အခန်း (၁၄၀)
Vol. 13 Ch. 140
အတွင်းအားသန့်စင်ခြင်းအဆင့် ခေါင်းဆောင်အချို့ သေဆုံးသွားသလို၊ သူတို့လက်အောက်က စစ်သည်တွေလည်း မသက်သာကြပါဘူး။ သူတို့ဟာ နဂါးပြာစခန်း နဲ့ မီးငှက်စခန်းက စစ်သည်တွေရဲ့ ဝိုင်းဝန်းရိုက်နှက်တာကို ခံရပြီး တစ်ပိုင်းသေဘဝနဲ့ စစ်ဆေးရေးစင်မြင့်ရှေ့ကို တရွတ်တိုက် ဆွဲခေါ်လာခြင်း ခံရပါတယ်။
"ဒီကောင်တွေက တပ်စခန်းရှစ်ခုရဲ့ ဂုဏ်သိက္ခာကို တကယ်ညှိုးနွမ်းစေတာပဲ"
စစ်သည်တွေဟာ တရားမျှတမှုအတွက် ဒေါသထွက်နေကြပါတယ်။ "ထောင်စုမှုးလီ... ဒီကိစ္စကို အထက်အကဲဖြတ်ဒိုင်တွေဆီ အစီရင်ခံပေးပါ။ ဒါကို အသေအချာ စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရပါမယ်"
သူတို့ အစီရင်ခံစာ မတင်ရသေးခင်မှာတင် မဟာသွေးကြော အဆင့်ရှိတဲ့ ဗိုလ်ချုပ်ငယ်တစ်ဦး ရောက်လာပြီး ကြေညာလိုက်ပါတယ်။
"ရွေးချယ်ပွဲ စစ်ဆေးမှုကို ခေတ္တရပ်နားတယ်"
"ဘယ်သူက မျက်နှာသာပေးမှုနဲ့ မသမာမှုတွေ လုပ်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရမချင်း ဘယ်သူမှ ထွက်ခွာခွင့်မရှိစေနဲ့"
စစ်ဆေးမှု ရပ်နားလိုက်ပြီ စုံစမ်းစစ်ဆေးမှု စတင်ပြီ
ဒီစကားနှစ်ခွန်းဟာ လူတိုင်းရဲ့ နှလုံးသားထဲကို မိုးကြိုးပစ်ချလိုက်သလို တုန်ဟည်းသွားစေပါတယ်။
"မသမာမှုတွေ ဟုတ်လား"
"ဒါဆို တစ်စုံတစ်ယောက်က ရွေးချယ်ပွဲမှာ တကယ်ပဲ ခိုးလုပ်ခဲ့တာပေါ့"
"ဘယ်သူက ဒီလောက်အထိ သတ္တိကောင်းနေရတာလဲ"
"မင်းသားလေး"
စင်မြင့်မြင့်ပေါ်က အခြေအနေကို ကြည့်ရင်း ယင်ဟန်ဝမ်တစ်ယောက် စပြီး ပျာယာခတ်လာပါတယ်။
"ဒုက္ခပဲ... ဘုရင်ခံက တကယ်ကြီး စုံစမ်းတော့မယ့်ပုံပဲ ဒါ ပြဿနာတက်
နိုင်တယ်နော်"
ဝမ်ချိုးရှီကလည်း အလားတူပဲ စိုးရိမ်နေပါတယ် "မင်းသားလေး... ဒါက ကျွန်တော်တို့ရဲ့ ရှေ့ဆက်မယ့် လမ်းကြောင်းကို ထိခိုက်နိုင်မလား"
"ငါက ဘယ်တုန်းက ရွေးချယ်ပွဲမှာ မသမာမှု့လုပ်ခဲ့လို့လဲ မင်းတို့နှစ်
ယောက်က ဘာလို့ အကြောင်းမရှိ ပြာနေကြတာလဲ ဒီလောက် သတ္တိနည်းနေရင် စစ်မြေပြင်မှာ ဘယ်လို တိုက်မလဲ"
ချောင်ဖန်ကတော့ ထူးထူးခြားခြား တည်ငြိမ်နေပါတယ် "စိတ်မပူနဲ့၊ ငါ့ဆီကို ဘာမှ ရောက်လာမှာ မဟုတ်ဘူး တကယ်လို့ တစ်စုံတစ်ယောက် ဒုက္ခရောက်
မယ်ဆိုရင် အဲဒါ ဆွန်ဒူရှန်ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်"
သူက နောက်ဆုံးစကားလုံးကို အထူးအလေးပေး ပြောလိုက်ပါတယ်။
