← Chapters

သွားရမယ်.. ဒီပွဲကို မဖြစ်မနေသွားရမယ်

Vol. 10 Ch. 93

သွားရမယ်.. ဒီပွဲကို မဖြစ်မနေသွားရမယ်

Vol. 10 Ch. 93

ကျင်းတိုင်းပြည်ဧကရာဇ်နန်းတော်ထဲမှာတော့ ကျင်းလုံတယောက် စည်းဝေးပွဲတခုကျင်းပနေပြီး ယန်ချန့်ဆီမှရထားသည့် စာအုပ်ထဲမှ အချက်များကို ပြောပြနေလေသည်။

စာအုပ်ထဲ၌ ဧကရာဇ်တပါးမှ တိုင်းပြည်တခုကို အသေးစိတ်စီမံသည့် အချက်အလက်များစွာပါဝင်ပြီး တိုင်းပြည်တခုအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး၌ မရှိမဖြစ်လိုအပ်သည့် ပညာရေး ကုန်သွယ်ရေးများကို လိုက်ပါဆောင်ရွက်ရန် တိုင်ပင်နေကြခြင်းဖြစ်သည်။

“အထေွထွေအမတ်ကြီး ပညာရေးအတွက် စာသင်ကျောင်းဆောက်လုပ်တဲ့ကိစ္စက ဘယ်လိုလဲ”

ကျင်းလုံက ရာဇပလ္လင်ထက်မှ တည်ငြိမ်စွာမေးလိုက်သည်။

“အစီစဥ်တွေ စတင်နေပါပြီမင်းကြီး ရွာ စီရင်စု ခရိုင်ကနေ မြို့တော်အထိ အဆင့်ဆင့် ပညာရေးစနစ်အတိုင်း အခြေခံ အလယ်တန်း အထက်တန်းနဲ့ ပညာရေးကောလိပ်တွေ ဆောက်လုပ်နေကြပါတယ်”

အမတ်ဖြစ်သူက လေးလေးစားစား တုန့်ပြန်သည်။ ကျင်းလုံက

“ကောင်းပြီ လက်တလောမှာတော့ သင်ကြားရေးအတွက် ဘာသာရပ်တွေကို သခင်လေးယန်ဆီက အကူညီတောင်းလိုက်ဦးမယ် အဆောက်အုံလိုအပ်ချက် မရှိစေနဲ့”

“စိတ်ချပါမင်းကြီး”

အမတ်များ စစ်သူကြီးများက တုန့်ပြန်လာကြသည်။ ဧကရာဇ်သည် မဟာယာန နှောင်းပိုင်းထိ တိုးတက်သွားပြီးနောက် ယန်ချန့်အပေါ်လေးစားမှုက တဆင့်မြင့်တက်သွားကာ အရာအားလုံးကိုလည်း ယန်ချန်သင်ကြားပေးသမျှ ဆောင်ရွက်တော့မည်ကို ခန့်မှန်းမိထားကြပြီး ကျင်းတိုင်းပြည်၌ ယန်ချန်ရဲ့သြဇာက ကျင်းလုံထက်ပင် မြင့်မားနေသည်။

“သေ မျိုးတွေအတွက် ကျန်းမာရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရမယ် အဓိက အသေးစားစီးပွားရေးတွေအတွက် နည်းပါးတဲ့အခွန်အခစီမံပေးပြီး အလတ်စားနဲ့အကြီးစား စီးပွားရေးတွေကိုတော့ နီးစပ်ရာတိုင်းပြည်တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ မင်းတို့ကူညီပေးရမယ် ကျန်းမာရေးအတွက် ငါတို့တိုင်းပြည်က ဆေးပညာရှင်နည်းပါးနေတယ် ပညာရှင်မွေးမြူရေးကိစ္စကိုတော့ ပညာရေးစနစ်အသက်ဝင်တဲ့အခါ စကြတာပေါ့ လောလောဆယ်မှာ မင်တိုင်းပြည်ဘက်က ဆေးပညာရှင်တွေကို ဖိတ်ခေါ်ဖို့ စီစဥ်ထားကြ”

ကျင်းလုံက ရှည်လျားစွာ မိန့်ကြားလာသည်။ အမတ်ကြီးတဦးက

“မင်းကြီး မင်တိုင်းပြည်အခြေနေက မတည်ငြိမ်တော့ အဆင်ပြေနိုင်ပါ့မလား”

“မစိုးရိမ်နဲ့ သူတို့အဆင်ပြေတယ် ပြီးတော့ သေချာပေါက် ကူညီလိမ့်မယ် မင်းက ငါပြောသလိုပဲလုပ်”

ကျင်းလုံက မင်ယုရှန်းအကြောင်းသိထားပြီး မင်တိုင်းပြည်ဘက်က အခြေနေများကိုလည်း သတင်းမပြတ်ကြားထားပြီဖြစ်သည်။ ဘိုးဘေးမင်ဝမ်က အမတ်လျှို အမတ်ကုန်းစွန်းနဲ့ အခြားအရေးပါသူအချို့အား ကွပ်မျက်ခဲ့သော်လည်း အရည်ချင်းရှိသူများကို ခေါ်ဆောင်ကာ မင်တိုင်းပြည်ထိပ်တန်းနေရာများက အပြောင်းလဲများစွာဖြစ်ပေါ်သွားသော်လည်း တည်ငြိမ်နေသည်ဟု သူသိထားပေသည်။

