← Chapters

ကျောက်စိမ်းလိပ်ပြာ

Vol. 43 Ch. 492

ကျောက်စိမ်းလိပ်ပြာ

Vol. 43 Ch. 492

"မဟုတ်ဘူး အဲ့ဒါက... ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာပဲ"

ကျားစေ့တစ်စေ့ကို ပစ်လွှတ်ပြီး နတ်ဆိုးဧကရာဇ်နှစ်ပါးနှင့်ဗောဓိသတ္တနှစ်ပါးကို သတ်ဖြတ်လိုက်သော ဧကရာဇ်ဖုရှန်းသည် တစ်စုံတစ်ရာကို မှတ်မိသွားပုံရသည်။ လွန်ခဲ့သော အချိန်အခိုက်အတန့်က သူ၏တည်ငြိမ်မှုများ ပျောက်ကွယ်သွားသည်။ သူသည် ကျားကစားပွဲကို ဆက်မကစားတော့ဘဲ ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။

သူ၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်ဆန်သောကြောင့် ရှေ့မှကျားခုံ တုန်ခါသွားပြီး ကျားစေ့အမြောက်အများ ပြန့်ကျဲသွားလေသည်။

ပုံရိပ်တစ်ခု လှုပ်ခတ်သွားပြီး ဧကရာဇ်ဖုရှန်းသည် ခြေလှမ်းတစ်လှမ်းတည်းဖြင့် မိုင်သန်းပေါင်းများစွာကို ဖြတ်ကျော်ကာ အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေ၏ အထက်တွင် ထွက်ပေါ်လာသည်။

အစောပိုင်းက အုပ်စုသုံးစု ပြင်းထန်စွာ တိုက်ခိုက်နေစဉ်က သူသည် လှုပ်ရှားမှုတစ်ခုကိုမျှ မပြုလုပ်ခဲ့ဘဲ လိပ်ပြာသစ်ခွစိတ်ဝိညာဥ်ကိုပင် ဂရုမစိုက်ခဲ့ချေ။ သို့ရာတွင် ထိုလိပ်ပြာကို မြင်တွေ့ရချိန်၌ သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အလျင်စလို ပြေးလာခဲ့သည်။

"ငါ ပြေးမှရမယ်..."

ထိုအချိန်ကျမှသာ ကျန်းရွှမ်သည် ထိုလိပ်ပြာကြောင့် သူ၏ ဖုံးကွယ်ထားသော စွမ်းအားများ ပျောက်ဆုံးသွားပြီး လူများအားလုံး၏ရှေ့တွင် သူ ပေါ်လွင်သွားကြောင်း သိလိုက်ရသည်။

မိုးကောင်းကင်ယံအတွင်းရှိ မည်သည့်ပုဂ္ဂိုလ်မဆို သူ့ကို လွယ်လင့်တကူ ခြေမွှပစ်နိုင်ကြောင်း သိရှိထားသဖြင့် ကျန်းရွှမ်သည် ဤနေရာ၌ မည်သည်ကြောင့် ဆက်နေဝံ့မည်နည်း။ သူ ချန်ထားခဲ့သော လေဟာနယ်အမှတ်အသားထဲသို့ ဝင်ရောက်ရန် ဟန်ပြင်ဆင်လိုက်စဉ်မှာပင် မနီးမဝေးတွင် အသွေးအသားစများနှင့် အနှစ်သာရ အမြူတေနှစ်ခု ဗောဓိသတ္တအမြူတေနှစ်ခုတို့ကိုရုတ်တရက် မြင်တွေ့လိုက်ရသည်။

ဤသည်မှာ ဧကရာဇ်ဖုရှန်း၏ ကျားစေ့တစ်စေ့တည်းဖြင့် အသတ်ခံလိုက်ရသော နတ်ဆိုးဧကရာဇ်နှစ်ပါးနှင့်ဗောဓိသတ္တနှစ်ပါးတို့ပင်.

