← Chapters

အခန်း (၂၀၇၅-၂၀၇၆)

Vol. 148 Ch. 2075-206

အခန်း (၂၀၇၅-၂၀၇၆)

Vol. 148 Ch. 2075-206

အခန်း(၂၀၇၅)

“ဒါက မင်းတို့ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုရဲ့ မူလခန္ဓာကိုယ်လား.. တကယ်ကို ကြည့်ရတာ အရမ်းရုပ်ဆိုးတာပဲ”

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်ပြီးနောက်တွင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ဖြင့် ဖိနှိပ်လိုက်သည်။

ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်က သူ့ကို ဖိနှိပ်လာသည့် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို မြင်သော်လည်း နောက်ဆုတ်မသွားသည့်အပြင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ တည်ရှိမှုကို လျစ်လျူရှုကာ ကျန်းချန် ဆီသို့ တိုးဝင်လာခဲ့သည်။

“ဝုန်း..”

ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ခန္ဓာကိုယ်သည် ကျန်းချန်၏ ရှေးဟောင်းဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်ကို အရှိန်အဟုန်ပြင်းစွာ ဝင်ဆောင့်မိသွားခဲ့သည်။

ထိုခဏတွင် မမြင်နိုင်သော ဝိညာဥ်စွမ်းအား မုန်တိုင်း တစ်ခုသည် ဘုရားကျောင်း တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ ဖိနှိပ်မှုအောက်တွင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် မှေးမှိန်သွားခဲ့သည်။

သို့သော်လည်း ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် မည်သည့်အရာကိုမှ ဂရုစိုက်မနေဘဲ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ ဝါးမျိုခြင်းစွမ်းအားကို ခုခံကာ သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို လျစ်လျူရှု၍ အနက်ရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားခဲ့သည်။

ထို့‌နောက်တွင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် ကျန်းချန်၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်ပင်လယ်နေရာလွတ်တွင် တိုက်ရိုက်ပေါ်လာခဲ့သည်။

“ငါမင်းကို လျှော့တွက်မိခဲ့တာပဲ.. မင်းက ငါ့ရဲ့ဝိညာဥ်ပင်လယ်နေရာလွတ်ထဲ အတင်းအကျပ် ဝင်ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါပေမဲ့ မင်းရဲ့လက်ရှိအခြေအနေနဲ့ ငါ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့အတွက် ဝိညာဥ်ပင်လယ်နေရာလွတ်ထဲကို ဝင်ရောက်လာတာက ကိုယ့်သေတွင်းကို ကိုယ်ရှာနေတာပဲ”

ဝိညာဥ်ပင်လယ် နေရာလွတ်တွင် ကျန်းချန်၏ ဝိညာဥ်သည် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး သူ၏ရှေ့မှ ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်ကို လှောင်ပြောင်၍ ပြောလိုက်သည်။

ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် ရှေးဟောင်းဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ စွမ်းအားကို အတင်းအကျပ် ခုခံပြီး သူ၏ ဝိညာဥ်ပင်လယ်နေရာလွတ် ထဲသို့ ဝင်ရောက်ကာ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားလာလိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ လုပ်ဆောင်ချက်သည် အချည်းနှီး ဖြစ်သွားစေမည့် လှုပ်ရှားမှုတစ်ခုထက် မပိုခဲ့ပေ။

အကယ်၍ ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သာ နတ်ဘုရားကျောင်းထဲသို့ သူဝင်လာလာချင်းမှာပင် သူ၏ ဝိညာဥ်ပင်လယ်နေရာလွတ်ထဲကို ဝင်ရောက်ပြီး ခန္ဓာကိုယ်ကို အတင်းအကျပ်သိမ်းပိုက်ဖို့ ကြိုးစားခဲ့မည်ဆိုလျှင် သူ့ကို အနည်းငယ် အခက်တွေ့စေနိုင်လိမ့်မည်။

သို့သော် ယခုအခါတွင် ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်သည် ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ လက်ချက်ဖြင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရနေပြီ ဖြစ်ရာ သူ၏ ဝိညာဥ်ပင်လယ်နေရာလွတ် ထဲကို အတင်းအကျပ်ဝင်ရောက်လာလျှင်ပင် အင်အား ကုန်ခမ်းနေသည့် အခြေအနေသာ ရှိတော့သည်။

