← Chapters

သူတစ်ခုခုတော့ ဖြစ်နေပြီ

Vol. 6 Ch. 51

သူတစ်ခုခုတော့ ဖြစ်နေပြီ

Vol. 6 Ch. 51

လင်းဟန်သည် အသားကုန် ပြေးလွားနေပြီး မကြာခဏဆိုသလို မြေပြင်ပေါ်က ဆွေးမြေ့နေသည့် သစ်ငုတ်တိုများ ကျောက်တုံး ကျောက်ခဲများနဲ့ တိုက်မိပြီး လဲကျတော့မလို ဖြစ်သွား၏။ သူ့ကိုယ်ပေါ်က အဝတ်အစားများမှာ သစ်ကိုင်းများနဲ့ခြစ်မိကာ မကြာမီတွင် ပုံပျက်ပန်းပျက် ဖြစ်သွားလေတော့သည်။ နေ့စဉ်ဘဝတွင် မိမိရုပ်သွင်ကို အလေးအနက် ထားလေ့ရှိသည့် သူသည် ယခုအချိန်တွင်တော့ တစ်စက်ပင် ခေါင်းငုံ့ပြီး မကြည့်ဝံ့ချေ။

သူသည် ရှေ့သို့ ဒယိမ်းဒယိုင် ပြေးလွှားနေပြီး အပြင်းအထန် မောဟိုက်နေကာ သူ့နှလုံးသားက ရင်ဘတ်ထဲက ထွက်ကျမလိုပင် ခံစားနေရ၏။ အချိန်ကြာမြင့်အောင် ပြေးလွှားလာခဲ့ပြီ ဖြစ်သော်ငြားလည်း သူသည် မူလနေရာတွင်သာ တဝဲလည်လည် ဖြစ်နေဆဲဖြစ်သည်ဟု ခံစားနေရလေသည်။

အားချန်က အကြိမ်အနည်းငယ် ငုံ့ကြည့်လိုက်ပြီးမှ အကြောင်းအရင်းကို ချက်ချင်း သတိထားမိ လိုက်တော့၏။ သူ့ဘေးပတ်လည်တွင် ချန်းကွေ တစ္ဆေတစ်ကောင်က နောက်မှလိုက်ပါလာသဖြင့် သူသည် တရစပ် ပြေးလွားနေသော်ငြားလည်း ချန်းကွေတစ္ဆေ၏ လမ်းညွှန်ပေးခံနေရသည့် လင်းစွေ့က အမှီလိုက်လာခြင်းကို ခံနေရလေသည်။

"ရှန်းကျွင်း ရှင် လူလည်ကျတာပဲ"

ကျားနက် မိစ္ဆာက ကျောက်တုံးအကြီးကြီးပေါ်တွင် မှောက်လျက် အနားယူနေရာမှ သမ်းဝေလိုက်၏။ "အဲဒီမိန်းမရဲ့အရှိန်က အရမ်းနှေးလွန်းတယ်။ ဒီလိုကစားပွဲမျိုးကမှ ပျော်စရာကောင်းတာ။ ဒါမှမဟုတ် မင်းက သူ့ကို အမီလိုက်မခံ စေချင်တာလား"

ခုနက အားချန်၏ မြှောက်ပင့်ပြောဆိုမှုကြောင့် စိတ်ပါဝင်စားသွားခဲ့သည့် ကျားနက်မိစ္ဆာသည် ယခုအချိန်တွင်တော့ အနည်းငယ် တည်ငြိမ်သွားပြီ ဖြစ်ကာ သံသယစိတ်များ တစ်ဖန်ပြန်လည် ပေါ်ပေါက်လာတော့သည်။

တွေ့ကရာ လူတစ်ယောက်ကို ဖမ်းမိတာ။ ခန္ဓာကိုယ် လွဲပြောင်းထားတဲ့ မျိုးနွယ်တူ တစ်ယောက်ဖြစ်နေတယ်။ ဒါက တိုက်ဆိုင် လွန်းနေတာ မဟုတ်ဘူးလား။ သူက ဒီကစားပွဲကို ကစားဖို့ အကြံပေးလာတယ်။ ဒါကလည်း ဒီလူတွေကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွား စေချင်လို့များလား။

ကျားနက် မိစ္ဆာသည် ယခင်က တခြားသူများအတွက် မိမိကိုယ်ကို ဆန္ဒအလျောက် စတေးဝံ့သည့် လူသားများကို ကြုံတွေ့ဖူးသဖြင့် သူကလည်း အားချန်ကို နောက်တစ်ကြိမ် ထပ်မံစမ်းသပ် လိုက်လေသည်။

အာချန်က မျက်စောင်းဖြင့် လှမ်းကြည့်လိုက်ကာ "ရှန်းကျွင်းက တကယ်ကို သံသယများတာပဲ။ အကြောင်းမသိရင် ရှင့်ကို ကျားမကြီးလို့တောင် ထင်သွားဦးမယ်"

"ဟိုး ! ငါက ကျားထီးကွ !"

"ဟွန့် !" အားချန် ကတော်ယ့ ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်၏။

ဒီအချိန်တွင် လင်းစွေ့သည် လင်းဟန်၏နောက်သို့ ရောက်ရှိနေပြီဖြစ်၏။ သူတို့နှစ်ယောက်ကလည်း ဆက်ပြီး စကားမပြောတော့ပဲ အောက်ဘက်တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းကိုသာ အာရုံစိုက်ပြီး ကြည့်နေလိုက်ကြသည်။

လင်းစွေ့၏ လက်ထဲက တုတ်ရှည်သည် လင်းဟန်၏ ခါးနောက်ပိုင်းကို တုံ့ဆိုင်ခြင်းမရှိဘဲ ရိုက်ချလိုက်လေသည်။ ထိုတုတ်ရှည်ပေါ်တွင် ကျားနက်မိစ္ဆာ၏ မိစ္ဆာအငွေ့အသက်များ ကပ်ငြိနေသဖြင့် သံတုတ်တစ်ချောင်းကဲ့သို့ ထင်ရကာ အမှန်ပင် လူများကို နာနာကျင်ကျင် ရိုက်နိုင်လေသည်။

ရိုက်ချက်တစ်ခုတည်းနှင့် လင်းဟန်သည် သူ့ခါးနောက်ပိုင်း ကျိုးပဲ့သွားသလို ခံစားလိုက်ရ၏။ သူက နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ မှောက်လျက်လဲကျ သွားတော့သည်။

လင်းဟန်သည် ပြင်းထန်သည့် နာကျင်မှုကို ကြိတ်မှိတ်ခံရင်း လှည့်ကြည့်လိုက်သည်တွင် သူ့ကိုရိုက်နှက်သူက လင်းစွေ့ ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ သူ့မျက်နှာပေါ်က ထိတ်လန့်မှုသည် ချက်ချင်းပင် ဒေါသအဖြစ်သို့ ပြောင်းလဲသွားတော့၏။ "လင်းစွေ့ ! နင် ငါ့ကို ရိုက်ရဲတယ်ပေါ့ ! ငါက နင့်ရဲ့ ! ဒုတိယအစ်ကိုနော် !"

