← Chapters

အခန်း (၂၅၅)

Vol. 26 Ch. 255

အခန်း (၂၅၅)

Vol. 26 Ch. 255

အဘွားလင်းက ချင်းယွင်ကျစ်ယူလာသော ပစ္စည်းများကြောင့် အမှန်တကယ်တုန်လှုပ်သွားပြီး လက်ခံရန်ပင် မဝံ့ရဲသည်ကို မြင်လျှင် လင်းရန်နှင့် လင်းကွမ်းချင်းတို့က တိတ်တဆိတ်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြလေ၏။

သူတို့အနေဖြင့် အဘွားလင်းကို ပြောချင်နေခဲ့ကြသည်။

အန်တီချင်းက ကုန်တိုက်မှာ လုပ်ပြခဲ့တဲ့အမူအရာတွေကိုသာ မြင်ခဲ့မယ်ဆိုရင် ဒါတွေက ဘာမှမဟုတ်ဘူးလို့ အဘွားတွေးမိသွားလိမ့်မယ်!

မစ္စချင်း၏ သူရဲကောင်းဆန်လှသော သြဇာညောင်းသည့် လုပ်ရပ်များနှင့် နှိုင်းယှဉ်လျှင် ဤသည်က ပြောစရာကိစ္စပင် မဟုတ်ပေ!

ချင်းယွင်ကျစ်ကလည်း သူမက ဤပစ္စည်းများကို မဝယ်သင့်ဟု လုံးဝ မခံစားရပေ။ ၎င်းသည်က အနည်းငယ် များပြားနေသော်လည်း သူမက ထိုသို့ဝယ်လာရသည်ကို အလွန် ပျော်ရွှင်ခဲ့သည်!

“အန်တီ၊ ကျွန်မတို့တွေအားလုံးက မိသားစုတစ်ခုတည်းပါပဲ.. သူစိမ်းမိသားစု နှစ်ခုလိုမျိုး မပြောကြရအောင်..

အန်တီ ဒီပစ္စည်းတွေကို လက်ခံလိုက်ပြီး အရင်တုန်းက ကျွန်မတို့ရဲ့စုန့်ရှီးယန်ကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ပဲ တွေးလိုက်ပါ! ဟုတ်ပြီလား!”

ချင်းယွင်ကျစ်အနေဖြင့် လင်းရန်အတွက် ဤပစ္စည်းများကိုဝယ်ခဲ့သည်ဟုဆိုပါက အဘွားလင်း ပို၍ဖိအားများခံစားရမည်ကို စိုးရိမ်သောကြောင့် သူမ၏စိတ်ကို ပြောင်းလဲလိုက်သည်။

သို့သော် သူမ၏ စိတ်ထဲတွင် မညည်းညူဘဲ မနေနိုင်ခဲ့ပေ။

ဘယ်သူက အဲဒီကလေးဆိုးအတွက် လက်ဆောင် ပေးချင်မှာလဲ!

သူအတွက် အဲဒီလောက် မျက်နှာမပေးချင်ဘူး!

အဘွားလင်းလည်း သူမ၏စကားကို ကြားလျှင် ထပ်မံ၍ငြင်းဆန်နိုင်ခြင်း မရှိတော့သည့်အတွက် ပစ္စည်းများကို လက်ခံရုံသာ တတ်နိုင်ခဲ့ပြီး ၎င်းတို့ကို သူမ၏အခန်းသို့ ရွှေ့ပြောင်းခဲ့သည်။

ထို့နောက် အဘွားလင်းနှင့် ချင်းယွင်ကျစ်တို့က ပင်မအခန်းတွင်ထိုင်လျက် အချိန်အတော်ကြာအောင် စကားပြောခဲ့ကြသည်။

အဘွားလင်းက လင်းရန်နှင့် ပတ်သက်သည့်ကိစ္စများအကြောင်း ကို ပြောပြခဲ့ပြီး ချင်းယွင်ကျစ်ကလည်း အလွန်စိတ်ဝင်တစား နားထောင်ခဲ့သည်။

နေ့လယ်ပိုင်းတွင် တပ်မဟာမှ အလုပ်ဆင်းချိန်နှင့် ကျန်ရှိသည့်လင်း မိသားစုဝင်များ ပြန်လာခဲ့ပြီး လူတိုင်းက ချင်းယွင်ကျစ်နှင့် တွေ့မြင်ခဲ့ကြသည်။

သူတို့ ချင်းယွင်ကျစ်ကို မြင်လိုက်ရချိန်တွင် လူတိုင်း၏ တုံ့ပြန်မှုများက အဘွားလင်း၏တုံ့ပြန်မှုများနှင့် ဆင်တူခဲ့သည်။

သူတို့အားလုံးက တည်ငြိမ်နေကြသော်လည်း အတွင်းစိတ်တွင်တော့ သူမအပေါ် အလွန်စိတ်အားထက်သန်ခဲ့ကြသည်။

