← Chapters

အခန်း (၅၉)

Vol. 6 Ch. 59

အခန်း (၅၉)

Vol. 6 Ch. 59

လင်ချန်သည် ရှေးဟောင်းသဲကန္တာရ နတ်ဘုရားများ၏ အမွေအနှစ်ကို ရရှိထားသူဖြစ်သည်။ ရှေးကျသော ကာလမှ ယနေ့ခေတ်အထိ လျှို့ဝှက်ချက်များကို သိရှိထား‌လေသည်။

ဗဟုသုတကြွယ်ဝမှုပိုင်းတွင် လက်ရှိခေတ်မှ ရှေးဟောင်းသတ္တဝါကြီးများထက်ပင် များစွာ သာလွန်ပေသည်။

ထို့‌ကြောင့်တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျုံးကျဲ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရင်းအမြစ်ကို သိမြင်လိုက်သည်။

သဲကန္တာရ နတ်ဘုရား မျိုးနွယ်စုမှာ အလွန်ကောက်ကျစ်စဥ်းလဲကြ၏။ များစွာသောနတ်ဘုရားတွေရဲ့ စွမ်းအား‌ကို စုစည်းကာ ဖာရိုဘုရင်၏ နတ်ဘုရားနယ်မြေကိုဖွင့်လှစ်ခဲ့ပြီးနတ်ဘုရားအမြုတေကို ထိုနယ်မြေထဲတွင် ဝှက်ထားခဲ့ကြသည်။

တစ်ချိန်ထဲမှာဘဲ နတ်ဘုရားဝိညာဉ်နှင့် နတ်ဘုရားသန္ဓေသားကို နေရာအနှံ့ ဖြန့်ကြဲလိုက်ပြီး အမွေအနှစ်စွမ်းအားအဖြစ် ပြောင်းလဲထားလိုက်ကြသည်။

ထို့နောက် ကောင်းကင်တာအိုကို လှည့်ဖြားရန်အတွက် ကျဆုံးသွားပြီဟု ဟန်ဆောင်ကာ အမှန်တကယ်တွင် အရာအားလုံးကို နောက်ကွယ်ကနေ ထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။

အမွေအနှစ် ဆက်ခံသူများ အားလုံးသည် သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဆက်ခံကြသူများသာ ဖြစ်ကြပြီး သူတို့ကိုယ်စား လူသားကမ္ဘာတွင် လှုပ်ရှားကာ နယ်မြေချဲ့ထွင်ပေးပြီး လူသားများ၏ ပူဇော်ပသမှုနှင့် ယုံကြည်မှုစွမ်းအားများကို လက်ခံရယူနေကြရခြင်း ဖြစ်သည်။

ထိုကဲ့သို့ အစိတ်အပိုင်းများ ခွဲထုတ်သည့် နည်းလမ်းဖြင့် လူမျိုးခြား နတ်ဘုရားအများအပြားသည် ကောင်းကင်တာအိုကို လှည့်ဖြားကာ ခေတ်ကာလများစွာမှ ကံတရား ကပ်ဘေးကြီးများကို ရှောင်တိမ်းနိုင်ခဲ့ကြသည်။

ဆန့်ကျင်ဘက်အားဖြင့် ထက်မြက်သော ရှေးဟောင်းနတ်ဘုရားများ၊ ရှေးဟောင်းသူတော်စင်များနှင့် ပါရမီထူးချွန်သော ရှေးဟောင်းဧကရာဇ်များမှာမူ တစ်ပါးပြီးတစ်ပါး ကျဆုံးခဲ့ကြရသည်။

အသက်ရှင်ကျန်ရစ်သူများမှာ အသံတိတ် နေထိုင်ပြီး သူရဲဘောကြောင်သော အနှီလူမျိုးခြား နတ်ဘုရားများသာ ဖြစ်ကြသည်။

သို့သော် ခေတ်ကာလတစ်ခုတိုင်းတွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ တိုင်မကြီးသဖွယ် ကံတရား ကပ်ဘေးကြီးကို ခုခံကာကွယ်ပေးမည့်သူများ လိုအပ်မြဲဖြစ်၏။

