← Chapters

ကောင်းကင်ဘုံနဂါးရှစ်ကောင် ခေါင်းလောင်း

Vol. 43 Ch. 493

ကောင်းကင်ဘုံနဂါးရှစ်ကောင် ခေါင်းလောင်း

Vol. 43 Ch. 493

"မင်းတို့သိဖို့ မလိုဘူး"

ဧကရာဇ်ဖုရှန်းက သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး နောက်သို့လှည့်ထွက်ကာ လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေကို ထိန်းချုပ်သူဖြစ်သော မဟာနတ်ဆိုးအရှင်သည် သူ မည်သို့ ထွက်ခွာသွားသည် သို့မဟုတ် လေဟာနယ်ကို မည်သို့ ဖြတ်ကျော်သွားသည်ကို အနည်းငယ်မျှပင် မသိရှိလိုက်ရချေ။

"ကွာခြားချက်က အရမ်း ကြီးမားလွန်းတယ်..."

မဟာနတ်ဆိုးအရှင်သည် သူ၏စိတ်အတွင်းမှကြိတ်၍ သက်ပြင်းချလိုက်၏။

သူတို့နှစ်ဦးလုံး၏ကျင့်ကြံမှုသည် ကောင်းကင်ကံကြမ္မာနယ်ပယ်(ဗောဓိသတ္တနယ်ပယ်)သို့ ရောက်ရှိနေသော်လည်း ပထမအဆင့်နှင့် ဒုတိယအဆင့်ကြားတွင် ကမ္ဘာကြီးတစ်ခုလောက် ကွာခြားနေဆဲပင်။

ဤသည်မှာ ဘီလျံနာတစ်ယောက်ဖြစ်ခြင်းနှင့် တူညီသည်။ ဘီလီယံတစ်ယောက်အဆင့်သို့ ရောက်ရှိကာစ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးကြားတွင် ကျော်လွှား၍မရနိုင်သော ကွာဟချက်တစ်ခု ရှိနေဆဲပင်။

ဝှစ်....

ဗုဒ္ဓအရှင်သည် ကြီးမားသော စိတ်လှုပ်ရှားမှုဖြင့် ရောက်ရှိလာသော်လည်း တစ်ဖက်လူ အောင်မြင်စွာ ထွက်ပြေးသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူ၏စိတ်နှလုံးသားထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း သူ မည်သည့်အရာမျှ မတတ်နိုင်တော့ပေ။ သူ၏ သင်္ကန်းကို ပြင်းထန်စွာ ခါယမ်းလိုက်ရာ မီးလောင်နေသော ရှေးဟောင်းဗောဓိပင်သည် သူ၏လက်ထဲသို့ ပြန်ရောက်လာပေ၏။

ဤအချိန်၌ ရှေးဟောင်းသစ်ပင်ကြီး၏ ထက်ဝက်သည် ကံကြမ္မာကြာပန်းနီမီးတောက်၏ လောင်ကျွမ်းမှုအောက်တွင် တူးခြစ်သွားပြီး အသီးတစ်လုံးမျှ မကျန်တော့ချေ။ ထိုအရာကို အံ့အားသင့်ဖွယ်နည်းလမ်းများဖြင့် ကယ်တင်နိုင်လျှင်ပင် ယခင်ကအရှိန်အဝါမျိုးကို လုံးလုံးလျားလျား ဆုံးရှုံးသွားခဲ့လေပြီ။

"သွားကြစို့..."

ဗုဒ္ဓအရှင်သည် နောက်သို့လှည့်သွားပြီး ပြင်ပသို့ ပျံသန်းသွားရန် ဟန်ပြင်လိုက်သည်။

"ရောက်လာမှတော့ ဧည့်သည်အဖြစ် ဆက်မနေတော့ဘူးလား"

သူ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်တွေ့ချိန်၌ မဟာနတ်ဆိုးအရှင်သည် ဆက်လက်၍ သည်းခံမနေတော့ချေ။ သူ ဒေါသတကြီး အော်ဟစ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းတွင် မိုးကောင်းကင်ယံတခွင်လုံး၌ နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်သွားတော့သည်။

အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေသည် သူ၏ ပိုင်နက်နယ်မြေပင်။ ပုံမှန်အခြေအနေအောက်တွင် တစ်ဖက်လူသည် ဤနေရာသို့ ဝင်ရောက်လာရဲမည် မဟုတ်ချေ။ ယခုချိန်၌ ဗုဒ္ဓအရှင်သည် ဤနေရာသို့ တစ်ကြိမ်ရောက်လာပြီးဖြစ်ရာ သူသည် မည်သည်ကြောင့် ဤမျှထိ လွယ်လင့်တကူ ထွက်ခွာသွားခွင့် ပြုနိုင်မည်နည်း။

"အော် မီ တော ဖော...မဟာနတ်ဆိုးအရှင် မင်းက သေလမ်းရှာနေတာပဲ"

ဗုဒ္ဓအရှင်နှင့်ဗောဓိသတ္တခြောက်ပါးတို့ကတစ်ဖက် မဟာနတ်ဆိုးအရှင်နှင့်နတ်ဆိုးဧကရာဇ်နှစ်ပါးတို့ကတစ်ဖက် ထပ်မံ၍ တိုက်ခိုက်ကြတော့သည်။

နာရီဝက်ခန့်အကြာတွင် မြင့်မားပြီး ခမ်းနားထည်ဝါသော လင်းကျိုးတောင်သည် တုန်ခါသွားပြီး ပင်မခန်းမဆောင်၌ အနည်းငယ် ဖရိုဖရဲဖြစ်နေသော ပုံရိပ်တချို့ ထွက်ပေါ်လာသည်။

ဤသည်မှာ အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေမှ ထွက်ပြေးလွတ်မြောက်လာသော ဗုဒ္ဓအရှင်နှင့် တခြားသူများပင်။

ဤအချိန်တွင် ဗောဓိသတ္တခြောက်ပါးအနက် လေးပါးသာ ကျန်ရှိတော့သည်။ ဗုဒ္ဓအရှင်၏ ပါးစပ်တွင်လည်း သွေးများစွန်းထင်းနေသည်။ အကယ်၍ နောက်ဆုံးအခိုက်အတန့်တွင် သူသည် အမျက်ဒေါသဗာဂျရာကို ထုတ်လွှတ်ပြီး မင်ဗုဒ္ဓပုံရိပ်ယောင်အဖြစ် ပြောင်းလဲကာ တိုက်ခိုက်သတ်ဖြတ်ခြင်းမပြုခဲ့လျှင် နတ်ဆိုးနယ်မြေတစ်ခုလုံးနီးပါးကို ရှင်းလင်းခဲ့ခြင်း မရှိခဲ့လျှင် ထိုနေရာ၌ ကျန်ရစ်ခဲ့နိုင်ပြီး ထွက်ပြေးလွတ်မြောက်လာနိုင်မည် မဟုတ်ချေ။

"ကျန်းရွှမ်..."

ကြာပလ္လင်ပေါ်တွင်ထိုင်နေသော ဗုဒ္ဓအရှင်က သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

ဗုဒ္ဓအရှင်ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤသည်မှာ သူ ပထမဆုံးအကြိမ် အမှန်တကယ် ဒေါသထွက်ခြင်းပင်။

ဗောဓိသီးများအားလုံး သန့်စင်ခြင်းခံလိုက်ရပြီး ရှေးဟောင်းဗောဓိပင်သည် သေလုနီးပါး ဖြစ်နေကာ အရေးကြီးဆုံးအချက်မှာ ဗောဓိသတ္တရှစ်ပါးအနက် လေးပါး အသတ်ခံလိုက်ရခြင်းပင်။ ဤသည်ကြောင့် သူ စဉ်းစားလေလေ ဒေါသထွက်လေလေပင်။

"အပြာရောင်တိမ်တိုက်အရှင်ကို ဗုဒ္ဓအရိုးမျှော်စင်ထဲ ဝင်ခိုင်းလိုက်တော့....သူ အောင်မြင်ရင် ဗောဓိသတ္တအဆင့်ကို တက်လှမ်းဖို့ ကြိုးစားခွင့်ရမယ်....မအောင်မြင်ရင်တော့ ဗုဒ္ဓဓာတ်တော်အမွေအနှစ်အဖြစ် ပြောင်းလဲသွားလိမ့်မယ်"

