← Chapters

အခန်း (၂၅၇)

Vol. 26 Ch. 257

အခန်း (၂၅၇)

Vol. 26 Ch. 257

လင်းရန် ထပ်မံတွေးတောနေခဲ့သည်။ တတိယအဒေါ်၏ စိတ်နေသဘောထားအရ သူမသာ ဤအတိုင်း ဆက်လက်ရှိနေပါက မိသားစုတွင်ရှိသမျှ လူတိုင်း၏ ဘဝများ ပြောင်းလဲလာသည်နှင့်အမျှ သူမ၏ စရိုက်လက္ခဏာကလည်း လွဲချော်သွားနုင်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ‘ချို့တဲ့ခြင်းအတွက် မစိုးရိမ်ရဘဲ မမျှတခြင်းအတွက်သာ စိုးရိမ်ရသည်’ဟု ဆိုသော စကားပုံလည်းရှိပေသည်။

အတိတ်က မိသားစု၏ အခြေအနေများက သိပ်မကောင်းသော်လည်း သူတို့အနေဖြင့် သဟဇာတဖြစ်သော ဘဝကို နေထိုင်ခဲ့ကြသည်။

ညီအစ်ကိုများက ဤမျှကြီးပြင်းလာသော်လည်း လင်းမိသားစုကဲ့သိုခွဲမထွက်ဘဲ စုစည်းနေနိုင်သော မိသားစုမှာ ရှားပါးပေသည်။

မိသားစုကို စုစည်းနိုင်သည့် အကြောင်းအရင်းများထဲတွင် အဘွားလင်း၏ မိသားစုဝင်များကို ထိန်းချုပ်နိုင်စွမ်းအပြင် မိသားစုတွင်ရှိနေသော သားများ၏ အခြေအနေများက ဆင်တူနေခြင်းကြောင့်လည်းပါဝင်သည်။

သူတို့အားလုံးက တူညီသောအခြေအနေတွင် ရှိနေကြသောကြောင့် မည်သူကမျှ မပျော်မရွှင်ဖြစ်ခြင်းမရှိပေ။ မည်သူ့ကိုမျှ သို့မဟုတ် မည်သည့်အရာကိုမျှလည်း မနာလိုဖြစ်စရာ မရှိခဲ့ပေ။

သို့သော် ယခုအချိန်တွင် သူမ၏ ဖခင်၏ အလုပ်အကိုင်က အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ သူသည်က ငွေရှာနိုင်ခဲ့ရုံသာမက မြို့ခေါင်းဆောင်များထံမှပါ ဖိတ်ကြားခြင်းခံခဲ့ရသည်။

ထို့အပြင် အကြီးဆုံးဦးလေးက အောက်ခြေမှအလုပ်များကို လုပာဆောင်နေရချိန်တွင် သူမ၏ ဖခင်က သူ့ကို ဆေးဝါးပစ္စည်းအဖွဲ့တွင် ကူညီရန် ခေါ်ခဲ့သည်။ အကြီးဆုံးအဒေါ်ဝမ်ရှို့ကျူကိုလည်း သူမက ကွန်မြူနတီ စားဖိုဆောင်တွင် အလုပ်လုပ်ရန် ခေါ်ခဲ့သည်။

ထို့ကြောင့် ယင်းဖန်၏ စိတ်ထဲတွင် မကျေနပ်မှုကို ခံစားရခြင်းမှာ လုံးဝ နားလည်နိုင်သောအရာသာဖြစ်ပေသည်။

သူမအနေဖြင်် တတိယဦးလေးနှင့် သူ၏ ဇနီးသည်တို့ လုပ်ကိုင်နိုင်ရန်အတွက် အလုပ်တစ်ခုခုကို ရှာဖွေနိုင်ရန်၊ အနည်းဆုံးတော့ သူတို့အား ဤကဲ့သို့စဉ်းစားမနေစေရန်အတွက် တစ်ခုခုကိုစီစဥ်ပေးရန် စဉ်းစားသင့်သည်။

သို့မဟုတ်ပါက မိသားစု သဟဇာတဖြစ်မှုကို အမှန်တကယ်ထိခိုက်စေနိုင်၍သာဖြစ်ပေသည်။

အချိန်ခဏလောက် စကားပြောပြီးနောက် အိပ်ချိန်သို့ရောက်ပြီဖြစ်၍ လင်းရန်က ချင်းယွင်ကျစ်ကို သူမ၏အခန်းထဲတွင် အနားယူရန် အရင်ဖိတ်ခေါ်လိုက်သည်။