"ဒုတိယအစ်ကို ဟုတ်လား" လင်းစွေ့က တုတ်ကိုဆွဲကိုင်ကာ လင်းဟန်ထံသို့တစ်လှမ်းချင်း လျှောက်လာခဲ့လိုက်၏။ "နင်က ရှောင်လော့ကို တောင်ပေါ်တက်ဖို့ အတင်းအကြပ် ဖိအားပေးတုန်းက ငါ့ရဲ့ ဒုတိယအစ်ကိုဆိုတာကို ဘာလို့မတွေးမိတာလဲ"

သူမသည် လက်ထဲကတုတ်ကို လင်းဟန်၏ ရင်ဘတ်ပေါ်တွင် ထောက်ထားလိုက်လေသည်။ "ငါ နင့်ကို နောက်တစ်ခါ ထပ်မေးမယ်။ ရှောင်လော့ ဘယ်ရောက်သွားလဲ။ နင်သာ ပြန်မဖြစ်ဘူးဆိုရင် ငါ ဒီနေ့ ဒီနေရာမှာ ဒုတိယအစ်ကိုတစ်ယောက် လျော့သွားလည်း ကိစ္စမရှိဘူး"

"ငါ သူ့ကို လွှတ်ပေးလိုက်ပြီ ! ငါတို့ သူ့ကို အစောကြီးကတည်းက လွှတ်ပေးလိုက်တာ !" လင်းဟန်သည် လင်းစွေ့က သူ့ကိုအမှန်တကယ် လက်စတုံးတော့မည်ကို နောက်ဆုံးတော့ သဘောပေါက်သွားဟန် တူပြီး သူ့လည်ပင်းကို ဆွဲဆန့်လိုက်ကာ အရူးအမူး အော်ဟစ်လိုက်လေသည်။

"ဟုတ်လို့လား" လင်းစွေ့က မျက်လွှာချကာ စဉ်းစားနေဟန်တူ၏။

ဒီအချိန်တွင် ကြောက်မက်ဖွယ်ရာ အရိပ်တစ်ခုသည် လင်းဟန်၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားတော့သည်။ သူက ရုတ်တရက်ဆိုသလို သူ့ရင်ဘတ်တွင် ထောက်ထားသည့် ထိုတုတ်ချောင်းကို လက်လှမ်းကာ အားဖြင့် ဆောင့်ဆွဲ လိုက်သော်ငြားလည်း ဆွဲလှုပ်လို့ မရနိုင်ချေ။

ကျား၏ ကျောပြင်ပေါ်တွင် ထိုင်နေသည့် အားချန်သည် ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ခပ်တိုးတိုး ရယ်မောလိုက်ပြီး ကျားမိစ္ဆာကို ပြောလိုက်၏။ "ပွဲကြီးပွဲကောင်း လာတော့မယ်"

နောက်တစ်ခဏတွင် လင်းစွေ့သည် တို့ကိုဝှေ့ယမ်းလိုက်ပြီး လင်းဟန်၏ လက်မောင်းကို အားဖြင့် သုံးကြိမ်ဆက်တိုက် ရိုက်ချလိုက်သည်တွင် သူ့လက်မောင်းမှာ နာနာကျင်ကျင် အော်ဟစ်သံနှင့်အတူ ကျိုးသွားလေတော့၏။

"ငါ နင့်ကို နောက်တစ်ခါ ထပ်မေးမယ်။ ရှောင်လော့ ဘယ်မှာလဲ" လင်းစွေ့၏ လေသံမှာ တည်ငြိမ်နေ သော်ငြားလည်း သူမ၏မျက်လုံးများကတော့ လင်းဟန်ကို ကြက်သီးမွှေးများ ထရစေတော့သည်။ "လင်းစွေ့ ငါ တမင်လုပ်တာ မဟုတ်ဘူး။ ငါ ခုနတုန်းက နင့်ကို နောက်လိုက်တာပါ" သူသည် ကိုယ့်ဟာကိုယ် ဆက်တိုက် ဆင်ခြေ ပေးနေတော့သည်။ "ဪ ဟုတ်တယ်။ ကောင်းလော့ကို ငါ တကယ် လွှတ်ပေးလိုက်တာ။ နင် ငါ့ကို ယုံရမယ်"

"သူ ဘာလို့ ဒဏ်ရာရသွားတာလဲ"

"သူ ဒဏ်ရာ မရပါဘူး" လင်းဟန်သည် သူတို့က ကောင်းလော့ကို မည်သို့ ပြုလုပ်ခဲ့ကြသည်ကို လင်းစွေ့အား မသိစေလိုသဖြင့် မျက်လုံးဖွင့်လျက်ပင် လိမ်ညာပြောဆို လိုက်တော့သည်။

ကံဆိုးချင်တော့ လင်းစွေ့သည် သူ့ကို မယုံကြည်တောချေ။ လင်းဟန်၏ ရှင်းလင်းချက်ကို ကြားခဲ့ရပြီးနောက်တွင် သူမက ဘာမှမပြောတော့ဘဲ တုတ်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ပြန်သည်။ ဒီတကြိမ်တွင်တော့ တုတ်သည် သူ့ခြေထောက်များကို ချိန်ရွယ်လိုက်၏။

လင်းဟန်သည် လင်းစွေ့၏ ရိုက်နှက်မှုကြောင့် မြေပြင်တွင် လူးလိမ့်နေရတော့သည်။ ခြေထောက်က ပြင်းထန်သည့် နာကျင်မှုကြောင့် သူသည် ငယ်သံပါအောင် အော်ဟစ်ရင်း လင်းစွေ့ကို ရူးသွပ်စွာ ကျိန်ဆဲလေ တော့သည်။ "လင်းစွေ့။ နင် သေချင်းဆိုးနဲ့ သေပါစေ ! ငါ အိမ်ပြန်ရောက်တာနဲ့ နင့်ကိုအလွတ် ပေးမှာမဟုတ်ဘူး။ ငါ နင့်ကို ဆောင်ကြာမြိုင်ဆီ ရောင်းစားလိုက်မှာ။ နင်နဲ့ နင့်ရဲ့ အောက်တန်းစား နှစ်ယောက်စလုံး အတူတူသွားသေကြ !"

"ကောင်းလော့ ဘယ်မှာလဲ"

"ကောင်းလော့က တောင်ထဲမှာ အစောကြီးကတည်းက သေသွားပြီ။ ငါတို့ သူ့ကို လေးနဲ့ပစ်လိုက်တာ။ သူ တောင်အောက်ကို လိမ့်ကျသွားတယ်။ ဟား ဟား ဟား။ သူ သေချာပေါက်သေပြီ။ နင် သူ့ကို ရှာတွေ့မှာ မဟုတ်တော့ဘူး"

လင်းစွေ့၏ လက်ထဲက လှုပ်ရှားမှုသည် ရပ်တန့်မသွားသေးဘဲ လင်းဟန်၏ ခြေထောက်များကို တစ်လက်မချင်း အရိုးများ ကြေမွသွားသည့်အထိ ရိုက်နှက်လေတော့သည်။

"ငါ နင့်ကို သေအောင်မရိုက်ဘူး။ ရှောင်လော့ ခံစားရတဲ့ဒုက္ခကို နင် မြည်းစမ်း ခံစားကြည့်စေရမယ်" လင်းစွေ့သည် ထိုသို့ ပြောလိုက်ပြီးနောက် တုတ်ကိုဆွဲကာ လှည့်ထွက်လာတော့သည်။

လင်းဟန်သည် ရွှံ့တုန်းကြီးတစ်ခုလို မြေပြင်ပေါ်သို့ လှဲကျလို့နေ၏။ စောစောက လူးလိမ့်နေစဉ် သူ့ပါးစပ်ထဲသို့ ဆွေးမြေ့နေသည့် သစ်ရွက်များနှင့် မြေကြီးများစွာ ဝင်ရောက်သွားခဲ့ရာ ယခုသောအသံပင် မထွက်နိုင်တော့ချေ။

"အို။ သူ တကယ် သေမသွားဘူးပဲ" အားချန်က ခပ်တိုးတိုး အံ့သြသံလေးဖြင့် ပြောလိုက်၏။ "ကြည့်ရတာ ရှန်းကျွင်း မှန်းတာ မှန်သွားတဲ့ပုံပဲ"

ကျားနက် မိစ္ဆာသည် မှန်အောင်ခန့်မှန်းနိုင် ခဲ့သော်ငြားလည်း ဖြစ်စဉ်ကိုတော့ မှန်အောင် မခန့်မှန်းနိုင်ခဲ့ပေ။

