မင်ယုရှန်းနဲ့မင်ဝမ်
Vol. 10 Ch. 100
ကျင်းတိုင်းပြည်ဧကရာဇ်နန်းတော်၌ ဖြစ်သည်။ ကျင်းလုံ စုလဲ့တို့ ရှိနေကြပြီး မကြာမီရက်ပိုင်းအတွင်း ထာဝရကျေးရွာကို သွားရောက်မည့်အစီစဥ်အား တိုင်ပင်နေကြလေသည်။
မင်္ဂလာပွဲမှာ ယန်ချန့်ရဲ့ပွဲမဟုတ်သော်လည်း ယန်ချန်အလေးထားသည့် ကျန်းမိသားစုဝင်တယောက်၏ ပွဲဖြစ်သည့်အပြင် ကျန်းရင်ရင်၏သတင်းစကားအရ ယန်ချန်ကိုယ်တိုင်ကြီးကြပ်နေသည်ကို ကြားသိခဲ့ရသည်။
ထို့အပြင် ပွဲအတွက်စီမံမှုများမှာလည်း မှင်သက်စရာများဖြစ်နေပြီး ထိပ်တန်းအစီရင်များ စျေးကြီးပြီးရှားပါးသည့် အလင်းကျောက်များ စသည်တို့ကို ပေါများစွာသုံးစွဲထားသည်။ ထိုအချင်းရာကို ကျင်းလုံပင် မတတ်နိုင်ပေ။
သူတို့မသိတာက သာမန်ကျောက်များကို အစီရင်ဖြင့် ပြောင်းလဲထားခြင်းဖြစ်ပြီး ယန်ချန်ရဲ့အစီရင်စွမ်းအားက သူတို့နားလည်နိုင်တဲ့ အဆင့်ထက်အများကြီးပိုနေခြင်းဖြစ်သည်။
ယန်ချန့်အတွက် ပွဲတခုစီစဥ်ပေးခြင်းက အလွန်ပင်သာမန်ဆန်ပြီး အခက်ခဲမရှိပဲ သူသာဆန္ဒရှိပါက ထိုထက်ပိုခမ်းနားတဲ့ ပွဲတခုကိုတောင် လုပ်ပေးနိုင်သေးသည်။
“သခင်လေးယန်ရဲ့ ရွာဆီကိုသွားဖို့ အင်အားစုအသီးသီးက ပြင်ဆင်နေကြတယ် ပြီးတော့ ညီမရှန်းလည်း ရောက်လာမယ်လို့ ငါ့ဆီသတင်းပို့ထားသေးတယ်”
ကျင်းလုံရဲ့စကားကြားလျင် စုလဲ့က ခေါင်းညိတ်ပြသည်။
“ကောင်းတာပေါ့ စီနီယာအမနဲ့အတူ ကျွန်မတို့သွားလို့ရတယ် ဒါပေမယ့် ပွဲမှာသခင်လေးယန်ကို စိတ်အနှောင့်ယှက်ဖြစ်စေမယ့် အရာတွေကို ကျွန်မတို့သတိထားရမယ်”
“ဟုတ်တယ် ဒီမြေခွေးတွေက သခင်လေးဆီက အကျိုးမြတ်ကို မျှော်ကိုးပြီး ဖားလျားနေကြမယ်လို့ ငါထင်မိတယ်”
ကျင်းလုံရဲ့စကားကြောင့် စုလဲ့တယောက် နှာခေါင်းရှုံ့မိသွားကာ သူမတို့သည်လည်း ထိုနည်းတူ ဘာမှမကွာလှကြောင်း ပြန်ပြောလိုပေမယ့် ထုတ်မပြောလိုက်တော့ချေ။
“ညီမစု ငါမင်းကို အရေးကြီးသတင်း ပြောစရာရှိတယ်”
“အရေးကြီးသတင်း ဟုတ်လား”
စုလဲ့က သိလိုဟန်ဖြင့် မေးသည်။
“အမေှာင်ကုန်းမြေထဲမှာ အမွေအနှစ်နယ်မြေတခု ထွက်ပေါ်လာတယ်လို့ သတင်းရထားတယ်”
ကျင်းလုံရဲ့စကားကိုကြားလျင် စုလဲ့တယောက် ငြိမ်သက်သွားသည်။ အမွေအနှစ်ဆိုသည်က မည်သို့နည်း။ ကျင့်ကြံခြင်းလောက၌ အရေးကြီးဆုံးက အရင်းအမြစ်များဖြစ်ကာ စုလဲ့ ကျင်းလုံ မင်ယုရှန်းတို့သည်လည်း အရင်းအမြစ်များအတွက် ယခင်က တိုက်ခိုက်ခဲ့ရဖူးသည်။
“အသေးစိတ်ပြောပြနိုင်မလား”
စုလဲ့ရဲ့အမေးကို ကျင်းလုံက ခေါင်းယမ်းပြလိုက်သည်။
“မရဘူး သတင်းတွေကို အလယ်ကုန်းမြေရဲ့ ချင်နဲ့ရှောင်မိသားစုကြီးနှစ်ခုက ပိတ်ဆို့ထားတယ် ငါဒီသတင်းသိရဖို့ အများကြီးရင်းထားရတာ”
“အဟက် ရှင် ရင်းတာနဲ့တန်မယ့်အရာ ပြန်ရမယ်လို့ မျှော်လင့်နေတာလား”
