← Chapters

အခန်း (၃၆၁+၃၆၂)

Vol. 19 Ch. 361+362

အခန်း (၃၆၁+၃၆၂)

Vol. 19 Ch. 361+362

အပိုင်း (၃၆၁) ဇာတ်ညွှန်း

လော်ယွမ် ကုတင်ဘေးတွင် ခေတ္တမျှ ထိုင်နေပြီး မကြာမီ အပြင်ဘက် စင်္ကြံလမ်းမှ ချန်ရှင်းကျယ်၏ အသံကို ကြားလိုက်ရသည်။

"ကျွန်မကို လိုက်ပို့ပေးလို့ ကျေးဇူးပါပဲ"

"ရပါတယ်ဗျာ... ဒါ ကျွန်တော့်တာဝန်ပဲလေ... အားနာစရာ မလိုပါဘူး... ဒါနဲ့မိတ်ဖွဲ့လို့ ရမလား" သံလိုက်ဓာတ်ပါသော ယောကျ်ားသံ တစ်သံ ထွက်ပေါ်လာသည်။

"ဆောရီးပါရှင်... ကျွန်မက ဒီမြို့သစ်ကနေ မကြာခင် ပြန်ရမှာ... နောက်ကြုံမှပဲပြန်တွေ့ကြတာပေါ့" ချန်ရှင်းကျယ်သည် ထိုလူစိမ်းကို ငြိုငြင်စေချင်ပုံမရသော်လည်း ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်သည်။

"အော် ရပါတယ်... ဒီရက်ပိုင်း ကျွန်တော်လည်း ဒီမှာ တည်းမှာဆိုတော့ ကျွန်တော်တို့ ထပ်တွေ့ကြဦးမှာပါ" ထိုအမျိုးသားက ဇွဲမလျှော့ဘဲ ဆက်ပြောနေသည်။

လော်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး တံခါးဖွင့်ကာ ထွက်ကြည့်လိုက်သည်။ ထိုအမျိုးသားကို တစ်ချက်ကြည့်ပြီးနောက် ချန်ရှင်းကျယ်ဘက်သို့ လှည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။ "အကူအညီ လိုလား"

ထိုအမျိုးသားသည် လူလတ်ပိုင်းအရွယ်ခန့် ရှိပြီး သပ်ရပ်စွာ ဝတ်စားထားသည်။ ယုံကြည်မှုရှိသော မျက်ဝန်းများနှင့် ကြည့်ကောင်းသော ပုံပန်းသွင်ပြင်ကြောင့် မိန်းကလေးများကို ဆွဲဆောင်နိုင်ပုံရသည်။ သို့သော် လော်ယွမ် ထွက်လာသည်ကို မြင်သောအခါ မျက်နှာပျက်သွားပြီး အလျင်အမြန်ပင် ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော်အထင်မှားသွားတာပဲ... ခင်ဗျားတို့နှစ်ယောက်ကို အနှောင့်အယှက် ပေးမိပြီ"

ထို့နောက် သူသည် အလျင်အမြန် လှည့်ထွက်သွားတော့သည်။

လော်ယွမ် သူ့ကို လှမ်းကြည့်လိုက်သော်လည်း သိပ်ပြီး အလေးထား မနေတော့ပေ။

ဘေးနားရှိ ချန်ရှင်းကျယ်သည် အိတ်ကြီးနှစ်လုံးကို ဆွဲထားပြီး အထဲမှ ဟင်းနံ့များ ရနေသည်။ လော်ယွမ် အိတ်များကို လှမ်းယူလိုက်သောအခါ အိတ်တစ်လုံးထဲတွင် အရက်ပုလင်းများ ပါလာသည်ကို တွေ့လိုက်ရသည်။ နွဲ့နှောင်းသော အမျိုးသမီးတစ်ယောက်အနေဖြင့်၊ အထူးသဖြင့် ယနေ့ညတွင် သူစိမ်းယောကျ်ားတစ်ယောက်နှင့် အခန်းတစ်ခန်းတည်း အတူအိပ်ရမည့် အခြေအနေတွင် အရက်သောက်မည် ဟူသည်မှာ သူ့ကို အလွန်အမင်း စိတ်ချလွန်းရာ ကျမနေသလော။

လော်ယွမ် မော့ကြည့်ပြီး မေးလိုက်သည်။ "ဘာလို့ အရက်ဖြူတွေပါ ဝယ်လာတာလဲ"

"ဒီနေ့ နည်းနည်းလောက် သောက်ချင်လို့ပါ" ချန်ရှင်းကျယ် ခဏမျှ တိတ်ဆိတ်နေပြီးမှ တိုးညှင်းစွာ ပြောလိုက်သည်။

ယနေ့ ဖြစ်ပျက်ခဲ့သော အရာများသည် ကြီးမားသော ဖိအားများ ဖြစ်စေခဲ့သည်။ စိတ်ဓာတ်မပြိုလဲသွားခြင်းကပင် အတော်လေး ကြံ့ခိုင်နေပြီဟု ဆိုနိုင်သည်။ လော်ယွမ် သက်ပြင်းချလိုက်ပြီး "ဒါဆိုလည်း သောက်လေ... ဒါပေမဲ့ ပုလင်းတဝက်လောက်ပဲ သောက်တာကောင်းမယ်"

"ကျွန်မကို အထင်မသေးပါနဲ့... ကျွန်မက အရက်ဒဏ် ခံနိုင်ပါတယ်" ချန်ရှင်းကျယ်က မျက်လုံးလေးများ ကွေးညွှတ်သွားသည်အထိ ပြုံးရင်း ပြောလိုက်သည်။

လော်ယွမ် ဘာမှပြန်မပြောတော့ဘဲ အိတ်ထဲမှ အရက်သုံးပုလင်းကို ထုတ်လိုက်သည်။ ကမ္ဘာပျက်ပြီးချိန်တွင် ''အာကောထို'' (တရုတ်အရက်ဖြူ) ကို ဆက်လက်ထုတ်လုပ်နေသေးသည်မှာ အံ့သြစရာပင်။ ထို့နောက် သူက ပုလင်းနှစ်လုံးကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ချန်ရှင်းကျယ်က သတိမထားမိဘဲ သူ့ကျောပြင်ကို မျက်လုံးအရောင်လက်ကာ ကြည့်နေသည်။

"တစ်ပုလင်းပဲ ရမယ်... သောက်ပြီးရင် စောစောအိပ်တော့" လော်ယွမ်က ပြောလိုက်သည်။

"ရှင် မသောက်ဘူးလား"

"ကျွန်တော်က အရက်မသောက်ဘူး" လော်ယွမ် ပြတ်သားစွာ ပြောလိုက်သည်။

ယခင်ကတော့ သူ သောက်ခဲ့ဖူးပါသည်။ လူမှုရေးအရ၊ မျက်နှာအရ သောက်ခဲ့ရသည်။ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံပွဲများတွင် သူများသောက်နေချိန် ကိုယ်က သစ်သီးဖျော်ရည် ထိုင်သောက်နေ၍ မရပေ။ အထက်လူကြီးများ ပါလာလျှင် ပိုဆိုးသည်။ သူများက လာတိုက်လျှင် ကိုယ်က ပြန်မတိုက်၍ မရ။ သို့သော် ကမ္ဘာပျက်ပြီးနောက်ပိုင်းတွင်တော့ သူ့ကို မည်သူကမျှ အတင်းအကျပ် မခိုင်းစေနိုင်တော့ပေ။

"ဒါဆိုရင်တော့ ရှင်က တကယ့် ယောကျ်ားကောင်းပဲ" ချန်ရှင်းကျယ်က ရန်စသလို ပြောလိုက်သည်။

"ကျွန်တော်ကအမြဲတမ်း ဒီလိုပါပဲ" လော်ယွမ် ပြုံးပြီး ပြောလိုက်သည်။

........................................................................................................