ဤကဲ့သို့သော အခြေအနေဖြင့် သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်၏။

“ကျန်းချန် မင်းငါ့ကို အတင်းအကျပ် ဖိအားပေးခဲ့တာပဲ.. ငါအစိုးရိမ်ဆုံးက ကမ္ဘာပေါ်က ဝိညာဥ်စွမ်းအား အလုံးစုံကို နှိမ်နင်းနိုင်တဲ့ မင်းရဲ့ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ပဲ.. အခု ဒီဝိညာဥ်ပင်လယ်နေရာလွတ်ထဲမှာ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ် ရှိမနေဘူးဆိုတော့ မင်းငါ့ကို ဘာတတ်နိုင်သေးလဲ”

ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်က ရက်စက်လိုသော အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဝိညာဥ်လမ်းစဥ်၏ စွမ်းအားများကို နှိမ်နင်းရာတွင် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်း ရှိသည်။

အကယ်၍ သူသာ ပြင်ပတွင် ကျန်းချန်နှင့် ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် တုံ့ပြန်ရန် အခွင့်အရေးပင် မရရှိဘဲ တစ်ချိန်ချိန်တွင် ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ လက်ချက်ဖြင့် တစစီ ပျက်စီးသွားရပေလိမ့်မည်။

ထို့ကြောင့်လည်း ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်က ကျန်းချန်၏ ဝိညာဥ်ပင်လယ် နေရာလွတ်ထဲကို အတင်းအကျပ် ဝင်ရောက်လာပြီး ကျန်းချန်ကို သူသေကိုယ်သေ တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ခြင်းပင်။

ကျန်းချန်က ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ စကားကိုကြားလျှင် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်.. မင်းက ရှေးခေတ်ကာလကတည်းက အသက်ရှင်လာတဲ့ နတ်ဘုရင်တစ်ပါး ဖြစ်ပေမဲ့ ရှေးဟောင်းဝိညာဥ် ငြိမ်းသတ်ခြင်း စည်းတံဆိပ် အကြောင်းကို သိပ်မသိသေးတဲ့ပုံပဲ”

“မင်း.. မင်းစကားက ဘာကိုဆိုလိုတာလဲ”

ထိုစကားကို ကြားလျှင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ စိတ်ထဲတွင် ရုတ်တရက် မကောင်းသော ခံစားချက်ကို ခံစားမိလိုက်သည်။

“ဘာကိုဆိုလိုတာလဲ ဆိုတော့ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို အပြင်ဘက်မှာတင် အသုံးပြုနိုင်တာမဟုတ်ဘဲနဲ့ စည်းတံဆိပ်ကို ဝိညာဥ်ပင်လယ် နေရာလွတ်ထဲမှာ အသုံးချနိုင်လို့ပဲ”

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး ဆန်းကြယ်သော လက်ဟန်များကို ထုတ်ဖော်လိုက်ရာ ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်နှင့် ရင်းနှီးနေသော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ကျန်းချန်၏ လက်ထဲတွင် နောက်တစ်ကြိမ် ပြန်လည် စုစည်းလာခဲ့သည်။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျန်းချန်၏ လက်ဖဝါးပေါ်တွင် စုစည်းနေသည့် ရှေးဟောင်းဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

ယေဘုယျအားဖြင့် ဝိညာဥ်ခန္ဓာကိုယ် အခြေအနေတွင် ဝိညာဥ်လမ်းစဥ် စွမ်းအားများကိုသာ ထုတ်ဖော်နိုင်မည် ဖြစ်သည်။

ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် လူသားဧကရာဇ်နန်းတော်၏ ပြိုင်ဘက်ကင်း ကိုယ်ခံပညာရပ် ဖြစ်ပြီး အစွမ်းထက် နတ်စွမ်းအား ထုတ်ဖော်နိုင်သော်လည်း ယင်းမှာ ဝိညာဥ်လမ်းစဥ်ကို အထူးပြုသော နတ်စွမ်းအား မဟုတ်ပေ။

ထို့ကြောင့် ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ကျန်းချန်သည် ဝိညာဥ်ခန္ဓာကိုယ် အခြေအနေတွင် ထုတ်ဖော်နိုင်လိမ့်မည်ဟု ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင် တစ်ခါမှ မတွေးမိခဲ့ပေ။

