နဂါးလေးကို လက်ဆောင်အဖြစ်ပေးခြင်း
Vol. 13 Ch. 125
"အပြာရောင်အကောင်လေးကို ဖက်တီးလေးလို့ ခေါ်တာလား"
ဒါက ဘယ်လိုသတ္တဝါလေးပါလိမ့်။ ငါတစ်ခါမှ မမြင်ဖူးပါဘူး။
နူးညံ့ပြီး ဝတုတ်နေသော ပင်လယ်ပြာနဂါးလေးကို မြင်လိုက်ရသောအခါ လီဟန်ယီ၏ နှလုံးသားမှာ အရည်ပျော်ကျမတတ် ဖြစ်သွားရသည်။ ၎င်းမှာ တစ်လ သို့မဟုတ် နှစ်လသားအရွယ် ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ပင် ချစ်စဖွယ်ကောင်းလွန်းလှပေ၏။
"ဟုတ်တယ်... သူကို ဖက်တီးလေးလို့ပဲ နာမည်ပေးထားတယ်။ ရှေးဟောင်းခေတ်ကနေ ကျန်ရစ်ခဲ့တဲ့ နောက်ဆုံးသော ဝတုတ်နဂါးလေးပေါ့" ဟု လီကျန့်ယီက ခေါင်းညိတ်ပြလိုက်သည်။မည်သို့ပင်ဖြစ်စေ ဤကမ္ဘာတွင် ထူးဆန်းသော သတ္တဝါများစွာ ရှိနေသည်ဖြစ်ရာ ဝတုတ်နဂါးတစ်ကောင် ပေါ်လာခြင်းက ထူးခြားလှသည် မဟုတ်ပါချေ။
"နောက်ဆုံးကျန်တဲ့ ဝတုတ်နဂါးလား။ ဒါဆိုရင် တကယ့်ကို ရှားပါးတာပေါ့" လီဟန်ယီ၏ လှပသော မျက်လုံးအစုံမှာ အံ့ဩတကြီး ဝိုင်းစက်သွားသည်။
လီကျန့်ယီက ခေါင်းညိတ်လိုက်ပြီး "တကယ့်ကို ရှားပါးတယ်၊ ဒါပေမဲ့ ဟန်ယီ... မင်းလိုချင်တယ်ဆိုရင် ဖက်တီးလေးကို မင်းကို ပေးလိုက်မယ်လေ" ဟု ဆိုလိုက်သည်။
"တကယ်လား" လီဟန်ယီသည် လီကျန့်ယီကို မျက်တောင်မခတ်ဘဲ ကြည့်လိုက်မိသည်။
"အင်း" လီကျန့်ယီက ရက်ရက်ရောရော ပြန်ဖြေလိုက်၏။
"ယီယီ... မင်းက တကယ့်ကို သဘောကောင်းတာပဲ" ဤကဲ့သို့ ရှားပါးသော နဂါးလေးကို ရရှိခြင်းကြောင့် သူမ ရွှေလမြို့တော်တွင် ဓားကျင့်နေစဉ် စကားပြောဖော် ရတော့မည်ဟု လီဟန်ယီက တွေးလိုက်မိသည်။
သို့သော် သူမသည် အခြားသော တိရစ္ဆာန်လေးများကို မွေးမြူရခြင်းမှာ ရှုပ်ထွေးလှသည်ဟု ထင်မြင်သူဖြစ်ရာ မျက်မှောင်လေးကြုတ်၍ "ယီယီ... ဒီနဂါးလေးကို မွေးရတာ အရမ်းမခက်ဘူးမလား" ဟု မေးလိုက်ပြန်သည်။
"မခက်ပါဘူး၊ သူ့ဘာသာ လွှတ်ထားလိုက်ရုံပဲ။ သူဘာသာသူ ရှာစားလိမ့်မယ်" ဟု လီကျန့်ယီက ဖြေလိုက်၏။
ဤဝတုတ်နဂါးလေးမှာ ချစ်စရာကောင်းရုံသာမက သိုင်းပညာကိုလည်း တတ်မြောက်ထားသည်။ တစ်နှစ်အတွင်းမှာပင် သူသည် ရွှေဦးချိုခန္ဓာအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
