← Chapters

ချင်ရှန်ရောက်လာခြင်း

Vol. 10 Ch. 96

ချင်ရှန်ရောက်လာခြင်း

Vol. 10 Ch. 96

ရက်အနည်းငယ်ကြာမြင့်သွားသည်။ မင်တိုင်းပြည်က တည်ငြိမ်သွားပြီး ဧကရီ၏ ပထမဆုံး နန်းရိုက်ရာကို လွှဲပြောင်းပေးခြင်း အခမ်းနားအား စည်စည်ကားကား ကျင်းပနေခြင်းဖြစ်သည်။

မင်တိုင်းပြည် ပြည်သူပြည်သားများမှာ မင်ယုရှန်း၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ကြပဲ ထက်မြတ်ပြီး ထူးချွန်တဲ့ဧကရီရဲ့ နန်းမွေစွန့်လွှတ်မှုအပေါ် တီးတိုးပြောဆိုကြတော့သည်။ ဟုတ်ပေသည် မင်တိုင်းပြည်ကြီး တိုးတက်လာခြင်းက သေမျိုးများတွင်သာမက ကျင့်ကြံရေးအင်အားစုများအပေါ် အပြည့်အဝ သက်ရောက်မှုရှိခဲ့ပြီး မင်ယုရှန်းက ထိန်းချုပ်မှုအောက်၌ တိုးတက်လာခြင်းဖြစ်သည်။

သို့သော်လည်း အမတ်လျှိုကဲ့သို့ စုန်းပြူးများကတော့ ရှိနေသေးပြီး မင်မိသားစုရဲ့ အာဏာအပေါ် လောဘမကြီးခြင်းက မင်ယုရှန်းနဲ့အများကြီး သက်ဆိုင်နေသည်မှာ ငြင်းစရာပင်မလိုချေ။ မင်ယုရှန်းဆိုသည်ကား ဧကရီမဖြစ်လာသော်လည်း မင်မိသားစုဝင်များကို အာဏာခုတုံးလုပ်ခြင်းအား တင်းကျပ်စွာထိန်းချုပ်ထားပြီး တိုင်းပြည်အရေးကိစ္စများတွင်လည်း ကန့်သတ်ထားခဲ့သည်။

ယခုတော့ မင်ယုရှန်းတယောက် ကျင့်ကြံရေးလမ်းစကို လိုက်ပါရန်ဆုံးဖြတ်လိုက်ချေပြီ။ ထိုဆုံးဖြတ်ချက်က မည်မျှထိ သူမကိုတိုးတက်စေမည်နည်း။ မည်သူမှမသိနိုင်ချေ။

မင်ယုရှန်းတယောက် နန်းမွေအပ်နှင်းခြင်းကိစ္စများ စတင်ရန် ကြေငြာလိုက်သည်။ မင်ဝမ်က စင်မြင့်တနေရာတွင် တိတ်ဆိတ်ထိုင်နေခဲ့ပြီး စစ်သူကြီးများ အမတ်ကြီးများနဲ့ နန်းတွင်းအရေးပါသူအချို့ကတော့ စင်မြင့်အရှေ့တနေရာ၌ ရာထူးအပေါ်တည်ကာ နေရာအလိုက် ထိုင်နေကြသည်။

မင်တုတယောက် မထင်မှတ်ထားသည့် အဖြစ်ပျက်အပေါ် မှင်သက်နေဆဲ ဖြစ်ပြီး ယခုထိမယုံနိုင်သေးဟန်ဖြင့် မင်ဝမ့်ဘက်ကို ခဏခဏ လှည့်ကြည့်နေမိသည်။ သူ့ထံ ဘိုးဘေးမင်ဝမ် အကြောင်းကြားစဥ်က မယုံနိုင်ဖြစ်ခဲ့ရပြီး သူ့အနေဖြင့် မင်မိသားစု၏ ဓလေ့ထုံးစံအရ မင်တိုင်းပြည်ကို ပို၍တိုးတက်စေရန် လုပ်ဆောင်ရတော့မည် ဖြစ်သည်။

မင်ယုရှန်းက သူမနဲ့အဆင့်တူ ပလ္လင်တခုပေါ်၌ မင်တုကို ထိုင်စေသည်။ ပြီးနောက် စင်မြင့်ပေါ်မှတဆင့် မင်တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအပိုင်းများကို ပြောင်းလဲကြေငြာပေးတော့သည်။

