← Chapters

ဆန်းကြယ်နတ်ခရီးအဆင့်ရောက်ပြီ

Vol. 14 Ch. 136

ဆန်းကြယ်နတ်ခရီးအဆင့်ရောက်ပြီ

Vol. 14 Ch. 136

မိုးကြိုးတံခါးရှိ တပည့်များနှင့်အတူ ပျော်ရွှင်စွာ ဆော့ကစားနေသော ရှောင်ကျဲကို ကြည့်ရင်း လီကျန့်ယီသည် လဲ့မုန့်ရှား၊ လီရှင်းယွဲ့တို့နှင့် စကားစမြည် ပြောနေခဲ့၏။ ထိုသို့ဖြင့် မိုးကြိုးတံခါးမှ သစ်ကူးညစာစားပွဲမှာ ပြီးဆုံးသွားလေတော့သည်။

ဓားနှလုံးဂူဗိမာန်သို့ ပြန်ရောက်လာသောအခါ လီကျန့်ယီသည် မိမိကိုယ်မိမိ ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိရန် မဝေးတော့ကြောင်း ခံစားမိ‌နေသည်။ ယခုနှစ်အတွင်းမှာပင် ဤဆန်းကြယ်လှသော နယ်ပယ်၏ အဆင့်ကို ကျော်ဖြတ်နိုင်ဖွယ် ရှိနေ၏။ ထို့ကြောင့် သူ ဂူဗိမာန်သို့ ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်သည့်အလုပ်မှာ ဓားနှလုံးကျောက် ဆောင်သို့သွားကာ ဓားကျင့်ခြင်းပင်။

ယခုတစ်ကြိမ်တွင် သူသည် မည်သည့်အနှောင့်အယှက်မှ မရှိဘဲ လွတ်လပ်စွာ ဓားဝှေ့ယမ်းနိုင်ပြီ ဖြစ်၏။ လီကျန့်ယီက မိမိသည် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ဝင်ရောက်နိုင်တော့မည်ဟု ပြောလိုက်သောအခါ လီဆူးဝမ်ကလည်း လီကျန့်ယီ၏ ကျင့်ကြံမှု့ကို အနှောင့်အယှက်မဖြစ်စေရန် ဓားနှလုံးကျောက်ဆောင်သို့ မည်သူမှ မသွားရန် တင်းကျပ်စွာ တားမြစ်ထားလေသည်။

ထို့ကြောင့်ပင် ယခုနှစ်တွင် ဓားနှလုံးကျောက်ဆောင်မှာ တစ်ဂူဗိမာန်တစ်ခုလုံးအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်လာတော့၏။ လီကျန့်ယီအတွက် အစားအသောက်နှင့် ပိုင်ရှောင်တန်၏ သတင်းစာများကို ပို့ဆောင်ပေးရန် လီဆူးဝမ်တစ်ဦးတည်းသာ ထိုနေရာသို့ ဝင်ထွက်ခွင့်ရှိသည်။

"ယီယီ... ဆရာ မင်းအတွက် ဘာဟင်းကောင်းတွေ ချက်လာလဲဆိုတာ ကြည့်လိုက်ဦး" ဟု ဆိုကာ လီဆူးဝမ်သည် အစားအသောက်ဗူးကို ကိုင်လျက် စိတ်လှုပ်ရှားစွာ ရောက်ရှိလာ၏။ အကြောင်းမှာ သူ၏ တပည့်လိမ္မာလေးသည် ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိတော့မည် မဟုတ်ပါလား။

ဤအဆင့်မှာ အင်အားကြီးလှသော ချင်းချန်တောင်ကုန်းပင်လျှင် ပိုင်ဆိုင်ဖူးခြင်း မရှိသေးသည့် အဆင့်အတန်းပင် ဖြစ်သည်။ ဝိညာဉ်ဖြင့် ခရီးနှင်နိုင်သော ဆန်းကြယ်နယ်ပယ်သို့ ရောက်ရှိခြင်းမှာ တစ်လောကလုံးတွင် နံပါတ်တစ် ဖြစ်လာတော့မည်ဟု ဆိုလိုခြင်းပင်။