"မွေးရတာ အဲဒီလောက် လွယ်တာလား" လီဟန်ယီ၏ မျက်လုံးလေးများ ပြန်လည်တောက်ပလာသည်။
ထို့နောက် သူမသည် လီကျန့်ယီအနားသို့ လျှောက်သွားကာ သူ၏ပါးကို အမြန်ပင် နမ်းလိုက်ပြီး "ကျေးဇူးပါပဲ ယီယီရဲ့ ဖက်တီးလေးကို ပေးတဲ့အတွက်" ဟု ချစ်စဖွယ် အပြုံးဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်နေဖို့ မလိုပါဘူး၊ ငါတို့က မိသားစုတွေပဲဟာ" လီကျန့်ယီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ ဖက်တီးနဂါးလေးကို လီဟန်ယီအား ပေးလိုက်သည်ဆိုတာက သူတို့နှစ်ယောက် အတူတူမွေးမြူခဲ့သည့် နဂါးလေးပင် ဖြစ်လိမ့်မည်။
ထို့ကြောင့် ဤနဂါးလေးကို ပေးလိုက်ရခြင်းမှာလည်း အဓိပ္ပာယ်တစ်ခုအရ သူမ၏ မိသားစုပိုင် ပစ္စည်းဖြစ်သွားခြင်းသာ ဖြစ်၏။
"မိသားစု၊ မင်း ငါ့ကို လက်မထပ်ရသေးဘူးလေ" ဟု လီဟန်ယီက မျက်နှာနီမြန်းလျက် လီကျန့်ယီကို မကြည့်ရဲဘဲ ပြောလိုက်သည်။
အထူးသဖြင့် လီကျန့်ယီက ရုပ်ပြစာအုပ်များ ဖတ်ခဲ့သည်ဟု သူမ ထင်မှတ်ခဲ့မိသည်ကို ပြန်တွေးမိသောအခါ သူမ၏ မျက်နှာမှာ ပို၍ပင် နီရဲလာသည်။
ဖက်တီးနဂါးလေးက ရှောင်ပိုင်တို့ကို ခေါ်ဆောင်လာပြီးနောက် လီကျန့်ယီက သူတို့ကို ကြည့်ကာ "ဒီရုပ်ပြစာအုပ်က မင်းတို့ဟာလား" ဟု မေးလိုက်သည်။
"ဟုတ်... ဟုတ်ပါတယ်" ရှောင်လန်နှင့်ရှောင်ပိုင်တို့က အိုးတိုးအောက်တေးဖြင့် ခေါင်းညိတ်ကြသည်။
"မင်းတို့ ကျင့်ကြံခြင်းမှာ ပျင်းရိနေလို့ ငါက အဲဒီစာအုပ်တွေကို သိမ်းလိုက်တာ မဟုတ်လား" ဟု လီကျန့်ယီက ထပ်မံမေးမြန်းလိုက်သည်။
"ဟုတ်ပါတယ်..." လျူယဲ့တို့က အသံတိုးတိုးဖြင့် ဖြေကြ၏။
"အဲဒီတော့ မင်းတို့ ကျင့်ကြံခြင်းကို ပြန်ကြိုးစားလာတဲ့အခါ ငါက စာအုပ်တွေကို ပြန်ပေးခဲ့တယ် မဟုတ်လား" ဟု လီကျန့်ယီက တစ်ဖန် မေးပြန်သည်။
"ဟုတ်ကဲ့ပါ..." ရှောင်ပိုင်တို့သည် လီကျန့်ယီနှင့် လီဟန်ယီတို့ကို ကြည့်ကာ ရှက်ကိုးရှက်ကန်း ဖြေကြားလိုက်ကြသည်။
