← Chapters

ညီအစ်ကိုနှစ်ဦး၏ စကားများ

Vol. 14 Ch. 134

ညီအစ်ကိုနှစ်ဦး၏ စကားများ

Vol. 14 Ch. 134

"သခင်လေးလီ ဟုတ်လား... ဘယ်မှာလဲ သခင်လေးလီ"

လီကျန့်ယီ လာနေသည်ဟု ကြားသည်နှင့် ဝမ်ရိရှင်းသည် တောင်အောက်သို့ တမျှော်မျှော် ကြည့်နေတော့၏။ ထိုသည်ကို မြင်သောအခါ လုစုကျန်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းကာ "ရိရှင်း... သခင်လေးလီက ကောင်းကင်ပေါ်မှာဟဲ့" ဟု သတိပေးလိုက်သည်။

အို... ကောင်းကင်ပေါ်ကနေလား။ ဝမ်ရိရှင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လှပသော အနီရောင်အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားသည်ကို မြင်လိုက်ရပြီး ချင်းချန်တောင်ကုန်းသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။ သာမန်မျက်စိဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်သည့် အကွာအဝေးသို့ ရောက်လာသောအခါ လီကျန့်ယီ၏ ပုံရိပ်သည် သူ၏မြင်ကွင်းထဲသို့ ပေါ်ထွက်လာ၏။

"ဝမ်သခင်... နေကောင်းရဲ့လားဗျာ" ဟု လီကျန့်ယီက အရင်ပင် နှုတ်ဆက်လိုက်သည်။

"ညီအစ်ကိုလီ... နေကောင်းပါရဲ့ဗျာ။ ခင်ဗျားရဲ့ နတ်ဓားရှင်အရှိန်အဝါက ဒီလောက်အထိ ခမ်းနားလိမ့်မယ်လို့ ကျွန်တော် လုံးဝထင်မထားဘူး။ တကယ်ကို အံ့မခန်းပါပဲဗျာ" ဟု ဝမ်ရိရှင်းက ချက်ချင်းပင် ချီးကျူးစကား ပြောလေတော့သည်။

လီကျန့်ယီမှာမူ ဘာပြန်ပြောရမှန်း မသိတော့ပေ။ ဝမ်ရိရှင်းက သူကို မတွေ့ရတာကြာသည့် သူငယ်ချင်းဟောင်းတစ်ယောက်လို ဆက်ဆံသည်ကို မြင်ရသော်လည်း "ညီအစ်ကိုလီ" ဟု ခေါ်ဝေါ်ခြင်းကြောင့် သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။ထင်သည့်အတိုင်းပင်။

ဝမ်ရိရှင်းသည် ချီးကျူးစကားများ ဆိုပြီးနောက်တွင် သူ၏ ဗီဇအတိုင်း "နောင်ကျရင် ကျွန်တော်သာ ညီအစ်ကိုလီရဲ့ ဓားပေါ်မှာ ရပ်လိုက်ရင် အလှူရှင်မမတွေဆီကနေ အလှူခံတဲ့အခါ တကယ်ကို မိုက်‌ နေတဲ့ မြင်ကွင်းကြီးလို ဖြစ်နေမှာပဲ" ဟု တွေးတွေးဆဆဖြင့်ပြော၏။ ထိုသို့သာဆိုလျှင် အောင်မြင်မှု့နှုန်းမှာ အနည်းဆုံး ၅၀ ရာခိုင်နှုန်းခန့် တိုးလာမည်ဟု သူက ယူဆထားသည်။

"ဒါနဲ့ ညီအစ်ကိုလီ ဘယ်လိုထင်လဲ... ကျွန်တော်တို့ အလှူခံခရီးစဉ်လေး တစ်ခုလောက် သွားကြမလား" ဟု ဝမ်ရိရှင်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးသည်။

လီကျန့်ယီက "ဝမ်သခင်... နောက်တစ်ခါမှပဲ သွားကြတာပေါ့ဗျာ" ဟု ယဉ်ကျေးစွာ ငြင်းဆိုလိုက်၏။

