့လာလျှင် လုံလောက်လှပြီ ဖြစ်သည်။ သုတေသနက သုတေသနပင် ဖြစ်သော်လည်း ဓားကျင့်ခြင်းကိုတော့ လျစ်လျူရှု၍ မရနိုင်ပါချေ။

ရက်အနည်းငယ် ကြာပြီးနောက် ရွှေလမြို့တော်သို့ ပြန်ရောက်နေသော လီဟန်ယီသည် သူမ၏ အခန်းထဲတွင် ပုန်းကာ ရုပ်ပြစာအုပ်ကို တုံ့ဆိုင်းစွာ ထုတ်လိုက်သည်။ သူမသည် ထိုစာအုပ်ကို ကြည့်ရင်း လှပသော မျက်နှာလေးမှာ နီမြန်းလာခဲ့ပြီး ဖွင့်ဖတ်ရန် ဝေခွဲမရ ဖြစ်နေသည်။

လီကျန့်ယီ၏ အခန်းထဲတွင် ရှိခဲ့ဖူးသော အလားတူ စာအုပ်နှစ်အုပ်ကို ပြန်လည်အမှတ်ရမိသောအခါ သူမက မျက်နှာနီမြန်းလျက် "ဒီကောင်လေးကတော့... အကောင်းတွေ မသင်ဘဲ အဆိုးတွေပဲ တတ်နေတာပဲ၊ ရှောင်ပိုင်တို့ဆီကနေ အကျင့်မကောင်းတာတွေ အကုန် အတုယူထားတာပဲ။ နေ့တိုင်း ဘာတွေ ဖတ်နေတာလဲ မသိဘူး" ဟု ပြောလိုက်သည်။

စကားပြောနေရင်း စပ်စုလိုစိတ်ဖြင့် စာအုပ်၏ ထောင့်တစ်နေရာကို မလိုက်သည်။ စာအုပ်ထဲရှိ အကြောင်းအရာများကို မြင်လိုက်ရသောအခါ သူမ၏ လှပသော မျက်နှာလေးမှာ နားရွက်ဖျားတိုင်အောင် နီရဲသွားတော့သည်။ထိုမျှမက သူမသည် ရှက်ရှက်ဖြင့် စာအုပ်ကို အမြန် ပြန်ပိတ်လိုက်ရ၏။

ထို့နောက် စာအုပ်ကို ဝှက်ထားလိုက်ပြီး မျက်မှောင်ကြုတ်ကာ "ဟွန့်..လူဆိုးလေး... အခုတော့ မင်းရဲ့ အကျင့်မကောင်းတဲ့ သက်သေကို ငါမိပြီ မဟုတ်လား။ စောင့်နေလိုက်၊ ငါ ပြန်‌ရောက်တဲ့အခါ မင်းကို သင်ခန်းစာ ပေးရမယ်" ဟု ရေရွတ်လိုက်သည်။ပြောရင်းဖြင့် လီဟန်ယီမှာ ထပ်မံ မျက်နှာနီမြန်းသွားပြန်သည်။ လီကျန့်ယီမှာ လူကြီးဖြစ်လာပြီးနောက် ယခုကဲ့သို့ စာအုပ်များကို ခိုးဖတ်နေသည်မှာ တကယ့်ကို လွန်လွန်းလှသည်ဟု သူမ ခံစားနေရသည်။

"မဖြစ်ဘူး... ငါ ဓားသွားကျင့်ရမယ်၊ စိတ်ထဲက မစင်ကြယ်တာတွေကို ဆေးကြောပြီး ကိုယ့်ကိုယ်ကိုယ် သန့်စင်ရမယ်" ဟု ဆိုကာ လီဟန်ယီသည် မျက်နှာနီနီဖြင့် အခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။

.......

တစ်ချိန်တည်းမှာပင် ဓားနှလုံးကျောက်ဆောင်၌ ရှိနေသော လီကျန့်ယီမှာ ရုတ်တရက် နှာချေလိုက်မိသည်။ ဤသည်ကို မြင်သောအခါ ဘေးနားရှိ ဝတ္တုတ်နဂါးလေးကလည်း လိုက်၍ နှာချေလေသည်။ "ဖက်တီး"

"ကဲ... ဖက်တီး၊ မင်းကတော့ တကယ်ကို ဝတုတ်နေတာပဲ" လီကျန့်ယီသည် တစ်စုံတစ်ယောက်က မိမိအကြောင်း ပြောနေသည်ဟု ခံစားလိုက်ရသဖြင့် နှာချေလိုက်ခြင်း ဖြစ်သည်။

သို့သော် ပြောပါစေဦး၊ မည်သို့ပင်ဖြစ်စေ သူသည် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရန် နီးကပ်လာပြီဖြစ်ရာ မည်သူ့၏ စကားကမျှ သူအတွက် ခြိမ်းခြောက်မှု့ မဖြစ်နိုင်ပါချေ။

"ဓားကိုပဲ ဆက်ပြီး ဝှေ့ယမ်းကြစို့"

လီကျန့်ယီသည် ဆုံးဖြတ်ချက်ချကာ ဓားကို ဆက်လက် လေ့ကျင့်နေသည်။

....