ထိုသည်ကို ကံကြမ္မာဟု ခေါ်ဆိုကြသည်။

ထို့ကြောင့် ဤလူမျိုးခြား နတ်ဘုရားများ၏ အမွေအနှစ်များထဲတွင် ပြည့်စုံသော မှတ်တမ်းများ ကျန်ရစ်နေခဲ့ခြင်း ဖြစ်ပေသည်။

ယခုအချိန်တွင် လင်ချန်၏ စိတ်နှလုံးထဲ၌ မနာလိုဝန်တိုစိတ် မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေလေ၏။

"သေစမ်း.. ဘာလို့ သူက ဒီလို ကြီးမားတဲ့ ကံတရားအထောက်အပံ့မျိုး ရရှိသွားရတာလဲ..."

"သေချာပေါက် သေရမဲ့ အခြေအနေမှာတောင် ကပ်ဘေးကနေ ကောင်းချီးဖြစ်သွားပြီး တိုက်ခိုက်လေ ပိုစွမ်းအားကြီးလာလေ ဖြစ်နေတယ်..."

"ငါက မသေမျိုးမြင့်မြတ်ခန္ဓာကို အောင်မြင်ထားပြီး သဲကန္တာရသေမင်းရဲ့ အမွေအနှစ်ကိုလည်း ဆက်ခံထားတာ....ငါ့က တားဆီးမရဘူး...ငါ့ကံတရားကလည်း ကောင်းကင်ထိ ထိုးတက်နေတာ... ကောင်းကင်တာအိုရဲ့အောက်မှာ ငါကမှ ဇာတ်လိုက်ဖြစ်ရမှာ..."

"ဒါပေမဲ့ ဒီကျုံးကျဲက..."

"ဒါမှမဟုတ်..."

သူ့မျက်လုံးအစုံမှ မျက်လုံးအိမ်များ ပျောက်ကွယ်သွားပြီး နက်ရှိုင်းသော အနက်ရောင် မျက်ဆံနှစ်ခုက အစားထိုး ဝင်ရောက်လာသည်။

နက်ရှိုင်းသော ငရဲပြည်ကဲ့သို့ပင်။ ထိုမျက်လုံးများကို ကြည့်မိလိုက်လျှင် စိတ်ဝိညာဉ်များ နစ်မြုပ်သွားတော့မည့်အတိုင်း ခံစားရစေသည်။

"ဒီနေ့ မင်း ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားဖို့ စိတ်မကူးနဲ့..."

သူသည် အကြောင်းအကျိုး၊ ကံတရားနှင့် ကံကြမ္မာ အထောက်အပံ့များကို ထိုးထွင်းသိမြင်သော နတ်ဘုရားအစစ် မဟုတ်သော်လည်း အမှန်တရားတစ်ခုကိုမူ နားလည်ထားလေသည်။

ယင်းမှာ ကံတရားတိုက်ပွဲတွင် သူသေကိုယ်‌သေ တိုက်ခိုက်ရခြင်းပင်။

အကယ်၍ ကျုံးကျဲသာ ကံတရား၏ သားတော် ကောင်းကင်ဘုံက ရွေးချယ်ထားသူ ဖြစ်နေပါက အခုအချိန်တွင် သူ့ကို မသတ်ဖြတ်နိုင်လျှင် နောက်တစ်ကြိမ်တွင် တစ်ဖက်လူက ပို၍ စွမ်းအားကြီးလာမည် ဖြစ်သည်။

ထိုသို့‌တွေးမိလိုက်ပြီး လင်ချန်စိတ်ထဲရှိ ကျုံးကျဲအပေါ် အထင်သေးမှုများနှင့် ကံကောင်းထောက်မစွာ နိုင်မည်ဟု မျှော်လင့်ချက်များ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ကံတရားတိုက်ပွဲဆိုသည်မှာ ကံကြမ္မာ၏ ပြိုင်ဆိုင်မှုပင် ဖြစ်ပြီး ကောင်းကင်တာအိုအောက်တွင် တစ်ယောက်တည်းသာ အသက်ရှင်ခွင့် ရှိပေသည်။