လက်တွေ့တွင် သူမ၏ အရက်သောက်နိုင်စွမ်းသည် သူမ ပြောသလောက် မကောင်းပေ။ ပုလင်းတစ်ဝက်ပင် မကျိုးသေးမီ မူးဝေလာပြီး ပါးပြင်နှစ်ဖက် ရဲလာကာ စကားများလည်း ပိုရဲတင်းလာသည်။ "ရှင်တို့ ယောကျ်ားတွေက... မယုံရဆုံးပဲ... ဒီည ရှင် ကျွန်မဘက် ကူးလာရင် ကန်ချပစ်မှာ"

လော်ယွမ် ချောင်းဟန့်လိုက်ပြီး မျက်နှာအနည်းငယ် ပူသွားသည်။ သူမက အရက်ပုလင်းကို လှမ်းယူရန် ပြင်နေသည်ကို တွေ့သောအခါ လှမ်းတားလိုက်ပြီး "တော်တော့... ခင်ဗျား တော်တော် များနေပြီ"

"ပုလင်းတစ်ဝက်ကျော် ကျန်သေးတယ်လေ... ကျွန်မ မမူးသေးပါဘူး" ချန်ရှင်းကျယ်က နှုတ်ခမ်းရဲရဲလေး ဆူကာ ပြုံးရွှင်စွာ ပြောသည်။

လော်ယွမ် စိတ်ထဲတွင် တွေးလိုက်မိသည်။ အခုတောင် အရက်မူးပြီး သောင်းကျန်းချင်နေပြီ၊ တစ်ပုလင်းလုံး ကုန်သွားရင် ဘယ်လောက်တောင် ဆိုးမလဲ။ သူက ငြင်းဆန်ခွင့်မပေးဘဲ ပုလင်းကို လုယူလိုက်သည်။ "အေးပါ... စောစော အိပ်တော့"

"ပျင်းစရာကောင်းတဲ့လူပဲ... ကျွန်မ ရေချိုးခန်းသွားလိုက်ဦးမယ်" ချန်ရှင်းကျယ်သည် ရုန်းကန်ထရပ်လိုက်ပြီး ယိုင်နဲ့နဲ့ဖြင့် ရေချိုးခန်းဘက်သို့ လျှောက်သွားရင်း ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။ "ရှင် ဝင်မလာနဲ့နော်... ဝင်လာရင် လူယုတ်မာလို့ အော်လိုက်မှာ"

ဘာကြောင့်မှန်းမသိ၊ ထိုသို့ ပြောလေလေ လော်ယွမ် စိတ်ထဲတွင် ဝင်သွားချင်စိတ် ပိုဖြစ်လာလေလေ ဖြစ်သည်။ အထူးသဖြင့် သူမ ဝင်သွားပြီးနောက် တံခါးကို ဟထားခဲ့သည်ကို မြင်သောအခါ (တမင်သက်သက်လား၊ အမူးလွန်နေလို့လား မသိ) သူ့စိတ်ထဲတွင် ပိုးကောင်လေးတစ်ကောင် ဝင်ရောက်လာသကဲ့သို့ တဆစ်ဆစ် ဖြစ်လာသည်။

အထဲမှ တရှပ်ရှပ် အသံများ ကြားနေရပြီးနောက် အိမ်သာတက်သံ ကြားရသည်။ ထို့နောက် မပြီးသေးဘဲ ဘာလုပ်နေမှန်း မသိ၊ အချိန်အတော်ကြာသောအခါ ရေချိုးခန်းထဲမှ အော်သံသဲ့သဲ့နှင့် ရှိုက်သံများ ထွက်ပေါ်လာသည်။

ဘာဖြစ်ပြန်ပြီလဲ။ လော်ယွမ် တွေးလိုက်မိသည်။ သူ၏ အာရုံခံနိုင်စွမ်းဖြင့် စစ်ဆေးနိုင်သော်လည်း မြင်ကွင်းက မှုန်ဝါးဝါး အရိပ်လောက်သာ ပေါ်မည်ဖြစ်၍ တိတိကျကျ မမြင်နိုင်ပေ။

"တင်ပါးက နာလိုက်တာ..." ချန်ရှင်းကျယ်၏ ငိုသံပါသောအသံ ထွက်ပေါ်လာသည်။ "ကျွန်မ မထနိုင်တော့ဘူး"

ဒီငမူးနဲ့တော့ ဒုက္ခပါပဲ။

"ကျွန်တော်လာကူရမလား" လော်ယွမ် တွန့်ဆုတ်စွာ မေးလိုက်သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချန်ရှင်းကျယ်က တွန့်ဆုတ်သောအသံဖြင့် "အင်း... လာကူပေး... ဒါပေမဲ့ ခိုးမကြည့်ရဘူးနော်"

လော်ယွမ် သဘောတူလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ သူမသည် ရေချိုးခန်းကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး ဘောင်းဘီမှာ ပေါင်လယ်လောက်အထိ လျှောကျနေသည်။ အိမ်သာတက်ပြီး ဆေးကြောရန် ပြင်နေပုံရသည်။

မြင်ကွင်းကို တစ်ချက်ကြည့်လိုက်မိသည်နှင့် လော်ယွမ်၏ သွေးများ ဆူပွက်သွားသည်။ သူ အလျင်အမြန် ခေါင်းလွှဲလိုက်ပြီး သူမကို ပွေ့ချီရန် ရှေ့တိုးသွားသည်။ သို့သော် သူမ၏ ရင်ခွင်ထဲသို့ ရောက်သည်နှင့် ချန်ရှင်းကျယ်က လော်ယွမ်၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး ရင်ခွင်ထဲတွင် မှီကာ နားနားကပ်၍ တုန်ရီသော အသံဖြင့် ပြောလိုက်သည်။ "ကျွန်မ အားမရှိတော့လို့... ဘောင်းဘီလေး ပြန်ဆွဲတင်ပေးပါလားဟင်"

ထိုစကားတစ်ခွန်းသည် ခြောက်သွေ့သော ထင်းပုံကို မီးရှို့လိုက်သကဲ့သို့ပင် 'ဝုန်း' ခနဲ လောင်ကျွမ်းသွားစေပြီး လော်ယွမ်၏ အသက်ရှူသံများ ချက်ချင်း မြန်ဆန်လာစေသည်။

...................................................................................................

