← Chapters

အခန်း (၂၅၄)

Vol. 26 Ch. 254

အခန်း (၂၅၄)

Vol. 26 Ch. 254

ဝမ်ရှို့ကျူအနေဖြင့် ဤကာလအတွင်း ကွန်မြူနတီစားဖိုဆောင်တွင် ကိစ္စများကို တစ်ဦးတည်း ဖြေရှင်းခဲ့ပြီးနောက် သူမ၏ စိတ်ဓာတ်မှာလည်း အလွန်ပင် ပြောင်းလဲသွားခဲ့သည်။

သူမက တစ်စုံတစ်ဦးမကျေနပ်သည့်အချိန်တိုင်းတွင် ကိုယ့်ကိုယ်ကိုယ် အကြောင်းပြချက် ရှာဖွေပြီး သူတစ်ပါးကို ပျော်ရွှင်စေရန်အတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံခြင်းမျိုး မလုပ်တော့ပေ။

သူမ ယခင်က နားမလည်ခဲ့သော်လည်း ယခုတွင်တော့ သူမ မတိုင်မီက ထိုသို့ဖြစ်ခဲ့ခြင်းမှာ သူမ၏ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားမှု နိမ့်ကျခြင်း နှင့် မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ခြင်းတို့ကြောင့်သာဖြစ်ကြောင်းကို သိရှိနေပြီ ဖြစ်သည်။

ဆိုရလျှင် သူမသည်က သူမ လုံလောက်စွာ မတော်ကြောင်း၊ သူမ၏ပါးစပ်ကလည်း မထက်မြတ်ကြောင်းနှင့် သူမက ကြည့်ကောင်းသူ မဟုတ်ကြောင်း အမြဲတစေ ခံစားနေရသည်။

သူမက တခြားသူများထက် ပို၍ အလုပ်လုပ်နိုင်ခြင်းမှလွဲ၍ သူမ၌ အားသာချက် တစ်စုံတစ်ရာ မရှိဟု ထင်ခဲ့သည်။

ထို့ကြောင့် သူတစ်ပါး၏မျက်နှာသာနှင့် အပြုံးများရရှိရန်အတွက် သူမက မသိစိတ်ဖြင့် “သူတစ်ပါးကို ဖားယား” မိလိမ့်မည်။

သို့သော် ယခုတွင်တော့ သူမ ဤသို့ မဖြစ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် လူများကို ပိုမိုတွေ့ဆုံခဲ့ရပြီး၊ လူများထံမှ ပို၍ချီးကျူး ခြင်းခံရပြီးနောက်တွင် သူမက တစ်ခုသောအရာကို ယုံကြည်လာခဲ့သည်။

၎င်းမှာ သူမတွင်လည် အားသာချက်များစွာ ရှိနေပေသည်။

ဥပမာအားဖြင့် ကွန်မြူနတီ စားဖိုဆောင်ရှိ လူများက သူမက အလုပ်မြန်ဆန်ကြောင်း၊ အရသာရှိသောအစားအစာများကို ချက်ပြုတ်နိုင်ကြောင်းနှင့် ကြင်နာတတ်ကြောင်း ပြောဆိုခဲ့ကြသည်။

ဤချီးမွမ်းစကားများက သူမသည်လည်း ထိုမျှလောက်မဆိုးဝါးလှဟု ရုတ်တရက် ခံစားရစေသည်။

စိတ်ခံစားချက်ပြောင်းလဲလာသည်နှင့် လူတစ်ဦး၏ စရိုက်နှင့် အပြုအမူကိုလည်း အကျိုးသက်ရောက်စေလိမ့်မည်။

ယခုအချိန်ကဲ့သို့ပင်။ သူမသည်က ယင်ဖန်၏ မပျော်ရွှင်မှုအတွက် အပြစ်ရှိသည်ဟု ခံစားရတော့မည် မဟုတ်ဘဲ သက်ပြင်းချရုံသာ ရှိပေတော့မည်။