ကံကောင်းထောက်မစွာ နိုင်မည်ဟူသော မျှော်လင့်ချက် အနည်းငယ်မျှပင် မရပေ။ ဤရန်ငြိုးသည် ကောင်းကင်တာအို၏ ရန်ငြိုးဖြစ်ပြီး မိဘများအသတ်ခံရခြင်းနှင့် မိန်းမ အလုခံရခြင်း ရန်ငြိုးများထက်ပင် ပိုမိုကြီးမားလှပေသည်။

တစ်ချိန်တည်းမှာပင် သူ့အမွေအနှစ်ထဲမှ မှတ်တမ်းအချို့ကလည်း သူ့ကို လှုံ့ဆော်နေသည်။

ဒဏ္ဍာရီအရ အနောက်ဖက်ခြမ်း ချူစစ်ဘုရင်သည် ပထမဆုံး လူသားဧကရာဇ်ယင် ၏ နတ်ဘုရားမင်းဆက် ဘဏ္ဍာတိုက်ကို တပ်ဖွဲ့များ ဦးဆောင်ကာ လုယူခဲ့ဖူးသည်ဟု ဆိုကြသည်။

ချူစစ်ဘုရင်သည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်ဆိုသော်လည်း ဘဏ္ဍာတိုက်ထဲမှ ရတနာများနှင့် အခွင့်အရေးများမှာ လူ့လောကသို့ ပြန်ပေါ်မလာခဲ့ပေ။

အကယ်၍ တစ်စုံတစ်ယောက်က စစ်ဘုရင်ခန္ဓာကို ရရှိပြီး ကောင်းကင်နှင့်မြေကြီး စစ်ဘုရင်ခန္ဓာကို အောင်မြင်သွားပါက အနောက်ဘက်ခြမ်း ချူစစ်ဘုရင် ဝှက်ထားခဲ့သော မရေမတွက်နိုင်သည့် ဧကရာဇ်ရတနာများကို မကြာမီ ရှာဖွေရယူနိုင်တော့မည် ဖြစ်သည်။

ဧကရာဇ်ယင်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှ လူသားမျိုးနွယ်ကို ပထမဆုံး စည်းလုံးညီညွတ်အောင် လုပ်ဆောင်နိုင်ခဲ့သော အထွတ်အထိပ် ဧကရာဇ်ဖြစ်သည်။

သူ့ဘဏ္ဍာတိုက်ထဲတွင် ရတနာများ၊ အရင်းအမြစ်များ၊ ကျင့်စဉ်များနှင့် နတ်ဘုရားလက်နက်များ မည်မျှများပြားစွာ ရှိနေမည်နည်း။

စဉ်းစားကြည့်ရန်ပင် မဖြစ်နိုင်ပေ။ ထောင်စုနှစ်တစ်ခု၏ ဧကရာဇ်တစ်ပါး ဤဘွဲ့ထူးမှာ လွယ်လွယ်ကူကူ ပြော၍ရသည် မဟုတ်ပေ။

ဘဏ္ဍာတိုက်ထဲတွင် ကောင်းကင်နှင့်မြေကြီးကို ဖန်တီးနိုင်သော မဟာတာအိုအဆင့် ရတနာတစ်ပါး ရှိသည်ဟုပင် ကောလဟာလများ ထွက်ပေါ်ဖူးသည်။

ကောင်းကင်နှင့်မြေကြီးကို ရှာဖွေနိုင်ပြီး မရေမတွက်နိုင်သော သူတော်စင်နိုင်ငံများနှင့် နယ်မြေများကို ဖန်တီးနိုင်စွမ်း ရှိသည်ဟုဆိုကြ၏။

ထို စွမ်းအားမှာ တွေးကြည့်၍ပင် မရနိုင်ပေ။ လင်ချန် လက်ကို လှန်လိုက်ရာ လက်ဖဝါးထဲတွင် ရွှေရောင်မျက်လုံး ဆွဲသီးလေးတစ်ခု ပေါ်လာပြီး ထိုဆွဲသီးထဲကို ဝိညာဉ်စွမ်းအင်အချို့ ထည့်သွင်းလိုက်လေသည်။