သူ၏ တောက်ပလင်းလက်နေသည့် မျက်လုံးများက လင်းစွေ့၏ ကျောပြင်ကို စိုက်ကြည့်လို့နေသည်။ "ဒီလူသားက အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ။ ငါ သူ့ကို တော်တော်လေး သဘောကျသွားပြီ။ ကစားပွဲပြီးတဲ့အခါ သူ့ကို ငါ့ရဲ့ချန်းကွေ တစ္ဆေအဖြစ် ပြောင်းလဲဖြစ်ပြီး ငါ့ဘေးမှာ အမြဲတမ်းထားရမယ်"

အားချန်၏ လက်ချောင်းများက ကျားနက်မိစ္ဆာ၏ အမွေးအမျှင်များကို ညင်သာစွာ သပ်ပေးနေ သော်ငြားလည်း သူမ၏ နှုတ်ခမ်းတောင့်က အပြုံးကတော့ အနည်းငယ် လျော့ကျသွားတော့သည်။

လင်းစွေ့က နောက်တစ်ယောက်ကို သွားရှာနေသည်ကို ကြည့်ရင်း အားချန်က ရုတ်တရက် ပြောလိုက်၏။ "ကျွန်မ ရှန်းကျွင်းကို အကူအညီတစ်ခု တောင်းချင်သေးတယ်"

"ဘယ်လိုအကူညီလဲ"

"ရှန်းကျွင်း အပြာရောင် အဝတ်အစားဝတ်ထားတဲ့ လူငယ်လေး တစ်ယောက်ကို မှတ်မိသေးလား။ ဖြူဖြူဖွေးဖွေး လေးနဲ့လေ"

"မင်းက ဘာလုပ်ချင်လို့လဲ" ကျားနက်မိစ္ဆာက မျက်လုံးများကို မေးစဉ်းကာ မေးလိုက်သည်။ "ကျွန်မကို သူ့ဆီခေါ်သွားပေးဖို့ ရှန်းကျွင်းကို ပြောမလို့ပါ" အားချန်သည် ကိုယ်ကိုရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး ကျားနက်မိစ္ဆာ၏ သိပ်ပြီးမပါးနှပ်လှသည့် ခေါင်းကြီးကို ပွတ်သပ်ပေးလိုက်လေသည်။ "ကျွန်မနဲ့သူက ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက် နည်းနည်း ရှိတယ်။ အရင်တုန်းက အခွင့်မသာခဲ့ဘူး။ အခု ရှန်းကျွင်းရဲ့ အရှိန်အဝါကို အခွင့်ကောင်းယူရမှတော့ သူ့ကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူးလေ"

ကျားနက်မိစ္ဆာသည် ချက်ချင်းပင် စိတ်ဝင်စား သွားတော့သည်။ သူက နေရာမှ ထရပ်လိုက်ပြီး ကြီးမားလှသည့်ခန္ဓာကိုယ်သည် လေထဲတွင် ခုန်လွှား သွားလိုက်သည်တွင် လေထဲတွင် တစ်ချက်ခုန်ရုံမျှဖြင့် အလွန်ဝေးကွာသည့် အရပ်သို့ရောက်ရှိ သွားခဲ့၏။ သူက အားချန်ကို သယ်ဆောင်လျက် တောအုပ်ထဲသို့ လျင်မြန်စွာ ဖြတ်ပြေးလာခဲ့လေသည်။

ရွှဲကျောင်း ထွက်ပြေးရာ လမ်းကြောင်းသည် လင်းဟန်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ သူသည် လင်းဟန်ထက်ပိုပြီး လိမ္မာပါးနပ်လေသည်။ သူသည် လာရာလမ်းကိုလည်း မှတ်မိနေခဲ့သော်ငြား ဘယ်သူ့ကိုမှ မပြောပြထားချေ။

ထိုအပြင် ရွှဲကျောင်း၏ကိုယ်ပေါ်တွင် သရဲတစ္ဆေများ တွန်းလှန်နိုင်သည့် တစ်ခုခု ပါရှိဟန်တူ၏။ သူ့လမ်းကို ပိတ်ဆို့ရန် ကြိုးစားနေသည့် ချန်းကွေတစ္ဆေများ အားလုံးက ရှုံးနိမ့်သွားခဲ့ကြသည်။

ကျားနက်မိစ္ဆာသည် အားချန်ကို သယ်ဆောင်ကာ သူက သူ့ကိုရှာတွေ့သည့် အချိန်တွင်တော့ သူသည် ကျားနက် မိစ္ဆာသတ်မှတ်ထားသည့် နယ်မြေအပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်၏။ "ဟိုး ဟိုး ဒီကောင်လေး ပြေးတာ တော်တော်မြန်တာပဲ။ ငါသာ မဟုတ်ရင် မင်း ဒီနေ့ သူ့ကိုဖမ်းမိမှာ မဟုတ်တော့ဘူး"

"ရှန်းကျွင်းရဲ့ ကျေးဇူးကြောင့် သူ့ကို ဖမ်းမိတာပါ"

ရွှဲကျောင်းသည် အလွန်အာရုံခံစားမှု ကောင်းလှ၏။ သူ့နောက်က တစ်စုံတစ်ခု လိုက်လာသည်ကို သတိပြုမိဟန်တူပြီး မြေပြင်ပေါ်တွင် တစ်ပတ်လိမ့်ကာ နောက်ကအရာဝတ္ထုကို ရှောင်ရန်ကြံရွယ် လိုက်ချိန်မှာပင် ကျားနက် မိစ္ဆာ၏ လက်သည်းတချက်ဖြင့် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရတော့သည်။

သူသည် သွေးတလုတ်ကို အန်ထုတ်လိုက်ပြီး ခက်ခက်ခဲခဲ မော့ကြည့်လိုက်သည်တွင် ထိုကြီးမားလှသည့် ကျားနက်မိစ္ဆာသည် သူ့ဘေးတွင် ညင်သာပေါ့ပါးစွာ ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။ ထိုကျားနက်မိစ္ဆာသည် ကိုယ်ကို နှိမ့်ချလိုက်သောအခါ စူးရှတောက်ပလှသည် အနီရောင်ရင့်ရင့် အရိပ်တစ်ခုသည် ကျားနက်မိစ္ဆာ၏ကိုယ်ပေါ်မှ လျောကျလာခဲ့၏။

အားချန်သည် ခြေဗလာဖြင့် မြေကြီးပေါ်သို့ ဆင်းလာခဲ့သည်။ ခြေလှမ်းအနည်းငယ် ရှေ့သို့လှမ်းလာပြီးနောက် ဆက်ပြီး မလှုပ်ရှားတော့ချေ။ ခြေဖဝါးသည် မြေပြင်ပေါ်က ကြမ်းတမ်းသည့် ကျောက်စရစ်ခဲတစ်လုံးကို စူးမိလိုက်သဖြင့် သူမသည် နာနာကျင်ကျင် မျက်မှောင်ကြုတ်မိလိုက်ပြီး သူမ၏ဂါဝန်စလေးကို ခါလိုက်ကာ ခြေချောင်းများကို ဖုံးကွယ်ထားလိုက်တော့သည်။

"မင်းပဲ..." ကျိချန်၏ မျက်နှာကိုမြင်လိုက်ရသေးတယ် ရွှံကျောင်း၏ မျက်လုံးများက မသိမသာ ထိတ်လန့်သွားသည့် အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားလေသည်။

"အင်း။ ကျွန်မကို တွေ့လိုက်ရတော့ အရမ်းအံ့ဩသွားတယ် မဟုတ်လား" အားချန်က ဖြည်းဖြည်းချင်း ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ပါးစပ်ထောင့်မှ သွေးများယိုကြနေသည့် ရွှဲကျောင်းကို ခေါင်းလေးစောင်းကာ လှမ်းကြည့်လိုက်လေသည်။

"မင်း ကျားမိစ္ဆာနဲ့ ဆက်ဆံနေရင် ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး။ မင်း အနှေးနဲ့အမြန် သေရမှာပဲ !"