ချင်းယွင်ကျစ်တစ်ယောက် လင်း မိသားစုကို ပိုမိုသဘောကျလာခဲ့လေသည်။

လင်းမိသားစုက အလွန်ဆူညံနေခဲ့ပြီး ကျန်ရှိနေသော တပ်မဟာမှလူများကလည်း သူတို့၏အိမ်တွင် ဧည့်သည်ရောက်ရှိသည်ကို ကြားလိုက်ရပြီးနောက်တွင် လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ကြပါချေ။

လင်းမိသားစုအနေဖြင့် မူလက အတင်းအဖျင်းများကိုသိချင်နေကြောင်း မျက်နှာတွင်ထင်ထင်ရှားရှားရေးသားထားသကဲ့သို့ ဖြစ်နေသော ထိုသူများထံသို့ ချင်းယွင်ကျစ်အကြောင်းကို မမိတ်ဆက်ချင်ခဲ့သော်လည်း ချင်းယွင်ကျစ်က သူမ၏ လက်များကို ဝှေ့ယမ်းကာ အရေးမကြီးကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် သူမကိုယ်တိုင်ပင် သူမ၏အကြောင်းတို့ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ခဲ့သည်။

“အိုး.. ရှင်က ဗိုလ်ကြီးစုန့်ရဲ့အမေလား.. ဗိုလ်ကြီးစုန့်ကို လာကြိုတာလား.. ဒါပေမယ့် သူ ဟိုတစ်နေ့လောက်က လင်းရန်နဲ့ အတူထွက်သွားတာ မဟုတ်ဘူးလား”

လင်းရန်နှင့် စုန့်ရှီးယန်တို့ ထိုနေ့က အတူထွက်ခွာသွားသည်ကို လူအချို့က မြင်ခဲ့ကြသော်လည်း ထိုအချိန်က လင်းကျန်းအန်းကပါ သူတို့နှင့်အတူ လိုက်ပါသွားခဲ့သောကြောင့် လူတိုင်းက များများစားစား မစဉ်းစားခဲ့ကြပေ။

သို့သော်လည်း လင်းရန် ပြန်လာချိန်တွင် ချင်းယွင်ကျစ်ကလည်း အတူ ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင်တော့ သူတို့၏ကြားထဲတွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို သတိပြုမိလာခဲ့သည်။

“ဘယ်သူက ကျွန်မ သူ့ကို လာတွေ့တာလို့ပြောလို့လဲ.. ကျွန်မက လင်း မိသားစုဆီကို တမင် လာပြီးလည်ပတ်တာပါ”

ချင်းယွင်ကျစ်က တစ်ဖက်လူကို အပြုံးနှင် ပြန်ဖြေခဲ့သည်။

“ဟင်! သူတို့အိမ်က ဘာတွေများလည်ပတ်စရာ ရှိနေလို့လဲ”

တစ့ဖက်လူက နားမလည်နိုင်စွာဖြင့် ဆက်မေးလာခဲ့လေ၏။

ချင်းယွင်ကျစ်တစ်ယာက် ကြောင်အ,သွားပြီးနောက် ချက်ချင်းပင် တခြားလူများက လင်းရန်နှင့် စုန့်ရှီးယန်တို့အကြောင်းကို မသိကြသေးကြောင်းကို သဘောပေါက်သွားခဲ့ရသည်။

သူမက စကားဆက်မပြောရဲတော့ဘဲ အဘွားလင်းနှင့် လင်းမိသားစုဝင်များကို ပြန်ကြည့်လိုက်ရတော့သည်။

အဘွားလင်းလည်း ဤအခြေအနေကို မြင်လိုက်ရလျှက် စုန့်ရှီးယန်နှင့် သူ၏ မြေးမလေးတို့ ချစ်ကြိုက်နေသည်ကို ဖုံးကွယ်ထားခဲ့မိသည့်အတွက် အနည်းငယ် နောင်တရသွားလေ၏။

သို့သော်လည်း ယခုအချိန်တွင် ဖွင့်ဟပြောမည်ဆိုလျှင်လည်း နောက်မကျသေးပါချေ။ လက်ရှိတွင် လင်းမိသားစုခြံဝန်းအပြင်ဘက်တွင် လူအနည်းငယ် ရောက်နေသည်ဖြစ်သောကြောင့် သူမက အလျင်အမြန် ဝင်ရောက်ရှင်းပြလိုက်သည်။

“ကိစ္စက ဒီလိုလေ.. ကျွန်မတို့ရဲ့ ရန်ရန်နဲ့ ဗိုလ်ကြီးစုန့်တို့က အခုဆိုရင် အချင်းချင်း ချစ်ကြိုက်နေကြပြီ.. ဒီဘက်က မဒမ်စုန့်ကလည်း ကြင်နာတတ်ပြီး ကျွန်မတို့ရဲ့ မိန်းကလေးဘက်က မိသားစုကို စဉ်းစားပေးတယ်ဒါကြောင့် အခုလိုမျိုး ကိုယ်တိုင် လာရောက်ကြည့်ရှုဖို့ စီစဉ်ထားတာပဲ.. ဒီလိုဆိုမှတော့ အခုလိုအချိန်က လာဖို့အတွက် အသင့်တော်ဆုံးပဲ”

ဘာ!