"ဟင်"
ယင်ဟန်ဝမ်နဲ့ ဝမ်ချိုးရှီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။ ဒီစကားက ယုံရခက်နေလို့ပါ ဆွန်ဒူရှန်လို နာမည်ကျော် လူကြီးကြီးကို ဘယ်သူက ဒုက္ခပေးနိုင်မှာလဲ။
"သူ အိုနေပြီ"
အသက် ၂၀ ကျော်သာ ရှိသေးပေမဲ့ ချောင်ဖန်ရဲ့ ပုံစံက အိုမင်းပြီး အကွက်
စိပ်လှတဲ့ မြေခွေးအိုကြီးတစ်ကောင်လိုပါပဲ။
"ချန်ဆန်းရှီကို ပစ်မှတ်ထားတာက ပန်းတိုင်တစ်ခု ဖြစ်ပေမဲ့ အဓိက ရည်ရွယ်ချက်တော့ မဟုတ်ဘူး"
"ငါက ရွေးချယ်ပွဲမှာ ပြဿနာရှာပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာရအောင် အဲလောက်အထိ ရူးမယ်လို့ မင်းတို့ ထင်နေသလား"
"ဒီအကွက်က ဆွန်ဒူရှန်အတွက် ခင်းထားတာ"
"သူက ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ သဘောတူလိုက်တာနဲ့ သူကိုယ်တိုင် ကျင်းထဲကို ခုန်ဆင်းလိုက်သလိုပဲ။ သူ့ရဲ့ ဂုဏ်သိက္ခာရော၊ သူ့ရဲ့ အောင်မြင်ခဲ့သမျှ ဘဝနှောင်းပိုင်းကိုပါ ရင်းလိုက်ရတာပဲ ကြည့်နေလိုက်ကြ"
အဆင့်မြင့် အသိုင်းအဝိုင်းက လာတဲ့သူ ဖြစ်တာကြောင့် ချောင်ဖန်ဟာ သူ့အတွက် အန္တရာယ် သိပ်မရှိတဲ့ ပြိုင်ဘက်တစ်ယောက်ကို နှိမ်နင်းဖို့အတွက်နဲ့တင် အရာအားလုံးကို ရင်းပြီး မိုက်မိုက်ကန်းကန်း လုပ်မယ့် မင်းသားမျိုး မဟုတ်ပါဘူး။
ဒီရွေးချယ်ပွဲမှာ သူတို့မှာ အဓိက ရည်မှန်းချက် (၂) ခု ရှိပါတယ်။
ပထမ - အနိုင်ရပြီးနောက် ဆွန်ဒူရှန်ဆီကနေ 'စစ်နတ်ဘုရား'အဆင့်ကို ကျော်လွန်နိုင်မယ့် နည်းလမ်းကို ရယူဖို့။
ဒုတိယ - တပ်စခန်းရှစ်ခုထဲကို ပိုပြီး ထိုးဖောက်ဝင်ရောက်ပြီး ဆွန်မိသားစုရဲ့ အာဏာကို လျော့ပါးသွားအောင် လုပ်ဖို့ပါပဲ။
"သူ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးမယ် ဟုတ်လား"
အရာရှိကြီး မိသားစုက လာတဲ့ ယင်ဟန်ဝမ်ကတော့ ချက်ချင်း သဘောပေါက်သွားပါတယ် "မင်းသားလေးရဲ့ အကွက်က တကယ်ကို ပြောင်မြောက်တာပဲ ဒီနေ့တော့ တကယ့် ပွဲကောင်းကြည့်ရတော့မယ် ထင်
တယ်"
တခြားသူတွေကလည်း တီးတိုး စကားပြောနေကြပါတယ်။
"တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ"
"ရွေးချယ်ပွဲ စတင်ခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး"
"ရွေးချယ်ပွဲမှာ မသမာမှု လုပ်တာက နန်းတွင်းစာမေးပွဲမှာ ခိုးချတာနဲ့ အတူတူပဲ။ ဒါက သေဒဏ်ပေးလို့ရတဲ့ အပြစ်မျိုးပဲ၊ ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး"