စုလဲ့က လှောင်ပြောင်ဟန်ဖြင့် မေးခွန်းထုတ်သည်။ ကျင်းလုံက စိတ်ဆိုးဟန်မပြပဲ တည်ငြိမ်စွာ တုန့်ပြန်သည်။
“အမေှာင်ကုန်းမြေနဲ့ပက်သက်ပြီး ဒဏ္ဍာရီတချို့ မင်းလည်း သိပြီးသားပါ အခုတကြိမ်မှာ ကိစ္စကြီးကြီးမားမားမရှိရင် ဟိုမိသားစုကြီးနှစ်ခုက သတင်းကိုပိတ်ဆို့မယ်တဲ့လား အနိမ့်ဆုံး သူတော်စင်ထက်ပိုမြင့်တဲ့ အမွေအနှစ်တခု ဖြစ်နေမှာကိုတောင် စိုးရိမ်မိတယ်”
ကျင်းလုံရဲ့စကားက စုလဲ့ကိုစိတ်ဝင်စားသွားစေသည်။
“သူတော်စင်အထက်ဆင့် ဟုတ်လား သူတော်စင်အထက်မှာ ဘာတွေရှိသေးလဲ”
စုလဲ့အနေဖြင့် ထျန်းဟွမ်လောကရဲ့ တားမြစ်ချက်အရ သူတော်စင်အဆင့်ကိုသာ ထိပ်ဆုံးဟုသိထားပြီး ထိုထက်ပိုမြင့်သည့် အဆင့်များရှိထားမည်ဟု မထင်ပေ။
“ငါလည်း သေချာမသိဘူး နန်းတွင်းမှတ်တမ်းတွေထဲမှာလည်း ဒီလောကကြီးထဲမှာ သူတော်စင်အထက် ကျင့်ကြံသူတွေ မပေါ်လာခဲ့ဘူးလို့ ရေးထားတယ်”
“ဒါဆို သတင်းက မျှော်လင့်စရာဘာရှိမှာလဲ”
စုလဲ့က အနည်းငယ် မကျေနပ်န်ဖြင့် တုန့်ပြန်သည်။ ကျင်းလုံက
“မဟုတ်ဘူး မျှော်လင့်စရာရှိတယ် မိသားစုကြီးနှစ်ခုရဲ့ ဘိုးဘေးတွေက သူတော်စင်အဆင့်တွေ သူတို့အသည်းသန်ဖြစ်နေပုံထောက်ရင် သေချာပေါက် တခုခုထူးခြားလိမ့်မယ်”
“ဟင်း… ဒါက ရှင့်အထင်ပဲ မသေချာဘူး”
“ဟုတ်တယ်… ငါ့အမြင်သီးသန့်ပဲ ဒါပေမယ့် ငါတို့မှာအချိန်တွေရှိပါတယ် အမွေနှစ်သာဖြစ်နေရင် ငါတို့သခင်လေးယန်ဆီက အခွင့်ရေးနဲ့ပေါင်းစပ်ပြီး သူတော်စင်အဆင့် မဟုတ်သေးဘူး အဲ့ထက်ပိုမြင့်မလာဘူးလို့ မင်းပြောနိုင်လား”
ကျင်းလုံရဲ့မေးခွန်းက လက်ခံနိုင်ဟန်ရှိပြီး သူမတို့မသိတာနဲ့ မရှိဟု ယူဆ၍တော့မရချေ။ သူတော်စင်အထက်အဆင့်များ၌ အင်မော်တယ်များ ရှိနေတာလား။ သူမတို့သိထားသည့်ကိစ္စများက အကန့်သတ်ရှိနေသည်။
ထိုစဥ်.. ကျင်းလုံက ရုတ်တရက်တစုံတရာကို သတိရသွားဟန်ဖြင့် အလောတကြီး ပြောလာသည်။
“ဟုတ်သားပဲ ဘိုးဘေးမင်ဝမ်ဆီမှ ထူးခြားတဲ့ မှတ်တမ်းတွေရှိတယ်လို့ ညီမရှန်းဆီက ငါကြားဖူးတယ် ပြီးတော့ အင်မော်တယ်တွေအကြောင်း ဟုတ်ပြီ ငါတို့အသိမြင်က တကယ်ကိုအကန့်သတ်ဖြစ်နေတာပဲ”
စုလဲ့က အနည်းငယ် မျက်မှောက်ကြုတ်လိုက်ပြီး
“အင်မော်တယ်တွေလား ကျွန်မသိတယ်လေ ဒါက ကျွန်မတို့လောကမှာ မရှိနိုင်ဘူး”
“မင်းက သခင်လေးယန်ကို မေ့နေတာလား”
နှစ်ယောက်သား အချိန်တခုကြာ ငြိမ်သက်သွားသည်။ အင်မော်တယ်များ….။ ထိုသူများ တကယ်ရှိနေသည်လား။ ပြီးနောက် ယန်ချန်ကကော အင်မော်တယ်လား..။ စုလဲ့ကတော့ အနည်းငယ်စိတ်ရှုပ်ထွေးသွားသလို ခံစားလိုက်ရပြီး ယန်ချန်က အင်မော်တယ်ထက်ပိုသည်ဟု သူမယူဆပါက…။
စုလဲ့ရဲ့မျက်လုံးအစုံက တောက်ပသွားသည်။ သူမတွေးတာသာ မှန်မည်ဆိုလျှင် အမွေနှစ်က ကြီးမားပေမည်။ ထိုသို့ဆိုပါက…။
ထိုစဥ် ကျင်းလုံတယောက်ဆတ်ခနဲ ဖြစ်သွားကာ ထရပ်လိုက်သည်။
“ဘာဖြစ်လို့လဲ..”