ဤသို့ဖြင့် တစ်နှစ်တာ အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး နှစ်သစ်သို့ ရောက်ရှိလာခဲ့ပြန်ပြီ ဖြစ်သည်။ နွေဦးကုန်၍ ဆောင်းဦးရောက်ကာ နှင်းများ ထူထပ်စွာ ကျဆင်းနေလေသည်။

ယခုနှစ်တွင် လီကျန့်ယီမှာ အသက် ၁၆ နှစ်ကျော်၍ ၁၇ နှစ်ထဲသို့ ရောက်ရှိတော့မည် ဖြစ်သကဲ့သို့ လီဟန်ယီမှာလည်း အလားတူပင် ဖြစ်သည်။လီဟန်ယီသည် ယခုနှစ်တွင် ဓားနှလုံးဂူဗိမာန်သို့ ပြန်ရောက်လာသောအခါ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနောက်ဟန်မင်းဆက် ပုံစံမျိုး ဆံပင်ကို ထုံးဖွဲ့ထားသည်။ ဤဆံပင်ပုံစံမှာ ရိုးရှင်းသော်လည်း သာမန်လူတန်းစားဆန်ပြီး အဓိကအားဖြင့် သူမ လှုပ်ရှားသွားလာရာတွင် ပိုမိုလွယ်ကူစေသည်။

လီဟန်ယီမှာ သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် ဤဆံပင်ပုံစံမှာ သူမနှင့် အလွန်ပင် လိုက်ဖက်လှပေသည်။ သူမ ဝတ်ဆင်ထားသော ခရမ်းရောင် ဝတ်စုံမှာမူ သူမ၏ ဆရာကတော် လော့ရွှေက ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်သည်။ သူမ၏ တပည့်ကျော်လေးမှာ အိမ်ပြန်ချိန်တွင် လှပသော အဝတ်အစားများ ဝတ်ဆင်ပြီး ပြန်သင့်သည်ဟု ‌ယူဆထားသည်။

ဓားနှလုံးဂူဗိမာန်သို့ ပြန်ရောက်ချိန်တွင် လီဟန်ယီမှာ အရင်ကထက် ပို၍ တည်ငြိမ်ပြီး မိန်းကလေးဆန်လာသည်။ အထူးသဖြင့် သူမ၏ ထိုင်ပုံထိုင်နည်းမှာ အလွန်ပင် စနစ်ကျလှပြီး ယခင်ကထက် ပို၍ ထွားကျိုင်းရင့်ကျက်လာသော ခန္ဓာကိုယ်အလှမှာ ခရမ်းရောင် ဝတ်စုံအောက်တွင် ပေါ်လွင်နေသဖြင့် အသက်ရှင်နေသော နတ်သမီးလေးတစ်ပါးနှင့် တူနေသည်။

"ယီယီ... ဘာလို့ ငါ့ကို အဲဒီလို စိုက်ကြည့်နေတာလဲ" လီဟန်ယီ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားကာ သူမ၏ နှုတ်ခမ်းနီနီလေးကို ကိုက်လျက် လီကျန့်ယီကို ရှက်ကိုးရှက်ကန်း ကြည့်လိုက်သည်။

သူမသည် မူလက ရုပ်ပြစာအုပ် (၃) ကို ထုတ်ယူကာ သူကို ဆုံးမရန် ရည်ရွယ်ထားသော်လည်း လီကျန့်ယီ၏ အကြည့်များကို မြင်သောအခါ စာအုပ်ထုတ်ရန် တုံ့ဆိုင်းသွားခဲ့ရသည်။

"ဆောင်းတွင်းကြီးမှာ မင်းက ဂါဝန်ဝတ်ထားတာ မြင်လို့ပါ။ မချမ်းဘူးလား" ဟု လီကျန့်ယီက သတိပြန်ဝင်လာပြီး လေးလေးနက်နက် မေးလိုက်သည်။

လီဟန်ယီသည် သူမ၏ လှပသော မျက်လုံးလေးများကို ဝိုင်းစက်သွားသည်။ သို့သော် သူမက ချက်ချင်းပင် စိတ်ကိုပြန်ထိန်းကာ "ရပါတယ်၊ မချမ်းပါဘူး" ဟု ပြန်ဖြေလိုက်၏။

"မချမ်းဘူးလား"

လီကျန့်ယီသည် လက်လှမ်းကာ သူမ၏ ချောမွေ့သော လက်ကလေးကို ထိတွေ့လိုက်ရာ လီဟန်ယီ၏ လက်ကလေးမှာ အမှန်တကယ်ပင် နွေးထွေးနေလေသည်။

သိုင်းပညာ ကျင့်ကြံခြင်းမှာ တကယ်ပင် ကောင်းလှပေသည်။ အလွန်အေးသော ဆောင်းတွင်း၌ပင် ဝါဂွမ်းဝတ်စုံများ ဝတ်စရာမလိုဘဲ အတွင်းအားဖြင့် အအေးဒဏ်ကို ခုခံနိုင်စွမ်း ရှိသည်။