“နားလည်ပါပြီမင်းကြီး”

ကျင်းလုံက ခေါင်းညိတ်ပြကာ အခြားအကြောင်းရာတခု ဆက်ပြောရန်ပြင်နေစဥ် သတင်းပို့ကျောက်စိမ်းပြားမှ သတင်းစကားတခု ထွက်ပေါ်လာသည်။ ထိုအရာက စုလဲ့မှပေးပို့ခြင်းဖြစ်ပြီး ထာဝရကျေးရွာ၌ ကျင်းပမည့် မင်္ဂလာပွဲအကြောင်း ဖြစ်သည်။ ကျင်းလုံရဲ့မျက်လုံးအစုံက တောက်ပသွားသည်။ မူလက ပညာရေးစီမံကိန်းများကို ဆွေးနွေးရန် စဥ်းစားနေခြင်းဖြစ်ပြီး ယခုပွဲက အခွင့်လမ်းဖြစ်နိုင်သည်။

အမတ်များ စစ်သူကြီးများက ကျင်းလုံရဲ့အမူရာ ပျော့ပျောင်းသွားသည်ကို သတိထားမိကာ ၎င်းတို့ဧကရာဇ်၌ စိတ်ကျေနပ်စရာကိစ္စတခုခု ပေါ်လာမှန်းရိပ်မိသွားကြသည်။ ထိုအရာ သခင်လေးယန်နဲ့ ပက်သက်နေမှာ သေချာသည်။ ထိုစဥ်

“အစည်းအဝေးပြီးပြီ ပြန်ကြတော့ ဒါနဲ့ သက်တော်ရှည်အမတ်ကြီး စစ်သူကြီးချုပ်တို့ နေခဲ့ကြ”

ကျင်းလုံဆီမှ ခွင့်ပြုချက်ရသည်နှင့် အရိုသေပေးကာ ထွက်ခွာသွားကြပြီး သက်တော်ရှည်အမတ်ကြီးနဲ့ စစ်သူကြီးချုပ်တို့သာ ကျန်ရစ်တော့သည်။ အကုန်လုံးခန်းမအပြင် ရောက်သွားလျင် ကျင်းလုံက

“ထာဝရကျေးရွာဆီ သွားရမယ် သင့်တော်မယ့်လက်ဆောင်ကြီးတခု ပြင်ဆင်ထား အခုပွဲကမင်းတို့အတွက် ကြီးမားတဲ့ အခွင့်ရေးပဲ”

ကျင်းလုံရဲ့စကားကြားလျင် အမတ်ကြီးနဲ့စစ်သူကြီးချုပ်တို့မှာ ပျော်ရွှင်သွားကြသည်။ အခွင့်ရေးကြီး..ထိုအရာက အဆင့်တက်ရန် ဖြစ်ပြီး လူတိုင်းလိုချင်ကြသည့် အခွင့်လမ်းဖြစ်သည်။

“ကေျးဇူးတင်ပါတယ် မင်းကြီး”

နှစ်ဦးသား ကျယ်လောင်စွာ တုန့်ပြန်လာကြသည်။ ကျင်းလုံက ၎င်းတို့မည်သည့်အရာကို တွေးနေမှန်း သိနေပြီဖြစ်သည့်အတွက် တည်ငြိမ်စွာပဲ ပြုံးနေလေသည်။

စုလဲ့ရဲ့သတင်းက အခြားဂိုဏ်းများ အင်အားစုများကိုပါ တုန်လှုပ်သွားစေပြီး မကြာခင်မှာပဲ အင်အားစုကြီးများမှာ မင်္ဂလာပွဲအတွက် အလုပ်များသွားကြတော့သည်။ ထိုအခွင့်လမ်းကို မည်သူက ငြင်းပယ်မည်နည်း။ ကျင့်ကြံသူများက မြေခွေးများဖြစ်ကာ ပါးနပ်ကြပေသည်။

ပန်းကိုးပွင့်ဂိုဏ်းထဲမှာတော့ အကြီးကဲများက နောက်ဆုံး ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချလိုက်ကြသည်။

“သွားရမယ် ငါတို့မဖြစ်မနေသွားရမယ် စီစဥ်စရာရှိတာတွေ အမြန်စီစဥ်ထားကြ”

ထိုကဲ့သို့အဖြစ်ပျက်များက တေးသံသာဂိုဏ်း သူတော်စင်နတ်မြတ်ဂိုဏ်း မဟူရာဂိုဏ်းနဲ့ ချူမိသားစုသာမက အခြားနေရာများတွင်လည်း ပုံစံတူ တက်ကြွနေသည်။

……………………………………………..

All Chapters