ခဏအကြာတွင် လော်ယွမ်သည် သူမ၏ ကိုယ်ပေါ်မှ ဆင်းလိုက်ပြီး ဘေးသို့ လှဲချလိုက်သည်။ မျက်နှာကြက်ကို တွင်တွင်စိုက်ကြည့်ရင်း မျက်လုံးများ ဗလာဖြစ်နေသည်။ "ဒါ ဘယ်လိုဖြစ်တာလဲ... ဘာလို့ ဒီလိုမျိုးဖြစ်သွားတာလဲ"

သူ တစ်နေရာရာတွင် မှားယွင်းနေသလို ခံစားရသည်။

လက်တွေ့တွင် လော်ယွမ်၏ ခံစားချက် မမှားပေ။ ဉာဏ်ရည် မည်မျှပင် မြင့်မားပါစေ၊ "ဇာတ်ညွှန်း" (လှည့်ကွက်) ကိုတော့ မကျော်လွန်နိုင်ပေ။

နိုင်ငံတော်အဆင့် ယန္တရားတစ်ခု၏ အင်အားရှေ့မှောက်တွင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် မည်မျှပင် နက်ရှိုင်းစွာ ပုန်းကွယ်နေပါစေ၊ လွတ်မြောက်နိုင်ခြင်း မရှိပေ။ ပြန်လည်တည်ဆောက်ရေးဇုန်သို့ စတင်ဝင်ရောက်လာသည့်အချိန်မှစ၍ တစ်နှစ်နီးပါးကာလအတွင်း လော်ယွမ်၏ အကျင့်စရိုက်၊ ဝါသနာ၊ သဘောကျတတ်သော မိန်းကလေးပုံစံနှင့် လော်ယွမ်ကိုယ်တိုင်ပင် သတိမထားမိသော လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှု အကြိုက်များကိုပါ စစ်တပ်က အလုံးစုံ စုံစမ်းလေ့လာထားပြီး ဖြစ်သည်။

လော်ယွမ် အစည်းအဝေးခန်းမထဲတွင် စစ်ဆေးမေးမြန်းခံနေရစဉ်ကတည်းက ဤစီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

ချန်ရှင်းကျယ်သည် ဤစီမံကိန်းထဲတွင် မပြောပလောက်သော အနစ်နာခံ ခုတုံးလေး တစ်ကောင်သာ ဖြစ်သည်။ သူမ မရှိလျှင်လည်း ကျန်ရှင်းကျယ်၊ ကျောက်ရှင်းကျယ် စသည်ဖြင့် အစားထိုးမည့်သူများ ရှိပြီးသားဖြစ်သည်။ အမှန်တကယ်တွင် လာရောက်ညှိနှိုင်းစဉ်က ချန်ရှင်းကျယ်က တွန့်ဆုတ်ခြင်း မရှိဘဲ သဘောတူခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း အစိုးရယန္တရားထဲမှ လူတစ်ယောက်အနေဖြင့် သူမ ငြင်းဆန်နိုင်စွမ်း မရှိပေ။ လူသားမျိုးနွယ် တစ်ရပ်လုံး ရုန်းကန်ရှင်သန်နေရသော ပတ်ဝန်းကျင်ကြီးတွင် တစ်သီးပုဂ္ဂိုလ်ဆန္ဒက အရေးမပါတော့ပေ။ စည်းလုံးညီညွတ်မှုနှင့် ပေးဆပ်မှုကို ဦးစားပေးသော ခေတ်ကာလတွင် နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် စံပြဖြစ်ရန် လိုအပ်ပြီး စွန့်လွှတ်အနစ်နာခံရဲရမည်။

အခြားတစ်ဖက်တွင်မူ လော်ယွမ်သည် ဆွဲဆောင်မှုရှိသူဖြစ်ပြီး ငြင်းစရာမရှိဘဲ သဘောကျစရာ ကောင်းနေသည်။

ထို့အပြင် သူမသည် "ဓားတရား" ဌာနသို့ ဝင်ရောက်ကတည်းက ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သည်။ လော်ယွမ်နှင့် ပေါင်းဖက်ရမည်ဆိုလျှင် ထာဝရ မယားငယ် (သို့) တိတ်တိတ်ပုန်းချစ်သူ ဖြစ်ရသည်ဖြစ်စေ၊ ကံကောင်းသည်ဟု မှတ်ယူရမည်။

ထို့နောက် မည်သို့ မြှူဆွယ်ဖြားယောင်းရမည်၊ လော်ယွမ်၏ ဆန္ဒများကို မည်သို့ နှိုးဆွရမည် ဆိုသည်ကို စိတ်ပညာရှင် (၁၀) ဦးကျော်က လော်ယွမ်၏ စရိုက်ကို သုံးသပ်ပြီး အသေးစိတ် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ လော်ယွမ် အစည်းအဝေးခန်းထဲတွင် (၃) နာရီကြာ ရှိနေစဉ်အတွင်း ချန်ရှင်းကျယ်သည်လည်း အနားမရဘဲ ဤအစီအစဉ်အတွက် ပြင်ဆင်နေခဲ့ရသည်။

အခန်းဝတွင် လာရောက်နှောင့်ယှက်သော လူလတ်ပိုင်းအရွယ် အမျိုးသားသည်ပင်လျှင် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ပြိုင်ဘက်တစ်ဦးကို ဖန်တီးပေးခြင်းအားဖြင့် လော်ယွမ်၏ ပိုင်ဆိုင်လိုစိတ်ကို နှိုးဆွပေးရန် ဖြစ်သည်။ ကံကောင်းသည်မှာ အစီအစဉ်ပျက်နီးပါး ဖြစ်ခဲ့သော်လည်း အဆင်ပြေသွားခဲ့သည်။

လော်ယွမ် အကြာကြီး စဉ်းစားမနေလိုက်ရပေ။ နှင်းဆီရောင် သမ်းနေသော ခြေထောက်ဖြူဖြူလေးများသည် ရေဘဝဲကဲ့သို့ သူ့ကိုယ်ပေါ်သို့ ရစ်ပတ်လာပြန်သည်။ သူမ၏ ရင်ဘတ်သည် သူ့ရင်ဘတ်နှင့် ပူးကပ်လျက် အားကောင်းလွန်းသော သူ့နှလုံးခုန်သံကို နားထောင်နေသည်။

ချန်ရှင်းကျယ်က တိုးညှင်းစွာ သက်ပြင်းချလိုက်ပြီး ပြောသည်။ "ဒါက မတော်တဆဖြစ်သွားတာ... ကျွန်မမှာ အိမ်ထောင်ရှိတယ်... မနက်ကျရင် ရှင် အားလုံးကို မေ့လိုက်တော့နော်... နောက်ကျရင် ကျွန်မတို့က အရင်လို သာမန် လုပ်ဖော်ကိုင်ဖက်တွေပဲ ဖြစ်ကြရအောင်နော်"