သတိထားမိရန် ခက်ခဲသော မျက်လုံးပုံရိပ်ယောင်တစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး အလွန်လျင်မြန်သောအရှိန်ဖြင့် အနောက်ဘက်နယ်စပ် အပြင်ဘက်သို့ ပျံသန်းသွားလေသည်။

"ကျုံးကျဲရဲ့ ကောင်းကင်နှင့်မြေကြီး စစ်ဘုရင်ခန္ဓာက အရမ်း အံ့သြဖို့ကောင်းလွန်းတယ် အင်မော်တယ်မင်းဆက် အတွင်းပိုင်းက ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားနိုင်တယ်...တကယ်လို့ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ထွက်လာပြီး သူ့ကို ကာကွယ်ပေးရင် အမတ်ချုပ်ကြီးချန်တောင် ဘာမှ တတ်နိုင်မှာ မဟုတ်တော့ဘူး..."

"အခုလောလောဆယ် သဲကန္တာရထဲက ဟွမ်ရှားလူပုလေးတွေ မြန်မြန် လှုပ်ရှားဖို့ပဲ မျှော်လင့်ရတော့မယ်..."

ရွှေရောင်မျက်လုံးမှတစ်ဆင့် သတင်းစကားအချို့ ပေးပို့ပြီးနောက် သူ့မျက်နှာထားမှာ သိသိသာသာ တည်ငြိမ်သွားသည်။

လက်ကို ဆန့်ထုတ်လိုက်ရာ စစ်မင်းဓားကျိုးက သူ့လက်ထဲသို့ ရောက်ရှိလာပြီးမျက်နှာပေါ်တွင် အနိုင်ရရှိတော့မည့် ဟန်ပန် ပြန်လည် ပေါ်ပေါက်လာ၏။

ထို့နောက်ဟန်ဆောင်ကာ လက်သီးဆုပ်အရိုအ‌သေပြု၍ ပြောလိုက်သည်။

"အာ... ဗိုလ်မှူးကျုံးကို ဂုဏ်ပြုပါတယ်ဗျာ... ကံတရားအထောက်အပံ့ကြီး ထပ်ရသွားပြန်ပြီ..."

"ဒီနေ့ ဒီနေရာမှာ ခင်ဗျားနဲ့ကျွန်တော် အတိုက်အခိုက်လေး ဖလှယ်ရင်း ဗိုလ်မှူးကျုံးရဲ့ နည်းလမ်းသစ်တွေကို လေ့လာခွင့် ပြုပါဦး..."

အဆုံးမဲ့ ယမမင်းအငွေ့အသက်များက သူ့ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာပြီး စစ်မင်းဓားကျိုးထဲသို့ စီးဝင်သွားသည်။

ဓားကျိုး၏ ထိပ်ပိုင်းတွင် သွေးပျက်ဖွယ်ကောင်းသော ယမမင်းဓားသွားတစ်ခု ချက်ချင်း ပေါ်လာ၏။

ဓားသွားပေါ်မှ ယမမင်းစွမ်းအားများမှာ ဒြပ်ရှိအရာဝတ္ထုများကဲ့သို့ ခိုင်မာလာပြီး အနက်ရောင် မီးခိုးမျှင်များအဖြစ် ပြောင်းလဲကာ လေထဲတွင် လိမ်တွန့်နေကြသည်။

ယမမင်းဓားဆန္ဒ… သူက ကျုံးကျဲ လက်နက်ထုတ်မည်ကိုပင် မစောင့်တော့ဘဲ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်လိုက်သည်မှာ အနက်ရောင် ဝိညာဉ်အစုအဝေးအဖြစ် ပြောင်းလဲကာ ကျုံးကျဲ၏ ရှေ့သို့ ရောက်ရှိသွား၏။

"ငါ့ရဲ့ နှလုံးသားနဲ့ ကမ္ဘာတစ်ခွင်က ဝိညာဉ်တွေကို ဆင့်ခေါ်မယ်..."

