အခန်း (၂၅၂)
Vol. 26 Ch. 252
လော်ပင်းက လင်းကွမ်းချင်းကို အပြင်ဘက်သို့ ပ,ထုတ်ချင်နေခဲ့သည်။
လင်းကွမ်းချင်းသည်လည်း ငတုံးတစ်ယောက် မဟုတ်သောကြောင့် လော်ပင်း၏ စကားများ၏ နောက်ကွယ်မှ သေးငယ်သော တွက်ချက်မှုကို မကြားနိုင်ဘဲ မနေပါချေ။
သူသည် ထပ်မံ၍ လှောင်ပြောင်ခြင်းမပြုဘဲ မနေနိုင်ခဲ့ပေ။
“မလိုဘူး၊ ခင်ဗျား စကားလေးတစ်ခွန်းလောက်နဲ့ ရှင်းလင်းချင်နေလို့ ရတဲ့အရာမျိုး မဟုတ်ဘူး .. ခင်ဗျား ကျုပ်ရဲ့ဒေါ်လေးကို စွန့်ပစ်ပြီး ဒီမိန်းမနဲ့ ပတ်သက်ခဲ့တယ်..
ဒါက အမှန်တရားပဲ.. မဟုတ်ရင် ဒီနေ့ ဒီနေရာမှာ လူတွေအများကြီး သောက်စားဖို့ ရောက်လာကြမှာ မဟုတ်ဘူး”
“အရင်တုန်းက ကျုပ်ရဲ့ဒေါ်လေး က စိတ်ရင်းကောင်းလွန်းပြီး ခင်ဗျားကို အလုပ်က အထုတ်မခံရစေချင်လို့ ခင်ဗျားက သူမနှင့် မကွာရှင်းခင်ကတည့်ာ ဒီမိန်းမနဲ့ ပတ်သက်ခဲ့တာကိုတောင် စိတ်အနှောင့်အယှက်အဖြစ်ခံပြီး မပြောခဲ့ဘူး
ဒါပေမဲ့ ကျုပ်ကတော့ ဒေါ်လေးလို ကြင်နာတတ်တဲ့လူမဟုတ်ဘူး.. ခင်ဗျားက ကျုပ်တို့ လင်းမိသားစုကို အနိုင်ကျင့်ဖို့ လုပ်ရဲတယ်.. ကျုပ်တို့ လင်းမိသားစုဝင်တွေအားလုံးကို သေသွားပြီလို့ တကယ်ကြီး ထင်နေတာလား!”
“ ကျုပ် ဒီနေ့ ဒီနေရာမှာ ပြောလိုက်မယ်၊ လော်ပင်း.. ခင်ဗျားနဲ့ ဒီမိန်းမက ကျုပာရဲ့ဒေါ်လေးရှေ့မှာ ဆက်ပြီး ရိုင်းစိုင်းတဲ့ စကားတွေ ထပ်ပြောရဲမယ်ဆိုရင် ကျုပ် ခင်ဗျားကို မြင်တဲ့အချိန်တိုင်း ရိုက်ပစ်မယ်!”
ဤသို့ ပြောပြီးနောက် လင်းကွမ်းချင်းက အလွန် ဒေါသထွက်နေဆဲ ဖြစ်နေပုံရပြီး လော်ပင်းကို ထပ်မံ၍ အားပြင်းပြင်းနှင့် ထိုးလိုက်သည်။
ထို့နောက် သူ၏ အင်္ကျီလက်စများကို အသာ ခါပြီး လှည့်ထွက်သွားခဲ့လေ၏။ ဟိုတယ်ထဲတွင်ရှိနေသော တခြားလူများကိုတော့ ရှုပ်ထွေးနေသည့် အခြေအနေအတိုင်း ချန်ထားရစ်ခဲ့သည်။
သူတို့က လော်မိသားစု၏ ကိစ္စများအကြောင်းကို အနည်းငယ်လောက်သာ သိခဲ့ကြသည်။
လော်ပင်းက သူ၏ ယခင်ဇနီးကို ကွာရှင်းပြီးနောက် နောက်ထပ်ပို၍ကောင်းမွန်သော မိန်းကလေးတစ်ဦးကို ထပ်မံရှာဖွေခဲ့သည်ကို သိထားကြသည်။
ဆိုရလျှင် သူတို့အနေဖြင့် လော်ပင်း က လှပသော မိန်းကလေးများကို နှစ်ကြိမ်တိုင်တိုင် ရှာတွေ့ခဲ့သည့်အတွက် သူ၏ ကံကောင်းမှုကိုပင် အားကျနေခဲ့ကြသည်။
အခုလိုမျိုး ဒီလူနှစ်ယောက်ရဲ့ နောက်ကွယ်မှာ ရှုပ်ထွေးလွန်းတဲ့ဇာတ်လမ်းမျိုးတွေ ရှိနေလိမ့်မယ်လို့ မထင်ခဲ့ကြဘူး!
