← Chapters

အခန်း (၂၅၃)

Vol. 26 Ch. 253

အခန်း (၂၅၃)

Vol. 26 Ch. 253

ယခုအချိန်တွင် လင်းမိသားစုဘက်၌ အဘွားလင်းတစ်ယောက် သူမ၏ ခေါင်းကို ခြံဘက်ဘက်သို့ အကြိမ်ရေ မရေမတွက်နိုင်အောင် ထိုးထွက်၍ ကြည့်နေခဲ့သည်။

“နေ့လယ်စာ စားချိန်တောင် ကျော်သွားပြီ.. လူတွေကို ခေါ်ဘာသင့်ပြီလို့မလား.. ဘာလို့ အခုထိ မပြန်လာသေးတာလဲ လမ်းမှာ တစ်ခုခု ဖြစ်သွားတာများလား”

လင်းကွမ်းချင်းအနေဖြင့် စုန့်ရှီးယန်ထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့ပြီးနောက် မိသားစုကို ဖုံးကွယ်ခြင်းမရှိဘဲ လင်းရန်နှင့် ချင်းယွင်ကျစ်တို့ကို ရထားဘူတာရုံတွင် သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ထို့ကြောင့် ထိုစာအရ လင်းမိသားစုရှိ လူတိုင်းက လင်းရန်တစ်ယောက်တည်း ပြန်လာရုံသာမက သူမနှင့်အတူ စုန့်ရှီးယန်၏ မိခင်ကိုပါ ခေါ်ဆောင်လာမည်ကို သိခဲ့ကြသည်။

ရှောင်စုန့်၏ မိခင်.. သူမသည်က ဂုဏ်သတင်းကြီးသူတစ်ဦး ဖြစ်သည်။

စုန့်ရှီးယန်၏ မိခင်ဆိုသည့် အဆင့်အတန်းကို မည်သို့ပင်ပြောစေကာမူ သူမက ထိပ်တန်းခေါင်းဆောင်တစ်ယောက်၏ ဇနီးဆိုသည့် အဆင့်အတန်း တစ်ခုတည်းကပင် လင်းမိသားစုအတွက် သူမကို ကောင်းစွာ ဧည့်ခံရန် လုံလောက်ပေသည်။

သို့သော် သူတို့က ရောက်မလာသေးပေ။

တကယ်ပဲ တစ်ခုခု ဖြစ်ပျက်သွားတာများလား။

အဘွားလင်း ပြောနေသည့်စကားများကို ကြားပြီးနောက် ကျန်ရှိသည့်လင်း မိသားစုဝင်များလည်း စိုးရိမ် လာခဲ့ကြသည်။

“အိုး အမေ အဲဒီမှာရပ်ပြီး တတွတ်တွတ်ပြောနေတာကို ရပ်ပါတော့.. အရာအားလုံး အဆင်ပြေနေလောက်ပါတယ်.. ဒါပေမဲ့ အမေသာ အါလိုတွေထပ်ပြောနေရင် တကယ်ကြီးည တစ်ခုခုမှားသွားတာ ဖြစ်နိုင်တယ်!”

တတိယချွေးမဖြစ်သည့် ယင်းဖန်က သူမ၏ ဘေးနားတွင်ရပ်ကာ အသံတိုးတိုးဖြင့် မညည်းညူဘဲ မနေနိုင်ခဲ့ပေ။

အဘွားလင်းက သူမကို အသာစောင်းကြည့်၍ မျက်စောင်း ထိုးကြည့်လိုက်သော်လည်း မည်သည်ကိုမှ ထပ်မပြောခဲ့ပေ။

တစ်ဖက်တွင် အကြီးဆုံး ချွေးမ ဖြစ်သူ ဝမ်ရှို့ကျူက နွေးထွေးသော အသံဖြင့် အဘွားလင်းကို နှစ်သိမ့်ပေးလိုက်သည်။

“အမေ၊ အဆင်ပြေလောက်ပါတယ်.. ကွမ်းချင်းက ပုံမှန်ဆိုရင် ဂရုမစိုက်တဲ့ပုံပေါ်ပေမဲ့ ဒီလို ကိစ္စမျိုးမှာတော့ ဘာမှမှားယွင်းလောက်မှာ မဟုတ်ပါဘူး

ဒါ့အပြင် ရန်ရန်ဆိုတဲ့ ကောင်မလေးကလည်း ဉာဏ်ကောင်းတယ်လေ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာ ကြုံလာရင်တောင် သူမက ချက်ချင်း ဖြေရှင်းနည်း ရှာနိုင်မှာပါ!”