လင်ချန် ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရာ ယမမင်းစွမ်းအားများ ပျံ့နှံ့သွားပြီး ကြီးမားသော အနက်ရောင် နှလုံးသားကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ကျုံးကျဲကိုလုံးဝ လွှမ်းခြုံထားလိုက်သည်။

အနက်ရောင်နှလုံးသားကြီးသည် ထူးဆန်းသော စည်းချက်တစ်ခုဖြင့် ခုန်နေပြီး တစ်ချက် ကြည့်လိုက်ရုံဖြင့် သေခြင်းတရား ရောက်ရှိလာတော့မည့်အတိုင်း ခံစားလိုက်ရသည်။

ဒဏ္ဍာရီအရ အနူးဘစ်နတ်ဘုရား၏ နှလုံးသားသည် ငရဲပြည်နှင့် ဆက်သွယ်နိုင်ပြီး အဆုံးမဲ့ သေခြင်းတရား တာအိုများ ကိန်းအောင်းနေသည်ဟု ဆိုကြသည်။

အမည်နှင့်လိုက်ဖက်စွာပင် ယမမင်းစွမ်းအားများကို သဲကန္တာရသေမင်း၏ နှလုံးသားအဖြစ် ပြောင်းလဲလိုက်ပြီး ရန်သူကို အတွင်းသို့ ဆွဲသွင်းကာ အသက်စွမ်းအားများကို အရှင်လတ်လတ် စုပ်ယူသတ်ဖြတ်မည့် နည်းလမ်း ဖြစ်သည်။

တစ်ချိန်က အနူးဘစ်သည် သူ့နှလုံးသားဖြင့် ရှေးဟောင်းနတ်ဘုရားများ၏ နတ်ဘုရားဝိညာဉ်ကိုပင် စုပ်ယူနိုင်ပြီး အသက်စွမ်းအားကို ဖြတ်တောက်နိုင်သည်ဟုကြုံးဝါးခဲ့ဖူးသည်။

အနူးဘစ်၏ ရည်ရွယ်ချက်မှာ သူ့နှလုံးသားကို အသုံးပြုပြီး ကမ္ဘာတစ်ခွင်ရှိ သက်ရှိများကို မြှုပ်နှံသင်္ဂြိုဟ်လိုခြင်းပင် ဖြစ်၏။ သူ့ရည်မှန်းချက်နှင့် ယုံကြည်မှု မည်မျှကြီးမားကြောင်း တွေ့မြင်နိုင်ပေသည်။

"ဟမ့်... ကမ္ဘာတစ်ခွင်က ဝိညာဉ်တွေကို ဆင့်ခေါ်မယ်တဲ့လား... လေကြီးလိုက်တာ.. အဆုံးမဲ့ နတ်ဘုရားမင်းဆက်ကို တည်ထောင်ခဲ့တဲ့ ရှေးဟောင်းဧကရာဇ်တွေနဲ့ ရှေးခေတ် ကောင်းကင်ဧကရာဇ် နတ်ဘုရားတွေတောင် ဒီလို စကားကြီးစကားကျယ် မပြောရဲကြဘူး..."

"သဲကန္တာရသေမင်းက နေရာကျဉ်းကျဉ်းလေးမှာ ပုန်းအောင်းနေတဲ့ နတ်ဘုရားလေး ဖြစ်နေတာ မဆန်းပါဘူး... တကယ်ကို ခွေးလို ပုန်းရှောင်ပြီး အသက်ရှင်နေရတာပဲ..."