အားချန်ကလည်း ပြုံးရယ်လိုက်လေ၏။ "အရှိန်အဝါကတော့ မဆိုးပါဘူး။ ရှင့်ရဲ့ဦးလေးထက်တောင် သာသေးတယ်"

ရွှဲကျောင်း၏ မျက်လုံးအိမ်များမှာ ကျုံ့သွားလေသည်။ "မင်း ... မင်းငါ့ရဲ့ဦးလေးကို သတ်ခဲ့တာလား"

"မဟုတ်ရင်ရော။ ဘယ်သူက လုပ်နိုင်ဦးမှာလဲ။ ရှင်တို့က ကျွန်မကို သေစေချင်သလို ကျွန်မကလည်း ရှင်တို့ကို သေစေချင်တယ်ဆိုတာကို ရှင်တို့တွေ မတွေးမိခဲ့ကြဘူးလား" ရွှဲကျောင်းက သူမထံသို့ လက်လှမ်းကာ ဖမ်းဆွဲလာသည်ကို မြင်လိုက်ရသည်တွင် မမှီနိုင်မှန်း သိသော်ငြားလည်း အားချန်ကတော့ ကိုယ်ကို မတ်လိုက်ပြီး နောက်ကို အနည်းငယ် ဆုတ်လိုက်လေသည်။

သူမ၏မျက်နှာပေါ်တွင် ချိုမြိန်နေသည့် အပြုံးလေးကို ဆင်မြန်းထားဆဲဖြစ်ပြီး မျက်ဝန်းအိမ်များကလည်း ကြည်လင်နေကာ လောကကြီးအကြောင်း မသိနားမလည်သည့် ကလေးမလေး တစ်ဦးနယ်ပင်။ သို့သော်ငြား သူမ၏နောက်က ထွက်ကျလာသည့် စကားလုံးများကတော့ ရွှဲကျောင်း၏နှလုံးသားကို အစိပ်စိပ် အမွှာမွှာ ဖြစ်သွားရစေတော့သည်။ "သူ မသေခင်တုန်းက ကျွန်မ သူ့ကို ပြောခဲ့တယ်လေ။ မကြာခင် သူ့ဆီကို အဖော်လိုက်လာမယ့်သူ ရှိလာလိမ့်မယ်လို့။ ကြည့်ပါဦး။ ရက်နည်းနည်းပဲ ရှိသေးတယ်။ အခု ရှင့်အလှည့် ရောက်လာပြီ"

"ကျိချန် မင်း အကြံအောင်မှာမဟုတ်ဘူး ! မင်း ငါ့ကိုသတ်လိုက်ရင် အဖေက မင်းကို ကိုယ်တိုင်ကိုယ်ကျ လာသတ်မှာပဲ။ သူ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး !"

"ကျွန်မကရော သူ့ကို အလွတ်ပေးမယ်လို့ ရှင်က ထင်နေတာလား"

ကျိချန်၏ ရန်သူများမှာ ရွှဲမိသားစုတစ်ခုသာ မဟုတ်ပေ။

ရွှဲကျောင်း၏ မကျေမချမ်း ဒေါသထွက်နေသည့် မျက်လုံးများအောက်တွင် အားချန်က ထရပ်ပြီးပြောလိုက်၏။ "ရှန်းကျွင်း ကျွန်မ ရှင့်ကိုထပ်ပြီးတော့ အလုပ်ရှုပ်ခိုင်းရဦးမယ်"

ကျားနက်မိစ္ဆာသည် သူ၏လက်သည်း များကိုမြှောက်ကာ ရွှဲကျောင်း၏ကိုယ်ပေါ်သို့ ပြင်းထန်စွာနင်းချ လိုက်သည်တွင် သူ့ခန္ဓာကိုယ်ထဲက အရိုးများ ကြေမွသွားသည့်အသံသည် တကျွတ်ကျွတ် ထွက်ပေါ်လာပြီး သွေးညီနံ့များ လွင့်ပြန်လာခဲ့၏။ သူသည် မျက်လုံးများကို မေးစင်းကာ ရွှဲကျောင်းကို ကြည့်ရင်း အားချန်ကို ပြောလာသည်။ "သူနဲ့မင်းနဲ့ ရန်ငြိုးရှိတယ်ဆိုတော့ ငါ သူ့ကို အစိမ်းစား ပစ်လိုက်ရမလား"

အားချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ မျက်နှာပေါ်တွင်တော့ ငြင်းဆန်လိုသည့် အရိပ်အယောင် အနည်းငယ် ထွက်ပေါ်လာခဲ့သည်။

"ငါက လူသားစားတာကို မင်းက မကြည့်ချင်တာလား"

"အဲ့လို မဟုတ်ပါဘူး။ ဒါပေမဲ့ သာမန်လူသားတစ်ယောက်ကို စားလိုက်ရုံနဲ့တော့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ ညစ်ညမ်းသွားစေနိုင်တယ်လို့ ထင်လို့ပါ။ ရှန်းကျွင်း ကျင့်ကြံသူတွေကို စားဖူးလား"

"စားဖူးတာပေါ့။ သာမန်လူတွေနဲ့ သိပ်မကွာပါဘူး" အားချန်ကတော့ ခေါင်းခါပြလိုက်သည်။ "ရှန်းကျွင်းရဲ့ ဒီစကားက မှားနေပြီ။ ကျင့်ကြံသူတွေနဲ့ သာမန်လူတွေက အများကြီး ကွာခြားတယ်။ ကျွန်မတော့ ခန့်မှန်းရဲတယ်။ ရှန်းကျွင်း စားခဲ့တာတွေက အဆင့်တူ ကျင့်ကြံသူတွေ မဟုတ်ဘူး မဟုတ်လား"

ကျားနက် မိစ္ဆာသည် ပြင်စဉ်းစားကြည့်လိုက်ပြီး အမှန်ပင် ထိုသို့ဖြစ်နေ၏။

"အဆင့်တူ ကျင့်ကြံသူတွေရဲ့ အသွေးအသားက ရှန်းကျွင်းရဲ့ ကျင့်ကြံမှုအဆင့်ကို တစ်ဆင့်မြင့်တက် သွားစေနိုင်တယ်"

ကျားနက် မိစ္ဆာက နှုတ်ခမ်းကိုလျှာဖြင့် သပ်လိုက်ကာ "တကယ်လား"

"တကယ်ပေါ့"

"ဖြစ်ချင်တော့ အဆင့်၃ ကျင့်ကြံသူတွေက ရှာရခက်တယ်။ ပြီးတော့အစုအဖွဲ့လိုက် နေကြတာကို သဘောကျကြတယ်လေ" ကျားနက် မိစ္ဆာသည် ခေါင်းခါပြလိုက်လေသည်။ သူသည် အားချန်၏ စကားကြောင့် စိတ်ရှုပ်သွားသော်ငြားလည်း လူသားမျိုးနွယ် ကျင့်ကြံသူများကိုတော့ သတိထားနေဆဲပင်။

အားချန်က မျက်လွှာကိုချကာ ကျားနက်မိစ္ဆာ၏ ခြေထောက်အောက်တွင် မျက်လုံးများ ပြူးကျယ်သော်ငြား ငြိမ်သက်သွားပြီဖြစ်သည့် ရွှဲကျောင်းကို ကြည့်လိုက်၏။ ရွှဲကျောင်း၏ သွေးများသည်လည်း ပတ်ဝန်းကျင်သို့ စီးဆင်းသွားကာ အားချန်သည် ရွံရှာစွာဖြင့် နောက်သို့အနည်းငယ် ဆုတ်လိုက်လေသည်။

