← Chapters

အခန်း (၁၇၁)

Vol. 15 Ch. 171

အခန်း (၁၇၁)

Vol. 15 Ch. 171

အရက်ဓားအင်မော်တယ်သည် ထူထဲလှသော ငွေစက္ကူထုပ်ကြီးကို ကိုင်တွယ်ရင်း "ပိုက်ဆံရှာရတာ တကယ်ကို လွယ်ကူပါလား" ဟု မအံ့သြဘဲ မနေနိုင်တော့ပေ။ ခဏတာအတွင်းမှာတင် သူသည် ငွေတေးပေါင်း ၃ သိန်းကို ရရှိခဲ့လေသည်။

​ ငွေပေးချေထားသော လူ ၁၀၀ သည် နောက်ဆုံးတွင် ဂူအတွင်းသို့ ဝင်ရောက်ခွင့်ရရှိခဲ့ကြသည်။ လမ်းတစ်လျှောက် ကွေ့ကောက်သွားလာပြီးနောက် ချော်ရည်များ စီးဆင်းနေသည့် ဂူအနက်ပိုင်းသို့ ရောက်ရှိသွားကြပြီး ထိုနေရာတွင် ဆရာကြီး အိုးယဲ့ဇီ သည် ချော်ရည်တွေဘေး၌ ဓားကို ပုံဖော်နေသည်ကို တွေ့လိုက်ရသည်။ ပြင်းထန်သောအပူရှိန်ကြောင့် ဆရာကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နီရဲနေပြီး အငွေ့များပင် ထွက်နေသည်။ မီးပွားများမှာလည်း အရပ်မျက်နှာအနှံ့ လွင့်စင်နေပြီး တစ်နေရာလုံးကို မီးလောင်ကျွမ်းတော့မည့်အတိုင်းပင် ဖြစ်သည်။

​ လက်ဗလာဆရာကြီးက "ဒီကနေပဲ ကြည့်ကြပါ၊ ဆရာကြီး အိုးယဲ့ဇီကို အနှောင့်အယှက် မဖြစ်စေနဲ့" ဟု တိုးတိုးလေး သတိပေးလိုက်သည်။ အားလုံးကလည်း ခေါင်းငြိမ့်သဘောတူကြသည်။ သူတို့သည် အနီးကပ်သွားကြည့်လိုသော်လည်း အပူရှိန်က ပြင်းလွန်းသဖြင့် အနားမကပ်နိုင်ကြပေ။ နောက်ဆုံးတွင် ခဏမျှသာ ကြည့်ရှုပြီး ပြန်ထွက်လာခဲ့ကြသည်။

​ သူတို့ပြန်ထွက်လာသောအခါ အပြင်ကလူများက ဝိုင်းအုံမေးမြန်းကြတော့သည်။ "ဘယ်လိုလဲ၊ ဘာတွေတွေ့ခဲ့လဲ" ဟု စိတ်ဝင်တစား မေးကြသည်။

​ သိုင်းလောကနယ်ပယ်မှ လူတစ်ယောက်က အားကျဖွယ် အသံဖြင့် ပြောပြသည်မှာ-

"ဒီအဖိုးကြီး မြင်ခဲ့တာကတော့ ဆရာကြီး အိုးယဲ့ဇီဟာ ချော်ရည်တွေဘေးမှာ အာရုံစိုက်ပြီး ဓားသွန်းလုပ်နေတာပဲ။ နတ်ဘုရားဓားက နီရဲပြီး တောက်ပနေတယ်၊ သူ့ခြေထောက်အောက်မှာလည်း ပူပြင်းတဲ့ ချော်ရည်တွေရှိတယ်။ သာမန်လူဆိုရင် ဒီလိုပတ်ဝန်းကျင်မှာ သေနေလောက်ပြီ။ ဒါပေမဲ့ ဆရာကြီးကတော့ မတုန်မလှုပ်ပဲ၊ တကယ်ကို လေးစားဖို့ကောင်းတယ်" ဟု ဆိုလိုက်သည်။

