← Chapters

အခန်း (၁၃၂)

Vol. 14 Ch. 132

အခန်း (၁၃၂)

Vol. 14 Ch. 132

"ရှဲ့ရွမ်က မျက်နှာနှစ်မျိုးနဲ့လူစားပဲ" လီကျန့်ယီက ပြော၏။ သူသည်လည်း သူများနှင့်မခြား အတော်အံ့ဩနေမိသည်။

ပိုင်လီတုန်းကျွင်းနှင့် လီချန်းရှန်တို့က ထိုစကားကို ကြားသောအခါ သူတို့၏သဘောထားကို အမြန်ဖော်ပြသည်။ "သခင်လေးလီရဲ့ ရှုတ်ချမှု့က တကယ်ကို ဖြစ်သင့်ပါတယ်ဗျာ။ ကျွန်တော်တို့ အခု ရွှေလမြို့တော်မှာ ရောက်နေလို့သာပေါ့၊ မဟုတ်ရင်တော့ ရှဲ့ရွမ်တစ်ယောက် အရှက်တကွဲ အကျိုးနည်း ဖြစ်နေမှာ သေချာတယ်" ဟု ပိုင်လီတုန်းကျွင်းနှင့် လီချန်းရှန်တို့ကလည်း ဝိုင်းဝန်းထောက်ခံကြသည်။

အမှန်စင်စစ် သူတို့အားလုံးသည် စိတ်မသန့်ဖြစ်နေကြခြင်းပင်။ အကယ်၍ သူတို့က ရှဲ့ရွမ်ကို ကြိုတင်၍ ပြစ်တင်ရှုတ်ချ ထားမှသာ သူတို့ကိုယ်တိုင် ရှဲ့ရွမ်ထုတ်ဝေသော ရုပ်ပြစာအုပ်များကို ဖတ်ရှု့ခြင်းမရှိကြောင်း သက်သေပြနိုင်မည် မဟုတ်ပါလား။ "ဒါပေါ့... နောက်တစ်ခါကျရင် ညီအစ်ကို ပိုင်လီနဲ့ အကြီးအကဲလီတို့ပါ ပေါင်းပြီး ရှဲ့ရွမ်ကို ဝိုင်းရှုတ်ချကြတာပေါ့" ဟု လီကျန့်ယီက ချိန်းဆိုလိုက်ရာ "နောက်တစ်ခါကျရင် အသေအချာပဲပေါ့" ဟု သူတို့နှစ်ဦးက ခေါင်းငြိမ့်သဘောတူလိုက်ကြလေသည်။

.....

ထိုအချိန်တွင် မိုင်ပေါင်းထောင်ချီ ခရီးနှင်လာပြီး ချန်တုန်းမြို့သို့ ရောက်ရှိနေသော ရှဲ့ရွမ်မှာမူ တောက်လျှောက် နှာချေနေတော့၏။ "ဟတ်ချိုး... ဟတ်ချိုး... နွေဦးရောက်ပြီမို့လား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ငါ့အကြောင်းကို ပြောနေတာလား" ဟု သူက ဝေခွဲမရဖြစ်နေသည်။

ရှဲ့ရွမ်သည် ကွန်ဖြူရှပ်ပညာရှိ ဝတ်စုံကို ဝတ်ဆင်ထားပြီး ရုပ်ပြစာအုပ်အသစ် ထုတ်ဝေသည့်အခါမှသာ ရုပ်ဖျက်၍ ရှောင်ရွမ်အဖြစ် ဟန်ဆောင်လေ့ရှိသည်။

"ချမ်တုန်းမြို့ကို ကျော်ရင် ရွှေလမြို့တော်ကို ရောက်တော့မှာပဲ။ အကြီးအကဲလီလည်း အဲ့ဒီမှာရှိတယ်လို့ လျူယဲ့ဆီက ကြားတယ်။ ကျီးရှားကျောင်းတော်က နေ့ရက်တွေကို တောင် လွမ်းမိသေးတယ်" ဟု ဆိုကာ သူသည် လီချန်းရှန်ကို အံ့အားသင့်သွားစေရန် ရည်ရွယ်ထားသော်လည်း လီချန်းရှန်တို့က သူကို ဝိုင်းဝန်းရှုတ်ချရန် ပြင်ဆင်နေကြသည်ကိုမူ မသိ‌နေပေ။

သုံးရက်အကြာတွင် ရှဲ့ရွမ်သည် ရှီးကွမ်းမြို့သို့ ရောက်ရှိလာသည်။ မြို့အတွင်းရှိ ခန့်ညားထည်ဝါလှသော ၁၆ ထပ်ရှိသည့် ကောင်းကင်တက်လှေကားမျှော်စင်ကို ကြည့်ကာ "တကယ့်ကို ခမ်းနားထည်ဝါလှတဲ့ ကောင်းကင်တက်လှေကားပါလား" ဟု ချီးကျူးမိ၏။ ထိုမျှော်စင်ကို ဖြတ်ကျော်နိုင်မှသာ ရွှေလမြို့တော်သို့ ဝင်ရောက်နိုင်မည်ဟု အဆိုရှိသည်။

လက်ဖက်ရည်ဆိုင်ရှိ လူအချို့မှာ ပညာရှိဝတ်စုံနှင့် လူတစ်ယောက်က မျှော်စင်ပေါ်သို့ တက်ရန် ကြိုးစားနေသည်ကို မြင်သောအခါ လှောင်ပြောင်ရယ်မောကြသည်။

