← Chapters

သူတော်စင် မင်ယုရှန်း

Vol. 10 Ch. 91

သူတော်စင် မင်ယုရှန်း

Vol. 10 Ch. 91

သခင်လေးချင်တယောက် တုန်လှုပ်စွာဖြင့် လှိုဏ်ဂူရှိရာဘက်သို့ လှမ်းကြည့်နေစဥ်မှာပဲ တစုံတရာက လေထဲ၌ ဖြေးညင်းစွာထွက်ပေါ်လာသည်။

“ရှန်းအာ”

မင်ဝမ်တယောက် စိတ်ကျေနပ်နေသည့် အကြည့်ဖြင့် လေထဲဖြေးညင်းစွာ ထွက်ပေါ်လာနေသည့် မင်ယုရှန်းအား ကြည့်နေမိသည်။ မြေးဖြစ်သူက ဒဏ်ရာများအကုန်စင် ပျောက်ကင်းသွားသည့်အပြင် ကျင့်ကြံဆင့်ကလည်း ဒီလောကရဲ့ အထွဋ်အထိပ်သို့ ရောက်သွားချေပြီ။

မင်ယုရှန်းက ညင်သာတဲ့ခြေလှမ်းများဖြင့် ကောင်းကင်ထက် တလှမ်းချင်း လှမ်းနေခဲ့ပြီး ညာဘက်လက်၌ ယန်ချန်ပေးထားတဲ့ ဓားတချောင်းကိုင်ဆောင်ထားကာ သူမရဲ့ ပြင်းထန်တဲ့အရှိန်အဝါတွေက တောင်ကုန်းတခုလုံးကို လွှမ်းခြုံထားသည်မှာ မသေမျိုးဘုံတခု ရောက်ရှိနေသည်နဲ့ပင် တူနေသည်။

တောက်ပတဲ့ အရှိန်အဝါ မူလတည်းက သွေးအေးပြီး ရက်စက်တတ်သည့် ဧကရီမ၏ သဘောတရားများ ပေါင်းစပ်ထားပြီး ယခုချိန်၌ ဘိုးဘေးဖြစ်သူကို ပူးပေါင်းအနိုင်ကျင့်နေသည်ကို မြင်သည့်အခါမှာတော့ သူမရဲ့ဒေါသက မည်သည့်အတိုင်းတာထိ ရောက်နေပြီမှန်း မည်သူမှ မခန့်မှန်းနိုင်ပေ။

“ဧ..ဧကရီ”

အမတ်လျှိုတို့မှာ တုန်ယင်နေပြီး အဖြစ်ပျက်များကို အနည်းငယ်ဆက်စပ် ကြည့်ရုံမျှဖြင့် ယနေ့ကိစ္စများက သူတို့ထင်သလို မဖြစ်နိုင်တော့မှန်း ကလေးများပင် သိနေပြီ ဖြစ်သည်။

မင်ယုရှန်းက ၎င်းတို့ကို တချက်မှတောင် လှည့်မကြည့်ပေ။ သူမအကြည့်များက သခင်လေးချင်တို့ကိုသာ စူးစိုက်ကြည့်နေသည်။

“ဧကရီမင်..မင်းဘာလုပ်ချင်နေတာလဲ”

လူငယ်က မင်ယုရှန်းကို တုန်လှုပ်စွာကြည့်ရင်း အော်ဟစ်မေးမြန်းသည်။ မင်ယုရှန်းက

“ဘာလုပ်ချင်နေတာလဲ ဟုတ်လား”

သူမက ထိုမေးခွန်းကို ပြန်ဖြေရန် အလွန်ပင် ပျင်းရိလှသည်။ ထို့ကြောင့် သူမလက်ထဲမှ ဓားရှည်အား အသာယာပင် တချက် ခုတ်ပိုင်းလိုက်တော့သည်။

“မဟုတ်ဘူး..မလုပ်နဲ့..ငါက..”

အနှီလူငယ်မှာ သူ့ဆီတိုးဝင်လာသည့် ဓားချက်ရဲ့ ခွန်အားကို ခံစားမိနေခဲ့ပြီး တဖက်သူမှာ သူတော်စင်အဆင့် ဖြစ်နေပြီ ဖြစ်သည့်အတွက် သူတို့ရဲ့ဘိုးဘေးကြီးများသာ သူမကိုရင်ဆိုင်နိုင်တော့မည်မှန်း တွက်ဆမိသည်။ သို့သော် သူမက စကားပင်ဆယ်ခွန်းပြည့်အောင် မပြော။ သူ့အား တိုက်ရိုက်တိုက်ခိုက်လာတော့သည်။

ရွှီး….