သို့သော် အရာအားလုံးကိုတွေးကြည့်ပြီးနောက် သူမက ဤမိသားစုဝင်တစ်ဦးဖြစ်နေသေးပြီး ယင်းဖန်သည်သာ ဤသို့ဆက်လက်ဖြစ်နေပါက အိမ်တွင်ရှိနေသော လေထုကို သေချာပေါက်ထိခိုက်စေလိမ့်မည် ။

ထို့ကြောင့် ဝမ်ရှို့ကျူတစ်ယောက် ဤအကြောင်းကိုမစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။

ယင်းဖန်ကို သူမကိုယ်ပိုင် အခွင့်အရေးပေးရန်အတွက် နည်းလမ်းရှာနိုင်ပါ့မလား။

...

နေ့လယ် နှစ်နာရီခန့်တွင်တော့ အဘွားလင်း၏ မျှော်လင့်တကြီး မျက်လုံးများအောက်၌ လင်းကွမ်းချင်းနှင့်အဖွဲ့က လင်းမိသားစုအိမ်သို့ ပြန်ရောက်လာခဲ့ကြသည်။

“အဘွား၊ ကျွန်တော်တို့ ပြန်ရောက်ပါပြီ!”

မည်သူမှ အိမ်ထဲမဝင်မီ လင်းကွမ်းချင်း၏အသံက အရင်ဆုံးရောက်လာခဲ့သည်။

ပင်မခခန်းတွင် ပဲများကို ရွေးနေသော အဘွားလင်းက ချက်ချင်းပင် ပဲများကို ဘေးသို့ဖယ်ထားလိုက်ပြီး မတ်တပ်ရပ်ကာ ခြံဝင်းတံခါးဘက်သို့ လျှောက်သွားခဲ့သည်။

ထို့နောက် သူမ တံခါးသို့ ရောက်သည်နှင့် လင်းရန်နှင့် တခြားသူများသည် ဝင်လာခဲ့ကြသည်ကို တွေ့လိုက်ရလေ၏။

အဘွားလင်း ပထမဆုံးမြင်တွေ့လိုက်ရသည်မှာ လင်းရန်ဖြစ်ပြီး နောက်တစ်ယောက်က သူမနှင့်အတူဝင်လာသော ချင်းယွင်ကျစ်ဖြစ်ပေသည်။

သူမ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာခဲ့သည်။

ဒါက ရှောင်စုန့်ရဲ့အမေပဲ ဖြစ်ရမယ်!

သူမက အရမ်းလှတာပဲ!

“အဘွား!”

လင်းရန်အနေဖြင်် သူမ အချိန်အတော်ကြာအောင် မတွေ့ရသည့် အဘွားလင်းကို လွမ်းဆွတ်နေခဲ့သောကြောင့် လျင်မြန်စွာ လျှောက်သွားကာ အဘွားလင်းကိုနွေးထွေးစွာ ပွေ့ဖက်လိုက်သည်။

သူမက အဘွားလင်းကို လွမ်းဆွတ်နေသကဲ့သို့ အဘွားလင်းကလည်း မလွမ်းဆွတ်ဘဲ မနေနိုင်ခဲ့ပါချေ။

ထို့ကြောင့် မြေးအဘွားနှစ်ဦးက တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကာ သူတို့ မည်သို့ လွမ်းဆွတ်နေကြောင်းပြသခဲ့ကြသည်။

ချင်းယွင်ကျစ်လည်း ဤအချိန်ကို အခွင့်ကောင်းယူ၍ လင်းမိသားစုကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

သူမ ဤနေရာသို့ မလာမီက လင်းမိသားစု၏ အိမ်မှာ ဟောင်းနွမ်းပျက်စီးနေသော အိမ်ဖြစ်မည်ဟု တွေးခဲ့သည်။ အရာအားလုံးက အလွန်ခေတ်နောက်ကျပြီး ဆင်းရဲ နေလိမ့်မည်ဟု ထင်ခဲ့သည်။

သူမအနေဖြင့် ထိုအခြေအနေကို စိတ်ထဲတွင်မထားသော်လည်း အကယ်၍ ထိုကဲ့သိာ့နေရာမျိုးတွင် နေရမည်ဆိုလျှင် သတ္တိအချို့ထပ်မွေးရန် လိုအပ်ပေဦးမည်။

