← Chapters

အရှင်မင်းကြီးက လုံးဝ မစာနာတာပဲ...

Vol. 7 Ch. 66

အရှင်မင်းကြီးက လုံးဝ မစာနာတာပဲ...

Vol. 7 Ch. 66

တော်ဝင် လှေကားထစ်ပေါ်တွင် ကုန်းကုန်းသည် ခေါင်းလှည့်လိုက်ကာ အရှင်မင်းကြီး၏ မျက်နှာတော်တွင် စိတ်မရှည်သည့် အရိပ်အယောင်များ ပိုပြင်းထန်လာသည်ကို။မြင်လိုက်ရသဖြင့် စူရှသည့်လေသံဖြင့် ပြောလိုက်တော့သည်။ "စုန့်မြို့စားကြီး ဒါကညီလာခံပါ။ ခင်ဗျားတို့ ရိုင်းစိုင်းမိုက်မဲလို့ ရတဲ့နေရာမဟုတ်ဘူး"

စုန့်မြို့စားကြီး၏ လက်များသည် တောင့်တင်းသွားပြီး ချက်ချင်းဆိုသလို ဒူးထောက်ချ လိုက်လေသည်။ "အရှင်မင်းကြီး ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ။ ကျုပ်တို့မျိုး အိန္ဒြေမဆယ်နိုင်ဖြစ်သွားပါတယ်။ ကျွန်တော်မျိုးက ... ကျွန်တော်မျိုးက ... ခဏတာ အမှန်တရားကို လက်မခံနိုင် ဖြစ်သွားလို့ပါ"

စုန့်မြို့စားကြီး၏ စကားကြောင့် နန်းတွင်း ညီလာခံတခုလုံးသည် တိတ်ဆိတ်ငြိမ်သက် သွားလေတော့သည်။ သူနှင့် စုန့်ချန်လျန် တို့ကြားက စိတ်ဝင်စားစရာ မကောင်းသည့် ဆွဲဆောင်မှုများမှာ မည်သူတစ်ဦး တစ်ယောက်ကိုမှ အထင်ကြီးအောင် စိတ်လှုပ်ရှားအောင် မစွမ်းဆောင်နိုင်ခဲ့ ချေ။ အကယ်၍ ဒီနေရာသည် ညီလာခံ ခန်းမကြီးသာ မဟုတ်ခဲ့လျှင် သူတို့သည်ပိုလို့ပင် ရေကြီးခွင်ကျယ်များ ပြုလုပ်နေလောက်သည်။

စစ်ဘက်ရေးရာ ဝန်ကြီးချီဟိုင်သည် ဟန်ဆောင်ပန်ဆောင် လုပ်နေကြသည့် ထိုသူနှစ်ဦးကို လှမ်းကြည့်လိုက်ကာ ရှေ့သို့တစ်လှမ်း လှမ်းလာပြီး လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး စုန့်ချန်လျန် ပြောတဲ့စကားတွေကလည်း သူ့တစ်ဖက်တည်းက စကားတွေပါပဲ။ သူက စုန့်မိသားစုကို တဘဝလုံး သစ္စာခံခဲ့တာ။ စုန့်မိသားစုထဲကညလူတချို့အတွက် ရှေ့ထွက်အပြစ်ခံပေးဖို့ ဆန္ဒရှိနေပုံပါပဲ။ ကျွန်တော်မျိုးရဲ့အမြင်အရတော့ ဒီကိစ္စကို သေချာပေါက် ရှင်းရှင်းလင်းလင်း စစ်ဆေးရပါမယ်"

ဓလေ့ထုံးတမ်း ဝန်ကြီးကလည်း လျှောက်တင်လေသည်။ "အရှင်မင်းကြီး မြို့စားအိမ်တော်က သားနှစ်ယောက်ကို လဲလှယ်ခဲ့ပြီး သားတော်အကြီး အဖြစ်တောင်မှ တင်မြှောက်ခဲ့သေးတယ်။ ဒါက အရှင်မင်းကြီးကို လှည့်ဖြားတဲ့အပြစ်ပါ။ တကယ်လို့ ရှင်းရှင်းလင်းလင်း မစစ်ဆေးနိုင်ခဲ့ရင် နောင်လာနောက်သားတွေ အတုယူပြီး ဓလေ့ထုံးတမ်းနဲ့ စည်းကမ်းဥပဒေတွေ ပျက်စီးသွားမှာ စိုးရိမ်ရပါတယ်"

"အရှင်မင်းကြီး စုန်းရှီးကို ရှန့်ကျင်းကို ချက်ချင်းပြန်ခေါ်ပြီး စစ်ဆေးမေးမြန်းမှုကို ခံယူခိုင်းဖို့ တောင်းဆိုပါတယ်"

မှူးမတ် အများအပြားသည် တပြိုင်တည်း အသံထွက်လာကာ အရှင်မင်းကြီးကို အမြစ်ပြတ် စစ်ဆေးရန် တောင်းဆိုကြသည်တွင် အရှင်မင်းကြီးကလည်း အချိန်အတော်ကြာ စဉ်းစား ဆင်ခြင်ခဲ့ပြီးမှ နောက်ဆုံးတွင်တော့ စုန့်ရှီးကို ရှီးလင်မှ ပြန်လည်ခေါ်ယူရန် အမိန့်တော် ချမှတ်လေတော့သည်။

ထိုနောက်တွင်တော့ အရှင်မင်းကြီးက ထပ်မံမိန့်ကြားလိုက်၏။ "စုန့်ယွိရဲ့ အမှုကို ရာဇဝတ်ဌာနနဲ့ တာ့လီ စစ်စစ်ရေးဌာနတို့ ပူးတွဲစစ်ဆေးစေ။ စုန့်ချန်လျန်ကို နန်းတွင်း အကျဉ်းထောင်ကို ပို့စေ။ စုန့်မြို့စားကတော့ ... မြို့စားအိမ်တော်ကို ပြန်ပြီး ကိုယ့်အမှားကိုယ် ပြန်လည်သုံးသပ်စေ။ ငါ့အမိန့်တော်မပါဘဲ အပြင်မထွက်စေနဲ့"

"အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမြတ်တော်မူပါတယ်" ထန်မင်ကတော့ ခန်းမဆောင်ကြီး၏ အရှေ့တွင် ဒူးထောက်ကာ ဝပ်တွားခယလို့ နေသည်။ ဒီနေရာတွင်ရှိနေကြသည့် လူအများအတွင်းတွင် သူတစ်ယောက်တည်းကသာ သူ၏အတန်းဖော်ဟောင်း မိတ်ဆွေလေးအတွက် တရားမျှတမှုကို စိတ်ရင်းနှင့် ရှာဖွေပေးလိုဟန် တူနေတော့သည်။