ထို့အပြင် ဝိညာဥ်ခန္ဓာကိုယ် အခြေအနေတွင် ကျန်းချန်ထုတ်ဖော်လိုက်သော ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ပြင်ပကမ္ဘာတွင် ထုတ်ဖော်သည်ထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်ကို ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင် ကောင်းစွာ ခံစားမိခဲ့သည်။

“အဆုံးသတ်သွားပြီ”

ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်၏ မျက်နှာထက်တွင် မျှော်လင့်ချက် ကင်းမဲ့သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက ကျန်းချန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် အတွက် ဝိညာဥ်ပင်လယ် နေရာလွတ်ထဲကို အတင်းအကျပ် တိုးဝင်လာခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခဲ့သည်နှင့် ဘာမှမခြားပေ။

“ကျန်း.. သခင်လေကျန်း.. ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ မင်းသာ ငါ့ကို အလွှတ်ပေးမယ် ဆိုရင် ငါတို့ ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုက မင်းဆီမှာ အညံ့ခံပါ့မယ်”

ကျန်းချန်၏ လက်ဖဝါးထက်တွင် စုစည်းလာသည့် ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကိုမြင်လျှင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် ထိတ်လန့် တုန်လှုပ်သော အမူအရာဖြင့် ကျန်းချန်ကို အလျင်အမြန်ပင် တောင်းပန်လိုက်သည်။

ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် သူ၏ ဝိညာဥ် အကြွင်းအကျန်ကို ချန်ထားရစ်နိုင်ရန် အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ရခြင်း ဖြစ်ပြီး ယခုမှ ပြန်လည်နိုးထရန် အခွင့်အရေး ရခဲ့သည်ဖြစ်ရာ အလွယ်တကူ မသေချင်သေးပေ။

ထို့ကြောင့် ရှင်သန်ခွင့်ရရန် အတွက် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် နတ်ဘုရင်အဆင့်၏ ဂုဏ်သိက္ခာကိုပင် ဘေးဖယ်ထားခဲ့ပြီး ကျန်းချန်ကို အသက်ချမ်းသားပေးရန် တောင်းပန်ခဲ့သည်။

ထိုသို့မဟုတ်လျှင် ကျန်းချန်၏ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ် သက်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူက ဤကမ္ဘာပေါ်ကနေ ထာဝရ ပျောက်ကွယ်သွားရလိမ့်မည် မဟုတ်ပါလော။

“ငါပြောခဲ့သားပဲ.. မင်း ငါ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ကြိုးစားတဲ့ အချိန်ကတည်းကစပြီး မင်းအတွက် သေလမ်းတစ်လမ်းပဲရှိတယ်”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်ဖဝါးထက်တွင် စုစည်းထားသည့် ရှေးဟောင်းဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်ထံ ဖိနှိပ်လိုက်သည်။

ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် ရှေးခေတ်ကာလကတည်းက အသက်ရှင်ခဲ့သော နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ထိုကဲ့သို့သော လူက သူ့ထံတွင် အမှန်တကယ် အညံ့ခံမည်မဟုတ်မှန်း ကျန်းချန် ကောင်းစွာ သိ၏။

ဆိုရလျှင် သူ့အနေဖြင့် ဝိညာဥ်လမ်းစဥ်တွင် ကျွမ်းကျင်သည့်နတ်ဘုရင်၏ အကြွင်းအကျန်ကို အလွယ်တကူ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။

“မသတ်ပါနဲ့”

အကယ်၍သာ အသက်ချမ်းသာပေးမည် ဆိုလျှင် အဆုံးမရှိသည့် ဒုက္ခများသည် သူ့ထံသို့ တစ်ချိန်ချိန်တွင် ရောက်လာလိမ့်မည် မဟုတ်ပါလား။

သူ့ထံသို့ ဖိနှိပ်လိုက်သည့် ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို မြင်လျှင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ မျက်နှာထက်တွင် မျှော်လင့်ချက် ကင်းမဲ့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ကောင်းကင်ဝါးမျို ဝိညာဥ်ဖောက်ခွဲခြင်း နည်းစနစ်နဲ့ ငါ့ကိုယ်ငါ ဖောက်ခွဲပစ်မယ်.. ကျန်းချန် မင်းက ငါ့ကို သတ်မှဖြစ်မယ်ဆိုမှတော့ ငါသေရမယ် ဆိုရင်တောင် မင်းကိုလည်း ကြီးမားတဲ့ အဖိုးအခ ပေးဆပ်စေမယ်”

ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးလိုက်ရာ သူ၏ ဝိညာဥ်သည် ဘောလုံးတစ်လုံး ကဲ့သို့ အစွမ်းကုန် ဖောင်းကားလာပြီး အဆုံးသတ်၌ ပေါက်ကွဲထွက်သွားခဲ့သည်။

“ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်းသော ဝိညာဥ်စွမ်းအင်မုန်တိုင်းသည် ကျန်းချန်၏ ဝိညာဥ်ပင်လယ် နေရာလွတ်ထဲတွင် တိုက်ခတ်သွားခဲ့သည်။

သို့သော်လည်း ဝိညာဥ်စွမ်းအင် မုန်တိုင်းက ပေတစ်ထောင်အထိ မကျယ်ပြန့်ခင်မှာပင် ကောင်းကင်ယံရှိ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ထိုစွမ်းအားကို အလျင်အမြန် ဝါးမျိုကာ ချေမှုန်းပစ်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် သက်ပြင်းတစ်ချက် ချလိုက်၏။

နတ်ဘုရင်၏ ဝိညာဥ် အကြွင်းအကျန်သည် အမှန်တကယ်ကိုပင် ထူးခြားလှသည်။

အကယ်၍ သူသာ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို မကျွမ်းကျင်ခဲ့လျှင် ယနေ့တွင် ထိုလူကို ဖြေရှင်းနိုင်လျှင်ပင် ကြီးမားသော အဖိုးအခကို ပေးဆပ်ရလိမ့်မည် ဖြစ်၏။

ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ဝိညာဥ်အကြွင်းအကျန်ကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် ဝိညာဥ်ပင်လယ် နေရာလွတ်ထဲကနေ အလျင်အမြန်ပင် ထွက်ခွာလာခဲ့သည်။

ထို့နောက်တွင် သူ၏ အကြည့်သည် ဘုရားကျောင်း၏ အလယ်ရှိ ကျောက်ရုပ်ထု ပေါ်သို့ ကျရောက်သွားခဲ့သည်။

ထိုကျောက်ရုပ်ထုသည် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင် နေထိုင်သည့် နေရာ ဖြစ်ပြီး ဘုရားကျောင်းထဲရှိ ဝိညာဥ်စွမ်းအား အပြင်းထန်ဆုံး နေရာလည်း ဖြစ်သည်။

ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင် သူ့ကို ဤနေရာသို့‌ ခေါ်လာသည်မှာ သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန်အတွက် ဖြစ်သည်။

ထို့ကြောင့် ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုမှ လူများသည် အခြေအနေကို အတိမကျ မသိဘဲ သူတို့ ဘိုးဘေး ဖြစ်သည့် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ခန္ဓာကိုယ် သိမ်းပိုက်မှုကို အနှောင့်အယှက်ပေးရန် အတွက် ဘုရားကျောင်းထဲသို့ အလွယ်တကူ ဝင်လာရဲမည် မဟုတ်ပေ။

ထိုအတွက်ကြောင့် သူက ဤဘုရားကျောင်းထဲမှာပင် ကျင့်ကြံပြီး ဝိညာဥ်လမ်းစဥ် စွမ်းအားကို ပြီးပြည့်စုံသော အဆင့် အထိ မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

အခန်း(၂၀၇၅)ပြီး၏။

အခန်း(၂၀၇၆)

ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စု၏ တားမြစ်နယ်မြေ အပြင်ဘက်တွင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်နှင့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ကောင်းကင်အရှင်အဆင့် အကြီးအကဲ အနည်းငယ် တို့သည် စုရုံး၍ ရှိနေကြသည်။

သူတို့အားလုံး၏ အကြည့်သည် သူတို့ရှေ့မှ တားမြစ်နယ်မြေရှိ နတ်ဘုရားကျောင်းဆီသို့ ရောက်ရှိနေခဲ့ကြ၏။