"ကောင်းပြီ... ဟန်ယီ၊ မင်းလည်း ကြားတဲ့အတိုင်းပဲ။ ငါက ဒီလိုစာအုပ်မျိုးတွေကို စိတ်မဝင်စားပါဘူး။ ဒါကြောင့် မင်း ငါ့ကို အထင်လွဲခဲ့တာပဲ" ဟု လီကျန့်ယီက ခရမ်းရောင်ဝတ်စုံနှင့် လီဟန်ယီကို လေးလေးနက်နက် ပြောလိုက်သည်။
"ငါ... ငါ မှားသွားပါတယ်..." ထိုရုပ်ပြစာအုပ်မှာ လီကျန့်ယီ၏ ပစ္စည်းမဟုတ်ဘဲ ရှောင်ပိုင်တို့ထံမှသိမ်းဆည်းထားခြင်း သာဖြစ်ကြောင်း သိလိုက်ရသောအခါ လီဟန်ယီမှာ အပြစ်ရှိသလို ခံစားရကာ ခေါင်းလေးငုံ့သွားသည်။
"မှားမှန်းသိရင် ပြီးတာပါပဲ၊ နောက်နောင် ဒီလိုမျိုး မဖြစ်စေနဲ့တော့" လီကျန့်ယီက ရှေ့သို့တိုးကာ လီဟန်ယီ၏ လှပသော မျက်နှာလေးကို သူ၏ လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။
"အင်း..." လီဟန်ယီ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး သူမ၏ မျက်လုံးများမှာ လီကျန့်ယီကိုသာ စိုက်ကြည့်နေမိသည်။
ဤသည်ကို မြင်သောအခါ ဖက်တီးနဂါးလေးသည် ပါးနပ်စွာဖြင့် ရှောင်ပိုင်တို့ကို နှင်ထုတ်လိုက်ပြီး သူကိုယ်တိုင်လည်း စားစရာရှာရန် ထွက်သွားလေတော့သည်။
ဓားမျှော်စင်အတွင်း မည်သူမျှ မရှိတော့သောအခါ လီကျန့်ယီမှာ ပို၍ ရဲတင်းလာခဲ့ပြီး လီဟန်ယီ၏ ဝတ်စုံနှင့် ပေါ်လွင်နေသော ခန္ဓာကိုယ်အလှကို ငေးမောကြည့်လိုက်သည်။
"ဟန်ယီ... မင်းက နောက်ဆုံးတော့ မိန်းကလေးဆန်တဲ့ အလှတရားတွေ ရှိလာပြီပဲ" ဟု လီကျန့်ယီက ပြုံး၍ ပြောလိုက်သည်။
"အရင်ကရော ငါက မိန်းကလေးမဆန်လို့လား" လီဟန်ယီက မကျေမနပ်ဖြစ်ကာ လီကျန့်ယီကို မျက်စောင်းထိုးလိုက်၏။ သို့သော် သူမ၏ ပါးပြင်ကို အုပ်ကိုင်ထားသော လီကျန့်ယီ၏ လက်များကိုမူ ဖယ်ရှားခြင်း မပြုခဲ့ချေ။
"ရှိပါတယ်... ဒါပေမဲ့ အများကြီး မဟုတ်ဘူးလေ" ဟု ဆိုကာ လီကျန့်ယီက လီဟန်ယီ၏ နီမြန်းနေသော ပါးပြင်ကို ညစ်လိုက်သည်။
"ဟွန့်... ရှိပေမဲ့ အများကြီးမဟုတ်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ" လီဟန်ယီက လီကျန့်ယီ၏ လက်များကို ဖယ်ထုတ်လိုက်ပြီး သူ၏ ပါးကို ပြန်လည် ညစ်လိုက်တော့သည်။
"အရင်က မိန်းကလေးဆန်တဲ့ ဆွဲဆောင်မှု သိပ်မရှိဘူးလို့ ပြောတာပါ" ဟု လီကျန့်ယီက အမှန်အတိုင်း ပြောလိုက်၏။