သူ့ဘေးက လေထုံကလည်း ဦးချကာ ဝပ်တွားခယ နေပြီး သူ့နဖူးကို ကြမ်းပြင်နှင့် ထိထားလိုက်ချိန်တွင် သူ့နှုတ်ခမ်းထောင့်မှာ ကွေးတတ်သွားလေတော့သည်။

ဒီအမှုကို သေသေချာချာ စစ်ဆေးတာ မစစ်ဆေးတာ အရေးမကြီးတော့ဘူး။ အရေးကြီးတာက အခု စုန့်ရှီး ပြန်လာရတော့မယ်။ သူ ပြန်သွားလို့ရတော့မှာ မဟုတ်ဘူး။

အရှင်မင်းကြီးက သံယောဇဉ်ကြီးတယ်။ စုန့်မြို့စားရဲ့ဘိုးဘေးတွေကို သတိတရ ရှိနေတတ်တယ်။ စုန့်မြို့စား အိမ်တော်ကို အခွင့်အရေး ပေးချင်တယ်။ ဒါပေမဲ့ သူတို့က ဒီလို ကောင်းကင်ဘုံက ကျလာတဲ့ ချမ်းသာမှုကို လက်ခံနိုင် လက်မခံနိုင် ဆိုတာကိုတော့ ကြည့်ရအုံးမှာပေါ့။

ငါတို့မြို့စားကြီးရဲ့ ပစ္စည်းကို ဘယ်သူမဆို တည်တည်ငြိမ်ငြိမ် ယူထားနိုင်လို့ ရတဲ့ဟာမျိုး မဟုတ်ဘူး။ မြို့စားသခင်ကြီးက မလိုချင်လို့ရတယ်။ ဒါပေမဲ့ တခြားသူတွေ လုယူသွားလို့ မရဘူး။ အဲဒီကောင်စုတ်လေးက ယခင် စုန့်မြို့စားဟောင်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဘာမှ ပြောပ လောက်တာ မဟုတ်ဘူး။

အရှင်မင်းကြီးသည် ထရပ်ကာ မထွက်ခွာခင်တွင် စကားတခွန်း ချန်ရစ်ခဲ့လေသည်။ "အမှု မရှင်းလင်းသေးခင် ကျန်း အပြင်မှာ ဘယ်လိုကောလဟာလမှ မကြားချင်ဘူး"

"ကျွန်တော်မျိုးတို့ မဝံ့ရဲကြောင်းပါ" ယခုတော့ အရှင်မင်းကြီးက နှုတ်မိန့် မိန့်ကြားလိုက်သည် ဖြစ်သဖြင့် ဒီသတင်းကိုလည်း အပြင်ဘက်သို့ မည်သူကမှ ဖြန့်ရဲလိမ့်မည် မဟုတ်ချေ။

အရှင်မင်းကြီး ထွက်ခွာသွားပြီးနောက်တွင် မှူးမတ်အပေါင်းသည်လည်း လူစုခွဲလိုက်ကြတော့သည်။

တာ့လီစစ်ဝန်ကြီးနှင့် ရာဇဝတ်မှုဌာန ဝန်ကြီးတို့သည် ထန်မင်နှင့် လေထုံတို့ဆီသို့ လျှောက်လာကြကာ စကားပြောဆိုပြီး သူတို့တည်းခိုရာ နေရာကို မေးမြန်းခဲ့သည့်အပြင် သူတို့၏ လုံခြုံရေးအတွက်လည်း လူလွတ်ကာ အကာအကွယ် ပေးရန်ပြောဆိုကြလေသည်။ စုန့်မြို့စားကတော့ ဒီအချိန်တွင် သူတို့နှစ်ဦးကို လုပ်ကြံသတ်ဖြတ်လောက်အောင် မိုက်မဲလိမ့်မည် မဟုတ်သော်ငြားလည်း ပြောလိုတော့မရနိုင်ပေ။

ယနေ့ ခန်းမဆောင်ထဲက မြင်ကွင်းသည် အမတ်ကြီးနှစ်ဦးကို မထိန်းနိုင်ဘဲ သံသယများ ဖြစ်သွားစေတော့၏။ တရားဝင်သား လဲလှယ်ရတဲ့ကိစ္စကို စုန့်မြို့စားက အမှန်တကယ် သိရှိနေတာများလား။

အစက မသိခဲ့ဘူး ဆိုရင်တောင်မှ အခုသိသွားပြီးတော့လည်း သူက သိပ်ပြီးဝမ်းနည်းတဲ့ပုံ မပေါ်ဘူး။ သေဆုံးသွားတဲ့ တရားဝင်သားနဲ့ ယှဉ်ကြည့်မယ်ဆိုရင် သားတော်ကြီးကပဲ သူ့ရဲ့အသည်းနှလုံး ဖြစ်မယ်လို့ ထင်ရတာပဲ။ သားတော်ကြီးအတွက် သူက ဘယ်လို အရာကိုများ လုပ်ဆောင်မလဲဆိုတာ ဘယ်သူ သိမှာလဲ။

ဒီအချိန်တွင် နန်းတွင်းကိုယ်ရံတော်များသည် ရှေ့သို့တက်လာကာ စုန့်ချန်လျန်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စုန့်ချန်လျန်ကလည်း ခုခံကာကွယ်ခြင်းမပြုပေ။ ခန်းမဆောင်ကြီးထဲက ထွက်ခွာသွားသည့်အထိ မူလနေရာတွင် ငေးကြောင်ကာရပ်နေသည့် စုန့်မြို့စားကြီးကို လှည့်ကြည့်နေဆဲ ဖြစ်သော်ငြား စုန့်မြို့စားကြီးကတော့ သူ့ကိုတစ်ချက်မှပင် လှည့်မကြည့်ချေ။

အချိန်အတော်ကြာ သွားပြီးနောက်မှ စုန့်ချန်လျန်သည် ခေါင်းကိုပြန်လှည့်သွား လေတော့သည်။ သူသည် နန်းတော်ထဲသို့ဝင်လာပြီး ပြစ်မှုကို ဝန်ခံလိုက်သည့် အခိုက်အတန့်ကတည်းက ဤကံတရားကို သိနှင့်နေပြီးသားပင်။