ထို့နောက် သူမ၏တတိယဦးလေးတို့မိသားစုမှကိစ္စများကို ပြောပြရန် ဖခင်ဖြစ်သူ၏အခန်းသို့ ထွက်လာခဲ့သည်။

သို့သော် လင်းကျန်းအန်း၏ တံခါးဝသို့ မရောက်မီမှာပင် အသံတစ်ခုက သူမကို လှမ်းတားလိုက်သည်။

“ရန်ရန်... ဒီကိုလာဦး ..ငါ မင်းကို ပြောစရာရှိလို့”

လင်းရန် လှည့်ကြည့်လိုက်လျှင် သူမကို စောင့်နေသည်မှာ ကြာပြီဖြစ်ပုံရသည့် အကြီးဆုံးအဒေါ်ဖြစ်သူ ဝမ်ရှို့ကျူကို တံခါးဝတွင် တွေ့လိုက်ရသည်။

“အကြီးဆုံးအဒေါ်?”

လင်းရန်၏ ဇဝေဇဝါမျက်နှာအမူအရာကို မြင်လျှင် ဝမ်ရှို့ကျူက ရယ်မောရင်း ပြောလာခဲ့၏။

“အကြီးဆုံးအဒေါ်က တစ်ခုလောက် ပြေစရာရှိလို့ .. မင်းရဲ့ အကြံဉာဏ်ကိုလည်း ကြားချင်လို့စောင့်နေတာ”

ထိုစကားကို ကြားလျှင် လင်းရန်လည်း ဖခင်ဖြစ်သူထံသို့သွားရန် မလောတော့ဘဲ အကြီးဆုံးအဒေါ်နှင့်အတူ ထောင့်တစ်နေရာတွင် ရပ်လိုက်သည်။

“အကြီးဆုံးအဒေါ် ... ကျွန်မကို ဘာပြောမလို့လဲ”

ဝမ်ရှို့ကျူက စကားကို ကွေ့ပတ်မနေဘဲ တိုက်ရိုက်ပင် ပြောလာသည်။

“ဒီလိုလေ... ဒီညနေတုန်းက တတိယယောက်မ ပြောသွားတာတွေကို အဒေါ် ဒီနှစ်ရက်အတွင်း စဉ်းစားနေတာ..

သူမပြောတာ မှန်တယ်၊ အဒေါ်နှင့် မင်းရဲ့အကြီးဆုံးဦးလေးတို့ရဲ့ ဘဝက ရှေ့လျှောက် ပိုပြီးကောင်းလာမယ်ဆိုရင် သူတို့ရဲ့ စိတ်ထဲမှာမသက်မသာ ဖြစ်ကြမှာပဲ.. ဒါကြောင့် ယင်းဖန်အတွက်လည်း တစ်ခုခုလုပ်စရာရှာပေးရင် မကောင်းဘူးလား”

အကြီးဆုံးအဒေါ်မှလည်း ထိုကိစ္စအတွက် သူမထံသို့ လာလိမ့်မည်ဟု လင်းရန် မမျှော်လင့်ထားပေ။ သူမက ပို၍ပင် စိတ်ဝင်စားသွားရသည်။

“အဒေါ့်မှာ အစီအစဉ်တစ်ခုခု ရှိနေပြီလား”

ဝမ်ရှို့ကျူက ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြလာသည်။

“ရန်ရန်... အကြီးဆုံးအဒေါ်က ကြမ်းတမ်းတဲ့အမျိုးသမီးတစ်ယောက်ပဲ.. ကျောင်းတောင် ရက်နည်းနည်းလောက်ပဲ တက်ဖူးတာ.. အဒေါ်စဉ်းစားတဲ့အထဲမှာ လိုအပ်တာရှိနေရင် မင်းထောက်ပြပေးလို့ရတယ်”

လင်းရန်က ချက်ချင်း ခေါင်းခါပြပြီး အားပေးလိုက်သည်။

“ အဖြေတစ်ခု ရှာနိုင်ရင်တောင် အကြီးဆုံးအဒေါ်ကအရမ်းကိုတကယ်ကို တော်နေပါပြီ.. ကျွန်မတောင် ဘာမှမစဉ်းစားရသေးဘူး၊ ကျွန်မ အဒေါ့်ဆီကနေ အတွေ့အကြုံတွေ သင်ယူရဦးမှာ..