ဗုဒ္ဓအရှင်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် အမိန့်ပေးလိုက်၏။

"အရှင့်ရဲ့အမိန့်ကို နာခံပါတယ်"

ဘုန်းတော်ကြီးတစ်ပါးက နောက်သို့လှည့်ထွက်သွားသည်။

ဗုဒ္ဓအရိုးမျှော်စင်သည် ဗုဒ္ဓဂိုဏ်းမှ ပျံလွန်တော်မူတော့မည့် ထင်ရှားကျော်ကြားသော ဘုန်းတော်ကြီးများ သွားရောက်သည့် နေရာတစ်နေရာပင်။ ဤသည်မှာ အထူးကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေတစ်ခုနှင့် တူညီသည်။ ဗောဓိသတ္တရွှေဆေးလုံးကို မရရှိဘဲ ဗောဓိသတ္တအဆင့်သို့ တက်လှမ်းရန် ကြိုးစားလိုသော အဆင့်မြင့်ဘုန်းတော်များသည် ဤနေရာသို့ ဝင်ရောက်နိုင်ပေ၏။

ဤနေရာ၌ အခွင့်အလမ်း ကောင်းမွန်ပြီး အမွေအနှစ်တစ်ခု ရရှိပါက သူတို့၏ ကျင့်ကြံဆင့်ချိုးဖျက်မှု အောင်မြင်သွားနိုင်သည်။ အခွင့်အလမ်းကောင်းများကို မရရှိပါက သူတို့သည် နတ်ဘုရားနယ်မြေအတွက် အာဟာရအဖြစ် ပြောင်းလဲသွားပြီး သမိုင်း၏ကံကြမ္မာမြစ်ထဲတွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားပေလိမ့်မည်။

သဘောတရားအရ ထိုနေရာသို့ ဝင်ရောက်သူများသည် သက်တမ်းကုန်ဆုံးတော့မည့် ဘုန်းတော်ကြီးများ သို့မဟုတ် နည်းလမ်းပေါင်းစုံကို အသုံးပြုသော်လည်း အဆင့်ချိုးဖျက်ရာ၌ အောင်မြင်မှုကို မရရှိသူများသာ ဖြစ်သည်။ အပြာရောင်တိမ်တိုက်အရှင်ကဲ့သို့ တက်လမ်းရှိနေဆဲလူတစ်ဦးမှ ခြွင်းချက်အနေဖြင့် ဝင်ရောက်ခြင်းသည် အလွန်ရှားပါးသည်။

သို့ရာတွင် ဤကိစ္စကို ရှောင်လွှဲ၍မရပေ။ ဗောဓိသတ္တရှစ်ပါးအနက် လေးပါး အသတ်ခံလိုက်ရသဖြင့် နေရာအစားထိုးခြင်းကို အလျင်အမြန်မပြုလုပ်ပါက ဗုဒ္ဓဂိုဏ်း၏ စုစုပေါင်းအင်အားသည် များစွာလျော့ကျသွားပေလိမ့်မည်။

"ဗုဒ္ဓအရှင်... ကောင်းကင်ဥပဒေသမြို့တော်ကို လူလွှတ်လိုက်သင့်လား"

ထိုအချိန်မှာပင် ဗောဓိသတ္တတစ်ပါးက မေးမြန်းလိုက်၏။

ထိုမေးခွန်း၏ဆိုလိုရင်းကို သိရှိသဖြင့် ဗုဒ္ဓအရှင်က သူ၏လက်ချောင်းများကို ညင်သာစွာ လှုပ်ခတ်လိုက်ပြီး လျစ်လျူရှုထားသော လေသံဖြင့် ပြောဆိုသည်။