ဤနည်းဖြင့် ဓားနှလုံးဂူဗိမာန်သည် လီကျန့်ယီကြောင့် တစ်လောကလုံးတွင် ကျော်ကြားလာပေမည်။ ထို့ကြောင့် လီဆူးဝမ်မှာ အလွန်ပင် ကျေနပ်ပီတိဖြစ်နေတော့၏။

"ဘာဟင်းကောင်းလဲဟင်"

လီကျန့်ယီသည် ဓားဝှေ့ယမ်းခြင်းကို ရပ်တန့်ကာ အစားအသောက်ဗူးကို စိတ်ဝင်တစား ဖွင့်ကြည့်လိုက်သည်။ ဗူးထဲတွင် သူအကြိုက်ဆုံး ဟင်းလျာများ ပါဝင်နေသဖြင့် အလွန်ပင် စားချင်စိတ် ဖြစ်ပေါ်လာ၏။ "ကျေးဇူးတင်ပါတယ် ဆရာ" ဟု ဆိုကာ သူသည် ထမင်းကို မြိန်ရှက်စွာ စားသောက်လိုက်တော့သည်။

လီဆူးဝမ်ကလည်း ဘေးမှရပ်ကြည့်ကာ မိမိရင်သွေးကို ကြည့်နေသကဲ့သို့ မေတ္တာအပြည့်ဖြင့် ကြည့်နေသည်။ လီကျန့်ယီသည် နှစ်နှစ်သားအရွယ်ကပင် ဂူဗိမာန်မှာ ကြီးပြင်းလာသူဖြစ်ရာ လီဟန်ယီနှင့် ရှောင်ကျဲတို့ထက်ပင် သံယောဇဉ် ပိုမိနေခြင်းမှာ မဆန်းလှပေ။

ထမင်းစားပြီးနောက် လီကျန့်ယီသည် ခဏတာ အနားယူ၏။ ၎င်းမှာ တစ်နေ့တာ၏ တစ်ခုတည်းသော အနားယူချိန်ပင် ဖြစ်သည်။ သူသည် လီဆူးဝမ် ပို့ပေးထားသော နေ့စဉ်သတင်းစာကို ဖြည်းညှင်းစွာ ဖတ်ကြည့်လိုက်သည်။

ယခုနှစ်တွင် တီယန်ဝူတွမ်၌ လှုပ်ရှားမှု့များစွာ ရှိနေသကဲ့သို့ မြောက်ပိုင်းဒေသတွင်လည်း တည်ငြိမ်မှု့ ရှိမည်မဟုတ်ပေ။ အကြောင်းမှာ တစ်လောကလုံးတွင် အလှဆုံးဟု တင်စားရသော ရီဝိန်ကျွင်းမှာ ထျန်ချီမြို့သို့ ပြန်လာတော့မည် ဖြစ်သောကြောင့်ပင်။

သတင်းစာ၏ မျက်နှာဖုံးတွင် ရီဝိန်ကျွင်း ပြန်လာသည့်သတင်းမှာ အထင်းသား ပါရှိနေ၏။ ထိုသတင်းထက် လီကျန့်ယီ ပိုမိုစိုးရိမ်သည်မှာ တီယန်ဝူတွမ်၏ အခြေအနေပင် ဖြစ်ပေသည်။ အကယ်၍ ရွဲ့ဖုန်းချန်သာ အရှေ့ဘက်သို့ စစ်ချီရန် ကြံစည်နေပါက အခြေအနေမှာ ကောင်းမည်မဟုတ်ပေ။

"ဂိုဏ်းချုပ်ရွဲ့တစ်ယောက် ဒါကို နားလည်ပါစေလို့ပဲ မျှော်လင့်ရတာပဲ" ဟု ရေရွတ်ကာ လီကျန့်ယီသည် တီယန်ဝူတွမ်ဘက်သို့ ငေးကြည့်ရင်း ဓားကို ဆက်လက်ဝှေ့ယမ်းနေတော့၏။