လော်ပင်းက လင်းကျန်းဖူကို မကွာရှင်းရသေးခင်ကတည်းက တုန်လိလိအတူရှိနေခဲ့တာတဲ့!
ဘုရားရေ! ဒါက ဘယ်လို အခြေအနေမျိုးလဲ!
ဒါက လှေနှစ်စီးပေါ်မှာ ရပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား!
ဒါ့အပြင် ဒီကောင်မလေး တုန်လိလိက အတော်လေးအဆင့်အတန်းကောင်းမွန်တဲ့ပုံ ပေါ်ပေမဲ့ သူမရဲ့ အတွင်းစိတ်နှလုံးက ဒီလောက်တောင် အရှက်အကြောက် ကင်းမဲ့ နေလိမ့်မယ်လို့ သူတို့ မထင်ခဲ့ကြဘူး!
အင်း...
သူမက ဘယ်လိုအမျိုးသားဆီကိုမဆို ခုန်ချနိုင်တာများလား။
ဤအချိန်ခဏတာအတွင်း ပတ်ဝန်းကျင်မှ လူများက လော်ပင်းနှင့် တုန်လိလိတို့ဘက်သို့ ကြည့်ရှုလာသည့် မျက်လုံးအကြည့်များကချက်ချင်း ပြောင်းလဲသွားခဲ့သည်။
လော်ပင်း၊ တုန်လိလိနှင့် လော်ရှင်းဝမ်တို့၏ မျက်နှာများသည်လည်း နောက်ဆုံးတွင် မျက်နှာဖုံးဖြင့် မဖုံးကွယ်နိုင်တော့ပေ။
သူတို့၏ ပတ်ဝန်းကျင်မှ လူများ၏ လှောင်ပြောင်ခြင်း သို့မဟုတ် အထင်အမြင်သေးသည့် အကြည့်များကို တွေ့မြင်ရပြီးနောက် သူတို့ မိသားစု အချိန်ကြာမြင့်စွာ ဖုံးကွယ် ထားခဲ့သော အရှက်ရစရာ ကိစ္စသည်က မနက်ဖြန် မတိုင်မီတွင်ပင် လုံးလုံးလျားလျား ပျံ့နှံ့ သွားတော့မည်ဖြစ်ကြောင်းကို သူတို့ ကောင်းစွာ သိလိုက်ကြသည်။
ယနေ့မှစပြီး သူတို့ မိသားစုတစ်ခုလုံးက အခြားသူများ၏ လှောင်ပြောင်စရာ ဖြစ်လာတော့မည်။
ဤအကြောင်းကို စဉ်းစားမိလျှင် သူတို့ သုံးယောက်လုံး ဤအခြေအနေက သူတို့ကို သတ်လိုက်သည်ထက်ပင် ပို၍ မသက်မသာဖြစ်စေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ဒါပေမဲ့ သူတို့ ဘာလုပ်နိုင်မှာလဲ။
ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ခိုင်မာနေတဲ့ အမှန်တရားပဲလေ။ ဘယ်သူမဆို စုံစမ်းလိုက်ရင် ရှင်းရှင်းလင်းလင်း သိနိုင်လိမာ့မယ်။
လင်းမိသားစုက သူတို့ကို ဤမျှအချိမ်ကာလကြာသည်အထိ ဒုက္ခမပေးလာခဲ့သကဲ့သို့ ယခင် အကြောင်းကိစ္စများကိုလည်း တခြားသူများဆီသို့ ထုတ်ဖော်ခဲ့ခြင်း မရှိခဲ့ပါချေ။
လော်မိသားစုမှ ဆွေမျိုးများ၊ သူငယ်ချင်းများနဲ့ လုပ်ဖော်ကိုင်ဖက်များကို ဧည့်ခံနေသည့်အချိန်ကိုရောက်မှ လင်းမိသားစုက အဘယ်ကြောင်း ဤကဲ့သို့ လုပ်ဆောင်ရသနည်း။
တစ်ယောက်ယောက်က သွားပြီး ပြဿနာ ရှာခဲ့တာလား!