"ဒါက လူလွှတ်သင့်တာပေါ့....ဒါပေမယ့် ကောင်းကင်ဥပဒေသမြို့တော်က ထျန်းလီတော်ဝင်မိသားစုရဲ့ ပိုင်နက်ဖြစ်ပြီးတော့ ကျင့်ကြံဆင့်အပေါ် ကန့်သတ်ချက်တွေ ရှိတယ်... ငါ ကိုယ်တိုင် သွားလို့မရဘူး...ဥာဏ်ပညာတိုက်ပွဲ ဗောဓိသတ္တနဲ့ မဟာကတိသစ္စာ တောက်ပဘုရင် ဗောဓိသတ္တ... မင်းတို့နှစ်ယောက်က ငါ့ကိုယ်စား သွားရမယ်... အဲ့ဒီကျန်းရွှမ် ထွက်ပေါ်လာရင် မင်းတို့က သူ့ကို သတ်ရမယ်"

"အမိန့်ကို နာခံပါမယ်"

ဗောဓိသတ္တနှစ်ပါးက မတ်တတ်ထရပ်လိုက်ပြီး သူတို့၏မျက်လုံးအကြည့်များ ခိုင်မာပြတ်သားနေသည်။

ဗုဒ္ဓအရှင်က လက်ညှိုးညွှတ်လိုက်ရာ မှော်ရတနာနှစ်ခုသည် လေထုထဲတွင် ပျံဝဲလာပြီး နေမင်းကဲ့သို့ တောက်ပစွာဖြင့် ပင်မခန်းမဆောင်ထဲသို့ ဆင်းသက်လာသည်။

ပထမတစ်ခုမှာ ကောင်းကင်နဂါးရှစ်ကောင်၏ အရိုးစုများဖြင့် သွန်းလုပ်ထားသော ခေါင်းလောင်းကြီးတစ်ခုဖြစ်ပြီး ထိုအရာအပေါ်တွင် သစ္စာစကားရှစ်လုံးကို ထွင်းထုထားသည်။ ထိုအရာကို အသက်သွင်းလိုက်သည်နှင့် ကောင်းကင်နဂါးရှစ်ကောင်၏ ပုံရိပ်ယောင်များ ထွက်ပေါ်လာမည်ဖြစ်ပြီး တစ်ကောင်ချင်းစီထံတွင် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်၏ တိုက်ခိုက်ရေးစွမ်းရည်မျိုး ရှိကြသည်။

ဤသည်မှာ ဗုဒ္ဓဂိုဏ်း၏ရတနာတစ်ပါးဖြစ်သော ကောင်းကင်ဘုံနဂါးရှစ်ကောင် ခေါင်းလောင်းပင်။

ဒုတိယတစ်ခုသည် ဗုဒ္ဓအရှင် ဘုရားအဖြစ်သို့ ရောက်ရှိစဉ်က ဆယ်နှင့်ချီသော ဗောဓိသီးများနှင့် ရာနှင့်ချီသော ဗောဓိရွက်များကို စုစည်း၍ ဖွဲ့စည်းထားသော ဗောဓိရွက်တစ်ရွက်ဖြစ်သည်။ ရင်းမြစ်ကမ္ဘာတစ်ခုလုံးတွင် ထိုကဲ့သို့သော ဗောဓိရွက်တစ်ရွက်တည်းသာ ရှိသည်။ ထိုအရာပေါ်တွင် နေမင်း၏အစစ်အမှန်မီးတောက်ဖြင့် 'စကြာ' စာလုံးကို ရေးထိုးထားသည်။ ထိုရတနာကို အသက်သွင်းလိုက်သည်နှင့် ဗုဒ္ဓအရှင်၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့် ယှဉ်ပြိုင်နိုင်သည်။

ဤသည်မှာ ဗုဒ္ဓဂိုဏ်း၏ရတနာတစ်ပါးဖြစ်သော မဟာနေမင်း ဗုဒ္ဓစည်းတံဆိပ်ပင်။

"အရေးကြုံရင်သုံးဖို့ ဒီမှော်ရတနာနှစ်ခုကို ယူသွားကြ..."

ဗုဒ္ဓအရှင်က ပြောဆိုသည်။

ဥာဏ်ပညာတိုက်ပွဲ ဗောဓိသတ္တနှင့် မဟာကတိသစ္စာ တောက်ပဘုရင် ဗောဓိသတ္တတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် ဦးညွှတ်ပြီး လက်အုပ်ချီကာ ပြောဆိုလိုက်ကြ၏။

"ဗုဒ္ဓအရှင်က သနားကရုဏာကြီးမားပါပေတယ်"

...

အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေ....

မြင့်မားပြီး ခမ်းနားထည်ဝါသော ပလ္လင်ပေါ်တွင် ထိုင်နေသည့် မဟာနတ်ဆိုးအရှင်က သူ၏ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။ သူ၏မျက်ဆံများသည် တွင်းနက်များကဲ့သို့ အဆက်မပြတ် လည်ပတ်နေပြီး ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

"ဒီ ဗောဓိသတ္တအမြူတေနှစ်ခုကို သန့်စင်ဖို့ နည်းလမ်းရှာပြီးတော့ မင်းတို့ရဲ့ကျင့်ကြံဆင့်စွမ်းအားတွေကို အမြန်ဆုံး ပြန်ပြီးရယူဖို့ ကြိုးစားကြစမ်း"

မဟာနတ်ဆိုးအရှင်က သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ လုံးဝန်းသောပုံသဏ္ဍာန်ရှိသည့် အမြူတေနှစ်ခုသည် စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်နှင့် အရိပ်နတ်ဆိုးဧကရာဇ်တို့ထံသို့ ပျံသန်းသွားလေသည်။ သူတို့နှစ်ယောက်ထံတွင် စိတ်ဝိညာဉ်များသာ ကျန်ရှိတော့ပေ၏။

သူတို့နှစ်ယောက်သည် ကျားစေ့၏တိုက်ခိုက်မှုကြောင့် ရုပ်ခန္ဓာကိုယ်များ ပေါက်ကွဲသွားသော်လည်း သူတို့၏စိတ်ဝိညာဉ်များနှင့် သူတို့ ထိန်းချုပ်ထားသော ကောင်းကင်ကံကြမ္မာများ ရှိနေဆဲပင်။ ဤအမြူတေနှစ်ခုကို သန့်စင်ပြီးနောက် အတွင်း၌ ပါဝင်သော ဗောဓိသတ္တစိတ်ဝိညာဉ်စွမ်းအားများကို ဝါးမြိုလိုက်သည်နှင့် သူတို့၏ကျင့်ကြံဆင့်သည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာမည့်အပြင် ပို၍ပင် တိုးတက်လာနိုင်သည်။

"အရှင်... ဒီလောက်ထိကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားလိုက်ရတာတောင် ကျွန်တော်တို့က ဒီအတိုင်းပဲ လွှတ်ထားလိုက်ရတော့မှာလား"

မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

"မဟုတ်ဘူး... မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်နဲ့ အဆိပ်တစ်သောင်းနတ်ဆိုးဧကရာဇ်... မင်းတို့နှစ်ယောက်က ကောင်းကင်ဥပဒေသမြို့တော်ထဲကို ခိုးဝင်ဖို့ နည်းလမ်းရှာကြစမ်း...အဲ့ဒီကျန်းရွှမ် လူသွားကယ်တာနဲ့ ချက်ချင်း သူ့ကို ဖမ်းဆီးပြီးတော့ ထာဝရနှလုံးသားကို ငါ့ဆီ ယူလာခဲ့စမ်း"

နတ်ဆိုးအရှင်၏မျက်လုံးများ တောက်ပသွားသည်။

"ပြီးတော့ အဲ့ဒီ ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာ... အဲ့ဒါက ဘာအသုံးဝင်လဲဆိုတာ ငါ ဂရုမစိုက်ဘူး.... ငါ့ဆီကို ယူလာခဲ့စမ်း"

"အမိန့်ကို နာခံပါ့မယ်"

မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်နှင့် အဆိပ်တစ်သောင်း နတ်ဆိုးဧကရာဇ်တို့သည် သူတို့၏လက်သီးများကို တပြိုင်နက်တည်း ဆုပ်လိုက်ကြ၏။

"မင်းတို့ ဘာနည်းလမ်းသုံးသုံး ငါ ဂရုမစိုက်ဘူး ....ငါက ရလဒ်ကိုပဲ လိုချင်တယ်....အဲဒါကို ပြန်ယူမလာနိုင်ရင် မင်းတို့နှစ်ယောက် နတ်ဆိုးနယ်မြေကို ပြန်လာဖို့ မလိုတော့ဘူး"

မဟာနတ်ဆိုးအရှင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"မဟာနတ်ဆိုးအရှင် စိတ်ချပါ...ကျွန်တော်တို့က အကောင်းဆုံး ကြိုးစားပါ့မယ်"

မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်၏ မျက်လုံးများ တောက်ပသွားသည်။

...

