← Chapters

အခန်း (၁၃၄)

Vol. 13 Ch. 134

အခန်း (၁၃၄)

Vol. 13 Ch. 134

"သူတို့ တစ်ယောက်ချင်းစီကို ဓားတစ်လက်စီ ထုတ်ပေးလိုက်"

ဆွန်ဒူရှန်ရဲ့ ရုတ်တရက် အမိန့်ပေးသံ ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့ပါ ဆရာ"

ဝက်ဝံကျောပြင်၊ ကျားခါးနဲ့ သန်မာထွားကြိုင်းလှတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးက အမိန့်ကို ချက်ချင်းနာခံလိုက်သည်။ သူက ခေါင်းတုံးထားပြီး ခေါင်းပေါ်မှာလည်းမီးစက်အမာရွတ်တွေနဲ့၊ လည်ပင်းမှာတော့ ဘုရားပုတီးကုံးကြီး တစ်ကုံးကို ဆွဲထားသေးသည်။ သူက သူ့နောက်က စစ်သည်နှစ်ယောက်ရဲ့ ခါးကြားကနေ ပြောင်လက်နေတဲ့ ဓားနှစ်လက်ကို ဆွဲထုတ်ပြီး ရန်ဖြစ်နေကြတဲ့ မြို့ဝန်မင်းလျူနဲ့ မစ္စတာဟောက်တို့ရဲ့ ရှေ့ကို ဒေါက်ခနဲ မြည်အောင် ပစ်ချပေးလိုက်သည်။

"မစ္စတာဆွန်" မြို့ဝန်မင်းလျူက လန့်သွားပြီး မျက်လုံးပြူးကာ "ဒါ ဘာသဘောလဲဗျ" ဟု မေးလိုက်သည်။

"မိန်းမတွေလို အတင်းအဖျင်း ပြောနေကြတာပဲ"

ခေါင်းတုံးဗိုလ်ချုပ်ကြီးက မကျေမနပ် ဂြိုဟ်ကြည့်ကြည့်ပြီး ရေရွတ်

သည်"ခင်ဗျားတို့ ရန်ဖြစ်နေတဲ့ အသံတွေက ငါ့ဆရာတောင် အိပ်ပျော်တော့မယ်။ တကယ်လို့ တစ်ယောက်နဲ့တစ်ယောက် အဲဒီလောက်တောင် အမြင်မကြည်ဖြစ်နေရင်လည်း ဟိုးအောက်ကွင်းထဲဆင်းပြီး အသေအလဲ တိုက်ပွဲဝင်လိုက်ကြလေ ဪ... ငါ မေ့လို့၊ မစ္စတာဟောက်မှာက အဲဒီလို တိုက်ဖို့ 'အောက်ပိုင်းပစ္စည်း' မှ မပါတာပဲ"

"မင်း..."

မစ္စတာဟောက်ရဲ့ မျက်နှာက ဒေါသကြောင့် စိမ်းဖန်သွားပြီး တုန်ရီနေတဲ့ လက်ညှိုးတထိုးထိုးနဲ့ "ဗိုလ်ချုပ်မုန်... မင်း ငါ့ကို ဒီလောက်အထိ စော်ကားရဲတယ်ပေါ့"

ဗိုလ်ချုပ်မုန်ကွမ်ရှင်း ကတော့ နည်းနည်းလေးမှ မကြောက်တဲ့အပြင် သူ့ရဲ့ တည်ငြိမ်လွန်းတဲ့ ဆရာ ဆွန်ဒူရှန်ကို ကြည့်ပြီးမှသာ ဒီလူကြီးနှစ်ယောက်ဟာ ဆက်မရန်ဖြစ်ရဲတော့ဘဲ ငြိမ်ကျသွားကြသည်။ သူတို့နှစ်ယောက်လုံး နှုတ်ပိတ်သွားပြီး နောက်လာမယ့် ရွေးချယ်ပွဲကိုပဲ အာရုံစိုက်ကြည့်နေကြတော့သည်။

"ညီအစ်ကိုချန်... အဆင့် 'B' ရရင်လည်း ဘာမှမဖြစ်ပါဘူး၊ စိတ်မပျက်နဲ့ဦး"

ယန်ချန်းချင်းက ချန်ဆန်းရှီကို ဘေးကနေ နှစ်သိမ့်စကား ပြောရှာသည်။ "ငါသာ ဒီရွေးချယ်ပွဲမှာ အနိုင်ရပြီး အခြေခိုင်သွားပြီဆိုရင် မင်းကို ရာထူးတွေ အများကြီးတိုးပေးပြီး ပင့်တင်ပေးမှာပါ"

"ဒါဆိုရင်တော့ ကြိုတင် ကျေးဇူးတင်ပါတယ် မစ္စတာယန်"

ချန်ဆန်းရှီက အပိုစကားတွေ မပြောတော့ဘဲ သူ့လူတွေကို ဦးဆောင်ပြီး ကွင်းထဲကို ထွက်လာခဲ့သည်။

