← Chapters

ချင်ရှန်ရဲ့အဆုံးသတ်

Vol. 10 Ch. 97

ချင်ရှန်ရဲ့အဆုံးသတ်

Vol. 10 Ch. 97

တိုက်ပွဲနှစ်ခုက ကောင်းကင်ထက် ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေပြီး ချင်ရှန်တယောက် အချိန်ကြာလေ ဖိအားများလေဖြစ်လာကာ တုန်လှုပ်နေလေသည်။

တဖက်သူမှာ ငယ်ရွယ်သည့်ကျင့်ကြံသူဖြစ်သော်လည်း ကျင့်ကြံဆင့်က မိမိထက်သာလွန်နေသည်ဟု ခံစားနေရပြီး သူမက မိမိကို ကစားနေသည်ဟုလည်း ထင်မြင်လာကာ ဒေါသထွက်လာတော့သည်။

မင်ယုရှန်း၏ ဓားချက်များက ရိုးရှင်းပြီး ချင်ရှန်ရဲ့သေကွင်းသေကွက်များကို ထိုးနှက်နေသည်။ သို့သော်လည်း ချင်ရှန်တွက်ဆထားသကဲ့သို့ပင် သူမက ကျင့်ကြံဆင့်ကို အကုန်စင်ထုတ်မသုံးပဲ သူမအပေါ်တက်မက်ရဲသည့် ထိုလူအား အနည်းငယ်ဆော့ကစားနေခြင်းဖြစ်သည်။

“မင်း…”

ချင်ရှန်တယောက် မင်ယုရှန်း၏ ဓားချက်တခုအား အသည်းသန်ရှောင်တိမ်းလိုက်ရပြီး ခါးလည်မှ ပိုင်းဖြတ်ခံရလုနီးပါး ဖြစ်သွားသည်ကိုမြင်လျင် ဒေါသထွက်သွားသည်။

“လာခဲ့စမ်း”

ကြီးမားသည့် ချီပုံရိပ်ကြီးတခုက ပေါ်လာကာ ပုံရိပ်ကြီးက ကျားရဲလိုသားကောင်တခုကို စီးနင်းထားပြီး လေးလံကြီးမားတဲ့ ဓားမော့တချောင်းကို ကိုင်ဆောင်ထားသည်။ ထိုပုံရိပ်က ချီပုံရိပ်ဖြစ်သည်။ ကျင့်ကြံသူများက မိမိတို့ကျင့်ကြံထားသည့် ထိပ်တန်းအဆင့် ကျင့်စဥ်များကို ချီပုံရိပ်နှင့် တွဲဖက်အသုံးပြုနိုင်သည်။ ချင်မိသားစု၏ ထိပ်တန်းကျင့်စဥ်က ကျားရဲမာန်စွယ် ဖြစ်ပြီး ထိုကျင့်စဥ်၏ ပြောင်းလွဲပြင်လွယ်နိုင်မှုက ဓားရေးသာမက အခြားသိုင်းများနဲ့ပါ တွဲဖက်နိုင်သည်အထိ စွမ်းအားကြီးမားသည်။

ချင်ရှန်ရဲ့ ချီပုံရိပ်ကြီးက ဓားမော့ကို ပင့်မြှောက်ကာ မင်ယုရှန်းကို ခုတ်ပိုင်းတော့သည်။

ဝှီး…

လေထုတခုလုံး တင်းကြပ်သွားပြီး ဓားချက်မှာပုံရိပ်ယောင်မှ တိုက်ခိုက်ချက်ဟု မထင်ရလောက်အောင် စစ်မှန်နေသော်လည်း မင်ယုရှန်းအတွက်မူ ကလေးကစားစရာနှယ်ခံစားလိုက်ရပြီး လက်ထဲမှဓားရှည်အား လှပစွာကစားလိုက်သည်။

ဓားမော့ခုတ်ချက်က မင်ယုရှန်းဆီ ရောက်သွားသော်လည်း ထိခိုက်မှုမရှိပဲ ဓားမော့ဓားချက်ကိုပင် ဓားအလင်းတခုက ထက်ဝက်ပိုင်းဖြတ်ကာ ချင်ရှန်ဆီ တိုးဝင်သွားတော့သည်။

“မကောင်းတော့ဘူး”

ဓားအလင်းက သေးငယ်ပြီး စူးရှသည်။ သို့ပေမယ့် ထိမိလျင်တော့ အသက်ပါနိုင်သည်ကို ချင်ရှန်ခံစားမိ၍ တုန်လှုပ်သွားခြင်းဖြစ်သည်။

အုန်း….