“မျိုးနွယ်စုခေါင်းဆောင်.. အဲဒီကောင်လေး တားမြစ်နယ်မြေထဲ ဝင်သွားတာ အခုဆို လဝက်လောက်တောင် ရှိနေပြီ.. တားမြစ်နယ်မြေထဲမှာလည်း ဘာလှုပ်ရှားမှုမှ မရှိသေးဘူး.. ကျွန်တော်တို့ အထဲဝင်ပြီး တစ်ချက်လောက် သွားကြည့်ကြမလား”

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ အကြီးအကဲတစ်ဦးက တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းကာ ပြောလိုက်သည်။

ထိုအကြီးအကဲ၏ စကားကို ကြားလျှင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မျက်ဝန်းများသည် အနည်းငယ် လက်ခနဲ ဖြစ်သွားခဲ့သည်။

ထို့နောက် သူက ခေါင်းကို ခါရမ်းကာ ပြောလိုက်၏။

“ဘိုးဘေးရဲ့ အမိန့်မရှိဘဲ ငါတို့ အထဲကို ဝင်လို့မဖြစ်ဘူး”

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ဝိညာဥ်လမ်းစဥ်ကို အထူးပြု ကျင့်ကြံသော မျိုးနွယ်စုဖြစ်၍ ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်သည် ခန္ဓာကိုယ် သိမ်းပိုက်သည့်ကိစ္စနှင့် ပတ်သက်၍ အလွန် ရှင်းလင်းစွာ သိရှိထားသည်။

ထိုကိစ္စသည် အလွန်ပင် အန္တရာယ်များသော ကိစ္စတစ်ခုဖြစ်သည်။

အထူးသဖြင့် ဤတစ်ကြိမ် ဘိုးဘေး၏ ခန္ဓာကိုယ် သိမ်းပိုက်မည့်ပစ်မှတ်သည် ကောင်းကင်နတ်ဘုရား အဆင့်၏ အဆုံးစွန်ကန့်သတ်ချက်ကို ကျော်လွန်သွားသည့် တုနှိုင်းမဲ့ပါရမီရှင် တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် ခန္ဓာကိုယ်သိမ်းပိုက်သည့် ဖြစ်စဥ်ကို အောင်မြင်စွာ လုပ်ဆောင်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။

သူတို့သာ နတ်ဘုရားကျောင်းထဲကို အဆင်အခြင်မဲ့ဝင်သွားပြီး ဘိုးဘေးကို အနှောင့်အယှက် ဖြစ်စေခဲ့မည်ဆိုလျှင် အကျိုးဆက်သည် မတွေးရဲစရာပင်။

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ အကြီးအကဲက အနည်းငယ် စိုးရိမ်သော လေသံဖြင့် ပြောလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်.. အဲဒီကောင် ကျန်းချန်က သာမန်မဟုတ်ဘူး.. ကျွန်တော်ဘိုးဘေးအတွက် စိုးရိမ်မိတယ်”

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“စိတ်အေးအေးထားစမ်းပါ.. အဲဒီကောင်လေးက သန်မာတယ်ဆိုပေမဲ့ နတ်ဘုရားကျောင်းထဲမှာတော့ ဘိုးဘေးကို ယှဥ်နိုင်မှာမဟုတ်ဘူး”

သူတို့၏ ဘိုးဘေး ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် ဝိညာဥ်အကြွင်းအကျန် တစ်ခုအဖြစ်သာ ရှိနေသော်လည်း ခွန်အားကမူ သာမန် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်၏။

အထူးသဖြင့် နတ်ဘုရားကျောင်းထဲတွင် ဘိုးဘေး၏ စွမ်းရည်သည် အလွန်တရာပင် အစွမ်းထက်သည်။

ကျန်းချန်က မည်မျှပင် ထူးခြားနေပါစေ၊ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းကို ခံရရန်မှာ အချိန်တစ်ခုသာလျှင် လိုအပ်၏။

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ အကြီးအကဲများသည် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ စကားကိုကြားလျှင် ဘာစကားမျှ ထပ်မပြောတော့ဘဲ တိတ်ဆိတ်စွာဖြင့် ဆက်လက် စောင့်ဆိုင်းနေခဲ့ကြသည်။

သူတို့အားလုံး၏ စောင့်ဆိုင်းမှုအောက်တွင် အချိန်များသည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