ရလဒ်အနေဖြင့် အမှန်တရားကိုမြင်လိုက်ရချိန်တွင် လင်းမိသားစု၏ အိမ်သည်က အထူးတလည် ခမ်းနားထည်ဝါခြင်းမရှိသော်လည်း အလွန် သန့်ရှင်းနေခဲ့သည်။

ခြံဝင်းထဲတွင် ပန်းများနှင့် အပင်များ ရှိနေပြီး အလွန်လန်းဆန်းစေသည်ကို တွေ့ရသည်။

သေချာပေ၏။ အရေးအကြီးဆုံးက ဤတပ်မဟာ၏ ရှုခင်းကလည်း အလွန်သာယာပြီး လေထုကလည်း အလွန်ကောင်းမွန်နေခြင်းပင်။

ဒါက ရှေးကဗျာတြေထဲမှာပါတတ်တဲ့ နေထွက်ပြီး နေဝင်ချိန်မှာ လှပလွန်းတဲ့ ငြိမ်းချမ်းတဲ့ရွာလေး မဟုတ်ဘူးလား။

သူမ၏ အိမ်နှင့်သာ အလွန်အမင်း မဝေးကွာလွန်းပါက သူမ ဤနေရာတွင် ရက်အနည်းငယ်ကြာအောင် နေထိုင်ဖို့အတွက် စဉ်းစားမိလိမ့်မည်။

ဒီမှာနေရတာက သေချာပေါက် အရမ်းကို သက်သောင့်သက်သာရှိနေလိမ့်မယ်!

အဘွားလင်း၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် သူမက လင်းရန်ကို အမှန်တကယ် ကြင်နာချစ်ခင်ပုံရသည်။သူမ ကြားဖူးသည့် ကျေးလက်ဒေသမှ သားနှင့်သမီးကို ခွဲခြားသူများနှင့် လုံးဝမတူညီပေ။

လင်းမိသားစုမှာ ထိုကောင်လေး စုန့်ရှီးယန် ပြောခဲ့သည့်အတိုင်း ဆက်ဆံရ အလွန်လွယ်ကူသည်ကို မြင်တွေ့နိုင်သည်။

လင်းရန်နှင့် အဘွားလင်းတို့က တစ်ဦးနှင့်တစ်ဦး စကားပြောဆိုခြင်းကို အဆုံးသတ်ခဲ့ကြပြီးနောက် လင်းရန်က ချင်းယွင်ကျစ်ကို အဘွားလင်းနှင့် စတင်မိတ်ဆက်ပေးခဲ့သည်။

စုန့်ရှီးယန်သည်က လွန်ခဲ့သည့်ပချိန်များတွင် ချင်းယွင်ကျစ်၏အကြောင်းကို လင်းမိသားစုထံတွင် အကြိမ်များစွာ ပြောပြခဲ့ဖူးသောကြောင့် အဘွားလင်းနှင့် တခြားသူများက ချင်းယွင်ကျစ်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ်သော်လည်း သူမအပေါ် စိမ်းသက်နေခြင်း မရှိခဲ့ပေ။

သို့သော် သူမက ချင်းယွင်ကျစ်မှ သူတို့၏ အခြေအနေများကို မကြိုက်ဘဲနေမည်ကို စိုးရိမ်ခဲ့သည်။

သို့ရာတွင် သူမ သေသေချာချာ စောင့်ကြည့်ပြီးနောက် ချင်းယွင်ကျစ်က သူတို့၏ အိမ်နှင့် ခြံဝင်းကို အလွန် စိတ်ဝင်စားနေသည်ကို တွေ့ရှိခဲ့ရသည်။

အဘွားလင်းတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချ လိုက်သည်။

လင်းရန်က အိမ်တွင် လူမရှိသည်ကိုမြင်သော်လည်း နေ့လည်ပိုင်းများတွင် အဘွားလင်း တစ်ဦးတည်းသာ အမြဲတစေ အိမ်တွင်ရှိနေတတ်သောကြောင့် သူမက ထိုအကြောင်းကို သိပ်ပြီး မစဉ်းစားခဲ့ပါချေ။