စစ်ကွင်းကြီးထဲ ရောက်တဲ့အခါ ချန်ဆန်းရှီက အကဲဖြတ်စင်မြင့်ထက်က လူတွေကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အနီရောင် ဝတ်စုံနဲ့လူက မြို့ဝန်မင်းလျူ ဖြစ်ပြီး၊ ဘေးက အဝတ်စားအနွမ်းဝတ်ထားတဲ့ အဖိုးကြီးကတော့ ဘုရင်ခံဆွန်ဒူရှန် ဖြစ်ရမည်။ နာမည်ကျော် ဘုရင်ခံက ဒီလောက်အထိ သာမန်ကာလျှံကာ ပုံစံရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထူးခြားတာက ဆွန်ဒူရှန်ရဲ့ ခန္ဓာကိုယ်ထဲက အရှိန်အဝါ ပါပဲ။ တခြားလူတွေရဲ့ အရှိန်အဝါက ကြည်လင်နေပေမဲ့ ဆွန်ဒူရှန်ရဲ့ အရှိန်အဝါကတော့ အစိမ်းရောင် ဖြစ်နေသည်။ ၎င်းဟာ ထူးဆန်းတဲ့ သားရဲတွေဆီမှာ မြင်ရတဲ့ အပြာနုရောင် အရှိန်အဝါနဲ့ ဆင်တူသော်လည်း ပိုပြီး ရင့်မှည့်နက်ရှိုင်းလှသည်။

'စစ်နတ်ဘုရားအထက်က အဆင့်ဆိုတာ တကယ်ပဲ ထူးခြားတာပဲကျင့်စဉ်ကအစ သာမန်သိုင်းသမားတွေနဲ့ လုံးဝမတူတော့ဘူး' ချန်ဆန်းရှီ တွေးနေမိသည်။

"ဗိုလ်ချုပ်လောင်းများ... စင်မြင့်ပေါ် တက်ပါ။ စင်ပေါ်ကနေပဲ အမိန့်ပေးရမှာဖြစ်ပြီး ကိုယ်တိုင်ဝင်တိုက်လို့ မရပါဘူး အမွှေးတိုင် နှစ်တိုင်စာ ကြာပြီးရင် စစ်ဆေးမှု စပါမယ်" ဟု လီချန်ကျုံးက ကြေညာသည်။

စစ်ဗျူဟာဆိုသည်မှာ ကွပ်ကဲမှုစွမ်းရည်ကို စစ်ဆေးခြင်း ဖြစ်သည်။ ကိုယ်တိုင်ဝင်တိုက်နေလျှင် စစ်ဗိုလ်ချုပ်မဟုတ်ဘဲ သာမန်စစ်သည်သာ ဖြစ်သွားပေလိမ့်မည်။ ချန်ဆန်းရှီ စင်ပေါ်တက်လိုက်တဲ့အခါ မြေပြင်ပေါ်မှာ အရင်လူတွေ တိုက်ခိုက်သွားလို့ ကျန်ခဲ့တဲ့ သွေးစွန်းနေတဲ့ အမှတ်အသားတွေကို တွေ့လိုက်ရသည်။ ဒီလေ့ကျင့်မှုမှာ တကယ် လူသေနိုင်တယ်ဆိုတာ သူ သေချာသွားပြီ။

"ဝေါင်း...."

တံတိုင်းထဲကနေ သားရဲတစ်ကောင်ရဲ့ ဟိန်းသံလို အသံနိမ့်နိမ့်လေးကို သူ ကြားလိုက်ရသည်။

"ငါ သိပြီ"

ချန်ဆန်းရှီက လူအုပ်ထဲက ရွှီဝမ်ချိုင် ကို ခေါင်းညိတ်ပြလိုက်ပြီး စတင်ဖို့ အချက်ပေးလိုက်သည်။

"စစ်ကြောင်း ခင်းကျင်းစို့—"

ရွှီဝမ်ချိုင်က သူ့ရဲ့ တောင်ပံယပ်တောင်ကို ဖြန့်ပြီး အချက်ပြလိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာတင် လူ ၅၀၀ ကျော်ဟာ ရိုးရှင်းသော်လည်း ခိုင်မာတဲ့ "တံခါးလေးပေါက် ခံစစ်စစ်ကြောင်း" ကို အံ့မခန်း အရှိန်အဝါနဲ့ တည်ဆောက်လိုက်ကြသည်။

"စစ်ဆေးမှု စတာနဲ့ ငါတို့ရဲ့ မြင်းတပ်တွေက စစ်ကြောင်းကို ဖောက်ထွက်ဖို့ တိုက်ခိုက်ပါလိမ့်မယ်။ ဒဏ်ရာရတာမျိုး ရှိနိုင်ပေမဲ့ အသက်အန္တရာယ်တော့ မရှိစေရဘူးလို့ အာမခံပါတယ်" လီချန်ကျုံးက စင်ပေါ်ကနေ အော်ပြောသည်။ "မင်းတို့ရဲ့ တာဝန်က တစ်ခုတည်းပါပဲ... အဲဒါကတော့ စစ်ကြောင်းမပျက်အောင် ထိန်းထားဖို့ပါပဲ"

