ဇနီးကောင်း
Vol. 14 Ch. 138
"ဒါက မဟုတ်သေးဘူးထင်တယ်."
"ရှင် လူဆိုးလေး ဖြစ်သွားပြီ ယီယီ"
လီကျန့်ယီက သူကိုယ်သူ ဂုဏ်ယူနေသည်ကို မြင်သောအခါ လီဟန်ယီသည် အနည်းငယ် ရှက်သွေးဖြာသွားပြီး မျက်နှာလေးနီကာ သူကို ဆုံးမဖို့ကြံရွယ်နေသည်။ဒါပေမဲ့ ဘယ်ကစရမှန်းမသိသောကြောင့် တိတ်ဆိတ်နေမိ၏။
"လူဆိုးလေး ဖြစ်သွားတယ် ဟုတ်လား"
"မဟုတ်တာ... မဟုတ်တာ၊ ငါ ဟန်ယီကို မေးပါရစေဦး၊ လှပတဲ့ အမျိုးသမီးတွေကို ကြိုက်တာက မှားလို့လားဗျာ" ဟု လီကျန့်ယီက ပြန်လည် ချေပလိုက်၏။
"လှပတဲ့... အမျိုးသမီး" လီဟန်ယီ၏ လှပသော မျက်ဝန်းလေးများ ဝိုင်းစက်သွားပြီး သူမ၏ ချစ်စဖွယ် မျက်နှာလေးမှာ တဖြည်းဖြည်း နီမြန်းလာကာ ရှက်ကိုးရှက်ကန်းဖြင့်ပင် "မ... မမှားပါဘူး" ဟု ခေါင်းငြိမ့်သည်။
"ဒါပေမဲ့ ရှင်က လက်ဖွာတဲ့ အမျိုးသမီးတွေကို ကြိုက်တာမဟုတ်လား" ဟု လီဟန်ယီက ထပ်မံ မေးမြန်းလိုက်၏။အခုထိ သူမ၏ လက်ဖွာတတ်သည့်အကျင့်မှာ ရှာမတွေ့သေးသဖြင့် သူမက စိုးရိမ်နေ၏။
"အခု ငါ က အထက်စီးဆန်တဲ့ အလှလေးတွေကိုပဲ ပိုကြိုက်တာ" ဟု လီကျန့်ယီက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ငါက အထက်စီဆန်လို့လား" လီဟန်ယီမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
သူမ ဘာမှပြန်မပြောနိုင်ခင်မှာပင် လီကျန့်ယီက ပြုံးလျက် သူမ၏ နီမြန်းနေသော ပါးပြင်လေးကို လက်ဝါးဖြင့် အုပ်ကိုင်ကာ "မှန်တာပေါ့ ဟန်ယီ၊ ငါတို့ ဒီနှစ်ထဲမှာ လက်ထပ်ကြရတော့မှာ 'ခင်ပွန်း'လိုခေါ်ရမဲ့အချိန်ပဲ" ဟု အတည်ပြုလိုက်၏။ ထို့ကြောင့်လည်း ဟန်ယီအနေဖြင့် ယခုကတည်းက သူကို "ခင်ပွန်း" ဟု စတင်ခေါ်ဝေါ်သင့်ပြီ ဖြစ်သည်။
"ခင်ပွန်း... ခင်ပွန်း ဟုတ်လား" လီကျန့်ယီ၏ နွေးထွေးသော လက်အစုံက ပါးပြင်ပေါ်သို့ ရောက်ရှိလာခြင်းကြောင့် လီဟန်ယီမှာ အနည်းငယ် ကြောင်အနေသည်။
"အို...ငါ့ရဲ့ ဇနီးကောင်းလေး" ဟု လီကျန့်ယီက ချက်ချင်းပင် ထူးလိုက်၏။
လီဟန်ယီသည် အသိပြန်ဝင်လာသောအခါမှ မိမိမှာ အခွင့်ရေး အယူခံလိုက်ရမှန်း သိသွားတော့သည်။ သူမ၏ မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားပြီး "ရှင်က အရမ်းဆိုးတဲ့လူဆိုးပဲ၊ ကျွန်မအပေါ် အမြဲတမ်း အခွင့်ရေး ယူတယ်" ဟု ငေါက်လိုက်သည်။
"ဟေး... ဟန်ယီ၊ မင်းကလည်း ငါ့ရဲ့ အချိန်တွေကို ပိုပြီး ယူထားတာပဲလေ" ဟု လီကျန့်ယီက ပြော၏။ အရင်က အထက်စီးဆန်သော အသွင်ရှိသည့် လီဟန်ယီကို တွေးမိသောအခါ သူမမှာ အလွန်ပင် ချစ်စရာကောင်းသည်ဟု သူ တွေးနေမိသည်။
"မ... မဟုတ်ပါဘူး၊ ကျွန်မ မယူပါဘူး" ဟု လီဟန်ယီက မျက်နှာလေး နီမြန်းလျက် ခေါင်းမာစွာ ငြင်းသည်။
