← Chapters

နွေကုန်၍ ဆောင်းရောက်လာပြန်ပြီ

Vol. 14 Ch. 135

နွေကုန်၍ ဆောင်းရောက်လာပြန်ပြီ

Vol. 14 Ch. 135

ဓားနှလုံးဂူဗိမာန်။

လီကျန့်ယီ ပြန်ရောက်လာသောအခါ သူ၏ဆရာဖြစ်သူ လီဆူးဝမ်ကိုသာ တွေ့ရပြီး လဲ့မုန့်ရှားတို့ကို မတွေ့ရပေ။

"ဆရာ... ရှောင်ကျဲတို့ရော" ဟု လီကျန့်ယီက မေးမြန်းလိုက်၏။

"မုန့်ရှားက သူ့ကို မိုးကြိုးတံခါးဆီ ခေါ်သွားပြီ" လီဆူးဝမ်က တည်ငြိမ်စွာ ဖြေသည်။

" ဒါဆို ရှောင်ကျဲတစ်ယောက် မိုးကြိုးတံခါးမှာ ခဏလောက် နေရဦးမှာပေါ့" ဟု လီကျန့်ယီက ရေရွတ်လိုက်၏။ မိုးကြိုးတံခါးမှ တပည့်များသည် ထိုဂိုဏ်း၏ အဆင့်မြင့် သိုင်းပညာရပ် သုံးမျိုးထဲမှ တစ်မျိုးကို သင်ယူရမည်ဖြစ်ရာ လဲ့ဝူကျဲအနေဖြင့် အခြေခံတစ်ခုခု မရမချင်း ပြန်လာနိုင်မည်မဟုတ်ကြောင်း သူ သိရှိထားသည်။

"ဒါပေါ့" လီဆူးဝမ်က ခေါင်းခါယမ်းသည်။ ရှောင်ကျဲက သူ၏မိခင်မျိုးရိုး 'လီ' ကို ယူခဲ့လျှင် မဆိုးလှဟု သူက တွေးမိသော်လည်း သမက်ဖြစ်သူ၏ မျက်နှာကို ထောက်ထား၍ လွှတ်ထားပေးလိုက်ခြင်း ဖြစ်သည်။

လီဆူးဝမ်က လီကျန့်ယီကို ကြည့်ကာ "ယီယီ... ငါလည်း မင်းနဲ့ ဟန်ယီတို့ရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်စရာရှိတာတွေ စတင်ပြင်ဆင်ရတော့မယ်။ မင်း ဓားကျင့်ချင်ရင်လည်း အမြန်ကျင့်ထားဦး၊ မင်းတို့ လက်ထပ်ပြီးသွားရင်တော့ ဓားကျင့်‌တာထက် ဟန်ယီကို အချိန်ပေးတာပဲ ပိုမြင်ချင်တယ်" ဟု မှာကြားသည်။

"ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် ဆရာအတွက် မြစ်တော်လေးတစ်ယောက် ရအောင် အစွမ်းကုန် ကြိုးစားပါ့မယ်" ဟု လီကျန့်ယီက ပြုံး၍ ကတိပေးလိုက်၏။

......

ဓားနှလုံးကျောက်ဆောင်။

နောက်ထပ် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း လီဟန်ယီနှင့် လက်ထပ်ရမည်ကို တွေးမိသောအခါ လီကျန့်ယီသည် အချိန်ကို အလဟဿ အကုန်မခံလိုတော့ပေ။ နောင်လာမည့် နှစ်နှစ်အတွင်း နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးကာ ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိရန် သူ မျှော်လင့်ထားသည်။ ထိုမှသာ မိမိကာကွယ်လိုသူများကို အမှန်တကယ် စိတ်ချလက်ချ ကာကွယ်ပေးနိုင်မည် မဟုတ်ပါလား။