"အဲဒါက စကားအရ ပြောတာပါ တကယ်တမ်းကျတော့ အဲဒီလောက် မရိုးရှင်းဘူး"
"ဒီပွဲမှာ မသမာမှု့လုပ်ရဲတယ်ဆိုကတည်းက အဲဒီလူက အရမ်းမြင့်တဲ့ ရာထူးနေရာမှာ ရှိနေလို့ပဲ ဖြစ်ရမယ်"
"ဒါဆိုရင် ဘယ်လို အဆုံးသတ်သွားမလဲ"
လူအုပ်ကြီးက အမျိုးမျိုး ဝေဖန်နေကြပါတယ်။ အရင်က ဒီလိုမျိုး မကြုံဖူးတာကြောင့် ဘယ်လို ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ တကယ်လို့ ပါဝင်ပတ်သက်သူက ရာထူး အရမ်းကြီးနေရင် တကယ်ပဲ ကွပ်မျက်မှာလားတကယ်လို့ မကွပ်မျက်ဘူးဆိုရင်ရော နောင်မှာ ဒီရွေးချယ်ပွဲရဲ့ ယုံကြည်
စိတ်ချရမှုက ကျဆင်းသွားမှာ မဟုတ်လား....
ဒါပေမဲ့ နောက်တစ်ချက်က...
ဒီရွေးချယ်ပွဲဟာ ဘုရင်ခံကိုယ်တိုင် ရွေးချယ်ပေးတဲ့ နောက်ဆုံးပွဲ ဖြစ်နိုင်ပါတယ်။ ဆွန်ဒူရှန်က သူ့ရဲ့ ဇာတိကို ပြန်ပြီး အနားယူတော့မယ်ဆိုတဲ့ သတင်းတွေ၊ အာဏာတွေကို လွှဲပြောင်းပေးနေရတယ်ဆိုတဲ့ ကောလာဟလတွေက ပျံ့နေတာကိုး "ဆင်အိုကြီး ဆွန် က ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ကျွေးနိုင်ပါဦးမလား" ဆိုတဲ့ စကားတွေတောင် ထွက်နေတာပါ။
ဒါဆို ဒီနေ့ကိစ္စကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်မှာလား အနားယူတော့မယ့် လူကြီးတစ်ယောက်အတွက်နဲ့ အရှိန်အဝါကြီးမားသူတစ်ယောက်ကို ဘယ်သူက ရန်သူတော် လုပ်ချင်ပါ့မလဲ
"ဘယ်သူပဲဖြစ်ဖြစ်၊ ပေါ်လာရင်တော့ ကွပ်မျက်ရမှာပဲ"
ပိုင်ထင်းကျိီကတော့ ထုံးစံအတိုင်း ပြတ်သားနေပါတယ် "မဟုတ်ရင်တော့ ဒီလို ရွေးချယ်ပွဲမျိုးမှာ ငါ ဆက်မပြိုင်ချင်တော့ဘူး"
သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်က စစ်ဘက်ဆိုင်ရာ စာမေးပွဲကို မဝင်ဘဲ ဒီရွေးချယ်ပွဲကိုမှ လာပြိုင်တာက 'တရားမျှတမှု ရှိတယ်' လို့ နာမည်ကြီးလို့ပါ။ အခုချိန်ထိတော့ အားလုံးက တရားမျှတခဲ့ပါတယ်။ မြင်းတွေ၊ လက်နက်တွေကိုတောင် အတူတူဖြစ်အောင် စီစဉ်ပေးခဲ့တာပါ။ ဒါပေမဲ့ အရေးကြီးဆုံး အချိန်ကျမှ ဒီလို ပြဿနာမျိုး ဖြစ်လာတာကတော့...
သူတစ်ယောက်တည်း မဟုတ်ပါဘူး နယ်အရပ်ရပ်က သိုင်းသမားတွေ လာကြတာဟာ ဆွန်ဒူရှန်ရဲ့ ဂုဏ်သတင်းကို ယုံကြည်လို့ပါ အခုချိန်မှာ သင့်တော်တဲ့ အဖြေတစ်ခု မပေးနိုင်ရင်တော့ နယ်အရပ်ရပ်က သိုင်းသမားတွေ စိတ်ပျက်သွားကြမှာ သေချာပါတယ်။
"ဒါက ကိစ္စကြီးသွားပြီ..."