နေ့လယ်ပိုင်းတွင် တိုင်ကြားစည်ကို တီးခတ်ခဲ့သော်ငြားလည်း နောက်နေ့ရောက်သည်အထိ ဘာသတင်းမှ ထွက်ပေါ်လာခြင်း မရှိချေ။

အားချန်သည် ပုံမှန်အတိုင်း သတင်းအစုံဆုံး ဖြစ်သည့် သူဌေးရွှီကို သွားရောက်မေးမြန်းခဲ့၏။ ကံဆိုးချင်တော့ သူဌေးရွှီကလည်း ဘာမှမသိချေ။ ထို့ကြောင့် သူမမှာ စိတ်ပျက်ပျက်နှင့် ထွက်ခွာလာခဲ့ရတော့သည်။

နောက်ထပ် အေးချမ်းလှသည့် ရက်လေးအနည်းငယ် ကုန်ဆုံးလာခဲ့ပြီး ကျုံးယွမ်ပွဲတော်(တစ္ဆေပွဲတော်) ရောက်ရှိလာတော့မည် ဖြစ်၏။ အားချန်သည် ယခင်က ပျင်းရိသည့် အမူအကျင့်ကို ပြောင်းလဲလိုက်ပြီး အမွှေးတိုင်အသစ်များ ပြုလုပ်နေတော့သည်။ ထိုအမွှေးတိုင်များမှာ နေ့စဉ် သူမ ပြုလုပ်ရန် ပျင်းရိသည်ဟု ယူဆသည့် အမွှေးတိုင်ရှည်များ ဖြစ်တော့၏။

သူမသည် မကြာသေးခင်ကာ မုဆိုးဆိုင်သို့ သွားရောက်ခဲ့ကာ သစ်သားတုံး အနည်းငယ်ကိုပဲ ယူခဲ့ပြီး အားလုံးကလည်း သာ့ရှတိုင်းပြည်၏ နယ်နိမိတ်အပြင်ဘက်တွင်သာ ရနိုင်သည့်သစ်ပင် အမျိုးအစားများ ဖြစ်ကြလေသည်။

သူမက ထိုသစ်သားတုံးများကို ရက်အနည်းငယ်လောက် ပြုပြင်စီမံခဲ့ပြီးနောက် ယနေ့မှသာ အမှုန့်ကြိတ်ခြင်းကို စတင်ခဲ့သည်။

ချန်ဟွေ့က သူမ အလုပ်များ နေသည်ကိုကြည့်ရင်း ကူညီပေးရန် ရည်ရွယ်လိုက်သော်ငြား အားချန်ကတော့ တားမြစ်ထားလိုက်လေ၏။ ထို့ကြောင့် သူမမှာ ဘေးကကြည့်ရုံနှင့်ပင် တတ်နိုင်တော့သည်။

"ကျုံးယွမ် ပွဲတော်မှာ အမွှေးတိုင်ရှည်တွေ မရောင်းဘူးလို့ ပြောထားတဲ့မဟုတ်လား"

ကျုံးယွမ် ပွဲတော်တွင် အိမ်တိုင်းစေ့ ဘိုးဘွားများကို ပူဇော်ကန်တော့သည့် ဓလေ့ရှိလေ၏။ နေ့စဉ်အမွှေးတိုင် သိပ်မသုံးသည့် သာမန်ပြည်သူများကပင် ဒီနေ့တွင်တော့ အမွှေးတိုင်ရှည်များ ဝယ်ယူကာ ဘိုးဘွားများကို ကပ်လှူပူဇော်ကြလေသည်။

သို့သော်ငြား အားချန်ကတော့ ယခင်က ဒီစီးပွားရေးကို လုပ်ကိုင်ရန် စိတ်ကူးမရှိခဲ့ချေ။ သူမ ပြုလုပ်ထားသည့် အမွှေးတိုင်များ၏ စျေးနှုန်းကလည်း အနည်းငယ် စျေးကြီးနေသဖြင့် သာမန်ပြည်သူများက ဝယ်ယူကြလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာလည်း အမွှေးတိုင်ပူဇော်ခြင်းက စိတ်ဆန္ဒကိုသာ ပူဇော်ခြင်းဖြစ်ပြီး စျေးကြီးပေးဝယ်ယူရန် မလိုအပ်သောကြောင့်ပင်။

အဆင့်အတန်း မြင့်မားသည့် လူကြီးများနှင့် သူဌေးသူကြွယ် များကတော့ ဘိုးဘွားများကို ပူဇော်ကန်တော့သည့်အခါ ကျန့်ကျန်းအမွှေးတိုင်ကိုသာ ရွေးချယ်လေ့ရှိကြသည်။ ဒီလောက်စျေးကြီးသည့် အမွှေးတိုင်ကို မသုံးလျှင်ပင် သူတို့၏ဘိုးဘေးများက သဘောထားကွဲလွဲမည် မဟုတ်ဟု အားချန်ကတော့ စိတ်ထင်မိသော်ငြား သူမ၏စကားက အရာမရောက်သည်ကိုတော့ ဘာတတ်နိုင်ပါမည်နည်း။

"ကျွန်မက ရောင်းဖို့ စိတ်ကူးထားတာ မဟုတ်ပါဘူး" အားချန်သည် ခြောက်သွေ့ပြီး ကြွပ်ရွနေသည့် အစိမ်းရောင် မီးခိုးသစ်သားတုံး တစ်တုံးကို ဆုံထဲသို့ ပစ်ထည့်လိုက်ပြီး ကြိုးစားပမ်းစားလေး အလုပ်လုပ်ရင်း ပြောလာလေသည်။ "ကျွန်မက ဘိုးဘွားကိုပူဇော်ဖို့ ကိုယ်တိုင် အမွှေးတိုင် နည်းနည်းလုပ်မလို့ပါ"

"လင်းမိသားစုရဲ့ ဘိုးဘွားကို ပူဇော်မလို့လား" ချန်ဟွေ့ကလည်း မေးလိုက်လေသည်။ ကျိမိသားစု၏ ဘိုးဘွားများကို ပူဇော်ခြင်းတော့ မဖြစ်နိုင်လောက်ဟု တွေးမိခြင်းကြောင့်ပင်။

အားချန်သည်လည်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ မရေမရာ ပြန်ဖြေလိုက်တော့၏။ "အာ အင်း"