တစ်လခန့် ဓားကျင့်ပြီးနောက် လီကျန့်ယီ၏ ကျင့်ကြံမှု့အဆင့်မှာ ပိုမိုနက်ရှိုင်းလာသည်။ တစ်ချိန်တည်းမှာပင် မြောက်ပိုင်းလူရိုင်းများနှင့် တောင်ပိုင်းကျူးတို့မှာလည်း ဝူရှန်းတမန်၏ သွေးထိုးမှု့ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။ ရဲဒင်းကျီ၏ ကလဲ့စားချေမည့် အကြံအစည်မှာလည်း အကောင်အထည်ဖေါ်ရန် နီးကပ်လာပြီ ဖြစ်သည်။

သုံးလကြာ ဓားကျင့်ပြီးနောက် လီကျန့်ယီ၏ အဆင့်မှာ ဆန်းကြယ်နတ်ခရီးတစ်ဝက်အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်၏။ ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း ထိုခြေလှမ်းကို ကျော်ဖြတ်နိုင်ရန်အတွက် ဓားချက်ပေါင်း မြောက်မြားစွာ လိုအပ်နေသေးသည်။

"ပိုင်လီတုန်းကျွင်းက ရွဲ့ယောင်နဲ့အတူ တီယန်ဝူတွမ်ကို လိုက်သွားပြီဆိုတော့ အခုဆို ရဲဒင်းကျီနဲ့ တွေ့နေလောက်ပြီ" ဟု လီကျန့်ယီက ပိုင်ရှောင်တန်၏ သတင်းကို ကြည့်ကာ ရေရွတ်သည်။ သူသည် တီယန်ဝူတွမ်သို့သွားကာ သတိပေးခဲ့သော်လည်း အချို့သော ကိစ္စရပ်များမှာ ရှောင်လွှဲ၍မရနိုင်ကြောင်း သူ နားလည်လိုက်၏။

သူသည် ရွဲ့ယောင်၏ သူငယ်ချင်း ဖြစ်သောကြောင့် တီယန်ဝူတွမ်ကို အကြိမ်ကြိမ် ခွင့်လွှတ်ပေးခဲ့သော်လည်း အကယ်၍ တီယန်ဝူတွမ်ကသာ ပေလီဒေသကို ကျူးကျော်လာပါက သူသည်လည်း လက်ပိုက်ကြည့် နေမည်မဟုတ်ပေ။

ကိုးလကြာ ဓားကျင့်ပြီးနောက်တွင် လီကျန့်ယီသည် နောက်ဆုံး၌ ဆန်းကြယ်နတ်ခရီးအဆင့်သို့ ဝင်ရောက်သွားသည်။ သူ၏ စိတ်အာရုံမှာ အလွန်ပင် ကြည်လင်သွားပြီး တစ်ကိုယ်လုံး ပေါ့ပါးကာ အကန့်အသတ်မဲ့သော စွမ်းအားများ ပြည့်ဝနေကြောင်း ခံစားလိုက်ရသည်။ "ဒါဟာ ဆန်းကြယ်နယ်ပယ်မှာ စိတ်ဝိညာဉ်နဲ့ ခရီးနှင်နိုင်တာကို ဆိုလိုတာလား" ဟု သူက စိတ်လှုပ်ရှားစွာရေရွတ်၏။

သူသည် ကျင့်ကြံမှု့ အဆင့်တက်သွားသော်လည်း တိတ်ဆိတ်ပင် နေလိုက်ရာ ဓားနှလုံးကျောက်ဆောင်ပေါ်တွင် မည်သည့် ထူးခြားသော နိမိတ်များမျှ ပေါ်မလာခဲ့ပေ။

"ငါ ဆန်းကြယ်နယ်ပယ်ထဲကို ရောက်သွားပြီ၊ အခုတော့ ဓားနှလုံးကျောက်ဆောင်ကနေ ဆင်းရမယ့် အချိန်တန်ပြီ"

လီကျန့်ယီသည် ကျောက်ဆောင်အစွန်းတွင် ရပ်ကာ အောက်ဘက်သို့ ငေးကြည့်လိုက်သည်။ သူ၏ ကြိုးစားအားထုတ်မှု့များမှာ အရာထင်ခဲ့လေပြီ။ သူသည် တစ်လောကလုံးကို တုန်လှုပ်စေရန်အတွက် တောင်ပေါ်မှ ဆင်းသက်ရန် ပြင်ဆင်လိုက်သည်။

All Chapters