← Chapters

ခင်ဗျားမှာ ပိုက်ဆံရှိလား

Vol. 17 Ch. 166

ခင်ဗျားမှာ ပိုက်ဆံရှိလား

Vol. 17 Ch. 166

လွန်ခဲ့သော ဆယ်မိနစ်ခန့်က...

နံနက်ခင်း အလင်းရောင်အောက်တွင် မုတ်ဆိတ်မွေးနှင့်လူ၏ ခန္ဓာကိုယ်မှာ အရိုးပုံတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို ချန်ဟွိုက်အန်က ငြိမ်သက်စွာ ကြည့်နေခဲ့သည်။ သူ လက်ကိုဆန့်ကာ ထိုအရိုးစု၏ မေးရိုးကြားတွင် ခဲထားဆဲဖြစ်သော တစ်ဝက်ခန့် လောင်ကျွမ်းနေသည့် ဆေးလိပ်တိုလေးကို ယူလိုက်၏။

“ခင်ဗျားလို လူမျိုးတွေကို ကျွန်တော် အမုန်းဆုံးပဲ...” ချန်ဟွိုက်အန်က မုတ်ဆိတ်မွေးနှင့်လူ၏ ဦးခေါင်းခွံကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“အမြဲတမ်း “ကာကွယ်မယ်”တို့ “ကယ်တင်မယ်”တို့ အော်နေပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်အောင် လုပ်တတ်ကြတာ။ ဘယ်သူက ခင်ဗျားကို ဂရုစိုက်လို့လဲ။ လူတွေက ခင်ဗျားရဲ့ နာမည်ကို ဘယ်လောက်ကြာကြာ မှတ်မိနေမယ် ထင်လို့လဲ။ လူဆိုတာ ကိုယ့်အတွက်ကိုယ် ရှင်သန်ရတာ။ အခုတော့ ကြည့်စမ်း... ခင်ဗျားမှာ ဘာကျန်သေးလဲ။”

သူ နှာခေါင်းရှုံ့ရင်း ဆေးလိပ်တိုကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

“ခင်ဗျားက တကယ့်ကို လောင်းကစားသမားပဲ။ ကျွန်တော့်အသက်ကို ကယ်ဖို့ ခင်ဗျားအသက်ကို လောင်းကြေးထပ်တယ်ပေါ့။ ကျွန်တော်ကရော ဒီအလောင်းအစားကို လက်ခံချင်တယ်လို့ ခင်ဗျား မေးဖူးလို့လား...”

ပိုးသတ်ဆေးနံ့များကြားတွင် ဆေးလိပ်နံ့ သင်းသင်းလေး လွင့်ပျံနေသလို ခံစားရသည်။ ချန်ဟွိုက်အန်က ဇီဝကန်၏ ဘောင်ကို တင်းတင်းဆုပ်ကိုင်လိုက်ရာ လက်ဆစ်များကြားတွင် မိုးကြိုးလျှပ်စစ်များ ဖြတ်ပြေးသွား၏။

“ပြီးတော့... ကျွန်တော့်ကို မွေးစားသား လုပ်ဦးမလို့လား...” သူ အံကြိတ်လိုက်မိသည်။ “အခုတော့ ခင်ဗျားအတွက် အမွှေးတိုင်တောင် ထွန်းပေးလို့ မရတော့ဘူး။ ခင်ဗျားရဲ့ အလောင်းတောင် မကျန်တော့ဘူးလေ...”

သူ၏ အကြည့်မှာ မုတ်ဆိတ်မွေးနှင့်လူ၏ ပြာများကို စစ်ဆေးထားသည့် စားပွဲဆီ ရောက်သွား၏။ ဘေးတွင် မိစ္ဆာနဂါးဆဲလ်များ ထည့်ထားသော ဖန်ခွက်လေး ရှိနေသည်။ ချန်ဟွိုက်အန်က ထိုခွက်ကို စားပွဲပေါ် ဝုန်းခနဲ ရိုက်ချလိုက်သည်။