ကျုံးကျဲက လှောင်ပြောင်လိုက်သည်။ လက်သီးတစ်ဖက်က မည်သည့် မီးခိုးငွေ့မျှ မပါဘဲ ယမမင်းနှလုံးသားထဲမှ ထိုးထွက်လာလေ၏။

သူ့လက်သီးမှာ ပတ္တမြားကဲ့သို့ နီရဲနေပြီး အနီရောင် သတ်ဖြတ်ခြင်း စွမ်းအားများ ပြည့်နှက်နေသည်။ သေခြင်းတရား တာအိုများ ကိန်းအောင်းနေသော မရေမတွက်နိုင်သည့် ယမမင်းအငွေ့အသက်များမှာ သူ့လက်သီးကို အနည်းငယ်မျှပင် တိုက်စားနိုင်ခြင်း မရှိပေ။

ထို့နောက် သူက လက်မောင်းကို ဆွဲခါလိုက်ရာ ယမမင်းစွမ်းအားများဖြင့် ဖွဲ့စည်းထားသော နှလုံးသားကြီး တစ်ခုလုံး နှစ်ခြမ်းကွဲသွားလေသည်။

သူ့ခန္ဓာကိုယ်ပေါ်မှ အဖြူရောင် ဝတ်ရုံရှည်မှာ အနည်းငယ်မျှပင် ပျက်စီးခြင်း မရှိပေ။ သေချာ ကြည့်လိုက်ပါက သူ့ခန္ဓာကိုယ်ပတ်လည်တွင် အနီရောင် သတ်ဖြတ်ခြင်း အလင်းတန်း တစ်လွှာ ဝန်းရံထားသည်ကို တွေ့ရမည် ဖြစ်သည်။

ဒိုင်းကာတစ်ခုသဖွယ် ငရဲစွမ်းအားများကို အပြင်ဘက်တွင် တားဆီးထားပေးသည်။ ငရဲစွမ်းအင်များသည် အနည်းငယ်မျှပင် ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိပေ။

ဤသည်က စစ်ဘုရင်းမင်းခန္ဓာ တစ်နည်း ကောင်းကင်နှင့်မြေကြီးကိုအစိုးရတဲ့ စစ်ဘုရင်မင်းခန္ဓာ၏ မွေးရာပါ နတ်ဘုရားစွမ်းအား တစ်ခုဖြစ်သည်။

ကျုံးကျဲ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသောအခါ စစ်ဘုရင်မင်းခန္ဓာသည် လောကရှိ ပုံမှန်မဟုတ်သော အခြေအနေများမှ တိုက်ခိုက်မှု အများစုကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ကျုံးကျဲတစ်ချက်လှုပ်စရာမလိုပဲ တိုက်ခိုက်မှု အများစုကို ပျက်ပြယ်သွားစေနိုင်သည်။

မန္တန်တစ်သောင်း၊ ကပ်ဘေးတစ်ထောင်... ခန္ဓာကိုယ်ကို မထိခိုက်နိုင်၊ အကြိမ်ရာ တစ်ထောင် ပျက်စီးပြိုလဲသံသရာဝင်သော်ငြား ခန္ဓာပျက်စီးခြင်းသည် မရှိဟု တင်စားကြ‌ လေသည်။

သို့ဖြစ်၍ရှေးဟောင်းခေတ်ကာလတွင်ပင် ထိုစွမ်းရည်သည် အလွန်စွမ်းအားကြီးသော မွေးရာပါ နတ်ဘုရားစွမ်းအား တစ်ခု ဖြစ်ခဲ့သည်။ ဘေးနားမှ အမတ်ချုပ်ကြီးချန်မှာ တိတ်တဆိတ် ထိတ်လန့်သွားလေ၏။

"လင်ချန်ရဲ့ ယမမင်းစွမ်းအားက အသက်စွမ်းအားကို စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်ကို ဆွေးမြေ့သွားစေနိုင်တယ်... နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိတဲ့ အင်မော်တယ် ဆေးပင်ကို အတွင်းထဲ ထည့်လိုက်ရင်တောင် မျက်စိတစ်မှိတ်အတွင်း အသက်စွမ်းအား အကုန် စုပ်ယူခံလိုက်ရမှာ..."

"ကျင့်ကြံခြင်းအဆင့်က နိယာမနယ်ပယ် အဋ္ဌမအဆင့် စစ်မှန်သောမီးတောက်ဖြင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်းအဆင့် မရောက်သေးတဲ့သူတွေဆိုရင် အသက်တစ်ခါရှူချိန်တောင် ခံနိုင်မှာ မဟုတ်ဘူး..."

All Chapters