​ "မင်းပြောတာ မှန်တယ်၊ ဆရာကြီး အိုးယဲ့ဇီတစ်ယောက်ပဲ ဒီလိုနေရာမျိုးမှာ ဓားသွန်းလုပ်နိုင်မှာ။ ဒီခရီးက တကယ်ကို တန်ဖိုးရှိတယ်" ဟု နောက်တစ်ယောက်က ထောက်ခံလိုက်သည်။

"အောက်မှာသာ အပူရှိန်က မပြင်းနေရင် ဆရာကြီး ဓားသွန်းတာကို ဆက်ကြည့်နေချင်သေးတယ်" ဟုလည်း ဆိုကြသည်။

​ ထိုသူတို့၏ စိတ်အားထက်သန်စွာ ဖော်ပြချက်များကြောင့် အထဲသို့ ဝင်ရောက် ကြည့်ရှုလိုသူများ ပိုမိုများပြားလာခဲ့သည်။ ထိုစဉ်မှာပင် မိန်းမစိုး လျှူသည် အငွေ့တထောင်းထောင်းထနေသော ဟင်းလျာများကို သယ်ဆောင်လာပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

"ရဲရင့်သော သူရဲကောင်းတို့၊ ခရီးဝေးက လာရတာ ပင်ပန်းနေကြပြီပေါ့။ ဒါကြောင့် အရှင်မင်းကြီးက သင်တို့ကို ဧည့်ခံဖို့အတွက် စားသောက်ဖွယ်ရာတွေကို အထူးစီမံခိုင်းလိုက်ပါတယ်" ဟု ပြောလိုက်သည်။

​ "စားစရာတောင် ပြင်ဆင်ပေးထားတယ်ဆိုတော့ အရှင်မင်းကြီးက တကယ်ကို စာနာတတ်တာပဲ" ဟု အချို့က ဆိုလိုက်ကြသည်။

"ဟင်းနံ့တွေက တကယ်ကိုမွှေးတာပဲ၊ ဗိုက်တောင် ဆာလာပြီ၊ ငါ့ကို တစ်ပွဲပေး"

​ ထိုအချိန်တွင် တစ်ယောက်က သံသယဖြင့် မေးခွန်းထုတ်သည်။ "အရှင်မင်းကြီးက တကယ်ပဲ စေတနာကောင်းတာလား၊ အစားအစာထဲမှာ အဆိပ်တွေ ဘာတွေ ပါမနေဘူးလား" ဟု မေးလိုက်သည်။

မိန်းမစိုးလျှူက မကျေမနပ်ဖြင့်- "မင်းတို့က လူကောင်းတစ်ယောက်ရဲ့ စေတနာကို လူယုတ်မာစိတ်နဲ့ တိုင်းတာနေတာပဲ။ အရှင်မင်းကြီးက လူသတ်ချင်တယ်ဆိုရင် လေးသည်တော်တွေကို အမိန့်ပေးပြီး ပစ်သတ်ခိုင်းလိုက်မှာပေါ့၊ ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံနေမလဲ" ဟု ဆိုလိုက်သည်။

​ "ဟုတ်သားပဲ" ဟု အားလုံးက လက်ခံသွားကြသည်။

လူတစ်ယောက်က ရှေ့သို့တိုးလာပြီး အငွေ့ပျံနေသော အစားအစာများကို ကြည့်ကာ တံတွေးမျိုချရင်း "ငါ့ကို တစ်ပွဲပေး၊ မဟုတ်ဘူး၊ နှစ်ပွဲပေး၊ ငါက အစားကြီးတယ်၊ ဟားဟား…" ဟု ရယ်မောလိုက်သည်။

​ "ရတာပေါ့၊ တစ်ပွဲကို ငွေ ဝမ် ၁၀၀ ကျသင့်တယ်။ နှစ်ပွဲဆိုရင် ဝမ် ၂၀၀ ပါ" ဟု မိန်းမစိုးလျှူက ဆိုလိုက်သည်။

​ ထိုစကားကြောင့် အားလုံးမှာ ပေါက်ကွဲမတတ် ဖြစ်သွားကြသည်။

"ဘာ…၊ စားစရာအတွက်ပါ ပိုက်ဆံပေးရမှာလား" ဟု မေးလိုက်ကြသည်။

မိန်းမစိုးလျှူက -"ဘာလဲ၊ မင်းတို့က စားပြီးရင် ပိုက်ဆံမပေးဘူးလား" ဟု ပြန်မေးလိုက်သည်။