နယ်နှင်ဒဏ်ခံထားရတဲ့ လင်းမိသားစုဝင်တွေက သူတို့ရဲ့ဘိုးဘွားတွေကို ပူဇော်ကြလိမ့်မယ် ထင်တယ်။ ငါက လင်းမိသားစုဝင်မှ မဟုတ်တာ။ သူတို့ကိုယ်စား ဝင်လုပ်ပေးစေရာ မလိုဘူးလေ။

ဒါသည် သူမ ရှန့်ကျင်းသို့ ရောက်လာပြီးကတည်းက ပထမဦးဆုံးအကြိမ် ကျုံးယွမ် ပွဲတော်နှင့် တွေ့ဆုံခြင်းဖြစ်လေသည်။ သူမ၏ ဘိုးဘွားများသည် ဒီပွဲတော်ကို ကျင်းပကြလိမ့်မည် မဟုတ်သော်ငြားလည်း ယခင်က ရှောင်လင်းရှီ၏ကိစ္စသည် အားချန်ကို သတိရသွားစေတော့၏။ သူမ၏တည်ရှိမှုကို သူတို့က ဘယ်တော့မှ အသိအမှတ် မပြုခဲ့သော်ငြားလည်း သူတို့ကတော့ သူမကိုဆက်ပြီး ကာကွယ်စောင့်ရှောက် နေကြဆဲပင်။

လူတိုင်းက ဒီနေ့မှာ ဘိုးဘွားတွေကို ပူဇော်ကြမှတော့ ငါ့ရဲ့ဘိုးဘွားတွေကိုလည်း အမွှေးတိုင်မရှိဘဲ နေခိုင်းလို့ မဖြစ်တော့ဘူးလေ။ တခြားအိမ်က ဘိုးဘွားတွေရတာမျိုး ငါဘိုးဘွားတွေလည်း ရရမှာပေါ့။

အားချန်သည် ကျိတ်ချေထားသည့် အမွှေးတိုင်မှုန့်များကို အမြစ်မဲ့ရေ (မိုးရေ) ဖြင့် ရောနှောကာ အမွှေးတိုင်အနှစ်များ ပြုလုပ်လိုက်ပြီး အမွှေးတိုင်အနှစ်များကို ပြွန်ချောင်းထဲသို့ ထည့်တာ အမွှေးတိုင်ရှည် တစ်ချောင်းချင်းစီ ညစ်ထုတ်လိုက်လေသည်။ နောက်ဆုံးတော့ ပြုလုပ်ပြီးသား အမွှေးတိုင်ရှည် ၃ဗန်းကို အရိပ်ရှိသည့်နေရာတွင် ထားကာ ခြောက်သွေ့သွားရန် စောင့်ဆိုင်းနေလိုက်တော့သည်။

ဝမ်ကျုံ့ ရောက်လာချိန်တွင် ချန်ဟွေ့သည် နောက်ဆုံး အမွေးတိုင်ရှည် ဗန်းတစ်ဗန်းကိုကိုင်ကာ အပြင်သို့ထွက်လာခဲ့၏။

ဝမ်ကျုံ့က တစ်ချက်လောက် လှမ်းကြည့်ပြီးမှမေးလာခဲ့၏။ "မိန်းကလေးကျိ အမွှေးတိုင် အသစ်လုပ်ထားတာလား"

"ဟုတ်ပါတယ်။ ကျုံးယွမ်ပွဲတော် ရောက်တော့မှာ မလို့လေ။ ဘိုးဘွားတွေကို ပူဇော်ဖို့ အမွှေးတိုင် နည်းနည်းလုပ်ထားတာပါ" အားချန်က ဝမ်ကျုံ့ကို ပေါ့ပေါ့ပါးပါး ပြန်လည်ဖြေကြားလိုက်ပြီး အမွှေးနံ့သာလုံး နှစ်လုံးကိုလှည့်ယူကာ ထုတ်ပိုးပေးလိုက်လေသည်။ "ဒါက လူကြီးမင်းဝမ် လိုချင်တဲ့ အမွှေးနံ့သာလုံးတွေပါ"

ဝမ်ကျုံ့သည်လည်း အမွှေးနံ့သာလုံးများကို လှမ်းယူလိုက်ပြီး ဝမ်ကြေးပြားများဖြင့် ပေးချေလိုက်လေသည်။ အားချန်က သူ့ကို ငေးကြည့်နေသည်ကို တွေ့ရသည်တွင် သူ့မှာ မနေသာတော့ဘဲ ပြုံးကာမေးရတော့၏။ "မိန်းကလေးကျိ ပြောစရာများရှိလို့လား"

"လူကြီးမင်းဝမ်က ပြီးခဲ့တဲ့ရက် အနည်းငယ်တုန်းက တိုင်ကြားစည်ကို တီးသွားတဲ့သူကိုများ သိသလားလို့ပါ" တခြားသူတွေကတော့ သိချင်မှ သိမှာလေ။ စုံစမ်းစစ်ဆေးရေးမှူးဖြစ်တဲ့ လူကြီးမင်ဝမ်ကတော့ သေချာပေါက် သိရမှာပေါ့။

အာချန်သည် လူကြီးမင်းဝမ်က စိတ်အခြေအနေ ကောင်းမွန်သည်ဟု ထင်မိသဖြင့် မေးလိုက်ခြင်းဖြစ်၏။

"အဲကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းတော့ သိပါတယ်" မေးခွန်းမမေးရသေးခင်မှာပင် ဝမ်ကျုံ့သည် သူမ၏နောက်ဆက်တွဲ စကားများကို ကြိုတင်တားဆီး လိုက်လေတော့သည်။ "အရှင်မင်းကြီးက မပြောဖို့ တားမြစ်ထားလို့ပါ"

"ဟင်း" အားချန်မှာ သက်ပြင်းချမိတော့သည်။ အရှင်မင်းကြီးဆိုသူကလည်း သူ့ရဲ့ပြည်သူတွေကို နည်းနည်းမှ နားလည်စာနာမှု မရှိတာပါလား။

"ဒါပေမဲ့ နောက်ထပ်ရက် အနည်းငယ် ကြာရင်တော့ သတင်းထွက်လာလောက်မှာပါ" သူမက မျက်နှာ ပျက်ယွင်းသွားသည်ကို မြင်လိုက်ရသည်တွင် ဝမ်ကျုံ့ကလည်း စကားတစ်ခွန်း ထပ်မံဖြည့်စွက် ပြောလိုက်တော့သည်။