“ခင်ဗျားရဲ့ ကင်ဆာဆဲလ်တွေကို ကျွန်‌တော့်ကိုယ်ထဲ အတင်းထိုးထည့်ပေးခဲ့တယ်...” ချန်ဟွိုက်အန်၏ မျက်လုံးများ နီမြန်းနေပြီး ခေါင်းကို မှန်နံရံတွင် မှီထားလိုက်သည်။ “ဒါပေမဲ့ ခင်ဗျား သိလား။ ဒါပေမဲ့ တကယ့်ကို ရယ်စရာက ဘာလဲ သိလား။ ခင်ဗျားရဲ့ ဆဲလ်တွေက ကျွန်တော့်ရဲ့ ကိုယ်ထဲက မိစ္ဆာဆဲလ်တွေကို စားရုံတင် မဟုတ်ဘူး... ခင်ဗျားရဲ့ အသံသွင်းထားတဲ့ အညှီအဟောက်တွေကိုပါ ချန်ထားခဲ့တာ...”

ချန်ဟွိုက်အန် ခါးသက်သက်နှင့် ရယ်လိုက်၏။ “ကျွန်တော့်ရဲ့ ဦးနှောက်ထဲမှာ ဆဲလ်တွေ တိုက်ပွဲဖြစ်တိုင်း ခင်ဗျားရဲ့အသံနဲ့ “အချစ်ကလေး” သီချင်းကို ညည်းနေတာ ကြားနေရတာ...”

ကောင်းကင်တွင် မိုးကြိုးတစ်ချက် လက်သွားသည်၏။ ချန်ဟွိုက်အန်၏ လက်ချောင်းများက ဖန်ခွက်ထဲက ဆဲလ်များကို ထိမိလိုက်သည်နှင့် ၎င်းတို့မှာ ပြာအဖြစ် လောင်ကျွမ်းသွားတော့သည်။ သူက ဒေါသကို ပြန်ထိန်းရင်း ဇီဝကန်ဘေးက စိန်ပုံဆောင်ခဲလေးကို ကောက်ယူလိုက်သည်။

ရှန့်ရှောင်ယွမ်၏ ပြောပြချက်အရ ထိုပုံဆောင်ခဲထဲတွင် မုတ်ဆိတ်မွေးနှင့်လူ၏ အသိစိတ် အပိုင်းအစများ ပါဝင်နေသည်။ ၎င်းက အလုပ်ဖြစ်မဖြစ် မသိသော်လည်း အခုလောလောဆယ် မျှော်လင့်ချက် တစ်ခုပင်။

“မုတ်ဆိတ်နဲ့ဦးလေး... ဒီအတိုင်း ထွက်သွားလို့ရမယ် မထင်နဲ့။ ကျွန်တော်က ဘယ်သူ့ကျေးဇူးကိုမှ အတင်မခံဘူး။ ပြီးတော့ ကျွန်တော့်မှာ မွေးစားအဖေလည်း မရှိဘူး။ ဒါကြောင့် တစ်နေ့ကျရင် ခင်ဗျား ပြန်လာရမယ်။ ပြီးရင် ကျွန်တော့်ရဲ့ ခေါင်းထဲမှာ စွဲနေတဲ့ အဲဒီသီချင်းစုတ်အတွက် တောင်းပန်ရမယ်။”

သူက ပြာများကို နောက်ဆုံးတစ်ခေါက် ကြည့်ကာ လှည့်ထွက်လာခဲ့သည်။

အခန်းအပြင်ဘက်တွင် ရှန့်ရှောင်ယွမ်က မျက်ရည်များကို သုတ်ကာ ရှေ့သို့ တိုးလာသည်။ သူက တံဆိပ်တစ်ခုကို ချန်ဟွိုက်အန်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

“ဒါက ခေါင်းဆောင်လော် ရှင်နဲ့တွေ့တဲ့နေ့ကတည်းက လုပ်ထားတာပါ။ ရှင့်ကို သူ့အဖွဲ့ထဲ ထည့်ချင်နေတာ။”