မသိလိုက် မသိဘာသာဖြင့်ပင် သုံးလ ဟူသော အချိန်သည် မျက်တောင်တစ်ခတ် အတွင်း ကုန်ဆုံးသွားခဲ့၏။

သို့သော်လည်း တားမြစ်နယ်မြေထဲရှိ နတ်ဘုရားကျောင်းထဲတွင် မည်သည့် လှုပ်ရှားမှုမှ ရှိမနေပေ။

အဆုံးသတ်တွင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ အကြီးအကဲ တစ်ဦးသည် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို ပြောလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်.. သုံးလတောင်ရှိသွားပြီ.. ဘိုးဘေးဆီမှာ တစ်ခုခု အမှားအယွင်းများ ဖြစ်နေမလားမသိဘူး”

ထိုစကားကိုကြားလျှင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့ပြီး မျက်ဝန်းထဲတွင်လည်း စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူတို့၏ဘိုးဘေး ဤတစ်ကြိမ် ခန္ဓာကိုယ် သိမ်းပိုက်မည့် ပစ်မှတ်သည် အနှိုင်းမဲ့ ပါရမီရှင် တစ်ယောက် ဖြစ်သော်လည်း ဤမျှလောက်အထိ အချိန်မကြာသင့်ပေ။

ယခုဆိုလျှင် ကျန်းချန်ကို နတ်ဘုရားကျောင်းထဲသို့ ခေါ်ဆောင်ခဲ့သည်မှာ သုံးလပင် ရှိသွားခဲ့ချေပြီ။

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် ခန္ဓာကိုယ်ကို သိမ်းပိုက်ရာတွင် ဤမျှလောက်အထိ အချိန်ယူရသည်မျိုး တစ်ခါမှ မကြားဖူးပေ။

ဖြစ်နိုင်သည်မှာ ဘိုးဘေး၏ ခန္ဓာကိုယ် သိမ်းပိုက်သည့် ဖြစ်စဥ်အတွင်း အမှန်တကယ်ပင် မတော်တဆဖြစ်ရပ် တစ်ခုခု ဖြစ်ပွားခဲ့ပါသလော။

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“နောက်ထပ် လဝက်လောက်ပဲ ထပ်စောင့်ကြည့်ရအောင်.. အကယ်၍ လဝက်ကြာတဲ့ အထိ ဘာမှမထူးခြားဘူး ဆိုရင်တော့ ငါကိုယ်တိုင် နတ်ဘုရားကျောင်းထဲကို ဝင်ပြီး အခြေအနေကို သွားကြည့်မယ်”

ဘိုးဘေး၏ ခန္ဓာကိုယ်သိမ်းပိုက်ခြင်း ဖြစ်စဥ်သည် ဤတစ်ကြိမ်တွင် အလွန်အမင်း ကြာမြင့်နေပြီ ဖြစ်သည်။

အချိန်အလွန် ကြာမြင့်နေသောကြောင့် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ စိတ်နှလုံးထဲတွင် ဆိုးရွားသော ခံစားချက် တစ်ခုကို ရရှိနေခဲ့၏။

အကယ်၍ လဝက်ကြာပြီးနောက်တွင် ဘိုးဘေးဆီမှ မည်သည့်သတင်းမျှ မရလျှင် မည်သို့သော အကြောင်းပဲရှိရှိ နတ်ဘုရားကျောင်းထဲကို ဝင်ရောက်ရန် ဆုံးဖြတ်ထားလိုက်သည်။

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်တို့ လူစု စိုးရိမ်ပူပန်နေသော အချိန်တွင် ကျန်းချန်သည် ဘုရားကျောင်းထဲရှိ ကျောက်ရုပ်ထု ပေါ်တွင် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့ပြီး ဝိညာဥ်လမ်းစဥ် စွမ်းအားကို မြှင့်တင်ရန် အစွမ်းကုန် ကြိုးစားနေခဲ့ရာ စနစ်၏ သတိပေးချက် အသံများသည် သူ၏ နားထဲတွင် အဆက်မပြတ် မြည်ဟည်းနေခဲ့၏။

