← Chapters

ဂျူနီယာညီမလေးက တကယ့်ကို အရှက်သည်းတာပဲ

Vol. 14 Ch. 133

ဂျူနီယာညီမလေးက တကယ့်ကို အရှက်သည်းတာပဲ

Vol. 14 Ch. 133

ရှီးကွမ်းမြို့ပြင်တွင် ရှဲ့ရွမ်သည် သူ၏ကိုယ်ဖော့သိုင်းကို အဆက်မပြတ်အသုံးပြုကာ လီဟန်ယီ၏ သတ်ဖြတ်လိုသော အရှိန်အဝါများကြားမှ နောက်ဆုံးတွင် ထွက်ပြေးလွတ် မြောက်လာခဲ့သည်။ သူသည် နောက်သို့ပြန်လှည့်ကြည့်ရင်း တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေတော့၏။

"မဖြစ်တော့ဘူး... ငါ့ရဲ့ ရှောင်ရွမ်ဆိုတဲ့ ဝိသေသက လူတွေသိသွားပြီ။ ဒီစာအုပ်တွေကတော့ နောင်မှာ တကယ့်ကို ပုံနှိပ်ရတော့မှာ မဟုတ်တဲ့ ပစ္စည်းတွေ ဖြစ်သွားတော့မှာပဲ" ဟု သူက ရေရွတ်လိုက်သည်။ ဤဝိသေသကို လုံးဝစွန့်လွှတ်လိုက်မှသာ နောက်နောင်တွင် ဒုက္ခမရောက်မည်ဖြစ်ကြောင်း သူက နားလည်လိုက်၏။

မြောက်ပိုင်းလီဒေသ၏ ဝရမ်းထုတ်ခံထားရမှု့ကို စဉ်းစားရင်း ရှဲ့ရွမ်သည် သူ၏အမည်ပွားများထဲမှ တစ်ခုကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ "ဒီနေ့ကစပြီး ငါ့ကိုယ်ငါ ရှီးရွမ်လို့ အမည်ပြောင်းမယ်၊ ရှေးဟောင်းကဗျာတွေကိုပဲ အထူးပြုထုတ်ဝေပြီး ရောင်းတော့မယ်။ ဒါပေမဲ့ ဒီကဗျာတွေက ရုပ်ပြစာအုပ်တွေလောက် ရောင်းမကောင်းမှာတော့ ကြောက်မိသား" ဟု ရှဲ့ရွမ်က သက်ပြင်းချရင်း ညည်းတွားနေသည်။

ကွန်ဖြူရှပ်ပညာရှိတစ်ဦးအနေဖြင့် ထိုကဲ့သို့သော စာအုပ်များကို ထုတ်ဝေခြင်းမှာ အလွန်အန္တာရာယ်များသော ကိစ္စဖြစ်ကြောင်း သူက သိရှိသွားပြီဖြစ်သည်။ "သွားမယ်... သွားမယ်၊ ရွှေလမြို့တော်ကတော့ ခေတ္တခဏ ဖြတ်သန်းသွားရတဲ့ နေရာလေးပါပဲ" ဟု ဆိုကာ သူသည် ချက်ချင်းပင် ထွက်ခွာသွားတော့၏။

တစ်ချိန်တည်းမှာပင် ရှဲ့ရွမ် ထွက်ပြေးသွားပြီးနောက် လီဟန်ယီနှင့် အခြားသူများသည် မြို့စား စံအိမ်သို့ ပြန်ရောက်လာကြသည်။ "မဟုတ်သေးဘူး... ယီယီ၊ ဆရာနဲ့ စီနီယာတို့က ဘာလို့ သူ့အတွက် ဝိုင်းတောင်းပန်နေကြတာလဲ။ ကျွန်မက သူ့ကို ဖမ်းမိတော့မှာကို” ဟု လီဟန်ယီက မကျေမနပ်ဖြစ်ကာ မေးလိုက်သည်။