"ပိုက်ဆံပေးရမှာတော့ သိတာပေါ့၊ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ ဈေးနှုန်းမျိုး တစ်ခါမှ မကြုံဖူးဘူး" ဟု လူအများက ငြင်းခုံကြသည်။

​ သိုင်းပညာရှင်တစ်ယောက်က ဒေါသတကြီးဖြင့် ဟင်းလျာကို လက်ညှိုးထိုးကာ- "မင်းတို့ ကျွေးတဲ့ အစားအစာကို ကြည့်ဦး၊ အသားလည်းမပါ၊ အဆီအဆိမ့်လည်း မရှိဘူး။ ဒီလို ထမင်းတစ်နပ်က တောင်အောက်မှာဆို ငွေ ၃ ဝမ်တောင် မတန်ဘူး၊ အခု ဝမ် ၁၀၀ တောင်တောင်းနေတာ ဒါက ဓားပြတိုက်နေတာပဲ" ဟု အော်ဟစ်လိုက်သည်။

​ "ဟုတ်တယ်၊ ၃ ဝမ်တောင် မတန်တာကို ၁၀၀ နဲ့ ရောင်းနေတယ်”

“ ငါ အရင်က ခိုးရာပါ ပစ္စည်းတွေ လက်ခံတဲ့ တည်းခိုခန်း ဖွင့်ခဲ့တာတောင် မင်းတို့လောက် ခေါင်းပုံမဖြတ်ဘူး" ဟု ဒေါသတကြီး ပြောလိုက်သည်။

​ မိန်းမစိုးလျှူက ပြုံးလျက် "ဒါက တရားမျှတတဲ့ အရောင်းအဝယ်ပဲလေ၊ ဈေးကြီးတယ်လို့ ထင်ရင် မစားနဲ့ပေါ့" ဟု ဆိုလိုက်သည်။

"အေး၊ မစားဘူးကွာ။ တောင်အောက်ဆင်းပြီး စားမယ်။ ဝမ် ၁၀၀ နဲ့ဆိုရင် ကောင်းကောင်းမွန်မွန် စားလို့ရတယ်၊ မင်းတို့ဆီကထက် အများကြီး ပိုတန်တယ်" ဟု အချို့က ပြန်ပြောလိုက်ကြသည်။

"ဟုတ်တယ်၊ တောင်အောက်ဆင်းစားကြမယ်" ဟု အခြားသူများကလည်း အော်ဟစ်ကြသည်။

​ လူအများက ဝိုင်းဝန်း ပြောဆိုနေကြသော်လည်း မိန်းမစိုးလျှူက လက်ကို ဝေ့ယမ်းကာ-

"တောင်အောက်ဆင်းစားတာ မင်းတို့သဘောပါ၊ ဒါပေမဲ့ တစ်ခုတော့ မမေ့နဲ့။ တောင်ပေါ် ပြန်တက်လာရင်တော့ တစ်ယောက်ကို ငွေတေး ၁၀၀၀ ပြန်ပေးရမယ်" ဟု ပြောလိုက်သည်။

​ အားလုံး၏ ဒေါသများ ထပ်မံ ပေါက်ကွဲကုန်ကြသည်။

"ဘာဖြစ်လို့လဲ၊ ဘာလို့ ထပ်ပေးရမှာလဲ၊ ငါတို့ ပေးပြီးပြီလေ" ဟု ဒေါသတကြီး မေးကြသည်။

​ က လက်ကိုဖြန့်လိုက်ကာ "မြို့ထဲဝင်ရင် လူခွန်ပေးရတယ် မဟုတ်လား၊ ဝင်တိုင်း ပေးရတာပဲလေ၊ ဒီမှာလည်း အဲဒီသဘောတရားပဲ" ဟု အေးအေးဆေးဆေး ဖြေလိုက်သည်။