အကြီးဆုံးအဒေါ်... မြန်မြန်ပြောပြပေးလေ၊ ကျွန်မ သေလောက်အောင်သိချင်နေပြီ”

လင်းရန်၏ ပုံစံကြောင့် ဝမ်ရှို့ကျူတစ်ယောက် သဘောကျပြီး ရယ်မောသွားသည်။

“ကောင်းပြီ၊ ကောင်းပြီ... အခုပဲ ပြောပြမယ်”

ထို့နောက်တွင် ဝမ်ရှို့ကျူက သူမ ရက်အနည်းငယ်ကြာအောင် စဉ်းစားထားသည့် အကြံဉာဏ်ကို ပြောပြလာခဲ့သည်။

သူမ၏ အကြံဉာဏ်မှာ အလွန်ရိုးရှင်းသော်လည်း လက်တွေ့ကျလှသည်။

၎င်းမှာ ယင်းဖန်၏ ပုဂ္ဂိုလ်ရေး လက္ခဏာရပ်များပေါ်တွင် အခြေခံထားခြင်းဖြစ်ပေသည်။ ယင်းဖန်နှင့် ဆယ်စုနှစ်တစ်ခုကျော် အတူနေလာသည့် ယောက်မဖြစ်သူအနေဖြင့် ဝမ်ရှို့ကျူက သူမအကြောင်းကို အသိဆုံးဟုဆိုနိုင်သည်။

ယင်းဖန်က ဆိုးရွားသည့်လူတစ်ယောက်မဟုတ်ဘဲ အလုပ်အကိုင်လည်း သွက်လက်စွာလုပ်ကိုင်တတ်သည်။သို့သော် သူမက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဥာဏ်ရည်အနည်းငယ်ရှိသူဖြစ်ကာ စကားများများပြောတတ်သည်။ အတိုချုပ်ပြောရလျှင် သူမ၏ ‘နှုတ်ရေး’က အမှန်တကယ်ပင် မချိုသာလှပေ။

သို့သော် ထိုအချက်များအပြင် ယင်းဖန်၏ ဦးနှောက်က အလွန်လျင်မြန်ပြီး လူကဲခတ်ရာတွင်လည်း မည်သူထက်မဆို ပိုမိုစူးရှသည်ကို ဝမ်ရှို့ကျူ ဝန်ခံရပေမည်။

အရေးအကြီးဆုံးအချက်မှာ သူမက ရှက်ကြောက်တတ်သူ မဟုတ်ဘဲ အမြဲတစေ ရှေ့တန်းကနေချင်ပြီး စိတ်ဓာတ်မာကျောသူဖြစ်သည်။

တစ်စုံတစ်ယောက်ကသာ သူမကို တစ်ခုခုပြောမည်ဆိုပါက ခဏလောက်ဒေါသထွက်တတ်သော်လည်း နောက်ပိုင်းတွင်တော့ ဂရုမစိုက်တော့ဘဲ မေ့ပျောက်နိုင်သူလည်း ဖြစ်သည်။

ထိုကဲ့သို့သော လူမျိုးအတွက် အသင့်တော်ဆုံးအလုပ်က မည်သည့်အရာဖြစ်နိုင်မည်နည်း။

၎င်းမှာ တခြားသူများနှင့် ‘စကားနိုင်လုခြင်း’ သို့မဟုတ် ‘ငြင်းခုံခြင်း’ ပင် ဖြစ်သည်။

လင်းရန် ကွမ်ကျိုးသို့သွားနေသည့်အတောအတွင်း ဝမ်ရှို့ကျူအနေဖြင်် ကွန်မြူနတီထမင်းစားဆောင်တွင် တစ်ယောက်တည်း အလုပ်များနေခဲ့ရသည်။

သူမက အလုပ်ကိုကျွမ်းကျင်ပြီးသွက်လက်သူဖြစ်သောကြောင့် တခြားလူများအတွက် အစားအသောက် ပြင်ဆင်ခြင်းကို အဆင်ပြေအောင် ကိုင်တွယ်နိုင်သော်လည်း၊ သူမကို ရက်အနည်းငယ်ကြာ စိတ်အနှောင့်အယှက် ဖြစ်စေသည့် အရာတစ်ခုရှိနေခဲ့သည်။