ထို့နောက်တွင် သူမသည် "ယီယီ... အဖိုးရော နေကောင်းရဲ့လား" ဟု မေးကာ စကားလမ်းကြောင်းကို အမြန်လွှဲလိုက်၏။ "အဖိုးကတော့ ကျန်းမာရေး အထူးကောင်းမွန်တာပေါ့" ဟု လီကျန့်ယီက ပြန်ဖြေ၏။လီဟန်ယီ စကားလမ်းကြောင်း လွှဲနေသည်ကို သိသော်လည်း သူက မဖော်ထုတ်ဘဲ အလိုက်သင့်နေပေးလိုက်သည်။
"အော်... ဒါဆို မေမေ၊ ဖေဖေနဲ့ ရှောင်ကျဲတို့ရော" လီဟန်ယီသည် သူတို့ သုံယောက်ကို မတွေ့ရသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်၍ အနည်းငယ် လွမ်းဆွတ်နေမိသည်။ "သူတို့လည်း အားလုံး အဆင်ပြေကြပါတယ်ဗျ" လီကျန့်ယီက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေ၏။
"အင်း... အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့" ဟု လီဟန်ယီက စိတ်ရင်းဖြင့် ဝမ်းသာစွာပြောသည်။
"ငါတို့ အိမ်ပြန်ကြမလား။ အဖိုးက ဖေဖေနဲ့ မေမေဆီကို သတင်းပို့ထားပြီးပြီ၊ ငါတို့ မင်္ဂလာပွဲအတွက် ပြင်ဆင်ဖို့ သူတို့ကို ပြန်လာခိုင်းထားတယ်လေ" ဟု လီကျန့်ယီက လီဟန်ယီကို စိုက်ကြည့်ကာ သတင်းကောင်းကိုဝေမျှလိုက်သည်။
"ပြန်မယ်လေ..." လီဟန်ယီက မျက်နှာလေး နီမြန်းလျက်ပင် တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းငြိမ့်သည်။
"အခုပဲ သွားကြမလား၊ ဒါမှမဟုတ်." ဟု လီကျန့်ယီက လီဟန်ယီ၏ ဆန္ဒကို မေးမြန်းလိုက်ရာ "ဝတုတ်လေးကို သွားခေါ်လိုက်ဦးမယ်၊ ပြီးရင် ချက်ချင်း ပြန်ကြတာပေါ့" ဟု သူမက ပြန်ဖြေသည်။
အစာရှာထွက်သွားပြီး ယနေ့အထိ ပြန်မလာသေးသော ပင်လယ်ပြာရောင် နဂါးဝတုတ်လေးကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။ ၎င်းမှာ လီကျန့်ယီက သူမကို ပေးထားသော တစ်ခုတည်းသော အိမ်မွေးတိရစ္ဆာန်လေး ဖြစ်သည်။
"ဝတုတ်လေးလား၊ သူကတော့ တစ်နေရာရာမှာ ပုန်းပြီး အစာစားနေတာ နေမှာပါ" ဟု လီကျန့်ယီက ထိုနဂါးဝတုတ်၏ အစားအသောက် မက်ပုံကို ကောင်းစွာ သိရှိထားပေသည်။
"ဒါဆိုရင်... ရှင်နဲ့ကျွန်မ အတူတူ သွားရှာကြမယ်" လီဟန်ယီသည် လီကျန့်ယီ၏ လက်ကို ဆွဲကာ ချန်းစန်းတောင်အောက်သို့ ဆင်းလာကြသည်။
ခဏအကြာတွင် ပျင်းရိပြီး ဝတုတ်နေသော ပင်လယ်ပြာရောင် နဂါးလေးကို ကျီရွယ်နှင့် ချန်လော့တို့၏ ဘေးတွင် သူတို့ ရှာတွေ့သွားကြ၏။ ထိုနဂါးဝတုတ်လေးကို ကျီရွယ်တို့ ညီအစ်မနှစ်ယောက်က မွေးမြူထားခြင်းဖြစ်ပြီး စံအိမ်အတွင်းရှိ ကျောက်တောင်အတုထဲတွင် သစ်သားအိမ်လေးတစ်လုံးပင် ဆောက်ပေးထားကြသည်။ ထိုအိမ်လေးထဲတွင် ကလေးမလေး နှစ်ယောက်က နေ့တိုင်း ကျွေးမွေးထားသော စားစရာများလည်း အပြည့်ရှိနေ၏။
"ဖက်တီး" ဟု လီကျန့်ယီက လှမ်းအော်လိုက်သည်။