သူတို့နှစ်ယောပာလုံးက လူတွေ ဖြစ်ကြပေမဲ့ အကြီးဆုံးချွေးမ ပြောတဲ့ စကားကို ကြည့်လိုက်ဦး!

တတိယချွေးမက တကယ်ကိုဆိုးရွားလွန်းတယ်!

သူမ ပြောသည့် စကားကို ကြားပြီးနောက် အဘွားလင်းက ပို၍ စိတ်အေးသွားခဲ့သည်။

“ဒုတိယအစ်ကိုသာ အိမ်မှာ ရှိနေရင် ကောင်းမှာပဲ.. သူ ဒီမှာရှိနေရင် ကွမ်းချင်းနဲ့ အတူတူ လူတွေကို သွားကြိုလို့ရလောက်တယ်.. ဘယ်သူကများ အချိန်တွေကို ဒီလောက်ထိ ကံမကောင်းအောင် ဖန်တီးပြီး လွဲချော် စေတာလဲ!”

လွန်ခဲ့သည့် ရက်အနည်းငယ်က လင်းကျန်းအန်းကို တပာမဟာခေါင်းဆောင်မှ သူ၏ အိမ်သို့ ရုတ်တရက် ခေါ်သွားခဲ့သည်။

သူက အရေးတကြီး ပြောဆိုစရာကိစ္စ တစ်ခု ရှိသည်ဟု ပြောခဲ့ပြီးနောက် လင်းကျန်းအန်းလည်း ထိုနေရာသို့ သွားခဲ့လေသည်။

ကျန်ရှိနေသောလင်းမိသားစုဝင်များမှာလည်း တပ်မဟာခေါင်းဆောင်မှ လင်းကျန်းအန်းကို ဤမျှ အလျင်စလို ခေါ်ထုတ်သွားသည်ကို တစ်ခါမျှ မမြင်ဖူးကြသောကြောင့် စိတ်ပူပန်နေခဲ့ကြသည်။

လင်းကျန်းအန်းရဲ့ အပိုအလုပ်မှာ ဘယ်လိုပြဿနာမှ မဖြစ်ပါစေနဲ့!

လူတိုင်း၏ အလိုလိုသိစိတ်က မှန်ကန်ခဲ့သည်။ တပ်မဟာခေါင်းဆောင်မှ လင်းကျန်းအန်းကို ခေါ်ခဲ့ခြင်းမှာ အပိုအလုပ်ကြောင့် ဖြစ်သော်လည်း ၎င်းသည်က မကောင်းသောအရာကြောင့် မဟုတ်ဘဲ သတင်းကောင်းကြီးတစ်ခုအတွက်သာ ဖြစ်ပေ၏။

သူတို့ ရောက်သည်နှင့် တပ်မဟာခေါင်းဆောင်က လင်းကျန်းအန်းကို ကွန်မြူနတီမှ သူ့ကို ထုတ်ပေးထားသည့် စာရွက်စာတမ်းများကို ပြသခဲ့ပြီး တစ်ချိန်တည်းမှာပင် လင်းကျန်းအန်းကို စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။

“ကျန်းအန်း၊ မင်း ဒီအလုပ်ကို ကောင်းကောင်း လုပ်ရမယ်.. အခု မြို့တော်ခေါင်းဆောင်တွေတောင် ငါတို့ကို အာရုံစိုက်လာကြပြီ!”