၎င်းမှာ ကွန်မြူနတီ ထမင်းစားဆောင်သို့ရိက္ခာများ ပို့ဆောင်သည့် ကိစ္စပင်ဖြစ်ပေ၏။

ယခင်က ကွန်မြူနတီ ထမင်းစားဆောင်မှာ ကွန်မြူနတီခေါင်းဆောင်များအတွက်သာဖြစ်ပြီး နေ့စဉ်ပို့ဆောင်သောရိက္ခာမှာလည်း မများလှဘဲ လူအနည်းငယ်အတွက်သာ ပို့ဆောင်ရတတ်သည်။

သို့သော် စားဖိုဆောင်တွင် လာရောက်စားသောက်သူ ပိုမိုများလာချိန်တွင် ရိက္ခာပို့ဆောင်သူများက စတင်ညည်းညူလာကြသည်။

“ငါတို့က စည်းမျဉ်းအရ ခေါင်းဆောင်တွေအတွက်ပဲ ပို့ပေးရမှာ၊ အခုပါ့နန်တပ်မဟာက လူတွေကိုပါ ကျွေးနေရတာဆိုတော့ သူတို့ရဲ့တပ်မဟာမှာ စားစရာမရှိလို့လား”

ဝမ်ရှို့ကျူအနေဖြင့် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ဘဲ သူတို့ပြောသည့်စကားများမှာလည်း မှန်သကဲ့သို့ရှိနေသဖြင့် အားနာမိကာ ချက်ချင်းပင် တောင်းပန်လိုက်သည်။

သူမက စားဖိုမှူးတစ်ယောက်သာ ဖြစ်ကြောင်း၊ ပါ့နန်တပ်မဟာမှအဖွဲ့ဝင်များ လာရောက်စားသောက်ရန် ဆုံးဖြတ်ချက်မှာ ကွန်မြူနတီမှ ခေါင်းဆောင်များ သဘောတူထားခြင်းဖြစ်ကြောင်းနှင့် ကန့်ကွက်လိုပါက ခေါင်းဆောင်များထံ တိုက်ရိုက်သွားပြောရန် ပြောလိုက်သည်။

ဝမ်ရှို့ကျူ၏ စိတ်ထားက ကောင်းလွန်း၍လား၊ သို့မဟုတ် “သူမက စားဖိုမှူးသက်သက်ပဲ” ဟူသော စကားကြောင့်လားမသိပါချေ။ ထိုရိက္ခာပို့သူမှာ ခေါင်းဆောင်များထံသို့် သွားမပြောသည့်အပြင် နေ့စဥ် ရိက္ခာလာပို့တိုင်း ဝမ်ရှို့ကျူကို စောင်းမြောင်းပြောဆိုကာ မျက်နှာပျက်အောင်လုပ်လာတော့သည်။

အဆိုးဆုံးမှာ ထိုသူက ဝမ်ရှို့ကျူမှ ရိက္ခာများကို အိမ်သို့ခိုးယူသွားရန်အတွက် ရည်ရွယ်ချက်ဖြင့် ပစ္စည်းများကို ပို၍များများပို့ခိုင်းနေသလားဟု စွပ်စွဲလာမျိုးကိုပါ ပြောလာခဲ့သည်။

ဝမ်ရှို့ကျူအနေဖြင့် ထိုစကားများကို ကြားရတိုင်း ရန်မဖြစ်မိစေရန်အတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားရသည်။ ဤနေရာသည်က ကွန်မြူနတီဖြစ်သောကြောင့် ရိက္ခာပို့သူနှင့် ရန်ဖြစ်ပါလျှင် လင်းရန်၏ အလုပ်ကိုထိခိုက်မည်ကို စိုးရိမ်ခဲ့သည်။

ထိုလူမှာလည်း ခေါင်းဆောင်များကို သွားပြောရန် သတ္တိမရှိဘဲ သူမကိုသာ အနိုင်ကျင့်ဒေါသပုံချနေခြင်း ဖြစ်ကြောင်းကို သူမ သိပေသည်။