တကယ်တမ်းတွင် သူမ၌ အိမ်ထောင်မရှိပါ။ အိမ်ထောင်ရှိလျှင် ဤဌာနသို့ ဝင်ခွင့်ရမည် မဟုတ်ပေ။ ဤစကားများသည် လော်ယွမ်၏ စိတ်အကြိုက်ကို မူတည်ပြီး ရေးဆွဲထားသော ဇာတ်ညွှန်းစကားများသာ ဖြစ်သည်။ လော်ယွမ် စစ်ဆေးလျှင်လည်း အထောက်အထား ခိုင်လုံအောင် စီစဉ်ထားပြီးသား ဖြစ်သည်။ အလုပ်များလွန်းပြီး အိမ်ပြန်မရောက်သော ခင်ပွန်းသည် ဇာတ်ကောင်၊ ဥပမာ - စစ်သား သို့မဟုတ် နယ်စပ်သတ္တုတွင်းမှ အင်ဂျင်နီယာ တစ်ယောက်ယောက်။ လိုအပ်လာလျှင် ထိုခင်ပွန်းသည် ဇာတ်ကောင်ကို တစ်ခါတစ်ရံ လူလုံးထွက်ပြခိုင်း၍လည်း ရသေးသည်။

လော်ယွမ် ဘာမှပြန်မပြောသော်လည်း စိတ်ထဲတွင် သက်သာရာ ရသွားသည်။ ဤသို့ဆိုလျှင် နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံးပင်။ အကယ်၍ အိမ်ပြန်ခေါ်သွားရမည်ဆိုလျှင် မည်သည့်အကြောင်းပြချက် ပေးရမှန်းမသိ၊ အိမ်က မိန်းမတွေ သဝန်တိုပြီး စိတ်ကောက်ကြရင် နေရထိုင်ရ ခက်ဦးမည်။

စိတ်ထဲတွင် ပေါ့ပါးသွားသည်နှင့် တပြိုင်နက် ခန္ဓာကိုယ်မှ ထိတွေ့မှုများက ဦးနှောက်ကို ပြန်လည်လွှမ်းမိုးလာပြီး သူ့စိတ်များ ပြန်လည်လှုပ်ရှားလာသည်။ လော်ယွမ် တစ်ဖက်လှည့်ကာ သူမကို ပြန်လည်ဖိချလိုက်သည်။ သူ၏ လက်ရှိပြန်လည်ကောင်းမွန်နိုင်စွမ်းကြောင့် သာမန်လူများကဲ့သို့ အနားယူစောင့်ဆိုင်းနေရန် မလိုအပ်ပေ။

"ဒု-ခေါင်းဆောင်... စိတ်ထိန်းပါဦး" ချန်ရှင်းကျယ် လန့်သွားပြီး တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ ဤတစ်ခါတော့ တကယ်လန့်သွားခြင်း ဖြစ်သည်။ ခုနတစ်ခေါက်တုန်းကပင် သူမ တော်တော်လေး ဒုက္ခရောက်ခဲ့ရပြီး ပြီးခါနီးတွင် သေမလိုပင် ခံစားခဲ့ရသည်။

လော်ယွမ်က အသက်ရှူသံပြင်းပြင်းဖြင့် ပြောလိုက်သည်။

"မနက်ရောက်ဖို့ အများကြီးလိုပါသေးတယ်"

ဆက်ရန်...

အပိုင်း(၃၆၂) ပေါက်ကွဲမှု

နောက်တစ်နေ့ မနက်စောစောတွင် လော်ယွမ်သည် သူ့ကိုယ်ပေါ်၌ ဖိထားသော ဖြူဖွေးသည့် ပေါင်တံများနှင့် သူ့ကို ဖက်တွယ်ထားသော လက်များကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်သည်။

လော်ယွမ် အိပ်ရာထပြီး အဝတ်အစား ဝတ်ဆင်လိုက်သည်။ အိပ်ပျော်နေရင်းနှင့် မျက်မှောင်အနည်းငယ် ကြုတ်ထားဆဲဖြစ်သော ချန်ရှင်းကျယ်ကို နောက်လှည့်ကြည့်ရင်း သူ သက်ပြင်းတစ်ချက် ဖွဖွချလိုက်ပြီး မျက်နှာအမူအရာမှာ ရှုပ်ထွေးနေ၏။

မနေ့က သူ၏ ဦးနှောက်ထဲတွင် ရမ္မက်စိတ်များ လွှမ်းမိုးနေသဖြင့် ဘာကိုမှ သိပ်မတွေးမိခဲ့ပေ။ ယခု အပြည့်အဝ အသိဝင်လာပြီးနောက် မနေ့ညက အဖြစ်အပျက် အသေးစိတ်ကို ပြန်စဉ်းစားကြည့်လိုက်ရာ ထိုအထဲတွင် သဘာဝမကျသော တောင့်တင်းမှုများနှင့် တမင်တကာ ပြုလုပ်နေသော ခံစားချက်မျိုးကို သိသိသာသာ ခံစားမိလာသည်။

အရာအားလုံးက ပြဇာတ်ကပြနေသကဲ့သို့ပင်။ သို့သော် သူမသည် တကယ့် သရုပ်ဆောင်စစ်စစ် မဟုတ်သည့်အတွက် သဘာဝကျအောင် မလုပ်နိုင်ဘဲ အတုနှင့် အစစ် ခွဲခြားရ လွယ်နေခြင်း ဖြစ်သည်။

ထို့အပြင် ချန်ရှင်းကျယ် ရံဖန်ရံခါ ထုတ်ဖော်ပြသတတ်သော ဝမ်းနည်းရိပ်သန်းသည့် မျက်နှာထားနှင့် ဝန်ထမ်းတစ်ယောက်က ဤအခန်းကို နှစ်ယောက်ခန်းအဖြစ် ကြိုတင်မှာယူထားခြင်းတို့ကို ထောက်ချင့်၍ လော်ယွမ်သည် အကွက်ထဲ ဝင်နေရသူဖြစ်သော်လည်း အဖြစ်မှန်ကို တော်တော်များများ ခန့်မှန်းမိလိုက်သည်။

ပြန်လည်တည်ဆောက်ရေးဇုန်က သူ့ကို စိတ်မချ ဖြစ်နေခြင်းပင်။

အထူးသဖြင့် ဤတစ်ခေါက် သူ သယ်ဆောင်လာသော သတင်းအချက်အလက်များက အလွန် တုန်လှုပ်ဖွယ်ကောင်းနေသည်။ အကယ်၍ ပြန်လည်တည်ဆောက်ရေးဇုန်ဘက်က အတည်ပြုရန်အတွက် တစ်စုံတစ်ရာ မလုပ်ဆောင်ဘဲ နေနေမှသာ ပုံမှန်မဟုတ်ဟု ဆိုရပေမည်။

"ပျားရည်ဆမ်းထားတဲ့ ထောင်ချောက်ပဲ... ဒါက ပျားရည်ဆမ်းထားတဲ့ ထောင်ချောက် သက်သက်ပဲ" လော်ယွမ် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ရင်သားတစ်ဝက် ပေါ်နေပြီး အိပ်ပျော်နေသော ချန်ရှင်းကျယ်ကို လော်ယွမ် တစ်ချက်ကြည့်လိုက်ရာ စိတ်ထဲမှ မကျေနပ်ချက် အနည်းငယ်မှာလည်း အတော်အတန် ပျောက်ကွယ်သွားသည်။

ဒီတစ်ကြိမ်တွင် ပြန်လည်တည်ဆောက်ရေးဇုန်၏ ရည်မှန်းချက် အောင်မြင်သွားခဲ့ပြီ။ သူ့ဘေးနားတွင် မျက်လုံးတစ်လုံး (သူလျှို) ထည့်ထားနိုင်ခဲ့ပြီး သူ့ကိုလည်း ပိုမို စိတ်ချသွားနိုင်သည်။ တစ်ချိန်တည်းမှာပင် လော်ယွမ်သည်လည်း "ပျားရည်ဆမ်းထားသော ထောင်ချောက်" ကို စားသုံးလိုက်ရသည်။ တစ်ဦးတည်းသော နစ်နာသူမှာ အတင်းအကျပ် တာဝန်ပေးခံရသည့် ချန်ရှင်းကျယ်သာ ဖြစ်သည်။

.......................................................................................