သူ့ခန္ဓာကိုယ်ပေါ်ရှိ ကံတရား၈ပိဿာ၏ အကျိုးသက်ရောက်မှုကြောင့်လော သို့မဟုတ် တခြားအကြောင်းပြချက်ကြောင့်လောဟု မသိသော်လည်း ထိုအရာများသည် သူ ပုန်းအောင်းနေသော နေရာနှင့် မီတာအနည်းငယ်သာ ဝေးကွာသောနေရာသို့ ကျရောက်လာခဲ့သည်။

"ငါ စွန့်စားလိုက်မယ်"

ထိုကဲ့သို့သော အခွင့်အရေးမျိုး နောက်တစ်ကြိမ် ရလာမည်မဟုတ်ကြောင်း သိရှိသဖြင့် ကျန်းရွှမ်သည် တွေဝေတုံ့ဆိုင်းမနေတော့ချေ။ သူ၏ ထာဝရနှလုံးသား ရုတ်တရက် ခုန်လှုပ်လာပြီး ချက်ချင်းဆိုသလိုပင် ကြာပန်းနီနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေသည် ပြင်းထန်စွာ လောင်ကျွမ်းသွားပေ၏။ ထိုလောင်ကျွမ်းမှုသည် အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိသွားသောအချိန်၌ အစွမ်းထက်သည့် စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး အနှစ်သာရအမြူတေနှစ်ခုနှင့် ဗောဓိသတ္တအမြူနှစ်ခုကို သူ ချက်ချင်း လှမ်းဆွဲလိုက်သည်။

စည်းစိမ်ဥစ္စာကို အန္တရာယ်ကြားမှ ရှာဖွေရသည် ဖြစ်ရာ အခြေအနေများ ဤသို့ဖြစ်နေပြီဖြစ်သဖြင့် သူ စွန့်စားလိုက်ခြင်းသည် ထိခိုက်မှု မရှိနိုင်ချေ။

ရုပ်ခန္ဓာကိုယ်များ ပျက်စီးသွားပြီးနောက် အမြူတေများကို ပြန်လည်ရယူရန် နတ်ဆိုးဧကရာဇ်နှစ်ပါးနှင့် ဗောဓိသတ္တနှစ်ပါး၏ စိတ်ဝိညာဉ်များသည် ကြိုးစားနေပေ၏။ ထိုအချိန်မှာပင် အမျိုးအမည်မသိရသော လေဟာနယ်စွမ်းအားတစ်ရပ်က ထိုအမြူတေများကို ဖုံးအုပ်လိုက်သည်အား မြင်လိုက်ရပြီး နောက်ထပ်အချိန်တခဏတွင် ထိုအရာများအားလုံး ပျောက်ကွယ်သွားတော့သည်။

ဤသည်မှာ ရင်းမြစ်ကမ္ဘာရှိ စွမ်းအားများနှင့် လုံးလုံးလျားလျား ကွာခြားသော လေဟာနယ်စွမ်းအား အမျိုးအစားသစ်တစ်ခုပင်။

"ကမ္ဘာအသစ်တစ်ခုပဲ....ဒီကျန်းရွှမ်က ကမ္ဘာတစ်ခုကို တကယ်ကြီး ဖွဲ့စည်းနိုင်တာလား... သူက... သူက ဖရိုဖရဲ ကံကြမ္မာကျင့်ကြံသူပဲ"

"သူက တကယ့်ကို ဖရိုဖရဲ ကံကြမ္မာကျင့်ကြံသူလား"

"ဖရိုဖရဲ ကံကြမ္မာကျင့်ကြံသူတွေက ကောင်းကင်ကံကြမ္မာတွေ အများကြီးကို နားလည်နိုင်ပြီးတော့....ကောင်းကင်ကံကြမ္မာကို ထူးခြားပြီး မသေချာမရေရာ ဖြစ်စေနိုင်တဲ့အပြင် ကမ္ဘာတွေကိုတောင် ဖွဲ့စည်းနိုင်တယ်...ဒီလူကို သတ်ကို သတ်ပစ်ရမယ်"