လော်ရှင်းဝမ်တစ်ယောက် လင်းကွမ်းချင်းမှ လော်ပင်းနှင့် တုန်လိလိတို့အား လင်းကျန်းဖူကို နောက်ထပ် မနှောင့်ယှက်ဖို့ ပြောခဲ့သည်ကို ပြန်လည်စဉ်းစားမိပြီးနောက် ချက်ချင်း သဘောပေါက်သွားခဲ့သည်။
သူက ရုတ်တရက် ထိုနှစ်ယောက်ဘက်သို့ လှည့်၍ နွားမျက်လုံးများထက် ပို၍ ပြူးကျယ်သော မျက်လုံးများဖြင့် လော်ပင်းနှင့် တုန်လိလိတို့ကို ဒေါသတကြီး မေးလိုက်သည်။
“မင်းတို့ နှစ်ယောက် ဘာတွေထပ်လုပ်ခဲ့ပြန်ပြီလဲ! ဘာလုပ်ခဲ့တာလဲ!”
“ငါ မင်းတို့ကို နောက်ထပ် ပြဿနာ မရှာတော့ဘဲ ကိုယ့်ဘဝနှင့်ကိုယ် နေဖို့ ပြောခဲ့တာ မဟုတ်ဘူးလား..
မင်းတို့ ဘာလို့ ငါ့ရဲ့အကြံဉာဏ်ကို နားမထောင်တာလဲ..မင်းတို့ နှစ်ယောက်က ငါ့ကို ဒေါသထွက်ပြီး သေစေချင်တာလား”လော်ပင်း၏ မျက်နှာက ဤအချိန်ကတွင် အလွန် ရုပ်ဆိုးနေထဲ့ပြီး သူ၏ ဖခင်မှ ဤသို့ ညည်းညူလာပြီးချိန်တွင် သူ မသိစိတ်မှ အပြစ်ကို လွှဲချလိုက်မိသည်။
ထို့အပြင် သူသည်က ဤကိစ္စကြောင့် တစ်လမ်းလုံးတွင် စိတ်ဓာတ်ကျနေခဲ့သောကြောင့် စိတ်ကိုမထိန်းချုပ်နိုင်ခဲ့ပေ။ သူက လော်ရှင်းဝမ်ကိုသာ တိုက်ရိုက် အော်ဟစ်လိုက်တော့သည်။
“အဖေက ကျွန်တော့်ကို မေးနေတယ်၊ ကျွန်တော်က ဘယ်သူ့ကို ပြန်မေးရမလဲ.. ဒါက ကျွန်တော်ကြောင့် ဖြစ်တာ မဟုတ်ဘူး အဲဒါ တုန်လိလိက ကျန်းဖူကို မြင်တိုင်း ဒုက္ခပေးချင်လို့ဖြစ်ရတာ! ကျွန်တော် သူမကို ရပ်တန့်ဖို့ တားဆီးနိုင်လို့လား”
တုန်လိလိတစ်ယောက် သူ့၏စကားကြောင့် ဒေါသထွက်သွားခဲ့ရသည်။
“လော်ပင်း၊ ရှင့်ရဲ့စကားက ဘာကို ဆိုလိုတာလဲ.. ရှင့်ကို ချစ်ဖို့ သတ္တိရှိခဲ့တာက ကျွန်မတစ်ယောက်တည်းရဲ့ အပြစ်လား.. ရှင်က လုံးဝ မမှားဘူးပေါ့ အဲလိုလား
ရှင်က အဲဒီရွံစရာ ကောင်းတဲ့မိန်းမ ကို မြင်လိုက်ရလို့ လမ်းတောင် ဆက်မလျှောက်နိုင်ဖြစ်နေတာကို မြင်ခဲ့လို့သာ ကျွန်မ သူမကို တမင်တကာ အပြစ်ရှာခဲ့ရတာ မဟုတ်ဘူးလား”
“ငါက လမ်းတောင်ဆက်မလျှောက်နိုင်ဘူးဆိုတာကို မင်းရဲ့ ဘယ်မျက်လုံးက မြင်ခဲ့တာလဲ၊ တုန်လိလိ.. မင်း စကားကို အသိစိတ်ရှိရှိ ပြောသင့်မယ်!”