ချန်ဟွိုက်အန် တံဆိပ်ကို ကြည့်လိုက်သည်။ အရှေ့ဘက်တွင် “အန်”ဟူသော စာလုံးကြီး ပါရှိပြီး အနောက်ဘက်တွင် မိစ္ဆာနှိမ်နင်းသူဗျူရို၏ အမှတ်အသားဖြစ်သော မီးတောက်များကို ဖြတ်တောက်နေသည့် ဓားပုံစံနှင့် အမှတ်စဉ်(၀၀၁)ဟု ရေးထိုးထားသည်။ ၎င်းမှာ သူ အကျဉ်းသားအဖြစ် သတ်မှတ်ခံရပြီးမှ ထည့်ထားသော နံပါတ် ဖြစ်ရပေမည်။

“ကျေးဇူးပါပဲ။” ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်သည်။

ထိုစဉ် အစည်းအဝေး ခန်းမဘက်မှ မောက်မာထောင်လွှားသောအသံများ ထွက်ပေါ်လာသည်။ ချန်ဟွိုက်အန် တံခါးဝသို့ လျှောက်သွားသောအခါ ကျောက်ရင်း၏ ရှေ့တွင် ထိုင်နေသော လူသုံးယောက်ကို တွေ့လိုက်ရ၏။ အဘိုးကြီးတစ်ယောက်နှင့် လူလတ်ပိုင်း နှစ်ယောက်ဖြစ်ပြီး သူတို့မှာ အနက်နှင့်အဖြူ ရောယှက်ထားသော ဝတ်ရုံများကို ဝတ်ဆင်ထားကြလေသည်။

“...ဒါဆိုရင် ချန်ဟွိုက်အန်ကို လွှဲပေး။ ငါတို့က ဒီလိုနိုးထလာသူရဲ့ အလောင်းကို တော်တော် စိတ်ဝင်စားတယ်။ အဲဒါမှမဟုတ်ရင် သူ့ရဲ့ စိတ်ဝိညာဉ်အဖော်ကို ပေးရမယ်။”

အထက်တန်းလွှာ မိသားစုဝင်တွေပဲ...

ချန်ဟွိုက်အန် ချက်ချင်း သိလိုက်သည်။ မိစ္ဆာနှိမ်နင်းသူဗျူရိုက အစွမ်းထက်လာသော်လည်း ရှေးဟောင်း မိသားစုကြီးအချို့ကတော့ သူတို့ကို အထင်သေးနေဆဲပင်။

သူတို့က အင်အားကြီး မိသားစုတွေဖြစ်တော့ကော ဘာဖြစ်လဲ။

ဒါပေမဲ့ သူတို့က ဘာမို့လို့ ငါ့အဖော်ဝိညာဉ်ကို တောင်းရဲတာလဲ...

အဓိပ္ပာယ်မရှိလိုက်တာ။

“ဘယ်သူက ကျုပ်ကို အလောင်းလို့ ပြောတာလဲ...”

ချန်ဟွိုက်အန် တံခါးကိုမှီကာ အဘိုးကြီးကို စိုက်ကြည့်နေလိုက်သည်။ “အဘိုးကြီး...ခင်ဗျားက အသက်တော်တော် ရှည်နေပြီပဲ။ အခုချက်ချင်း သေချင်နေတာလား...”

“မင်း ဘယ်လိုပြောလိုက်တာလဲ...” လူလတ်ပိုင်း နှစ်ယောက်မှာ ဒေါသတကြီးဖြင့် ရှေ့သို့ ခုန်တက်လာကာ ကျားလက်သီး တိုက်ကွက်ဖြင့် တိုက်ခိုက်လာသည်။

“ကျားလက်သီး...ဟုတ်လား။” ချန်ဟွိုက်အန်က လှောင်ရယ်လိုက်သည်။ “နေမကောင်းတဲ့ ကြောင်လေးတွေ ကုတ်နေတာနဲ့ တူနေတယ်။”

သူက လက်ဖဝါးထဲတွင် မိုးကြိုးများ စုစည်းလိုက်ပြီး ပြန်လည် တိုက်ခိုက်လိုက်ရာ ဝုန်းခနဲ မိုးကြိုးသံကြီး ပဲ့တင်ထပ်သွားပြီး ထိုလူနှစ်ယောက်မှာ လက်များ မီးကျွမ်းကာ နာကျင်စွာ အော်ဟစ်ရင်း နောက်သို့ လွင့်ထွက်သွားတော့သည်။ ခရမ်းရောင်ကြယ် လျှပ်စီးက သူ၏ စိတ်ဝိညာဉ်အမြစ်ကို လုံးဝ ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ ယခုတွင် သူ၏ လှုပ်ရှားမှုတိုင်းတွင် မိုးကြိုးစွမ်းးအင်များ ပါဝင်နေပြီး အထူးသဖြင့် မိစ္ဆာဝိညာဉ်များအပေါ်တွင် ပို၍ပင် ထိရောက်မှု ရှိလေသည်။ ချန်ဟွိုက်အန် စိတ်တိုနေသည့်အချိန်တွင် ထိုလူမိုက်များက လက်သီး လာတောင်းနေကြခြင်းပင်။