သွေးများကို ရှောင်တိမ်းလိုက်ပြီးမှ သူမက ထပ်ပြောလာခဲ့၏။ "ရှန်းကျွင်းက ကျွန်မကိုယ်စား သူ့ကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မကလည်း ရှန်းကျွင်းကို တစ်ယောက်တည်း သီးသန့်ဖြစ်နေတဲ့ အဆင့်၃ကျင့်ကြံသူ တစ်ယောက်ဆီကို ခေါ်သွားပေးမယ်။ သူ့ကို စားပြီးတာနဲ့ ကျွန်မတို့ရှီးလင်ကို သွားကြမယ်လေ။ ဘယ်လိုလဲ"

ကျားနက် မိစ္ဆာသည် သူ၏ကြီးမားလှသည့် မျက်လုံးကြီးကို ကျဉ်းမြောင်းထားလိုက်၏။ "မင်းက အဲဒီကျင့်ကြံသူကို ငါ့ကို နှိမ်နင်းခိုင်းမလို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်"

အားချန်၏ အမူအရာမှာ အနည်းငယ် ကူကယ်ရာမဲ့သွားသလို ဖြစ်သွားကာ "အဆင့်၃ ကျင့်ကြံသူလေး တစ်ယောက်ကိုတောင် ရှန်းကျွင်းက မနိုင်ဘူးလား။ အဆင့်တူ အခြေအနေမှာ ဘယ်လူသားမျိုးနွယ်က ကျွန်မတို့ မိစ္ဆာမျိုးနွယ်ရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာလဲ။ ပြီးတော့ အဲဒီကျင့်ကြံသူရဲ့ဘေးမှာ လူတွေ ချုံခိုတိုက်ခိုက်ဖို့ စောင့်နေတာကို တွေ့ခဲ့ရင်တောင် ရှန်းကျွင်းက ကျွန်မကို အရင်သတ်ပြီးမှ ထွက်ပြေးသွားလို့ ရတာပဲလေ။ ရှင့်ကို ဘယ်သူမှ တားဆီးနိုင်မယ် မထင်ပါဘူး"

ကျားနက် မိစ္ဆာကလည်း စဉ်းစားကြည့်လိုက်ပြီး ကျိုးကြောင်းသင့်သည်ဟု တွေးလိုက်မိလေသည်။ သို့သော်ငြား သတိထားသည့်အနေဖြင့် သူက ထပ်ပြီးမေးမြန်းလာ၏။ "မင်းက တစ်ယောက်တည်း သီးသန့်ဖြစ်နေတဲ့ အဆင့်၃ ကျင့်ကြံသူရှိနေတာကို ဘယ်လိုလုပ်ပြီးသိတာလဲ"

အားချန်ကလည်း ဝမ်းနည်းစွာဖြင့် ပြောလေတော့သည်။ "အဲဒီကျင့်ကြံသူက အရင်တုန်းက ကျွန်မနဲ့ ရန်ငြိုးနည်းနည်းရှိခဲ့ဖူးတယ်။ ဒီတခါ ကျွန်မ တခြားသူတွေနဲ့ အပြင်ထွက်လာတာ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ နေရာတစ်ခုတည်းကို ဖိတ်ကြားခံခဲ့ရတယ်လေ။ လမ်းမှာတွေ့တုန်းက သူ ကျွန်မကို အနိုင်ကျင့်သွားသေးတယ် !"

သူမက စဉ်းစားလိုက်၏။ ငါ့ဆီကနေ လျန်ငွေ ၂၀၀ အလကား လုသွားတာက အနိုင်ကျင့်တာ မဟုတ်လို့ ဘာဖြစ်ဦးမှာလဲ။

ကျားနက် မိစ္ဆာက တုံ့ဆိုင်းနေဆဲ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူမကလည်း ထပ်ပြီး ပြောလိုက်တော့သည်။ "တကယ်လို့ ရှန်းကျွင်းက ဒါကို အလုပ်ရှုပ်တယ်လို့ ထင်ရင်လည်း ထားလိုက်ပါတော့။ အစတုန်းကတော့ ကျွန်မက ရှင့်ရဲ့ကျင့်ကြံမှုအဆင့်က အဆင့်၃ပဲ ရှိသေးတာကို တွေ့ရလိုပါ။ တကယ်လို့ အဆင့်၃ အထွဋ်အထိပ်အထိ မြင့်တင်နိုင်ခဲ့မယ်ဆိုရင် အဲဒီအခါ ကျွန်မရဲ့ဦးလေး၆ရဲ့ အမြုတေကို စားတဲ့အခါ ပိုပြီးတော့ စိတ်ချရမှာမလို့ပါ"

အားချန်က ထိုသို့ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ကျားနက် မိစ္ဆာသည် တွေဝေမနေတော့ချေ။ အဆင့်၄ မြေခွေးမိစ္ဆာ၏ အမြုတေကို စားသုံးနိုင်ခဲ့လျှင် သူ့တွင် အဆင့်၄သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရှိလာပေလိမ့်မည်။ ထိုအခါတွင် မိစ္ဆာမျိုးနွယ်တို့၏ နယ်မြေထဲတွင်ပင် ဘုရင်တစ်ပါး ဖြစ်လာနိုင်ပြီး အခြားသော မိစ္ဆာကြီးများကို စော်ကားမိသဖြင့် သာ့ရှသို့ မဖြစ်မနေ ထွက်ပြေးလာရသည့် အဖြစ်မျိုးလည်း ထပ်ပြီးဖြစ်လာတော့မည် မဟုတ်ပေ။

"ကောင်းပြီလေ။ ငါ့ကို အခုပဲ အဲဒီ အဆင့်၃ကျင့်ကြံသူဆီ ခေါ်သွားပေး"

ကျားနက် မိစ္ဆာသည် ထိုသို့ပြောလိုက်သော်ငြားလည်း စိတ်ထဲတွင်တော့ တွေးတောနေဆဲပင်။ ဒီမြေခွေးမိစ္ဆာက တကယ်ကို အငြိုးအတေး ကြီးတာပဲ။ သူနဲ့ မကျေမလည်တာ နည်းနည်းလေး ရှိခဲ့ဖူးတဲ့သူတိုင်းကို သေအောင် လုပ်ချင်နေတာ။ မိစ္ဆာအမြုတေ ရပြီးတာနဲ့ ဒီမြေခွေးကို သတ်ပစ်ရမယ်။ မဟုတ်ရင် မြေခွေးမျိုးနွယ်စုက ငါက မြေခွေးဘုရင်ရဲ့သားရဲ့ အမြုတေကို မျိုချလိုက်တာ သိသွားပြီး ငါ့ကိုပြဿနာ လာရှာနေဦးမယ်။

"ရှန်းကျွင်း မကြောက်ဘူးလား။ အဲဒီလူက သာ့ရှရဲ့အရာရှိတွေ တစ်ယောက်နော်" အားချန်က ကျားနက် မိစ္ဆာကို တမင်တကာ လှောင်ပြောင်လိုက်လေသည်။

"မင်းက စားပြီးတာနဲ့ ရှီးလင်ကို သွားမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ အဲဒီအခါကျရင် ငါတို့တွေ ထွက်ပြေးသွားရင် သာ့ရှက အရာရှိတွေ ငါတို့ကို လိုက်မီမှာ မဟုတ်တော့ဘူး"

အားချန်ကလည်း ချက်ချင်းဆိုသလို ချီးကျူးစကား ပြောလိုက်တော့သည်။ "ရှန်းကျွင်းက တကယ်ဆုံးဖြတ်ချက် ပြတ်သားတာပဲ။ နောင်တချိန်မှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရမှာသေချာတယ်။ နောက်ပိုင်း ရှန်းကျွင်းက အဆင့်ငါးနယ်ပယ် မိစ္ဆာဘုရင်ကြီး ဖြစ်လာခဲ့ရင် ကျွန်မကိုမမေ့သွားနဲ့နော်"

"ပြောစရာမလိုပါဘူး ဟား ဟား ဟား..."