လင်းကျန်းအန်းလည်း စာရွက်စာတမ်းကို လျင်မြန်စွာ ဖတ်ရှုလိုက်ပြီး တပ်မဟာခေါင်းဆောင်၏ စကားများမှ ဆိုလိုရင်းအဓိပ္ပာယ်ကို စဉ်းစားခဲ့သည်။

နောက်ဆုံးတွင်တော့ ဤကိစ္စမှာ မြို့တော်ဆေးရုံမှ မြို့တော်ခန်းမ တွင် အစည်းအဝေး သွားတက်စဉ်က ချွမ်းဖန်းတပ်မဟာနှင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည့် ကိစ္စဖြစ်ပြီး မြို့တော်ခေါင်းဆောင်များကလည်း ၎င်းကို အထူးတလည် အာရုံစိုက်ခဲ့ကြကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ဆိုရလျှင် တောင်သူလယ်သမားများ၏ ဘဝက အရင်ကထက် ပိုကောင်းသည်ဟု ဆိုရသော်လည်း အလွန်ကောင်းသည်ဟု မခေါ်ဆိုနိုင်သေးပေ။ အများဆုံးမှာ သူတို့က ဆာလောင်ငတ်ပြတ်နေရခြင်းမရှိတော့သည့် အဆင့်သို့ ရောက်ရှိသွားခြင်းသာဖြစ်သည်။

ဗိုက်ပြည့်နေပြီဆိုလျှင် ထိုသူများတွင် တခြားလိုက်စားမှုတချို့ ရှိလာရမည်။ ဥပမာအားဖြင့် အဝတ်အစားအသစ်များ ဝယ်ယူခြင်း သို့မဟုတ် အိမ်အတွက် တစ်ခုခု ထပ်တိုးခြင်းတို့ ဖြစ်သည်။

ထို့ကြောင့် ဤအရာများကို ပြီးမြောက်ရန် မည်သည့်အရာများ လိုအပ်သနည်း။

၎င်းသည်က ငွေကြေးနှင့် လက်မှတ် များ လိုအပ်ခြင်းသာ ဖြစ်ပေသည်။ကံမကောင်းစွာဖြင့် လယ်သမား ရဲဘော်များကိုမဆိုထားနှင့်။ မြို့ပြနေထိုင်သူများပင်လျှင် ဤပြဿနာများကို လုံးဝ မဖြေရှင်းနိုင်သေးပေ။

ခေါင်းဆောင်များကလည်း ကူညီချင်ခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် သူတို့ အင်အားမရှိခဲ့ကြချေ။

ယခုတွင် မြို့တော်ဆေးရုံမှ ချွမ်ဖန်း နှင့် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက သူတို့၏ ဆေးရုံအတွက် ဆေးဝါး ပစ္စည်းများ လိုအပ်ချက်ကို ဖြေရှင်းနိုင်ရုံသာမက တပ်မဟာ၏ လယ်သမားများအတွက် ဝင်ငွေကိုလည်း တိုးမြှင့်လာနိုင်သည်ဟု ကြားသိရသည်။

၎င်းသည်က ချီးကျူးထိုက်သော အရာ ဖြစ်သည်မှာ သေချာပေသည်။

ဆိုရလျှင် ဤကဲ့သို့သော ကိစ္စများမှာ အခြားပြည်နယ်များတွင် ပိုများနိုင်သော်လည်း ဤနေရာတွင် နှိုင်းယှဉ်ချက်အရ ရှားပါးသောကြောင့် ခေါင်းဆောင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

ထိုစာရွက်စာတမ်းတွင် ရေးသားထားသည်မှာ သူသည်က လင်းကျန်းအန်းနှင့် တခြားသူများက ဤကိစ္စကို ပိုမို ကောင်းမွန်စွာ ဆက်လက် လုပ်ဆောင်ရန်နှင့်၊ လူများစွာကို ကူညီရင်းဖြက့် စီးပွားရေးကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ဖြစ်ပေသည်။

သို့သော် ယခု မြို့တော်ခေါင်းဆောင်များထံမှ တစ်ဦးဦးက ဤအရာကို သတိပြုမိပြီ ဖြစ်သောကြောင့် သူတို့သည်က လင်းကျန်းအန်းနှင့် တခြားသူများကို ဂရုပြုရန် လိုအပ်သော အရာများအကြောင်းကို ပြောဆိုမည် ဖြစ်ပေသည်။