အိမ်လေးထဲတွင် ပျင်းရိစွာ လဲလျောင်းနေသော နဂါးဝတုတ်လေးမှာ သခင်ဖြစ်သူ၏ အသံကို ကြားသည်နှင့် ချက်ချင်းပင် လန်းဆန်းသွားပြီး လီကျန့်ယီ၏ ဘေးတွင် ခုန်ပေါက်နေတော့၏။ "ဖက်တီး၊ ဖက်တီး" ဟု မြည်တမ်းနေသော နဂါးလေးကို လီကျန့်ယီက ပွေ့ချီကာ "အေးပါ... မင်း ဝလာတာ ငါသိပါတယ်" ဟု ဆိုကာ နဂါးလေးကို ပွတ်သပ် ပွတ်သပ်ပေးလိုက်သည်။
လီကျန့်ယီက နဂါးလေး၏ ကျင့်ကြံမှုကို စစ်ဆေးကြည့်ပြီးနောက် နှစ်နှစ်အတွင်း မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိနေသည်ကို တွေ့ရသဖြင့် "မဆိုးပါဘူး၊ စားဖို့သက်သက်ပဲ အာရုံစိုက်နေတာ မဟုတ်ဘူးပဲ" ဟု ကျေနပ်သွားသည်။
"အစ်ကိုယီ... အစ်ကိုယီလား"
ဆော့ကစားနေသော ကျီရွယ်နှင့် ချန်လော့တို့သည် ကျောက်တောင်အတုဘက်မှ အသံကြားသဖြင့် ပြေးလာကြရာ လီကျန့်ယီကို မြင်သောအခါ အံ့အားသင့်ကာ အော်ဟစ်နှုတ်ဆက်ကြသည်။
"အင်း... ကျီရွယ်နဲ့ ချန်လော့တို့လည်း ထပ်ပြီး ကြီးလာကြပြန်ပြီပဲ" ဟု လီကျန့်ယီက ပြုံးကာ ကလေးမလေးနှစ်ယောက်ဆီသို့ လျှောက်သွားလိုက်သည်။ လေးနှစ်အရွယ် ချန်လော့လေးက သူ့ကို ချီခိုင်းသဖြင့် သူက ကလေးနှစ်ယောက်လုံးကို တစ်ဖက်တစ်ချက်စီ ချီလိုက်ရ၏။
"အစ်ကိုယီ... ကျီရွယ်နဲ့ ချန်လော့က စံအိမ်ဝင်ပေါက်မှာ ကစားနေတာ၊ အစ်ကို ရောက်နေတာကိုတောင် မမြင်လိုက်ဘူး..." ဟု ကျီရွယ်က ဇဝေဇဝါဖြင့် မေးမြန်းနေသည်။
"ကျီရွယ်လေးကလည်း... အစ်ကိုယီနဲ့ အစ်မဟန်ယီက သိုင်းပညာ တတ်တာလေ၊ ဒီထဲကို အလွယ်လေး ခုန်ဝင်လာလို့ ရတာပေါ့" ဟု လီကျန့်ယီက စနောက်လိုက်ရာ ကျီရွယ်လေးမှာ "တကယ်ပဲနော်..." ဟု ဆိုကာ သူမ၏ အမေ့ကြီးပုံကိုသတိရသောပုံဖြင့် ရှက်သွားသည်။
ထို့နောက်တွင် သူတို့သည် စံအိမ်၏ ရင်ပြင်သို့ ရောက်ရှိလာကြရာ လော့ရွှေနှင့် ဖုန်းချူးယွီတို့မှာ လီကျန့်ယီကို မြင်သောအခါ အံ့အားသင့်သွားကြသည်။ လီချန်းရှန် တစ်ယောက်တည်း စကားပြောနေသည်မှာ လီကျန့်ယီနှင့် ဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြ၏။
လော့ရွှေသည်လည်း အဆင့်မြင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း လီကျန့်ယီ ရောက်ရှိလာခြင်းကို သူမ လုံးဝ သတိမထားမိခဲ့ပေ။ ထိုသို့သော အခြေအနေမျိုးကို လီချန်းရှန်ထံတွင်သာ သူမ မြင်တွေ့ဖူးရာ လီကျန့်ယီသည် ဒဏ္ဍာရီလာ ဆန်းကြယ်နတ်ခရီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူမ သိသွားသည်။
လီကျန့်ယီနှင့် လီဟန်ယီတို့သည် လော့ရွှေ၏ နွေးထွေးသော ဖိတ်ခေါ်မှု့ကြောင့် ရွှေလမြို့တော်တွင် ရက်အနည်းငယ်ကြာ တည်းခိုဖို့ ဖြစ်သွားရ၏။
.......