လင်းရန်နှင့် စုန့်ရှီးယန်တို့က တကယ်ကြီး စုံတွဲတွေဖြစ်သွားကြတာလား!

တစ်ဖက်လူက စစ်တပ်ထဲက တပ်ရင်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လင်းရန်က ကျေးလက်ဒေသမှ တောသူတစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း သူမကဗိုလ်ကြီးတစ်ယောက်ကို လက်ထပ်ယူနိုင်ပေတော့မည်!

ခဏတာအတွင်းတွင် လူတိုင်းက အံ့အားသင့်မှုနှင့် မနာလိုမှု အနည်းငယ်လောက်တို့ဖြင့် လင်းရန်ကို ကြည့်လိုက်ကြလေ၏။

လင်းရန်က စိတ်မလှုပ်ရှားနေခဲ့ပါချေ။ သို့သော်လည်း ချင်းယွင်ကျစ်ကတော့ ပျော်ရွှင်လာခဲ့သည်။

“ဟုတ်တယ် အမှန်ပါပဲ.. ကျွန်မတို့တွေက အခုကစပြီး မိသားစုတွေဖြစ်သွားကြပြီလေ.. ဒါကြောင့် ကျွန်မက အခုလိုမျိုး အရင်ဆုံးလာပြီး လမ်းကြောင်းကိုမှတ်သားနိုင်ဖို့ လိုက်လာခဲ့တာပါ”

ထိုအချိန်တွင် လူအုပ်နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ဘာလို့ ဒီမှာလူတွေ ပြည့်ကျပ်နေကြတာလဲ အိမ်မှာ တစ်ခုခု ဖြစ်လို့လား”

ထိုအသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်းက ချက်ချင်းပင် နောက်သို့လှည့်ကြည့်လိုက်ကြပြီး လင်းကျန်းအန်းတစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရလေ၏။

“အိုး.. ကျန်းအန်း၊ ဒီရက်ပိုင်း ဘယ်တွေကိုသွားနေတာလဲ.. မင်းကို မမြင်ရတာ ရက်အတော် ကြာပြီ”

“ဟုတ်တယ်၊ မင်းရဲ့ အစ်ကိုကြီးကသာ ဘေးဘက်ကတပ်မဟာက လူတွေနဲ့ ဆေးပင်ရှာဖွေတဲ့နေရာမှာ မအားလပာနိုင်လောက်အောင်မဖြစ်နေရင် ငါကတော့ မင်းရဲ့ ဆေးဝါးလုပ်ငန်းက ပြီးသွားပြီလို့တောင် ထင်မိမှာ”

လင်းကျန်းအန်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တပ်မဟာတစ်ခုလုံးတွင် အမျိုးမျိုးသော ထင်မြင်ချက်များ ထွက်ပေါ်လာခဲ့သည်။

လူတိုင်း သဘောတူညီချက် အများဆုံးရခဲ့သောသတင်းမှာ __ လင်းကျန်းအန်း၏ မြို့ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်မှုက ဆက်လက်မရှိနိုင်တော့သည့်အတွက် မြို့ဆေးရုံမှ တစ်စုံတစ်ဦးကို ကြားဝင်ဖျန်ဖြေရန် သွားရောက်ရှာဖွေခဲ့သည်ဟူသော သတင်းပင်ဖြစ်ပေသည်။

လူတိုင်း ထိုသို့ တွေးနေရခြင်းမှာ လင်းကျန်းအန်းကို မုန်းတီးနေကြေသောကြောင်း မဟုတ်ပါချ။

သူတို့အနေဖြင့် လင်းကျန်းအန်းက ဤကာလအတွင်း ဝင်ငွေကောင်းသော လုပ်ငန်းကိုလုပ်ကိုင်ပြီး ကြွယ်ဝလာသည်ကို မြင်ခဲ့ရသည်။

ပြီးခဲ့သည့်တစ်ကြိမ်က မြို့ထဲတွင် ဆေးဝါးကုန်ကြမ်းများကို ရောင်းချပြီး ပြန်လာချိန်တွင် တစ်ဦးလျှင် ဆယ်ယွမ်ခန့်ရရှိခဲ့သည်ဟု ဆိုကြသည်။