ဤကျန်းရွှမ်သည် သူတို့၏စုံစမ်းထောက်လှမ်းမှုကို အကြိမ်ကြိမ် ရှောင်တိမ်းနိုင်ခဲ့သည့် အကြောင်းအရင်းကို ယခုအချိန်မှသာ လူများအားလုံး နားလည်သွားကြ၏။ သူသည် ထူးခြားသော ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ပိုင်ဆိုင်ထားပြီး ဖရိုဖရဲ ကံကြမ္မာကျင့်ကြံသူတစ်ယောက် ဖြစ်နေကြောင်း ပေါ်လွင်သွားသည်။

"ငါ့အတွက် ဒီနေရာမှာ နေခဲ့စမ်း"

ဗုဒ္ဓအရှင်က ပထမဆုံး တုံ့ပြန်လိုက်ပြီး ရုတ်ချည်းတိုက်ခိုက်လိုက်သည်။

"မပြေးနဲ့...."

မဟာနတ်ဆိုးအရှင်၏ နတ်ဆိုးမီးတောက်များလည်း မြင့်တက်လာပေ၏။

အစောပိုင်းက အသေအကြေ တိုက်ခိုက်နေကြသော ထိပ်သီးကျင့်ကြံသူနှစ်ဦးသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ရန်ငြိုးများကို ဘေးဖယ်ထားပြီး ကျန်းရွှမ်ကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

"သွားကြစို့..."

အနည်းငယ် နှောင့်နှေးသွားလျှင်ပင် ဤနေရာ၌ ထာဝရ ပိတ်မိသွားနိုင်ကြောင်း သိရှိထားသဖြင့် ကျန်းရွှမ်သည် မည်သည်ကြောင့် တုံ့ဆိုင်းနေမည်နည်း။ သူသည် လေထုထဲသို့ ခုန်တက်လိုက်ပြီး ရွှမ်ကမ္ဘာထဲသို့ ငုပ်လျှိုးဝင်ရောက်သွားတော့သည်။

"မင်း ထွက်ပြေးနိုင်မှာလား...."

အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေသို့ ရောက်ရှိလာပြီး မိုးကောင်းကင်ယံတွင် ပျံဝဲနေသော ဧကရာဇ်ဖုရှန်းသည် သူ၏လက်ကို ဆန့်တန်းကာ ရှေ့သို့ဖမ်းဆွဲလိုက်သည်။

ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ကျန်းရွှမ်၏ ပုံရိပ်သည် အတင်းအကြပ် ဆွဲထုတ်ခံလိုက်ရပြီး ပယင်းကျောက်ထဲတွင် ပိတ်မိနေသော အင်းဆက်ပိုးကောင်အလား ဖြစ်သွားပေ၏။ သူ မည်မျှပင် ရုန်းကန်နေပါစေ မလှုပ်ရှားနိုင်တော့ဘဲ လေထုထဲတွင် ရပ်တန့်သွားတော့သည်။

"မကောင်းတော့ဘူး..."

ကျန်းရွှမ်၏စိတ်နှလုံးသား လေးလံသွားသည်။

သူသည် ရွှမ်ကမ္ဘာကို သန့်စင်ထားပြီး ထိုကမ္ဘာ၏အရှင်သခင် ဖြစ်သည့်အတွက် ပြီးပြည့်စုံသော ထိန်းချုပ်မှုရှိသည်ဟု သူ ထင်မှတ်ထားခဲ့သည်။ ဧကရာဇ်ဖုရှန်းကို မဆိုထားနှင့် ထို့ထက်ပို၍ အစွမ်းထက်သူတစ်ဦး ဝင်ရောက်လာလျှင်ပင် သူ့ကို မည်သို့မျှ လုပ်နိုင်မည် မဟုတ်ဟု သူ တွေးထင်ထားပေ၏။ ယခု၌မူ သူသည် ရင်းမြစ်ကမ္ဘာ၏ ပထမတန်းစားကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူများကို သူ လျှော့တွက်ခဲ့မိကြောင်း သိသာထင်ရှားလာသည်။