ဓားအလင်းက တောက်ပသည်။ မြန်ဆန်သည်။ ပြီးတော့ တိကျသေချာသည်။ ထိုဓားချက်ကို မြင်နိုင်ရန်ပင် သခင်လေးချင်တို့၌ အရည်အချင်းမရှိ။ ခုခံရန်ဆိုရင်တော့ ဝေးလွန်းသည်။

သခင်လေးချင်တယောက် တုန်လှုပ်မှုအပြည့်ဖြင့် ဦးခေါင်းမဲ့သွားသည့် လူငယ်အား တချက်ကြည့်ကာ သူမ၏ ခွန်အားကို သူရင်ဆိုင်နိုင်မည် မဟုတ်သည်ကို လက်ခံလိုက်ရသည်။ နောက်ပြီး သူ့အနေဖြင့် ဤကဲ့သို့ နိမ့်ကျသည့် ကုန်းမြေမှာတော့ အသေမခံနိုင်ပေ။ သူက မိသားစုခွဲမှ ဖြစ်သော်လည်း အလားအလာကောင်းများရှိသည်။ နောင်တွင် ပင်မမိသားစုဆီ ရောက်သွားနိုင်သည်။ သို့သော် ထိုအရာများက သူ မသေရန်တော့ လိုပေသည်။

“ဧကရီ ကျုပ်က ချင်မိသားစုရဲ့ လူငယ်ပါရမီရှင်ပါ မင်းငါ့ကိုလွှတ်ပေးမယ်ဆိုရင် အလျော်အစားအနေနဲ့ တစုံတရာ ငါ့ဘက်က ကျေးဇူးသိတတ်ပါ့မယ်”

သခင်လေးချင်က သူတော်စင်အဆင့် ခွန်အားကိုသိနေပြီး ထွက်ပြေးရန်လည်း မဖြစ်နိုင်သည့်အတွက် ချင်မိသားစုနောက်ခံကို ထုတ်ပြောကာ ခြောက်လှန့်ပြီး တဖက်တွင်လည်း တစုံတရာကို ကမ်းလှမ်းပြန်သည်။

ဟမ့်..

“ငါ နင့်ကိုလွှတ်ပေးရမယ်လား ရယ်စရာပဲ အခုနင့်ကို ချင်မိသားစုဘိုးဘေးတောင် မကယ်နိုင်ဘူး”

မင်ယုရှန်းရဲ့လေသံက တိကျပြတ်သားပြီး မည်သည့်အခွင့်ရေးမှမပေး။ သူမက အလယ်ပိုင်းကုန်းမြေ၌ အချိန်တခုထိ နေဖူးသူဖြစ်၍ ချင်မိသားစုရဲ့အင်အားကို သိသော်လည်း လက်ရှိသူမခွန်အားအရ မည်သူကိုကြောက်ရမည်နည်း။

“မင်း…မင်းငါ့ကိုသတ်ရင် ငါတို့ဘိုးဘေးက”

သခင်လေးချင်ရဲ့ စကားပင်မဆုံးလိုက်..။ ဓားချက်တချက်က သူ့လည်ပင်ကို အသာယာပိုင်းဖြတ်သွားသည်။

“မိသားစုခွဲက အောက်တန်းစားတကောင်ကများ ချင်မိသားစုတခုလုံးနဲ့ ခြိမ်းခြောက်ဖို့ကြိုးစားနေတယ်”

မင်ယုရှန်းရဲ့ မျက်လုံးအစုံက ခေါင်းပြတ်အလောင်းနှစ်ခုကို အချိန်အနည်းငယ် ကြည့်ပြီးနောက် ဒဏ်ရာရထားသည့် ဘိုးဘေးထံ သွားသည်။ ပြီးနောက် ယန်ချန်ပေးထားသည့် ကုသဆေးများထဲမှ အကောင်းဆုံးဆေးလုံးအနည်းငယ်ကို ထုတ်ပေးလိုက်သည်။

“အဘိုး အဆင်ပြေရဲ့လား”

မင်ဝမ်က ငြင်းဆိုခြင်းမရှိပေ။ ဆေးလုံးကိုချက်ချင်းယူကာ သောက်လိုက်ပြီး စက္ကန့်အနည်းငယ် အကြာမှာတော့ ဒဏ်ရာများက မျက်စိရှေ့မှာတင် တစတစ ပျောက်ကွယ်ကုန်သည်။

“ရှန်းအာက အခုဒီလောကရဲ့ ထိပ်ဆုံးကိုရောက်သွားပြီပဲ”

မင်ဝမ်ရဲ့လေသံ၌ ဂုဏ်ယူနေဟန်ရှိပြီး တချိန်က သူကိုယ်တိုင်လည်း လောကရဲ့ထိပ်ဆုံးထိ တက်ရန် အတွေးရှိဖူးသော်လည်း မအောင်မြင်ခဲ့။ ယခုမြေးဖြစ်သူက သူတချိန်က ဆန္ဒရှိသည့် အဆင့်ကိုရောက်ရှိသွားပြီး သူကိုယ်တိုင်လည်း မကြာမီ ထိုအဆင့်ကို ထိတွေ့နိုင်တော့မည် ဖြစ်သည်။