“မင်းက ချန်ဟွိုက်အန်လား...” အဘိုးကြီး၏ မျက်နှာမှာ ပျက်သွားသော်လည်း ချက်ချင်းပင် အပြုံးတုဖြင့် ပြောင်းလဲလိုက်သည်။ “တောင်းပန်ပါတယ် မစ္စတာချန်။ အလောင်းကောင်ဘုရင်ရဲ့ လက်ထဲကနေ ဘယ်သူမှ လွတ်မယ်မထင်လို့ပါ။ မင်းက တကယ့်ကို သူရဲကောင်းပဲ... ငါတို့ လင်းမိသားစုရဲ့ အကြံပေးအဖြစ် ဝင်မလား။ ဗျူရိုထက် အများကြီး ပိုသာတဲ့ အခွင့်အရေးတွေ ပေးပါ့မယ်။”

ယခုတွင် ခွန်းလွန် အင်မော်တယ် နန်းတော်၊ ဗုဒ္ဓကျောင်းတော်တို့ ပေါ်လာပြီဖြစ်သဖြင့် သူတို့က ထူးချွန်သော တပည့်များ စုဆောင်းနေကြခြင်းပင်။ ချန်ဟွိုက်အန်က အလောင်းကောင် ဘုရင်ကို သတ်ပြီး ရှင်သန်လာသူမို့ သူတို့က အတင်းဆွဲခေါ်ချင်နေကြသည်။ သူ၏ မူလပန်းတိုင်က ချန်ဟွိုက်အန်၏ စိတ်ဝိညာဉ်အဖော်ကို ဖြစ်သည်။ သို့သော်လည်း သူ၏ အရှင်လတ်လတ် မြင်လိုက်ရသောအခါ သူ၏ပစ်မှတ် ပြောင်းသွားခဲ့သည်။

ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့ အသက်ရှူပင် မဝတော့ပေ။ အကယ်၍ ချန်ဟွိုက်အန်သာ သူတို့ဘက် ပါသွားလျှင် မိစ္ဆာနှိမ်နင်းသူဗျူရိုအတွက် အကြီးအကျယ် ဆုံးရှုံးမှု ဖြစ်လိမ့်မည်။

ချန်ဟွိုက်အန်က အဘိုးကြီးကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ဖြည်းညင်းစွာ ပြုံးလိုက်၏။

“ဒါဆိုရင်...”

“ခင်ဗျားတို့ဆီမှာ ပိုက်ဆံရှိလား...”

အဘိုးကြီး ကြောင်သွားပြီးမှ အားရပါးရ ရယ်မောလိုက်သည်။ “ရှိတာပေါ့... မစ္စတာချန် ဘယ်လောက် လိုချင်လို့လဲ...”

ချန်ဟွိုက်အန် ခဏမျှ တုံ့ဆိုင်းနေဟန် ပြုပြီး လက်ဆယ်ချောင်း ထောင်ပြလိုက်သည်။

“သိန်း၁၀၀လား...” အဘိုးကြီးက ခေါင်းခါလိုက်သည်။ “အားနာမနေပါနဲ့။ သိန်း ၁၀၀၀ ပေးပါ့မယ်...”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။” ချန်ဟွိုက်အန်၏ အပြုံးမှာ ပိုကျယ်လာသည်။ သူက ခေါင်းကို စောင်းလိုက်ရင်း ပြောလိုက်၏။

“ခင်ဗျား မှားနေပြီ အဘိုးကြီး။ ကျုပ် လိုချင်တာက...”

“ကု‌ဋေ တစ်သိန်းပဲ။”

...

All Chapters