ဤသည်ကို ကြားသောအခါ လီဟန်ယီမှာ ဒေါသထွက်သွားသည်။ သူမသည် လီကျန့်ယီ၏ ပါးကို သူမ၏ လက်ကလေးများဖြင့် အတင်းဆွဲညစ် ပုံစံအမျိုးမျိုးဖြစ်အောင် လုပ်ရင်း "ဒီလူဆိုးလေး... မင်းကမှ မိန်းကလေးမဆန်တာ" ဟု ဒေါသတကြီး ပြောလိုက်သည်။
"ငါ... ငါက အစတည်းက မိန်းကလေးမှ မဟုတ်တာ" လီကျန့်ယီက စူနေသောပါးစပ်လေးဖြင့် ပြန်ပြောလိုက်ရသည်။
"ဟွန့်..မင်းက ပြန်ပြောရဲသေးတယ်ပေါ့" လီဟန်ယီက လီကျန့်ယီ၏ ခါးကို ပစ်မှတ်ထားကာ အတင်းပင် ဆွဲလိမ်လိုက်တော့သည်။
ဤဆွဲလိမ်လိုက်ခြင်းမှာ လီကျန့်ယီ၏ ဒုတိယမြောက် အရေးပါသောနေရာကို ထိမှန်သွားခဲ့ပြီး နာကျင်လွန်းသဖြင့် လီကျန့်ယီက လီဟန်ယီအပေါ်သို့ ခုန်အုပ်ကာ ဖိထားလိုက်ပြီး "ဟန်ယီ... ငါ့ခါးကို အခုချက်ချင်းလွှတ်ဖို့ ငါအကြံပေးမယ်၊ မဟုတ်ရင် မင်း နောင်တရလိမ့်မယ်" ဟု ဆိုလိုက်သည်။
"မလွှတ်နိုင်ပါဘူး"
လီဟန်ယီ၏ လက်ကလေးများမှာ လီကျန့်ယီ၏ ခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး မည်သည့် ကြောက်ရွံ့မှု့ တစ်စက်မှမရှိပေ။
"မင်းကိုယ်တိုင် ရွေးချယ်တာနော်" လီကျန့်ယီသည် လီဟန်ယီ၏ နူးညံ့သော ခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်ပြီး သူမ၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် ထိန်းကာ သူမ၏ နှုတ်ခမ်းနီနီလေးကို နမ်းရန် ပြင်လိုက်သည်။
လီကျန့်ယီက အတည်လုပ်နေသည်ကို မြင်သောအခါ လီဟန်ယီမှာ လန့်သွားခဲ့ရပြီး သူကို အမြန်ပင် တွန်းထုတ်လိုက်သည်။ ထို့နောက် ဘေးတစ်နေရာတွင် ထိတ်လန့်တကြား ရပ်နေကာ "ငါ... ငါ မင်းရဲ့ခါးကို မဆွဲဆိတ်တော့ဘူး၊ မင်းကလည်း မကောင်းတာတွေ မလုပ်ရဘူးနော်" ဟု ချက်ချင်းပြောလိုက်သည်။
"ဒါဆိုရင် မလုပ်တော့ဘူးပေါ၊ ငါကတော့ မင်းကို သတ္တိရှိတဲ့သူလို့ ထင်နေတာ။ အခုတော့ ဒီလိုပဲကိုး" ဟု လီကျန့်ယီက ထိတ်လန့်နေသော လီဟန်ယီကို ကြည့်ကာ ညည်းတွားလိုက်သည်။
"ဟွန့်... မင်း ငါ့ကို အခွင့်ကောင်းယူမှာစိုးလို့ပါ ယီယီ" လီဟန်ယီက မျက်နှာနီမြန်းလျက် ဇွတ်မှိတ်ငြင်းလိုက်သည်။