"ငါက ပါရမီရှင်တွေကို နှမြောလို့ပါ" ဟု လီချန်းရှန်က ခိုင်မာသော အကြောင်းပြချက် ပေးလိုက်လေသည်။ လီကျန့်ယီကလည်း "ကျွန်တော်ကတော့ ရှဲ့ရွမ်နဲ့ ကျွန်တော်နဲ့ ရုပ်ချင်းနည်းနည်းဆင်လို့ပါ။ ကျွန်တော် ငယ်ငယ်က ဓားကျင့်နေတဲ့အချိန်မှာ အကြီးအကဲလီက ကျွန်တော့်ကို ရှဲ့ရွမ်နဲ့ တူတယ်လို့ ပြောဖူးတယ်လေ။ သူက လမ်းမှားရောက် သွားတာဆိုတော့ တစ်နေ့မှာ ပြင်ဆင်ပြီး အသစ်ပြန်စလာ လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်" ဟု အကြောင်းပြလိုက်ရာ လီဟန်ယီက လက်ခံနိုင်လောက်သည်ဟု ယူဆထား၏။

ပိုင်လီတုန်းကျွင်းကမူ အခြားအကြောင်းပြချက် မတွေ့သဖြင့် "ကျွန်တော်လည်း ဆရာလိုပဲ ပါရမီရှင်တွေကို နှမြောလို့ပါ" ဟု အမြန်ဝင်ပြောလိုက်သည်။ ရွဲ့ယောင်ကမူ ပိုင်လီတုန်းကျွင်းကို အကဲခတ်ကာ "ပါရမီရှင်ကို နှမြောတာလား၊ ဟွန်း...ရှက်စရာကောင်းတာတွေတစ်ခုခု လုပ်ထားကြလို့ ဖြစ်မှာပါ" ဟု ပြော၏။

ပိုင်လီတုန်းကျွင်းက ပြာပြာသလဲ ငြင်းဆိုသော်လည်း ရွဲ့ယောင်ကမူ လီကျန့်ယီနှင့် လီချန်းရှန်တို့ကိုပါ အဓိပ္ပာယ်ပါပါ ကြည့်လိုက်‌သေးသည်။ သူမသာ ဤနှစ်ဦးကို မငဲ့ညှာခဲ့ပါက ပိုင်လီတုန်းကျွင်းကို ကောင်းကောင်း ဆုံးမလိုက်မည်မှာ သေချာသည်။

"ဟဲဟဲ... နောက်တစ်ခါ မဖြစ်စေရပါဘူး" ဟု ပိုင်လီတုန်းကျွင်းက ရွဲ့ယောင်က ခွင့်လွှတ်ပေးလိုက်သဖြင့် စိတ်သက်သာရာရစွာ ရေရွတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ရွဲ့ယောင်က ထပ်မံမမေးမြန်းတော့သဖြင့် လီဟန်ယီနှင့် လော့ရွှေတို့ သည်လည်း ထူးခြားမှု့ကို သတိမပြုမိကြတော့ပေ။

"ဟန်ယီ... ငါက ဒီမှာနေတာ ရက်အနည်းငယ် ကြာပြီဆိုတော့ ဓားနှလုံးဂူဗိမာန်ကို ပြန်ဖို့ အချိန်တန်ပြီ၊ မင်းကတော့ ဒီမှာပဲ ဓားကျင့်နေပါဦး။ ပွဲတော်ရက်တွေကျရင် ငါက လာတွေ့မယ်" ဟု လီကျန့်ယီက နှုတ်ဆက်လိုက်သည်။ လီဟန်ယီကလည်း ခေါင်းငြိမ့်ကာ လီကျန့်ယီကို အမြန်မပြန်စေလိုသကဲ့သို့ ပြုမူနေ၏။

"ဒါနဲ့ ဟန်ယီ... ငါက မင်းကို မိုးရွာရွာ နေပူပူ ဒီကို ပို့ပေးခဲ့တာလေ၊အခု ငါ ပြန်တော့မယ်ဆိုတော့ ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခု မလုပ်ပေးသင့်ဘူးလား" ဟု လီကျန့်ယီက ပြောကာ သူ၏ပါးကို အနီးသို့ တိုးပေးသည်။

လီဟန်ယီမှာမူ "အိပ်မက်မက်နေလိုက်" ဟု ဆိုကာ မျက်နှာလွှဲသွားတော့၏။ပိုင်လီတုန်းကျွင်းနှင့် လီချန်းရှန်တို့က ထိုမြင်ကွင်းကို ကြည့်ကာ လှောင်ပြောင်ရန် ပြင်နေကြစဉ် လီကျန့်ယီက "အကြီးအကဲလီ... ညီအစ်ကို ပိုင်လီ... ကျေးဇူးပြုပြီး နောက်လှည့်ပေးကြပါဦး။ ကျွန်တော်ရဲ့ ဟန်ယီက ရှက်နေလို့ပါ၊ ငြင်းတာ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။