အမတ်လျှို အမတ်ကုန်းစွန်းတို့လက်အောက်မှ လူဟောင်းအချို့ ပြန်လည်ပါဝင်လာပြီး ထက်ဝင်ခန့်မှာ မင်မိသားစုမှဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက မင်မိသားစု၏ နန်းတွင်းရေးမစွတ်ဖတ်ရ ဟူသည့်အချက်ပေါ် ပစ်ပယ်ခြင်းမဟုတ်ပဲ ပို၍တင်းကျပ်သည့် ထိန်းချုပ်မှုများအောက်၌ အနာဂတ်မင်မိသားစု၏ ဧကရာဇ်လမ်းကြောင်းတခုကို မင်ယုရှန်းစတင် စီမံနေခြင်းဖြစ်သည်။ သေချာသည်က မင်မိသားစုပြင်ပမှ ဧကရာဇ်ဖြစ်လာရန် မရှိတော့ပေ။

“မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”

အမတ်များ စစ်သူကြီးများ လူအုပ်ကြီးများက မင်တုတယောက် ဧကရာဇ်သရဖူ ဆောင်းလိုက်သည်နှင့် တပြိုင်နက်ကြွေးကြော်ကြတော့သည်။ မင်တိုင်းပြည်ရဲ့ အချိုးကွေ့က ကောင်းသည်လား ဆိုးသည်လား။ မသိနိုင်တော့ပေ။

ထိုစဥ် မင်ဝမ်တယောက် နန်းတွင်း၏အပြင်ဘက်တနေရာအား စူးစိုက်ကြည့်လိုက်မိသည်။ လူအုပ်ကြီးက ထူးခြားမှုကို သတိမထားမိသော်လည်း သူတာ်စင်အဆင့်တဝက်နီးပါး ဖြစ်နေသည့် မင်ဝမ်အဖို့ ထိုအချင်းရာကို ခံစားမိနေသည်။

“ဟား….ဧကရီမင်ယုရှန်း မင်းက ငါ့မျိုးဆက်ကိုသတ်ပြီး သက်တောင့်သက်သာနဲ့ ပွဲတော်တွေတောင် လုပ်နေပါလား”

ကျယ်လောင်တဲ့ရယ်သံကြီးနဲ့အတူ ယာဥ်ပျံတခုက နန်းတွင်းကောင်းကင်ထက် ရုတ်ချည်းထွက်ပေါ်လာသည်။ ထိုယာဥ်ပျံပေါ်လာသည်နှင့် နန်းတွင်းတခုလုံး ဖိအားကြောင့် တုန်ခါသွားကာ မမြင်ရသည့်ဖိအားကို မင်တုပင်တောင့်မခံနိုင်ချေ။ ဒူးထောက်လုနီးပါးဖြစ်သွားရသည်။

မင်ယုရှန်းက ထိုအဖြစ်ပျက်ကိုမြင်သည်နှင့် ဖိအားလှိုင်းအား လက်အသာယမ်းကာ ပယ်ဖျက်လိုက်သည်။ ပြီးနောက် ကောင်းကင်ထက်သို့ တည်ငြိမ်စွာ မော့ကြည့်လိုက်သည်။

“ဘယ်သူလဲ ဘာအတွက်ရောက်လာတာလဲ”

အနည်းငယ်သတ္တိကောင်းသည့် ကျင့်ကြံသူအချို့က ဖိအားကိုတောင့်ခံရင်း မင်ယုရှန်းအရှေ့ မျက်နှာကောင်းရစေရန် ရောက်လာသူများကို တင်းမာစွာ မေးသည်။

ထိုစဥ်ယာဥ်ပျံထဲမှ ခန့်ညားသည့်သက်လတ်ပိုင်းအရွယ် အမျိုးသားတဦးဆင်းသက်လာကာ သူ့အနောက်တွင်တော့ မင်ဝမ်နဲ့အသက်တူအရွယ် အဘိုးအို၃ဦး ပါလာသည်။

မင်ဝမ်တယောက် လေးနက်သွားသည်။ အဘိုးအို၃ဦးက သူနဲ့အဆင့်တူဖြစ်နေပြီး သက်လတ်ပိုင်းလူကတော့ သူ့ထက်ပင်တဆင့်မြင့်နေလေသည်။ ထိုသူက သူတော်စင်တဝက်အဆင့် ဖြစ်နိုင်သည်။

“ကျုပ်က ချင်မိသားစုခွဲခေါင်းဆောင် ချင်ရှန်ပဲ မဖိတ်ခေါ်ပဲရောက်လာမိတာ အားနာပါတယ် အဟက်”

စကားလုံးကိုကပင် လုံးဝယဥ်ကျေးမှုမရှိ။ အကြည့်များက လှပသည့်မင်ယုရှန်းကိုသာ စိုက်ကြည့်နေကာ အခြားသူများအပါဝင် မင်ဝမ့်ကိုပင် တချက်မကြည့်ပေ။

မင်ယုရှန်းက ထိုအကြည့်ထဲမှ ရမ္မက်များကိုမြင်နေပြီး သတ်ဖြတ်လိုငွေ့အချို့ကိုလည်း အတိုင်းသားမြင်နိုင်လေသည်။