"အခွင့်ကောင်းယူတယ် ဟုတ်လား၊ ဟန်ယီ... မင်း တကယ် ပြောင်းလဲသွားပြီ၊ အရင်ကဆိုရင် မင်းက အမြဲတမ်း ဦးဆောင်ခဲ့တာ မဟုတ်လား" လီကျန့်ယီကလည်း မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။
အရင်ကဆိုလျှင် လီဟန်ယီမှာ သူအပေါ် ရှက်စရာကောင်းသော အပြုအမူမျိုးစုံကို ပြုလုပ်ခဲ့ဖူးပေသည်။ သို့သော် ဓားတစ်ချက်ဝှေ့ယမ်းရုံဖြင့် ငွေသောင်းချီ တန်ကြေးရှိသော အမျိုးသမီးမှာ မိမိဖြစ်ကြောင်း သိသွားပြီးနောက်တွင် လီဟန်ယီမှာ ပြောင်းလဲသွားခဲ့သည်။သူမက အမှန်တကယ်ပင် ရှက်တတ်လာသည် မဟုတ်ပါလော။ ဒါက တကယ့်ကို ထူးဆန်းလှပေသည်။
"အရင်က အရင်ကပေါ့၊ အခု ငါက အရွယ်ရောက်နေပြီလေ" လီဟန်ယီက ခရမ်းရောင်ဝတ်စုံအောက်တွင် ပေါ်လွင်နေသော သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ဂုဏ်ယူစွာဖြင့် မတ်မတ်ရပ်ကာ ပြလိုက်သည်။သူမ၏ ရင်သားနှင့် တင်ပါးများမှာ အခြားသော အမျိုးသမီးများထက် ပိုမိုထွားကျိုင်းနေပြီး ဆက်လက်၍လည်း ဖွံ့ဖြိုးနေဆဲ ဖြစ်သည်။ နောက်ထပ် တစ်နှစ်ခန့်ကြာလျှင် သူမသည် မိန်းကလေးတစ်ယောက်ဘဝမှ အမျိုးသမီးတစ်ယောက်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့မည် ဖြစ်၏။
"တကယ်ကို အများကြီး ဖွံ့ဖြိုးလာတာပဲ"
လီကျန့်ယီသည် လီဟန်ယီ၏ အပြစ်ပြောစရာမရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ကာ အမှန်အတိုင်း အကဲဖြတ်လိုက်သည်။
"ဟွန့်..လူဆိုးလေး... မင်း ဘယ်ကို ကြည့်နေတာလဲ" လီဟန်ယီသည် လီကျန့်ယီ၏ အကြည့်များမှာ သူမ၏ ရင်ဘတ်ဆီသို့ ရောက်နေသည်ကို သတိပြုမိသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့သည်။
"ငါက အဲ့ဒီကို ဝင်တိုက်ချင်လို့ပါ။ အရင်က ငါ့ရင်ဘတ်က မာတယ်လို့ မင်းပြောဖူးတယ် မဟုတ်လား ဟန်ယီ။ အခု မင်းရဲ့ ရင်ဘတ်က ဘယ်လောက်မာလဲဆိုတာ ငါ့ခေါင်းနဲ့ စမ်းကြည့်ချင်လို့" ဟု လီကျန့်ယီက လီဟန်ယီ၏ ခေါင်းနှင့် သူ၏ ရင်ဘတ် တိုက်မိခဲ့ဖူးသော အဖြစ်အပျက်ကို ပြန်လည် ဖော်ထုတ်လိုက်သည်။
လီဟန်ယီသည် ထိုနေ့က အဖြစ်အပျက်ကို ချက်ချင်း ပြန်လည် အမှတ်ရသွားပြီး မျက်နှာနီမြန်းလျက် ခေါင်းခါယမ်းကာ ငြင်းဆိုလိုက်တော့သည်: "မဖြစ်ဘူး၊ မင်း သွားပြီး ဓားပဲ ကျင့်တော့"