နေ့လယ်ပိုင်း ဧည့်ဂေဟာ စားသောက်ဆိုင်တွင် လော်ယွမ်နှင့် ချန်ရှင်းကျယ်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

"မနေ့ညက ကိစ္စကို ထားလိုက်တော့... နောက်ဆိုရင် ကျွန်မတို့က သာမန် လုပ်ဖော်ကိုင်ဖက်တွေပဲ... ဒီလိုကိစ္စမျိုး နောက်ထပ် ဖြစ်လာမှာ မဟုတ်ဘူး" ယခုအချိန်တွင် ချန်ရှင်းကျယ်၏ မျက်နှာပေါ်၌ ပုံမှန် မြင်တွေ့ရလေ့ရှိသော အပြုံးများ မရှိတော့ဘဲ အေးစက်နေသည်။

လော်ယွမ်သည် သူမ၏ မျက်နှာထားကို မသိမသာ အကဲခတ်ကြည့်လိုက်ရာ စိတ်ထဲ၌ ရယ်ချင်မိသွားသည်။ ဤသည်မှာ မူနေခြင်းတမျိုးလား... ဒါမှမဟုတ် တကယ့် ရင်ထဲက ဆန္ဒအစစ်လား။

မကြာမီ သူ ဤအတွေးကို စွန့်လွှတ်လိုက်သည်။ သူမ၏ စကားများတွင် စိတ်ရင်းမှန် မည်မျှပါသည်ဖြစ်စေ သူကတော့ ဗူးပေါ်သလို ပေါ်အောင် လုပ်၍မဖြစ်ပေ။ သူမနှင့်အတူ လိုက်ပြီး သရုပ်ဆောင်ပေးရုံသာ ရှိသည်။ အနည်းဆုံးတော့ အကြမ်းဖျင်း အတည်ပြုထားပြီးဖြစ်သော သူလျှိုတစ်ယောက် ရှိနေခြင်းက ဘယ်ကမှန်းမသိသော လူစိမ်းတစ်ယောက် ပေါ်လာခြင်းထက် ပို၍ကောင်းသည်။ သူ့အတွက် ခြိမ်းခြောက်မှု မရှိသော်လည်း စိတ်ထဲတွင်တော့ တစ်မျိုးကြီး ဖြစ်နေသည်။ ခဏတွေးပြီးနောက် သူ ပြန်ပြောလိုက်သည်။

"ဒီစကားကို မင်း မနေ့ကလည်း ပြောပြီးပြီးမလား... မပူပါနဲ့ ငါက ရှုပ်ရှုပ်ယှက်ယှက် လုပ်တတ်တဲ့လူ မဟုတ်ပါဘူး"

"ဒါဆိုရင် ပြီးတာပဲ" ချန်ရှင်းကျယ် တူကို ချလိုက်ပြီး လက်ကိုင်ပုဝါဖြင့် ပါးစပ်သုတ်ကာ အခန်းပြန်ရန် ထရပ်လိုက်သည်။ မတ်တတ်ရပ်လိုက်သည်နှင့် သူမ မျက်မှောင်ကြုတ်သွားပြီး လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။

"ငါ တွဲပေးရမလား" လော်ယွမ် အားနာစွာ ပြုံးလိုက်သည်။ မနေ့ညက သူမကို တော်တော်လေး နှိပ်စက်မိခဲ့ပုံရသည်။ နေ့လယ်ရောက်ခါနီးမှ သူမ အနိုင်နိုင် ထနိုင်ခဲ့ခြင်း ဖြစ်သည်။

"မလိုဘူး" ချန်ရှင်းကျယ်က လော်ယွမ်ကို မျက်စောင်းထိုးပြီး အေးစက်စွာ ငြင်းပယ်လိုက်သည်။

ထိုအချိန်မှာပင် လော်ယွမ်၏ မျက်နှာထား ပြောင်းလဲသွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ ဘေးနားမှ ချန်ရှင်းကျယ် လန့်သွားသော်လည်း လော်ယွမ်၏ အာရုံစိုက်ရာသည် သူမ မဟုတ်ကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။

သူမသည် လော်ယွမ် ကြည့်နေသည့် နေရာသို့ အလျင်အမြန် လိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် ဖြူဖွေးနေသော နံရံတစ်ခုသာ ရှိပြီး အခြား ဘာမှ မရှိပေ။ သူမ သံသယဖြစ်နေစဉ် ရုတ်တရက် မြေကြီး အနည်းငယ် တုန်ခါသွားသည်ကို ခံစားလိုက်ရပြီးနောက် အဝေးမှ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံအီအီကြီးတစ်ခု ထွက်ပေါ်လာသည်။

ချန်ရှင်းကျယ်၏ ကိုယ်ခန္ဓာ ယိမ်းယိုင်သွားသော်လည်း ချက်ချင်း ပြန်ထိန်းလိုက်နိုင်သည်။ ငလျင်ဒဏ်မှာ သိပ်မပြင်းထန်ဘဲ ရစ်ချ်တာစကေး ၃ အဆင့်လောက်သာ ရှိသော်လည်း စားသောက်ဆိုင်တစ်ခုလုံး ထိတ်လန့်သွားကြသည်။ မူလက တိတ်ဆိတ်နေသော စားသောက်ဆိုင်သည် ဆူညံပွက်လောရိုက်သွားသည်။ မကြာသေးမီက လှုပ်ခတ်ခဲ့သော ငလျင်ကြီး ပြီးဆုံးသွားသည်မှာ မကြာသေးသဖြင့် ကြောက်မက်ဖွယ် အမှတ်တရများက လတ်ဆတ်နေဆဲ ဖြစ်သည်။ လူအုပ်ကြီးသည် ထွက်ပြေးရမလား၊ ဆက်နေရမလား မဆုံးဖြတ်နိုင်ဘဲ တုံ့ဆိုင်းနေကြသည်။

ကံကောင်းစွာဖြင့်ပင် တုန်ခါမှုက ရောက်လာသလို လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ငြိမ်သက်သွားသည်။

"ဘာဖြစ်တာလဲ... ပြီးတော့ ရှင် စောစောက ဘာကို ကြည့်နေတာလဲ" ချန်ရှင်းကျယ် သက်ပြင်းချလိုက်ပြီး အလျင်အမြန် မေးလိုက်သည်။