သို့သော် ဝမ်ရိရှင်းကမူ ထိုစကားကို အတည်မှတ်ကာ "ကောင်းပြီလေ... ဒါဆို ကတိနော်" ဟု ပြောသည်။ ထို့နောက် ဓားပေါ်မှ ဆင်းလာသော လီကျန့်ယီ၏ ပခုံးကို ဖက်ကာ ပြုံးလျက် "ညီအစ်ကိုလီ... ခင်ဗျားက ခင်ဗျားရဲ့ ညီလေးကို လာတွေ့ဖို့ ဘယ်လိုများ သတိရနေတာလဲ" ဟု မေးမြန်းလိုက်ပြန်၏။

"အင်..." လီကျန့်ယီကိုယ်တိုင်လည်း အံ့အားသင့်နေသည်။ဤလူက မတွေရ့ရရင်လည်း လွမ်းမသလိုလိုဖြစ်နေမိသည်။

ဝမ်ရိရှင်းလည်း လီကျန့်ယီကို မတွေ့ရသည်မှာ ကြာပြီဖြစ်၍ လွမ်းဆွတ်နေမိသည်မှာ အမှန်ပင်။ "ဟူး... ညီအစ်ကိုလီ ကျွန်တော်ကို ဂရုစိုက်မှန်း ကျွန်တော် သိနေတာပဲ" ဟု ဝမ်ရိရှင်းက သက်ပြင်းချကာ ပြောလေသည်။

"ဂိုဏ်းချုပ်လု" ဟု လီကျန့်ယီက လုစုကျန်းကို နှုတ်ဆက်လိုက်၏။ "အေးပါကွာ... ငယ်ရွယ်နုပျိုတာက တကယ့်ကို ကောင်းတာပဲ" ဟု လုစုကျန်းက ပြုံး၍ ခေါင်းငြိမ့်ပြကာ ရင်ပြင်မှ ထွက်ခွာသွားတော့သည်။ လူငယ်များ၏ ခေတ်ဖြစ်သောကြောင့် လူကြီးများ ဝင်မရှုပ်သင့်ဟု သူက ယူဆထား‌ ယူဆထားသောကြောင့်ပင်။

"သခင်လေးလီ... မက်မွန်သီး စားမလား" ကျောက်ယုကျန်းက လီကျန့်ယီကို မေးလိုက်ရာ "တစ်လုံးလောက် ပေးပါဦး" ဟု လီကျန့်ယီက ပြုံး၍ ခေါင်းငြိမ့်လိုက်၏။ ချင်းချန်တောင်ကုန်းပေါ်ရှိ မက်မွန်သီးများက မည်မျှအရသာရှိပြီး ကျောက်ယုကျန်းတစ်ယောက် နေ့တိုင်း မက်မွန်ပင်အောက်မှာ ဂရုတစိုက်စောင့်ဆိုင်းနေရသနည်းဆိုသည်ကို သူ သိချင်နေမိသည်။

"ကောင်းပါပြီ... သခင်လေးလီ၊ ခဏလေး စောင့်ပါဦး"

ကျောက်ယုကျန်းသည် မီးခွဲထုတ်ခြင်း အစီရင်ကို အသုံးပြုလိုက်ရာ မက်မွန်ပင်ပေါ်ရှိ မက်မွန်သီးများသည် ချက်ချင်းပင် မှည့်ဝင်းလာပြီး နောက်ဆုံးတွင် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရလောက်အောင် ကြီးမားသော မက်မွန်သီးကြီးတစ်လုံး ဖြစ်လာသည်။