“ရှင့်ရဲ့လာရင်းကိစ္စကို ပြောလိုက်ပါ ကျွန်မတို့ရဲ့ အရေးကြီးအချိန်တွေကို မဖြုန်းတီးနဲ့”

သူမလေသံက တည်ငြိမ်ပြီး အနည်းငယ်မှပင် တုန်လှုပ်ခြင်းမရှိပေ။ ချင်ရှန်တယောက် လေးစားသွားသည်။ ဧကရီမတပါးရဲ့ ရာဇမာန်ကို သူတွေ့လိုက်ရခြင်းဖြစ်သည်။

“ကောင်းတယ် လာရင်းကိစ္စကတော့ ငါ့သားအတွက် မင်းဆီက အကြွေးလာတောင်းတာပဲ ဧကရီမင်”

ချင်ရှန်က လူအုပ်ကြီးအား တချက်ဝေ့ကြည့်ပြီးနောက် ဆက်ပြောပြန်သည်။

“မင်းသာကြည်ကြည်ဖြူဖြူနဲ့ ငါ့နောက်လိုက်ခဲ့ရင် မင်းရဲ့အပြစ်တွေအတွက် ခွင့်လွှတ်ပေးဖို့ ငါစဥ်းစားမယ်”

မူလက မင်ယုရှန်းကိုအဆုံးသတ်ရန် ရောက်လာသော်လည်း တွေ့ရှိသွားချိန်မှာတော့ အနှီဧကရီမအား အိပ်ရာထက် ကစားရန်အတွေးဝင်သွားကာ စကားလုံးပြောင်းလိုက်ခြင်းဖြစ်သည်။

မင်ယုရှန်းက တောက်ပစွာပြုံးလိုက်သည်။ သူမအပြုံးက ပတ်ဝန်းကျင်တခုလုံးကို အလင်းတခုပေးလိုက်သကဲ့သို့ တောက်ပသွားစေသည်။ သူမက

“အို.. ကျွန်မကို ရှင့်နောက်လိုက်စေချင်တာတဲ့လား”

နှုတ်ခမ်းထောင့်များ တွန့်ကွေ့သွားရင်း ချင်ရှန့်နောက်မှ အဖိုးကြီး၃ဦးကို ယာယီထိန်းထားပေးရန် အဘိုးဖြစ်သူဆီ အသံပေးပို့လိုက်သည်။ ပြီးနောက်

“ကောင်းပြီ ရှင်က လိုက်စေချင်မှတော့..”

သူမစကားပင်မဆုံးလိုက်ချေ။ မင်ဝမ်တယောက် ကောင်းကင်ထက် ပျံတက်သွားကာ ချင်ရှန်အနောက်မှ အဖိုးအို၃ဦးဆီ တိုးဝင်သွားတော့သည်။

“ဟား…မင်းက သိပ်လောနေတာပဲ အလှလေး”

ချင်ရှန်ကလည်း သူ့လူများကိုင်တွယ်နိုင်သည်ဟု ယုံကြည်ကာ ဖယ်ပေးလိုက်ပြီး နောက်တကြိမ် မင်ယုရှန်းဆီ အကြည့်ရောက်သွားချိန်မှာတော့ သူမက ပုလ္လင်ထက်မှ ရုတ်ချည်းပျောက်ကွယ်သွားကာ လှပတဲ့ပုံရိပ်အသွင်ဖြင့် ကောင်းကင်ထက်၌ ရပ်နေလေသည်။

မင်ယုရှန်းအတွေးက ကောင်းကင်၌တိုက်ခိုက်ခြင်းက မင်နန်းတော်ကို ထိခိုက်မှူနည်းစေပြီး မသက်ဆိုင်သူများကိုလည်း ကာကွယ်ပေးပြီးသားဖြစ်သည်ဟု ယူဆထားသည်။ ထို့အပြင် သူမကိုယ်တိုင်ကလည်း တဖက်သူရဲ့ဆန္ဒကိုသိပြီးနောက် တုန့်ဆိုင်းမနေတော့ တိုက်စရာရှိလျင် သူမကသာ အရင်ဦးအောင်တိုက်မည့်သူ ဖြစ်သည်။

ချင်ရှန်တယောက် မျက်မှောက်ကြုတ်သွားကာ မင်ယုရှန်း၏ ကျင့်ကြံဆင့်အား အကဲဖြတ်ရန်ကြိုးစားသည်။ သာမန်အဆင့်ဟုသာ ခန့်မှန်းနိုင်ခဲ့ပြီး အတိကျမပြောနိုင်သောကြောင့် အနည်းငယ််စိတ်ရှုပ်ထွေးသွားရသည်။ သို့သော်လည်း သူမက အသက်ငယ်ရွယ်သေးပြီး အများဆုံး သူတော်စင်တဝက်အဆင့်သာရှိမည် ဒါမှမဟုတ် နောက်ကွယ်၌ သူတော်စင်တဝက်အဆင့် ကျင့်ကြံသူက ပုန်းအောင်းကာ စောင့်ဆိုင်းနေခြင်းဖြစ်မည်ဟု တွက်ဆကာ စိတ်အေးသွားပြီး မင်ယုရှန်းအား လှည့်ကြည့်သည်။