လော်ယွမ် ခေါင်းခါလိုက်သည်။ ဤကဲ့သို့သော ဆဋ္ဌမအာရုံကို ရှင်းပြရန် ခက်ခဲသည်။ သူ၏ ခန္ဓာကိုယ်သည် လေထုထဲမှ မျက်စိဖြင့် မမြင်နိုင်၊ လက်ဖြင့် မထိတွေ့နိုင်သော လှိုင်းအမျိုးမျိုးကို လက်ခံရရှိနိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထိုလှိုင်းများသည် (လျှပ်စစ်သံလိုက်လှိုင်းများ အပါအဝင် ) တုန်ခါမှု၏ မူလဇာစ်မြစ် သတင်းအချက်အလက်များကို သယ်ဆောင်လာကြသည်။ တုန်ခါမှု ဤနေရာသို့ မရောက်ခင် စက္ကန့်ပိုင်းအလိုတွင် သူ အရာအားလုံးကို အာရုံခံမိခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ပေါက်ကွဲမှု အကြီးစားတစ်ခုဖြစ်ပြီး အနုမြူဗုံးနှင့် ဆင်တူသော်လည်း အတိုင်းအတာကတော့ အများကြီး ပိုသေးငယ်သည်။

"ဘာ... အနုမြူပေါင်းစပ်တဲ့စက် ပေါက်ကွဲတာဟုတ်လား... မဖြစ်နိုင်တာ... အနုမြူ ပေါင်းစပ်တဲ့စက်က ပေါက်ကွဲစရာ အကြောင်းမှမရှိတာ" ထိုအချိန်တွင် စားသောက်ဆိုင် ထောင့်တစ်နေရာမှ ဖုန်းပြောနေသံကို လော်ယွမ်၏ အလွန်ပါးသော နားက ကြားလိုက်ရသည်။ အသံကို တိုးထားသော်လည်း လော်ယွမ်ကတော့ ရှင်းရှင်းလင်းလင်း ကြားနေရသည်။

.............................................................................................

"ဘယ်လိုမှမဖြစ်နိုင်ဘူး... အဲ့ဒီစက်က အထပ်ထပ် စစ်ဆေးပြီးသား... အန္တရာယ်ကင်းပြီး ပြင်းထန်တဲ့ငလျှင်ဒဏ်ကိုတောင် ခံနိုင်တယ်... ပြိုကျသွားရင်တောင်မှ ပုံမှန်အတိုင်း လည်ပတ်နိုင်သေးတယ်... ပြီးတော့နောက်တစ်ကြိမ် စက်မောင်းဖို့က ရက်တော်တော်လိုသေးတယ်လေ... အခုက စက်ရပ်ထားတာကို ဘယ်လိုလုပ် ဒီလိုပေါက်ကွဲတာမျိုး ဖြစ်နိုင်မှာလဲ"

.............................................................................................

"ဒါ တစ်ယောက်ယောက်က တမင် ဖျက်ဆီးတာပဲ ဖြစ်ရမယ်... ဒါ တာဝန်ပေါ့လျော့မှုပဲ... မဟုတ်ဘူး အဲ့တာ လူသားမျိုးနွယ်အပေါ် ပုန်ကန်မှုပဲ"

အနုမြူပေါင်းစပ် စက်ရုံ ပေါက်ကွဲခြင်း ဆိုသည့် အသံကြားသောအခါ လော်ယွမ် မျက်နှာပျက်သွားသည်။

လတ်တလော ကာလတွင် သတင်းစာများ၌ အနုမြူ ပေါင်းစပ် စွမ်းအင်စက်ရုံ အကြောင်းကို တွင်တွင်ကျယ်ကျယ် ဖော်ပြနေကြသည်။ အထူးသဖြင့် မကြာသေးမီက ထိန်းချုပ်နိုင်သော အနုမြူ ပေါင်းစပ် စက်ရုံနှင့် ပတ်သက်၍ အဓိကကျသော အောင်မြင်မှုများ ရရှိထားပြီး လက်တွေ့အသုံးပြုနိုင်သော အဆင့်သို့ နီးကပ်နေပြီဟု ဆိုသည်။

"ဓားတရား" ဌာနတွင် ရှိနေတုံးက လော်ယွမ်သည် နေ့စဉ် သတင်းစာဖတ်လေ့ရှိပြီး ထိန်းချုပ်နိုင်သော အနုမြူ ပေါင်းစပ်မှု အကြောင်းကို အကြမ်းဖျင်း နားလည်ထားသည်။ အနုမြူ ဖြိုခွင်းမှုစွမ်းအင်စက်ရုံများနှင့် ယှဉ်လျှင် ပေါင်းစပ်မှု စွမ်းအင်စက်ရုံများသည် စွမ်းအင်သိပ်သည်းဆ ပိုမိုမြင့်မားပြီး "အကန့်အသတ်မဲ့ စွမ်းအင်" ဟုပင် တင်စားနိုင်သည်။ ဤကဲ့သို့သော စက်ရုံ ၅ ရုံ၊ ၆ ရုံခန့် ရှိရုံဖြင့် ပြန်လည်တည်ဆောက်ရေးဇုန် တစ်ခုလုံး၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။

ပို၍ ကံကောင်းသည်မှာ စကြာဝဠာ မုန်တိုင်းသည် လူသားများအတွက် ကမ္ဘာပျက်ကပ်ကို ယူဆောင်လာသော်လည်း ထိုမုန်တိုင်းကြောင့်ပင် ကမ္ဘာမြေပေါ်တွင် "ဟီလီယမ်-၃" သတ္တုများ ရှားပါးခြင်း မရှိတော့ပေ။ လကမ္ဘာအထိ သွားရောက်တူးဖော်ရန် မလိုအပ်ဘဲ ပြန်လည်တည်ဆောက်ရေးဇုန် နယ်မြေအတွင်းရှိ အသိုက်များဖြင့်ပင် ရာစုနှစ်ပေါင်းများစွာ စွမ်းအင် ထောက်ပံ့ပေးနိုင်သည်။

ထိန်းချုပ်နိုင်သော အနုမြူ ပေါင်းစပ်မှု နည်းပညာ၏ အရေးပါပုံကို လော်ယွမ် ကောင်းစွာ သိသည်။ ဤနည်းပညာသာ အောင်မြင်ပါက ပြန်လည်တည်ဆောက်ရေးဇုန် တစ်ခုလုံး တော်လှန်ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာမည်ဖြစ်ပြီး အနည်းဆုံးတော့ လူသားများ၏ အခြေအနေ အများကြီး ကောင်းမွန်လာမည်ဖြစ်သည်။

လော်ယွမ်သည် လျှပ်စစ်လက်နက်များ အကြောင်းကို သိပ်နားမလည်သော်လည်း စွမ်းအင် အလွန်ကုန်ကျသော "လျှပ်စစ်သံလိုက် အမြောက်" အကြောင်းကိုတော့ သိသည်။ အရေးပေါ် အခြေအနေ မဟုတ်လျှင် ပြောင်းတံရှည်လျားပြီး စွမ်းအားပြင်းထန်သော ထိုအမြောက်များကို အသုံးမပြုကြပေ။ အဘယ်ကြောင့်ဆိုသော် တစ်ခါပစ်လိုက်တိုင်း ကုန်ဆုံးသွားသော ကြီးမားသည့် လျှပ်စစ်စွမ်းအင် ပမာဏကြောင့် စက်မှုဇုန်ရှိ စက်ရုံအချို့ကို အတင်းအကျပ် ရပ်နားပစ်ရသောကြောင့် ဖြစ်သည်။