မမေးမိရင်တော်သေးတယ်။ မေးမိပြီးမှတော့ ပိုပြီးသိချင်စိတ် ဖြစ်လာပြီ။ နောက်ထပ်ရက် အနည်းငယ်ဆိုတာ ဘယ်နှစ်ရက်ကို ပြောတာလဲ။

"အသိပေးတဲ့အတွက် လူကြီးမင်းဝမ်ကို ကျေးဇူးတင်ပါတယ်" အားချန်၏ စိတ်ထဲက ကလေးလေးသည် မြေပြင်ပေါ်တွင် လူးလိမ့်နေဆဲဖြစ်သော်ငြားလည်း အပေါ်ယံတွင်တော့ တည်ငြိမ်နေသည့် အမူအရာကို ဆက်လက် ထိန်းထားရသေးသည်။

လူကြီးမင်းဝမ်ကို တံခါးဝအထိ လိုက်ပို့ပြီးနောက်တွင် အားချန်သည် ခေါင်းအလှည့်တွင် စုန့်ယန့်က ဘေးကစာအုပ်ဆိုင်မှ ထွက်လာပြီး သူမ ဘက်သို့ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရ၏။ သူမ၏ဆိုင်ထဲသို့ ဝင်ဖို့ရန် စဉ်းစားနေဟန်တူသည်။

ရက်ပေါင်းများစွာ မတွေ့ဖြစ်သည့် နောက်တွင် စုန့်ယန့်၏ မျက်နှာအခြေအနေသည် တော်တော်လေး မကောင်းလှပေ။ အားချန်သည် မျက်နှာသွင်ပြင် လက္ခဏာကို မဖတ်ရှုတတ် သော်ငြားလည်း သူ၏ယခုပုံစံက ကံဆိုးမိုးမှောင် ကျနေသည့် ခံစားချက်မျိုး အနည်းငယ်ဖြစ်နေ၏။

"စုန့်သခင်လေး နေမကောင်းဘူးလား" အားချန်ကလည်း ဂရုတစိုက်လေသံဖြင့် မေးလိုက်၏။

စုန့်ယန့်က ခေါင်းခါပြလိုက်ကာ အားနည်းချည့်နဲ့ နေသည့်လေသံဖြင့် ပြောလာလေသည်။ "မိန်းကလေး ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဒီရက်ပိုင်း ကောင်းကောင်း အနားမယူဖြစ်လို့ပါ။ သူဌေးရွှီက ပြောတယ်လေ။ မိန်းကလေးရောင်းတဲ့ စိတ်ငြိမ်အမွှေးတိုင်က အိပ်ပျော်စေတယ်တဲ့။ ကျွန်တော်လည်း နည်းနည်းလောက် လာဝယ်ချင်လို့ပါ"

"ရတာပေါ့ ပြဿနာမရှိပါဘူး"

အားချန့်က စုန့်ယန့်ကို ဆိုင်ခန်းအတွင်းသို့ ခေါ်ဆောင်သွားပြီး သူမက စိတ်ငြိမ်အမွှေးတိုင် နှစ်မျိုးကိုထုတ်ယူကာ စုန့်ယန့်ကို ရွေးချယ်ခိုင်းလိုက်သည်။ တစ်မျိုးကတော့ အမွှေးနံ့သာအမှုန့်ဖြစ်ပြီး တစ်မျိုးကတော့ ကန်တော့ပုံ အမွှေးတောင့်ဖြစ်သည်။

စုန့်ယန်ကတော့ အမွှေးတောင့်ကိုသာ ရွေးချယ်လိုက်၏။ အဆင်ပြေစေရန်အတွက် ဖြစ်နိုင်သည်။

အားချန်က ကန်တော့ပုံ အမွှေးတိုင် ဆယ်ခုကို ညှပ်ယူပြီး ထုတ်ပိုးလိုက်ပြီးနောက် စုန့်ယန်နှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုလိုက်၏။ "စုန့်သခင်လေး စောစောက လူကြီးမင်းဝမ်နဲ့ စစ်တုရင် ထိုးခဲ့သေးလား။ ဒီတခါ ဘယ်သူနိုင်သွားလဲ"

သူတို့နှစ်ဦး စစ်တုရင်ထိုးသည့် အခါတိုင်း အနီးအနားက စစ်တုရင် ဝါသနာအိုးများစွာကို ဆွဲဆောင်ထားနိုင်လေ့ရှိသည်။။ သူမသည်လည်း ရံဖန်ရံခါ လူများသုံးသပ်သည်ကို ကြားသိခဲ့ဖူးလေသည်။ ထိုသူနှစ်ဦး၏ စစ်တုရင်ပညာသည် ရှန့်ကျင်းတွင် ထိပ်တန်းအဆင့်ဟုပင် ဆိုနိုင်ကြောင်း ပြောကြ၏။ သို့သော်ငြား ယနေ့ စာအုပ်ဆိုင်အပြင်ဘက်တွင် လူများစုရုန်းနေပုံတော့ မပေါ်ချေ။

စုန့်ယန်က ပြုံးကာပြောလိုက်၏။ "ဒီနေ့ စစ်တုရင် မကစားဖြစ်ပါဘူး။ လူကြီးမင်းဝမ်က ကျွန်တော့်မျက်နှာ အခြေအနေ မကောင်းတာကို မြင်တော့ နောက်နေ့မှပဲ ပြန်ပြီး ကစားကြမယ်လို့ ပြောပါတယ်"

အားချန်မှာ စုန့်ယန့်၏ မျက်နှာကိုမနေနိုင်ဘဲ နောက်တစ်ကြိမ် ထပ်ကြည့်မိလိုက်တော့၏။ "တကယ်လို့ စုန့်သခင်လေးက ဆက်တိုက် အိပ်မပျော်ဘူးဆိုရင် သမားတော်နဲ့ စောစောစီးစီး ပြသင့်တယ်နော်။ စိတ်ငြိမ်အမွှေးနံ့သာက အိပ်စက်တာကို အထောက်အကူ ပြုရုံပဲပြုနိုင်တာ။ ရောဂါကိုအမြစ်ပြတ် ကုသပေးနိုင်တာ မဟုတ်ဘူး"

"ကျွန်တော် နားလည်ပါပြီ။ မိန်းကလေးစိတ်ချပါ"