ဤစွမ်းအားအောက်တွင် သူသည် ထွက်မပြေးနိုင်ရုံသာမက ရွှမ်ကမ္ဘာသည်လည်း တစ်ဖက်လူ၏လက်ဝါးဖြင့် ထွင်းဖောက်ခြင်းကို ခံရနိုင်သည်ဟု သူ ခံစားလိုက်ရသည်။

ယခင်က နယ်ယွန်ကို သတ်ခဲ့ပြီး ကောင်းကင်ဘုံစာကြည့်တိုက်ကို သူ၏ခန္ဓာကိုယ်ထဲသို့ ပို့ဆောင်ပေးခဲ့သော လက်ဝါးပုံရိပ်ယောင်ကြီးသည် ဤလူမှ ပိုင်ဆိုင်ထားခြင်း ဖြစ်နေသလော...

ဤအတွေးများက သူ၏ခေါင်းထဲတွင် ဖြတ်သန်းသွားသည်။ သို့ရာတွင် သူ စဉ်းစားနေရန် အချိန်မရှိတော့ကြောင်းနှင့် လွတ်မြောက်ရန် နည်းလမ်းမရှာပါက ဤနေရာ၌ သေချာပေါက် သေဆုံးရတော့မည်ဖြစ်ကြောင်း ကျန်းရွှမ်က သိရှိထားသည်။ ထိုကြောင့် သူ၏အတွေးတစ်ချက်နှင့်အတူ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကံတရားစွမ်းအားများသည် ချက်ချင်းဆိုသလိုပင် ပြင်းထန်စွာ

လောင်ကျွမ်းသွားပေ၏။

သူ့ထံတွင် ကံတရား အလုံအလောက် ရှိနေသောကြောင့်သာ ဤမျှထိအစွမ်းထက်သော ထိပ်သီးကျင့်ကြံသူများကြားတွင် သူ လှုပ်ရှားရဲခြင်းဖြစ်သည်။

ဤအရာသည် ပုံမှန်အားဖြင့် အသုံးမဝင်သော်လည်း သေရေးရှင်ရေးကာလများတွင် သူ့ကို အသက်ရှင်သန်ခွင့် အနည်းငယ် ဝယ်ယူပေးနိုင်သည်။

"မင်းရဲ့ထာဝရနှလုံးသားကို အရင် ပေးစမ်း"

ကျန်းရွှမ်ထံ၌ ကံတရားစွမ်းအားများ လောင်ကျွမ်းနေစဉ်တွင် ဗုဒ္ဓအရှင်သည်လည်း ရပ်ကြည့်မနေနိုင်တော့ချေ။ သူ၏ ဗုဒ္ဓလက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံမှ ကျဆင်းလာပေ၏။

ဤလူသည် ဧကရာဇ်ဖုရှန်းလက်ထဲသို့ ရောက်သွားသည်နှင့် ထာဝရနှလုံးသားသည် သူနှင့် တစိုးတစိမျှ သက်ဆိုင်တော့မည် မဟုတ်ကြောင်း သူ သိရှိထားသည်။ ထိုကြောင့် တစ်ဖက်လူ မအောင်မြင်မီ သူ လှုပ်ရှားရပေမည်။

"သူ့မှာ ထာဝရနှလုံးသား ရှိနေတာကိုး.... ငါလည်း လိုချင်တယ်"

ထိုအချိန်ကျမှသာ မဟာနတ်ဆိုးအရှင်သည် တခြားလူနှစ်ယောက် မည်သည်ကြောင့် တိုက်ခိုက်နေကြသည်ကို နားလည်သဘောပေါက်သွားသည်။ လောဘအရိပ်အယောင်တစ်ခုက သူ၏မျက်လုံးထဲတွင် ထင်ဟပ်လာပြီး သူသည်လည်း လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်သုံးဦး တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ သူတို့၏ စွမ်းအားများ ပေါင်းစည်းသွားသော အခြေအနေအောက်တွင် ဖိသိပ်ခံထားရသော လေဟာနယ်၌ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