စုလဲ့ရဲ့အမေးကို ကျင်းလုံက ချက်ချင်းမတုန့်ပြန်ပဲ နန်းတွင်းရှိ အစောင့်များအား သတင်းပို့လိုက်သည်။
“ညီမရှန်းရောက်လာပြီ ပြီးတော့ ဘိုးဘေးမင်ဝမ်လည်း ပါလာတယ်”
ကျင်းလုံက မင်ယုရှန်းတို့ ကျင်းတိုင်းပြည်ထဲ ဝင်ရောက်လာချိန်၌ သတိပြုမိသွားပြီး မင်ယုရှန်းကလည်း ကျင်းလုံ စုလဲ့တို့ရင်းနီးသည့် သူမရဲ့အရှိန်ဝါကို တမင် လွှင့်ထုတ်ထာခဲ့လေသည်။ ခဏအကြာ စုလဲ့လည်း အာရုံခံမိပြီး မိနစ်အနည်းငယ် အကြာမှာတော့ ခန်းမထဲသို့ လူနှစ်ဦး လျှောက်ဝင်လာတော့သည်။
တဦးက မင်ယုရှန်းဖြစ်ပြီး ကျန်တစ်ဦးကတော့ မင်ဝမ်ဖြစ်သည်။ ကျင်းလုံက သူမတို့ကိုမြင်လျင် စုလဲ့နဲ့အတူ နှုတ်ဆက်သည်။
“ညီမရှန်း ဘိုးဘေး တွေ့ရတာဝမ်းသာပါတယ်”
“အစ်မရှန်းနဲ့ ဘိုးဘေးတို့ကို နှုတ်ဆက်ပါတယ်”
မင်ဝမ်က မင်ယုရှန်းနဲ့အတူ လျှောက်ဝင်လာပြီး ကျယ်လောင်စွာရယ်မောပြီးနောက် နှုတ်ဆက်စကားအား တုန့်ပြန်သည်။
“ဟား….ထုံးတမ်းတွေမလိုပါဘူး ငါတို့မြေးအဖိုးအခုလိုမင်းရဲ့နန်းတွင်းထဲ ဝင်ရောက်လာတာကိုတော့ အပြစ်မမြင်ဘူးမဟုတ်လား”
“မဟုတ်တာပဲ..”
ကျင်းလုံက တုန့်ပြန်ပြီးနောက် ဘိုးဘေးအတွက် နေရာတခုစီမံပေးကာ မင်ယုရှန်းကိုလည်း စကားဝိုင်း၌ အတူထိုင်စေသည်။
“ညီမရှန်း မင်းရောက်လာတာစောသားပဲ”
ကျင်းလုံရဲ့စကားကို မင်ယုရှန်းက ခေါင်းညိတ်ပြပြီး တည်ငြိမ်စွာတုန့်ပြန်သည်။
“ဟုတ်တယ် ကျွန်မ ညီမစုဆီက သတင်းစကားရလို့လေ အဘိုးကို သခင်လေးယန်နဲ့ မိတ်ဆက်ပေးချင်တာလည်း ပါတယ်”
မင်ယုရှန်းရဲ့စကားကိုကြားလျင် ကျင်းလုံ စုလဲ့တို့က သိနားလည်စွာဖြင့် ခေါင်းညိတ်ကြသည်။ ဘိုးဘေးမင်ဝမ်က မင်တိုင်းပြည်၏ ဧကရာဇ်ဟောင်းဖြစ်ပြီး သူတော်စင်တဝက်အဆင့်နဲ့ အလွန်နီးကပ်နေပြီ ဖြစ်သည်။ သို့သော် မင်ယုရှန်းရဲ့ ကျင့်ကြံဆင့်ကိုတော့ သူတို့ကြည့်မရတော့ချေ။
…………………………………………