"ဒါဆိုရင်တော့ တော်ပါသေးတယ်" သူ နားထောင် လက်ခံသွားသည်ကို မြင်လိုက်သောအခါ အားချန်ကလည်း အများကြီး ထပ်မပြောတော့ဘဲ ပေါ့ပေါ့ပါးပါး အကြောင်းအရာ တစ်ခုကိုသာ ပြောင်းပြောလိုက်တော့သည်။ "ခုနတုန်းက လူကြီးမင်းဝမ်က ကျွန်မကို ပြောတယ်။ နောက်နှစ်ရက်ဆိုရင် တိုင်ကြားတဲ့ စည်တော်ကြီး ဘာကြောင့် မြည်တာကို သိရတော့မယ်တဲ့။ တကယ် ဘယ်လို အမှုကြီးမျိုးလဲ မသိဘူးနော်"

စုန့်ယန်သည် နန်းတော်ရှိရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ပြီး အားချန်ကလည်း သူ့ကို လှမ်းခေါ်လာသည်ကို ကြားလိုက်သည့်အချိန်မှ ရယ်မောရင်းပြောလာခဲ့သည်။ "ဘယ်လိုအမှုပဲဖြစ်ဖြစ်ပါ အဓိကတရားခံကတော့ အပြစ်ဒဏ်ခံရမှာပဲ။ မတရားခံရတဲ့သူကလည်း အေးအေးချမ်းချမ်း အနားယူနိုင်မှာပါလေ"

"အဲလိုပဲဖြစ်သင့်တာပေါ့"

စုန့်ယန့်သည် ရုတ်တရက် ထပ်ပြောလာလေသည်။ "နောက်၂ရက် ၃ရက်နေရင် ကျွန်တော် ရွာပြန်ဖို့ စဉ်းစားထားတယ်"

"ဇာတိမြို့ကို ပြန်မလို့လား။ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဖြစ်သွားရတာလဲ" အားချန်သည် အနည်းငယ် အံ့အားသင့်သွားတော့၏။ သူမ၏အမြင်တွင်တော့ စုန့်ယန့်၏ အရည်အချင်းနှင့်ဆိုလျှင် တော်ဝင်စာမေးပွဲ ဝင်မဖြေခဲ့လျှင်ပင် သူသည် ရှန့်ကျင်းတွင် နေထိုင်ကာ ကောင်းမွန်သည့် ဘဝတစ်ခုကို နေထိုင်နိုင်ပြီး နာမည်ကြီး သူတစ်ယောက်ပင် ဖြစ်လာလိမ့်ဦးမည်။

ပြီးခဲ့သည့်ရက် အနည်းငယ်တွင် သူဌေးရွှီကလည်း သူမကို တိုးတိုးတိတ်တိတ် ပြောပြခဲ့သေးသည်။ စုန့်ယန့်၏ ပန်းချီကားချပ်များကို မျိုးရိုးမြင့် လူကြီးမင်းများနှင့် သူဌေးသူကြွယ်များစွာက မျက်စိကျနေကြပြီး တန်ဖိုးကလည်းပိုပိုပြီး တက်လာသည်။

အားချန်ကပင် စုန့်ယန်ထံမှ ပန်းချီကားတစ်ချပ်လောက် ဝယ်ယူပြီး သိမ်းထားရင် ကောင်းမလားဟုပင် စဉ်းစားနေသေးသည်။

"လုပ်ချင်တဲ့ကိစ္စတွေ အားလုံးလည်း ပြီးသွားပြီ။ အိမ်ပြန်ပြီးတော့ တစ်ချက်လောက် ပြန်ကြည့်သင့်ပါတယ်။ စိတ်ထဲက အပူမီးကို ငြိမ်းသတ်ရတော့မယ်လေ"

အားချန်သည် ဇာတိမြို့သို့ပြန်ခြင်းက မျှော်လင့်စရာကောင်းသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု ယူဆသော်ငြားလည်း စုန့်ယန်၏ ပုံစံကတော့သိပ်ပြီး ပျော်ရွှင်နေပုံမရချေ။

"ဒါဆိုရင်တော့ တကယ်နှမြောစရာပဲ။ ကျွန်မက အစတုန်းက စုန့်သခင်လေးဆီကနေ ပန်းချီကားတစ်ချပ်လောက် တောင်းမယ်လို့ စဉ်းစားထားတာ"

"မိန်းကလေးက ဘယ်လိုပန်းချီကားမျိုး သဘောကျတာလဲ။ တောတောင်ရေမြေ လူပုဂ္ဂိုလ်လား။ အပင်လား ဒါမှမဟုတ် တိရစ္ဆာန်လား"

အားချန်ကလည်း ချက်ချင်းပြောလိုက်လေသည်။ "တိရစ္ဆာန်ပုံပါ။ ကြက်တစ်ကောင်ပုံဆိုရင် အကောင်းဆုံးပဲ။ အသက်ဝင်နေတဲ့ ပုံစံမျိုးပေါ့"

ပုံမှန်ဆိုလျှင် ဟွေ့ညန်က ညစာစားချိန် ကျော်လွန်သွားလျှင် သူမကို အသား ဆက်စားခွင့် မပြုတော့ချေ။ အကြောင်းကလည်း သူမ၏အစာအိမ်က အားနည်းသဖြင့် ညဘက်တွင် ထပ်စားပါက အစာမကြေ အလွယ်တကူ ဖြစ်မှာ စိုးရိမ်သောကြောင့်ပင်။

ငါကတော့ ပန်းချီကားတစ်ချပ်ကို ချိတ်ပြီး မက်မန်းသီးကို ကြည့်ပြီး ရေငတ်ဖြေရုံပဲ တတ်နိုင်တော့မှာပေါ့။ ဗိုက်ဆာလာရင် ခဏခဏ ထပ်ကြည့်နေရုံပဲ။ စုန့်သခင်လေးရဲ့ ပန်းချီပညာကလည်း ငါ့ရဲ့တောင်းဆိုချက်ကို ဖြည့်ပေးနိုင်မှာပါ။

"ကျွန်တော် ရှန့်ကျင်းက မထွက်ခွာခင် မိန်းကလေးလိုချင်တဲ့ ပန်းချီကားကို သေချာပေါက်ရေးဆွဲခဲ့‌ ပေးပါ့မယ်" အားချန်ကလည်း ချက်ချင်းဆိုသလို ဝမ်းသာအားရ ပြောလိုက်တော့သည်။ "ဒါဆိုရင်တော့ စုန့်သခင်လေးကို ကျေးဇူးတင်ရပါဦးမယ်"