"သခင်လေးလီ... ဖမ်းတော့" ဟု ဆိုကာ ကျောက်ယုကျန်းက မက်မွန်သီးကို လှမ်းပစ်ပေးလိုက်ရာ လီကျန့်ယီက လွယ်ကူစွာ ဖမ်းယူ၍ တစ်ကိုက် ကိုက်စားကြည့်သည်။မက်မွန်သီး၏ အရသာမှာ သာမန်သီးများနှင့် တကယ်ပင် ကွာခြား၏။ ချိုရုံသာမက အတွင်းပိုင်းတွင် နွေးထွေးမှု့ တစ်ခုကိုပါ ခံစားရသဖြင့် ကျင့်ကြံသူအတွက် အသုံးဝင်သည့် အစားအစာတစ်ခုဖြစ်‌နေသည်။

"ဒီမက်မွန်သီးတွေက တကယ်ကို ထူးခြားတာပဲ၊ကျောက်သခင်ရဲ့ တာအိုပညာက တမူထူးခြားတဲ့ နေရာမှာ အသုံးဝင်တာပဲ" ဟု လီကျန့်ယီက ပြုံး၍ ချီးကျူးသည်။

"သာမန်အချိန်မှာဆိုရင် ဒီမီးခွဲထုတ်ခြင်း အစီရင်က သိပ်အသုံးမဝင်ပါဘူး၊ ဒါကြောင့် မက်မွန်သီးမှည့်အောင် လုပ်တဲ့နေရာမှာပဲ သုံးရတာပေါ့။ မဟုတ်ရင် ဒီ တာအိုပညာကြီးက အလဟဿ ဖြစ်နေမှာစိုးလို့ပါ" ဟု ကျောက်ယုကျန်းက ပြုံးလျက် ပြန်ဖြေသည်။

" ဒါလည်း ကျင့်ကြံမှု့ကို ခိုင်မာအောင် လုပ်တဲ့ နည်းလမ်းတစ်ခုပါပဲ" ဟု လီကျန့်ယီက သဘောတူညီစွာ ခေါင်းငြိမ့်၏။ ထို့နောက် သူတို့ သုံးဦးသည် ရင်ပြင်ရှိ မဏ္ဍပ်လေးထဲတွင် ဝင်ထိုင်ကြသည်။

လီကျန့်ယီသည် မက်မွန်သီးကို စားရင်း ဝမ်ရိရှင်းကို ကြည့်ကာ "ဝမ်သခင်... ချင်းချန်တောင်ကုန်းက ကျွန်တော်ရဲ့ ဓားနှလုံးဂူဗိမာန်မှာ နှစ်တိုင်း မှာယူနေတဲ့ ဓားတွေအများကြီးက ဘာအတွက်လဲဗျ" ဟု မေးမြန်းလိုက်၏။

"အော်... ညီအစ်ကိုလီ၊ဒါက‌တော့ ဂျူနီယာညီလေးရဲ့ အဆုံးမဲ့ဓားအစီရင်က တကယ့်ကို ထူးခြားတာဗျ။ဓားတစ်လက်နဲ့ လုံလောက်ပေမဲ့ ဓားအရေအတွက် များလေလေ အဆုံးမဲ့ဓားအစီရင်က ပိုမိုအစွမ်းထက်လေလေပဲ၊ ဒါကြောင့် ချင်းချန်တောင်ကုန်းတွင် ဓားများများရှိလေ ပိုကောင်းလေပဲ"

"ပြီးတော့ ကျွန်တော်လည်း အခုတလော အဆုံးမဲ့ဓားအစီရင်ကို ကျင့်နေတာ၊ ဒါပေမဲ့ ကျွန်တော်ရဲ့ ပါရမီက ဂျူနီယာညီလေးလောက် မရှိဘူးလေ။ ဒါကြောင့် ဓားအတော်များများကတော့ အလဟဿ ဖြစ်သွားတာပေါ့" ဝမ်ရိရှင်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြသည်။

"အော် ..အဲ့လိုကိုး ဒါဆို ဝမ်သခင်... ကျွန်တော်နဲ့ လက်ရည်စမ်းကြည့်မလား" ဟု လီကျန့်ယီက မျက်လုံးတစ်ဖက်မှိတ်ကာ မေးလိုက်၏။ သူသည် ရှေ့မှ ဝမ်သခင်ကို အနည်းငယ် ပညာပေးလိုစိတ် ဖြစ်ပေါ်နေသည်။