ကောင်းကင်သည် တဖြည်းဖြည်း မှောင်မည်းလာလေသည်။ ကြာပန်းဥယျာဉ် အတွင်းတွင် နေရာအနှံ့ မီးပုံးများကို ထွန်းညှိထားပြီး ဥယျာဉ်တစ်ခုလုံး မီးရောင်များဖြင့် လင်းထိန်လို့နေ၏။

ယနေ့တွင် သားဖြစ်သူ ထွက်သွားလိုက်ချိန် ရွှဲရှီသည် မျက်ခွံများ တဆတ်ဆတ် လှုပ်နေခဲ့လေသည်။ သူမသည် မတော်တဆ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်သဖြင့် တစ်ချိန်လုံး ရင်တထိတ်ထိတ် ဖြစ်နေရ၏။

ကောင်းကင်ကြီးက မှောင်မည်းသွားသည့်အထိ ရွှဲကျောင်းပြန်ရောက် မလာသေးသည်ကို သိရသောအခါ ရွှဲရှီသည် ကြာပန်းဥယျာဉ်၏ တံခါးဝတွင် အတန်ကြာအောင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတော့သည်။

ရွှဲယင်ကတော့ မိခင်၏စိုးရိမ်ပူပန်မှုကို ဂရုမစိုက်ဘဲ ဘေးမှနေ၍ နှစ်သိမ့်ပေးလိုက်၏။ "အမေ အစ်ကိုက လမ်းမှာ ကြန့်ကြာနေလို့ ဖြစ်မှာပါ။ လူတွေ အများကြီး အတူတူသွားလိုက် ကြတာပဲလေ။ ဘယ်လိုလုပ်ပြီး မတော်တဆမှုဖြစ်မှာလဲ အမေ အတွေးလွန်နေတာပါ"

ရွှဲရှီကတော့ သမီးဖြစ်သူ၏ စကားကို လုံးဝနားမထောင်ဘဲ မြည်တွန် တောက်တီး လိုက်တော့၏။ "နင့်အစ်ကိုက စကားကို နားမထောင်ဘူး။ မြို့အပြင်ဘက်က ဘယ်လိုလုပ်ပြီး လုံခြုံမှာလဲ။ အရင်တစ်ခေါက် ကျားမိစ္ဆာနဲ့တွေ့တုန်းက သေမလိုတောင်ဖြစ်ပြီး ပြန်မလာနိုင်တော့ မလို့တောင် ဖြစ်သွားတယ်။ အခုထပ်သွားရဲသေးတယ်"

"ဒီလောကကြီးမှာ မိစ္ဆာတွေ ဘယ်လိုလုပ်ပြီး အများကြီးရှိနိုင်မှာလဲ" ရွှဲယင်သည် ပါးစပ်ကပွစိပွစိ ရေရွတ်လိုက်ချိန်တွင် ရုတ်တရက် နှလုံးခုန်သံ ရပ်တန့်သွားသလို ခံစားလိုက်ရ၏။

ခံစားချက်က ရှင်းမပြတတ်အောင် ဖြစ်သွားသော်ငြားလည်း သူမသည် ကြောက်လန့်စိတ်တစ်ခု ဖြစ်ပေါ်လာတော့သည်။ သူမအတွက် အလွန်အရေးကြီးသည့် လူတစ်ယောက် ဆုံးရှုံးလိုက်ရသလိုပင်။ ဘယ်သူများပါလိမ့်။

"ဘာဖြစ်တာလဲ" သမီးဖြစ်သူကရင်ဘက်ကိုဖိကိုင်တာ မြေကြီးပေါ်သို့ လှဲကျသွားသည်ကို မြင်ရသည်တွင် ရွှဲရှီသည် ထိတ်လန့်တကြား အရှေ့သို့ပြေးသွားပြီး တံခါးစောင့်များကို လှမ်းအော်လိုက်တော့သည်။ "မြန်မြန်။ သမားတော်သွားပင့်ကြ"

ထိုအစောင့်သည် ကြာပန်းဥယျာဉ်အတွင်းသို့ သမားတော်ပင့်ရန် လှည့်ထွက်သွားတော့၏။

"ယင်ယင် သမီး ဘာဖြစ်တာလဲ"

"အမေ" ရွှဲယင်သည် ရွှဲရှီ၏။အင်္ကျီလက်ကို ဆတ်ခနဲ ဆွဲကိုင်လိုက်ကာ မျက်လုံးများ ပြူးကျယ်လာပြီး "အစ်ကိုပဲ။ အစ်ကိုတစ်ခုခု ဖြစ်သွားပြီ ထင်တယ်"

"သမီး ဘာတွေ လျှောက်ပြောနေတာလဲ !” ရွှဲရှီက ဆူငေါက်လိုက်တော့၏။

"သမီး လျှောက်ပြောနေတာ မဟုတ်ဘူး။ သမီး ခံစားလို့မကောင်းဘူး။ တစ်ယောက်ယောက် တစ်ခုခုဖြစ်သွားတာ သေချာတယ်။ အမေ သမီးတို့တွေ အစ်ကို့ကို ချက်ချင်းသွားရှာရမယ်”

ရွှဲရှီသည် ပါးစပ်မှ သားဖြစ်သူ၏ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ပြောဆိုနေသော်ငြားလည်း စိတ်ထဲတွင်တော့ သားဖြစ်သူတစ်စုံတစ်ခု ဖြစ်သွားနိုင်သည်ကို လက်ခံရန် ဆန္ဒမရှိချေ။

သို့သော်ငြား သားနှင့်သမီးသည် ကလေးဘဝကတည်းက တစ်ဦးနှင့်တစ်ဦး ခံစားနိုင်စွမ်း အနည်းငယ်ရှိကြ၏။ သမီးဖြစ်သူ ဖျားနာနေလျှင် သားဖြစ်သူသည်လည်း မရပ်မနား ငိုယိုနေတတ်သည်။ သမီးဖြစ်သူက ယခုကဲ့သို့ ပြောဆိုလာချိန်တွင်တော့ ရွှဲရှီသည်လည်း မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

သမားတော် ရောက်ရှိလာပြီးနောက်တွင် သူမက သမီးဖြစ်သူကိုသာ ထားခဲ့ကာ သူမနှင့်အတူ ခေါ်လာသည့် ကိုယ်ရံတော်များကို မြန်မြန်သွားရောက်ရှာဖွေပြီး လမ်းတလျှောက် လူများကို သွားကြိုခိုင်း လိုက်လေသည်။

နောက်ဆုံးတွင်တော့ သူမသည် မင်းသမီးကြီး၏ ခြံဝင်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီး မင်းသမီးကြီးနှင့် တွေ့ဆုံခွင့် တောင်းခံလိုက်တော့၏။

တံခါးစောင့်များက အတွင်းသို့ ဝင်ရောက်သတင်းပို့ပြီးနောက် မင်းသမီး၏အနီးကပ် အထိန်းတော်က ထွက်လာပြီး ရွှဲရှီကိုပြောလာသည်။ "ကျင့်ယန်မြို့စားကတော် ပါလား။ မင်းသမီးက အခု လူကြီးမင်းပိုင်ရဲ့ ခြံဝင်းထဲမှာရှိပါတယ်။ တကယ်လို့ ကျင့်ယန်မြို့စားကတော်က မင်းသမီးကို ရှာချင်တယ်ဆိုရင် ကျွန်မ ခေါ်သွားပေးလို့ရပါတယ်"

ရွှဲရှီသည် စိတ်လောနေသော် ငြားလည်း အလျင်စလို မပြုမူရဲဘဲ "မော့မော့ကို အလုပ်ရှုပ်စေမိပါပြီ" ဟုသာ ဆိုလိုက်ရတော့သည်။