ထန်ရင်ခက အခုမှ သက်ပြင်းချနိုင်ရုံရှိသေးတယ်၊ ပြန်ပြီး စိုးရိမ်လာရပြန်ပါတယ်။ သူ့အမြင်အရတော့ ဒီမှာတင် ရပ်လိုက်တာ အကောင်းဆုံးပါ။ အားလုံးက အဆင့် A ရပြီး ဘေးကင်းကင်းနဲ့ ဖောက်ထွက်နိုင်ခဲ့ပြီဆိုတော့ ဘာမှ မဖြစ်သလို ငြိမ်ငြိမ်လေး နေလိုက်တာက အကောင်းဆုံး ဖြစ်မှာပါ။
ဒီကိစ္စကို ဆက်ပြီး မွှေနှောက်နေမယ်ဆိုရင် ဘာမှ အကျိုးမရှိတဲ့အပြင် အခြေအနေတွေက ပိုပြီး ရုပ်ဆိုးသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမသမာမှုမှာ ပါဝင်ပတ်သက်နေတာက နောင်တစ်ချိန်မှာ ဧကရာဇ်ဖြစ်လာမယ့် အိမ်ရှေ့မင်းသားဖြစ်နေလို့ပါပဲ။ သူ့ကို ကူညီပေးနေတဲ့သူတွေကလည်း တပ်စခန်းရှစ်ခုမှာ ရာထူးကြီးသူတွေ ဖြစ်နေနိုင်ပါတယ်။
ဒါက ဆွန်ဒူရှန်ရဲ့ ဘဝနေဝင်ချိန် ဂုဏ်သိက္ခာကိုတောင် ထိခိုက်စေနိုင်ပါတယ် ဘာလို့ ဒီလောက်အထိ အပင်ပန်းခံနေမှာလဲ...
"ဟူး... ဒီညီလေးချန်က အလျှော့ပေးရမှန်း မသိဘူးလား"
တကယ်တော့...
ချန်ဆန်းရှီက အလျှော့ပေးလွန်းလို့ မြေကြီးမှာတောင် ဝပ်တွားနေခဲ့တာပါ။ တစ်ဖက်လူကသာ သူ့ကို ခွေးတစ်ကောင်လို ဆက်ဆံမှ ကျေနပ်မယ့်ပုံစံ ဖြစ်နေတာ။ သူကရော ဘာလုပ်ရမှာလဲ တကယ်ပဲ ခွေးလုပ်ရမှာလား
သူက ဆက်ပြီး အလျှော့ပေးနေရင် တစ်ဖက်လူက သူ့ကို လွှတ်ပေးမှာလားမဟုတ်ပါဘူး၊ ပိုပြီးတော့တောင် နှိပ်စက်လာမှာပါ။
ပြီးတော့ အဲဒီ အတွင်းအားသန့်စင်ခြင်း အဆင့်တွေဟာ မသေခင်မှာ သူတို့ရဲ့ အစွမ်းအစစ်ကို ထုတ်ပြသွားခဲ့တာကြောင့် အကဲဖြတ်ဒိုင်တွေက အစီရင်ခံစာ မစောင့်ဘဲနဲ့တောင် သိနေကြမှာပါ။ သူက သည်းခံနိုင်ရင်တောင် နဂါးပြာစခန်းက စစ်သည်တွေက သည်းမခံနိုင်တော့ဘဲ သူတို့ဘာသာသူတို့ တရားခံတွေကို ဖမ်းဆီးပြီး တိုင်တန်းနေကြတာပါ။
တစ်ခုခုတော့ မှားနေပြီ။
စစ်ဆေးမှုကို ရပ်နားလိုက်တယ်လို့ ကြေညာပြီးတဲ့နောက်မှာတောင်
ချောင်ဖန်ရဲ့ မျက်နှာမှာ ထိတ်လန့်တဲ့ အရိပ်အယောင် လုံးဝမရှိဘဲ အရာအားလုံးကို ထိန်းချုပ်ထားနိုင်တဲ့ ပုံစံမျိုး ဖြစ်နေတာကို ချန်ဆန်းရှီ သတိထားမိလိုက်ပါတယ်။