ထို့အတူ အကန့်အသတ်မဲ့ လျှပ်စစ်စွမ်းအင် ရှိလာပါက လေဆာကဲ့သို့သော စွမ်းအင်လက်နက်များကိုလည်း လက်တွေ့အသုံးပြုလာနိုင်မည် ဖြစ်သည်။ လေဆာသည် တိတ်ဆိတ်ခြင်း၊ ချက်ချင်းထိမှန်ခြင်း စသည့် ဂုဏ်သတ္တိများ ရှိပြီး အလင်းအမြန်နှုန်းနီးပါးဖြင့် တိုက်ခိုက်နိုင်သောကြောင့် ပစ်မှတ် အသေထားလိုက်သည်နှင့် ထိမှန်သည်ဟု မှတ်ယူနိုင်သည်။

ဤနည်းပညာသည် သိပ္ပံစိတ်ကူးယဉ် မဟုတ်ပေ။ အမှန်တကယ်တော့ လွန်ခဲ့သော ကာလများကတည်းက ထိုနည်းပညာက အခြေခံအားဖြင့် ရင့်ကျက်နေပြီဖြစ်ပြီး သီအိုရီများလည်း ပြည့်စုံနေပြီဖြစ်သည်။ တရုတ်နိုင်ငံ အပါအဝင် အင်အားကြီး နိုင်ငံအချို့သည် ကမ္ဘာပျက်ကပ် မတိုင်မီကပင် လက်နက်စမ်းသပ်မှု အပိုင်းအခြား တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။

သို့သော် ဤလက်နက်၏ အားနည်းချက်မှာလည်း သိသာထင်ရှားသည်။ ၎င်းက လေထု၏ သက်ရောက်မှုကို ပြင်းထန်စွာ ခံရသည်။ လေဆာတန်း သွားရောက်ရာ လမ်းကြောင်းတွင် လေထုနှင့် တိုက်မိပြီး အိုင်းယွန်းပြုခြင်းနှင့် လမ်းကြောင်းလွဲခြင်းများ ဖြစ်ပေါ်ကာ စွမ်းအင်အမြောက်အမြား ဆုံးရှုံးစေသလို ရာသီဥတု၏ သက်ရောက်မှုကိုလည်း အလွန်ခံရသည်။

သို့သော် အကန့်အသတ်မဲ့ လျှပ်စစ်စွမ်းအင်သာ ရှိပါက ဤအားနည်းချက်များကို လျစ်လျူရှုထားနိုင်သည်။ ကမ္ဘာပျက်ကပ် မတိုင်မီက ဒုံးခွင်းနည်းပညာနှင့်သာ ပေါင်းစပ်လိုက်ပါက ပြန်လည်တည်ဆောက်ရေးဇုန်၏ ကောင်းကင်ယံတွင် မည်သည့် ခြိမ်းခြောက်မှုမျှ ရှိတော့မည် မဟုတ်ပေ။

သို့သော် ဤမျှ အရေးပါသော အနုမြူ ပေါင်းစပ်မှု စက်သည် မတော်တဆ ပေါက်ကွဲသွားသည် ဆိုသည်ကို လော်ယွမ် မယုံကြည်နိုင် ဖြစ်နေသည်။

ဤသည်မှာ မတော်တဆမှုလား... ဒါမှမဟုတ် ပူးပေါင်းကြံစည်မှုလား။

...

ထိုအချိန်တွင် ဖုန်းပြောနေသော အဖိုးအိုသည် ဖုန်းချလိုက်ပြီး မျက်နှာပျက်ကာ ကတိုက်ကရိုက် ထွက်ခွာသွားသည်။

"မင်းဒီမှာ နေခဲ့ဦး... ငါ အပြင်သွားကြည့်လိုက်ဦးမယ်" လော်ယွမ် အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ချန်ရှင်းကျယ်ကို ပြောလိုက်သည်။

"အင်း... မြန်မြန်ပြန်လာနော်" ချန်ရှင်းကျယ်က ပြောသည်။

လော်ယွမ် ခေါင်းညိတ်လိုက်ပြီး ဧည့်ဂေဟာအပြင်သို့ လှမ်းထွက်လိုက်သည်။ သူ အာရုံခံကြည့်လိုက်ပြီး ဦးတည်ချက်တစ်ခုကို ရွေးချယ်ကာ စောစောက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာသို့ အမြန်ပြေးသွားလိုက်သည်။

"မြို့သစ်" သည် ပြန်လည်တည်ဆောက်ရေးဇုန်၏ မြို့တော်ဖြစ်သော်လည်း အမှန်တကယ်တော့ သိပ်မကြီးမားပေ။ ဘေးနှစ်ဖက်ရှိ တောင်ကြားများက မြို့၏ အကျယ်အဝန်းကို ကန့်သတ်ထားပြီး မြေအောက်အထပ် ဧရိယာများကို ထည့်မတွက်လျှင် မျှော်လင့်ချက်မြို့ထက်ပင် သေးငယ်သေးသည်။

နေ့ဘက်အချိန် ဖြစ်သောကြောင့် လမ်းမပေါ်တွင် လူသိပ်မရှိဘဲ ရှင်းလင်းနေသော လမ်းမများက လော်ယွမ်ကို စိတ်ရှိလက်ရှိ ပြေးလွှားခွင့် ပေးထားသည်။

၃၊ ၄ မိနစ်ခန့် အကြာတွင် သူ မြို့ပြင်သို့ ရောက်ရှိသွားသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာကို ရှာဖွေရန် မခက်ခဲပေ။ သာမန်လူတစ်ယောက် ဤနေရာမှ ရပ်ကြည့်လျှင်ပင် ချက်ချင်း တွေ့နိုင်သည်။

အချိန်အတော်ကြာသွားပြီ ဖြစ်သဖြင့် ပေါက်ကွဲမှုသည် လုံးဝ ငြိမ်သက်သွားပြီ ဖြစ်သော်လည်း အထက်တွင် ရေခဲမုန့်များ စုပုံထားသကဲ့သို့ ထူးဆန်းသော တိမ်ဖြူတိမ်တိုက် တစ်ခုကို မြင်တွေ့နေရဆဲ ဖြစ်သည်။ ၎င်းသည် ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မှိုပွင့်ပုံ တိမ်တိုက်နှင့် ဆင်တူသော်လည်း ပုံမှန် ဟိုက်ဒရိုဂျင်ဗုံးနှင့် ယှဉ်လျှင် အရွယ်အစား အလွန်သေးငယ်နေသည်။

မည်မျှပင် သေးငယ်ပါစေ ၎င်းက အနုမြူ ပေါင်းစပ်မှု ဖြစ်သည်။ ဆယ်ကီလိုမီတာကျော် အကွာအဝေးမှ လှမ်းကြည့်လျှင်ပင် ပေ၃၀၀ပတ်လည်ရှိ မြေပြင်သည် အပူချိန်မြင့်မားမှုကြောင့် မှန်သားကဲ့သို့ အရည်ပျော်နေသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများ လဲကျကုန်သည်ကို တွေ့ရသည်။ ကံကောင်းစွာဖြင့်ပင် အနုမြူ ပေါင်းစပ်မှု ဓာတ်ခွဲခန်းက မြို့နှင့် အတော်လေး ဝေးကွာသောကြောင့်သာ တော်တော့သည်။ သို့မဟုတ်ပါက ဤတစ်ကြိမ် ပေါက်ကွဲမှုက မြို့သစ်မြို့ကို အကြီးအကျယ် ထိခိုက်စေနိုင်သည်။