ဤအင်အားစုကြီးနှစ်စု၏ လုပ်ဆောင်မှုများနှင့် မတူဘဲ တော်ဝင်နန်းတော်၏ နောက်ဖေးဥယျာဉ်ရှိ ကျားခုံရှေ့တွင် လေဟာနယ်သည် ညင်သာစွာ တုန်ခါသွားပြီး ဧကရာဇ်ဖုရှန်း ပြန်လည်၍ ထွက်ပေါ်လာသည်။

ဤအချိန်တွင် ဂိုဏ်းချုပ်ဝူဖိုထျန်းသည် ပြန့်ကျဲနေသော ကျားစေ့များကို ကျားခုံပေါ်တွင် ပြန်လည်၍ နေရာချထားပြီးဖြစ်သည်။

ဤကျားစေ့သည် မှော်ရတနာတစ်ခု ဖြစ်သော်လည်း ထိုအရာ၏အဆင့်သည် အရပ်ဆယ်မျက်နှာ နတ်ဆိုးစည်းတံဆိပ်နှင့် ကောင်းကင်ဘုံနဂါးရှစ်ကောင် ခေါင်းလောင်းတို့ထက် များစွာနိမ့်ကျသည်။ ကျားစေ့တစ်စေ့တည်းဖြင့် ဗောဓိသတ္တနှစ်ပါးနှင့် နတ်ဆိုးဧကရာဇ်နှစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ ဧကရာဇ်ဖုရှန်း၏ အာဏာကောင်းကင်ကံကြမ္မာကြောင့်ပင်။

အာဏာ၏အောက်တွင် ပြီးပြည့်စုံသော သက်ရှိဟူ၍ မည်သို့ ရှိနိုင်မည်နည်း....

နတ်ဆိုးဧကရာဇ်များနှင့် ဗောဓိသတ္တများကို မဆိုထားနှင့် ဗုဒ္ဓအရှင်နှင့်မဟာနတ်ဆိုးအရှင်တို့ပင် တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။

"တကယ့်ကို ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာ ဖြစ်နေတာပဲ... ဒီလောကမှာ ဒုတိယတစ်ခု ရှိနေလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး....ငါ မမှားဘူးဆိုရင် အဲ့ဒီ လိပ်ပြာသစ်ခွ စိတ်ဝိညာဉ် ထွက်ပေါ်လာခဲ့တဲ့ အကြောင်းအရင်းက အဲ့ဒီအရာကြောင့်ပဲ မဟုတ်လား.....ဒီကျောက်စိမ်းလိပ်ပြာသာ မရှိရင် ဒီလိုအဖိုးတန် ဆေးပင်မျိုးက လောကကြီးထဲမှာ မွေးဖွားလာနိုင်မှာ မဟုတ်ဘူး"

ကျားစေ့တစ်စေ့ကို ချလိုက်ရင်း ဝူဖိုထျန်းက အပြုံးဖြင့် ဧကရာဇ်ဖုရှန်းကို ကြည့်လိုက်သည်။

ဧကရာဇ်ဖုရှန်းကို စိတ်လှုပ်ရှားသွားစေသော ရတနာတစ်ခုကိုပင် ရုပ်ခန္ဓာကိုယ် ကောင်းကင်ကံကြမ္မာကို ထိန်းချုပ်ထားကာ ရင်းမြစ်ကမ္ဘာ၏ နံပါတ်တစ် ရုပ်ခန္ဓာကိုယ် ကျင့်ကြံသူဖြစ်သော ဤပြိုင်ဘက်ကင်း ပုဂ္ဂိုလ်သည် ဂရုစိုက်ပုံ မရချေ။

သူသည် သူ၏ကိုယ်ပိုင်အစွမ်းအစအပေါ် အကြွင်းမဲ့ယုံကြည်မှု ရှိနေသည့်အလားပင်။

All Chapters