တစ်ဖက်တွင်မူ ဓားနှလုံးဂူဗိမာန်၌ လီဆူးဝမ်မှာ ထမင်းပို့ရာတွင် လီကျန့်ယီကို မတွေ့သဖြင့် ထိတ်လန့်တကြား ဖြစ်နေရသည်။ မင်္ဂလာပွဲ ပြင်ဆင်တော့မည့်အချိန်မှ တပည့်လိမ္မာလေး ပျောက်ဆုံးသွားသဖြင့် သူ အလွန်ပင် စိုးရိမ်နေသည်။ "မဖြစ်ဘူး... ငါ သွားရှာမှ ဖြစ်မယ်" ဟု ဆိုကာ သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လီကျန့်ယီသည် ဓားနှလုံးကျောက်ဆောင်ပေါ်သို့ ရုတ်တရက် ထွက်ပေါ်လာ၏။
"ဆရာ... ကျွန်တော်ကို ဘာခိုင်းမလို့လဲ" ဟု လီကျန့်ယီက လီဆူးဝမ်ဆီသို့ လျှောက်သွားရင်း မေးလိုက်သည်။
လီဆူးဝမ်ကကြောင်တောင်တောင်ဖြင့် "ဟမ်.. ငါ မင်းကို တစ်နေရာလုံး လိုက်ရှာနေတာ၊ မင်းက ဘယ်လိုလုပ် ချက်ချင်းကြီး ပြန်ပေါ်လာရတာလဲ" ဟု အံ့အားသင့်စွာ မေးခွန်းထုတ်သည်။
လီကျန့်ယီက "ဆရာ ကျွန်တော့်ကို ရှာမတွေ့သေးတာ နေမှာပါ" ဟု ပြုံး၍ ပြန်ပြောလိုက်၏။
လီဆူးဝမ်က လီကျန့်ယီကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ "ဒါနဲ့... မင်း ဆန်းကြယ်နတ်ခရီးအဆင့်ထဲကို ဝင်ဖို့ ဘယ်လောက် လိုသေးလဲ" ဟု မေးမြန်းလိုက်ရာ လီကျန့်ယီက "ဝင်သွားပြီလေ" ဟု ပေါ့ပေါ့းပါးပါးပင်ပြောလိုက်သည်။
"တကယ်ကြီးလား" လီဆူးဝမ်၏ အံ့အားသင့်မှု့မှာ ဖုံးကွယ်၍မရအောင်ပင်။ "ဒါကြောင့်လည်း ငါ မင်းကို ရှာမတွေ့တာကိုး... ဆန်းကြယ်နတ်ခရီးအဆင့်ထဲကို ရောက်သွားပြီဆိုတော့ အားလုံးက ကျိုးကြောင်းဆီလျော်သွားပြီ" ဟု ဆိုကာ လီဆူးဝမ်မှာ ဝမ်းသာအားရ ဖြစ်နေပါတော့သည်။ ယခုဆိုလျှင် လဲ့မုန့်ရှားတို့ မိသားစု ပြန်လာရန်သာ လိုတော့သည်။