လော်ယွမ် အနားသို့ မကပ်ဘဲ အဝေးမှသာ လှမ်းကြည့်နေလိုက်သည်။ စွမ်းအင်မြင့် အမှုန်များ၏ ဓါတ်ရောင်ခြည်သင့်မှုကို သူ မကြောက်သော်လည်း မလိုအပ်သော ပြဿနာများကို မဖြစ်ချင်ပေ။

ထင်ထားသည့်အတိုင်းပင် မကြာမီ စစ်သည်တင် သံချပ်ကာကား အမြောက်အမြားသည် လမ်းဘေးမှ "ဝေါ" ခနဲ မောင်းနှင်သွားကြသည်။ အထဲတွင် ဓာတ်ရောင်ခြည် အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားသော စစ်သည်များ အပြည့်ပါလာပြီး မကြာမီ ပေါက်ကွဲမှု ဖြစ်ပွားရာ ဧရိယာကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြသည်။

ထို့နောက် မြေတူးစက်ကြီး ၁၀ စီးကျော် ရောက်ရှိလာပြီး တွင်းပေါက်ကြီး မအေးသေးခင်မှာပင် ချက်ချင်း တူးဖော်မှုများ စတင်ပြုလုပ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ အင်ဂျင်နီယာကားများ ပိုမိုများပြားလာပြီး အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားသော စစ်သည်အများအပြားသည် ကိရိယာများကို ကိုင်ဆောင်၍ တွင်းပေါက်ထဲတွင် လမ်းလျှောက်နေကြကာ တစ်စုံတစ်ရာကို ရှာဖွေနေပုံရသည်။

လော်ယွမ် အဝေးမှ အချိန်အတော်ကြာ ကြည့်ရှုနေသော်လည်း ဘာမှ ထူးခြားမလာသဖြင့် ဧည့်ဂေဟာဘက်သို့ ဖြည်းညင်းစွာ ပြန်လျှောက်လာခဲ့သည်။

ခြေလှမ်းအနည်းငယ် လှောက်ပြီးနောက် ရုတ်တရက် သူ ခြေလှမ်းရပ်တန့်လိုက်ပြီး ကိရိယာများ ကိုင်ဆောင်ကာ နေရာအနှံ့ လိုက်လံစစ်ဆေးနေသော စစ်သည်အုပ်စုကို ပြန်လှည့်ကြည့်လိုက်ပြီး လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိသည်။ ဤကိစ္စက အာကာသထဲမှာ ရှိနေသည့် ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်း (ဂြိုဟ်သား) လက်ချက်များလား။

မနေ့က အစည်းအဝေးတွင် သိပ္ပံအကြံပေးပုဂ္ဂိုလ်က ခန့်မှန်းပြောကြားခဲ့သည်မှာ ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်း၏ နည်းပညာ အဆင့်အတန်းသည် ကမ္ဘာမြေထက် နှစ် ၁၀၀ မှ ၁၅၀ ခန့် ရှေ့ရောက်နေသည် ဟုဆို၏။ လူသားများ၏ အမြင်တွင် ကွာဟချက် ကြီးမားသော်လည်း စကြာဝဠာ၏ အတိုင်းအတာအရဆိုလျှင် ဤမျှတိုတောင်းသော အချိန်ကာလက မပြောပလောက်ပေ။ ကြယ်တာရာများကြား ခရီးသွားခြင်း တစ်ခုတည်းကပင် ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်နိုင်သည်။

လတ်တလော ရက်ပိုင်းအတွင်း အနုမြူ ပေါင်းစပ်မှုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို လျှို့ဝှက်ထားခြင်း မရှိပေ။ စိတ်ဓာတ်မြှင့်တင်ရန်နှင့် စစ်ရေးစိတ်ဓာတ် တက်ကြွစေရန်အတွက် နည်းပညာသစ် တစ်ခုခု အောင်မြင်တိုင်း ပြန်လည်တည်ဆောက်ရေးဇုန်၏ အင်တာနက်နှင့် သတင်းများတွင် နေရာအနှံ့ ထုတ်လွှင့်ကြေညာလေ့ရှိသည်။

ယခင်က ရန်သူများသည် သန္ဓေပြောင်းသားရဲများသာ ဖြစ်သည့်အတွက် ဖုံးကွယ်ထားစရာ မလိုသလို မလျှို့ဝှက်လျှင်ဖြစ်လာမည့် ပြဿနာကိုလည်း သတိမထားမိခဲ့ကြပေ။

ကြယ်တာရာများကြား ခရီးနှင်နိုင်သော ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခု အနေဖြင့် ဘာသာစကား ကုဒ်ဖော်ခြင်းနှင့် အင်တာနက် သတင်းအချက်အလက် ရယူခြင်းတို့သည် ဒေတာလုံလောက်စွာ ရှိနေသရွေ့ မည်သည့် အခက်အခဲမျှ ရှိမည်မဟုတ်ပေ။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း မတူညီလျှင်တောင်မှ နည်းပညာ အသာစီးရမှုဖြင့် လျင်မြန်စွာ ဖြေရှင်းနိုင်ပေလိမ့်မည်။

ဤသည်မှာ သတင်းအချက်အလက်များကို ရန်သူက အလိုရှိသလိုကြည့်ရှုခွင့်ရနေခြင်းနှင့် အတူတူပင်ဖြစ်သည်။ ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်းများအတွက် လူသားများတွင် လျှို့ဝှက်ချက်ဟူ၍ မရှိပေ။

ထိန်းချုပ်နိုင်သော အနုမြူ ပေါင်းစပ်မှု ကဲ့သို့သော အဓိကကျသည့် နည်းပညာသည် ကမ္ဘာမြေမှ ခွဲထွက်ပြီး ကြယ်တာရာများဆီသို့ ခြေလှမ်းလှမ်းရန်အတွက် မရှိမဖြစ် လိုအပ်သော "ရှေ့ပြေး နည်းပညာ" ဖြစ်သည်။ လက်နက်အေးခေတ်မှ ယမ်းမီးခေတ်သို့ ကူးပြောင်းသကဲ့သို့ဖြစ်ပြီး ယဉ်ကျေးမှုအဖွဲ့အစည်းနှစ်ခုကြား ကွာဟချက် ကြီးမားနေဆဲ ဖြစ်သော်လည်း အန္တရာယ်ပေးနိုင်စွမ်းမှာမူ ဒုံးပျံကဲ့သို့ ထိုးတက်သွားပြီဖြစ်သည်။

အကယ်၍ ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်းသည် လူသားများကို အမြဲမပြတ် စောင့်ကြည့်နေခဲ့ပါက ဤကဲ့သို့သော ထူးခြားပြောင်မြောက်သည့် အောင်မြင်မှုကို လျစ်လျူရှုထားနိုင်မည် မဟုတ်ပေ။

ဆက်ရန်...

All Chapters