"မလုပ်ပါနဲ့တော့ဗျာ။ ဆရာက ခင်ဗျားက သူအဆင့်လောက် ရှိနေပြီလို့ ပြောထားတာ။ ကျွန်တော်တော့ ခင်ဗျားနဲ့ မတိုက်ရဲပါဘူး ညီအစ်ကိုလီ" ဟု ဝမ်ရိရှင်းက ပြတ်သားစွာ ငြင်းဆိုသည်။ သူသည် မိုက်မဲသူ မဟုတ်ပေ။ လီကျန့်ယီနှင့် ရင်းနှီးအောင် ပေါင်းထားခြင်းက ချင်းချန်တောင်ကုန်းအတွက် အကျိုးရှိမည်ဖြစ်ကြောင်း သူက ကောင်းစွာ နားလည်ထား၏။

"ကဲ... ညီအစ်ကိုလီ၊ ကျွန်တော် လက်ဖက်ရည် ငှဲ့ပေးပါရစေ" လီကျန့်ယီ မက်မွန်သီး စားပြီးသည်နှင့် ဝမ်ရိရှင်းက ဖျတ်ဖျတ်လတ်လတ်ပင် လက်ဖက်ရည် ငှဲ့ပေးလေတော့သည်။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ အကောင်းဆုံး ဝန်ဆောင်မှု ပေးရန်ပင် ဖြစ်သည်။

သူသည် ယခင်က လီကျန့်ယီကို အကြိမ်ကြိမ် လှည့်စားခဲ့ဖူးသော်လည်း လီကျန့်ယီက အမြဲတမ်း သူ၏ဘက်မှ ကာကွယ်ပေးခဲ့ပြီး အခက်အခဲများမှ ကူညီပေးခဲ့သည်ကို သူ အမြဲ သတိရနေပေသည်။ လီကျန့်ယီက အလွန်အစွမ်းထက်ကြောင့် သူအနေဖြင့် လီကျန့်ယီကို တစ်ခါမှ ပြန်လည် မကူညီနိုင်ခဲ့ပေ။

"လက်ဖက်ရည် ကောင်းပဲ" လီကျန့်ယီက ဝမ်ရိရှင်း ငှဲ့ပေးသော လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်၏။ အရသာမှာ ယခင်ကအတိုင်းပင်။

"ဟုတ်တယ်မလား... ဒါက ကျွန်တော်တို့ ချင်းချန်တောင်ကုန်းရဲ့ ထူးခြားတဲ့ လက်ဖက်ပင်က ရတာလေ။ ညီအစ်ကိုလီ ပြန်ရင် အိမ်မှာ ဖျော်သောက်ဖို့အတွက် လက်ဖက်ခြောက် နည်းနည်း ယူသွားပါလား" ဟု ဝမ်ရိရှင်းက ပြုံး၍ ကမ်းလှမ်းသည်။

"ဒါဆိုရင်တော့ ကျေးဇူးအများကြီး တင်ပါတယ် ဝမ်တာအိုဆရာ" ဟု လီကျန့်ယီက အားနာခြင်းမရှိဘဲ လက်ခံလိုက်၏။ ဤသည်မှာ ဓားနှလုံးဂူဗိမာန်နှင့် ချင်းချန်တောင်ကုန်းတို့၏ ခိုင်မာသော သံယောဇဉ်ကို ပြသနေခြင်းပင်။