လီကျန့်ယီသည် ဓားနှလုံးကျောက်ဆောင်ပေါ်တွင် အကျိုးအရှိဆုံးဖြစ်သော 'ဓားထိုးသတ်' ကိုသာ ဆက်လက်လုပ်ဆောင်နေ၏။ သူ၏ ဓားကို တစ်ချက်ပြီးတစ်ချက် ဝှေ့ယမ်းနေစဉ်မှာပင် နွေဦးကုန်၍ ဆောင်းဦးသို့ ရောက်ရှိလာပြန်သည်။ ယခုနှစ်တွင် လီကျန့်ယီသည် အသက် ၁၇ နှစ်ကျော်၍ ၁၈ နှစ်ထဲသို့ ဝင်ရောက်လာပြီ ဖြစ်သကဲ့သို့ ရွှေလမြို့တော်ရှိ လီဟန်ယီမှာလည်း ထိုနည်းတူပင် ဖြစ်ပေသည်။

"ယီယီ... ဟန်ယီဆီက စာရောက်လာတယ်ဟေ့"

နှင်းများထူထပ်စွာ ကျဆင်းနေသည့်ကြားမှ လီကျန့်ယီ ဓားကျင့်နေစဉ် လီဆူးဝမ်က စာပို့ချိုးငှက်မှတစ်ဆင့် ရရှိသော စာကို ယူဆောင်လာပေးသည်။

လီကျန့်ယီက စာကိုဖတ်ကြည့်ရာ "ယီယီ၊ အဖိုး... ဖေဖေနဲ့ မေမေကိုလည်း ပြောပေးပါဦး။ ကျွန်မ အခု ကျင့်ကြံမှု့ရဲ့ အရေးကြီးတဲ့ အချိန်ကို ရောက်နေတယ်၊ ဆရာက ကျွန်မ ဖုယောင်ဆင့်ကို တက်လှမ်းနိုင်မလားဆိုတာ ဒီကာလအပေါ်မှာ မူတည်တယ်လို့ ပြောတယ်။ ဒါကြောင့် ဒီနှစ်သစ်ကူးမှာ ကျွန်မ ပြန်မလာနိုင်တော့ပါဘူး။ ရှင်တို့လည်း လာမတွေ့ပါနဲ့ဦး၊ နောက်နှစ်မှပဲ ကျွန်မ ပြန်လာခဲ့ပါမယ်။ ပြီးတော့ ရှောင်ကျဲက မိုးကြိုးတံခါးကို သွားတယ်လို့ ကြားတယ်။ အဖိုးနဲ့ ယီယီတို့လည်း မိုးကြိုးတံခါးမှာပဲ သစ်ကူးသွားလိုက်ကြပါ" ဟု ရေးသားထားသည်။

"ယီယီ... ဖတ်လို့ ပြီးပြီလား။ ဟန်ယီလည်း မင်း ငယ်ငယ်တုန်းကလိုပဲ ဓားကျင့်တာ အရမ်းဝီရိယရှိတာပဲ။ အခုလည်း အရေးကြီးတဲ့ အချိန်ရောက်နေပြီဆိုတော့ မင်းလည်း တစ်နှစ်လောက်တော့ အောင့်အည်းနိုင်တယ်မလား" ဟု လီဆူးဝမ်က ပြုံးစစဖြင့် စနောက်သည်။

"ဒါဆို နောက်တစ်နှစ်ပေါ့ဗျာ" ဟု လီကျန့်ယီက မျက်လုံးများ တောက်ပလျက် ပြောလိုက်၏။ နောက်တစ်နှစ်သည် မာရ်နတ်ဂိုဏ်း၏ အရှေ့ပိုင်းစစ်ဆင်ရေး စတင်မည့် အချိန်ဖြစ်သကဲ့သို့ လီဟန်ယီက 'ရေခဲမြစ်ဓား'ဖြင့် တီယန်ဝူတွမ်မှ အကြီးအကဲ ရှစ်ဦးကို တိုက်ခိုက်မည့် အချိန်လည်း ဖြစ်ပေသည်။ ထိုတိုက်ပွဲတွင် လီဟန်ယီသည် တစ်လောကလုံးက လေးစားရသော ရွှေလနတ်ဓားရှင် ဖြစ်လာမည်။

.....