နောက်ထပ်၄ရက် ကုန်ဆုံးသွားပြီးနောက် မနက်ဖြန်သည် ကျုံးယွမ် ပွဲတော်နေ့ ဖြစ်လေသည်။ အားချန်သည် နံနက်စောစောထပြီး လမ်းထိပ်က ပန်းသည်အဒေါ်ကြီးထံက မနက်ဖြန် ဘိုးဘွားပူဇော်ရန်အတွက် ပန်းတစ်ခြင်း မှာယူထားခဲ့၏။ ထိုအဒေါ်ကြီးကလည်း အားချန်၏မျက်နှာကို မှတ်မိနေသဖြင့် အလွန်ဝမ်းသာအားရ သဘောတူပေးလိုက်ပြီး အားချန်၏ စရန်ငွေကိုပင် မယူဘဲ မနက်ဖြန်မနက်စောစောတွင် သမီးဖြစ်သူကို သူမ၏ဆိုင်သို့ ပန်းလာပို့ခိုင်းပြီးမှ ငွေပေးရန်ပင် ပြောလိုက်သေးသည်။

ဆိုင်ကပြန်လာသည့်လမ်းတွင် အာချန်သည် သိုးသားပေါင်မုန့်တစ်ချပ်၏ မွှေးရနံ့ကို ထပ်မံ ရရှိလိုက်သဖြင့် အနံ့ရှိရာနောက်သို့ လိုက်ပါရှာဖွေနေတော့၏။

ဒီမုန့်ဆိုင်၏ စီးပွားရေးကလည်း အလွန်ကောင်းမွန်လှသည်။ လူအများအပြားက ဘေးတွင်ချထားသည့် ခုံတန်းများပေါ်တွင် ထိုင်ကာ အသားဟင်းရည်သောက်ရင်း အသားပေါင်မုန့်စနေကြပြီး လူတစ်စုကတော့ သူမကဲ့သို့ပင် တန်းစီပြီး စောင့်ဆိုင်းလိုနေသည်။

အားချန်သည် စောင့်ဆိုင်းရင်း ပျင်းရိလာသဖြင့် ဆိုင်ကလူများ စကားပြောနေသည်ကို နားထောင်နေလိုက်သည်။ တိုင်ကြားစည်တော်ကို ထုနှက်သည့်ကိစ္စကို လူအများ ပြောဆိုနေသည်ကို အမှတ်မထင် ကြားလိုက်ရတော့သည်။

ထိုစကားစမြည် ပြောဆိုနေသည့် လူနှစ်ဦး၏ ဝတ်စားဆင်ယင်ပုံမှာ သာမန်ပြည်သူများနှင့်မတူဘဲ စကားပြောဆိုရာတွင်လည်း ထိန်းချုပ်ထားခြင်းမျိုး လုံးဝမရှိချေ။

ထိုသူများထဲက တစ်ဦးက ထူးထူးဆန်းဆန်း လေသံဖြင့် ပြောလိုက်လေသည်။ "ခင်ဗျားတို့ သိကြလား။ တစ်ယောက်ယောက်က ပေါင်မုဆရာကြီးရဲ့ ဝတ္ထုအတိုင်း ကျိကျိုးနယ်ကို စုန့်မြို့စားရဲ့ တရားဝင်သားကို သွားရှာခိုင်းတယ်တဲ့။ တကယ်ကြီး လူကို ရှာတွေ့ခဲ့တယ်တဲ့ လေ"

တစ်ဖက်လူ၏ အပေါင်းအပါကလည်း စိတ်အားထက်သန်စွာဖြင့် မေးလိုက်လေသည်။ "နောက်တော့ရော ဘာဖြစ်သွားလဲ။ မြို့တော်ကို ပြန်လာခဲ့တာလား"

"ပြန်လာတာတော့ ပြန်လာပါတယ်။ ကံဆိုးတာကတော့ သယ်ပြီးမှ ပြန်လာခဲ့တာ။ လူကို ရှာတွေ့တဲ့အချိန်မှာ အရိုးစုပဲ ကျန်တော့တယ်တဲ့လေ"

"အားယိုး ပေါင်မုဆရာကြီးရဲ့ ဝတ္ထုထဲမှာ ရေးထားတဲ့ အတိုင်းဆိုရင် အဲဒီလူက ..." စကားပြောနေသူသည် လည်ပင်းကို လှီးဖြတ်သည့် လက်ဟန်အမူအယာ လုပ်ပြလိုက်၏။

"ဒါပေါ့ အသတ်ခံရတာပဲပေါ့။ မဟုတ်ရင် တိုင်ကြားစည်တော်ကြီးကို ဘာလို့ထုနှက်ရတယ်လို့ ထင်လဲ။ အဲဒီတရားဝင်သားရဲ့ စာသင်ဖော်က တခြားလူရဲ့လမ်းညွှန်မှုကို ရရှိခဲ့ပြီး လူရှာပြီးအရိုးစုကို စစ်ဆေးခိုင်းခဲ့တာ။ သူ့အသတ်ခံခဲ့ရတာကိုလည်း အတည်ပြုပြီးတော့ သတိရှိရှိနဲ့ ခေါင်းတလားကို သယ်ပြီး ရှန့်ကျင်းကို တက်လာပြီး အရှင်မင်းကြီးဆီမှာ တိုင်ကြားခဲ့တာလေ။ တိုင်ကြားတာကလည်း စုန့်မြို့စားအိမ်တော်ရဲ့ တရားဝင်သားက သက်သေဖျောက်ဖျက်ဖို့ လူသတ်ခဲ့တယ်လို့ ပြောတာပဲ"

"တော်တော် သတ္တိကောင်းတာပဲ။ ဟိုတစ်ယောက်က မြို့စားအိမ်တော်ရဲ့ ဆက်ခံသူသားကြီးလေ။ သူက လမ်းမှာတင် သက်သေဖျောက်ဖျက်အောင် အသတ်ခံရမှာ မကြောက်ဘူးလား"

"ဟဲ ဟဲ ဘာပဲဖြစ်ဖြစ်လေ။ သူက အရှင်လတ်လတ် အရှင်မင်းကြီးနဲ့ တွေ့ဆုံနိုင်ခဲ့တယ်။ ကျွန်တော်ကြားတာကတော့ ဒီမနက်ခင်း စုန့်မြို့စားအိမ်တော်ရဲ့ တရားဝင်သားကလည်း မြို့တော်ကို ပြန်ရောက်လာပြီတဲ့။ အိမ်တံခါးတောင် မနှင်းရသေးဘူး။ နန်းတော်ထဲကို တန်းဝင်သွားရတယ်။ ဒီအမှုက နောက်ဆုံးဘယ်လို ဆုံးဖြတ်ချက် ချမလဲတော့ မသိဘူးပေါ့လေ"