“အသိစိတ်ရှိရမယ်၊ ရှင်က အခု ကျွန်မကို အသိစိတ်ဆိုတဲ့အကြောင်းကို လာပြောနေတယ်ပေါ့!
ရှင့်မှာသာ တကယ် အသိစိတ်ရှိခဲ့မယ်ဆိုရင် လင်းကျန်းဖူကို မကွာရှင်းရသေးဘူးဆိုတဲ့ အချက်ကို တမင်တကာ ဖုံးကွယ်ထားမှာ မဟုတ်ဘူး၊
ပြီးတော့ အရှေ့ရောအနောက်ပါ ကျွန်မနဲ့ တခြားလူတွေအားလုံးကို လှည့်စားပြီး အရှက်ရစေမှာ မဟုတ်ဘူး!”
လူတိုင်းက ဂရုတစိုက်နားထောင်နေရင်း ပို၍ ပေါက်ကွဲဖွယ်ရာ သတင်း ကို ကြားရလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ သူတို့က ချက်ချင်း ဖရဲစေ့ များကိုကောက်ယူကာ နားစွင့်လာခဲ့ကြသည်။
ဒီလူနှစ်ယောက်ကြားက ဇာတ်လမ်းက ပုံပြင်စာအုပ်ထက်တောင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းနေတာ မဟုတ်ဘူးလား။
သူတို့ နှစ်ယောက် ပို၍ ပြင်းထန်စွာ ရန်ဖြစ်လာခဲ့ကြသည်။ နောက်ဆုံးတွင် တုန်လိလိက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
“လော်ပင်း၊ ရှင် အခုလိုပြောနေတာက ဘာကို ဆိုလိုတာလဲ.. ရှင်က ကျွန်မပြောတဲ့ အစီအစဉ်တွေကို မလိုက်နာနိုင်တော့လို့လား။ ကောင်းပြီ၊ ကောင်းပြီလေ.. ကျွန်မ အခုပဲ ဆေးရုံ သွားမယ်.. အခုပဲဖျက်ချလိုက်မယ်..”
ဝမ်းဗိုက်ထဲက ကလေးကို ဖျက်ချလိုက်မယ်!
သို့သော်လည်း သူမ၏ စကားမဆုံးသေးမှာပင် လော်ပင်းနှင့် လော်ရှင်းဝမ်တို့၏ အမူအရာများက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိပြန်ရလာသကဲ့သို့ အရူးအမူးဖြင့် အမှားကို ဝန်ခံလိုက်ကြသည်။
“လိလိ၊ ငါ မှားသွားပါတယ်!”
“အိုး၊ လိလိ မင်း ဘယ်လိုအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ.. အဖေက မင်းကို နည်းနည်းလောက်သင်ပြပေးရုဲပါပဲ.. လော်ပင်း အဲဒီကလေးကလည်း ပါးစပ်ကို မထိန်းနိုင်ဘူး.. သူ ပြောချကာတာက အဲဒီလိုဆိုလို ဝတာ မဟုတ်ဘူး.. မင်း အလေးအနက် မထားပါနဲ့!”