မိုးကြိုးတံခါး။

လီကျန့်ယီနှင့် လီဆူးဝမ်တို့သည် သမက်ဖြစ်သူ လဲ့မုန့်ရှား၏ မျက်နှာကို ထောက်ထားသောအားဖြင့် ယခုနှစ် နှစ်သစ်ကူးကို တောင်ပိုင်းမိုးကြိုးခန်းမတွင် ဆင်နွှဲရန် ရောက်ရှိလာကြသည်။ မိုးကြိုးတံခါးခံတပ်အတွင်း၌ တပည့်ပေါင်းများစွာဖြင့် စည်ကားနေပြီး သစ်ကူးညစာစားပွဲမှာလည်း ပွဲလမ်းသဘင်ကဲ့သို့ အလွန်ကြီးကျယ်စွာကျင်းပသည်။

"ယီယီ... အဖေ... ရောက်လာကြပြီလား" ဟု လဲ့မုန့်ရှားနှင့် လီရှင်းယွဲ့တို့က သူတို့ကို ခရီးဦးကြိုပြီး နေရာပေးကြသည်။ မိုးကြိုးတံခါးဂိုဏ်းချုပ်ကလည်း သူတို့ကို ပြုံးရွှင်စွာ နှုတ်ဆက်ကာ ယခင်က အဆင်မပြေမှု့များအတွက် တောင်းပန်စကား ဆိုသဖြင့် လီဆူးဝမ်ကလည်း သဘောထားကြီးစွာဖြင့် အတိတ်ကကိစ္စများကို မေ့ပျောက်လိုက်တော့သည်။

"မေမေ... မမရော" ဟု အသက်သုံးနှစ်အရွယ် ရှောင်ကျဲက သူ၏သူငယ်ချင်းများကို ဦးဆောင်၍ ထွက်လာကာ မေးမြန်း၏။ လီကျန့်ယီက လီဟန်ယီ ပေးပို့ထားသော စာကို လဲ့မုန့်ရှားတို့လင်မယားအား ပေးဖတ်လိုက်ရာ သူတို့လည်း စိတ်အေးသွားကြသည်။ သမီးဖြစ်သူ ပိုမိုအစွမ်းထက်လာခြင်းက သူတို့အတွက် ဝမ်းသာစရာပင်ဖြစ်သည်။

လီကျန့်ယီသည် ရှောင်ကျဲကို ကြည့်ကာ "ရှောင်ကျဲ... နှစ်သစ်ကူးတော့မယ်လေ၊ လူကြီးတွေကို မနှုတ်ဆက်ဘူးလား" ဟု မေးလိုက်သည်။ ရှောင်ကျဲက လီရှင်းယွဲ့၏ နောက်ကွယ်မှနေ၍ "ယောက်ဖ" ဟု အပြစ်ကင်းစင်စွာ လှမ်းခေါ်လိုက်၏။

"ကောင်းပြီ... မင်းက ယောက်ဖလို့ ခေါ်မှတော့ ငါကလည်း လက်ဆောင်ပေးရမှာပေါ့" ဟု ဆိုကာ လီကျန့်ယီက သူ၏အင်္ကျီလက်ထဲမှ အန်စာတုံး တစ်ခုကို ထုတ်ပေးလိုက်သည်။

"ရှောင်ကျဲ... ဒါကို အန်စာတုံးလို့ ခေါ်တယ်။ အရောင်တွေကို ရောမွှေထားပြီးတော့ မျက်နှာပြင် ခြောက်ဖက်လုံး အရောင်တူအောင် ပြန်ညှိရတာ။ ဒါက မင်းရဲ့ ဉာဏ်ရည်ကို ဖွံ့ဖြိုးစေလိမ့်မယ်" ဟု ရှင်းပြလိုက်၏။

ရှောင်ကျဲမှာ ငယ်သေးသဖြင့် ဘာမှနားမလည်သော်လည်း လီကျန့်ယီပေးသော ပစ္စည်းမှာ စိတ်ဝင်စားစရာ ကောင်းသည်ဟု ယူဆကာ သူ၏သူငယ်ချင်းများကို "ဟေး... ငါ့မှာ အန်စာတုံး ရှိတယ်ဟေ့" ဟု ကြွားဝါနေပါတော့သည်။

All Chapters