"လာပါ... ညီအစ်ကိုလီ၊ ကျွန်တော် တောင်နောက်ဘက်က စိုက်ထားတဲ့ လက်ဖက်ပင်တွေဆီ ခေါ်သွားပြမယ်။ ခင်ဗျားက ဘယ်အရွက်ကို ကြိုက်လဲ ပြောရုံပဲ၊ ကျွန်တော်တို့ အဲ့ဒါကိုပဲ ခူးကြတာပေါ့" ဟု ဆိုကာ ဝမ်ရိရှင်းက လီကျန့်ယီကို တောင်နောက်ဘက်သို့ ခေါ်ဆောင်သွားလေသည်။ ထိုသည်ကို မြင်သောအခါ ကျောက်ယုကျန်းသည် လက်ဖက်များ ထည့်ရန်အတွက် ပုလင်းနှင့် အိုးများကို အပြေးအလွှား သွားယူတော့၏။

တောင်နောက်ဘက်တွင် လီကျန့်ယီသည် လက်ဖက်ရွက် နှစ်ဘူးခန့် ခူးယူပြီးနောက် ကျေနပ်သွားသည်။ "မိုးလည်း ချုပ်တော့မယ်ဆိုတော့ ဝမ်သခင်နဲ့ ကျောက်သခင်တို့ရေ ကျွန်တော် ပြန်ပါတော့မယ်၊ နောင်ကျရင် တစ်ခုခု လိုအပ်တာရှိရင် ဓားနှလုံးဂူဗိမာန်ကို လာခဲ့ကြပါ" ဟု နှုတ်ဆက်လိုက်၏။

"ကောင်းပါပြီ... ကျွန်တော်တို့ ညီအစ်ကိုလီဆီ အလည်လာခဲ့ပါ့မယ်" ဟု ဝမ်ရိရှင်းက ဝမ်းသာအားရ ခေါင်းငြိမ့်၏။

ထို့နောက်တွင် ဝမ်ရိရှင်းနှင့် ကျောက်ယုကျန်းတို့၏ လိုက်လံပို့ဆောင်မှု့ဖြင့် လီကျန့်ယီသည် ချင်းချန်တောင်ကုန်းမှ ထွက်ခွာသွားသည်။ လီကျန့်ယီ ဓားဖြင့် ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း ဝမ်ရိရှင်းက ဂျူနီယာညီလေး ကျောက်ယုကျန်းကို "ယုကျန်း... မင်း အခု သခင်လေးလီကို ဘယ်လို မြင်လဲ" ဟု မေးလိုက်၏။

"ကျွန်တော် သခင်လေးလီနဲ့ လက်ရည်မစမ်းဖူးပေမယ့် သူကို မယှဉ်နိုင်လောက်ဘူး.."

ကျောက်ယုကျန်းသည် သူ ကြိုးစားလျှင် လီကျန့်ယီကို မှီနိုင်မည်ဟု ထင်ခဲ့သော်လည်း သူ ကောင်းကင်ဖြတ် သန်းခြင်းအဆင့်သို့ ရောက်ချိန်တွင် လီကျန့်ယီကမူ ဆရာဖြစ်သူနှင့် တန်းတူအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ လီကျန့်ယီ၏ ပါရမီမှာ သူထက် အဆပေါင်းများစွာ သာလွန်ကြောင်း သူ ဝန်ခံလိုက်ရတော့သည်။

"ဟုတ်ပါရဲ့... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျောင်းတော်စာမေးပွဲ ဖြေခဲ့တဲ့ ကောင်လေးက အခုဆိုရင် သူရဲ့ သက်တူရွယ်တူတွေတင်မကဘဲ လူကြီးတွေကိုပါ ကျော်တက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

"ဒါဟာ ပါရမီရှင်ဆိုတာမျိုး ဖြစ်လိမ့်မယ်" ဟု ဝမ်ရိရှင်းကလည်း လွန်ခဲ့သော နှစ်အနည်းငယ်က ထျန်ချီမြို့တွင် လီကျန့်ယီနှင့် ပထမဆုံး တွေ့ဆုံခဲ့စဉ်က လီကျန့်ယီ၏ ကျင့်ကြံမှု့အဆင့်မှာ သူနှင့် တန်းတူသာ ရှိခဲ့သည်ကို ပြန်လည်အောက်မေ့ရင်း ပြောလိုက်သည်။

All Chapters