ဒီအချိန်တွင် ပိုင်ရှိုးမင်နေထိုင်ရာ ခြံဝင်းငယ်လေးထဲ၌ စီးဆင်းနေသည့် ရေလှိုင်းသံနှင့် ပိုးကောင်ငယ်လေးများ၏ မြည်သံတို့သည် အပြန်အလှန် ပဲ့တင်ထပ်လို့ နေသလေသည်။ သူနေထိုင်သည့် ခြံဝင်းထဲတွင် သိပ်မကြီးမားလှသည့် ရေကန်ငယ်လေးတစ်ခုရှိပြီး ရေကန်ထဲတွင်လည်း ကြာပန်းများက တစ်စုတစ်ဝေးတည်း ပေါက်ရောက်နေကြသည်။

ဒီကြာပန်းများသည် အပြင်ဘက်က အရောင်အသွေး စုံလျင်လှသည့် ကြာပန်းများနှင့် အနည်းငယ် ကွဲပြားမှုရှိ၏။ နေ့ခင်းဘက်တွင် ဒီနေရာက ကြာပန်းများသည် အငုံလေးလို ဖြစ်နေသော်ငြားလည်း နေမင်းကြီးဝင်ရောက် ပျောက်ကွယ်သွား သောအခါ ထိုကြာပန်းလေးများသည် ယိမ်းနွဲ့စွာဖြင့် ပွင့်ချပ်များ ပွင့်အာကာ ဖြည်းညှင်းစွာ ပွင့်လန်းလာကြလေသည်။

ပွင့်ချပ်လေးများ၏ အဖျားများသည် ညအမှောင်ထဲတွင် မှိတ်တိတ်မှိတ်တုတ် အလင်းရောင်များ ပေါ်ထွက်လို့နေ၏။ ရေကန်အပြည့် ကြာပန်းများ ပွင့်လာသောအခါ ကြည့်ရှုရသည်မှာ အင်မတန်ထူးခြား ခန်းနားလှလေသည်။

ဒီကြာပန်းများကို ဖူနဉ်မင်းသမီးကြီးက လူလွတ်ကာ ရှီးလင်မှ အထူးတလည်ရှာဖွေ ယူဆောင်လာခိုင်းခဲ့ပြီး ထူးခြားသည့်မျိုးစေ့ ဖြစ်၏။ ကြားရသည်ကတော့ ဒီကြာပန်းအမျိုးအစားသည် အစောပိုင်းနှစ်များက ကွယ်လွန်သွားခဲ့သည့် ရှီးလင်ဝမ်ဖေး ပျိုးထောင်ခဲ့ခြင်းဖြစ်ပြီး ထူးခြားသည့် မျိုးစေ့တစ်ခုဟု သတ်မှတ်နိုင်လေသည်။

ပိုင်ရှိုးမင်သည် ကြာပန်းဥယျာဉ်သို့ ရောက်လာရခြင်းကလည်း ဒီကြာပန်းများကြောင့်ပင်။

ဖူနဉ် မင်းသမီးကြီးသည် ပိုင်ရှိုးမင်နှင့် အတူ ရေကန်စပ်နားတွင် ရပ်နေလေ၏။ ကြာပန်းများ ပွင့်လနါးလာသည်ကို ပထမဦးဆုံးအကြိမ် မြင်တွေ့ရခြင်း မဟုတ်သော်ငြားလည်း လာရောက်ကြည့်ရှုသည့် အကြိမ်တိုင်းတွင် ရင်သပ်ရှုမောဖွယ် ခံစားရလေသည်။

နှစ်ယောက်သား ဘယ်သူကမှ စကားမပြောကြဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်ရှုနေကြသည်။

ရုတ်တရက် ခြံဝင်းအပြင်ဘက်က မင်းသမီးကြီး၏ အထိန်းတော်အသံ ထွက်ပေါ်လာခဲ့သည်။

"ကုန်းကျူ ကျင့်ယန်မြို့စား ကတော်က တွေ့ဆုံခွင့် တောင်းခံနေပါတယ်"

ဖူနဉ်မင်းသမီးကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီး ဒီအချိန်မှ အနှောင့်အယှက် ပေးခံလိုက်ရသဖြင့် အနည်းငယ် မကျေမနပ် ဖြစ်သွားတော့၏။ သူမက ကြာပန်းကန်လေးကို နှမြောတသစွာ တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ ပိုင်ရှိုးမင်ကို လှမ်းပြောလိုက်သည်။ "ကျွန်မ ခဏလောက် သွားလိုက်ဦးမယ်"

ပိုင်ရှိုးမင်းက အင်းဟု ခပ်တိုးတိုး ပြန်ပြောလိုက်သည်တွင် သူမကလည်း လှည့်ကာ ခြံဝင်းအပြင်ဘက်သို့ လျှောက်ထွက်သွားတော့သည်။

ဖူနဉ် မင်းသမီးကြီးကို တွေ့လိုက်ရသောအခါ ရွှဲရှီသည် တုန်ယင်နေသည့် အသံဖြင့် ပြောလာခဲ့၏။ "ကုန်းကျူ ကျွန်မရဲ့သားက လီမြို့စားအိမ်တော်က တတိယသခင်လေး၊ ပြီးတော့ အန်းရှီစစ်သူကြီးအိမ်တော်က ဒုတိယသခင်လေးတို့နဲ့အတူတူ အပြင်ဘက်မှာ အမဲလိုက် ထွက်သွားကြပါတယ်။ မမှောင်ခင် ပြန်လာမယ်လို့ ပြောထားပေမယ့် အခုထိ ဘာသတင်းမှ အစအန မကြားရသေးလို့ပါ"

ဘေးကအထိန်းတော်သည် ရွှဲရှီက မင်းသမီးကြီးကို လာရှာရခြင်းမှာ ဒီအကြောင်းအရာ ပြောဖို့ရန်အတွက် ဖြစ်သည်ကို ကြားလိုက်ရသောအခါ စိတ်ထဲတွင်အနည်းငယ် မကျေမနပ် ဖြစ်သွားတော့သည်။

ဖူနဉ် မင်းသမီးကြီး၏ စိတ်ထဲတွင်လည်း မတက်သာဟန်ဖြစ်သွားပြီး ကျင့်ယန်မြို့စားကတော်၏ ဒုတိယဇနီးသည်သည် အခြေအနေကို ကောင်းစွာ မခွဲခြားတတ်လေခြင်းဟု တွေးမိလေတော့၏။ ကျင့်ယန်မြို့စားကို ဂုဏ်သိက္ခာကျဆင်းစေသည့် အပြုအမူကိုလုပ်ရန် လုပ်ဆောင်ခဲ့သည်ကလည်း အံ့သြစရာမရှိတော့ပေ။

သို့သော်ငြား သူမသည် အမြဲတမ်း တခြားသူရှေ့တွင် နူးညံ့သိမ်မွေ့ဟန် ပြသလေ့ရှိသဖြင့် ယခုအချိန်တွင် ပြင်းပြင်းထန်ထန် စကားကို ပြောဆိုဖို့ရန်လည်း မသုံးတတ်ချေ။ သူမက ဤသို့သာ ပြောလိုက်လေတော့သည်။ "လမ်းမှာကိစ္စလေး တစ်ခုခုရှိလို့ ကြန့်ကြာနေတာပဲ ဖြစ်ပါလိမ့်မယ်။ တကယ်လို့ ကျင့်ယန်မြို့စား ကတော်က တကယ်ပဲ စိုးရိမ်တယ်ဆိုရင် ပန်းကုံးက အစောင့်တွေလွှတ်ပြီး သူတို့ကို သွားရှာခိုင်းလိုက်ပါမယ်"