သို့သော် သည်းခံခြင်း၏ အဆုံးတွင် ဝမ်ရှို့ကျူလည်း မခံနိုင်တော့ဘဲ ထိုသူနှင့် စကားများခဲ့ရသည်။

သူမက တစ်ဖက်လူနှင့် တိုက်ရိုက်စကားများခဲ့ခြင်းမရှိဘဲ ခေါင်းဆောင်များ ထမင်းစားနေစဉ်အတွင်း ထိုကိစ္စကို အရင်တင်ပြခဲ့သည်။

ခေါင်းဆောင်များသည်လည်း ဤကဲ့သို့ အသေးစိတ်အချက်များကို ထည့်မစဉ်းစားခဲ့မိပေ။

ဆိုရလျှင် ပါ့နန်တပ်မဟာမှ လူများကို ကျွေးမွေးရန်အတွက် အကြံအစည်မှာ လင်းရန်၏ အကြံဉာဏ်ပေါ်တွင်သာ အခြေခံထားခဲ့ခဲ့ခြင်းဖြစ်ပေသည်။

ထို့ကြောင့် ချက်ချင်းပင် ဖြေရှင်းရန်အတွက်နည်းလမ်းရှာကြရတော့သည်။

ရိက္ခာပို့သောအဖွဲ့က ပိုမိုပို့ဆောင်ရသည်ကို မကျေနပ်သောကြောင့် စနစ်တကျ စည်းမျဉ်းသတ်မှတ်လိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

တခြားသူများက မြို့ပေါ်ရှိ အရောင်းဆိုင်များသို့ ကြက်ဥပို့ပြီး ပိုက်ဆံဖြင့်လဲသကဲ့သို့၊ ၎င်းတို့ပို့ဆောင်သော ဟင်းသီးဟင်းရွက်များကိုလည်း လုပ်အားမှတ် သို့မဟုတ် ငွေကြေးဖြင့် ဝယ်ယူသည့်စနစ်အဖြစ် ပြောင်းလဲလိုက်သည်။

ဝမ်ရှို့ကျူလည်း ထိုနည်းလမ်းကို သဘောကျပေသည်။ ဤနည်းအားဖြင့် ကွန်မြူနတီတွင် စကားများစရာ မရှိတော့ဘဲ အလကားစားနေသည်ဟူသော အထင်အမြင်ကိုလည်း ရှင်းလင်းပြီးသား ဖြစ်သွားနိုင်သည်။

သို့သော် နေ့စဉ် ထိုရိက္ခာပို့ပေးသူနှင့် တွေ့ဆုံနေရမည်ကို တွေးမိတိုင်း သူမ စိတ်ထဲ တွင်မသက်မသာ ဖြစ်နေရဆဲပင်။

ထို့ကြောင့် ယင်းဖန်၏အကြောင်းကို စဉ်းစားရင်း ဤအကြံကို ရခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ကွန်မြူနတီများက ဟင်းသီးဟင်းရွက်များကို ပိုက်ဆံပေးဝယ်ရန် ဆန္ဒရှိနေပြီဖြစ်ပြီး ကျေးလက်ဒေသတွင် အပေါဆုံးမှာလည်း ရွာသူရွာသားများ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များပင် ဖြစ်ပေသည်။“ဒါကြောင့် ငါက ယင်းဖန်ကို ဒီအလုပ်ကို လုပ်ခိုင်းမလို့.. သူမကို ဘေးနားက တခြားတပ်မဟာတွေနဲ့ ဆက်သွယ်ခိုင်းပြီး ဈေးနှုန်းသင့်တင့်တဲ့ ရေရှည်လက်တွဲလို့ရမယ့် ရိက္ခာပို့အဖွဲ့ ရှာခိုင်းမလို့လေ”

“ဒါပေမဲ့ ဒီအလုပ်က ပုံမှန်အလုပ်တွေလို အချိန်ပြည့်တော့ မဟုတ်ဘူး.. ရက်နည်းနည်းလောက်ပဲ အလုပ်များပြီး ပြီးသွားနိုင်တယ်.. ဒါပေမဲ့ ဒီနည်းနဲ့ဆိုရင် သူလည်း တခြားအလုပ်တစ်ခု လုပ်နေရတယ်လို့ ခံစားရပြီး စိတ်သက်သာရာ ရသွားလိမ့်မယ်လို့ထင်တယ်”

All Chapters