"ပေါင်မုဆရာကြီး ပြောထားတာပဲလေ။ အဲဒီဆက်ခံသူသားက တရားဝင်သားကို သတ်ခဲ့တာတဲ့။ လူသတ်ရင်တော့ အသက်ပြန်ပေးလျော်ရမှာပေါ့" ရုတ်တရက် လူတစ်ဦးက ဝင်ကာပြောလိုက်၏။

ဆိုင်ကလူ အများအပြားသည် ပေါင်မုဆရာကြီး၏ ကလဲ့စားချေခြင်း မှတ်တမ်းကို ဖတ်ရှုခဲ့ကြပြီး ထိုသူနှစ်ဦး၏စကားကို ကြားလိုက်ရချိန်တွင် ခဏခြင်းမှာပင် လူတစ်အုပ်က စုရုံးရောက်ရှိလာကြလေသည်။

စကားပြောနေသူ နှစ်ဦးကလည်း လူများလာသည်ကို မြင်ရသည့်အခါ ပိုမိုတက်ကြွလာလေတော့၏။ ထိုအကြောင်းအရာကို အစပြု လှုံ့ဆော်ခဲ့သူက ကြားလိုက်ရချိန်တွင် ခေါင်းခါကာ ပြောလိုက်လေသည်။ "ဒီစကားက မှားနေတယ်။ စုန့်မြို့စားရဲ့ အဲဒီတရားဝင်သား အလောင်းက အရိုးစုဖြစ်နေပြီ။ တကယ့်တရားခံကို အတည်ပြုဖို့ ဘယ်မှာလွယ်ပါ့မလဲ။ ကျွန်တော် ကြားထားတာကတော့ စုန့်မြို့စားအိမ်တော်က တစ်ယောက်ယောက် အပြစ်ခံဖို့ ထွက်လာတယ်တဲ့။ ကြည့်ရတာတော့ ဒီကိစ္စက မရေမရာ ဖြစ်သွားတော့မယ် ထင်ပါတယ်"

"ဒီမျိုးရိုးမြင့် မိသားစုတွေက တကယ်ကို မကောင်းတဲ့ဟာတွေပဲ !" တစ်စုံတစ်ယောက်က တံတွေးကို ပစ်ခနဲ ထွေးလိုက်၏။

"သက်သေ မရှာနိုင်တော့ဘူး ဆိုတာလည်း ထားပါတော့။ အရှင်မင်းကြီးက သူတို့ကို အပြစ်ပေးမှာပါနော်" လူတစ်ယောက်၏လေသံတွင် မျှော်လင့်ချက်များ ပါဝင်လို့နေသည်။

"အပြစ်ပေးတော့ရော ဘာထူးမှာလဲ။ အဲဒီတရားဝင်သားက ဒီအတိုင်းသေသွားပြီ။ သူက အစတုန်းက ကောင်းကောင်းမွန်မွန် နေနေတာ။ အရင်ဆုံး အဆင့်အတန်း အလဲအလှယ် ခံလိုက်ရတယ်။ ပြီးတော့ ပစ်ပယ်ခံရတယ်။ နောက်ဆုံးတော့ အသတ်ခံလိုက်ရတယ်။ တရားခံက နောင်တစ်ချိန်မှာ မြို့စားတောင် ဖြစ်လာနိုင်သေးတယ်။ ကျွန်တော်သာ အဲဒီတရားဝင် သားဆိုရင် သရဲတစ္ဆေဖြစ်သွားတောင် သူတို့ကို အလွတ်ပေးနိုင်မှာ မဟုတ်ဘူး"

လူတစ်စု၏ တညီတညွတ်တည်း ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း အားချန်၏ စိတ်ထဲက သံသယများမှာ နောက်ဆုံးတော့ ရှင်းလင်းသွားတော့သည်။

တစ်ချိန်တည်းမှာပင် သူမသည် ထိုလူများနည်းတူ သိလိုစိတ်များ ဖြစ်လာတော့၏။ တကယ်လို့ တရားခံက စုန့်မြို့စားအိမ်တော်ရဲ့ ဆက်ခံသူသာ ဖြစ်ခဲ့မယ်ဆိုရင် သူကရော တကယ်တမ်း ထိုက်တန်တဲ့အပြစ်ဒဏ်ကို ခံရပါ့မလား။

ပေါင်မုဆရာကြီးက ကလဲ့စားချေခြင်းမှတ်တမ်းကို ပထမပိုင်းကိုပဲ ရေးသားခဲ့တာ။ ဒါပေမဲ့ ဒုတိယပိုင်းကတော့ အခု ဆက်ဖြစ်နေပြီ။

ငါကလည်း ဝတ္ထုတွေကိုဖတ်ရင်း ပျော်စရာနိဂုံးလေးကိုပဲ သဘောကျတာ။ ဒါပေမဲ့ ဒါကတော့ ဝတ္ထုစာအုပ်တစ်အုပ် မဟုတ်တော့ဘဲ လက်တွေ့ဖြစ်နေပြီလေ။ ဇာတ်အိမ်ကလည်း စာရေးသူရဲ့ စိတ်ကူးအတိုင်း ဖြစ်တော့မှာ မဟုတ်လောက်ဘူး။

ဒီအချိန်တွင်တော့ မနက်ခင်းညီလာခံသည် ပြီးဆုံးကာစ ဖြစ်ပြီး အရှင်မင်းကြီးကလည်း နဂါးပုလ္လင်ပေါ်က ထွက်ခွာသွားခြင်း မရှိသေးဘဲ မှူးမတ်အပေါင်းသည်လည်း ခန်းမဆောင်အတွင်းတွင် ကျန်ရစ်နေဆဲပင်။

နန်းတွင်းကိုယ်ရံတော်တပ်မှူးသည် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာကာ လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီး စုန့်မြို့စားအိမ်တော်ရဲ့ ဆက်ခံသူ စုန့်ရှီးက ခန်းမဆောင်ကြီး အပြင်ဘက်မှာ စောင့်ဆိုင်းနေပါတယ်"

"စုန့်ရှီးကို ခန်းမထဲ ဆင့်ခေါ်စေ"

...

All Chapters