သို့သော် ရှဲ့ရွမ်သည် ပထမထပ်ရှိ ရွှေဦးချိုခန္ဓာအဆင့် ဂိတ်စောင့်တပည့်ကို မြင်သောအခါ တိုက်ခိုက်ရန်ပင် မလိုဘဲ ကောင်းကင်ဖြတ်သန်းခြင်းအဆင့်၏ ဖိအားကို ထုတ်ဖော်လိုက်ရုံဖြင့် အလွယ်တကူ ဖြတ်ကျော်သွားနိုင်သည်။

ရွှေလမြို့တော်အတွင်း၌ ရှဲ့ရွမ်၏ ပေါ်ပေါက်လာမှု့သည် ပင့်ကူအိမ်အဖွဲ့၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားပြီး မြို့တော်ဝန်စံအိမ်သို့ သတင်းပို့ကြ၏။ "အရှင်... အစွမ်းထက်တဲ့ ပညာရှိတစ်ယောက် ကောင်းကင်တက်လှေကားမျှော်စင်ကို ရောက်နေပါတယ်။ သူက အသက်ရှူအကြိမ် ၁၀ ကြိမ်အတွင်းမှာပဲ ၁၀ ထပ်အထိ တက်သွားပါပြီ" ဟု သတင်းပို့လိုက်သည်။

"ပညာရှိတစ်ယောက်လား" ဟု လော့ရွှေက ရေရွတ်လိုက်၏။ ထိုအခါ လီကျန့်ယီက "သူဖြစ်ဖို့ များပါတယ်" ဟု အတည်ပြုလိုက်သည်။ အကြောင်းမှာ မြောက်ပိုင်းလီဒေသတစ်ခုလုံးတွင် ဤမျှအစွမ်းထက်သော ပညာရှိမှာ ရှဲ့ရွမ်တစ်ဦးတည်းသာ ရှိသောကြောင့်ပင်။သူသည် အမြဲတမ်း စာသင်သားတစ်ယောက်ပုံစံရှိနေသောကြောင့် ရှဲ့ရွမ်အပြင် မည်သူမှ မဖြစ်နိုင်ပေ။

"ဟုတ်ပြီ... အဲ့ဒီသေနာပညာရှိ ရောက်လာပြီဆိုတော့ စီနီယာနဲ့ ဆရာကိုသွားခေါ်ပြီး သူကို ဝိုင်းဖမ်းကြစို့" လီဟန်ယီက စိတ်လှုပ်ရှားစွာ ပြောသည်။ အကယ်၍ ဤပညာရှိကသာ ရုပ်ပြစာအုပ်ကို မထုတ်ဝေခဲ့ပါက သူမသည် လီကျန့်ယီ၏ လှည့်စားခြင်းကို ခံရမည်မဟုတ်ဟု သူမက ယူဆထား၏။

ခဏအကြာတွင် သူတို့တစ်စုသည် ကောင်းကင်တက် လှေကားမျှော်စင်သို့ အပြေးအလွှား ရောက်ရှိလာကြသည်။ လီဟန်ယီ ဦးဆောင်သော အမျိုးသမီးများသည် လက်နက်များကိုယ်စီဖြင့် ရှဲ့ရွမ်ကို တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ ရှဲ့ရွမ်သည် ၁၅ ထပ်မြောက်ရှိ ဂိတ်စောင့်အကြီးအကဲကို အနိုင်ယူပြီး စင်မြင့်ပေါ်မှ ဆင်းလာချိန်တွင် လီကျန့်ယီတို့ကို မြင်သဖြင့် ဝမ်းသာသွားသော်လည်း လက်နက်ကိုင်ထားသော အမျိုးသမီးအုပ်စုကို မြင်သောအခါ တုန်လှုပ်သွားတော့၏။

"သခင်လေးလီ... ဘာလို့ ကျွန်တော့်ကို ဒုက္ခရောက်အောင် လုပ်ရတာလဲ" ဟု ရှဲ့ရွမ်က ဝမ်းနည်းပန်းနည်းဖြင့် မေး၏။

လီကျန့်ယီက "တောင်းပန်ပါတယ်... ကျွန်တော်လည်း မိသားစုဝင်ကို လာပို့ရင်း ဒီမှာ ခဏနားနေတာပါ" ဟု အားနာစွာ ပြောလိုက်ရသည်။

လီဟန်ယီက မိုးစက်နာခံဓားဖြင့် ရန်မူရန် ပြင်လိုက်သောအခါ ရှဲ့ရွမ်သည် အလျင်အမြန်ပင် ထွက်ပြေးသွားတော့၏။ လီဟန်ယီက လိုက်လံဖမ်းဆီးရန် ပြင်သော်လည်း လီကျန့်ယီက တားဆီးကာ "ဟန်ယီ... ဒီနေ့ ဒီလောက်ခြောက်လိုက်ပြီဆိုတတော့ သူနောက်ခါ ရုပ်ပြစာအုပ် ရေးရဲတော့မှာ မဟုတ်ပါဘူး။ ဒီတစ်ခါတော့ လွှတ်ပေးလိုက်ပါ" ဟု ဖျောင်းဖျသည်။

လီချန်းရှန်နှင့် ပိုင်လီတုန်းကျွင်းတို့ကလည်း ဝိုင်းဝန်းတောင်းပန်ပေးသဖြင့် လီဟန်ယီသည် ဓားကို ပြန်သိမ်းကာ ရှဲ့ရွမ်ကို လွှတ်ပေးလိုက်ရသည်။

All Chapters