"အေးပါကွာ... လှည့်ပေးပါ့မယ်။ ဟန်ယီက မင်းကို နမ်းလိမ့်မယ်လို့တော့ ငါတို့ မယုံပါဘူး" ဟု ပိုင်လီတုန်းကျွင်းက မပြောမီမှာပင် နောက်ဘက်မှ အနမ်းသံတိုးတိုးလေး တစ်ခုနှင့်အတူ "ယီယီ... လမ်းမှာ ဂရုစိုက်ဦးနော်" ဟု ဆိုသော လီဟန်ယီ၏ အသံလေးကို ကြားလိုက်ရလေသည်။

လီကျန့်ယီသည် အလွန်ကျေနပ်သွားပြီးနောက် မရဏဓားကို စီးနင်းကာ ပျံသန်းထွက်ခွာသွားတော့၏။ ပိုင်လီတုန်းကျွင်းတို့ ပြန်လှည့်ကြည့်သောအခါ လီဟန်ယီမှာ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ကလေးငယ်များကို သွားရောက်ချော့ မြူနေသည်။

"ဟဲဟဲ... ဂျူနီယာညီမလေးက တကယ့်ကို အရှက်သည်းတာပဲ။ သခင်လေးလီကတော့ တကယ်ကို မလွယ်တဲ့လူပဲဗျာ" ဟု ပိုင်လီတုန်းကျွင်းကအားကျစွာပင် ချီးကျူးလိုက်ရ၏။မိန်းက‌လေး

အထက်စီးက‌နေပြောနိုင်သော လီကျန့်ယီက အလွန်မိုက်သည်ဟု သူတွေး‌‌နေ၏။

ထို့နောက် ရွဲ့ယောင်က ပိုင်လီတုန်းကျွင်းကို သူမနှင့်အတူ တီယန်ဝူတွမ်သို့ လိုက်ခဲ့ရန် ခေါ်ပြီးခရီးစတင်ကြသည်။ သူမမှာ ဖခင်ဖြစ်သူကို ဖျောင်းဖျရန်နှင့် ပိုင်လီတုန်းကျွင်းကို ယောက္ခမနှင့် မိတ်ဆက်ပေးရန် ဖြစ်သောကြောင့် မိသားစုကိစ္စဟု သတ်မှတ်ကာ အခြားသူများကို မခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။

........

လီကျန့်ယီသည် ချင်းချန်တောင်ကုန်းသို့ ဓားဖြင့် ပျံသန်းရောက်ရှိလာ၏။ သူသည် ချင်းချန်တောင်ကုန်းမှ ဓားမြောက်မြားစွာကို ဓားနှလုံးဂူဗိမာန်တွင် မှာရသည့် အကြောင်းအရင်းကို သိလိုစိတ် ပြင်းပြနေမိသည်။ ထို့ပြင် "သခင်လေးလီ... ကျွန်တော်တို့ ကံပါရင် ပြန်တွေ့ကြတာပေါ့" ဟု ဆိုခဲ့ဖူးသော ဝမ်သခင်ကိုလည်း လွမ်းနေမိပေသည်။

သူ ရောက်ရှိလာသောအခါ ဂိုဏ်းချုပ် လုစုကျန်းက ကြိုတင်သတိပြုမိထားပြီး ဖြစ်၏။ "ဝမ်ရိရှင်း... ကျောက်ယုကျန်း... ဧည့်သည် ရောက်နေတယ်ဟေ့" ဟု လုစုကျန်းက လှမ်းအော်လိုက်သည်။ ဝမ်ရိရှင်းက "ဆရာ... အလှူရှင် မမတွေလား" ဟု စိတ်လှုပ်ရှားစွာ မေးမြန်းရာ "မဟုတ်ဘူး... မင်းနဲ့ ကံပါတဲ့သူပဲ" ဟု လုစုကျန်းက စိတ်ပျက်စွာပင် ပြန်ဖြေသည်။

ကျောက်ယုကျန်းကမူ ဝမ်ရိရှင်းကို ကြည့်ကာ "စီနီယာ... ဒါက သခင်လေးလီလေ" ဟု သတိမထားမိသေးသော သူ၏ စီနီယာကို ‌မည်သူဖြစ်ကြောင်း ပြောပြလိုက်သည်။

All Chapters