ဤနှစ်အတွင်းတွင် ဆေးဝါးကုန်ကြမ်းပစ္စည်များကို ပို့ဆောင်ခြင်းက တစ်ကြိမ်တည်းနှင့် ရပ်တြ့်သွားမည်မဟုတ်သည်က သေချာသည်။

အနည်းဆုံး တစ်လလျှင်တစ်ကြိမ်တော့ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ ရရှိသော ငွေအလွန်ပင် များပြားလာလိမ့်မည်။

ထိုမျှ များပြားသောငွေပမာဏကို သူတို့ကိုယ်တိုင် ရရှိမည်ဆိုလျှင် မည်မျှလောက်ကောင်းမည်နည်း။

ကိုယ့်တိုင် မရနိုင်သည့်အချိန်တွင် ဇူတပါး ရရှိသည်ကိုလည်း မမြင်ချင်ကြတော့ပေ။

ထို့ကြောင့် လူတိုင်းက လင်းကျန်းအန်း၏လုပ်ငန်းတွင် တစ်ခုခုဖြစ်ခဲ့သည်ဟု မသိစိတ်မှ ထင်ကြေးပေးနေခြင်းဖြစ်သည်။

“လုပ်ငန်းက အဆင်ပြေပါတယ်”

လင်းကျန်းအန်းက တစ်ဖက်မှ လူများ၏ မျက်လုံးများတွင် ဖြတ်ပြေးသွားသော စိတ်ပျက်လကာပြက်အမူအရာများကို မမြင်ချက်ယောင်ဆောင်လိုက်ပြီး အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်သည်။

“ကျွန်တော်က တခြားကိစ္စလေးတွေ သွားလုပ်နေတဲ့အတွက် ရက်နည်းနည်းလောက် နောက်ကျသွားတာပါ.. ဆေးဝါးကုန်ကြမ်းလုပ်ငန်းအတွက်တော့ ဘာပြဿနာမှရှိမှာ မဟုတ်ပါဘူး

စိတ်ပူပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

ဆေးဝါးကုန်ကြမ်းပစ္စည်းများတွင် ပြဿနာမရှိသည်သာမက၊ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အထွတ်အထိပ်သို့ပင် ရောက်ရှိလာတော့မည်ဖြစ်သည်။

သို့သော်လည်း နောက်ပိုင်းတွင် တခြားပြဿနာများ မဖြစ်စေရန်အတွက် ဤအကြောင်းအရာများကို ဤလူအုပ်အား ပြောပြနေ၍ မရနိုင်ပါချေ။

အဘွားလင်းနှင့် ခြားသူများက လင်းကျန်းအန်း ပြန်ရောက်လာသည်ကို မြင်လျှင် အပေါက်ဝတွင် ပိတ်ဆို့နေကြသော လူများကို ဘေးဖယ်ကာ ချက်ချင်း ထွက်လာခဲ့ပြီး သူ့ကို အိမ်ထဲသို့ ဆွဲခေါ်၍ ပြောလိုက်ပြလေ၏။

“မင်း ပြန်လာပြီလား.. ရှောင်စုန့်ရဲ့အမေ ရောက်နေတယ်!”

ရှောင်စုန့်ရဲ့ အမေလား။

လင်းကျန်းအန်းတစ်ယောက် ခေတ္တမျှ ကြောင်အသွားပြီးမှ နောက်ဆုံးတွင် တစ်စုံတစ်ရာကို သဘောပေါက်လိုက်သည်။

သူက လင်းရန်၏ဘေးတွင် ရပ်နေသော ချင်းယွင်ကျစ်ကို အမြန်ကြည့်လိုက်သည်။

“ခင်ဗျားက ရှောင်စုန့်ရဲ့ အမေလား.. တောင်းပန်ပါတယ်၊ ကျွန်တော် ကိစ္စအချို့ရှိလို့ ဒီနှစ်ရက်အတွင်း အပြင်ကို ထွက်နေရတဲ့အတွက်ကြောင့် ခင်ဗျား လာနေတာကိုတောင် မသိလိုက်ဘူး.. ရောက်လာတဲ့အချိန်မှာ လာပြီး မကြိုဆိုပေးနိုင်တဲ့အတွက် အားနာမိပါတယ်”

ချင်းယွင်ကျစ်က ချက်ချင်းပင် လက်ကိုဝှေ့ရမ်း၍ ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး”

လူငယ်နှစ်ဦး၏ မိဘများအနေဖြင့် ပထမဆုံးအကြိမ်တွင် တစ်ယောက်နှင့်တစ်ယောက် အနည်းငယ်လောက် မရင်းနှီးသော်လည်း သူတို့၏ သား/သမီးအကြောင်းကို အပြန်အလှန် စကားပြောရတော့မည်ကို တွေးမိလျှင် ချက်ချင်းပင် စိတ်အားတက်ကြွလာကြလေ၏။

All Chapters