ချင်ရှန်တယောက် ဓားအလင်းကိုမရှောင်တိမ်းနိုင်ပဲ ထိမှန်ကာ ညာဘက်ပုခုံးမှ ကန့်လန့်ဖြတ်အရာကြီးတခုနဲ့အတူ မီတာရာပေါင်းများစွာ လွင့်စင်သွားပြီး အချိန်တခုကြာမှ လေထဲ ဟန်ချက်ပြန်ထိန်းနိုင်ခဲ့လေသည်။

ပုခုံးထက်မှ သွေးများတစက်စက် ကျဆင်းနေပြီး နာကျင်မှုကို အံကြိတ်ထားသည်။ သူမထင်ထားတဲ့ ဧကရီက အမှန်ပင်ကြမ်းတမ်းလွန်းနေသည်။

“ကောင်းတယ် သိပ်ကောင်းတယ် မင်း ငါ့ကို ဖိအားပေးလိုက်နိုင်ပြီ”

ချင်ရှန်တယောက် ဘိုးဘေးပေးလိုက်သည့် အစီရင်ချပ်ပြားအား လေထဲမြှောက်တင်ကာ အစီရင်ကို အသက်သွင်းလိုက်တော့သည်။

ဝှင်း……

မြည်သံကြီးနဲ့အတူ မီတာထောင်ပေါင်းများစွာထိ အစီရင်ကြီးဖုံးအုပ်သွားပြီး ချင်ရှန်မှလွဲ၍ ကျန်သူများမှာ ဖိနှိပ်ခံလိုက်ရသည်။ အဖိုးအို၃ဦးလည်း အတူတူပင်ဖြစ်သည်။ ချင်ရှန်က သူ့လူများကိုတချက်ကြည့်လိုက်ပြီး သူသာမင်ယုရှန်းကို အဆုံးသတ်နိုင်ပါက သူမအဘိုးဖြစ်သူကိုတော့ ဓားတချက်သာလိုပေမည်။

မင်ယုရှန်းတယောက် အနည်းငယ်ပြုံးမိသွားသည်။ သူမက အသက်နိယာမတခုတည်း နားလည်နေသည်လား။ မဟုတ်သေး ပန်းချီကားထဲမှ လေဟာနယ်လောကထဲ အကြိမ်များစွာ ဝင်ထွက်ပြီးနောက် လေဟာယန်နိယာမကိုပါ အနည်းငယ်ဆုပ်ကိုင်မိထားကာ အစီရင်စတင်သည့်နှယ် သူမအနီးရှိလေဟာနယ်ကို မသိမသာပြောင်းလဲထားလိုက်သည်။ ထို့အပြင် အစီရင်က သူမကဲ့သို့ သူတော်စင်အလယ်ဆင့်များကို ထိရောက်မှုမရှိပေ။

မင်ယုရှန်းက ချင်ရှန်ကို ပြုံး၍ကြည့်နေလေသည်။ ထိုအချင်းရာကိုမြင်လျင် ချင်ရှန်တယောက် အစီရင်ကို မင်ယုရှန်းသတိမပြုမိဟုထင်ကာ သူမတိုက်ခိုက်မှသာ သတိပြုမိသွားမည်ဟု မှတ်ယူလိုက်ပြီး အခွင့်ရေးကိုအသုံးချရန် ဆုံးဖြတ်လိုက်တော့သည်။

“မင်းရဲ့အဆုံးသတ်ကို ငါပြမယ်”

ဓားကိုဝေ့ယမ်းကာ ပြေးဝင်လာပြီး ချင်ရှန်တယောက် ခုတ်ပိုင်းလာချိန်မှာတော့ မင်ယုရှန်းက သူမရဲ့ ကျင့်ကြံဆင့်အား ထုတ်ပြလိုက်တော့သည်။

သူတော်စင်အလယ်လတ်အဆင့်…။

“ဘာ…”

ဒေါသတကြီး ပြေးဝင်လာသည့် ချင်ရှန်မှာ ပြင်းထန်တဲ့ဖိအားကြောင့် မှင်သက်သွားပြီး ထိုဖိအားက ဘိုးဘေးရဲ့ဖိအားကိုပင် ယှဥ်နိုင်သည်ကို တွေ့လိုက်ရသည်။