ဥပမာအားဖြင့် လိုက်နာရမည့် စည်းကမ်းများကဲ့သို့သော အရာများပင်။

ထို့ကြောင့် စာရွက်စာတမ်းတွင် တချို့အရာများ ရှိနေသေးသည်။

လင်းကျန်းအန်းဘက်မှ အချိန်ရပါက မြို့တော်သို့သွားကာ မြို့တော် ဆေးရုံမှ ရဲဘော်များနှင့်အတူ တိုးတက်မှုကို သတင်းပို့နိုင်ကြောင်း ရေးသားထားသည်။

မြို့တော် ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ခြင်းသည်က သူတို့အတွက် သေချာပေါက် ကြီးမားလှသော ဂုဏ်တစ်ခုသာ ဖြစ်ပေသည်!

ထို့ကြောင့် သူသည် ဤစာရွက်စာတမ်းထဲမှ ပါဝင်သည့်အကြောင်းအရာများကို မြင်သောအချိန်တွင် တပ်မဟာခေါင်းဆောင်က ကြောက်လန့်လွန်း၍ သူ၏ ဟန်ချက်ကိုပင် ပျောက်လုနီးပါး ဖြစ်ခဲ့သည်။

ထို့နောက် အထက်ပါ အကြောင်းအရာတို့က မှန်ကန်ကြောင်းကို အတည်ပြုရန် စာရွက်စာတမ်းကို အကြိမ်ပေါင်းများစွာ ဖတ်ရှုခဲ့သည်။

သူသည်က မျက်စိလည်ခြင်း သို့မဟုတ် အိပ်မက်မက်ခြင်းကြောင့် မဟုတ်ကြောင်းရရသေချာအောင် စစ်ဆေးပြီးမှသာ လင်းကျန်းအန်းကို ရှာရန် လင်းမိသားစုအိမ်သို့ အလျင်စလို သွားခဲ့ခြင်းဖြစ်သည်။

သဘာဝကျစွာဖြင့် လင်းကျန်းအန်းသည်လည်း ထိုသတင်းကို သိရှိပြီးနောက်မနှောင့်နှေးရဲခဲ့ဘဲ ထိုနေ့ နေ့လယ်တွင်ပင် မြို့တော်သို့ ထွက်ခွာခဲ့သည်။

ယနေ့တွင် သူသည် ထိုနေရာသို့ သွားခဲ့သည်မှာ သုံးရက်ရှိပြီဖြစ်ပြီး ထိုနေရာမှ အခြေအနေက မည်သို့ရှိသည်ကို မသိပြရေသးပါချေ။

ထိုအကြောင်းများကို ပြန်လည် တွေးတောပြီးနောက်တွင် အဘွားလင်းသည်က လင်းရန်နှင့် တခြားသူများအတွက် ထပ်မံ စိတ်ပူလာခဲ့ပြန်သည်။

တစ်ဖက်တွင်ရှိနေသော ယင်းဖန်ကတော့ အဘွားလင်းက သူမ၏ ယောက်မဖြစ်သူနှင့်သာ စိတ်ကျေနပ်စွာရှိနေသည်ကို မြင်လိုက်ရ၍ စိတ်မချမ်းမသာ ဖြစ်နေခဲ့သည်။

ယခုအချိန်တွင် သူမသည်က ဤမိသားစုတွင် အသုံးမဝင်ဆုံးဖြစ်ပြီး တည်ရှိမှုမရှိသကဲ့သို့ အဖြစ်နေဆုံး လူဖြစ်သည်!

သူမ၏ အကြီးဆုံးယောက်မကို လင်းရန်က ကွန်မြူနတီ စားသောက်ဆိုင် သို့ အလုပ်လုပ်ရန် ခေါ်ဆောင်သွားသော်လည်း သူမကတော့ တပ်မဟာတွင်သာ အလုပ် ဆက်လုပ်နိုင်သည်ဟူသော အချက်ကို စဉ်းစားမိလျှင် ယင်းဖန်တစ်ယောက် ထပ်မံ၍ ဝမ်းနည်း လာခဲ့သည်။