လော်မိသားစု၏ ဖခင်နှင့် သားနှစ်ယောက်လုံးက တုန်လိလိကို စိတ်ရင်မပါစွာဖြင့် အလျှော့ပေးကာ ပြန်လည်ပြေလည်ခဲ့ကြသော်လည်း သူတို့၏ကြားထဲမှ ကိစ္စများကတော့ သူတို့စိတ်ပူပန်နေခဲ့သည့်အတိုင်း ပျံ့နှံ့သွားခဲ့တော့သည်။
ထိုအချိန်မှစ၍ အချိန်အတော်ကြာသည်အထိ လော်မိသားစုနှင့် တုန် မိသားစုတို့နှင့် ပတ်သက်သော မည်သူမဆို သူတို့၏ နောက်ကွယ်တွင် သူတို့ကို ကဲ့ရဲ့လှောင်ပြောင်ကြတော့မည် ဖြစ်ပြီး တုန်လိလိနှင့် လော်ပင်းတို့သည်လည်း အပြင်သို့ မထွက်ရဲလောက်အောင် ဖြစ်ခဲ့ကြရသည်။
သူတို့က ထိုအကြောင်းကို စဉ်းစားမိတိုင်း နေ့တိုင်း ပြဿနာများဖြစ်နေခဲ့သည်။ လော်မိသားစုတစ်ခုလုံးက အခြေအနေများဖြစ်နေခဲ့သည်။
လက်ရှိတွင်တော့ လင်းကွမ်းချင်းတစ်ယောက် ပျော်ရွှင်စွာ သက်ပြင်းချလိုက်ကာ လော်ပင်းနှင့် တုန်လိလိတို့ကို နောက်တစ်ကြိမ် ဂရုမစိုက်တော့ပေ။
ယနေ့တွင် သူ့အနေဖြင့် လော်ပင်း၏ ပျော်ရွှင်စရာနေ့ တွင် သူ့ကို နှစ်ချက်လောက် အားပြင်းစွာထိုးခဲ့ရခြင်းဖြင့် အမျိုးသားတစ်ဦး၏ မျက်နှာကို ပျက်စီးစေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူနှင့် တုန်လိလိတို့ မတိုင်ခင်က လုပ်ခဲ့သော ရွံစရာကိစ္စများကိုလည်း ဖော်ထုတ်ခဲ့သည်။
သူတို့မိသားစုအပြင်သို့ ထွက်ပါက မည်သူမဆို သူတို့ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်ကြမည်မှာ သေချာပေသည်။
ဤကဲ့သို့သော အကြည့်မျိုးက ဂုဏ်သတင်းကိုသာ အလေးထားဆုံးဖြစ်သည်် လော်မိသားစုအတွက် သေစေနိုင်လောက်အောင် အားပြင်းပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ်ကစ၍ သူတို့အတွက် နောက်ပိုင်းလာမည့်နေ့ရက်များသည်က ပို၍ပင် လွယ်ကူလာပေလိမ့်မည်။
မတိုင်ခင်ကည လင်းရန်နှင့် ချင်းယွင်ကျစ်တို့မှာ သူ့၏နောက်သို့ တိုက်ရိုက် လိုက်မလာဘဲ ဟိုတယ်အပြင်ဘက်တွင် စောင့်ကြည့်နေခဲ့ကြသည်။
လင်းကွမ်းချင်းက လော်ပင်း၏ မျက်နှာကို အားမာန်ပါလှသည့်ခန့်ညားသော ထိုးချက်နှစ်ချက်ဖြင့် ထိုးလိုက်သည်ကို မြင်လိုက်ရချိန်တွင် သူတို့ နှစ်ယောက်လုံး စိတ်အခြေအနေကောင်းမွန်သွားခဲ့ကြသည်။အထူးသဖြင့် နောက်ဆုံးတွင် ဟိုတယ်ထဲမှနေ၍ ထိုးထွက်လာသော ရန်ဖြစ်သံများကို ကြားလိုက်ရချိန်တွင် သူတို့သုံးယောက်လုံးက အားဆေးများကို သောက်လိုက်ရသကဲ့သို့ ပို၍ပလန်းဆန်းသွားခဲ့ကြသည်။
ထို့ကြောင့် ထိုကဲ့သို့သော ကောင်းမွန်သော စိတ်ခံစားချက်ဖြင့် သူတို့သုံးယောက်က မြို့နယ်သို့ ပြန်သွားသည့် အများသုံး ဘတ်စ်ကားကို စီးနင်းလိုက်ကြလေသည်။