“မင်း..မင်းက သူတော်စင်အဆင့်”

ပြေးဝင်သွားသည့် ဟန်ချက်ကိုအမြန်ပြန်ထိန်းသော်လည်း မမီတော့။ မင်ယုရှန်းက ဓားချက်တခုထုတ်ဖော်ကာ တိုက်ခိုက်လာသည် မဟုတ်လား။

“သူတော်စင်အလယ်ဆင့်နဲ့အထက်များကို အသုံးမဝင်”

ဟူသည့် ဘိုးဘေးစကားအား သတိရသွားချိန်၌ ဓားသွားက ချင်ရှန်ကို ထက်ပိုင်းဖြတ်သွားတော့သည်။ အမှန်တကယ်၌ ချင်ရှန်သာ ဖိအားမဝင်ပဲ တောင့်ခံပါက အချိန်အနည်းငယ်ယူနိုင်မည်ဖြစ်သော်လည်း တုန်လှုပ်နေမှုက သူ့အဆုံးသတ်ကို မြန်ဆန်သွားစေသည်။

“မဟုတ်ဘူး……အား…..”

ကျယ်လောင်တဲ့အော်သံကြီးတခုနဲ့အတူ ချင်ရှန်တယောက် နှစ်ပိုင်းပြတ်ကာ ကောင်းကင်မှ ပြုတ်ကျသွားပြီး သူ့အဖော်သုံးဦးမှာတော့ မှင်သက်ကာ ရပ်ကြည့်နေမိသည်။

“သူတော်စင် အလယ်ဆင့် ဒါ..ဒါဆို ထူးခြားဖြစ်စဥ်က..”

နောက်ထပ် ဓားအလင်းသုံးခုက ကြောင်အနေသည့် အဖိုးအိုသုံးဦးအား ပိုင်းဖြတ်သွားကာ ချင်ရှန်သေဆုံးပြီးနောက် ချင်ရှန်ပိုင်ဆိုင်သည့် ယာဥ်ပျံကိုလည်း မင်ယုရှန်းက တိုက်ပွဲအောင်နိုင်မှုအနေဖြင့် သိမ်းယူလိုက်တော့သည်။

တိုက်ပွဲကို စောင့်ကြည့်နေသည့်သူများမှာ တုန်လှုပ်သွားကြပြီး ၎င်းတို့၏ဧကရီမှာ ထိပ်ဆုံးအဆင့်ရောက်နေမှန်း သိလိုက်ကြတော့သည်။ သူတော်စင်တဝက်အဆင့်အား အလွယ်တကူ သတ်ဖြတ်ခြင်း။ ဓားအလင်းသုံးခု မဟာယာနနှောင်းပိုင်းအဆင့် ကျင့်ကြံသူ၃ ယောက်။

“အဘိုး အဆင်ပြေရဲ့”

မင်ယုရှန်းက မင်ဝမ့်နား သွားကာ တီးတိုးမေးလိုက်သည်။ သုံးဦးတဦး တိုက်ပွဲက မင်ဝမ့်ကို သေချာပေါက် အတွေ့ကြုံတွေပေးမည်ဖြစ်ပြီး မကြာမီသူတော်စင်အဆင့်တက်ရန်ကိုပင် ထောက်ကူလာနိုင်သေးသည်။

“အားလုံးပဲ နန်းမွေအပ်နှင်းပွဲ ပြီးဆုံးပြီ ပြန်ကြတော့”

မင်ယုရှန်းက ချိီစွမ်းအင်ဖြင့် အသိပေးကာ မင်ဝမ်နဲ့အတူ မင်ဝမ်နေထိုင်သည့် တောင်ကုန်းထံ ပြန်သွားတော့သည်။

နန်းတော်ထဲမှာတော့ မင်တုအပါဝင် ကျန်တဲ့သူများမှာ တုန်လှုပ်နေကြဆဲ ဖြစ်ပြီး မင်မိသားစုဝင်မဟုတ်တဲ့ သူများကတော့ မင်ယုရှန်းရှိနေသရွေ့ မင်တိုင်းပြည်ကို သစ္စာမဖောက်မိရန် ကိုယ့်ကိုကိုယ်အပြင်းအထန် သတိပေးနေကြတော့သည်။

…………………………………………….

All Chapters