"တကယ်ကို နွေးနေတာပဲ" လီကျန့်ယီက လီဟန်ယီ၏ လက်ကလေးကို ဆုပ်ကိုင်ကာ ပြုံး၍ ကြည့်လိုက်သည်။

လီဟန်ယီသည် ရုပ်ပြစာအုပ်ကိစ္စကို ပြန်လည်အမှတ်ရသွားပြီး လီကျန့်ယီမှာ လမ်းမှားသို့ ရောက်နေပြီဟု ခံစားလိုက်ရသဖြင့် သူမ၏ လက်ကလေးကို အမြန် ပြန်ရုပ်သိမ်းလိုက်သည်။

"ဘာဖြစ်လို့လဲ" လီကျန့်ယီက သူမ လက်ကို ပြန်ဆွဲသွားသည်ကို မြင်သောအခါ ဇဝေဇဝါဖြင့် မေးလိုက်၏။

"ဘာ... ဘာမှမဟုတ်ပါဘူး၊ အသားမကျသေးလို့ပါ..." ဟု လီဟန်ယီက တိုးတိုးလေး ပြောလိုက်သည်။

"အသားမကျသေးဘူး ဟုတ်လား၊ အရင်က ငါ့ပေါင်ပေါ်မှာတောင် ထိုင်ခဲ့ဖူးပြီးတော့ အခုကျမှ လက်ကိုင်တာကို အသားမကျဘူး ဖြစ်နေတာလား။ ဟန်ယီ... မင်း ပြောင်းလဲသွားပြီ" လီကျန့်ယီက မကျေမနပ် ဖြစ်ဟန်ဖြင့် လီဟန်ယီကို ကြည့်လိုက်သည်။

"ဟွန့်..ယီယီ... မင်းလည်း ပြောင်းလဲသွားတာပဲ၊ မင်းက လူဆိုးလေး ဖြစ်နေပြီ" လီကျန့်ယီက သူမ ပြောင်းလဲသွားသည်ဟု ပြောသည်ကို ကြားသောအခါ လီဟန်ယီက မနေနိုင်တော့ဘဲ ပြန်ပြောလိုက်တော့သည်။

"ငါ ပြောင်းလဲသွားတယ် ဟုတ်လား၊ ဘယ်လိုမျိုး ပြောင်းလဲသွားတာလဲ။ ပြီးတော့ ဘယ်လိုမျိုး လူဆိုးဖြစ်နေတာလဲ" လီကျန့်ယီမှာ နားမလည်နိုင် ဖြစ်သွားရသည်။

လီဟန်ယီသည် တုံ့ဆိုင်းမနေတော့ဘဲ ရုပ်ပြစာအုပ်ကို ထုတ်လိုက်ကာ မျက်နှာနီမြန်းလျက် "သက်သေက ဒီမှာ ရှိနေတာပဲ။ အရင်လိုမျိုး ငါက ဘယ်လိုလုပ် ဆက်ဆံနိုင်မှာလဲ" ဟု ပြောလိုက်သည်။

"ရုပ်ပြစာအုပ်လား"

လီကျန့်ယီသည် ထိုစာအုပ်ကို မြင်သောအခါ ပြုံးလိုက်မိသည်။ လီဟန်ယီ ဘာလုပ်မည်ကို သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်ပေသည်။

ထို့ကြောင့် သူက တွေဝေမနေဘဲ "ဖက်တီးလေး... ရှောင်လန်တို့ကို သွားခေါ်ချေ၊ မင်းရဲ့ အနာဂတ်သခင်မလေးကို မင်းသခင်က ပြောင်းလဲသွားသလားဆိုတာ သက်သေပြပေးရအောင်" ဟု အမိန့်ပေးလိုက်သည်။

"ဖက်တီး"

ထောင့်တစ်နေရာတွင် မုန့်ထိုင်စားနေသော ဝတုတ်နဂါးလေးသည် လီကျန့်ယီ၏ အမိန့်ကို ကြားသည်နှင့် ဓားမျှော်စင်အပြင်ဘက်သို့ ခုန်ဆွခုန်ဆွ ထွက်ခွာသွားကာ သက်သေနှစ်ယောက်ဖြစ်သော ရှောင်ပိုင်နှင့် ရှောင်လန်တို့ကို သွားရှာလေတော့သည်။

လီဟန်ယီသည် ထိုကဲ့သို့ နူးညံ့ပြီး ချစ်စဖွယ်ကောင်းသော နဂါးလေးကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးအစုံမှာ ချက်ချင်းပင် တောက်ပသွားရသည်။အမှန်အတိုင်းပြောရလျှင် သူမသည် ထိုကဲ့သို့သော ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။ ထိုအကောင်လေးက ဘာကြောင့် ရှောင်ကျဲလိုမျိုး ခုန်ဆွခုန်ဆွ သွားနေရတာလဲ။

All Chapters