ဖူနဉ် မင်းသမီးကြီး၏ အေးအေးလူလူ အမူအရာကို မြင်လိုက်ရသည်တွင် ရွှဲရှီသည် ဘုတ်ခနဲ ဒူးထောက်ချလိုက်တော့သည်။ "ကုန်းကျူ ကျွန်မ ချဲ့ကားပြောဆိုနေတာ မဟုတ်ပါဘူး။ သမီးငယ်လေးက ငယ်ငယ်ကတည်းက ကျွန်မသားနဲ့ စိတ်ချင်း ဆက်နေတာပါ။ သူခုနတုန်းက ရင်ဘတ်ထဲကနေ အဆက်မပြတ် နာကျင်လာပြီး သူပါးစပ်ကနေလည်း ကျွန်မသား တစ်ခုခုဖြစ်သွားပြီလို့ တောက်လျှောက် ပြောနေပါတယ်။ ကျွန်မသားနဲ့အတူတူ ထွက်သွားကြတဲ့သူ အားလုံးကလည်း မျိုးရိုးမြင့် မိသားစုက သားသမီးတွေချည်းပါပဲ။ ကျွန်မ စိုးရိမ်မိတာက သူတို့အားလုံး မတော်တဆမှု တစ်ခုခုနဲ့ ကြုံတွေ့သွားရပြီလားလို့ပါ"

သူမက ထိုသို့ပြောလာသည်ကို ကြားလိုက်ရသည်တွင် ဖူနဉ်မင်းသမီးသည်လည်း စိုးရိမ်လာလေတော့သည်။ မတော်တဆမူက သူမကြောင့် ဖြစ်ပေါ်ခဲ့သည် မဟုတ်သော်ငြားလည်း အကယ်၍များ ထိုလူများသည် အမှန်တကယ် မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရပါက သူမသည် မျိုးရိုးမြင့် မိသားစုများစွာကို သေချာပေါက် စိတ်ခုအောင် လုပ်မိပြီးတော့မည်။

"ဒါဆိုရင် မြို့စားကတော်က ဘယ်လိုလုပ်စေချင်လို့လဲ"

ရွှဲရှီသည် မျှော်လင့်ချက်အပြည့် မျက်လုံးများဖြင့် မေးလိုက်လေသည်။ "ကုန်းကျူအနေနဲ့ လူကြီးမင်းပိုင်ကို ကူညီပေးဖို့ တောင်းဆိုပေးလို့ ရနိုင်မလား မသိဘူး။ သူ့ရဲ့ကျင့်ကြံမှု အဆင့်က မြင့်မားတော့ လူရှာဖို့ဆိုရင်တော့ မခက်ခဲလောက်ဘူး ထင်တယ်။ တကယ်လို့ မကောင်းဆိုးဝါး၊ သရဲတစ္ဆေ တွေရှိနေတယ်ဆိုရင်လည်း အလွယ်တကူ ရှင်းလင်းနိုင်မှာပါ"

ဖူနဉ် မင်းသမီးကြီးသည် ခြံဝင်းဘက်သို့ လှမ်းကြည့်လိုက်လေသည်။ "ဒီကိစ္စကို ပန်ကုံးက သူ့ကိုယ်စား သဘောတူပေးလို့မရဘူး။ ပန်ကုံး ရှင့်ကို အထဲခေါ်သွားပေးမယ်။ ရှင် ဒီကိစ္စကိုသူ့ဆီ တိုက်ရိုက်လျှောက်တယ်လို့ရတယ်"

"ကုန်းကျူကို ကျေးဇူးတင်ပါတယ်"

ရွှဲရှီသည် ယခုအချိန်တွင် မည်သူ့ကိုအကူအညီ တောင်းရမည်မှန်း အမှန်ပင် မသိတော့ချေ။ သူမ စဉ်းစားမိသည့် တစ်ဦးတည်းသောသူမှာ ပိုင်ရှိုးမင်သာ ဖြစ်တော့သည်။

သူက မင်ကျင့်စီးကာ ကျန့်ရှိဖူပဲ။ သခင်ကြီးကတောင်မှ ပြောသေးတယ်။ သူက ကျန်းပေမြို့စားနဲ့ ယှဉ်ပြိုင်တိုက်ခိုက်တာတောင်မှ အရေးမနိမ့်ဘူးတဲ့။ ဒီလိုလူသာ ကူညီဖို့ ဆန္ဒရှိရင် သူမရဲ့သားကို ရှာတွေ့နိုင်အောင် သေချာပေါက် ကူညီပေးနိုင်မှာပဲ။

ရွှဲရှီသည် သေသေချာချာလေး တွေးထားသော်ငြားလည်း ကံဆိုးချင်တော့ သူမက ပိုင်ရှိုးမင်၏ရှေ့တွင် ဒူးထောက်ကာ အကူအညီပေးဖို့ တောင်းပန်လာသောအခါ ပိုင်ရှိုးမင်ကတော့ သူမကို ပေါ့ပေါ့ပါးပါး တစ်ချက်သာ ကြည့်လိုက်တော့သည်။ "မြို့စားကတော် လူ မှားနေပါပြီ။ ဒီအရာရှိက မြို့တော်ဝန် မဟုတ်ပါဘူး။ လူရှာဖွေပေးရတဲ့ တာဝန်မရှိပါဘူး"

"လူကြီးမင်းပိုင် ကျွန်မသား သွားတဲ့နေရာက အရင်တုန်းက ကျားမိစ္ဆာ ပေါ်ထွက်ခဲ့ဖူးတဲ့ အဲဒီတောင်ပါပဲ။ တောင်ထဲမှာ မိစ္ဆာတွေကို ရှင်းလင်းသုတ်သင်တာ မကုန်စင် သေးတာလည်း ဖြစ်နိုင်တယ်။ ဒါက မင်ကျင့်စီးရဲ့ တာဝန်ယူရမယ့် အပိုင်းထဲမှာ ပါနေတယ်မဟုတ်လား"

"တကယ်လို့ ဘယ်သူမဆို ထင်ကြေးသက်သက်နဲ့ ဒီအရာရှိကို တမင်သက်သက် အမှုကိစ္စ ဆောင်ရွက်ခိုင်းလို့ရနေမယ်ဆိုရင် ဒီအရာရှိက ..."

ပိုင်ရှိုးမင်၏စကား မဆုံးသေးခင်မှာပင် ခြံဝင်းအပြင်ဘက်က ရုတ်တရက် ဆူညံသံများ ထပ်မံထွက်ပေါ်လာခဲ့၏။

"ဒီက ဖူးရန်။ ခင်ဗျား အထဲဝင်လို့မရဘူး"

"ကုန်းကျူ အထဲမှာရှိနေပါတယ်။ အတင်းအကြပ် ဝင်လာမယ်ဆိုရင် ကျွန်တော်တို့တွေ ညှာတာမှာမဟုတ်ဘူးနော်"

အစောင့်များ၏ တားမြစ်ဟန့်တားသံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ကြီးမားသည့်တံခါးသည် တွန်းဖွင့်ခံလိုက်ရ၏။ ပိုင်ရှိုးမင်က လှမ်းကြည့်လိုက်သည်တွင် ပင်ပန်းနွမ်းနယ်နေဟန်ရှိသည့် ချန်ဟွေ့ကို တွေ့မြင်လိုက်ရတော့သည်။

ချန်ဟွေ့က ပိုင်ရှိုးမင်ကို မြင်လိုက်သည်နှင့် ချက်ချင်း လှမ်းပြောလိုက်၏။ "လူကြီးမင်းပိုင် ကျွန်မတို့တောင်ထဲမှာ သရဲတစ္ဆေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လင်းစွေ့ အဖမ်းခံလိုက်ရပြီး ရွာထဲမှာကျန်ခဲ့တဲ့ အားချန်လည်း ပျောက်သွားခဲ့ပါတယ်။ သူ တစ်ခုခု ဖြစ်နေလား မသိဘူး"

ပိုင်ရှိုးမင်က လေးနက်သည့် အသံတစ်ခုဖြင့် မေးလာသည်။ "သူ ဘယ်နေရာမှာ ပျောက်သွားတာလဲ"

"ဟွမ်ရှီရွာမှာပါ"

...

All Chapters