“ဒင်.. သင်က ဝိညာဥ်ကျင့်ကြံခြင်း ဘုရားကျောင်းရဲ့ အထောက်အပံ့ကို ရရှိပြီး ဝိညာဥ်လမ်းစဥ်စွမ်းအား အတွေ့အကြုံရမှတ် သုံးသိန်းကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က ဝိညာဥ်ကျင့်ကြံခြင်း ဘုရားကျောင်းရဲ့ အထောက်အပံ့ကို ရရှိပြီး ဝိညာဥ်လမ်းစဥ်စွမ်းအား အတွေ့အကြုံရမှတ် သုံးသိန်းကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က ဝိညာဥ်ကျင့်ကြံခြင်း ဘုရားကျောင်းရဲ့ အထောက်အပံ့ကို ရရှိပြီး ဝိညာဥ်လမ်းစဥ်စွမ်းအား အတွေ့အကြုံရမှတ် သုံးသိန်းကို အဆ ၁၀၀ ရရှိပါတယ်”

“.............”

ကျန်းချန်၏ ဝိညာဥ်လမ်းစဥ်စွမ်းအားသည် ဝိညာဥ်ကျင့်ကြံခြင်း ဘုရားကျောင်း၏ အထောက်အပံ့အောက်တွင် အဆက်မပြတ် တိုးတက်နေခဲ့သည်။

ဤသုံးလအတွင်း ကျန်းချန်၏ ဝိညာဥ်လမ်းစဥ် စွမ်းအားသည် အထွတ်အထိပ် အဆင့်သို့ပင် တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီး ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်း အလိုသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

နောက်ထပ် လဝက်ခန့်အကြာတွင်မူ စိတ်လှုပ်ရှားဖွယ်ကောင်းသော စနစ်၏ သတိပေးချက်သည် ကျန်းချန်၏ စိတ်ထဲတွင် အဆုံးသတ်၌ မြည်ဟည်းလာခဲ့သည်။

“ဒင်.. သင်က ဝိညာဥ်ကျင့်ကြံခြင်း ဘုရားကျောင်း၏ အထောက်အပံ့ကို ရရှိပြီး ဝိညာဥ်လမ်းစဥ်စွမ်းအား အတွေ့အကြုံရမှတ် သုံးသိန်းကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်၏ ဝိညာဥ်လမ်းစဥ် ကမ္ဘာ့စွမ်းအားက ပြီးပြည့်စုံသောအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ”

သူ၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက် ပဲ့တင်ထပ်လာသည်နှင့်အမျှ ကျန်းချန်သည် အဆုံးသတ်၌ သူ၏ မျက်ဝန်းများကို ဖွင့်လိုက်သည်။

“နောက်ဆုံးတော့ ဝိညာဥ်လမ်းစဥ်ရဲ့ စွမ်းအားက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိသွားခဲ့ပြီ”

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် ခပ်ယဲ့ယဲ့ အပြုံးရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယခုအခါတွင် သူပိုင်ဆိုင်ထားသော လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားအနက် အသက်လမ်းစဥ်မှ လွဲ၍ ကျန်ရှိသော လမ်းစဥ် ၉မျိုးလုံးသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ထို့အပြင် အသက်လမ်းစဥ်၏ ကမ္ဘာ့စွမ်းအားသည် အသက်သစ်ကိုင်း၏ အထောက်အပံ့နှင့် အတူ ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိရန် အလွန်တရာ နီးကပ်နေပြီ ဖြစ်၏။

သူ၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့စွမ်းအား ၁၀မျိုးစလုံး ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိသည်နှင့် နယ်မြေနတ်ဘုရား အဆင့်ကို တက်လှမ်းရန် အချိန်သိပ်မလိုတော့ဟု ကျန်းချန် ယုံကြည်ထားခဲ့သည်။

သာမန် ကျင့်ကြံသူများအတွက် ကောင်းကင်နတ်ဘုရားအဆင့်ကနေ နယ်မြေနတ်ဘုရား အဆင့်ကို တက်လှမ်းရန်မှာ အလွန်တရာ ခက်ခဲသော ကိစ္စ ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်များကို ချိုးဖျက်ထားသော မဟာကောင်းကင်နတ်ဘုရား၊အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနှင့် သူတော်စင် ကောင်းကင်နတ်ဘုရားများသည် နယ်မြေနတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ၎င်းတို့ ကျင့်ကြံထားသော လမ်းစဥ်များကို တစ်ခုတည်းအဖြစ် ပေါင်းစည်းချင်လျှင် ခက်ခဲမှုသည် အဆပေါင်းများစွာ တိုးမြင့်လာလိမ့်မည် ဖြစ်၏။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင်မူ အဆ ၁၀၀ စနစ်ရှိနေ၍ အဆင့်ထိုးဖောက်ရာတွင် အခြားသော ကျင့်ကြံသူများထက် အမြဲတစေ များစွာပို၍ ရိုးရှင်းနေခဲ့၏။