"ဒါက အခွင့်ကောင်းပဲ"

ဤသည်မှာ သူ၏ကြီးမားသော ကံတရားစွမ်းအားက ယူဆောင်လာပေးသည့် အခွင့်အရေးဖြစ်ကြောင်း ကျန်းရွှမ်က သိရှိသွားသည်။ သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ သူ၏လက်ကို လှုပ်ခတ်လိုက်ပြီး အပြာရောင်တိမ်တိုက်အရှင်ထံမှ သူ ယခင်က ရရှိထားသော အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးကို ပစ်လွှတ်လိုက်၏။

အခွင့်အရေးတစ်ခု ရောက်ရှိနေပြီဖြစ်သော်လည်း သူ စွန့်လွှတ်မှုတစ်ခု ပြုလုပ်ရန် လိုအပ်သည်။ ဤဗုဒ္ဓရတနာသည် လူများအားလုံးကို အချိန်တခဏကြာမျှ ဟန့်တားထားနိုင်မည်ဟု သူ မျှော်လင့်မိသည်။

ကျန်းရွှမ်၏ အတွေးတစ်ချက်ဖြင့် နတ်ဆိုးနှိမ်နင်းခြင်းကြိုးအတွင်းရှိ စွမ်းအားများသည် အထိန်းအကွပ်မဲ့စွာဖြင့် ချက်ချင်းပေါက်ကွဲသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းတွင် ကျန်းရွှမ်၏ရှေ့မှ လေဟာနယ်သည် အမှုန်အမွှားများအဖြစ် ကြေမွှပျက်စီးသွားသည်။ ကျန်းရွှမ်သည် ဤအခွင့်အရေးကို အသုံးချကာ သူ၏ခန္ဓာကိုယ်ကို ညင်သာစွာလှုပ်ခတ်ပြီး နေရာမှ ပျောက်ကွယ်သွားတော့သည်။

ယခုတစ်ကြိမ်တွင် သူသည် လေဟာနယ်ကူးပြောင်းခြင်းကို ဆယ်ကြိမ်ကျော် ဆက်တိုက်ပြုလုပ်ခဲ့ကာ မတူညီသော နေရာဆယ်နေရာကျော်သို့ ရွေ့လျားသွားခဲ့သည်။ သူ့ကို ပြင်ပလောကနှင့် ချိတ်ဆက်နိုင်သော အကြောင်းအရင်းများအားလုံးကို ဖြတ်တောက်လိုက်ပြီးနောက် သူသည် ရွှမ်ကမ္ဘာထဲသို့ တိတ်တဆိတ် ပြန်သွားလိုက်၏။

ထိုသို့ ပြုလုပ်ပြီးနောက် သူ ယခင်က ချေးငှားလာခဲ့သော ကံတရား၈ပိဿာ၏ ထက်ဝက်နီးပါး ကုန်ဆုံးသွားပြီဖြစ်ပြီး ၅ပိဿာအောက်သာ ကျန်တော့ကြောင်း သဘောပေါက်လိုက်သည်။

သို့ရာတွင် ဤသည်မှာ လုံးလုံးလျားလျား ထိုက်တန်ပေ၏။

ထိုလိပ်ပြာသည် မည်သည့်အရာဖြစ်သည်ကို သူ သေချာမသိချေ။ သို့ရာတွင် နတ်ဆိုးဧကရာဇ်နှစ်ပါး၏ အနှစ်သာရအမြုတေများနှင့် ဗောဓိသတ္တနှစ်ပါး၏ အမြူတေများသည် သူ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ရန် လုံလောက်သည်။