အမှန်တကယ်တမ်းတွင် သူမ၌ စွမ်းတောင်ရည် များစွာရှိနေပေသည်။ အဘယ်ကြောင့်သူမကို မည်သူမှ မမြင်နိုင်ရသနည်း။

သူမ ဤသို့ ဝမ်းနည်းနေချိန်တွင် အဘွားလင်း၏တတိယမြောက်သားဖြစ်သူ လင်းကျန်းရှီက သူမကို တံခါးဝမှ တိုက်ရိုက် လှမ်းခေါ်လိုက်သည်။

“မင်း အလုပ်သွားဖို့ မလုပ်သေးဘူးလား.. ဘာလို့ အဲဒီမှာ တုံးအအနဲ့ ရပ်နေတာလဲ”

ထိုအချိန်မှသာ ယင်းဖန်တစ်ယောက် သူမ၏ ဝမ်းနည်းနေသော စိတ်ခံစားချက်များထဲမှ ပြန်ထွက်လာခဲ့သည်။ ထို့နောက် သူမက လင်းကျန်းရှီမှာ နေ့တိုင်း လယ်ကွင်းများတွင်သာ အလုပ်လုပ်တတ်ပြီး တခြားအရာများကို မလိုက်နိုင်သည်ကို တွေးတောမိကာ ရုတ်တရက် ဒေါသထွက်လာခဲ့သည်။

“ရှင်က မိသားစုတစ်ခုလုံးမှာ အတော်ဆုံးလို့ ကျွန်မ ထင်ခဲ့တာ၊ ဒါပေမဲ့ ကျွန်မ အခုလို မှားသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး!”

ယင်းဖန်တစ်ယောက် သူမကိုယ်တိုင်မှလွဲ၍ တခြားမည်သူမှ ရှင်းရှင်းလင်းလင်း မကြားနိုင်အောင် တိတ်တဆိတ် ညည်းညူလိုက်သည်။

လင်းကျန်းရှီက သူမ၏စကားကို ရှင်းရှင်းလင်းလင်း မကြားခဲ့သော်လည်း ယင်းဖန်က ကောင်းမွမ်သောစကားများကို မဆိုလောက်ဟု ခန့်မှန်းမိခဲ့သည်။

“မင်း ဘာတွေ ပြောနေတာလဲ.. ခဏကြာတဲ့အထိ အလုပ်ကို မရောက်သေးရင် မင်းရဲ့ အလုပ်မှတ်တွေ အနုတ်ခံရလိမ့်မယ်!”

ဒီတုံးအတဲ့ဇနီးကတော့ အလုပ်မှာ တက်တက်ကြွကြွကို မရှိဘူး။

သူ ပထမဆုံးအကြိမ်တုန်းက သူမရဲ့ ဘာကို မြင်ခဲ့တာလဲဆိုတာတောင် မတော့သိဘူး။

သူမက အလုပ်မှာ သူ့ရဲ့အကြီးဆုံးမရီးလောက်လည်း လုံ့လ မရှိဘူး။ သူ့ရဲ့ခယ်မလောက်လည်း ဥာဏ်ရည်မထက်မြက်ဘူး။

ပိုပြီး သေးငယ်တဲ့ စိတ်ထားပဲ ရှိတယ်။

သူမအကြောင်းနဲ့ပတ်သက်ရင် ဘယ်လိာပြောရမလဲဆိုတာတောင် တကယ် မသိတော့ဘူး။လင်းကျန်းရှီသည်လည်း စိတ်ပျက်လာခဲ့ရသည်။

ဇနီးမောင်နှံနှစ်ဦးက တီးတိုးညည်းညူရင်း ထွက်သွားခဲ့ကြသည်။

အဘွားလင်းက ဤသို့သော ဆက်ဆံရေးပုံစံကိုကျင့်သားရနေပြီ ဖြစ်ပြီး မည်သည့်အရာကမှ မှားယွင်းနေသည်ဟု မထင်ခဲ့ပေ။

ဝမ်ရှိ့ကျူသာလျှင် ယင်းဖန်၏ အမူအရာမှတဆင့် သူမက မည်သည့်အရာကို စိတ်ပူနေကြောင်း ခန့်မှန်းနိုင်ခဲ့သည်။

All Chapters