ဤအချိန်တွင် အကြီးဆုံးဦးလေး၊ တတိယဦးလေးနှင့် တခြားသူများက အလုပ်သွားကြပြီးဖြစ်ကာ သူမ၏ ဖခင်လည်း သူ၏လုပ်ငန်းဖြင့် မအားမလပ်ဖြစ်နေမည်မှာ သေချာသည်။

အဘွားလင်းက လင်းရန်တစ်ယောက် ခြံထဲကိုလှည့်ပတ်ကြည့်နေသည်ကို မြင်လျှင် ရုတ်တရက် ပြောလိုက်သည်။

“ဒါနဲ့ ရန်ရန်၊ မင်း မသိလောက်သေးဘူး.. မင်းရဲ့ အဖေက မြို့တော်ကိုသွားတယ်.. မြို့တော်ရဲ့ခေါင်းဆောင်ကြီးတွေက သူ့ကိုခေါ်တွေ့တာ!”

“ဟင်?”

လင်းရန်တစ်ယောက် အဘွားဖြစ်သူ၏စကားကို ကြားလျှင် ရုတ်တရက် ရှုပ်ထွေးသွားခဲ့သည်။

“အဘွား၊ ဘာတွေဖြစ်နေတာလဲ.. ကျွန်မရဲ့အဖေ အဆင်ပြေရဲ့လား”

“ဟားဟား.. ဘာမှ မဖြစ်ပါဘူး ပြီးတော့ ခေါင်းဆောင်တွေသူ့ကို ခေါ်တွေ့တာကကောင်းတဲ့ကိစ္စပဲ!”

ချင်းယွင်ကျစ်လည်း ထိုစကားဝိုင်းကို နားထောင်ပြီး ရှုပ်ထွေးသွားခဲ့သည်။ သူမအနေဖြင့် စုန့်ရှီးယန်က လင်းရန်၏ဖခင်ထံတွင် ကိုယ်ပိုင်လုပ်ငန်းရှိနေကြောင်းကို မတော်တဆ ဖော်ပြခဲ့သည်ကို ကြားဖူးခဲ့သော်လည်း အသေးစိတ် ကြောင်းအရာများကို မမေးမြန်းခဲ့သကဲ့သို့ စုန့်ရှီးယန်ကလည်း အသေးစိတ် မပြောပြခဲ့ပေ။

ဤတစ်ကြိမ်တွင် သူမအတွက် အရေးအကြီးဆုံးအရာမှာ လင်းရန်၏ဖခင်နှင့် တွေ့ဆုံရန်သာဖြစ်ပြီး အခွင့်အရေးရပါက ကလေးနှစ်ဦး၏ အိမ်ထောင်ရေးအကြောင်းကိုပါ စကားပြောနိုင်ရန် ဖြစ်ပေသည်။

သို့သော်လည်း တစ်ဖက်လူကအိမ်တွင် မရှိဘဲနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ထို့ကြောင့် ချင်းယွင်ကျစ်လည်း နားစွင့်၍ နားထောင်လိုက်သည်။

အဘွားလင်းက သူတို့သွိချင်နေသည်ကိုမြင်လျှင် အသေးစိတ် အခြေအနေကို လျင်မြန်စွာပြောပြခဲ့ပြီး လင်းရန်ကို အံ့အားသင့်စေခဲ့သည်။

“အဖေက အရမ်းအစွမ်းထက်တာပဲ၊ သူက အနာဂတ်မှာမြို့တော်အစိုးရရဲ့ အားပေးထောက်ခံမှုကိုပါ ရတော့မယ်လို့ ဆိုလိုတာမဟုတ်ဘူးလား”

လက်ရှိ အခြေအနေကို ကြည့်ခြင်းအားဖြင့် မြို့တော်ခေါင်းဆောင်များသည်က သူတို့၏ “ လုပ်ငန်း”ကို အကောင်းမြင်နေခဲ့ကြပြီး သူမ၏ဖခင်နှင့် အသေးစိတ် ဆွေးနွေးရန် မြို့တော်သို့ ခေါ်ဆါင်ခဲ့သောကြောင့် အချိန်တန်လျှင် သူတို့ဘက်မှ အကူအညီတချို့ ပေးလာပေလိမ့်မည်။