မင်ဝမ်တို့မြေးအဖိုးနှစ်ယောက် တယောက်ကိုတယောက် ကြည့်ကာ အနည်းငယ်ပြုံးလိုက်ပြီး အိမ်ငယ်လေးထဲ ဝင်သွားကြသည်။ ထိုဖြစ်စဥ် အစမှ အဆုံးထိ မင်ယုရှန်းက အမတ်လျှိုတို့ကို တချက်မှ မကြည့်ချေ။ မရှိသလိုပင် သဘောထားနေခဲ့သည်။

အမတ်လျှိုတို့အဖွဲ့မှာမူ တုန်ယင်နေကြပြီး တစုံတရာပြောဖို့ ဒါမှမဟုတ် တစုံတခုပြုလုပ်ရန်ပင် သတ္တိမရှိကြ။ စိတ်ထဲမှာလည်း နောင်တအကြီးကျယ်ရနေကြသည်။ ထွက်ပြေးရမည်လား။ ဟင့်အင်း..မဖြစ်နိုင်ပေ။ ဧကရီက သူတို့ကိုမည်ကဲ့သို့ စီမံမည်အား စောင့်စားရန်ပင် ရှိသည်။

အိမ်ထဲမှာတော့ မင်ယုရှန်းက အဘိုးဖြစ်သူအတွက် လက်ဖက်ရည်တခွက် ငှဲ့ပေးလိုက်သည်။ မင်ဝမ်က လက်ဖက်ရည်ကို အနည်းငယ် အရသာခံသောက်နေပြီး အတန်ကြာမှ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်အား သတိဝင်စေသည်။

“ဟိုကောင်တွေကို ရှန်းမာ ဘာလုပ်မယ် တွေးထားလဲ”

မင်ယုရှန်းရဲ့အမူရာက တင်းမာသွားသည်။ မူလစိတ်အရဆိုလျှင် ဆွေစဥ်မျိုးဆက် အသတ်ခံရမည်ဖြစ်ပြီး တယောက်မှအလွတ်မပေးမည်မှာ သေချာသည်။ ယခုတော့ ထိုကဲ့သို့ပြုလုပ်ရန်ကို မသိစိတ်က တားမြစ်နေပြီး ထိုသူများကို ပြင်းထန်တဲ့သီးခြားအပြစ်တခု ပေးရမည်ကို အတွေးဝင်နေခဲ့သည်။ မင်ဝမ်က ငြိမ်သက်စွာ တွေးတောနေသည့် မင်ယုရှန်းအားကြည့်ကာ ပြုံးလိုက်သည်။ မြေးဖြစ်သူက ရာဇပလ္လင်ပေါ်၌ မနေချင်တော့ပြီ။ သူမက အခြားတစုံတရာပေါ် စိတ်ရောက်နေပြီး သူမနေရာကို ဆက်ခံရန်မည်သူ့ကို လက်လွှဲရမည်အား တွေးမရ၍ တုန့်ဆိုင်းနေခြင်းဖြစ်မည်ဟု မင်ဝမ်တွက်ဆ မိသည်။

“ရှန်းအား ပြောင်းလဲသွားပြီ”

မင်ဝမ်ရဲ့စကားကြားတော့ သူမစိတ်အပြောင်းလဲကို သိနေသည့်မင်ယုရှန်းလည်း အနည်းငယ်ရှက်သွားသည်။

“ကျွန်မက..”

မင်ဝမ်က လက်ကာပြလိုက်သည်။ မြေးဖြစ်သူအတွက် သူနောက်ဆုံးတကြိမ်ကူညီပေးရန်မှာ မခက်ခဲပေ။

“အဘိုးတာဝန်ထားလိုက်ပါ ရှန်းအာစိတ်ထဲရှိသလို လုပ်နိုင်တယ်”

ထိုစကားက သူမစိတ်ကိုသိနေသည်ဟု တဖက်လှည့်ပြောလိုက်ခြင်းဖြစ်ပြီး သူမဆုံးဖြတ်သမျှ အရာအားလုံးကို ထောက်ပံ့မည်ဟုလည်း ဆိုလိုသည်။ မင်ယုရှန်းတယောက် ကျေနပ်စွာပြုံးလိုက်မိသည်။ တချို့အရာများကို ဆုံးဖြတ်ရန်ခက်နေသော်လည်း အချိန်ယူရန်သာ လိုပေသည် မဟုတ်လား။

……………………………………………..

All Chapters