ဆိုရလျှင် လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားလျှင်ပင် သူ့အနေဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန်မှာ သိပ်ခက်ခဲမည် မဟုတ်ပေ။

“နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ဖို့အတွက် လမ်းစဥ် ၁၀မျိုးရဲ့ စွမ်းအားကို ပေါင်းစပ်ပြီး အထူးပြု စွမ်းအားတစ်ခုကို ရွေးချယ်ရလိမ့်မယ်.. ငါဘယ်လမ်းစဥ်ကို ရွေးချယ်ရင်ကောင်းမလဲ”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လက်ခနဲ ဖြစ်သွားခဲ့သည်။

ကိုယ်ခံပညာ လမ်းစဥ်တွင် လမ်းစဥ် သုံးထောင်ရှိပြီး တစ်ခုချင်းစီတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိသည်။

ယေဘုယျအားဖြင့် ကျင့်ကြံသူ တစ်ယောက်သည် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်သည့်အခါတွင် သူအကျွမ်းကျင်ဆုံး လမ်းစဥ် သို့မဟုတ် အစွမ်းအထက်ဆုံး လမ်းစဥ်ကို ရွေးချယ်လေ့ ရှိသည်။

ကျန်းချန် ပိုင်ဆိုင်ထားသည့် လမ်းစဥ် ၁၀မျိုးထဲတွင် ဓားလမ်းစဥ်သည် သံသယဖြစ်စရာ မရှိ အလွန်ပင် အင်အားကြီးသော လမ်းစဥ် တစ်ခု ဖြစ်သည်။

ထို့အပြင် နေရာလွတ်လမ်းစဥ်၊ အချိန်လမ်းစဥ်နှင့် ဝိညာဥ်လမ်းစဥ် တို့သည်လည်း ခန့်မှန်းရခက်ပြီး အလွန်တရာပင် အင်အားကြီးမားသည်။

သူ့အနေဖြင့် ဤကိုယ်ခံပညာလမ်းစဥ် လေးမျိုးထဲမှ တစ်မျိုးကို ရွေးချယ်ရပေလိမ့်မည်။

အကယ်၍ သူ့အနေဖြင့် ဤလမ်းစဥ်လေးမျိုးထဲမှ တစ်မျိုးမျိုးဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ချင်သည်ဆိုလျှင် သက်ဆိုင်ရာ လမ်းစဥ်၏ အဆင့် ထိုးဖောက်သည့် နည်းလမ်းများကို လေ့လာရလိမ့်မည် ဖြစ်သည်။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ဖယ်ထုတ်လိုက်သည်။

သူက ဤဘုရားကျောင်းထဲတွင် ရှိနေသည်မှာ သုံးလကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

“အခုအချိန်မှာ စဥ်းစားနေလို့လည်း အပိုပဲ.. မဟာနဂါးနန်းတော်ထဲက အဆင့်ထိုးဖောက်တဲ့ နည်းစနစ်အချို့ကို လေ့လာပြီးမှပဲ ဆုံးဖြတ်ချက်ချတာ ကောင်းမယ်ထင်တယ်”

ယခု သူ၏ ဝိညာဥ်လမ်းစဥ် ကမ္ဘာ့စွမ်းအားသည် ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ ဤနေရာကနေ ထွက်သွားရမည့် အချိန်ကို ရောက်ရှိလာပြီ မဟုတ်ပါလော။

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ကျောက်ရုပ်ထုပေါ်ကနေ အောက်ဆင်းလိုက်ကာ သူ၏ လက်ဖဝါးကို ဝှေ့ယမ်း၍ ဘုရားကျောင်း၏ တံခါးကို ဖွင့်လိုက်ပြီး အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့သည်။

အခန်း(၂၀၇၆)ပြီး၏။

All Chapters