ကံကြမ္မာမီးတောက်နီ နတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေသည် စွမ်းအားကို ပေးစွမ်းနိုင်ကာ သူ့အား အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်၏ စွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်စေသည်။ သူ၏ကျင့်ကြံဆင့် မြင့်တက်လာသည်နှင့်အမျှ ထိုစွမ်းအားများကို အကုန်အစင်အသုံးပြုလိုက်ပါက တိုက်ပွဲတစ်ပွဲတည်းဖြင့် လုံးလုံးလျားလျား ကုန်ခမ်းသွားနိုင်သည်။ သို့ရာတွင် နတ်ဆိုးဧကရာဇ်တစ်ပါး၏ အနှစ်သာရအမြူတေသည် ဆယ်ဆကျော် ပို၍သန့်စင်သည်။ တိုက်ပွဲတစ်ပွဲကိုမဆိုထားနှင့် တိုက်ပွဲဆယ်ပွဲ သို့မဟုတ် ပွဲတစ်ရာတိုင်အောင် တိုက်ခိုက်လျှင်ပင် ခံနိုင်ရည်ရှိမည်ကို ထည့်ပြောရန်ပင် မလိုအပ်ချေ။

သူ၏ကျင့်ကြံဆင့်စွမ်းအားကို အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်၌ အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားရန် လုံလောက်ပေ၏။

"သူက တကယ်ကြီး ထွက်ပြေးသွားတာလား"

ကျန်းရွှမ် သူ၏ အကျိုးအမြတ်များကို စစ်ဆေးနေစဉ် အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေအတွင်းရှိ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များသည် စိတ်ပျက်မှုကြောင့် ဒေါသများပေါက်ကွဲလုနီးပါး ဖြစ်နေကြသည်။

သူတို့သည် လိပ်ပြာသစ်ခွ စိတ်ဝိညာဉ်ကို လုယူရန် ကြိုးစားခဲ့သော်လည်း ဖုန်းယွမ်ဖိန်က ယူဆောင်သွားခဲ့သည်။ သူတို့သည် ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာနှင့် ထာဝရနှလုံးသားကို လုယူရန် ကြိုးစားခဲ့သော်လည်း လက်သည်တရားခံသည် အနှစ်သာရအမြူတေများနှင့် ဗောဓိသတ္တအမြူတေများကို ယူဆောင်သွားခဲ့သည်...

သူတို့အဖွဲ့သည် ကြီးမြတ်သော နတ်ဆိုးဧကရာဇ်နှစ်ပါးနှင့် ဗောဓိသတ္တနှစ်ပါးကို ဆုံးရှုံးလိုက်ရရုံသာမက မျက်နှာပျက်စရာလည်း ဖြစ်ခဲ့ရသည်။

"သူက ဖရိုဖရဲ ကံကြမ္မာကျင့်ကြံသူ ဖြစ်နေမှတော့ ငါတို့က ရေရှည်စီမံကိန်းဆွဲဖို့ လိုလိမ့်မယ်..."

ဧကရာဇ်ဖုရှန်းသည် လေထဲတွင် ပျံဝဲနေပြီး သူ၏မျက်နှာတွင် ဒေါသဖြစ်စေ တခြားမည်သည့်အမူအယာဖြစ်စေ ပေါ်လွင်နေခြင်းမရှိဘဲ သူ၏အကြည့်များ အေးစက်နေသည်။

"အရှင်မင်းကြီး... ခုဏက ပြောလိုက်တဲ့ ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာ ဆိုတာက ဘာများလဲ.... ခင်ဗျား ကိုယ်တိုင် ဝင်ပါရလောက်အောင် တန်ဖိုးရှိတာလား"

ထိုအချိန်မှာပင် မဟာနတ်ဆိုးအရှင်က မနေနိုင်တော့ဘဲ ဧကရာဇ်ဖုရှန်းကိုကြည့်ပြီး ကြည့်ပြီး မေးမြန်းလိုက်၏။

လူများအားလုံး၏အကြည့်များသည်လည်း ဧကရာဇ်ဖုရှန်းထံသို့ စုဝေး၍ ကျရောက်သွားသည်။

All Chapters