အားလုံးမှာ ဒေါသထွက်လွန်းသဖြင့် လူသတ်ချင်စိတ်ပင် ပေါက်လာကြသည်။

​ နောက်ဆုံးတွင် တောင်အောက်ဆင်းလိုက်လျှင် ငွေတေး ၁၀၀၀ ထပ်ကုန်မည်ကို စိုးရိမ်သဖြင့် ဘယ်သူမှ မဆင်းရဲကြတော့ပေ။ ထို့ကြောင့် သူတို့အတွက် ရွေးချယ်စရာ တစ်ခုသာ ကျန်တော့သည်။

​ မိန်းမစိုးလျှူက အစားအစာများဘေးတွင် ရပ်ကာ အော်ပြောလိုက်သည်။ "ဘယ်သူ စားဦးမလဲ၊ အခုမစားရင် အေးသွားလိမ့်မယ်၊ အေးသွားရင် အရသာမရှိတော့ဘူးနော်" ဟု ဆိုလိုက်သည်။

လူတိုင်းမှာ ဒေါသထွက်သော်လည်း မတတ်နိုင်သည့်အဆုံး ငွေထုတ်ပေးလိုက်ကြရသည်။ "ငါ စားမယ်" ဟု ဆိုကာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။

​ နောက်နှစ်ရက်အတွင်း လင်းပိုင်ဖန်သည် နည်းလမ်းမျိုးစုံဖြင့် ငွေညှစ်ခဲ့သဖြင့် လူတိုင်းမှာ ဒေါသအလိပ်လိပ် ထွက်နေကြသည်။

"သူက ရူးကြောင်ကြောင် ဧကရာဇ်မဟုတ်ဘူး၊ လည်လွန်းတဲ့ ကုန်သည်ကြီးပဲ" ဟု သူတို့ တွေးမိကြသည်။

​ တစ်ဖက်တွင်မူ လင်းပိုင်ဖန်သည် ပျော်ရွှင်စွာဖြင့် ငွေများကို ရေတွက်နေသည်။

"အရှင်မင်းကြီး၊ ဒီတစ်ခေါက်မှာ ငွေတေး ၁၁.၂ သန်း ရရှိခဲ့ပါတယ်၊ ဘဏ္ဍာတိုက်အတွက် အများကြီး အထောက်အကူဖြစ်စေခဲ့ပါတယ်" ဟု ဟီရှန်းက မြှောက်ပင့်ပြောဆိုလိုက်သည်။

လီလင်းဖူကလည်း "အရှင်မင်းကြီးက တကယ်ကို ပညာရှိလှပါပေတယ်၊ အကြပ်အတည်းကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်" ဟု ချီးမွမ်းပြန်သည်။

​ သို့သော် ပိုင်ဇူက စိုးရိမ်တကြီးဖြင့် "ဒါပေမဲ့ အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ ငွေအများကြီး ရခဲ့ပေမယ့် သိုင်းသမားတွေ အများကြီးကို ရန်သူ ဖြစ်စေခဲ့ပြီ၊ သူတို့က ကလဲ့စားချေဖို့ ကြိုးစားကြလိမ့်မယ်" ဟု ဆိုလိုက်သည်။

​ လင်းပိုင်ဖန်က လက်ကာပြလိုက်ပြီး "စိုးရိမ်စရာမလိုဘူး၊ နတ်ဓားသာ ပေါ်လာရင် သူတို့ အလုအယက် လုကြမှာပဲ။ အဲဒီအချိန်ကျရင် ဘယ်နှစ်ယောက် သေမလဲ မသိနိုင်ဘူး။ သူတို့ အချင်းချင်း သတ်ကြပါစေ၊ ငါကိုယ်တော်တို့က အလောင်းကောက်ပေးရုံပဲ" ဟု ပြောလိုက်သည်။

​ "အရှင်မင်းကြီး ပညာရှိလှပါတယ်" ဟု အားလုံးက တညီတညွတ်တည်း ချီးမွမ်းလိုက်ကြသည်။

​ နတ်ဓား ပေါ်ထွန်းလာမည့်အချိန် နီးကပ်လာသည်နှင့်အမျှ တောင်ပေါ်သို့ ရောက်ရှိလာသူ ပေါင်း ၁ သောင်းကျော် ရှိနေပြီး ထိုအထဲတွင် အင်အားကြီးမားသော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၀ ကျော်ပင် ပါဝင်နေလေသည်။

All Chapters