“ကဲ..ရှင်က ကျွန်မကိုလိုက်စေချင်တယ်မလား အခုကျွန်မရောက်လာပြီ ရှင့်ရဲ့အရည်ချင်းတွေ ပြပေးပါဦး”

ချင်ရှန်တယောက် ဂျူနီယာလေး၏ ရန်စ စကားကိုစိတ်မဆိုးပဲ ပြုံးဖြီးဖြီးဖြစ်သွားကာ မောက်မာတဲ့ ဧကရီမကို ပညာပေးရန်ဆုံးဖြတ်လိုက်သည်။

“မင်းက ပြုပြင်ပုံဖော်ဖို့လိုနေတဲ့ ရွှံတုံးလေးပါလား”

ထိုစဥ် မင်ဝမ့်ဘက်မှာတော့ သုံးယောက်တယောက် တိုက်ပွဲစတင်နေပြီး လက်ရည်တူဖြစ်နေကာ တခါတရံ မင်ဝမ်ရဲ့ချီပုံရိပ်ကြီး၏ ငါးမျှားတံလက်နက်ကြောင့် တဖက်သူမှာ အခက်တွေ့နေရသေးသည်။ မင်ယုရှန်းက ထိုခြေနေကို မြင်သည်နှင့် ခေါင်းတချက်ညိတ်ကာ ချင်ရှန်ထဲ ခုန်ဝင်သွားတော့သည်။

မြေပြင်ပေါ်မှာတော့ မင်တုက လူအုပ်ကြီးကို ထွက်ခွာစေပြီး ကျန်ရစ်သူများအား ကာကွယ်ပေးနေလေသည်။

မင်ယုရှန်းရဲ့ဓားရှည်က တဖြောင့်တည်းပုံစံဖြင့် ချင်ရှန်ထဲတိုးဝင်သွားသည်။ ထိုဓားချက်က ရိုးရှင်းပြီး သမာရိုးကျဆန်သော်လည်း ရှောင်တိမ်းရခက်ပြီး တချက်မှားသည်နှင့် ဓားသွားက ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်သွားနိုင်သည်။

ချင်ရှန်က မထိတထိ ပြုံးလိုက်သည်။ ပြီးနောက် လက်ထဲမှဓားဖြင့် ပြန်လည်ခုခံလိုက်သည်။

ချွင်!

ဓားချင်းထိခတ်သွားပြီးနောက် ပြင်းထန်တဲ့ချီလှိုင်းမှားကြား နိယာမသဘောတရားများက ပြန့်ကားထွက်လာသည်။ ချင်ရှန်က လေနိယာမကို နားလည်ထားပြီး မင်ယုရှန်းက ဓားဆန္ဒကိုပြီးပြည့်စုံထားကာ အသက်နိယာမကို နားလည်ထားပေသည်။

လေထုက တုန်ခါသွားပြီး ဓားသွားမှတဆင့် မမြင်ရသည့်စုပ်အားတခုက ချင်ရှန်ရဲ့အသက်ဓာတ်ကိုသာမက ချီဓာတ်အချို့ကိုပါ စုပ်ယူသွားသည်။

ဟမ်…။

ပထမတကွက်မှာတင် မင်ယုရှန်းကသူနဲ့အဆင့်တူဟု ယူဆသွားပြီး သတိကြီးသွားချိန်၌ မင်ယုရှန်းကမူ ပို၍ပြင်းထန်တဲ့ တိုက်ကွက်များ ထုတ်ဖော်လာတော့သည်။

ဝုန်း

မင်ဝမ့်ဆီမှ ငါးမျှားတံရိုက်ချက်ကြောင့် လူအိုတဦး လွင့်စင်သွားပြီး ကျန်နှစ်ဦးမှာလည်း ဟန်ချက်ထိန်းလိုက်ရသည်။

“ဒီလူ တကယ်ကြောက်ဖို့ကောင်းတယ်”

.

အဖိုးအိုသုံးဦး အချင်းချင်းကြည့်ပြီး သတိပေးချက်များ ပေးပို့ကာ ပြင်းထန်တဲ့တိုက်ကွက်များဖြင့် မင်ဝမ့်အား အဆက်မပြတ်ဖိအားပေးရန် ကြိုးစားတော့သည်။

……………………………………………

All Chapters