'အသက်အန္တရာယ် မရှိဘူး ဟုတ်လား'

ချန်ဆန်းရှီကတော့ မယုံပါဘူး ဒါဟာ အလစ်အငိုက် တိုက်ခိုက်မှုတွေကို စစ်သည်တွေ ဘယ်လို တုံ့ပြန်မလဲဆိုတာ စမ်းသပ်တာ ဖြစ်သလို၊ စစ်မြေပြင်ရဲ့ ကြမ်းတမ်းမှုကို ပြသတာပါ။ ဒါပေမဲ့ သူကတော့ သူ့လူတွေကို ယုံကြည်ပြီးသားမို့ ဘာမှ ကြိုတင်သတိပေးမနေတော့ပါဘူး။

"ဒါတွေက လျန်ကျိုးတပ်မတော်က စစ်သည်တွေ မဟုတ်ဘူး မဟုတ်လား" မြို့ဝန်မင်း လျူကျန့်ရှန်းက တစ်ချက်ကြည့်ရုံနဲ့ သိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်တယ်" မစ္စတာဟောက်လည်း အံ့သြသွားသည်။

"ဒါ ဘယ်သူ့တပ်သားတွေလဲ"

ပရိသတ်ထဲမှာ ထိုင်နေတဲ့ ဗိုလ်ချုပ်ကျောက်က ခါးကိုကိုင်းပြီး ဝင်ယပြောသည် "ဒါတွေက ပိုယန်ခရိုင်ကနေ ထွက်ပြေးလာတဲ့ စစ်ပြေးတွေပါ "

"စစ်ပြေးတွေ ဟုတ်လား" မြို့ဝန်မင်းလျူက နှာခေါင်းရှုံ့ပြီး ရယ်ချင်

ပတ်ကျိ ဖြစ်သွားသည်။

"ချန်ဆန်းရှီက ဘာတွေ ကြံစည်နေတာလဲအမှိုက်တွေကို စုလာတာလား"

"မစ္စတာချန်ကို ဘာလို့ စစ်ပြေးတွေ သုံးခိုင်းရတာလဲ" မစ္စတာဟောက်က ဒေါသတကြီးနဲ့ သူ့နောက်က အရာရှိတွေကို လှည့်ကြည့်လိုက်သည်။ "ဗိုလ်ချုပ်ကျောက်... မစ္စတာချန်က ဧကရာဇ်မင်း ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဗိုလ်ချုပ်ပါ။ ဘယ်သူက သူ့ကို တပ်သားမပေးဘဲ တမင်သက်သက် နှောင့်ယှက်နေတာလဲ"

"မစ္စတာဟောက်... ကျွန်တော်ကတော့ အဲဒီလို မလုပ်ပါဘူး" ဗိုလ်ချုပ်ကျောက်က ပြာပြာသလဲ ပြန်ဖြေသည်။ "မစ္စတာချန်ကိုယ်တိုင်က သူ့ရဲ့ ရဲဘော်ဟောင်းတွေကိုပဲ သုံးမယ်လို့ အတင်းအကျပ် ပြောခဲ့တာပါ။ တခြားလူတွေလည်း သက်သေရှိပါတယ်။ ဒီတပ်ဖွဲ့ကို အထင်မသေးသင့်ဘူးဗျ၊ သူတို့ လေ့ကျင့်ထားတာ တကယ်ကို ကောင်းတယ်လို့ ကြားရတယ်"

"ဪ... ဟုတ်လား" မစ္စတာဟောက်က စိတ်ဝင်တစားနဲ့ ကွင်းထဲကို ကြည့်လိုက်သည်။

"ဒါဆို မစ္စတာချန်က သူ့ရဲ့ ကွပ်ကဲမှုစွမ်းရည်ကို အားလုံးရှေ့မှာ စိန်ခေါ်ပြချင်နေတာပေါ့"

"ကိုယ့်ခြေထောက်ပေါ် ကိုယ် ကျောက်ခဲနဲ့ မထုမိဖို့ပဲ ဆုတောင်းရမှာပဲ" မြို့ဝန်မင်းလျူကတော့ လှောင်ပြောင်တဲ့ လေသံနဲ့ ပြောလိုက်သည်။

ဆွန်ဒူရှန်ကတော့ ဘာမှမပြောဘဲ တိတ်တဆိတ် စောင့်ကြည့်နေသည်။

"ဘုန်း... ဘုန်း... ဘုန်း——"

စစ်ဗုံသံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ စစ်ကွင်းရဲ့ တံခါးရှစ်ပေါက်လုံး တစ်ပြိုင်တည်း ပွင့်သွားပြီး တံခါးတစ်ပေါက်စီကနေ မြင်းတပ်သား ၂၀ စီ၊ စုစုပေါင်း မြင်းတပ်အင်အား ၁၆၀ ဟာ ချန်ဆန်းရှီရဲ့ တံခါးလေးပေါက် ခံစစ်စစ်ကြောင်းဆီကို ဖုန်လုံးကြီးတွေ ထအောင် ဒုန်းစိုင်း စီးနင်း တိုက်ခိုက်လာကြပါတော့သည်။

All Chapters