သေချာပေ၏။

အရေးအကြီးဆုံးမှာ မြို့တော်အစိုးရ မှ အထောက်အကူဖြစ်စေသော အကူအညီများကို မပေးနိုင်ချှင်ပင် သူတို့၏ နာမည်အောက်တွင် ရှိနေသရွေ့ သူမ၏ အဖေက အလုပ်အကိုင်အတွက် ပို၍ညအဆင်ပြေသွားပေလိမ့်မည်။

လင်းရန်အနေဖြင့် သူမ၏ ဖခင်သည်က ဤမျှလောက် အခွင့်အရေးရလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည်က ဤအပိုအလုပ်ကို စတင် လုပ်ကိုင်ခဲ့သည်မှာ တစ်လကျော် သာရှိသေးပြီး ထိုအချိန်မှစ၍ အရာအားလုံး ချောချောမွေမွေ့ ဖြစ်နေခဲ့သည်။

သူ့ကို တကယ်ပဲ ဘုရားသခင်က ကူညီနေတာများလား။

လင်းရန်၏ အတွေးများနှင့် ဆင်တူစွာ ချင်းယွင်ကျစ်လည်း ဤအချိန်မှစ၍ လင်းကျန်းအန်း၏ အလုပ်အကိုင်က သေချာပေါက် ပိုမို မြင့်မားသော အဆင့်သို့ ရောက်ရှိလာလိမ့်မည်ဟု ခံစားရသည်။

သူမအနေဖြင့် သူတို့ကို ရိုးရှင်းသော လယ်သမားမိသားစုသာ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့သော်လည်း သူတို့ထံတွင် ထိုကဲ့သို့သော အခွင့်အရေးမျိုးရှိလိမ့်မည်ဟုတော့ မတွေးတောဖူးပါချေ။

သူတို့အနေဖြင့် ဤလက်ထပ်ပွဲကို လုံခြုံအောင် ပို၍ကြိုးစားရတော့မည်ဟု ထင်ရသည်!

နှုတ်ဆက်စကားများကို ပြောဆိုပြီးနောက် အဘွားလင်းတစ်ယောက် နောက်ဆုံးတွင် လင်းကွမ်းချင်း သယ်ဆောင်လာသော ပစ္စည်းများစွာကိုသတိပြုမိပြီး ကြောင်အ သွားခဲ့သည်။

“ဒါတွေက ဘာတွေလဲ၊ ကွမ်းချင်း.. မင်း ဝယ်လာတာလား”

လင်းကွမ်းချင်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“အဘွား၊ အဘွားက ကျွန်တော့်ကို အရမ်း အထင်ကြီးနေတာမဟုတ်ဘူးလား.. ဒီပစ္စည်းတွေက အစ်ကိုစုန့်ရဲ့အမေယူလာတာ.. အဘွားအတွက်လည်း အထူးတလည် ဝယ်လာသေးတယ်!”

အဘွားလင်းလည်း မြေးဖြစ်သူ၏စကားကို ကြားလျှင် တုန်လှုပ် သွားပြီးနောက် သူမ၏လက်ကို အလျင်အမြန် ဝှေ့ရမ်းလိုက်သည်။

“အိုး၊ ချင်း.. ချင်း...”

“အန်တီ၊ ကျွန်မကို ရှောင်ချင်းလို့ပဲ ခေါ်လို့ရပါတယ်””ရှောင်ချင်း၊ မင်း ဘာလို့ဒီလောက် ပစ္စည်းတွေအများကြီး ဝယ်လာရတာလဲ.. ငါတို့ မိသားစုမှာ အရာအားလုံးရှိနေပြီးသားပါ.. ဘာမှမလိုပါဘူး.. မင်းက ငွေတွေအများကြီး သုံးနေတာပဲ!”

All Chapters